no
အပိုင်း (၄၇) - အချပ်ပို (၂)
[လူသားသဘာဝ]
ဟော့ထင်းလန် ထိုနေရာမှာ မည်မျှကြာအောင်ရပ်နေကြောင်း မည်သူမှမသိကြပေ။ အားလုံး၏အာရုံက ယဲ့စစ်အပေါ်မှာရှိနေကြရာ မည်သူကမှ တံခါးဝသို့လှည့်မကြည့်ခဲ့ကြပေ။
သို့သော် ယခုအခါ အားလုံး၏မျက်လုံးများက ယဲ့စစ်ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်ကြသည်။
ထျန်းချန်မှာတက်နေသည့် ကျောင်းသားတချို့က ချမ်းသာပြီး နာမည်ရှိသောမိသားစုများမှဖြစ်၏။ ၎င်းတို့ထဲမှတချို့က ဟော့မိသားစုနှင့် အလုပ်တွဲလုပ်ဖူးပြီး နှစ်သစ်ကူးနှင့် အားလပ်ရက်တချို့မှာ သွားလည်ဖူးကြသည်။ တချို့က သူ့ကိုမှတ်မိကြပြီး ဖိနှိပ်ထားသော အာမေဍိတ်အသံများကို ထုတ်လွှတ်လိုက်ကြလေသည်။
"ငါတော့ သေပါပြီ! အရမ်းချောတာပဲ..."
"အား၊ အား၊ သူက တစ်ယောက်ယောက်ကို လာရှာတာထင်တယ်။"
စိတ်လှုပ်ရှားနေသော အိုမီဂါတစ်ယောက်က သူ့အဖော်ကိုပြောလိုက်ပြီး နှစ်ဦးသား အလွန်စိတ်လှုပ်ရှားကာ မုန့်ကြိုးလိမ်များလို တွန့်လိမ်ကုန်ကြ၏။
"သူက ဘာလို့ ဒီကိုရောက်လာတာလဲ။
"သူ့ကိုကြည့်ရတာ ကျောင်းရဲ့ဒါရိုက်တာတစ်ယောက်ဖြစ်မယ်ထင်တယ်။ ဟော့မိသားစုက ထျန်းချန်မှာ ရှယ်ယာဝင်ထားတာကို ငါမှတ်မိတယ်..."
"သူက ကျောင်းဒါရိုက်တာဆိုရင်တောင် ဘာလို့ ဒီကိုရောက်လာတာလဲ။"
"..."
ကျောင်းသားများက တီးတိုးပြောနေကြစဥ် ယဲ့စစ်က ဟော့ထင်းလန်ရှိရာသို့ ပြေးသွားပြီး အဖြူအပြာကျောင်းဝတ်စုံလေးက မြှောက်တက်လျက်ရှိသည်။
အနောက်ကနေကြည့်လျှင် ထိုပုံရိပ်လေးက ရှင်းပြလို့မရစွာဖြင့် ပျော်ရွှင်နေသည့်ပုံပင်။
"ဟော့ရှူးရှူ၊ ဘာလို့၊ ဘာလို့ ဒီကိုရောက်လာတာလဲ။" ယဲ့စစ်က အလွန်လျင်မြန်စွာပြေးလာရာ သူ့ဖိနပ်ခွာများက အားကစားကွင်းကြမ်းပြင်နှင့် ကျယ်လောင်စွာ ရိုက်ခတ်သွားခဲ့သည်။
သူက သူ၏ကော်လံကို ကြယ်သီးတပ်မထားပေ။ ဟော့ထင်းလန် မျက်လွှာချလိုက်သောအခါ ချွေးစို့နေသော အချောသတ်ထားသော ဘုဇပတ်သားကဲ့သို့ ဖြူဖွေးနေသည့် ညှပ်ရိုးလေးနှစ်ချောင်းကို တွေ့လိုက်ရသည်။
နှင်းရည်စက်ကိုသောက်သုံးထားသော ပန်းလေးတစ်ပွင့်နှယ် လူများကို ထိတွေ့ရန်ဆွဲဆောင်နေ၏။
... ချန်မိသားစုရဲ့ ဟိုကောင်စုတ်လေး သူ့ရဲ့လည်ပင်းကိုကြည့်နေတာ အံ့သြစရာမရှိတော့ပါဘူး။
"ဒရိုက်ဘာက လွန်ခဲ့တဲ့နှစ်ရက်က မွေးရပ်မြေမှာ အရေးကြီးကိစ္စရှိလို့ ဒီနေ့ ခွင့်ယူဖို့ပြောထားတယ်။" ဟော့ထင်းလန်က ငုံ့ကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ "သူက မင်းကို မပြောဘူးလား။"
"ပြောခဲ့တယ်!" ယဲ့စစ်တစ်ယောက် ဒရိုက်ဘာကြီး လစာအလျှော့ခံရမည်စိုး၍ အရင်ဆုံး အမြန်ပြောလိုက်ပြီးမှ လွန်ခဲ့သည့်နှစ်ရက် သူ့ကို ကျောင်းလိုက်ပို့သည့်အချိန်မှာ ဒရိုက်ဘာပြောခဲ့သည့်အရာကို မှတ်မိသွားခဲ့သည်။ ထိုအချိန်က သူသည် အနောက်ခုံမှာ ပြိုင်ပွဲအဆင့် ရူပဗေဒပုစ္ဆာကို တွက်ချက်နေပြီး သူ၏စိတ်ဝိညာဥ်က လျှပ်စစ်သံလိုက်စက်ကွင်းမှာ ပိတ်မိနေရာ သူ သဘောတူလိုက်ပြီးနောက် မေ့လျော့သွားခဲ့သည်။
"သူ ပြောခဲ့ပါတယ်။" ယဲ့စစ်က အတည်ပြုလိုက်သည်။ "ကျွန်တော် မေ့သွားလို့။"
"...အဲ့ဒါကြောင့် ကိုယ် မင်းကိုလာကြိုတာ။" ဟော့ထင်းလန်က ပြုံးလိုက်ပြီး သိမ်မွေ့စွာပြောလိုက်၏။ "ကိုယ် မင်းကို ကျောင်းဂိတ်ပေါက်မှာ နာရီဝက်လောက်စောင့်နေသေးတယ်။ ဒါပေမဲ့ ကျောင်းသားတွေက ထွက်မလာတော့ဘူး။ ကိုယ် မင်းဆီစာပို့ခဲ့ပေမဲ့ မင်းက စာမပြန်တော့ တစ်ခုခုဖြစ်နေမှာစိတ်ပူလို့ ကိုယ် လာကြည့်လိုက်တာ။"
"တောင်းပန်ပါတယ်၊ ဟော့ရှူးရှူ။" အသက်ရှစ်ဆယ်အရွယ်တောင် သူ့လောက်မေ့တတ်မည်မဟုတ်ပေ။ ယဲ့စစ်က ကွေးကျနေသောမျက်ခုံးများဖြင့် တောင်းပန်လိုက်သည်။ "ကျွန်တော် စပြီးကစားတာနဲ့ ဖုန်းကိုကြည့်ဖို့မေ့သွားတာ။"
"ဒီလိုအသေးအဖွဲကိစ္စလေးအတွက် တောင်းပန်စရာမလိုပါဘူး။"
ဟော့ထင်းလန်က ပြုံးလိုက်သည်။ သူ၏မျက်ဝန်းများက မည်းမှောင်နေပြီး အနည်းငယ် စိတ်ဆိုးနေပုံရသော်လည်း သူ့နှုတ်ခမ်းထောင့်များကတော့ ကွေးညွတ်ကာ သူ၏လေသံက သိမ်မွေ့နေသည်။ ယဲ့စစ်ဘေးကင်းကြောင်း အတည်ပြုပြီးနောက် ကျန်သောအရာများက အရေးမပါတော့ပေ။ ထို့နောက် သူက ရုတ်တရက်စကားလွှဲလိုက်၏။
"ပူနေလား၊ ပေါင်ပေါင်း။"
"အာ။" ယဲ့စစ်က အံ့အားသင့်သွား၏။ "နည်းနည်း..."
စောစောက မပူသော်လည်း ချန်ရှောက်နှင့် တစ်ပွဲတစ်လမ်းနွှဲနေစဥ် သူ့အာရုံကြောများက တစ်နည်းနည်းဖြင့် တင်းမာလာခဲ့သည်။
"ပူနေရင် အပေါ်ကအနွေးထည်ချွတ်လိုက်လေ၊ ကိုယ် ကိုင်ထားလိုက်မယ်။" ဟော့ထင်းလန်က ပျော့ပျောင်းစွာပြောလိုက်၏။ "အတန်းဖော်တွေနဲ့ သွားကစားလိုက်၊ ကိုယ် စောင့်နေပေးမယ်။"
"ဒါက အပျော်ကစားတာမဟုတ်ပါဘူး။ ရက်အနည်းငယ်အတွင်းရောက်လာမဲ့ ကျောင်းအားကစားပွဲအတွက်ပါ။ ဘတ်စကတ်ဘောပွဲလည်းပါတော့ ကျွန်တော်တို့အတန်းဖော်တွေက ကစားဖို့သင်ယူချင်နေကြတာလေ..." ယဲ့စစ်က ရှင်းပြရင်း အပေါ်ဝတ်ကိုချွတ်ကာ ဟော့ထင်းလန်ကို လှမ်းပေးလိုက်သည်။
သဘာဝကျကျ ကမ်းပေးလိုက်သည့်အတွက် အနီးနားရှိအိုမီဂါများက အလွန်စိတ်လှုပ်ရှားကာ ပွက်ပွက်ဆူနေသော ရေနွေးကစားဆီမှ ထွက်ပေါ်လာသောအသံများလို တိုးတိုးလေးအော်နေခဲ့ကြသည်။
"အား အား အား အား သူက ရှောင်စစ်ဆီကအဝတ်ကိုလည်း ယူလိုက်တာပဲ!"
"ငါ သေပြီ..."
"သူ စောစောက သူ့ကို 'ပေါင်ပေါင်း' လို့ခေါ်လိုက်တာလား။ အဲ့ဒါ တကယ်ပဲ 'ပေါင်ပေါင်း' လား၊ ငါပဲ နားကြားမှားတာလား!"
"အဲ့ဒါ 'ပေါင်ပေါင်း' ပဲ! ဒါပေမဲ့ သူတို့က ဆွေမျိုးတွေမဟုတ်ဘူးနော်! အဲ့ဒီအကြည့်က ဆွေမျိုးအချင်းချင်း ကြည့်တဲ့အကြည့်မျိုးမဟုတ်ဘူး! ငါကတော့ သူတို့ကို ရွက်လွင့်တော့မယ်။ ဟျောင့်တွေရေ၊ မင်းတို့က စွမ်းအင်တွေဖြန်းတီးနေကြတာပဲ!"
"ရွက်လွှင့်တဲ့လောင်ရှီး!"
"သိပ်တော်တဲ့ ရွက်လွှင့်တဲ့လောင်ရှီးပဲ!"
"..."
ယဲ့စစ်၏မျက်နှာက နီမြန်းနေပြီး မျက်လုံးများက အတင်းအဖျင်းရှာဖွေရေးအဖြစ် ပြောင်းလဲသွားသော အနှီအိုမီဂါအုပ်စုကိုညွှန်ပြကာ ရှင်းပြလိုက်သည်။ "သူတို့အားလုံးက အိုမီဂါတွေချည်းပဲ၊ အဲ့ဒါကို သိပ်အများကြီးမတွေးလိုက်နဲ့ဦးနော်။"
"အင်း။" ဟော့ထင်းလန်၏အပြုံးက နွေဦးလေပြည်ကဲ့သို့ နူးညံ့နေ၏။ "အဲ့ဒီတစ်ယောက်က တော်တော်လေးသန်မဲ့ပုံပဲ။"
သူ၏အကြည့်များက သံသယဖြစ်ဖွယ်ကောင်းသော ချန်ရှောက်ဆီသို့ ကျရောက်နေခဲ့သည်။
ယဲ့စစ်: "..."
အနွေးထည်ချွတ်လိုက်ပြီဖြစ်ရာ သိပ်မပူတော့သည့်အတွက် ဟော့ထင်းလန်က ယဲ့စစ်၏ရှပ်အင်္ကျီကို ကြယ်သီးတပ်ပေးလိုက်သည်။
"သူက အယ်ဖာပါ။" ယဲ့စစ်က သူ့ကိုယ်သူ အိုမီဂါအဖြစ် ကာကွယ်ရာ၌ နှေးကွေးနေသေး၏။ သူက တစ်ခုခုကို ရိပ်မိပြီး ခေါင်းငုံ့လိုက်လေသည်။ "ကျွန်တော်တို့၊ ကျွန်တော်တို့က ပြိုင်နေကြတာ။ ပြီးတော့ သူက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။"
"ဟုတ်ပါပြီ။" ဟော့ထင်းလန်က လူရှေ့သူရှေ့မှာ မျက်နှာမပျက်ချင်ဘဲ ယဲ့စစ်ပြောသမျှကို အပြုံးလေးဖြင့် လက်ခံပေးခဲ့သည်။
သူက အလွန်သဘောကောင်းသည့်ပုံပေါ်နေ၏။
သို့သော် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ယဲ့စစ် အာရုံခံမိသည်။
"ကျွန်တော် စောစောက၊ စောစောက ဘတ်စကတ်ဘောကစားတာကို တွေ့လိုက်လား။" ယဲ့စစ်က တိုးတိုးလေးမေးလိုက်၏။ "ကျွန်တော်... မိုက်တယ်မလား။"
"မိုက်ပါတယ် ပေါင်ပေါင်း။" ဟော့ထင်းလန်က ပြုံးလိုက်ပြီး တခြားသူများမကြားရအောင် သူ့နားထဲ တီးတိုးပြောလိုက်သည်။ "အရင်သွားလိုက်ပါ၊ အတန်းဖော်တွေကို မစောင့်ရစေနဲ့... ကိုယ်တို့ ဒီကိစ္စကို အိမ်ပြန်ရောက်တော့မှ ပြောကြတာပေါ့။"
အိမ်ပြန်ရောက်မှပြောမယ်?
ဤသည်မှာ မိဘ-ဆရာတွေ့ဆုံပွဲအပြီး မိဘများပြောတတ်သည့်စကားနှင့် ဆင်တူပေ၏ - မင်း အိမ်ပြန်ရောက်လာမှ မင်းနဲ့စာရင်းရှင်းမယ်။
သို့သော် ဤ 'စာရင်းရှင်းခြင်း' က သိသိသာသာကို ထိုကဲ့သို့အရာမျိုးမဟုတ်ပေ။ ညစ်ညမ်းနေပြီဖြစ်သော သူ၏စိတ်နှင့် အဖြူထည်လေးမဟုတ်တော့သည့် ယဲ့စစ်တစ်ယောက် ချက်ချင်းဆိုသလို မြင်ကွင်းများစွာကိုတွေးလိုက်မိသည်။ သူ အတန်းဖော်များဆီ ပြန်ရောက်သွားသောအခါ သူ့မျက်နှာတစ်ခုလုံး နီရဲနေသည်အား သာမန်မျက်စိဖြင့်ပင် မြင်နေရပေ၏။
ချန်ရှောက်က ပွစိပွစိလုပ်နေကြသော အိုမီဂါများကို မကျေနပ်သလို သူ့အရှေ့မှာ မိမိုက်ပြီး ယုံကြည်ချက်အပြည့်ရှိသလိုဟန်ဆောင်နေသော ယဲ့စစ်က ဟော့ထင်းလန်ရှေ့မှာ ဆန်ကိတ်လေးလို နူးညံ့ပျော့ပျောင်းသွားသည့်အတွက် ပိုလို့တောင် စိတ်မကျေမနပ်ဖြစ်လာခဲ့သည်။ သူက ၎င်းတို့တွေ့ဆုံသည့်အပိုင်းလေးကို သတိမပြုမိသလို ဟန်ဆောင်ကာ ဘောလုံးကိုပုတ်ရင်း ပြောလိုက်လေသည်။ "စကားပြောလို့ပြီးပြီလား။ ကစားချင်သေးလား။"
"တော်ပြီ။" ယဲ့စစ်က ခေါင်းယမ်းပြလိုက်သည်။ "သူက မကစားခိုင်းတော့ဘူး။"
သောက်ကျိုးနည်း။
ဒီစကားလုံးတွေက ဘာလို့ မရှင်းမရှင်းဖြစ်နေရတာလဲ။
သိချင်စိတ်တစ်ဝက်၊ တွန့်ဆုတ်မှုတစ်ဝက်ဖြင့် ချန်ရှောက်က မေးလိုက်သည်။ "မဖြစ်နိုင်တာ၊ ဟော့ထင်းလန်က မင်းကိုမကစားခိုင်းဘူး?"
ဟော့ရှူးရှူး နားထောင်နေတယ်လေ!
ယဲ့စစ်က ရှင်သန်လိုသောဆန္ဒဖြင့် ခုခံလိုက်သည်။ "သူက ကစားခိုင်းတယ်၊ ဒါပေမဲ့၊ ဒါပေမဲ့ မင်းနဲ့တော့မဟုတ်ဘူး။"
"ငါက ဘာဖြစ်နေလို့လဲ။" ဟော့ထင်းလန်က သူ့ကိုယ်သူနှိမ့်ချကာ အထက်တန်းကျောင်းသားဖြစ်သည့် သူနှင့်ငြင်းခုန်လိမ့်မည်မဟုတ်သောအချက်ကို အားကိုး၍ ချန်ရှောက်က နှာမှုတ်ကာ တံခါးဝသို့ ရဲတင်းစွာကြည့်လိုက်သည်။ "မင်းရဲ့မျိုးရိုးနာမည်က ဟော့မဟုတ်ဘူးမလား။ အာ၊ သူက မင်းကို 'ပေါင်ပေါင်း' လို့ခေါ်တာကို ငါကြားလိုက်တယ်..." သူက မျိုးရိုးမတူသည့်သူက မည်သို့သောအကြီးအကဲဖြစ်မလဲဟု ခဏတွေးတောလိုက်သည်။ "သူက ဘယ်လိုရှူးရှူမျိုးလဲ။"
ချန်ရှောက်သိသလောက် ဟော့ထင်းလန်မှာ ဝမ်းကွဲများစွာရှိသည်။
ထိုသို့ပြောပြီးနောက် ချန်ရှောက် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။
ချန်ရှောက်တစ်ယောက် ထိတ်လန့်တကြားဖြစ်သွားလေ၏။
စောစောတုန်းက သူ၏မောက်မာမှုမှာ လေလျော့သွားသော ပူဖောင်းလေးနှယ် ပျောက်ကွယ်သွားခဲ့သည်။
ယဲ့စစ်က သူ့ကို အသံတိတ်ကြည့်ကာ လက်သီးများဆုပ်လျက် မကျယ်သော်လည်း ရှိနေသည့်ကျောင်းသားများအားလုံး ကြားလောက်သည့်အသံဖြင့် ပြောလိုက်သည်။ "သူက ငါ့လောင်ကုန်း။"
"...အာ?" ချန်ရှောက်မှာ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ သူ၏မေးရိုးက အဆစ်လွဲသွားလုနိီးပါးပင်။
"အာာာား!"
အိုမီဂါလေးများက ခုန်ပေါက်လိုက်ကြသဖြင့် ကြမ်းပြင်တစ်ခုလုံး တုန်ခါသွားလေ၏။
တကယ်တမ်းပြောရလျှင် လွန်ခဲ့သောအချိန်တချို့တုန်းက သတင်းစုံသော ကျောင်းသားများသည် သူက အမှန်တကယ်တော့ ခြူးမိသားစု၏ တတိယမြေးဖြစ်ကြောင်းနှင့် သူ့အမေ၏မျိုးရိုးနာမည်ကို ခံယူထားကြောင်း ယဲ့စစ်၏မိသားစုကိစ္စတချို့ကို အတင်းအဖျင်းပြောခဲ့ကြသည်။ နောက်ထပ်အတင်းများက ယဲ့စစ်သည် ခြူးမိသားစုနှင့် အဆက်အဆံမရှိတော့သည်မှာ ကြာပြီဖြစ်ပြီး ဟော့မိသားစု၏ခေါင်းဆောင်က လက်ထပ်ပြီးတာတောင် မည်သူမှရှာမတွေ့နိုင်စေရန် လျှို့ဝှက်ထားပြီး အမြဲတမ်း သိုသိုသိပ်သိပ်နေတတ်ကြောင်းတို့ပင်။
အခြားသူများ၏ မိသားစုရေးကို တိုက်ရိုက်မေးမြန်းဖို့က အဆင်မပြေချေ။ ထို့အပြင် ယဲ့စစ်နှင့်ရင်းနှီးသော အနှီအိုမီဂါလေးများက သူ့မိသားစုနောက်ခံကြောင့် သူနှင့်မိတ်ဖွဲ့ခြင်းမဟုတ်ပေ။ အတင်းအဖျင်းများက အမြဲတမ်း မမှန်ကန်ရာ နားတစ်ဖက်ဖြင့်နားထောင်ရုံမှအပ အာရုံမစိုက်ခဲ့ကြပေ။
ယခုတစ်ခေါက်၌ ၎င်းတို့မှာ တူဖြင့်အထုခံလိုက်ရသလို ခံစားလိုက်ရသည်။ ဟော့မိသားစု၏ခေါင်းဆောင်က နောက်ခံမရှိသည့် သာမန်လူတစ်ယောက်ကို လက်ထပ်ခြင်းမှာ မဖြစ်နိုင်ပေ။
သို့သော် ထိုအရာက အရေးမကြီးချေ။ အရေးကြီးသည့်အချက်မှာ...
"ရှောင်စစ်က လက်ထပ်ပြီးသွားပြီ?!"
"ဝူးဝူးဝူး၊ ငါကတော့ သူ့ကြောင့် ကွေးသွားခဲ့တာကို။ ဝိုး ဘော့စ်က ငါ့ကို စိုက်ကြည့်နေသလိုခံစားရတယ်၊ ကျွန်တော်က စတာပါဗျာ၊ ကျွန်တော်က အဖြောင့်အိုမီဂါပါ..."
"မင်း ဘယ်လိုလုပ်ပြီး ငါတို့ကို ပြောမပြရတာလဲ!"
"ဘယ်တုန်းကတည်းကလဲ။ ပြီးခဲ့တဲ့နွေဦးပွဲတော်တုန်းက ငါ့မိဘတွေ ငါ့ကို နှစ်သစ်လက်ဆောင်ပေးဖို့အတွက် ဟော့မိသားစုအိမ်ကို ခေါ်သွားခဲ့သေးတယ်။ အဲ့တုန်းက မင်းကို မတွေ့ခဲ့ပါဘူး။ မဟုတ်သေးပါဘူး၊ အဲ့ဒီအချိန်တုန်းက မင်း အသက်မပြည့်သေးဘူးလေ..."
"..."
လူတိုင်းက အဆုံးမရှိ မေးမြန်းပြောဆိုနေခဲ့ကြလေသည်။
ယဲ့စစ်၏ ဆက်သွယ်ရေးစွမ်းရည်များနှင့်ဆို သူ့မှာ ပါးစပ်ဆယ်ပေါက်ရှိလျှင်တောင် ထိုအိုမီဂါများကို မရင်ဆိုင်နိုင်ပေ။ ကံကောင်းစွာဖြင့် ဟော့ထင်းလန်က အားကစားခန်းမထဲသို့ ကြော့ရှင်းစွာဝင်လာပြီး သူ့ကို အပြုံးလေးဖြင့် ကြည့်လာခဲ့သည်။
အခြားသူများရှေ့မှာ အတင်းအဖျင်းပြောရသည်က အလွန်ရှက်စရာကောင်းသည့်အတွက် အိုမီဂါလေးများက အသံတိတ်သွားပြီး ဘောလုံးပစ်ရန် ယဲ့စစ်ကို ဆွဲခေါ်လာခဲ့ကြသည်။ သို့သော်လည်း အားလုံး၏မျက်လုံးများထဲမှာ စိတ်လှုပ်ရှားမှုတို့ရှိနေကြရာ ၎င်းတို့ကို သင်ကြားပေးဖို့ နည်းလမ်းမရှိသဖြင့် ဝတ်ကျေတန်းကျေ ဆယ်မိနစ်ခန့်သင်ကြားပေးပြီးနောက် ၎င်းတို့ကို လွတ်လပ်စွာ လေ့ကျင့်စေခဲ့သည်။ ထို့နောက် သူက အတန်းဖော်များ၏ ကျီစယ်လိုသောအကြည့်များအောက်မှာ ဟော့ထင်းလန်နှင့်အတူ ခန်းမထဲကထွက်လာခဲ့လိုက်၏။
ကားကို ကျောင်းဂိတ်နှင့် မျက်နှာချင်းဆိုင်မှာရပ်ထားပြီး ယဲ့စစ်က နာခံမှုရှိစွာဖြင့် ဟော့ထင်းလန်၏အနောက်ကနေ အသက်ရှူသံများထိန်းကာ လိုက်ပါလာခဲ့သည်။
ကားနားရောက်လာသောအခါ ဟော့ထင်းလန်က ပုံမှန်အတိုင်း အနောက်ခုံမှာထိုင်ခဲ့သည်။
ဒရိုက်ဘာက ဆင်းမလာဘဲ သူက ကားတံခါးကို သူ့ဘာသာသူဖွင့်လိုက်၏။ ယဲ့စစ် စိတ်မအေးသော်လည်း မူမှန်တာကို ဘာမှမခံစားမိပေ။ ဦးလေးကျန်းက သူ့ဇာတိကိုပြန်သွားသည့်အတွက် ဟော့ထင်းလန်က လုပ်ငန်းနှင့် မရင်းနှီးသောဒရိုက်ဘာကို ယာယီအစားထိုးခဲ့သည်ဟုသာ ယဲ့စစ် ထင်လိုက်မိသည်။ သူကလည်း ကားအနောက်ခန်းထဲ နေရာယူလိုက်၏။
သူ ကားထဲဝင်လိုက်သည်နှင့် ဒရိုက်ဘာခုံက အလွတ်ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။
ယဲ့စစ်က နှုတ်ခမ်းသပ်လိုက်သည်။ "... ဒရိုက်ဘာကရော?"
ဟော့ထင်းလန်က ပြုံးလိုက်၏။ "ဒရိုက်ဘာမပါတဲ့ ရှားရှားပါးပါးအခွင့်အရေးလေးမို့ ကိုယ် ဒီနေ့ ကိုယ်တိုင်မောင်းပြီး မင်းကိုလာကြိုလိုက်တာ။"
"..." ခဏတာတိတ်ဆိတ်သွားလေ၏။
"ဒါဆို ခင်ဗျားက ဘာလို့၊ ဘာလို့ အနောက်ခန်းထဲမှာထိုင်နေတာလဲ။"
ထိုစဥ် တက်ကီလာရနံ့များက ပြင်းထန်လာရာ ယဲ့စစ် ခံစားချက်တို့မကောင်းတော့ပေ။ သူ မြီးညှောင့်ရိုးထိ ထုံထိုင်းသွားပြီး သူ့အသိစိတ်အရ ကားတံခါးဖွင့်ကာ ကားထဲကနေ ခုန်ချလုနီးနီးဖြစ်သွားခဲ့သည်။
"ကိုယ်က အသက်ကြီးလာပြီ။" ဟော့ထင်းလန်က တည်ငြိမ်စွာပြောလိုက်သည်။ "ကိုယ် စတီယာရင်ဘီးကို ထပ်မလှည့်နိုင်တော့ဘူး။"
ယဲ့စစ်: "..."
ဒါ လူယုတ်မာအဖြစ် ကစားနေတာမဟုတ်ဘူးလား။
ယခင်ဘဝက နာမည်ကျော် ဖော်မြူလာဝမ်းကစားသမားဖြစ်သူမှာ ယခု ကားမောင်းလိုင်စင်မရှိသဖြင့် တစ်လက်မတောင်မရွေ့နိုင်ဘဲ လမ်းဘေးမှာသောင်တင်နေရသည်က သနားစရာပင်။
"ခင်ဗျား၊ ခင်ဗျားက ဘယ်နှနှစ်ပဲရှိသေးတာမို့လဲ။ အခုမှ သုံးဆယ်ပဲရှိသေးတာ၊ ခင်ဗျားရဲ့ဘဝက အခုမှစတာလေ..." ယဲ့စစ်က ရှာလကာရည်အိုးကြီးကို ကိုးရိုးကားရား ချော့မြှူနေခဲ့၏။ "ချန်ရှောက်တောင်မှ ခင်ဗျားကိုမယှဥ်နိုင်ဘူး။"
ဟော့ထင်းလန်က သူ့လက်ချောင်းများကို ဆုပ်လိုက်၊ ဖြန့်လိုက်လုပ်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ "ကိုယ် အားနည်းနည်းပြန်ပြည့်လာသလိုပဲ။"
ဟော့ထင်းလန်: "ဆက်ပြောပါဦး။"
ယဲ့စစ်: "..."
ပြောစရာက အဲ့ဒါအကုန်ပဲလေ။
ယဲ့စစ်မှာ ရှက်ရွံ့သွားလေသည်။ ကားပြတင်းမှန်ကို အကာများချထားပြီး အပြင်ဘက်မှာ လုံးဝမည်းမှောင်ကာ လမ်းပေါ်၌ လူတစ်ယောက်မှမရှိပေ...
လုံးဝဘေးကင်းပေ၏!
ယဲ့စစ် စိတ်သက်သာရာရကာ ဟော့ထင်းလန်၏ပါးနှင့် နှုတ်ခမ်းပါးတို့ကို ရိုးရိုးသားသားနမ်းလိုက်၏။ နမ်းနေရင်း ပျော့ပျောင်းစွာမေးလိုက်သည်။ "ဟော့ရှူးရှူ၊ ခင်ဗျား၊ ခင်ဗျား၊ အခု အားပြည့်လာပြီလား။"
"နည်းနည်းပိုကောင်းလာပြီ။" ဟော့ထင်းလန်က တိုးတိုးလေးပြောလိုက်သည်။ "ကိုယ့်ကို နည်းနည်းလောက်ထပ်နမ်းပါဦး။"
"..."
တစ်နာရီကြာပြီးနောက်။
ဟော့ထင်းလန်က ဒရိုက်ဘာခုံပေါ် ပြန်ရောက်သွားပြီး ကားစက်နှိုးလိုက်သည်။
လေဝင်လေထွက်ကောင်းအောင် ကားပြတင်းပေါက်ကို အနည်းငယ်ဖွင့်လိုက်ရာ အပြင်ဘက်မှ နွေရာသီလေညင်းလေးများက လတ်ဆတ်သောလေကို သယ်ဆောင်လာခဲ့သည်။
သို့သော် ၎င်းက ကားအတွင်းပိုင်းရှိ ချိုမြိန်ပြီး ညှီစို့စို့အနံ့ကို မဖုံးကွယ်နိုင်ခဲ့ပေ။
ယဲ့စစ်အတွက် ကားပေါ်ကဆင်းရန် အဆင်မပြေသဖြင့် အနောက်ခန်းမှာပဲ ထိုင်နေခဲ့ရသည်။ ခရီးသည်ခုံမှာ မည်သူမှမရှိဘဲ လျှော်ရမည့်အဝတ်ပေများသာ ပုံနေလေ၏။
အဖြူအပြာရှပ်အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ်အဖြူ၊ ကျောင်းယူနီဖောင်းလည်စည်း...
အားလုံးက ချွေးများနှင့် စေးကပ်ကာ ညစ်ပတ်နေသည့်အတွက် ထပ်ဝတ်လို့မရတော့ပေ။
တစ်ခုတည်းသော သန့်ရှင်းသည့်အရာမှာ အားကစားဖိနပ်တစ်စုံသာကျန်တော့သည်။
"ကိုယ်တို့ အိမ်ပြန်ရောက်ရင် ကားပေါ်ကမဆင်းနဲ့ဦး။" ဟော့ထင်းလန်က အေးအေးလူလူပြောလာ၏။ "အရင်ဆုံး မင်းဝတ်ဖို့အတွက် ကိုယ် တစ်ခုခုသွားယူပေးမယ်။"
"..."
ယဲ့စစ်မှာ အလွန်ရှက်ရွံ့နေပြီး ပြန်တောင်မဖြေချင်ခဲ့ပေ။
အဲ့ဒါကို ပြောစရာလိုလို့လား။
သူ့ကို ထွက်လို့မရအောင်လုပ်တာ ဘယ်သူမို့လဲ!
"ကိုယ်ပြောတာကြားလား။" မီးပွိုင့်စောင့်နေစဥ် ဟော့ထင်းလန်က အနောက်ကိုလှည့်ကြည့်လာ၏။
"အနောက်၊ အနောက်ကို လှည့်မကြည်နဲ့။ မီးပွိုင့်ကိုပဲ အာရုံစိုက်လေ..." ယဲ့စစ်က ဘောလုံးလေးလို ကွေးနေပြီး ကျောင်းလွယ်အိတ်ကို ဖက်ထားလေသည်။ ဖြူဖွေးနေသော အားကစားဖိနပ်တစ်စုံအထက်မှာ ထင်ရှားသော ခြေချင်းဝတ်လေးလေး၊ သွယ်လျသော ခြေသလုံး၊ ထို့နောက် ဒူးခေါင်းလေး...
"ကျွန်တော် ကြားတယ်လို့။ အရှေ့ကို ပြန်လှည့်တော့!"
သူ ဦးခေါင်းကို ကားတံခါးဖြင့်ဆောင့်ကာ သေချင်နေသည်အထိ အလွန်ရှက်ရွံ့နေလေ၏။
ဟော့ရှူးရှူကို ဘယ်တော့မှ ရှာလကာရည်မသောက်စေရတော့ဘူး!!!
***
Aurora Novel Translation Team
There is No Eng Version