no
အပိုင်း (၁၆) - ငါးမိနစ်တည်း
- ဒါက rut ဝင်နေတာ။
ဟော့ထင်းလန် ထိုသို့ပြောပြီးနောက် ကားထဲမှာ အပ်ကျသံကြားရလောက်အောင်ထိ အလွန်တိတ်ဆိတ်သွား၏။
Rut ကာလ၏ အစောပိုင်းအဆင့်များ၌ သူက ယဲ့စစ်နှင့် နေ့စဥ်ထိတွေ့ဆက်ဆံမှုများကနေ ရရှိလာသော ဖယ်ရိုမုန်းများအပေါ်မှီခို၍ သူ၏တရားဝင် rut ကာလကို တစ်လကျော်လောက် အချိန်ဆွဲခဲ့သည့်အတွက် ယခုလက်ရှိမှာ ရွှေ့ဆိုင်းဖို့နည်းလမ်းမရှိတော့ချေ။
အရက်ပါဝင်မှုနှုန်း ၆% ပါသည့်ဘီယာကြောင့် မူးနေသည်များတောင် ပျောက်ကွယ်သွားပြီး ယဲ့စစ်တစ်ယောက် ထိတ်လန့်တကြားဖြင့် အသိစိတ်ကပ်လာခဲ့သည်။ သူ၏မျက်လုံးများက လှည့်ပတ်နေပြီး ခြောက်သွေ့နေသောနှုတ်ခမ်းကိုသပ်ကာ ဘာပြောရမှန်းမသိခဲ့ပေ။
လွန်ခဲ့သောလက သူနှင့် ဟော့ထင်းလန်တို့မှာ သဟဇာတရှိခဲ့ကြပြီး သူက ဟော့ထင်းလန်၏လူသားဆေးအိုးဖြစ်ကြောင်းကို မေ့လျော့နေခဲ့သည်။
ဟော့ထင်းလန်၏ rut ကာလကိုနှောင့်နှေးစေရန် သူ့ကို သူ၏ခွခေါင်းအုံးတစ်လုံး ပေးထားခဲ့၏။
ဟော့ထင်းလန်ကို သူ၏လည်ကုပ်ကိုတောင် အနံ့ခံခွင့်ပေးခဲ့သည်။
ထို့နောက်တွင် သူ ဟော့ထင်းလန်နှင့်အတူ နေ့တိုင်း စာဖတ်ခန်းထဲမှာ နာရီပေါင်းများစွာ အချိန်ဖြုန်းခဲ့ကြ၏။
သူ သဘောတူညီချက်ပါ လိုအပ်ချက်များအတိုင်း ဤအဆင့်များအထိ လက်ခံပေးနိုင်ခဲ့သည်။
ပြဿနာမှာ...
Rut ကာလ တရားဝင်စတင်ပြီးနောက် ထိုအရာများက လုံလောက်သည်လော။
အကယ်၍ ၎င်းတို့က မလုံလောက်လျှင် မည်သည့်အတိုင်းအတာဆို လုံလောက်သနည်း။
မည်သို့ပင်ဆိုစေ ဤ rut ကာလက အကြောင်းတချို့ကြောင့် အထူးတလှယ်ပြင်းထန်ကြောင်း ဟော့ထင်းလန်ကိုယ်တိုင် ပြောခဲ့ဖူး၏။
ယဲ့စစ်တစ်ယောက် သူ့အတွင်းစိတ်ထဲမှာ တိုက်ပွဲဖြစ်နေချိန်ဝယ် ကားထဲမှာ ရယ်သံတစ်သံ ပျံ့လွင့်လာခဲ့သည်။
"မကြောက်ပါနဲ့။"
ဟော့ထင်းလန်က သူ့နဖူးကြောပေါ်မှ ဖောင်းကြွနေသော အပြာဖျော့ဖျော့သွေးကြောများကို ပွတ်သပ်ရင်း ပြောလာခဲ့သည်။ သူ့မျက်ခုံးနှစ်ဖက်က နက်နက်ရှိုင်းရှိုင်း တွန့်ချိုးနေသော်လည်း သူက ထိန်းချုပ်မှုနှင့်အတူ သည်းခံရင်း သူ့ကို အာမခံလာ၏။
"ကိုယ် ဒီတစ်ခေါက် မင်းရဲ့အကူအညီမလိုပါဘူး။"
"ဒါပေမဲ့။"
ယဲ့စစ် တံတွေးမျိုချလိုက်ပြီး ခြောက်ကပ်နေသောပါးစပ်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်၊ ကျွန်တော်ကူညီပေးလာတာ တစ်လကျော်ပြီလေ..."
ဟော့ထင်းလန်က သက်ပြင်းချလိုက်၏။
"အဲ့ဒါက rut ကာလ အစောပိုင်းအဆင့်တွေမို့ မပြင်းထန်ဘူး။ ဒီတစ်ခေါက်ကတော့ အလုပ်ဖြစ််မှာမဟုတ်ဘူး။"
ချိုမြိန်သော ဗနီလာရနံ့လေးက ကားထဲမှာ တိတ်တဆိတ်ပျံ့နှံ့နေခဲ့သည်။
ချိုမြိန်ပြီး ပေါ့ပါးတယ်။
ယနေ့ည၏ အထူးတလှယ် စူးရှပြင်းထန်နေသော တက်ကီလာရနံ့နှင့် ပေါင်းစပ်သွားသောအခါ ၎င်းက ချက်ချင်းဆိုသလို အာရုံခံမိဖို့ ခက်ခဲသွားပေ၏။
အိုမီဂါဂလင်းများ ကွဲပြားမှုက ဆယ်ကျော်သက်အရွယ်များ၏ လူပျော်ဖော်ဝင်ချိန်တစ်ခုစာလုံး ကြာမြင့်တတ်သည့် ရှည်လျားသောဖြစ်စဥ်တစ်ခုဖြစ်ပြီး အိုမီဂါအင်္ဂါများ ပြီးပြည့်စုံသောရင့်ကျက်မှုအထိ ဖွံ့ဖြိုးလာရန် ယေဘုယျအားဖြင့် နှစ်နှစ်ကနေ လေးနှစ်အထိကြာမြင့်တတ်သည်။
ယဲ့စစ်၏အခြေအနေက ထူးခြား၏။ ကွဲပြားမှုက ပိုမိုမြန်ဆန်လာမည်ဖြစ်သော်လည်း တစ်နှစ်လောက်တော့ ကြာပေလိမ့်မည်။
တစ်နည်းဆိုရသော် သူက ပြီးပြည့်စုံသော အိုမီဂါမဟုတ်သေးပေ။ ထို့ကြောင့် သာမန်အခြေအနေမှာ ဖယ်ရိုမုန်းပြင်းအားက ပုံမှန်အဆင့်ထက်နိမ့်နေပြီး အပြည့်အဝမပွင့်ဖူးသေးသည့် ပန်းပွင့်လေးလိုမျိုး ရနံ့က အလွန်အားနည်းလှပေသည်။
ထိုကဲ့သို့ဖယ်ရိုမန်းအဆင့်နှင့် rut ကာလ၏ အစောပိုင်းအဆင့်များကို ကိုင်တွယ်ဖို့အဆင်ပြေသော်လည်း ယခုတစ်ခေါက်ကတော့ အမှန်တကယ်မဖြစ််နိုင်ပေ။
"မင်းရဲ့ဖယ်ရိုးမုန်းတွေက အားနည်းလွန်းတယ်။"
ဟော့ထင်းလန်က အမှန်အတိုင်းပြောလိုက်၏။
ယဲ့စစ် စိုးရိိမ်တကြီးမေးမြန်းလိုက်သည်။
"ဒါဆို သူတို့ကို ဘယ်လိုအားပြင်းအောင်လုပ်လို့ရလဲ။"
"မမေးနဲ့။"
ဟော့ထင်းလန်က သူ့ဘာသာသူရယ်မောလိုက်ပြီး သူ၏လေသံက ပျော့ပျောင်းကာ ကူကယ်ရာမဲ့နေသည်။
"ကိုယ် မင်းနဲ့အတူ တစ်ကားတည်းမှာရှိမနေသင့်တာကို ကိုယ်သိပါတယ်... ကိုယ် အစက မင်းကိုပြောပြဖို့မရွယ်ထားဘူး။ ဒီလိုဖြစ်လာတာ ဆယ်နှစ်ကျော်ပြီမို့ ဒီတစ်ခေါက်လည်း ဘာမှမဖြစ်ပါဘူး။ အိမ်ပြန်ရောက်ရင် မင်းအခန်းကိုပဲ ပြန်သွားလိုက်နော်..."
သူက ခဏရပ်တန့်လိုက်၏။
"ကိုယ့်ကို စိတ်မပူပါနဲ့။"
စကားပြောနေရင်း သူ၏ဦးခေါင်းက အလွန်နာကျင်လာသောကြောင့်ဖြစ််နိုင်၏၊ သူက အနည်းငယ် သက်ပြင်းရှိုက်လိုက်သည်။
လေတိုက်ခတ်တာထက်တောင် ပေါ့ပါးသော မကြားလုနီးပါး စုတ်သပ်သံတစ်ခု ပေါ်ထွက်လာခဲ့သော်လည်း ၎င်းက ယဲ့စစ်နှလုံးသား၏ အနူးညံ့ဆုံးသောအစိတ်အပိုင်းလေးကို အခိုင်အမာထိမှန်သွားပြီး ဟန်ချက်ပျက်ကာ ကျယ်လာင်သောအသံနှင့်အတူ တစ်ဖက်သို့ တိမ်းစောင်းသွားခဲ့လေသည်။
ဟော့ရှူးရှူက အရမ်းကောင်းတာပဲ။
ဟော့ရှူးရှူက သူ့အပေါ် အရမ်းကြင်နာတယ်...
ယဲ့စစ်၏မျက်နှာထက် သွေးရောင်များလွှမ်းသွားပြီး ပုံမှန်အားဖြင့် ဘယ်တော့မှပြောမှာမဟုတ်သည့်စကားလုံးများမှာ နွေးထွေးသော သူ့ရင်ဘတ်ထဲကနေ မြင့်တက်လာခဲ့ပြီး လူငယ်လေး၏စိတ်ဝိညာဥ်တို့ကို လှုံ့ဆော်နေခဲ့သည်။ သူက ရှက်ရွံ့မှုအကျပ်အတည်းကို ကျော်ဖြတ်၍ တိုတိုတုတ်တုတ်ပြောလိုက်သည်။
"ရုပ်၊ ရုပ်ပိုင်းဆိုင်ရာအထိအတွေ့က အလုပ်ဖြစ်လား။"
"သေချာရဲ့လား။"
ဟော့ထင်းလန်က မော့ကြည့်လာပြီး မည်းနက်နေသော သူ့မျက်ဝန်းများထဲမှာ အပြုံးရေးရေးလေးရှိနေသည်။ သိမ်မွေ့ကာ တောင်းပန်စွာဖြင့် သူက ချစ်ရသူလေးကို သတိပေးလိုက်သည်။
"ကိုယ် မင်းကို ပွေ့ဖက်ဖို့လိုကောင်းလိုနိုင်သလို... ကိုယ့်ရဲ့စရိုက်က ပုံမှန်နဲ့တူတော့မှာမဟုတ်ဘူးနော်။"
Rut ကာလအတွင်းမှာ အယ်ဖာများက ကြောက်ရွံ့ထိတ်လန့်ခြင်း၊ မနာလိုဝန်တိုခြင်းနှင့် ကပ်တွယ်ခြင်းတို့ဖြစ်လာနိုင်ပြီး စိတ်သဘောထားက ပြောင်းလဲသွားလိမ့်မည်။
ဟော့ထင်းလန်၏မျက်လုံးများက နာကျင်မှုကြောင့် သွေးချင်းနီနေသော်လည်း သူ၏အမူအရာက စိတ်ရှည်နေဆဲပင်။
သူ့ကိုကြည့်ရတာ... ပုံမှန်ဖြစ်နေသည်။
ယဲ့စစ်ကိုယ်တိုင်က သုံးနှစ်လောက် A အဆင့်အယ်ဖာဖြစ်ခဲ့ဖူးသည်။ Rut ကာလအတွင်းမှာဆို သူက ဟော့ထင်းလန်ထက် ပို၍စိတ်တိုတတ်ကာ အများကြီးပို၍ သုန်မှုန်နေတတ်သည်။ နှိုင်းယှဥ်ကြည့်လိုက်လျှင် ဟော့ထင်းလန်က အလွန်သန့်စင်ပြီး အန္တရာယ်ကင်းပေ၏။
သို့သော် တကယ်တမ်းမှာတော့...
A+ အဆင့်နှင့် A- အဆင့်တို့ကြား ကြီးမားသောကွာဟချက်ကို ယဲ့စစ်လို ဇီဝကမ္မဗဟုသုတများလစ်လပ်နေသည့် အထက်တန်းကျောင်းသားလေးက သိလိမ့်မည်မဟုတ်ပေ။ ဟော့ထင်းလန်က အရင်ကထက် အဆတစ်ရာပြင်းထန်သော စိတ်ပိုင်းဆိုင်ရာမုန်တိုင်းကြီးကို သည်းခံနေခဲ့ရသည်။
ထို့ကြောင့် rut ကာလမှာရောက်နေသော A+ အဆင့်အယ်ဖာက ပုံမှန်အတိုင်းဖြစ်နေသည်မှာ... ယင်းက အကြီးမားဆုံးသော မူမမှန်မှုတစ်ခုပင်။
ယဲ့စစ် နောက်ကျတော့မှ ရှက်ရွံ့လာခဲ့ပြီး သူ့လျှာကိုတောင် ပြန်ကိုက်မိလုမတတ်ဖြစ်သွား၏။ "ကျွန်တော်... ကျွန်တော် သေချာပါတယ်။"
သူ စကားပြောပြီးနောက် ဟော့ထင်းလန်ကို ထပ်မကြည့်တော့ဘဲ ဦးခေါင်းကို အရှေ့တည့်တည့်သာ လှည့်ထားခဲ့သည်။
အချိန်တစ်ခု၌ ကားအရှေ့ခန်းနှင့် ကားအနောက်ခန်းကိုပိုင်းခြားထားသော လုံခြုံရေးပြတင်းတံခါးများက အကြည်ရောင်ကနေ နို့နှစ်ရောင်အဖြစ် ပြောင်းလဲသွားလေသည်။
ယဲ့စစ် အလွန်စိတ်လှုပ်ရှားနေပြီး မျက်လုံးများက ရှေ့တည့်တည့်မှာရှိနေဆဲပင်။ သူက သိမ်မွေ့သောပြောင်းလဲမှုကို သတိမထားမိဘဲ ထိုပြတင်းတံခါးများကို စိုက်ကြည့်နေခဲ့သည််။
အနောက်တိုင်းဝတ်စုံမှ ချည်စတို့ အချင်းချင်းပွတ်တိုက်သံမျိုးကို ကြားလိုက်ရသည်။
၎င်းတို့ကြားမှာ အကွာအဝေးအနည်းငယ်သာရှိ၏...
ယခု ထိုအကွာအဝေးက ကျဥ်းမြောင်းလာခဲ့သည်။
ယဲ့စစ်၏မျက်လုံးထောင့်ကနေ ခဲငွေရောင်ဝတ်စုံနှင့်ရစ်ပတ်ထားသော လက်တစ်ဖက်က ဆန့်ထွက်လာကြောင်း မြင်လိုက်ရ၏။
ဟော့ထင်းလန်၏အသံက သူ့ဦးခေါင်းအထက်မှ ထွက်ပေါ်လာပြီး တိုးလျကာ ဆွဲဆောင််မှုရှိသလို သူ့နှုတ်ခမ်းဖျားမှထွက်လာသော လေပူများက သူ့နားရွက်ကို ပွတ်တိုက်သွားခဲ့သည်...
"ရှူးရှူကို ဖက်ထားပေးပါဦး။"
ယဲ့စစ်၏နားရွက်များက နီမြန်းလာခဲ့ပြီး မလှုပ်ရှားနိုင်ခဲ့ပေ။
ဟော့ထင်းလန်က ထပ်ပြီးချဥ်းကပ်လာကာ မာကြောသော သူ့ရင်ဘတ်ကြီးဖြင့် ဖြည်းညင်းသော်လည်း ခိုင်မာစွာ ဖိကပ်လာခဲ့သည်။
ပွေ့ဖက်ခြင်း။
ယဲ့စစ် ရှက်ရွံ့စွာဖြင့် မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။
သူ တစ်စုံတစ်ယောက်ဆီကနေ၊ သို့မဟုတ် မည်သူ့ဆီကနေ နောက်ဆုံးအကြိမ်ပွေ့ဖက်ခဲ့မှန်း မမှတ်မမိတော့ပေ။
ယဲ့ဟုန်ကျွင်းဆီမှ ဖြစ်နိုင်ပေ၏။ သူ့အမေမှလွဲ၍ သူ အခြားသူများကို သူ့အား ပွေ့ဖက်ခွင့်ပေးမည်မဟုတ်ပေ။
သို့သော် ဘယ်အချိန်ကမှန်း မမှတ်မိတော့ချေ။
သူ့အရွယ် ဆယ်ကျော်သက်ကောင်လေးအများစုက အခြားသူများနှင့်ရင်းနှီးမှုကို ခုခံတတ်ကြပြီး ၎င်းတို့၏ နုနယ်သောမောက်မာမှုများကို နာကျင်စေမည်စိုး၍ နွေးထွေးသောခံစားချက်များအား မြွေများ၊ ကင်းမြီးကောက်များကဲ့သို့ ရှောင်ရှားတတ်ကြသည်။
ကံကောင်းစွာဖြင့် ဟော့ထင်းလန်က သူ့ကို တင်းကျပ်စွာပွေ့ဖက်မလာဘဲ ယဲ့စစ်၏ကျောပြင်ပေါ် မှီရုံမျှသာပွေ့ဖက်ထားခဲ့သည်။ ထူထဲစွာပွင့်နေသော သစ်တော်ပန်းပွင့်များကဲ့သို့ အသစ်ဖူးပွင့်လာသော ပန်းလေးများကို ချိုးဖျက်လိုစိတ်မရှိသည့်နှယ်။
တက်ကီလာရနံ့က ယဲ့စစ်ကိုယ်ပေါ် စိမ့်ဝင်လာပြီး တိုက်ခိုက်မှုတစ််ခုနှယ် ပြင်းထန်လှသည်။
ယဲ့စစ်တစ်ယောက် သူ့ကိုယ်သူ ကုသပေးသူအနေအထားအဖြစ် အမြဲခံယူထားသော်လည်း အယ်ဖာနှင့် အိုမီဂါကြား ဖယ်ရိုမုန်းများက တစ်ဖက်တည်းကိုသာ သက်ရောက်မှုရှိတာမဟုတ်ကြောင်း သူ မေ့လျော့သွားခဲ့သည်။
သူ၏အိုမီဂါဂလင်းများက တက်ကီလာရနံ့ဖြင့် သိပ်သည်းစွာရစ်ပတ်လာပြီး တဖြည်းဖြည်း ပျော့ပျောင်းကာ ပူနွေးလာခဲ့၏။
ကျွမ်းကျင်မှုရှိသော အယ်ဖာဖယ်ရိုမုန်းများက အိုမီဂါ၏ အရွယ်မရောက်သေးသောဂလင်းများကို လွယ်လွယ်ကူကူနှင့် ပါးနပ်စွာ တောင်းခံလုယူသွားလေ၏။ ၎င်းတို့က အတွေ့အကြုံနည်းလွန်းသဖြင့် အကြိမ်အနည်းငယ် လှုံ့ဆော်ခံရပြီးနောက် မြင့်မားသောပြင်းအားရှိသည့် ဖယ်ရိုမုန်းများကို ထုတ်လွှတ်တော့သည်။ ဗနီလာာရနံ့၏ချိုမ်ြိန်မှုက ပေါက်ထွက်လာပြီး ကွင်းဆက်တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ပွေ့ဖက်မှုတစ်ခုသာဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကို ပံ့ပိုးပေးထားသောကျောရိုးက အစိတ်စိတ်အမွှာမွှာဖြစ်သွားပုံပင်။ ယဲ့စစ်တစ်ယောက် အားအင်မရှိတော့ဘဲ ခေါင်းကိုမထောင်နိုင်တော့ရာ သူ၏ပါးပြင်များကို ဟော့ရှူးရှူ၏ပခုံးထက်မှာ မြှုပ်နှံထားပြီး အသက်ကိုသာပြင်းပြင်းရှူနေခဲ့သည်။ သူ့နှာခေါင်းနှင့် ပါးစပ်တို့ဆီမှအပူငွေ့များက အထည်စကို စိုစွတ်သွားစေခဲ့လေ၏။
"ဟော့ရှူးရှူ..." သူ တီးတိုးရေရွတ်ကာ ညှာတာမှုအတွက် တောင်းဆိုလိုက်သည်။
သူက မသိနားမလည်လွန်းပြီး ဘယ်အရာဆီကနေ ညှာတာမှုကိုတောင်းဆိုနေမှန်း သိတောင်မသိခဲ့ပေ။ သူက ပင်ကိုပသိစိတ်နောက်လိုက်ကာ အယ်ဖာ၏ အထိန်းအကွပ်မဲ့သော ကာမဂုဏ်ထောင်ချောက်ထဲ အလွယ်တကူကျဆင်းဖို့ကို ငြင်းဆန်ခဲ့သည်။
"အမ်?"
မမြန်လွန်းသော သူ၏အသံက ထွက်ပေါ်လာ၏။
ဟော့ထင်းလန်က သူ၏လက်မောင်းတို့ကို ဖြည်းဖြည်းချင်း တင်းကျပ်လိုက်သည်။ သူ၏ခွန်အားက သံမဏိကဲ့သို့ခိုင်ခံ့လွန်းပြီး ယဲ့စစ်၏ အားနည်းသောရုန်းကန်မှုတို့ကို ဖိနှိပ်လိုက်သည်။
"...ဘာလို့ ဒါကိုကပ်ထားသေးတာလဲ။"
ဖြစ်နိုင်ခြေရှိသောဆုတ်ခွာမှုကို တားဆီးရန်အလို့ငှာ သူက စကားဝိုင်းကို တားဆီးလိုက်ပြီး ယဲ့စစ်၏လည်ကုပ်ကို တစ်ချက်ကြည့်ကာ အကြောင်းအရာပြောင်းလဲလိုက်၏။
"ဒီလိုဆို ရနံ့တွေက အားနည်းသွားလိမ့်မယ်။"
ယဲ့စစ်၏ အနောက်တိုင်းဝတ်စုံအောက်မှ အနည်းငယ်တွန့်ကာ စိုထိုင်းနေပြီး အပြာရောင်ပန်းပွင့်လေးများနှင့် ပုံရိုက်နှိပ်ထားသော အဖြူရောင်ကပ်ခွာလေးကို ဖျပ်ခနဲမြင်လိုက်ရသည်။ ယဲ့စစ်က ၎င်းကို တစ်နေ့လုံးနီးပါးဝတ်တင်ထားပြီး အသစ်ပြန်ကပ်ရန် မေ့လျော့နေခဲ့၏။ ၎င်းက သက်ရောက်မှုမရှိတော့ပေ။ ၎င်းက ရနံ့များကို မတားဆီးနိုင်တဲ့အပြင် ဖယ်ရိုမုန်းများက ပြည့်နှက်နေသဖြင့် ထိုနေရာမှရနံ့က အခြားနေရာများထက် ပို၍ပြင်းထန်ပေ၏။
အတားအဆီးကပ်ခွာများက အိုမီဂါများအတွက် သီးသန့်ဆန်သောအရာများဖြစ်သည်။
ယဲ့စစ် ၎င်းအား အကြမ်းဖျင်းတော့သိထား၏။
သို့သော် သူက အခြားအိုမီဂါများလောက် ထိရှမလွယ်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူက အိုမီဂါတစ်ယောက်ဆိုတာကို သတိမထားမိခဲ့ပေ...
ဟော့ထင်းလန်၏မျက်လုံးများက မည်းနက်လာပြီး ကပ်ခွာကို ခွာပစ်လိုက်သည်။ ၎င်းအား ဆုဖလားလေးတစ်ခုလို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့လေ၏။
ခွေးရူးတစ်ကောင်ကဲ့သို့ ပြေးလွှားနေခဲ့သော ပိုင်ဆိုင်လိုမှုနှင့် ကာမဂုဏ်ဆန္ဒတို့က ကျိုးကြောင်းဆင်ခြင်မှုအတားအဆီးထဲမှာ အနည်းငယ်သက်သာလာပြီး ရူးသွပ်မှုတို့က အနည်းငယ်ပြေလျော့သွား၏။
သူ အရင်တစ််ခေါက်ကလည်း ထိုနည်းလည်းကောင်းလုပ်ခဲ့သော်လည်း ယဲ့စစ်က ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှမေးမလာခဲ့ပေ။
"အဲ့ဒါ၊ ကျွန်တော့်ကိုပေးပါ... ကျွန်တော့်ဘာသာပစ်လိုက်ပါ့မယ်။"
ယဲ့စစ် ခက်ခက်ခဲခဲကြိုးစားကာ ဟော့ထင်းလန်အား နီစွေးနေသောမျက်နှာဖြင့် တောင်းဆိုခဲ့သည်။
ဤအချိန်အတောအတွင်း ကျောင်းမှာ ဂလင်းဆိုင်ရာလိင်အသိပညာတချို့ကို ယဲ့စစ် သိခဲ့ရသည်။
သူ့အတန်းထဲမှ အိုမီဂါကျောင်းသားများက ၎င်းတို့၏အတားအဆီးကပ်ခွာအဟောင်းများကို အယ်ဖာများမထိမိစေရန် အိမ်သာသုံးစက္ကူနှင့် အကြိမ်ကြိမ်ရစ်ပတ်ပြီးမှ လွှင့်ပစ်တတ်ကြသည်။
"..."
ဟော့ထင်းလန်တစ်ယောက် အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားခဲ့၏။ သူ ၎င်းကို လက်ဆင့်မကမ်းခဲ့သလို မပေးဘူးဟုလည်း မပြောခဲ့ပေ။ ထိုအစား သူက ခေါင်းစဥ်ပြောင်းကာ သတိပေးလိုက်သည်။
"လျှောက်မလှုပ်နဲ့။"
သူက မည်မျှရိုးရှင်းနေပါစေ 'လျှောက်မလှုပ်နဲ့' ၏အဓိပ္ပါယ်ကို အမျိုးသားတိုင်းနားလည်ကြပေ၏။
မျှော်လင့်ထားသည့်အတိုင်း ယဲ့စစ်က အချိန်တစ်ခုလောက်ထိ နာခံမှုရှိခဲ့သည်။
"အဲ့ဒီကပ်ခွာ... ကျွန်တော့်ကိုပေးပါ။"
ယဲ့စစ်က တစ်မိနစ်လောက်ငြိမ်နေပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြောကာ ဟော့ထင်းလန်၏လက်ကိုဖယ်ချရန် ကြိုစားလိုက်၏။
တကယ်တမ်းတော့ သူ ရုန်းကန်ဖို့မရည်ရွယ်ခဲ့သော်လည်း ဟော့ထင်းလန်က သူ့ကို တင်းကျပ်စွာပွေ့ဖက်ထားရာ သူ့ကပ်ခွာကိုယူဖို့ သူ၏လက်ကိုဖယ်ရှားရန် ကြိုးစားခဲ့ခြင်းသာ။ သို့သော် အယ်ဖာတစ်ယောက်၏ rut ကာလအတွင်း ထိုလွတ်မြောက်ဖို့ကြိုးစားသလိုလှုပ်ရှားမှုက သူ၏ပြောင်းပြန်ကြေးခွံ*ကို သွားထိလိုက်သကဲ့သို့ပင်။
[TN/ဒဏ္ဍာရီတွေအရ နဂါးတစ်ကောင်ရဲ့လည်ပင်းမှာ တခြားကြေးခွံတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အဖြူရောင်ကြေးခွံတစ်ခုရှိပါတယ်။ အဲ့ဒါက 'တစ်စုံတစ်ယောက်ရဲ့နောက်ဆုံးသည်းခံနိုင်စွမ်းကို ထိပါးလိုက်တယ်' လို့ အဓိပ္ပါယ်ရပါတယ်။]
ဟော့ထင်းလန်၏အသက်ရှူသံများက ရုတ်တရက် လေးလံလာ၏။ သူ ထွက်ပြေးသွားမည်စိုးသကဲ့သို့ သူ့ကို ပို၍တင်းကျပ်စွာပွေ့ဖက်လိုက်သည်။
တင်းကျပ်မှုက ယဲ့စစ်ကို နာကျင်လာစေပြီး သူ့အား အလိုလိုပင် ရုန်းကန်စေခဲ့၏။ သူ မလွတ်မြောက်နိုင်ခဲ့သည့်အပြင် ဟော့ထင်းလန်က သူ့ကို ကားတံခါးနှင့် ထိုင်ခုံကြားကနေရာရှိ ထောင့်လေးထဲသို့ ပို၍တွန်းလိုက်ပြီး သူ့တစ်ကိုယ်လုံးကို မြဲမြံစွာထွေးပွေ့ထားခဲ့သည်။
"ဝူး..." [ငိုသံ]
"တောင်းပန်ပါတယ်။"
ဟော့ထင်းလန်တစ်ယောက် အန္တရာယ်များသောအသိစိတ်ကို ပြန်လည်ရယူနိုင်ခဲ့ပြီး သူ၏ပွေ့ဖက်မှုကို ဖြေလျှော့ပေးကာ အက်ရှသောအသံဖြင့် ချော့မြှူခဲ့သည်။
"လိမ္မာပါကွာ၊ ကိုယ် အဲ့ဒါကို လွှင့်ပစ်လိုက်ပါ့မယ်... ကိုယ့်ကို ခဏလောက်ပဲဖက်ထားခွင့်ပြုပါ။ ငါးမိနစ်တည်းပါပဲ..."
...
တစ်နာရီခရီးက ကုန်ဆုံးသွား၏။
ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်ဆီကနေ ထိုင်ခုံနှင့် ကားတံခါးကြားမှာ ကွေ့ဖက်ခံထားရပြီး တစ်လမ်းလုံး လုံးဝမလှုပ်ရဲဘဲ တောင့်တင်းနေခဲ့သည်။
သူ ကားပေါ်ကဆင်းသောအခါ သူ၏ခြေထောက်များက တုန်ယင်နေပြီး မျက်လုံးများက နီစွေးကာ နှလုံးသားကလည်း ခုန်ပေါက်နေခဲ့သည်။
ယွမ်သောင်းချီတန်သော အနောက်တိုင်းဝတ်စုံမှာလည်း ဆီးသီးခြောက်နှယ် တွန့်ကြေနေခဲ့သည်။
ယဲ့စစ်တစ်ယောက် ဟော့အိမ်တော်ထဲ လှမ်းဝင်သွားရင်း သူ၏ဝတ်စုံအနားစကို ဆွဲချနေခဲ့သည်။ သူ ၎င်းကို ပြန့်ပြူသွားစေချင်ပြီး မီးပူတိုက်ဖို့ မီးပူကို ဘယ်မှာရနိုင်မလဲဟု တွေးတောနေခဲ့လေ၏...
သူ ခြေလှမ်းအနည်းငယ်လောက် လှမ်းပြီးနောက်မှာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်သောအခါ သူ၏အကြည့်က အပြာနုရောင်လည်စီးနှင့် တစ်တန်းတည်းဖြစ်သွားခဲ့လေသည်။
အလွန်နီးကပ်လွန်း၏။
မဟားတရားကို နီးကပ်နေသည်။
"ခင်ဗျား..." ယဲ့စစ်တစ်ယောက် ထိတ်လန့်သွားခဲ့သည်။ "မကောင်းသေးဘူးလား။"
A အဆင့်အယ်ဖာတစ်ယောက်တောင် ထိုမျှများပြားလှသော ဖယ်ရိုမုန်းများကို ရှူရှိုက်ပြီးပါက ပုံမှန်အတိုင်းပြန်ဖြစ်သွားနိုင်သည်။
A+ အဆင့်အယ်ဖာတစ်ယောက်က... သူစိတ်ကူးကြည့်ထားတာနှင့် မတူသည့်ပုံပင်။
သေချာပေါက်ကိုပဲ-
"ဘာကိုကောင်းတာလဲ။"
ဟော့ထင်းလန်က သားရဲကောင်လိုအကြည့်မျိုးဖြင့် သူ့ကိုစိုက်ကြည့်ရင်း မေးမြန်းလာခဲ့လေသည်။
***
Aurora Novel Translation Team
There is No Eng Version