no

အပိုင်း (၅၁.၁) - အချပ်ပို (၆.၁)

[လည်စည်း]

တစ်သက်တာအမှတ်အသားပြီးနောက် ယဲ့စစ်၏ heat ကာလက တည်ငြိမ်ကာ ပုံမှန်ဖြစ်လာခဲ့သည်။

လစဥ်လတိုင်း တိကျသောနေ့မှာ အသေးစားပြဿနာလေးကို ကြုံတွေ့ရတတ်သော်လည်း အခြေခံအားဖြင့် ယင်းက နေ့စဥ်ဘဝကို သက်ရောက်မှုမရှိချေ။

တစ်ညမှာ ဟော့ထင်းလန်က အရေးပေါ်အစည်းအဝေးတစ်ခု၌ ပိတ်မိနေပြီး တစ်ခဏတာ အိမ်မပြန်နိုင်ခဲ့ပေ။

"...ကျွန်တော်နားလည်ပါတယ်၊ ဟော့ရှူးရှူ။" ယဲ့စစ်က ဖုန်းထဲကနေတစ်ဆင့် ပြောလိုက်ပြီး heat ကြောင့် သူ၏အသံက အလွန်ပျော့ပျောင်းနေခဲ့သည်။ "ကျွန်တော် အဆင်ပြေပါတယ်။ အရမ်း၊ အရမ်းကြီး အဆင်မပြေတာမျိုးမရှိလို့... တစ်နာရီလောက်က ကိစ္စမရှိပါဘူး... စိတ်၊ စိတ်မပူပါနဲ့။"

ဖုန်းချပြီးနောက် သူက ဟော့ထင်းလန်၏ဖယ်ရိုမုန်းများပါသော စောင်အောက်မှာ ကွေးကွေးလေးလှဲနေခဲ့၏။

စောက်အောက်မှာ ဟော့ထင်းလန်၏ ပစ္စည်းများစွာ စုပုံနေခဲ့သည်။

အဝတ်ပေခြင်းထဲမှ ကောက်ယူလာသော အဝတ်အစားများသာမက ဟော့ထင်းလန် မကြာခဏဝတ်လေ့ရှိသော နာရီများ၊ အသုံများသောဘောပင်နှင့် စျေးကြီးကာ တောက်ပသော လက်ကြယ်သီးလေးများတောင် ရှိနေသည်... သူက အသိုက်ဆောက်နေသော ငှက်အထီးလေးတစ်ကောင်လို သူ့ကိုယ်သူအတွက် တောက်ပသောပစ္စည်းများကို ရှာဖွေထားခဲ့သည်။

ထို့အပြင် လည်စည်းလည်းရှိပေ၏။ ၎င်းကို ဟော့ထင်းလန် မနေ့ကဝတ်ဆင်ခဲ့သည်။

အပြာရင့်ရောင်ပိုးသားဖြင့် ပြုလုပ်ထားသည့် နူးညံ့သောအစပေါ်တွင် ငွေချည်ဖြင့် ခြင်္သေ့ပုံစံ ပန်းထိုးထားသည်။ ၎င်းကို ယဲ့စစ်၏ဘယ်ဘက်လက်မှာ ရစ်ပတ်ထားပြီး ထောင့်အပြောင်းအလဲကြောင့် ချောမွေ့တောက်ပသော ပိုးသားက တဖျပ်ဖျပ်လက်နေခဲ့သည်။

လည်စည်း၏အလယ်နားက ကုပ်ပိုးရှိဂလင်းနှင့် တစ်နေကုန်နီးပါးထိတွေ့ခဲ့ရာ တက်ကီလာရနံ့များက နစ်ဝင်နေခဲ့သည်။

ယဲ့စစ်က လည်စည်းကိုဖြန့်၍ သူ့နှာခေါင်းထိပ်မှာဖိကပ်လိုက်ပြီး ရီဝေနေသောမျက်ဝန်းများထဲမှာ ငွေ့ရည်တစ်လွှာ စုစည်းလာခဲ့သည်။

သူက သူ၏ဆန္ဒတို့ကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်မထားသလို ဘေးနားမှာ မည်သူမှမရှိရာ ဝင်သက်ထွက်သက်တိုင်းမှာ အသက်ပြင်းပြင်းရှူရှိုက်ကာ အသက်ရှူထုတ်လိုက်ချိန်တိုင်း နှာသံလေးဖြင့်ညည်းညူနေခဲ့၏။

ဤနည်းဖြင့် အချိန်မည်မျှကြာသွားမှန်း သူမသိခဲ့ပေ။

Heat ကာလအတွင်း သူ၏စိတ်က တစ်နည်းနည်းဖြင့် ကမောက်ကမဖြစ်နေခဲ့သည်။

ဟော့ထင်းလန်က အစည်းအဝေးစောပြီးကာ ဟော့အိမ်တော်သို့ ပြန်ရောက်လာသောအခါ သူမြင်လိုက်ရသည့် မြင်ကွင်းမှာတော့...

နံရံမီးက မှိန်ဖျော့ကာ အိပ်ရာခင်းများက တွန့်ကြေပြီး ရှုပ်ပွနေသည်။ ခပ်ဖောင်းဖောင်းဖြစ်နေသောစောင်အောက်ကနေ ညည်းတွားသံများလည်း ထွက်ပေါ်လာနေ၏။

"ဟော့ရှူးရှူ၊ ဟော့ရှူးရှူ..."

ပုံမှန်အခြေအနေ၌ ယဲ့စစ်က ထိုလေသံဖြင့် ဘယ်တုန်းကမှ မပြောခဲ့ဖူးပေ။

ထို့ကြောင့် ၎င်းက ထူးထူးခြားခြား... ဆွဲဆောင်မှုရှိနေခဲ့သည်။

စောင်က အသံများကိုပိတ်ဆို့ထားသောကြောင့်လား၊ သို့မဟုတ် သူက သတိကိုလျှော့ချကာ အလွန်အာရုံစိုက်နေသောကြောင့်လားကို မသိသော်လည်း ယဲ့စစ်က ဟော့ထင်းလန်၏ခြေသံများကို မကြားခဲ့ပေ။

အမှည့်လွန်နေသော သစ်သီး၏ရနံ့မွှေးမွှေးက သူ့မျက်နှာကို နွေးထွေးစွာထိခတ်သွားခဲ့သည်။

ဟော့ထင်းလန်က တံခါးပိတ်ကာ အခန်းထဲမှ သိပ်သည်းနေသော အိုမီဂါဖယ်ရိုမုန်းများကိုကြည့်လိုက်ပြီး သူ၏လည်စလုတ်က ဖြည်းဖြည်းချင်းလှုပ်ရှားသွားလေ၏။

ဤမြင်ကွင်းမှာ အလွန်ရင်းနှီးနေသည်။

နှစ်ဦးသား အတူတူမရှိခင်တုန်းက ယဲ့စစ်၏ heat ကာလတစ်ခု၌ ဟော့ထင်းလန်၏အိပ်ခန်းထဲရောက်နေပြီး သူအိပ်စက်ခဲ့သောအိပ်ရာခင်းကို အနံ့ခံကာ စောင်များဖြင့် အသိုက်ဆောက်ခဲ့သည်။ အဆုံးသတ်မှာ သူ စိတ်လှုပ်ရှားနေသောအခြေအနေ၌ လက်ပူးလက်ကြပ်အဖမ်းခံလိုက်ရပြီး ငိုသွားသဖြင့် ဟော့ထင်းလန်မှာ သူ့ကို အစွမ်းကုန်ချော့ခဲ့ရသေးသည်။

၎င်းက သနားစရာဟော့ရှူးရှူအတွက် စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီးအဖြစ် ကျန်ရစ်လုနီးပါးပင်။

ဟော့ထင်းလန်က ပြုံးလိုက်ပြီး ယခုလိုအခြေအနေကို လက်ခံရရှိသောအခါ ကောင်းကောင်းပြုမူ၍ တံခါးနားမှာ တိတ်တဆိတ်ရပ်ကြည့်နေခဲ့သည်။ တစ်မိနစ်တင်းတင်းပြည့်ပြီးနောက် သူ လုံလုံလောက်လောက်မြင်တွေ့ခဲ့ရပြီးဖြစ်ရာ ချောင်းဟန့်လိုက်သည်။

ထိုအခါ စောင်လေးက လှုပ်ရှားသွားပြီး ဦးခေါင်းလေးတစ်လုံး ပေါ်ထွက်လာခဲ့သည်။

"ဟော့ရှူးရှူ..."

ယခုတစ်ခေါက်၌ ယဲ့စစ်က အရင်ကလို ထိတ်လန့်မသွားဘဲ ထိုအစား ဟော့ထင်းလန်ရှိရာသို့ ရှက်ရွံ့စွာဖြင့် လက်နှစ်ဖက်ကိုဆန့်တန်းပေးကာ ပွေ့ဖက်ဖို့တောင်းဆိုလိုက်သည်။ တန်ဖိုးကြီးသော စိန်လက်ဝတ်ရတနာများ၊ နာရီများနှင့် အရည်အသွေးမြင့်သော အဝတ်အစားများက ပူနွေးစိုထိုင်းနေသောစောင်အောက်မှာ ရှုပ်ပွနေ၏။ အလိုလိုက်ခံထားရသော ကြောင်ပေါက်လေးတစ်ကောင်က မည်သူမှမရှိချိန် ပရိဘောဂများကို ကုတ်ခြစ်ထားသလိုပင်။

ဟော့ထင်းလန်က တွန့်ကြေနေသောအဝတ်ပုံကြီးကို တစ်ချက်ကြည့်ကာ သိမ်မွေ့စွာပြုံးလိုက်သည်။ "ကိုယ့်ကို အရမ်းလွမ်းနေတာလား။"

ယဲ့စစ်က ခေါင်းညိတ်ပြကာ အစာရှာနေသကဲ့သို့ ဝမ်းသာအားရဖြင့် သူ့ရင်ခွင်ထဲတိုးဝင်သွားပြီး သူ၏လည်စည်းကို ဖြုတ်ပေးလိုက်သည်။ သူက တောက်ပနေသောရှပ်အင်္ကျီပေါ် နှာခေါင်းဖြင့်ဖိကပ်ကာ လတ်ဆတ်သော အယ်ဖာဖယ်ရိုမုန်းများကို စိတ်အားထက်သန်စွာ ရှူသွင်းနေခဲ့သည်။

ဟော့ထင်းလန်က လည်စည်းဖြင့်ရစ်ပတ်ထားသော ယဲ့စစ်၏ဘယ်ဘက်လက်ကို ဆုပ်ကိုင်လိုက်သည်။

ယင်းမှာ သူ မနေ့ကဝတ်ခဲ့သော လည်စည်းဖြစ်သည်။

ယဲ့စစ်က သူ့လက်မှာရစ်ပတ်ကာ နှာခေါင်းဖြင့်ဖိကပ်ခဲ့သောကြောင့် ပိုးသားက သူ့လက်ဖဝါးမှချွေးများ၊ သူ့နှာခေါင်းနှင့် ပါးစပ်မှအပူငွေ့တို့အား စုပ်ယူထားရာ ၎င်းက စိုထိုင်းနေခဲ့သည်။

ဟော့ထင်းလန်က သူ၏လည်စည်းပေါ်မှစိုစွတ်မှုကို ထိတွေ့ကာ ပြောလိုက်၏။ "မင်း ဒါကို လျက်ထားတာလား။"

"မဟုတ်ပါဘူး၊ မလျက်ပါဘူး။" ယဲ့စစ်မှာ အသိစိတ်အနည်းငယ်ကျန်သေးပြီး အလျင်စလိုငြင်းလိုက်သည်။ "ကျွန်တော် ခဏပဲအနံ့ခံခဲ့တာ။"

ယဲ့စစ်မလုပ်မှန်း ဟော့ထင်းလန်သိသော်လည်း သူက ယဲ့စစ်၏ နှာခေါင်းထိပ်လေးကိုဆွဲကာ မယုံချင်ယောင်ဆောင်၍ တီးတိုးပြောလိုက်သည်။ "အနံ့ခံရုံနဲ့ စိုသွားနိုင်လို့လား။"

"ကျွန်တော် တကယ်... အနံ့ပဲခဲခဲ့တာ။ အဲ့ဒါက တံတွေးမဟုတ်ပါဘူး၊ အဲ့ဒါက ကျွန်တော့်လက်ထဲက ချွေးတွေပါ။"

"လူလိမ်လေး။"

"..."

နှစ်ဦးသား ခဏလောက် လုံးထွေးနေကြပြီး ဟော့ထင်းလန်က သူ့ကိုစနေကြောင်း ယဲ့စစ် သိလိုက်ရသောအခါ ထပ်ပြီးရှင်းပြမနေတော့ဘဲ ပွတ်သီးပွတ်သပ်ပဲလုပ်ကာ အနံ့ခံနေခဲ့သည်။

"ကိုယ့်ကို ငါးမိနစ်လောက်အချိန်ပေးပါဦး ပေါင်ပေါင်း။" ဟော့ထင်းလန်က နီစွေးစွေးနှုတ်ခမ်းလေးများကိုနမ်းကာ ဖယ်ရိုမုန်းတချို့ကို ခွံ့လိုက်ပြီးနောက် ရေချိုးခန်းဆီသွားရန် ပြင်လိုက်သည်။

"ဟော့ရှူးရှူ၊ ဘယ်သွားမလို့လဲ။" ယဲ့စစ်က သူ့ကိုအသွားမခံဘဲ အနောက်တိုင်းဝတ်စုံအောက်မှ သူ၏ခါးကို ပွေ့ဖက်ထားလေ၏။ သူက ခေါင်းမော့ကာ နူးညံ့အိစက်နေသောပါးပြင်လေးနှင့် ဟော့ထင်းလန်၏ပခုံးကိုပွတ်သပ်လိုက်သည်။ Heat ကာလအတွင်းမှာ သူ၏စိတ်နေသဘောထားက ပြောင်းပြန်ဖြစ်သွားပြီး အလွန်တွယ်ကပ်လာသော်လည်း သူ၏အသံက လူငယ်ဆန်ပြီး ရှင်းလင်းနေသေးပေသည်။ "ကျွန်တော် အဆင်မပြေဘူး..."

"ကိုယ် ရေသွားချိုးလိုက်ဦးမယ်။" ဟော့ထင်းလန်က ခေါင်းလေးစောင်းငဲ့ကာ အနှီသမင်လေး၏မျက်နှာကို ပွတ်သပ်လိုက်ပြီး နူးညံ့စွာချော့မြှူလိုက်သည်။ "ပေါင်ပေါင်းက လိမ္မာပါတယ်ကွာ။"

"မချိုး၊ မချိုးနဲ့။" ယဲ့စစ်၏မျက်လုံးများက တောက်ပနေ၏။

"ဒါဆို အတူတူချိုးမလား။" ဟော့ထင်းလန်က သူဆိုလိုသည်အား ထိုကဲ့သို့ထင်သွားခဲ့သည်။

ယဲ့စစ်က ခေါင်းယမ်းပြလိုက်ပြီး သူ၏အသံက တဖြည်းဖြည်းနှင့် ခြင်ဝီသံပေါက်ကာ မျက်လုံးများကလည်း ဝေဝါးလာခဲ့၏။ "ဒီတိုင်း မ၊ မချိုးနဲ့တော့..."

သူ စောစောက အနံ့ခဲ့သည်။

မနှစ်မြို့စရာမဖြစ်ဘဲ အနည်းငယ်သော ယောက်ျားဆန်ဆန်ချွေးရနံ့နှင့်ရောနေသည့် ကြွယ်ဝသော အယ်ဖာဖယ်ရိုမုန်းများ... ၎င်းက အရိုင်းဆန်ကာ သန်မာပေ၏။

တောက်လောင်နေသော ဟော်မုန်းဓါတ်ပြုမှုက ယဲ့စစ်၏လည်ချောင်းကို ခြောက်သွေ့သွားစေခဲ့သည်။

၎င်းက ရေချိုးဆပ်ပြာအနံ့သို့ ပြောင်းလဲသွားမည်ဆိုပါက သူ တစ်စုံတစ်ခုလစ်လပ်သွားသလို ခံစားရပေလိမ့်မည်။

ဟော့ထင်းလန်က အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်ပြီး ပြုံးလိုက်လေ၏။ "ကိုယ်က တစ်နေ့လုံး အပြင်မှာရှိနေခဲ့တာလေ..."

ယဲ့စစ်က ရှက်ရွံ့စွာဖြင့် မျက်လွှာချလိုက်သော်လည်း လက်လွှတ်လိုက်ဖို့ကို ငြင်းဆန်နေဆဲပင်။ သူက ဘာမှမပြောသော်လည်း သူ၏ဆိုလိုရင်းက အလွန်ရှင်းလင်းနေ၏။

"ပေါင်ပေါင်း။" ဟော့ထင်းလန်က သူ၏မေးစေ့လေးကို ဆွဲမော့ကာ တစ်ကိုက်ကိုက်လိုက်သည်။ "ကိုယ် ဘာလို့ သတိမပြုမိတာပါလိမ့်၊ မင်းက အရမ်း..."

ယဲ့စစ်ကို ရှက်ရွံ့စွာပေါက်ကွဲသွားစေနိုင်သည့် စကားလုံးများက တီးတိုးညည်းညူသံအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

...

"ကိုယ့်ရဲ့လည်စည်းကို သဘောကျတာလား။" ဟော့ထင်းလန်က မေးလိုက်သည်။

ယဲ့စစ်က အပြာရင့်ရောင်နှင့် ငွေရောင်ပန်းထိုးထားသောလည်စည်းကို ဘယ်ဘက်လက်နှင့်ဆုပ်ကိုင်ထားရာ ဟော့ထင်းလန်တစ်ယောက် ယခင်ဘဝတုန်းက မရှိခဲ့ဖူးသည့် သူ၏ဝါသနာပိစိလေးကို ရှာတွေ့လိုက်တာလားဟု သိချင်နေခဲ့သည်။

"အွန်း။"

အတည်ပြုဖြေသံလေးပင်။

"ဟော့ရှူးရှူက မင်းကို လည်စည်းဘယ်လို... ကောင်းကောင်းစည်းရလဲဆိုတာ သင်ပေးမယ်။"

ဟော့ထင်းလန်သည် လွန်ခဲ့သောနာရီဝက်လောက်က နံဘေးသို့လွှင့်ပစ်ထားသော မီးခိုးရောင်လည်စည်းနောက်တစ်ခုကို ကောက်ယူကာ ယဲ့စစ်၏လက်ကောက်ဝတ်များကို ဖြည်းဖြည်းချင်း ချည်နှောင်လိုက်သည်။ "ဒါက လက်တွေအတွက်။"

ထို့နောက် သူက ငွေရောင်ပန်းထိုးထားသည့် အပြာရင့်ရောင်လည်စည်းကို ချက်ချင်းဆွဲယူလိုက်သည်။ "ဒီတစ်ခုက ဘာအတွက်လဲသိလား။"

[TN/ ဘာလဲသိတယ်ဟုတ်? ယဲ့စစ်ရဲ့ အောက်ပိုင်းကငှက်ကလေးအတွက်ပါတဲ့ 🌚]

...

Heat ကာလပြီးဆုံးသွားသောအခါ ဟော့ထင်းလန်နှင့်ယဲ့စစ်တို့က အနားယူရန် အခန်းပြောင်းခဲ့ကြသည်။

မွေ့ရာကို အသစ်လဲရမည်ဖြစ်ပြီး ၎င်းက အချိန်နည်းနည်းကြာမည်ဖြစ်၏။ ဟော့ထင်းလန်က သူ့အိုမီဂါလေး၏ ဖယ်ရိုမုန်းများပါနေသော ပစ္စည်းများကို အပြင်လူများထိတွေ့သည်အား လုံးဝမကြိုက်သလို နောက်ရက်မှာ သူ့အလုပ်အချိန်ဇယားက ပြည့်နှက်နေရာ အရင်ဆုံး အနားယူဖို့ အခန်းပြောင်းခဲ့ရသည်။

ဧည့်သည်ခန်းထဲ၌ အရာအားလုံးပြင်ဆင်ထားပြီး မည်သည့်ဧည့်သည်မှ အသုံးမပြုလျှင်တောင် ဖုန်တက်ခြင်းအားရှောင်ကြဥ်ရန် အိပ်ရာခင်းများကို ပုံမှန်လဲလှယ်ထားဖြင့် ၎င်းတို့ တိုက်ရိုက်အိပ်နိုင်ပေသည်။

နှစ်ဦးသားက ရေချိုးကာ အဝတ်များလဲပြီး မူလအခန်းကနေထွက်လာခဲ့သော်လည်း ဟော့ထင်းလန်က တစ်စုံတစ်ခုကို ယူလာခဲ့သည်။

"ခင်ဗျားရဲ့လက်ထဲက ဘာ၊ ဘာလဲ။" တစ်စုံတစ်ခုက လွဲမှားနေကြောင်း ယဲ့စစ် အလိုလိုခံစားမိနေ၏။

ဟော့ထင်းလန်၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားခဲ့သည်။ သူက အပြာရင့်ရောင်အဝတ်စကို လှုပ်ယမ်းပြကာ ပြောလာသည်။ "လည်စည်းလေ။"

၎င်းမှာ အလွန်တွန့်ကြေနေပြီး မီးပူတောင်တိုက်မထားရသေးပေ။ ယင်းက ရေထဲကနေ ဆွဲထုတ်လာသကဲ့သို့ လေးလံကာ စိုစွတ်နေလေ၏။

ငွေချည်ထိုးထားသော ခြင်္သေ့အထီးမှာ အစက်အပြောက်များဖြင့် စွန်းထင်းနေလေ၏။

၎င်းမှာ အညစ်အကြေးတစ်ခုနှယ်။

"ခင်ဗျား အဲ့ဒါကို ယူလာသေးတယ်? ဘာအတွက်လဲ!" ယဲ့စစ်က ထိုအရာကိုမကြည့်နိုင်ဘဲ သူ့လက်ထဲကနေ လှမ်းလူလိုက်သည်။ "အဲ့ဒါက ညစ်ပတ်နေပြီလေ။"

ထိုလည်စည်းက လုံးဝမကောင်းပေ!

ဟော့ထင်းလန်က လက်မြှောက်ကာ လည်စည်းကို အမြင့်မှာကိုင်ထားလိုက်သည်။ တစ်ဆယ်စင်တီမီတာလောက် အရပ်ကွာခြားချက်က ဟာသမဟုတ်ဘဲ ယဲ့စစ်ခမျာ ဘယ်လိုမှမမီခဲ့ပေ။ သူက သူ့ကိုယ်သူ ဟော့ထင်းလန်၏ရင်ခွင်ထဲ ပစ်ဝင်လိုက်သလိုမျိုး သူ့ရင်ဘတ်နှင့်ဖိကပ်လိုက်သည်။

"တစ်ခုခုက ညစ်ပတ်နေရင် မြန်မြန်လျှော်ရမှာပေါ့။" ဟော့ထင်းလန်က နူးညံ့သိမ်မွေ့သောအသွင်အပြင်နှင့် လုံ့လရှိစွာသင်ကြားပေးနေသည်။ "မဟုတ်ရင် အဲ့ဒါက မပြောင်တော့ဘဲ ညစ်ပတ်တဲ့လည်စည်းဖြစ်သွားလိမ့်မယ်။ မင်း ဟော့မိသားစုရဲ့ဆောင်ပုဒ်ကို မေ့သွားပြီလား။ 'တည်ငြိမ်အေးချမ်းခြင်းက ကိုယ်ကျင့်တရားကို ဖွံ့ဖြိုးတိုးတက်စေပြီး ခြွေတာစုဆောင်းခြင်းက စာရိတ္တကို မြှင့်တင်ပေးတယ်' ကိုယ် မင်းကို အရင်တစ်ခေါက်တုန်းက သင်ပေးခဲ့တယ်လေ..."

သူ့မှာ အရင်တစ်ခေါက်တုန်းအကြောင်းကို ပြောရဲသည့်သတ္တိရှိနေသေးသည်!

"ကျွန်တော့်ကို မလှည့်စားနဲ့။ အရင်တစ်ခေါက်က ကျွန်တော် မားကို မေးကြည့်ပြီးသွားပြီ။ ဟော့မိသားစုမှာ အဲ့လိုဆောင်ပုဒ်မရှိဘူးတဲ့!" ယဲ့စစ်က လုံးဝလှည့်စားမခံတော့ဘဲ လည်စည်းကို ခုန်ပြီးလုလိုက်သည်။

ထိုစကားထဲမှ 'မား' ဆိုသည်မှာ သိသိသာသာပင် လင်ယောင်ကိုပြောခြင်းဖြစ်၏။

ဟော့ထင်းလန်၏နှလုံးသားမှာ မီးတောက်သွားပြီး ပိုလို့တောင် လွှတ်မပေးချင်တော့ပေ။ ဤလူယုတ်မာကြီးက ယဲ့စစ်ကိုချောင်ပိတ်ကာ သူ့ကို ထပ်တလဲလဲနမ်းတော့၏။ "အဲ့ဒါက အသစ်ဖန်တီးထားတဲ့ မိသားစုဆောင်ပုဒ်လေ၊ အဲ့လိုဆိုရင်ရော ဘယ်လိုလဲ။"

ယဲ့စစ်၏ heat ကာလက ပြီးခါစပဲရှိသေးရာ သူ၏ခန္ဓာကိုယ်က အားနည်းနေ၏။ ထို့အပြင် ညလယ်သန်းခေါင်ဖြစ်ရာ ပင်ပန်းနေပြီး လှုပ်တောင်မလှုပ်ချင်တော့ပေ။ ဟော့ထင်းလန်ဆီကနေ အကြိမ်အနည်းငယ်လောက် အဖိခံရပြီးနောက် သူ့မှာ ယဲ့ယဲ့လေးသာကျန်နေပြီး လည်စည်းယူဖို့ကို လက်လျှော့လိုက်ပြီးနောက်မှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။

သူအိပ်ပျော်သွားသည်ကို မြင်လိုက်ရသောအခါ ဟော့ထင်းလန်က လည်စည်းကို သူနှာခေါင်းနှင့်ဖိကပ်၍ တော်တော်ကြာကြာအနံ့ခံကာ နှုတ်ခမ်းလွှာပေါ် ထိကပ်လိုက်သည်။

ထိုအခိုက်အတန့်၌ ထိုအပေါ်မှ အိုမီဂါဖယ်ရိုမုန်းများ၏ပြင်းအားက အမြင့်ဆုံးဖြစ်နေသည်။

...သူ ထိုအရာကိုလျှော်လိုက်ဖို့ အနည်းငယ်တွန့်ဆုတ်နေ၏။

သူက အမှန်တကယ်ကို နှာဘူးဖြစ်နေလေပြီ။

ဟော့ထင်းလန်တစ်ယောက် သူ့ကိုယ်သူ ရယ်မောလိုက်လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment