no

အပိုင်း (၂.၂) - ကွမ်းချိုင်ပန်


ယဲ့ဟုန်ကျွင်းဆီကနေ ပြန်လာပြီးနောက် ယဲ့စစ်တစ်ယောက် ဆယ့်တစ်နာရီတိုင်အောင် လမ်းမများထက် လှည့်လည်သွားလာနေခဲ့ပြီး ချူးဝမ်လင် အိပ်ရာမဝင်မချင်း ချူးအိမ်တော်သို့ မပြန်ခဲ့ပေ။


ထိုအမှိုက်ကောင်ကို မမြင်တွေ့ရတာ ကောင်းပေ၏။


အချိန်များကုန်လွန်သွားသည်နှင့်အမျှ ဖခင်မေတ္တာကို တောင့်တစိတ်များက စိတ်ပျက်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယဲ့စစ်က ချူးဝမ်လင်ကို အဖေဟု တစ်ခါမှမခေါ်ခဲ့ဖူးသလို အနာဂတ်မှာလည်း ဘယ်တော့မှခေါ်လိမ့်မည်မဟုတ်ပေ။


ချူးဝမ်လင်က ယဲ့စစ် နောက်ကျမှပြန်လာသည်ကို စိတ်တိုင်းမကျသဖြင့် မနက်ခင်းစောစောမှာ သုန်မှုန်နေလေ၏။


ယဲ့စစ်က မျက်ကွယ်ပြုကာ မနက်စာစားပြီးနောက် အင်္ဂလိပ်စာလေ့လာရန် အိပ်ခန်းဆီသို့ ပြန်သွားခဲ့သည်။ ချည်သားကန့်လန့်ကာများကို ဆွဲကာ အခန်းတံခါးကိုလည်းပိတ်ထားပြီး အလင်းရောင်ကို ခပ်မှိန်မှိန်ထွန်းထားသည်။


ချူးအိမ်တော်မှာ အခန်းပေါင်းများစွာရှိပြီး ပုရွက်ဆိတ်တောင်ပို့တစ်ခုလို ရှုပ်ထွေးလွန်း၏။ ချူးဝမ်လင်က သူ့ကို အသိအမှတ်ပြုပြီးနောက် ယဲ့စစ်တစ်ယောက် ချူးအိမ်တော်ထဲမှာ သူ၏ဖြစ််တည်မှုကိုတောင်မချန်ထားဘဲ တွင်းထဲကပုရွက်ဆိတ်တစ်ကောင်လို နစ်မြုပ်နေခဲ့သည်။


အိမ်တော်က ကြီးမားသော်လည်း ယဲ့စစ်၏ 'တရားဝင်' ညီဖြစ်သူ ချူးရွေ့၏အော်ဟစ်သံများက ထူထဲသောနံရံများကို ထိုးဖောက်နိုင်ဆဲဖြစ်ကာ သူ့ဦးနှောက်ဆီ ရောက်ရှိလာဆဲပင်။


အသေးအဖွဲ မကျေနပ်မှုအနည်းငယ်ကတောင် ထိုကဲ့သို့သောဆူညံသံကို ဖန်တီးနိုင်ပေသည်။


အစေခံများက ချော့မြှူကာ ဖျောင်းဖျနေကြပြီး တရားဝင်သခင်လေး၏အော်သံနောက်မှာ ၎င်းတို့၏ခြေသံများက ရှုပ်ယှက်ခတ်နေလေ၏။


ယဲ့စစ်တစ်ယောက် မကြားချင်ယောင်ဆောင်ကာ သူ၏အင်္ဂလိပ်စာကိုသာ ခက်ခက်ခဲခဲဖတ်နေခဲ့သည်။


အိပ်ခန်းထဲမှာ မည်သူမှမရှိသော်လည်း သူ၏ရယ်စရာအသံကို လေညှင်းလေးများက ကြားသွားမည်အား စိုးရိမ်သည့်အလား အသံကို တိုးတိုးလေးလျှော့ထား၏။


ယဲ့ဟုန်ကျွင်းကို ကုသပေးရန်အတွက် သူ တစ်နှစ်ခွဲလောက် ကျောင်းနားခဲ့ရပြီး စာသင်ကြားရေးကို ဆိုးဆိုးဝါးဝါး ပစ်စလက်ခတ်ထားခဲ့သည်။ အထူးသဖြင့် သူ အညံ့ဆုံးဘာသာက အင်္ဂလိပ်စာဖြစ်၏။ သူက စကားပြောဆိုရာမှာ အခက်အခဲရှိပြီး အင်္ဂလိပ်စာလေ့လာရာမှာ အကြီးမားဆုံးအခက်အခဲက ပါးစပ်ကိုမဖွင့်ဟနိုင်တာပင်။ ကျောင်းမနားခင်တုန်းက အင်္ဂလိပ်စာက သူအားအနည်းဆုံးဘာသာဖြစ်ခဲ့ပြီး အမှတ်ကောင်းကောင်းရဖို့ အခြားငါးဘာသာကို အားကိုးခဲ့ရသည်။


ချူးဝမ်လင်က သူ့ကို ကျောင်းပြန်တက်ဖို့ အခွင့်အရေးပေးခဲ့သည်။ သူ ၎င်းကို တန်ဖိုးထားသင့်ပြီး ဒုတိယအဆင့်ပြေးလမ်းများ၌ အချိန်မဖြုန်းသင့်သော်လည်း...


ပြတင်းတံခါးအပြင်မှ ကားအသံကို ကြားလိုက်ရ၏။


ယဲ့စစ်တစ်ယောက် ပြတင်းတံခါးဆီ လျှောက်သွားလိုက်ပြီး ကန့်လန့်ကာကိုအသာဟကာ ချောင်းကြည့်လိုက်သည်။


မလှမ်းမကမ်းမှ မရင်းနှီးသောကားတစ်စီးက ချူးအိမ်တော်၏ခြံဝန်းထဲ မောင်းဝင်လာပြီး ဖြည်းဖြည်းချင်းရပ်တန့်သွားခဲ့သည်။


လေဘန်ကာနှင့် ကားအရှေ့ဖုံးပေါ်မှ ပလက်တီနမ်ပုံရိပ်ကလေးက သန့်ရှင်းတောက်ပြောင်နေ၏။ ကား၏ကိုယ်ထည်က အနက်ပြောင်ကို မည်းမှောင်နေပြီး တော်တော််လေးစျေးကြီးလောက်ပေသည်။


ယဲ့စစ် မျက်မှောင်ကြုတ်လိုက်၏။ သူ ဆိုးဝါးသောခံစားချက်ကို ခံစားလိုက်ရသည်။


ဒရိုက်ဘာက တံခါးဖွင့်လိုက်ချိန်မှာ အိမ်တော်ထိန်းဦးလေးထုန်က ထိုနေရာမှာ ကြိုဆိုနေ၏။ ချူးဝမ်လင်က ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ရန်ကြိုးစားနေသော စီးပွားရေးသမားတစ်ယောက်၏ နွေးထွေးသောပုံစံအတိုင်း သူ့ကို ရယ်သံအကျယ်ကြီးနှင့် နှုတ်ဆက်လိုက်သည်။


ဧည့်သည်ကမူ သက်ရောက်မှုမရှိဘဲ ခေါင်းလေးကိုသာညိတ်ပြလိုက်သည်။ ချူးဝမ်လင်က ကိစ္စများကို ချောချောမွေ့မွေ့ကိုင်တွယ်ကာ ဖောဖောသီသီအပြုံးကို အလျင်အမြန်ဖယ်ရှားလိုက်လေ၏။


ယဲ့စစ် ထိုပုဂ္ဂိုလ်ကိုသိသည်။ သူက ချူးဝမ်လင် မျက်နှာလိုမျက်နှာရလုပ်ချင်နေသော ဟော့မိသားစု၏ခေါင်းဆောင် ဟော့ထင်းလန်ဖြစ်ပေသည်။ သူကလည်း ယဲ့စစ်နှင့် ၁၀၀% ကိုက်ညီသော အယ်ဖာတစ်ယောက်ဖြစ်သည်။


ထိုကိုက်ညီမှုက အတော်လေးရှားပါးပြီး ဇီဝကမ္မကံကြမ္မာဟုတောင် ခေါ်ဆိုနိုင်ပေ၏။


သို့သော် ယဲ့စစ်တစ်ယောက် စိတ်မသက်သာမှုကိုသာ ခံစားနေရသည်။


သူသည် မူလက A အဆင့် အယ်ဖာဖြစ်သော်လည်း ယခု သူ့မှာ ပုံမှန်လူများမရှိသော 'ဒုတိယအကြိမ်ကွဲပြားမှု'ရှိခဲ့သဖြင့် အိုမီဂါတစ်ယောက်ဖြစ်လာခဲ့သည်။


ဒုတိယအကြိမ်ကွဲပြားခြင်းက အတော်လေးရှားပါးသောရောဂါဖြစ်ပြီး များသောအားဖြင့် လူပျိုဖော်ဝင်စကာလမှာ ဖယ်ရိုမုန်းထုတ်လွှတ်မှု ပုံမှန်မဟုတ်သောကြောင့် အဖြစ်များပေ၏။ ပုံမှန်အားဖြင့် ထိုလူနာများက ပထမအကြိမ်ကွဲပြားမှုပြီးနောက် ဒုတိယအကြိမ်ကွဲပြားမှုကို သုံးနှစ်ကနေ လေးနှစ်အတွင်း ဖြည်းဖြည်းချင်းစတင်တတ်ပြီး လူနာ၏တကယ့်ဂလင်းနှင့်သက်ဆိုင်သောလိင်က ဒုတိယအကြိမ်ကွဲပြားမှု၏ရလဒ်ပေါ် အခြေခံပေသည်။


ယဲ့စစ်တစ်ယောက် သူ့မှာ ထိုပြဿနာရှိလာလိမ့်မည်ဟု မသိခဲ့ပေ။ ဒုတိယအကြိမ်ကွဲပြားမှုမစခင် သူက အယ်ဖာတစ်ယောက်ဖြစ်သည်ဟုသာ ထင်နေခဲ့၏။


မကြာသေးမီတုန်းက သူ့ကို ချူးမိသားစုမှ အသိအမှတ်ပြုကာ ပြန်ခေါ်ခဲ့ပြီးနောက်တွင် ချူးဝမ်လင်က သူ့အတွက် ရောဂါရှာဖွေရေးနှင့် ဂလင်းစစ်ဆေးမှုများအပါအဝင် စစ်ဆေးမှုများလုပ်ပေးခဲ့ပြီး ရလဒ်များက သူ့ကို အယ်ဖာတစ်ယောက်... ကျန်းမာသော A အဆင့် အယ်ဖာတစ်ယောက်ဖြစ်ကြောင်း ပြသခဲ့သည်။


အဆုံးသတ်မှာတော့ လွန်ခဲ့သည့်နှစ်ပတ်ခန့်က သူ အိုမီဂါအနေဖြင့် အတုအယောင် heat ဝင်ခဲ့သည်။


Heat ဝင်ချိန်က တစ်နာရီလောက်သာ ကြာမြင့်ခဲ့ပြီး လက္ခဏာများက မပြင်းထန်ခဲ့ချေ။ ထိုကဲ့သို့ဖြစ်ချိန်တုန်းက သူ့အိပ်ခန်းထဲမှာ တစ်ယောက်တည်းရှိနေခဲ့ပြီး ချူးဝမ်လင်မဆိုထားနှင့် သူကိုယ်တိုင်တောင် အတုအယောင် heat ဝင်နေကြောင်း သတိမပြုမိခဲ့ပေ။


ယခုလိုအချိန်မျိုး၌ ယဲ့စစ်အတွက် အိုမီဂါအဖြစ်ကွဲပြားသွားခြင်းမှာ ကောင်းတဲ့အရာမဟုတ်ချေ။


ယခုလက်ရှိတွင် ချူးဝမ်လင်က အမွေကိုမျှဝေယူဖို့ လူများလာစေရန် တတိယအိမ်တော်မှာ သွေးသားများထပ်ပွားချင်နေ၏။ ပိုင်ဆိုင်မှုများကို ခွဲဝေပေးသောအချိန်မှာ အယ်ဖာယောက်ျားလေးများက ပို၍မျက်နှာသာပေးခံရပြီး ၎င်းထက်ပိုကောင်းသည်မှာ ရုပ်ရည်ချောမောသော အိုမီဂါအလှလေးသာဖြစ်၏။ ချူးဝမ်လင်အတွက် လှပသောအိုမီဂါက စျေးမြောက်သည့် 'ကုန်ပစ္စည်းကောင်း' တစ်ခုပင်။


ယဲ့စစ်က မတုံးအပေ။ သူ ထိုပြဿနာကို ရှင်းရှင်းလင်းလင်းတွေးနိုင်သဖြင့် ချူးဝမ်လင်ကို အသိပေးဖို့ရည်ရွယ်ချက်မရှိဘဲ သူတတ်နိုင်သလောက် ဖုံးကွယ်ထားခဲ့၏။


သို့သော်လည်း ယဲ့စစ် စစ်ဆေးမှုခံယူခဲ့သော ပုဂ္ဂလိကပိုင်ဆေးရုံက ပြဿနာရှိနေခဲ့သည်။


ကနဦးတုန်းက ယဲ့စစ်၏ဂလင်စစ်ဆေးမှုကို ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ဆေးရုံဘက်က ဘာထဖောက်သွားမှန်းမသိဘဲ ယဲ့စစ်၏ ယခင်ဂလင်းစစ်ဆေးချက်များက မှားယွင်းနေပြီး သူ့ကို အယ်ဖာအစစ်မဖြစ်နိုင်လောက်ဘူးဟု အခိုင်အမာပြောလာခဲ့၏။


ထုံးစံအတိုင်း ချူးဝမ်လင်သည် ဖြစ်နိုင်ခြေရှိသောအခွင့်အလမ်းကို လက်လွှတ်မခံဘဲ ယဲ့စစ်ကို နောက်တစ်ကြိမ်စစ်ဆေးမှုခံယူဖို့ ခေါ်သွားခဲ့သည်။ ယခုတစ်ခေါက််၌ ဆေးရုံက ပို၍တိကျပြီး ပို၍ရှုပ်ထွေးသော မျိုးရိုးဗီဇစစ်ဆေးမှုကိုပြုလုပ်ဖို့ အကြံပြုထားလေ၏... ထိုကဲ့သို့ အခြေအနေအရပ်ရပ်ကို ကျော်ဖြတ်ပြီးနောက် ယဲ့စစ်၏အိုမီဂါအမှတ်အသားမှာ လုံးလုံးလျားလျား ဖော်ထုတ်ခံလိုက်ရတော့သည်။


ယဲ့စစ်ကို ပို၍အံ့အားသင့်သွားစေသည်မှာ ဝမ်းသာအားရဖြစ်နေသော ချူးဝမ်လင်က စီးပွားရေးအရင်းအမြစ်များနှင့် လဲလှယ်ရန် သူ့ကို အခြားမိသားစုများဆီ 'စျေးကွက်' တင်သွင်းခဲ့လေသည်။ ဟော့မိသားစု၏ခေါင်းဆောင်အသစ်က လက်ထပ်ဖို့အဆိုပြုလာပြီး အချိန်ကိုက်ညီမှုက ဒီထက်ပိုပြီး တိကျစရာမရှိတော့ပေ။


ဟော့မိသားစုက သတင်းရမြန်တာ အံ့သြစရာမရှိချေ - ထိုပုဂ္ဂလိကဆေးရုံက ဟော့မိသားစုတို့လည်ပတ်သော စီးပွားရေးလုပ်ငန်းများစွာထဲမှ တစ်ခုဖြစ််နေခဲ့သည်။ ချူးဝမ်လင်၏ လှုပ်ရှားမှုများစွာက အခြားသူများ၏မျက်လုံးများအောက်မှာ ဖြစ်ပျက်ခဲ့သည်ဟုပြောရမည်။ ချူးမိသားစုတွင် ရုတ်တရက်ဆိုသလို ဟော့ထင်းလန်နှင့် ၁၀၀% ကိုက်ညီသော အိုမီဂါတစ်ယောက် ပေါ်ပေါက်လာလေ၏။ ဟော့မိသားစုအတွက် ထိုအရာကိုရှာမတွေ့ဖို့ဆိုသည်မှာ ခက်ခဲပေသည်။


...


ယဲ့စစ် ကန့်လန့်ကာအဟကြားထဲကနေ ငုံ့ကြည့်နေခဲ့၏။


A+ အဆင့်ရှိသော အယ်ဖာတစ်ယောက်အနေဖြင့် ဟော့ထင်းလန်က ၁.၉ မီတာနီးပါး အရပ်ရှည်ပေသည်။


နွေဦး၌ ရာသီဥတုက ခန့်မှန်းရခက်ပြီး နေ့လယ်ခင်းအပူချိန်က မနက်ခင်းနှင့် ညနေခင်းထက် ပို၍မြင့်မားသည်။ ကြမ်းခင်းကြွေပြားများက ပူပြင်းသောနေရောင်ထဲမှာ တဖျပ်ဖျပ်လက်နေပြီး ပူနေသော်လည်း ဟော့ထင်းလန်က ဤတွေ့ဆုံပွဲ၏အရေးပါပုံကိုပြသရန် အနောက်တိုင်းဝတ်စုံအပြည့် ဝတ်ဆင်ထား၏။ ယွမ်သောင်းချီတန်သော အနောက်တိုင်းဝတ်စုံ၏အသားက တောက်ပြောင်နေပြီး ဝတ်ဆင်ထားသူကို ကျက်သရေရှိကာ မြင့်မြတ်ပုံပေါ်စေသင့်သော်လည်း ထိုပုဂ္ဂိုလ်ကတော့ အရိုင်းဆန်ကာ သားရဲအထီးတစ်ကောင်နှယ် ဆွဲဆောင်မှုရှိနေ၏။


A+ အဆင့်အယ်ဖာတစ်ယောက်က တစ်နည်းနည်းဖြင့် သားရဲတစ်ကောင်နှင့် အမှန်တကယ်တူပေသည်။


ပင်ကိုအသိစိတ်က အသိပေးလိုက်သကဲ့သို့ ဟော့ထင်းလန်က ရုတ်တရက်ဆိုသလို မျက်လုံးပင့်ကာ ဒုတိယထပ်ရှိ ယဲ့စစ်၏အိပ်ခန်းပြတင်းတံခါးကို မော့ကြည့်လာခဲ့သည်။


နှစ်ဦးသား အခိုက်အတန့်တစ်ခုလောက်ထိ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြ၏။ ယဲ့စစ်ခမျာ လန့်ဖျပ်သွားပြီး နောက်ပြန်ဆုတ်ကာ ကန့်လန့်ကာကိုကိုင်ထားသော သူ၏လက်ချောင်းလေးများကလည်း ဖြူဖျော့သွားခဲ့သည်။


သူ့ဗိုက်ထဲ တစ်ချက်အောင့်သွား၏။


သူ၏ခံယူချက်က ယခုထက်ထိ အယ်ဖာတစ်ယောက်၏အသိဖြစ်နေဆဲပင်။


အခြားသောထိပ်တန်းအယ်ဖာတစ်ယောက်နှင့် နီးကပ်စွာထိတွေ့ရခြင်း... ယဲ့စစ် ထိုမြင်ကွင်းကို စိတ်ကူးကြည့်လိုက်မိရာ သူ့တစ်ကိုယ်လုံး ချွေးများထွက်လာတဲ့အထိ ခုခံနေခဲ့ကြလေသည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment