no
အပိုင်း (၂၃) - သွားပြီ
-စင်္ကြံမှ ရှင်းလင်းသောခြေသံများကို ကြားလိုက်ရသည်။
၎င်းတို့က တဖြည်းဖြည်း နီးကပ်လာ၏။
ထို့နောက် ထိုအသံက ဟော့ထင်းလန်၏အခန်းဘက် တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့သည်။
ယဲ့စစ်တစ်ယောက် ထိတ်လန့်ကာဖြင့် မျက်နှာကြီးဖြူဖျော့လာခဲ့သည်။ ထိတ်လန့်မှုတို့မှေးမှိန်သွားချိန်မှာ သူ အပြင်သိို့ ပြန်ထွက်လာလိုက်၏။
ရလဒ်အနေဖြင့် သူ အပြင်ကိုထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ဟော့ထင်းလန်နှင့် မျက်နှာချင်းဆိုင်တိုးတော့လေသည်။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြပြီး အခြေအနေမှာ သိသာထင်ရှားလွန်းလို့ အဖက်ဆယ်လို့မရခဲ့ပေ။
သို့သော်လည်း... လျှောက်လမ်းမှာ တစ်စက္ကန့်လောက် တိတ်ဆိတ်သွားခဲ့သည်။
မဟုတ်ပေ၊ ယင်းက တစ်စက္ကန့်တောင်မဖြစ်နိုင်ချေ။
ဟော့ထင်းလန်ကိုကြည့်ရတာ တည်ငြိမ်နေပြီး သူက ယဲ့စစ်၏လက်ထဲမှ တွန့်ကြေကာ စုတ်ပြဲတော့မည့် လေ့ကျင့်ခန်းစာအုပ်ကို တစ်ချက်ကြည့်၍ ပေါ့ပေါ့ပါးပါးမေးလာခဲ့သည်။
"မင်း ဘယ်မေးခွန်းကို နားမလည်လို့လဲ။ ကိုယ့်ကို စာဖတ်ခန်းထဲမှာတော့ လာမရှာလိုက်ဘူး။"
"..."
ယဲ့စစ်တစ်ယောက် သူ့လည်ချောင်းက အင်္ဂတေများဖြင့် ပြည့်နှက်နေသလို ခံစားလိုက်ရသည်။ သူ လိမ်ညာဖို့မပြောနှင့် စကားလုံးလေးတစ်လုံးတောင် ညှစ်မထုတ်နိုင်ခဲ့ချေ။
သို့သော် ဟော့ထင်းလန်က ပေါ့ပေါ့ပါးပါးသာ မေးလာခဲ့ပုံပင်။ သူက ယဲ့စစ်ကို ဖြေဖို့အချိန်မပေးခဲ့သလို ထိတ်လန့်နေသော သူ၏မျက်နှာလေးကိုလည်း မကြည့်ခဲ့ဘဲ သူ့အိပ်ရာဆီသွားကာ မနေ့ညက အိပ်မပျော်ခင် သူဖတ်ခဲ့သောစာရွက်စာတမ်းများကို အိပ်ရာနံဘေးက စားပွဲပေါ်ကနေ ယူလိုက်ပြီး သူ့ကိုပြောလာခဲ့သည်။
"ကိုယ် အရေးပေါ်အစည်းအဝေးရှိတယ်။"
သူက နာရီကိုတစ်ချက်ကြည့်ကာ အစည်းအဝေးအချိန်ကို အတည်ပြုလိုက်၏။
"ဆယ်နာရီမထိုးခင် ပြန်လာနိုင်အောင် ကိုယ်ကြိုးစားပေးပါ့မယ်။ မင်း မသိတဲ့မေးခွန်းတွေရှိရင် စုထားလိုက်နော်၊ ကိုယ် ဒီနေ့ည မင်းကို ရှင်းပြပေးမယ်... အဲ့လိုဆို အဆင်ပြေလား။"
သေခြင်းနှုတ်ခမ်းဝကနေ ပြန်ရောက်လာခဲ့သည့် ယဲ့စစ်တစ်ယောက် သူ၏ဘာသာစကားစွမ်းရည်ကို ပြန်လည်ရရှိသွားပြီး ကြက်သွန်ဖြူထောင်းနေသကဲ့သို့ ခေါင်းညိတ်လိုက်လေသည်။
"ပြေ၊ ပြေပါတယ်!"
ဟော့ထင်းလန်၏နှုတ်ခမ်းများက ကွေးညွတ်သွား၏။ သူက ကုတ်အင်္ကျီထားရာအခန်းထဲ ဝင်သွားခဲ့ပြီး ကုတ်အင်္ကျီတစ်ထည်ကို သူ့လက်ဖျံမှာတင်လျက် အမှန်တကယ်အလျင်လိုနေသကဲ့သို့ လှေကားဆီကို ခြေလှမ်းကျဲများဖြင့် လျှောက်သွားခဲ့သည်။
ယဲ့စစ်တစ်ယောက် ထိုနေရာမှာ ထပ်ပြီးမနေဝံ့တော့ဘဲ သူ့အခန်းထဲ အလျင်အမြန်ပြန်သွားပြီး ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
မလှမ်းမကမ်းမှာ အနက်ရောင် Maybach 62 လေးက အိမ်တော်၏ခြံဝင်းတံခါးဆီ ဖြည်းဖြည်းချင်းမောင်းနှင်သွားခဲ့သည်။
- ဟော့ရှူးရှုက တကယ်အပြင်ထွက်သွားတာပဲ။
Heat ကာလက သူ၏ဦးနှောက်ကို ထုံထိုင်းသွားစေပုံပင်။ ထိုသို့မဟုတ်ပါက ဟော့ထင်းလန်၏ 'စဥ်းစားပေးမှု' က အလွန်ရင်းနှီးနေကြောင်း ယဲ့စစ် သတိပြုမိခဲ့ပေလိမ့်မည်။
အရာအားလုံးကို ဖောက်မြင်နေရသော်လည်း တိတ်တဆိတ်သာနေခဲ့သည်။ လမ်းညွှန်မှုပေးရန် နံဘေးကနေ ပေါ့ပေါ့ပါးပါးလျှောက်ပေးနေရုံသာ။ ၎င်းမှာ ဟော့ထင်းလန်၏ တစ်သမတ်တည်းပုံစံပင်။
အိုမီဂါဂလင်းများဆီကနေ အပိုင်စီးခံလိုက်ရသော ဝေဒနာခံစားနေရသည့် သူ၏ဦးနှောက်က ဟော့ထင်းလန်၏ဖယ်ရိုမုန်းများကို အပူတပြင်းတောင့်တနေခဲ့သည်။ ယဲ့စစ် စောစောကမတိုင်ခင်အထိ ဟော့ထင်းလန်၏အိပ်ခန်းထဲကို မရောက်ခဲ့ဖူးချေ။ သို့သော် ထိုနေရာသို့ရောက်ပြီးနောက် heat ကာလအတွင်း ချစ်ခင်ရသောအယ်ဖာဆီကနေ နှစ်သိမ့်ခံရခြင်းက မည်မျှချိုမြိန်ကာ သက်တောင့်သက်သာရှိကြောင်း မြည်းစမ်းခဲ့ရသည်။ အနှီလောဘများနှင့် ဆာလာင်မှုတို့က ထိန်းသိမ်းရခက်ပြီး သူ၏ခန္ဓာကိုယ်အပူချိန်က ဆက်လက်မြင့်တက်လာလေ၏။
သူ မထိသင့်သည့်အရာကို မထိခဲ့လျှင် အဆင်ပြေပေလိမ့်မည်။
သူ မလှုပ်မယှက်ဘဲ အခန်းထဲမှာ တစ်ခဏလောက်နေနေခဲ့၏။
ဟော့ရှူးရှူက ဆယ်နာရီတိုင်ခင်အထိ အိမ်ပြန်လာမည်မဟုတ်ပေ။
ရနံ့ 'သက်သေ' များကိုဖျောက်ဖျက်ရန် ပြတင်းပေါက်များဖွင့်ကာ လေဝင်လေထွက်ကောင်းအောင်လုပ်ဖို့ အချိန်များရှိပေသည်။
သူ ဘာကိုကြောက်နေရမည်နည်း။
ချစ်ခြင်းမေတ္တာနှင့် ဆန္ဒများ လွှမ်းမိုးနေသော သူ၏ဦးနှောက်က သူ့ကို ရှေ့တက်တိုးဖို့ စက္ကန့်တိုင်း၊ မိနစ်တိုင်း လှုံ့ဆော်ပေးနေခဲ့သည်။
ယဲ့စစ်တစ်ယောက် သတိပြန်ကပ်လာချိန်မှာ အိပ်နေရင်းလမ်းလျှောက်သကဲ့သို့ ဟော့ထင်းလန်၏အခန်းထဲကို ရောက်နှင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
၎င်းတို့၏ဖယ်ရိိုမုန်းများက လိုက်ဖက်ညီလွန်းလှသည်။ ပူလောင်နေသောအသားကို ရေခဲရေထဲစိမ်လိုက်သကဲ့သို့ လောင်ကျွမ်းနေသော သူ၏ဂလင်းများက သက်သာလာခဲ့ပြီး သူ့ကြွက်သားများ၊ အရိုးများကို ပျော့ပျောင်းလာစေသည့် လွန်ကဲသောနှစ်သိမ့်မှုတစ်မျိုးထဲမှာ ယဲ့စစ် နစ်မြုပ်နေခဲ့သည်။
ရေချိုးခန်းထဲက အဝတ်ပေခြင်းအပြင် အိပ်ခန်းထဲရှိ ဖယ်ရိုမုန်းအကြွင်းအကျန်များ အများဆုံးရှိသောနေရာက အခန်းအလယ်မှ ခုတင်ကြီးပင်။ ယဲ့စစ်တစ်ယောက် ငါးစာဖြင့် အမျှားခံလိုက်ရသော အကောင်ပေါက်လေးနှယ်။ သူ မသွားသင့်မှန်းသိသော်လည်း သူ၏အစာအိမ်က ဟောင်းလောင်းဖြစ်နေခဲ့သည်။ ဆာလောင်မွတ်သိပ်စွာဖြင့် သူ ရနံ့ကိုရှူရှိုက်ရင်း စိတ်အားထက်သန်စွာ လှည့်ပတ်ကြည့်နေခဲ့ပြီး အဆုံးသတ်မှာတော့ သူ၏ဗီဇကို မကျော်လွှားနိုင်ခဲ့ဘဲ အနီးသို့ ချဉ်းကပ်သွားရန် အကြောင်းပြချက်ကို ရှာဖွေခဲ့သည်...
အနံ့ခံရုံပဲ။
သူ ထိမှာမဟုတ်ဘူး။
ဟော့ထင်းလန်၏ အိပ်ရာခင်းများနှင့် စောင်တို့က ပိုးသားဖြင့်ပြုလုပ်ထားသော ခဲရောင်ဖြစ်ပြီး ပိုးသား၏တောက်ပြောင်မှုနှင့်အတူ ပျော့ပျောင်းကာ အေးမြမှုတို့စီးဆင်းနေခဲ့သည်။ ယဲ့စစ် ယခုလိုမျိုး လေးခုပါခုတင်အစုံလိုက်ကို အသုံးပြုသူအား မမြင်ဖူးခဲ့ပေ... သူ ၎င်းအား ပုံဖော်မပြနိုင်ဘဲ ကြည့်ရုံနှင့်ပင် လူများကိုရှက်ရွံ့သွားစေနိုင်သည်ဟုသာ ခံစားခဲ့ရသည်။
သူ ရီဝေသောမျက်ဝန်းများဖြင့် ခုတင်ဘေးမှာရပ်ကာ လောဘကြီးစွာ အနံ့ခံနေခဲ့သည်။
သို့သော် မလုံလောက်ပေ။
အလွန်ထူးဆန်းပေ၏။
လှိုင်းလုံးကြီးများ တစ်လှိုင်းပြီးတစ်လှိုင်းထွက်ပေါ်လာသလို ပူလောင်နေသော သူ၏သွေးများက တစ်ဟုန်ထိုး တိုးထွက်လာသည်။
လိမ္မာသောကလေးက မကောင်းသည့်အရာတစ်ခုကို လုပ်ပြီဆိုလျှင် အစပိုင်းမှာ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ ရောယှက်လာလိမ့်မည်။ ထို့နောက်မှာတော့ လျှို့ဝှက်ဆန်းကြယ်သော စိတ်လှုပ်ရှားမှုများက လျင်မြန်စွာထွက်ပေါ်လာပြီး သူ့အိုမီဂါဂုဏ်ရည်များနှင့် တစ်ထပ်တည်းကျနေသော လူငယ်လေး၏အစိတ်အပိုင်းကို နှိုးဆွပေးခဲ့သည်...
သူ၏ချီစွမ်းအင်နှင့် သွေးများက ထကြွနေပြီး ဂနာမငြိမ်သလို အဆင်အခြင်လည်းမရှိတော့ပေ။ ထိုအရာများက သူ့ထဲမှာ တစ်ချိန်လုံးမြှုပ်နှံနေခဲ့သည်။
သူ၏လက်ချောင်းလေးများက ထိန်းမနိုင်တော့ဘဲ ပုန်ကန်ကာ အယ်ဖာဖယ်ရိုမုန်းများ ငြိစွန်းနေသော ခဲရောင်ပိုးထည်စကို ညင်သာစွာပွတ်သပ်လိုက်သည်။
၎င်းက သူ၏လျှာဖျားလေးဖြင့် နက်ရှိုင်းသောကန်ရေပြင်ကို လျက်လိုက်ရသလိုနှယ်။
ချိုမြိန်ကာ စွဲမက်ဖွယ်ကောင်းလွန်းသည်။
ယဲ့စစ်၏မျက်နှာနှင့် နားရွက်များက နီမြန်းလာပြီး သူ၏မျက်လုံးများက ဗလာကျင်းကာ ဆုံချက်မဲ့နေ၏။ တားမြစ်ထားသော အသီးကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်ရန် ချစ်ရသူလေးအား ချော့မြူသိမ်းသွင်းနေသည့် ကောင်ဆိုးလေးတစ်ယောက်နှယ် ခုန်ပေါက်နေသော သူ၏နှလုံးသားကို ထိန်းချုပ်ဖို့က ခက်ခဲပေသည်။
သူ နားစွင့်ကာ ပြတင်းပေါက်အပြင်ဘက်နှင့် စင်္ကြံမှအသံလေးများကို နားထောင်လိုက်ပြီး တံခါးအဟကြားလေးကို တစ်ချက်ကြည့်လိုက်သည် - ဟော့ထင်းလန်၏အိပ်ခန်းထဲမှ အသံလုံစနစ်က အလွန်ကောင်းမွန်လှသည်။ အပြင်က ဆူညံသံများကို မကြားရမည်စိုး၍ သူ တံခါးကို လော့မချဝံ့သလို အစေခံတစ်ယောက်က ရုတ်ခြည်းဝင်လာပြီး ညစ်ပတ်သောသူ၏ဆန္ဒများကို ဖြည့်ဆည်းနေခြင်းအား မိသွားမည်ကိုလည်းစိုးရိမ်မိသည်။
အထဲကို မည်သူမှဝင်လာမည်မဟုတ်ကြောင်း အတည်ပြုပြီးနောက် ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်၏ခေါင်းအုံးနံဘေးမှာ ဦးခေါင်းကိုတင်လိုက်ပြီး သတိကြီးစွာဖြင့် မှောက်အိပ်လိုက်သည်။
အစပိုင်းမှာ သူ သူ၏ကန့်သတ်ချက်ကို ထိန်းသိမ်းဖို့ကြိုးစားခဲ့သည်။
ယဲ့စစ်တစ်ယောက် သူ၏ချုပ်တည်းမှုကို ထိန်းသိမ်းထားပြီး နေရာယူဖို့မကြိုးစားခဲ့ပေ။ သူ၏ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးကို ခုတင်ဘေးစွန်းမှာ သပ်သပ်ရပ်ရပ် လဲလျောင်းထားသောကြောင့် သူလှည့်လိုက်လျှင် ပြုတ်ကျသွားလိမ့်မည်ပင်။ သူက ဝိုင်အပြင်းစားကို သောက်နေသကဲ့သို့၊ သို့မဟုတ် ဤအခန်းထဲရှိ လေကိုရှူရှိုက်သည့်အတွက် မီလီမီတာနှင့်တွက်ချက်၍ ငွေပေးချေရသကဲ့သို့ သေးသေးလေးသာ ရှူရှိုက်နေခဲ့သည်။
သို့သော် ထိုကဲ့သို့အထိအတွေ့က တဖြည်းဖြည်းနှင့် ကျေနပ်ရောင့်ရဲမှုမရှိတော့ပေ။ သူက စိတ်မရှည်စွာဖြင့် အိပ်ရာအလယ်ထိတိုးသွားပြီး စျာပနမှ အလောင်းကောင်ကဲ့သို့ တောင့်တောင့်တင်းတင်း လဲလျောင်းမနေတော့ချေ။
အချိန်တချို့ကြာပြီးနောက် ပူလောင်နေသော သူ၏မျက်နှာကို ဟော့ထင်းလန်၏ခေါင်းအုံးနှင့် စတင်ပွတ်သပ်ခဲ့သည်။ သူ၏နှုတ်ခမ်းလွှာများက ပွင့်ဟနေပြီး လေထုထဲမှ ဖယ်ရိုမုန်းများကို နှာခေါင်းနှင့်ရော ပါးစပ်နှင့်ပါ လောဘကြီးစွာယူဆောင်နေခဲ့၏။ သူ၏သွားများကြားကနေ ပျော့ပျောင်းနူးညံ့သော နီတာရဲလျှာဖျားလေးကိုတောင် မြင်တွေ့နိုင်ပေသည်။ သူ ယစ်မူးကာ စွဲလမ်းနေသည်။ တောနှံပင်များကြား ကျရောက်သွားသည့် ကြောင်ပေါက်လေးတစ်ကောင်လို ရပ်တန့်ခြင်းကိုမသိတော့ဘဲ တောနှံပင်များနှင့် အသိုက်ဆောက်ကာ ထိုနေရာမှာပဲ ထာဝရနေချင်တော့သည်။
"ဟော့ရှူးရှူ..."
ရုတ်တရက်ဆိုသလို သူ ထထိုင်လိုက်ပြီး ဟော့ထင်းလန်၏စောင်ကို အသိုက်တစ်ခုနှယ်ခေါက်ကာ သူ့ခြေထောက်အောက်မှစောင်နှင့် ထပ်လိုက်ပြီး သူ၏မျက်နှာကို ထိုထဲမှာနစ်မြုပ်ထားခဲ့သည်။ သူ ဤအခန်းထဲကိုမလာခင် တွေးထားခဲ့သော 'ဆယ်မိနစ်တည်း' မှာ လေထုထဲ လွင့်ထွက်သွားတာကြာပြီဖြစ်၏။ သူ ဟော့ရှူးရှူ၏အိပ်ရာပေါ်မှာ 'ဆယ်မိနစ်' ပေါင်းမည်မျှရှိနေပြီမှန်း မသိတော့ပေ။ သူ အပြင်ဘက်မှကားသံကိုလည်း သတိထားစောင့်ကြည့်ဖို့ မေ့နေခဲ့တာကြာပြီဖြစ်ပြီး သူ၏နားထဲမှာ မြန်ဆန်နေသောနှလုံးခုန်သံများ၊ 'ဟော့ရှူးရှူ...' ဟု တီးတိုးရေရွတ်သံများနှင့်သာ ပြည့်နှက်နေခဲ့သည်။
ထိုအခိုက်အတန့်၌ ပေါ့ပေါ့ပါးပါးမဟုတ်သလို လေးလံခြင်းလည်းမရှိသော ခြေသံများက တံခါးအဟကြားကနေ ဝင်ရောက်လာခဲ့သည်။
ပျော်ရွှင်မြူးတူးနေသော ယဲ့စစ်တစ်ယောက် ၎င်းအား သတိပြုမိလိုက်၏။
အခန်းထဲသို့ စိမ့်ဝင်လာသော လရောင်က လရောင်ကဲ့သို့မဟုတ်ဘဲ ရုတ်တရက် ပို၍တောက်ပလာခဲ့သည်...
တက်ကီလာရနံ့ကလည်း ပို၍မွေးပျံ့လာခဲ့၏...
ထိုအချက်ပြမှုများက အလွန်အားနည်းပြီး သူ မှင်တက်နေဆဲဖြစ်သော်လည်း သူ၏အသိစိတ်က ရေမျက်နှာပြင်ကနေ ပေါ်ထွက်လာပြီး ဖရိုဖရဲများကြားမှ ပြန်လည်ထွက်ပေါ်လာခဲ့သည်...
ယဲ့စစ် မျက်လုံးများပင့်ကာ လေအေးများကို တစ်ချက်ရှိုက်လိုက်ပြီး စောင်ကိုကန်ထုတ်၍ တစ်ဆက်တည်းဆိုသလို ထထိုင်လိုက်၏။
အိပ်ခန်းတံခါးက တစ်ဝက်ပွင့်နေသည်။
ဟော့ထင်းလန်က တံခါးပေါက်မှာရပ်နေပြီး သူ့ကို အသံတိတ်ကြည့်နေ၏။
ယဲ့စစ်၏အာရုံများ နိုးထလာပြီဖြစ်သည်။
သို့သော် အချိန်နှောင်းသွားခဲ့လေပြီ။
သူ လက်ပူးလက်ကြပ်အဖမ်းခံလိုက်ရသည်။
"ဟော့..."
ယဲ့စစ်၏ပါးပြင်များက သွေးရောင်မရှိတော့ချေ။ သူ၏မျက်ဝန်းများက အနည်းငယ်တုန်ယင်နေပြီး ထောင်ချောက်မိသွားသော ရာဇဝတ်သား၊ သို့မဟုတ် ထိတ်လန့်နေသော ငန်းတစ်ကောင်ကဲ့သို့ ကြောက်ရွံ့ကာ မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။
ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ပြန်လာရတာလဲ။
အခုက ဆယ်နာရီထိုးပြီလား။
မဟုတ်တာ၊ မဖြစ်နိုင်ပါဘူး...
သူ ဒီမှာရှိနေတာ ဘယ်လောက်ပဲရှိသေးတာမို့လဲ!
အခုက ဘယ်အချိန်လဲ!
သတိထားမိခြင်းမှ ရှောင်ရှားရန် ယဲ့စစ် မီးများကို မဖွင့်ရဲခဲ့ပေ။ ယခု မှောင်မည်းနေပြီး တံခါးအဟကြားကနေ စင်္ကြံမှမီးအိမ်များဆီမှ နွေးထွေးသောအလင်းရောင်များကသာ ညင်သာစွာဝင်ရောက်နေခဲ့သည်။
ဟော့ထင်းလန်က သူ့ကို နောက်တစ်ကြိမ်ထပ်ပြီး ခြောက်လှန့်မိမည်စိုးသဖြင့် မီးများမဖွင့်ခဲ့ချေ။ ခပ်မှိန်မှိန်အလင်းရောင်ထဲမှာ သူ၏ပုံရိပ်က တဖြည်းဖြည်းချဥ်းကပ်သွားပြီး အရင်အတိုင်း သိမ်မွေ့ကာ တောင်းပန်သောလေသံဖြင့် ပါးစပ်ဖွင့်ဟလိုက်သည်။
"တောင်းပန်ပါတယ်၊ ကိုယ် မင်းကို လန့်အောင်လုပ်မိသွားတာလား။"
ယဲ့စစ်၏ လက်ရှိစိတ်အခြေအနေနှင့်ဆို သူ့စကားလုံးများ၏အဆုံးသတ်၌ ထိန်းမနိုင်စွာ တုန်ယင်သွားကြောင်းကို သတိပြုမိမှာမဟုတ်လောက်ပေ။
သူ ဆယ်နာရီမှာပြန်လာမည်ဟု သဘောတူခဲ့ပြီး ယခု ၁၀:၀၁ ရှိပြီဖြစ်၏။ အချိန်က မှန်ကန်ပေသည်။ သူ့ကို လှည့်စားသူဟု ခေါ်ဆိုလို့မရချေ။
ယဲ့စစ် သူ၏အခြေအနေကို သူ့ဆီကနေဖုံးကွယ်နေကြောင်း လွန်ခဲ့သောရက်အနည်းငယ်ကတည်းက သူတွေးနေမိသော်လည်း မသေချာခဲ့ပေ။ မည်သို့ပင်ဆိုစေ ယဲ့စစ်က အတိမ်းအရှောင်အလွန်တော်၏။
သို့သော်လည်း ယနေ့ည သူ့အခန်းပေါက်မှာ သူနှင့်တွေ့ဆုံခဲ့ချိန်၌ တစ်ချက်ကြည့်ရုံနှင့် အတည်ပြုနိုင်ခဲ့သည််။
သူ သဲလွန်စအနည်းငယ်ကို ဖမ်းဆုပ်၍ ယဲ့စစ်၏ ပျော့ပျောင်းသောအသားလေးကို ကုတ်ခြစ်ရန်၊ သူ့ကိုကျီစယ်ရန်၊ သူနှင့်ကစားရန် အခွင့်အရေးကိုအသုံးချချင်ခဲ့သည်။ ဘယ်သူမှမရှိသည့်အခန်းထဲ ဝင်ရောက်ကာ သူ၏အဝတ်များကိုထိတွေ့၍ သူ့အိပ်ရာပေါ်မှာ အဘယ့်ကြောင့်အိပ်စက်နေကြောင်း သူ့အား ရှင်းပြစေချင်ပြီး တင်းကျပ်စွာပိတ်ထားသော ကမာခွံလေးကို ဖြည်းဖြည်းချင်း ဖွင့်ချင်ခဲ့သည်။
မမျှော်လင့်စွာဖြင့်...
သူ ရိုးရိုးရှင်းရှင်း ဖမ်းဆီးမိခဲ့သည်။
သူ၏မျက်လုံးများဖြင့် ဆွဲဆောင်မှုရှိပြီး နူးညံ့သောပုံရိပ်ကလေးကို တံခါးကြားကနေ သူ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
ယခုအခိုက်အတန့်၌ သူ သရုပ်ဆောင်ခဲ့သော သူတော်ကောင်းဇာတ်ရုပ်နှင့် ကျင့်သားရလာသည့်ကျေးဇူးကြောင့် နှစ်လလုံးလုံး သည်းခံခဲ့ရသည့် ဆိုးသွမ်းသောမီးကို ထိန်းထားနိုင်ဆဲပင်။
"ကျွန်တော်၊ ကျွန်တော် မဟုတ်ပါဘူး။ တောင်း၊ တောင်းပန်ပါတယ် ဟော့ရှူးရှူ။ ကျွန်တော်၊ ကျွန်တော်..."
ယဲ့စစ် အသိစိတ်ပြန်ကပ်ကာ အလိမ်အညာများနှင့် ဆင်ခြေပေးချင်ခဲ့သော်လည်း သူ့ပါးစပ်မှကြွက်သားများက သံချေးတက်ကာ မဖွင့်နိုင်ခဲ့ပေ။
သူ ပြေးထွက်သွားချင်ခဲ့သည်။
သူ၏ခြေချောင်းလေးများ ကြမ်းပြင်ကိုမထိခင် အနှီအေးမြသော တက်ကီလာရနံ့က ချဥ်းကပ်လာခဲ့ပြီး ဟော့ထင်းလန်က အိပ်ရာပေါ်ကို ဒူးတစ်ဖက်ထောက်ကာ သူ၏လမ်းကို ပိတ်ဆို့လိုက်သည့်အတွက် မွေ့ရာက အိခနဲဖြစ်သွား၏။
ယဲ့စစ် တုန်ယင်သွားပြီး စောင်ပုံပေါ်ပြုတ်ကျကာ သူ့မျက်နှာထက် သွေးရောင်ပြန်လွှမ်းလာခဲ့သည်။
သူ မပြေးနိုင်တော့ဘဲ အရှက်တရားများနှင့် မူးဝေကာ တားမြစ်ထားသောအသီးကို ခိုးယူခြင်းမှ လျှို့ဝှက်ဆန်းကြယ်သော စိတ်လှုပ်ရှားမှုတို့က ပျောက်ကွယ်သွားခဲ့သည်။ သူ နောင်တရနေပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် တောင်းပန်ခဲ့၏။
"ကျွန်တော်၊ တကယ်၊ တကယ် တောင်းပန်ပါတယ် ဟော့ရှူးရှူ... ကျွန်တော် ဒီနေ့၊ အရမ်း၊ အရမ်းကို အဆင်မပြေဖြစ်နေလို့ပါ။ တောင်းပန်ပါတယ်။ ကျွန်တော်။ ကျွန်တော် ဘာဖြစ်နေမှန်းလည်း မသိပါဘူး။ အဲ့ဒါက၊ အဲ့ဒါက..."
ပြင်းထန်သော ကိုယ့်ကိုယ်ကိုယ်ရွံရှာမှုနှင့် များပြားသောရှက်ရွံ့မှုတို့က သူ့အသံကို ငိုရှိုက်သံအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
သူက ဆွံ့အခြင်း၏ပုံရိပ်ဖြစ်သွားသည်။
အနှီစကားလုံးက အလွန်ရှက်စရာကောင်းပေ၏။
ဟော့ထင်းလန်အရှေ့မှာ သူ စကားမပြောနိုင်သလို စကားများပြောထွက်လာဖို့ကိုလည်း သူ မလုပ်နိုင်ခဲ့ချေ။
သူတော့ အဆုံးသတ်လေပြီ။
ကူကယ်ရာမဲ့သော ငိုရှိုက်သံလေးနှင့်အတူ ယဲ့စစ်၏ရင်ဘတ်လေးက လျင်မြန်စွာ နိမ့်ချည်မြင့်ချည်ဖြစ််နေ၏။
သူ အခြားတစ်စုံတစ်ယောက်၏ရှေ့မှာ နောက်ဆုံးအကြိမ်ငိုခဲ့သည့်အချိန်ကိုတောင် မမှတ်မိနိုင်ပေ။
သိပ်ကိုရှက်စရာကောင်းတယ်။
ယဲ့စစ် သူ၏မျက်နှာကို အကြိမ်အနည်းငယ် ပွတ်သုတ်လိုက်ပြီး အံကြိတ်ထားခဲ့သည်။
ရုတ်တရက်ဆိုသလို လက်တစ်ဖက်က သူ့ကို တင်းကျပ်စွာရစ်ပတ်လာပြီး ထွေးပွေ့မှုထဲဆွဲခေါ်ကာ အခြားလက်တစ်ဖက်က သူ တောင်လိုပုံထားသော စောင်တစ််ထည်ကိုဆွဲယူ၍ ဖြန့်ခါလိုက်ပြီး တောင့်တင်းအေးစက်နေသည့် သူ၏ခြေလက်များကို ပိုးတုံးလုံးလေးလိုမျိုး ရစ်ပတ်ပေးခဲ့သည်။
ယဲ့စစ်၏တစ်ကိုယ်လုံးမှ ထွက်ပေါ်လာသော ဖိအားအနည်းငယ်နှင့် အပူချိန်က ခဏတာလမ်းလွဲသွားသော သူ၏စိတ်ဝိညာဥ်ကို သူ့ခန္ဓာကိုယ်ထဲ ပြန်လည်ရောက်ရှိလာစေခဲ့၏။
"မငိုပါနဲ့။"
ဟော့ထင်းလန်က အိပ်ရာပေါ်တက်ကာ သူ့ကိုပွေ့ဖက်ထားလိုက်သည်။ သူ၏အနေအထားက ယဲ့စစ်ကို လုံးလုံးလျားလျား ပိတ်လှောင်ထားချင်သကဲ့သို့ အလွန်ပိုင်ဆိုင်လိုစိတ်ကြီးမားနေ၏။ သူက လက်ကိုင်ပဝါကိုထုတ်ယူလိုက်ပြီး ညဝတ်အင်္ကျီလက်ဖြင့် ပွတ်သုတ်ထားသောကြောင့် နီရဲနေသည့် ယဲ့စစ်၏မျက်လုံးထောင့်များကို ဂရုတစိုက်ပွတ်သပ်ပေးလိုက်သည်။ သူက နူးညံ့ပျော့ပျောင်းကာ ကိုးရိုးကားရားဖြစ်နေသည့် အနှီလျှာလေးအား ကူညီပေးရန်အတွက် ပျော့ပျောင်းစွာ ပြောလိုက်သည်။
"မင်းရဲ့ heat ကာလနဲ့ နီးလာပြီမို့ တော်တော်လေးအဆင်မပြေဖြစ်နေတယ်။ မင်းက ထိန်းချုပ်ဆေးတွေကို သုံးလို့မရတာကြောင့် ရွေးချယ်စရာမရှိဘဲ ကိုယ့်အခန်းထဲလာခဲ့ရပြီး ခဏလောက် လှဲနေခဲ့တာ... ဟုတ်တယ်မလား။"
ယဲ့စစ်က နှာရှုံ့ကာ ခေါင်းညိတ်ပြလိုက်သည်။ သူက နှစ်သိမ့်ခံနေရသော်လည်း မျက်ရည်များက အိုင်ထွန်းလာပြီး ဝမ်းနည်းသလိုခံစားလိုက်ရသည်။
"ဒါက သိပ်ကိုတရားဝင်တဲ့ လိုအပ်ချက်ပဲ၊ ကိုယ့်ကို ဘာလို့မပြောခဲ့ရတာလဲ။"
ဟော့ထင်းလန်က ယဲ့စစ်၏ပခုံးကို ပွေ့ဖက်ထားသောလက်အား ဖြည်းဖြည်းချင်းတင်းကျပ်လိုက်သည်။ သူက သိနေလျက်သားနှင့် သိမ်မွေ့စွာမေးမြန်းလိုက်လေ၏။
"ဒီရက်ပိုင်းအတွင်း မင်း ကိုယ့်ကိုရှောင်နေခဲ့တာ... မင်း ဟော့ရှူးရှူကို မုန်းနေတာလား။"
***
Aurora Novel Translation Team
There is No Eng Version