no

အပိုင်း (၄၂) - ငိုကြွေးခြင်း

'မကြာခဏငိုတတ်သူမဟုတ်' ဟု ကြွေးကြော်ခဲ့သော ယဲ့စစ်တစ်ယောက် သူ၏ခုခံမှုများက အခြားအိုမီဂါများထက် ပို၍လျင်မြန်စွာ ပြိုလဲသွားခဲ့သည်။

သူ့ဂလင်းများထဲမှ အယ်ဖာအစိတ်အပိုင်းက ကျုံ့သွားပြီး ၎င်း၏လုပ်ဆောင်မှုများ ဆုံးရှုံးသွားကာ အသစ်စက်စက် အိုမီဂါဂလင်းများဖြင့် အစားထိုးသွားခဲ့သည်။

သို့သော် ဖွဲ့စည်းတည်ဆောက်ထားသော ကိုယ်ရည်ကိုယ်သွေးကတော့ ဖျောက်ဖျက်ဖို့ခက်ပေ၏။

မြားတံက လေးကြိုးပေါ်ရောက်နေချိန်မှာ သူသည် သန်မာသောအယ်ဖာဆီကနေ အမှတ်အသားပေးခံရတော့မည်ဟု သတိပြုမိသွားပြီး ယဲ့စစ်တစ်ယောက် ရေထဲကထွက်လာသည့် ငွေရောင်ငါးလေးတစ်ကောင်လို ရုန်းကန်နေခဲ့သည်။

အကြေးခွံများက ရေစက်ကလေးများနှင့် စွန်းပေနေပြီး ခဲနက်ရောင်ပိုးသားပေါ်မှာ ထူထဲပျစ်နှစ်သောအရာများက တောက်ပစွာရှိနေခဲ့၏။

၎င်းက ပင်လယ်ဆားကဲ့သို့သော ရနံ့ရှိသည်။

သူ၏ညအိတ်ဝတ်စုံကလည်း ချွေးများစိုရွှဲနေသည်။

သူ့လည်ကုပ်ပေါ်မှ အိုမီဂါဂလင်းများက ယာယီအမှတ်အသားတစ်ခုကို ရရှိခဲ့ပြီးဖြစ်၏။

နုပျိုသောအရေပြားက ဗုံမျက်နှာပြင်ကဲ့သို့ တင်းကျပ်နေပြီး ကျောရိုး၏ချွန်ထက်သောအပိုင်းလေးကို ဖုံးအုပ်ထားသည်။ ဟော့ထင်းလန်က သူ၏သွားစွယ်များဖြင့် ၎င်းကိုထိုးဖောက်လိုက်ပြီးနောက် သွေးများစီးကျလာသည့် ခပ်ဝိုင်းဝိုင်းအပေါက်နှစ်ပေါက်ကို ဖြစ်ပေါ်စေခဲ့သည်။

ဟော့ထင်းလန်က ယဲ့စစ်၏ညအိတ်ဝတ်စုံကော်လံကို ဆွဲချကာ သူ့လည်ကုပ်ပေါ်မှသွေးများကို ပိုးသတ်ထားသောအဝတ်ဖြင့် ညင်သာစွာသုတ်ပေးခဲ့၏။

ထို့နောက် ထိုအဝတ်ကို ပစ်လိုက်ပြီးနောက် သူ၏လက်ချောင်းထိပ်လေးများဖြင့် ယဲ့စစ်၏မျက်လုံးထောင့်များကို ထိတွေ့လိုက်ရာ သူ၏မျက်ရည်များကို ခံစားလိုက်ရသည်။

ယဲ့စစ်က ငိုနေခဲ့သည်။

လွန်ခဲ့သောနာရီပိုင်းက သူသည် 'မကြာခဏငိုတတ်သူမဟုတ်' ဟု ပြောခဲ့သည်။ ဟော့ထင်းလန်မြင်သွားမည်စိုး၍ သူက သူ၏မျက်နှာကို ခေါင်းအုံးထဲနစ်မြုပ်ထားခဲ့၏။ သွားဖြူဖြူလေးများက ခေါင်းအုံးကိုကိုက်ထားပြီး တိတ်တိတ်လေးခိုးငိုနေရင်း မျက်ရည်များပြည့်နှက်လာသည့် သူ၏မျက်လုံးလေးများက ရွှန်းလဲ့တောက်ပနေခဲ့သည်။

သိပ်ကိုသနားစရာကောင်းတာပဲ။

တစ်သက်တာအမှတ်အသားနှင့် ခြေတစ်လှမ်းသာလိုတော့သည့် Rut ကာလရောက်နေသော အယ်ဖာတစ်ယောက်က ကျားတစ်ကောင် သို့မဟုတ် ဝံပုလွေတစ်ကောင်နှင့်မခြားပေ။

နာရီအနည်းငယ်ကြာပြီးနောက် သူ၏လူသားဆန်မှုက ပျောက်ကွယ်သွားပြီဖြစ်သည်။

"ပေါင်ပေါင်းက လိမ္မာပါတယ်..."

ဟော့ထင်းလန်က သူ့ကို သိမ်မွေ့စွာချော့မြှူလိုက်ပြီး ယဲ့စစ်၏ စိုရွှဲနေသောမျက်နှာလေးကို လက်ဖမိုးဖြင့် ပွတ်သုတ်ပေးကာ အသိစိတ်တို့မကပ်ဘဲ ပြောလိုက်သည်။

"ဘာလို့ငိုနေရတာလဲ၊ ကိုယ် ဘာမှမလုပ်ရသေးဘူးလေ... မကြောက်ပါနဲ့ကွာ။"

သူက မည်းနက်နေသောမျက်ဝန်းများဖြင့် ယဲ့စစ်ကို စူးရှစွာစိုက်ကြည့်နေခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်များက တစ်တန်းတည်းဖြစ်နေပြီး ပုံမှန်နွေးထွေးသောအပြုံးက မရှိတော့သော်လည်း သူ၏လေသံက နူးညံ့ကာ သူ၏အိုမီဂါကို ချော့မြှူနေဆဲပင်။

သို့သော် အချို့သောအကြောင်းများကြောင့် ထိုလေသံက ဗီလိန်တစ်ယောက် မည်သူမှမရှိသောအိမ်တစ်အိမ်မှ ကလေးတစ်ယောက်ကို တံခါးဖွင့်ပေးဖို့ ချော့မြှူနေသကဲ့သို့ပင်...

ပေါင်ပေါင်း တံခါးဖွင့်ပေးပါဦး၊ ဟော့ရှူးရှူက လူဆိုးမဟုတ်ပါဘူးကွာ၊ မကြောက်ပါနဲ့....

သူက ထိုသို့ပြောရင်း ငါးစာဖြစ်သည့် သူ့လက်ထဲရှိ တောက်ပသောသကြားလုံးလေးကို လူကြည့်အပေါက်မှာ ဝှေ့ယမ်းပြလိုက်သည်။ သို့သော် မည်သူမှမရှိသောအိမ်လေးထဲမှ ယဲ့စစ်က သကြားလုံးရဖို့ တံခါးဖွင့်လိုက်ချိန်မှာ သူက အထဲကိုဇွတ်တရွတ်ဝင်ရောက်ကာ မကောင်းမှုများပြုလုပ်၍ အိမ်ကိုတောင် အပိုင်သိမ်းပစ်လိမ့်မည်။ နံရံများပေါ်၊ ပရိဘောဂများပေါ်၊ ကြမ်းပြင်ပေါ် စသဖြင့် နေရာတိုင်းမှာ အဖြူရောင်ဆေးများဖြင့် ရေးခြစ်ကာ အမှတ်အသားပြုခဲ့သည်။

"ဟော့ရှူးရှူ၊ ကျွန်တော် အမှတ်အသားမရချင်ဘူး..."

ယဲ့စစ်က ကောက်ကျစ်ပြီး ကြမ်းကြုတ်သော အယ်ဖာ၏အမူအရာကို မမြင်ရအောင် သူ၏မျက်နှာကို လုံးဝဖုံးဖိထားသည်။ သူ ဟော့ရှူးရှူဆီကနေ ချော့မြှူခံရသောကြောင့် ဟော့ထင်းလန်မှာ ကျိုးကြောင်းဆင်ခြင်ဉာဏ်တချို့ ရှိလိမ့်ဦးမည်ဟု သူက ထင်နေခဲ့၏။

ဤနားလည်မှုလွဲမှားခြင်းက သူ၏အကာအကွယ်များကို ပြိုလဲသွားစေပြီး သူ ကပ်ဆိုးတစ်ခုကို ကြုံတွေ့ခဲ့ရလေသည်။ ယာယီအမှတ်အသားများနှင့် တစ်သက်သာအမှတ်အသားများကြောင့် ဖြစ်ပေါ်လာသောခံစားမှုများက လုံးဝမတူညီပေ။ အထူးသဖြင့် အယ်ဖာဖြစ်ခဲ့ဖူးသူအတွက်ပင်။ သူ ဤကိစ္စကို ရိုးရိုးရှင်းရှင်းတွေးခဲ့မိပြီး ယခုတွင်မူ မျက်ရည်များကျဆင်းကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် တောင်းပန်ခဲ့လေ၏။

"ကျွန်တော်တို့၊ ကျွန်တော်တို့ နောက်တစ်ရက်ကို ပြောင်းလို့မရဘူးလားဟင်။ အဲ့ဒီအချိန်ကျမှ ကျွန်တော့်ကို အမှတ်အသားပေလေ၊ နော် ဟော့ရှူးရှူ..."

"...ကောင်းပြီလေ။"

ဟော့ထင်းလန်က ပြုံးလိုက်ရာ အသားစားသတ္တဝါကဲ့သို့ သွားစွယ်နှစ်ခုက ပေါ်လာခဲ့သည်။

သူ၏ညအိတ်ဝတ်စုံက ကြယ်သီးများပြုတ်နေပြီး သူ၏ပခုံးနှစ်ဖက်က ကြီးများကျယ်ပြန့်ကာ ဖြောင့်တန်းနေ၏။ ဤလူဆိုးအမူအရာနှင့်တောင် သူက လူကြီးလူကောင်းတစ်ယောက်နှင့်တူနေဆဲပင်။

သူက အလွယ်တကူသဘောတူလိမ့်မည်ဟု ယဲ့စစ် မမျှော်လင့်ထားရာ သူ ကယ်တင်ခံလိုက်ရသကဲ့သို့ မျက်လုံးများက တောက်ပလာခဲ့သည်။

သူ၏ညှာတာမှုအတွက် စကားထစ်ကာ တောင်းပန်နေခဲ့သော အိုမီဂါအလှလေး၊ ရေခဲတုံးလေး အရည်ပျော်သွားသကဲ့သို့ ကြည်လင်နေသော သူ၏မျက်လုံးများ၊ 'ရှူးရှူ'ဟု ရှက်ရွံ့စွာခေါ်လိုက်သော သူ၏အက်ရှနေသောအသံလေး....

အားလုံးက အယ်ဖာတစ်ယောက်ဖြစ်သည့် သူ၏အမှောင်ဘက်အခြမ်းကို နှိုးဆွနေခဲ့သည်။

"...ထပ်ပြောပါဦး ပေါင်ပေါင်း။"

ခဏတာတိတ်ဆိတ်နေပြီးနောက် သူက တောင်းဆိုလိုက်သည်။

အမှန်တကယ်တော့ ယင်းက ဤလူသား လုပ်နိုင်သည့်အရာမဟုတ်ပေ။

ယဲ့စစ် သူအနိုင်ကျင့်ခံနေရမှန်း သိသော်လည်း သူ့ကိုယ်သူကျုံ့ကာ ရှိုက်သံလေးများဖြင့် အနှီဝါကျကို ထပ်ပြောလိုက်သည်။

"ကျွန်တော်တို့၊ ကျွန်တော်တို့ နောက်တစ်ရက်ပြောင်း..."

သူ စကားထစ်ပြန်၏။

"ပြောင်း၊ ပြောင်း..."

"ပြောင်း..."

သူ စိတ်လှုပ်ရှားလာလေ သူ၏လျှာက ခလုတ်တိုက်လေဖြစ်ပြီး စကားပြောဖို့ အခက်တွေ့လေပင်။

"ကျွန်တော်တို့ နောက်တစ်ရက်ကို ပြောင်းပြီး အဲ့ဒီအချိန်ကျမှ ကျွန်တော့်ကို အမှတ်အသားပေး..."

သူ ဆယ်ခါမြောက်ကြိုးစားပြီးနောက် ချောမွေ့စွာပြောနိုင်ပြီဖြစ်သော်လည်း ဝါကျမဆုံးခင် သူ၏နှုတ်ခမ်းလွှာမှာ ပိတ်ဆို့ခံလိုက်ရလေသည်။

"!"

လူယုတ်မာကြီး!

ယဲ့စစ် ခုခံရန်ကြိုးစားလိုက်သော်လည်း နောက်ဆုံးအတားအဆီးက ဖောက်ထွင်းခံလိုက်ရပြီး တစ်သက်တာအမှတ်အသားပေးခြင်းကို တရားဝင်စတင်ခဲ့သည်။

သိမ်းပိုက်ခံရခြင်း၊ လွှမ်းမိုးခံရခြင်း၊ ထိန်းချုပ်ခံရခြင်းခံစားချက်များက မယုံကြည်နိုင်လောက်သော သာယာမှုနှင့်အတူ သူ၏သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများထဲ စီးဆင်းကာ ဆဲလ်တိုင်းကို တိုက်စားသွားခဲ့သည်။

သူ ဖယောင်းတိုင်ကဲ့သို့ အနီရောင်မျက်ရည်များအဖြစ် ပျော်ကျတော့မလိုမျိုး ထင်ယောင်ထင်မှားတစ်ခုရှိနေခဲ့၏။ အံ့သြထိတ်လန့်မှုနှင့် အကြောက်တရားတို့က ပေါင်းစည်းသွားပြီး ဟော့ထင်းလန်၏လက်ကောက်ဝတ်ကနေ သူ့ပခုံးနှစ်ဖက်ကိုဆွဲလိုက်ပြီး ထွက်ပြေးချင်နေခဲ့၏။ သို့သော် အိုမီဂါသဘာဝအရ သူ ဟော့ထင်းလန်၏ရင်ခွင်ထဲမှာ ရှက်ရွံ့စွာပုန်းအောင်း၍ သူ၏လက်ချောင်းထိပ်လေးများဖြင့် ပိုးသားအဝတ်ကို ဆုပ်ကိုင်၍ကုတ်ခြစ်လိုက်ရာ ဟော့ထင်းလန်၏ကျောပြင်ထက် အနီစင်းကြောင်းရှည်များ ဖြစ်ပေါ်လာခဲ့သည်။

"ကုတ်လိုက် ပေါင်ပေါင်း၊ ကိုယ့်ကို သေလောက်အောင် ကုတ်ခြစ်လိုက်ပါ..."

ဟော့ထင်းလန်က စိတ်အားတက်ကြွနေပြီး အနှီဒဏ်ရာလေးများကို လုံးဝမမှုပေ။

အမှတ်အသားပေးသည့်ဖြစ်စဥ်က ဆက်လက်ဖြစ်ပွားနေခဲ့သည်...

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment