no
အပိုင်း (၃၄) - စောင့်နေမယ်
ယနေ့ညက ယဲ့စစ်အတွက် ဖရိုဖရဲဖြစ်ခဲ့ရသော ညတစ်ညပင်။
ည၏ပထမပိုင်းမှာ ညှင်းပန်းနှိပ်စက်မှုများစွာကို ခံခဲ့ရပြီး သူ့လည်ပင်းအထက်ပိုင်း၌ နေရာအနှံ့ အနမ်းခံခဲ့ရသည်။
သူ့ခမျာ ရှက်ရွံ့ကာ စိတ်လှုပ်ရှားပြီး ချွေးများလည်း စိုရွှဲလာလေ၏။
လှန်မှောက်ခံရပြီးနောက် ယဲ့စစ်တစ်ယောက် ချွေးတလုံးလုံးဖြင့် အခြားတစ်ယောက်၏အိပ်ရာပေါ် အိပ်ရမည်ကို အလွန်ရှက်ရွံ့ကာ မာစတာအိပ်ခန်းနှင့်ဆက်ထားသော ရေချိုခန်းဆီသို့သွား၍ ရေချိုးလိုက်ရသည်။ အလျင်စလိုရေချိုးပြီးနောက် သူ၏ခန္ဓာကိုယ်ကနေ ဟော့ထင်းလန်ကဲ့သို့ ပင်လယ်ဆားနှင့် ထင်းရှူးရနံ့တို့ထွက်ပေါ်လာ၏။ ယင်းကြောင့် ထိုအမျိုးသား၏ပိုင်ဆိုင်လိုစိတ်မှာ တစ်ဖန်ထပ်ဆွခံလိုက်ရပြီး ယဲ့စစ်မှာ စောင်ပါးလေးကိုဖြတ်၍ သူ၏ရင်ခွင်ထဲ တင်းကျပ်စွာပွေ့ဖက်ခံခဲ့ရသည်။
သူ၏ပါးပြင်က တောင့်တင်းသောရင်အုပ်ကြီးနှင့် ဖိကပ်နေပြီး ယဲ့စစ် မျက်တောင်ခတ်လိုက်လျှင် သူ့ရင်ဘတ်နှင့် ပွတ်တိုက်သွားပြီး သူ့ကိုယ်သူ လူယုတ်မာတစ်ယောက်ဖြစ်အောင် လုပ်မိသွားမည်စိုး၍ မျက်တောင်တောင်မခတ်ဝံ့ခဲ့ပေ။ သူက 'ငါနဲ့ဟော့ရှူးရှူက တကယ်ကြီးအတူတူရှိနေပြီ' ဟု တွေးလေတွေးလေ ၎င်းက ပို၍ အစစ်အမှန်မဖြစ်နိုင်ဟု ခံစားမိလေပင်!
သူ တစ်ခါတစ်ရံရှက်ရွံ့ကာ၊ တစ်ခါတစ်ရံ ရင်ဖိုလာပြီး တစ်ခါတလေ မယုံကြည်နိုင်ဖြစ်နေခဲ့၏။ မြင်းတစ်ကောင် ဒုန်းစိုင်းပြေးနေသကဲ့သို့ သူ၏အတွေးများကို စက္ကန့်ဝက်မျှတောင် မရပ်တန့်နိုင်ခဲ့ပေ။
ဤသို့ဖြင့် မိုးသောက်ခါနီးမှ အနည်းငယ်ငိုက်မျဥ်းလာပြီး ဟော့ထင်းလန်၏ရင်ခွင်ထဲတိုးဝှေ့၍ အိပ်ပျော်သွားခဲ့သည်။
မနက်ခြောက်နာရီ၌ သူ၏ဖုန်းက နှိုးစက်သံမြည်လာခဲ့သည်။
သို့သော် ယဲ့စစ်မှာ မျက်လုံးဖွင့်ဖို့ကို အလွန်လေးလံနေခဲ့၏။
ငိုက်မျဥ်းမှုက သူ့ခန္ဓာကိုယ်တစ်ဝိုက် အနက်ရောင်ကတ္တီပါစဖြင့် တင်းကျပ်စွာရစ်ပတ်ထားသလိုပင်။ ကန့်လန့်ကာများက သူ၏ဇီဝနာရီကို လှည့်စားခဲ့ပြီး လေထုကလည်း အမှောင်ကျကာ သက်သောင့်သက်သာရှိလှသည်။ ထို့အပြင် ဆိတ်အမွေးဖြင့် ပြုလုပ်ထားသော လက်လုပ်မွေ့ရာက သက်တောင့်သက်သာရှိအောင် ပံ့ပိုးပေးထားလေ၏။ သူ့နှာခေါင်းနားမှာ ရစ်သီနေသော တက်ကီလာရနံ့လည်းရှိနေပြီး ထိုအနံ့ကို ရလိုက်သောအခါ ယဲ့စစ် စိတ်အေးသွားသလို ခံစားလိုက်ရသည်... သူ၏မျက်ခွံများကို ပေါင်တစ်ထောင်အလေးဖြင့်ဖိထားပြီး ယဲ့စစ်မှာ ဘာဖြစ်နေမှန်းမသိတော့ဘဲ အလွန်အိပ်ချင်နေခဲ့သည်။
"ထတော့လေ၊ ကျောင်းသွားရတော့မှာ... ရှောင်စစ်?"
နှိုးစက်သံက အလွန်ဆူညံနေသဖြင့် ဟော့ထင်းလန်က ၎င်းကိုပိတ်လိုက်ပြီး ယဲ့စစ်၏နားရွက်လေးကို ခပ်ဖွဖွဆွဲကာ သူ၏နှာသီးလေးကို ကုတ်ခြစ်လိုက်သည်။ ယဲ့စစ်က အလိုလိုလက်ဆန့်ကာ ကုတ်ခြစ်ခံလိုက်ရသောနေရာလေးက ယားယံလာသဖြင့် 'ကြောင်ပေါက်လေးက သူ၏မျက်နှာကိုပွတ်သပ်သလို' အမူအရာအတိုင်း အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ပွတ်သပ်နေခဲ့သည်။
"ဟော့ရှူးရှူ..." သူက အနိုင်ကျင့်ခံရခြင်းကို ရှောင်ရှားဖို့ ပန်းရောင်သန်းနေသောမျက်နှာလေးကို ခေါင်းအုံးထဲဝှက်ကာ တောင်းပန်လိုက်သည်။ "ငါး၊ ငါးမိနစ်တည်းပါ... ကျေး-ကျေးဇူးပြုပြီးတော့..."
သူက သတိမပြုမိလိုက်ဘဲ အလိုလိုက်ခံရသလို ပြုမူကာ ပျားရည်ကဲ့သို့ ချိုမြိန်နေခဲ့သည်။
ဟော့ထင်းလန်က သူ့အား ပျော်ပျော်ကြီးထပ်အိပ်ခွင့်ပေးလိမ့်မည်သာ။
ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသော အတိတ်ကာလများအတွင်း သူ အိပ်ချင်သောကြောင့် ထဖို့အတွက် ဘယ်နှခါများငြင်းဆန်ခဲ့ဖူးသနည်း။
၎င်းကို လူတစ်ယောက်၏လက်တစ်ဖက်တည်းနှင့်တောင် ရေတွက်နိုင်ပေ၏။
သူ၏အမေက နာမကျန်းဖြစ်နေသောကြောင့်လည်းပါပေ၏။ သူသာ အလုပ်မကြိုးစားပါက သူ(မ) ဆင်းရဲမှုဒဏ်ကိုခံစားရပြီး ဆာလောင်ခြင်းကိုတောင် ခံစားရလိမ့်မည်။ မျက်တွင်းများညိုမည်းနေပြီး အသားရေဖြူဖျော့နေသည့် ခပ်ပွပွစတိုးဆိုင်ယူနီဖောင်းနှင့် အရိုးပေါ်အရေတင်ကောင်လေးတစ်ယောက်က ကုန်ပစ္စည်းဒါဇင်ကျော်လောက်ကို လုံ့လစိုက်ကာ သယ်သွားလိမ့်မည်။
စင်ပေါ်မှာ ကုန်ပစ္စည်းများကို နေရာချပြီးနောက် ဝယ်သူမလာခင်အချိန်လေး၌ ငွေရှင်းကောင်တာအနောက်မှာ ခဏလောက်မှေးလိမ့်မည်။ ပင်ပန်းသော်လည်း သူခိုးရန်ကိုကြောက်ရ၍ အိပ်ပျော်သွားလို့မဖြစ်ရာ အများဆုံးမှ လက်ပိုက်ကာ ဦးခေါင်းကို ခဏလောက်ငိုက်စိုက်ထားရုံသာ။ သူ၏ပိန်လှီမှုကြောင့် သူအနားယူနေရင်း ငုံ့ကိုင်းကျသွားချိန်ဆို သူ၏ကျောရိုးနှင့် ပခုံးရိုးတို့က သိသာထင်ရှားလာတတ်သည်။
အရိုးများက မာကျောပြီး ပထမတစ်ချက်ကြည့်လိုက်ရုံဖြင့် သူက အလွန်ကျပ်တည်းကြောင်း သတိပြုမိလိမ့်မည်။
ထိုအချိန်က သူ့မှာ ယနေ့လိုနေ့မျိုးရောက်လာလိမ့်မည်ဟု တစ်ခါမှစိတ်ကူးမယဥ်ခဲ့ဖူးပေ။
သူ၏ဟန်ဆောင်မျက်နှာဖုံးကို လုံးဝဖယ်ရှားကာ အခြားသူများရှေ့မှ အလွန်နူးညံ့လာလိမ့်မည်ဟုလည်း သူ မတွေးခဲ့ဖူးချေ။
မှင်တက်နေသော ယဲ့စစ်တစ်ယောက် ထိုနေရာမှာ မည်မျှကြာအောင်လှဲမိသွားကြောင်း မသိတော့ပေ။ ငါးမိနစ်တောင် ကျော်သွားလောက်လေပြီ။ ရုတ်တရက်ဆိုသလို ပူပူနွေးနွေးရနံ့ကိုရလိုက်ပြီး အစားအသောက်လှည်းလိုမျိုး တစ်စုံတစ်ခုတွန်းသံကိုလည်း ကြားလိုက်ရသည်။ ထို့နောက် ကြွေထည်ပစ္စည်းများထိခတ်သံသဲသဲနှင့်အတူ အစားအသောက်များ၏ မွေးပျံ့သောရနံ့က ပိုလို့တောင် ပြင်းထန်လာလေ၏။
ဆာလောင်မှုက ငိုက်မျဥ်းမှုကိုကျော်တက်သွားပြီး ဗလာကျင်းနေသောအစာအိမ်က အရင်နိုးထကာ သူ၏ခြေလက်များနှင့် အရိုးများက အသက်ဝင်လာခဲ့သည်။ ခြေချင်းဝတ်ကို လက်ဖဝါးနွေးနွေးဖြင့် ဆုပ်ကိုင်ခံလိုက်ရပြီး ယဲ့စစ် အလိုလိုရုန်းကန်လိုက်မိသော်လည်း အနှီလက်က လွှတ်မပေးခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ခြေချောင်းလေးများကိုပါ ဖမ်းဆုပ်ခံလိုက်ရသည်။
"ငြိမ်ငြိမ်နေ။"
ဟော့ထင်းလန်က ကြက်သွန်မြိတ်ကလေးလို ဖြူဆွတ်နေသော သူ၏ခြေချောင်းလေးများကိုဆွဲ၍ ခြေအိတ်ဝတ်ပေးခဲ့ပြီး ခြေဖမိုးတစ်လျှောက် ပွတ်သပ်လိုက်သည်။ သူက အခွင့်ကောင်းယူရန် စောင့်နေမှန်းသိသာသော်လည်း အက်ရှသောလေသံဖြင့် ချော့မြှူလာခဲ့သည်။
"ကိုယ် မင်းအတွက် ခြေအိတ်ဝတ်ပေးမယ်။"
သူ၏လက်က အလွန်သန်မာသဖြင့် ယဲ့စစ် သူ၏ခြေထောက်ကို ပြန်မဆွဲနိုင်ခဲ့ပေ။ သူ လှမ်းကြည့်လိုက်သောအခါ သူ့အား ခြေအိတ်နောက်တစ်ဖက်ကို ဝတ်ပေးနေပြီး သူ့လက်ထဲမှာ ကျောင်းယူနီဖောင်းရှပ်အင်္ကျီနှင့် ဘောင်းဘီတို့ကို ကိုင်ထားကြောင်းတွေ့လိုက်ရသည်။ ခမ်းနားသော အပြာရောင်တွန်းလှည်းကိုလည်း မလှမ်းမကမ်းမှာရပ်ထားသည်။ စားပွဲကို အိပ်ရာဘေးမှာခင်းကျင်းထားသဖြင့် သူ ကြမ်းပြင်ပေါ်ခြေမချဘဲ မနက်စာစားနိုင်ပေ၏။
"မင်း ကိုယ့်အပေါ်ကို အခုလိုချွဲနေတာက ရှားတယ်လေ၊ အဲ့ဒါကြောင့် မင်းကို အိပ်ရာထဲမှာနေဖို့ အချိန်နည်းနည်းပိုပေးမယ်။" ဟော့ထင်းလန်က သူ၏ခြေထောက်လေးများကိုကြည့်ကာ သိမ်မွေ့စွာပြုံးလိုက်သည်။ "မင်း... ဘောင်းဘီကို ကိုယ့်ဘာသာကိုယ် လဲချင်လား။"
သေချာပေါက် သူ့ဘာသာသူလဲမှာပေါ့!
ယဲ့စစ်မှာ ကြောင်ရိုင်းလေးတစ်ကောင်လို တုန်ယင်သွားပြီး ထိတ်လန့်တကြားပြောလိုက်သည်။
"ကျွန်တော်၊ ကျွန်တော့်ဘာသာလုပ်လိုက်ပါ့မယ်။"
သူက အိပ်ရာနံဘေးမှ မနက်စာကို လှည့်ကြည့်လိုက်သည်။ သူ၏စိတ်ခံစားချက်များက ရှုပ်ထွေးနေပြီး သူ၏အသိစိတ်က ခံနိုင်ရည်မရှိရာ တီးတိုးရေရွတ်လိုက်သည်။
"ခင်ဗျား၊ ခင်ဗျား ကျွန်တော့်ကို... အလိုလိုက်ဖို့မလိုပါဘူး။ ဒီတိုင်း ကျွန်တော့်ကို တိုက်ရိုက်နှိုးလိုက်လို့ရပါတယ်။"
"ဒါကို ဘယ်လိုလုပ်ပြီး အလိုလိုက်တာလို့ခေါ်မှာလဲ..."
ဟော့ထင်းလန်က သူ့ခြေဖဝါးကိုဆုပ်ကိုင််ထားသောလက်အား တင်းကျပ်လိုက်သည်။ သူ၏နှလုံးသားက မီးတောက်နေပြီး သူ၏မျက်လုံးများကလည်း ပူလောင်နေ၏။ သူက သိမ်မွေ့သော်လည်း အခိုင်အမာပြောလိုက်သည်။
"အခုကစပြီး ကိုယ် မင်းကို အများကြီးချစ်ပေးတော့မှာ။"
ဒါက အလိုလိုက်တာမဟုတ်ဘူးလား။ ဒါက သေလောက်အောင် အလိုလိုက်နေတာလေ!
ယဲ့စစ်တစ်ယောက် အလွန်ရှက်ရွံ့နေ၏။ သူ ယခုလိုအရာမျိုးကို အရင်က တစ်ခါမှမကြုံခဲ့ဖူးချေ။ ယဲ့ဟုန်ကျွင်းပေးလာသော မိခင်မေတ္တာက သိမ်မွေ့ကာ နူးညံ့ပြီး ယခုလို ထူထူထဲထဲ မီးတောက်နေသောအချစ်နှင့် လုံးဝဆန့်ကျင်ဘက်ပင်။ သူ ထိုစကားလုံးများကို မည်သို့ပြန်ဖြေရမှန်းမသိရာ သူ၏ခြေထောက်ကို ပြန်ဆွဲဖို့ကြိုးစားလိုက်သည်။
ရလဒ်အနေဖြင့် ဟော့ထင်းလန်က သူ့ကို ခြေသလုံးကနေဆွဲလိုက်ရာ ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်၏ပေါင်ပေါ်ကို တက်ထိုင်မိလုနီးပါးဖြစ်သွား၏။
"ပေါင်ပေါင်း။" ဟော့ထင်းလန်က သူ၏ခြေထောက်ကို ဆုပ်ကိုင်ထားပြီး သူ့အား စိတ်အားထက်သန်ပြီး သနားစရာကောင်းနေသော မျက်ဝန်းနက်များဖြင့် ကြည့်လာခဲ့သည်။ "ကိုယ်ကိုချစ်ခွင့်ပေးပါ။"
သင် တစ်စုံတစ်ယောက်ကို ချစ်ချင်လျှင်၊ တစ်စုံတစ်ယောက်ကို ချော့မြှူချင်လျှင်၊ တစ်စုံတစ်ယောက်ကို အလိုလိုက်ချင်လျှင် တစ်ဖက်လူဆီကနေ ခွင့်ပြုချက်တောင်းဖို့မလိုအပ်ပေ - သင်လုပ်ရာရှိတာကို လုပ်လိုက်ရုံသာ။
အစပျိုးမှုက သူ့(ဟော့)လက်ထဲမှာရှိနေသော်လည်း သူက ယဲ့စစ်ကို သဘောတူစေရန်နှင့် သူ့ဆီကနေ 'လက်ခံသည့်' စကားလုံးကိုကြားရဖို့ အတင်းအကျပ်လုပ်နေခဲ့၏။
သူ့အပေါ်ကျရောက်နေသော ထိုအကြည့်၏အပူချိန်က သူ့ကို လောင်ကျွမ်းစေတော့မတတ်၊ သူ့ရင်ဘတ်ကို ထိုးဖောက်သွားတော့မတတ် ဖြစ်နေခဲ့သည်။ သူ ရှောင်လွှဲဖို့ သို့မဟုတ် ရှက်ရွံ့နေဖို့ နေရာမရှိခဲ့ပေ။ ယဲ့စစ်က မျက်လွှာချထားပြီး ခေါင်းငုံ့ကာ ဟော့ထင်းလန်၏ပခုံးပေါ် သူ၏နဖူးကိုဖိကပ်ထားလိုက်သည်။ သူက 'အွန်း' ဟု အသံပြုလိုက်ပြီး စက္ကန့်ပိုင်းမျှတိတ်ဆိတ်ပြီးနောက်မှာ လေးလေးနက်နက်ထပ်ပြောလိုက်သည်။
"ကျွန်တော်တို့၊ ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် ချစ်ကြတာပဲလေ ဟော့ရှူးရှူ... ကျွန်တော်က ငယ်၊ ငယ်သေးတာမို့ အခုချိန်မှာ ဘာမှပေးစရာမရှိသေးပါဘူး။ ခင်ဗျား... ကျွန်တော် အသက်ကြီးလာတာကို စောင့်နေပေးပါ။ အဲ့ကျရင် ခင်ဗျား ကျွန်တော့်ကိုဆက်ဆံပေးသလိုမျိုး ခင်ဗျားကို ဆက်ဆံပေးမှာပါ။"
"ကောင်းပါပြီ။"
ဟော့ထင်းလန်၏နှလုံးသားက ပိုလို့တောင် ပျော့ပျောင်းသွားပြီး ယဲ့စစ်၏ဦးခေါင်းအနောက်မှ ရှုပ်ပွနေသောဆံပင်လေးများကို ပွတ််သပ်ပေးကာ နူးညံ့စွာပြောလိုက်သည်။
"ကိုယ် မင်းအသက်ကြီးလာမှာကို စောင့်နေမယ်။"
ယဲ့စစ်တစ်ယောက် အပြောချည်းသက်သက်သာဟု အထင်ခံရမည်စိုး၍ သက်သေတချို့ပြပေးချင်ခဲ့ရာ ခေါင်းမော့၍ တရုတ်ဆီးသီးအစေ့လို မျက်ဝန်းများဖြင့် ဟော့ထင်းလန်ကို ကြည့်လိုက်သော်လည်း သူ ဘာတွေးနေမှန်း မပြောနိုင်ခဲ့ပေ။
ဟော့ထင်းလန်က ပြုံးလိုက်သည်။
"ဘာ..."
သူ့စကားမဆုံးခင် ယဲ့စစ်က ရုတ်တရက်ရှေ့တိုးကာ ဦးခေါင်းလေးကိုစောင်းငဲ့၍ ပျံလွှားငှက်ကလေး ရေပေါ်ဖြတ်ပြေးသွားသကဲ့သို့ ဟော့ထင်းလန်၏ပါးပြင်ကို ထိုးဆိတ်လိုက်လေ၏။
နမ်းလိုက်ပြီးနောက် ဟော့ထင်းလန် မှင်တက်နေသည့်စက္ကန့်ပိုင်းအတွင်းမှာ ယဲ့စစ်တစ်ယောက် သေရေးရှင်ရေးကနေ လွတ်မြောက်ဖို့ကြိုးစားနေသကဲ့သို့ သူ၏ခြေထောက်ကို ပြန်ရုပ်လိုက်သည်။ အနမ်းကြောင့် ရောင်ကိုင်းနေသောနှုတ်ခမ်းများဖြင့် ကျောင်းသွားရမည်စိုး၍ စားပွဲဘက်သို့တိုးကာ ပေါက်စီနွေးနွေးလေးကို သူ့ပါးစပ်မှာ ကိုက်လိုက်လေ၏။ သူက အသက်ရှင်သန်ချင်သည့် ဆန္ဒအပြည့်ဖြင့် စကားပြောလိုက်ရာ ဂဏန်းသားအဆီများက သူ့နှုတ်ခမ်းထောင့်ကနေ စီးကျလာခဲ့သည်။
"ကျွန်တော်၊ ကျွန်တော် ခဏနေရင် ကျောင်းသွားရဦးမှာ ဟော့ရှူးရှူ။"
သူ၏စာလေ့လာခြင်းက အရေးကြီးပေ၏။ ဟော့ထင်းလန်၏ဆန္ဒမှာ မပြည့်ဝသေးသော်လည်း သူ့ခမျာ ဒေါသတကြီးရယ်မောရင်း ဘေးကနေသာ စိုက်ကြည့်နေခဲ့ရသည်။
စကားပြောခြင်းက အချိန်ကိုနှောင့်နှေးစေသဖြင့် ယဲ့စစ်မှာ ရွေးချယ်စရာမရှိဘဲ သူ့ပန်းကန်ကို အမြန်လက်စသတ်လိုက်ရသည်။ ဤရက်ပိုင်းအတွင်း ဟော့ထင်းလန်က သူ့ကို ကောင်းကောင်းဂရုစိုက်ပေးခဲ့ရာ သူ၏ပါးလေးများက ဖောင်းလာရုံသာမက မေးရိုးနှင့် လက်ကောက်ဝတ် အစရှိသော တချို့နေရာများကတောင် အရမ်းပိန်မနေတော့ပေ။
သူ့ကျောရိုးနှင့် လည်ကုပ်အစပ်နားမှာတောင် အရိုးက ထင်းမနေတော့ချေ။ စောစောက ဟော့ထင်းလန် သူ၏ခြေသလုံးကို ဆုပ်ကိုင်လိုက်သောအခါ အရင်ကထက် ပို၍ပျော့ပျောင်းလာပြီး ပို၍အာရုံခံစားမိလာသလို ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်က... အဆီပိုတချို့တိုးလာတာဖြစ််နိုင်သည်။
ကံမကောင်းစွာဖြင့် ၎င်းအား မမြင်နိုင််ခဲ့ပေ။
လွန်ခဲ့သောအခိုက်အတန့်တုန်းက ယဲ့စစ်တစ်ယောက် သူ၏ပါးပြင်ကို ကလေးဆန်ဆန် အနမ်းလေးပေးခဲ့သည်။
သို့သော် ထိုကဲ့သို့ သန့်စင်သည့်အနမ်းလေးက သူ၏ 'ညစ်ညမ်းသော' နှလုံးသားကို သန့်စင်အောင် မဆေးကြောပေးနိုင်ခဲ့ပေ။
ယဲ့စစ်က စိတ်လှုပ်ရှားနေသော သမင်ပျိုလေးတစ်ကောင်ဖြစ်ပြီး ယခုအခိုက်အတန့်၌ သူ၏ဟော့ရှူးရှူက သူ့ခန္ဓာကိုယ်ကိုတွေးနေကြောင်း တစ်ခါမှတွေးမိလိမ့်မည်မဟုတ်ပေ။
... ထိုသို့မဟုတ်ပါက သမင်ပျိုလေးမှာ ရှက်ရွံ့စွာဖြင့် သူ့ဦးခေါင်းကို နံရံနှင့်ဝင်တိုက်လိုက်လိမ့်မည်။
စားသောက်ပြီးနောက် ယဲ့စစ် အဝတ်အစားလဲဖို့အချိန်ရောက်လာ၏။
ဟော့ထင်းလန်က သိတတ်ပြီး မောင်းထုတ်ခံရဖို့ကို စောင့်မနေဘဲ သူကလည်း အလုပ်သွားဖို့ အသင့်ပြင်နေသကဲ့သို့ ရှပ်အင်္ကျီတစ်ထည်ယူရန် မာစတာအိပ်ခန်းထဲရှိ သူ့အဝတ်ဗီရိုဆီသို့ တည်တည်ငြိမ်ငြိမ်လျှောက်သွားလိုက်၏။
ယဲ့စစ်တစ်ယောက် ၎င်းအားမြင်လိုက်ရပြီး ဟော့ထင်းလန်၏အာရုံစိုက်မှုကို ဆွဲဆောင်မိမည်စိုး၍ ဘာမှမပြောခဲ့ပေ။ ဟော့ထင်းလန် ကျောပေးထားသည်ကို အခွင့်ကောင်းယူကာ တုံးလုံးချွတ်၍ ကျောင်းဝတ်စုံကို အလျင်အမြန်လဲလိုက်လေသည်။
ဗီရိုထဲမှာ ဟော့ထင်းလန်က လှည့်လို့ရသောကိုယ်လုံးပေါ်မှန်ကို နေရာချိန်ညှိလိုက်ပြီးနောက် သူ၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားလေ၏။
...ကျောက်စိမ်းသစ်ခွလေးလိုပဲ။
လုံးလုံးဝိုင်းဝိုင်းလေး၊ ဖြူဆွတ်ဆွတ်နဲ့ ပန်းရောင်လည်းသန်းနေတယ်။
အသားလည်းပေါတာပဲ။
အရမ်းကြည့်ကောင်းတယ်။
A+ အဆင့်အယ်ဖာတစ်ယောက်၏ သိမ်းငှက်လိုအမြင်အာရုံက အံ့မခန်းပင်။
... လူကြီးလူကောင်းလေးတစ်ယောက် အဝတ်လဲတာကို ခိုးကြည့်နေသည်မှာ အရှက်မဲ့ပြီး ဒေါသထွက်စရာကောင်းပေ၏။
ယဲ့စစ် သူ့ကော်လံပေါ်က နောက်ဆုံးကြယ်သီးကို တပ်လိုက်သည်အား မြင်လိုက်ရသောအခါ ဟော့ထင်းလန်က ကိုယ်လုံးပေါ်မှန်ကို မူလအတိုင်း ပြန်လှည့်လိုက်ပြီး သူ့နှလုံးသားထဲမှာတော့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချကာ ပြုံးလိုက်မိသည်။
...
ထိုနေ့မနက်က ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်ရှေ့မှာ သူ အသက်ကြီးလာတာကိုစောင့်ပေးဖို့နှင့် အနာဂတ်မှာ သူ အရည်အချင်းရှိလာလျှင် သူ့အပေါ်ကို ကောင်းကောင်းဆက်ဆံပေးမည်ဟု ကြီးကြီးကျယ်ကျယ်ပြောခဲ့သည်။
ယောက်ျားလေးတစ်ယောက်၏ ဆယ်ကျော်သက်အရွယ်က ကိုယ့်ကိုယ်ကိုယ်လေးစားမှု အပြင်းထန်ဆုံးနှင့် ထိရှအလွယ်ဆုံးဖြစ်၏။ ဤကြမ်းတမ်းသောစကားလုံးများက သူ့အချစ်ကိုရည်ရွယ်ပြီး မရေရာသော ရုန်းကန်ခြင်းများထက် ပို၍လွယ်ကူပေ၏။ အချိန်နီးကပ်လာပြီဖြစ်သော်လည်း သူ ဟော့ရှူးရှူအတွက် အထက်တန်းဒုတိယနှစ်၏ လာမည့်နောက်ဆုံးစာမေးပွဲမှာ ရလဒ်ကောင်းများကို ပြသပေးရမည်။
ထို့ကြောင့် ယနေ့မှာမူ ယဲ့စစ်တစ်ယောက် ကြက်သွေးများထိုးထားသည့်အတိုင်း စာလေ့လာခြင်း၌ အားအင်များပြည့်ဝနေခဲ့သည်။
နေ့လယ်ခင်းအားလပ်ချိန်မှာ သတ္တိများစုစည်းကာ ဆရာများနားနေခန်းကိုသွား၍ မေးခွန်းတချို့ကို ထစ်ထစ်ငေါ့ငေါ့မေးမြန်းခဲ့သည်။ ဟော့ထင်းလန်၏သင်ခန်းစာများက သံသယမရှိကောင်းမွန်သော်လည်း ယဲ့စစ်တစ်ယောက် ဘာသာရပ်ခြောက်ခုလုံးကို သူ့အပေါ်မှီိခိုနေလို့မဖြစ်ဘဲ ဆရာများကို မေးမြန်းသင့်သည်။
ကျောင်းကနေ အိမ်သို့ပြန်ရောက်ပြီးနောက်လည်း ထိုနည်းလည်းကောင်းပင်။ ယဲ့စစ်က စာဖတ်ခန်းထဲမှာ ဆယ့်တစ်နာရီအထိ စာလေ့လာနေခဲ့သည်။ သူက အိမ်စာများပြိီးသွားရုံသာမက တခြားပုစ္ဆာများကိုလည်း သူ့ဘာသာသူ တွက်ချက်ခဲ့သည်။ သူ့ကိုကြည့်ရတာ ဗိုက်မပြည့်သေးသော ဝံပုလွေပေါက်လေးနှယ် စာလေ့လာရာမှာ မျက်ဝန်းများက တောက်ပနေခဲ့လေ၏။ ဟော့ထင်းလန်သာ လာမခေါ်ခဲ့လျှင် သူ သတိလစ်သွားသည်အထိ စာမှစာပဲဖြစ်နေလောက်သည်။
"မေး၊ မေးခွန်းတစ်ခုတည်းပါပဲ။"
ယဲ့စစ်က လုယူခံလိုက်ရသော ဘောပင်ထိပ်ဖျားလေးကို သနားချင့်စဖွယ်ဆုပ်ကိုင်ထားပြီး လွှတ်မပေးခဲ့ပေ။
"ကျွန်တော်၊ ကျွန်တော် ဒီပုစ္ဆာကို ဘယ်လိုဖြေရှင်းရလဲဆိုတာ အဖြေရှာတွေ့သွားလို့၊ သံ၊ သံပူနေတုန်းကို ရိုက်ဖို့လိုအပ်လို့ပါ။"
သူက ယနေ့မနက်ခင်းတုန်းက တတ်မြောက်ခဲ့သော ချွဲသည့်အရည်အချင်းအသစ်ကို ထုတ်သုံးကာ နူးနူးညံ့ညံ့လေး တောင်းဆိုလိုက်လေ၏။
"ဟော့ရှူးရှူက အကောင်းဆုံးပဲလေ။"
ဟော့ထင်းလန်မှာ အဘယ်သို့ဖြင့် ၎င်းအား ခံနိုင်ရည်ရှိလိမ့်နည်း။
သူ၏အရိုးများက ပျော့ခွေသွားပြီး မျက်နှာထက် အပြုံးတစ်ပွင့်နှင့်အတူ နံဘေးမှာရပ်ကာ အထက်တန်းကျောင်းသားလေးတစ်ဦး စိတ်အားထက်သန်စွာဖြင့် ပုစ္ဆာဖြေရှင်းနေသည်ကို စောင့်ကြည့်နေခဲ့သည်။
မိနစ်အနည်းငယ်အတွင်း ဖြေရှင်းပြီးနောက် ယဲ့စစ်မှာ ဘာမှပြောစရာမရှိတော့ဘဲ အနားယူဖို့အတွက် ရိုးသားစွာဖြင့် သူ့အခန်းဆီပြန်သွားခဲ့သည်။ လမ်းတစ်ဝက်ရောက်တော့မှ သူ လမ်းမှားနေကြောင်း သတိပြုမိသွားလေ၏။ ဤသည်မှာ သူ့အိပ်ခန်းဆီမဟုတ်ဘဲ ဟော့ထင်းလန်၏ မာစတာအိပ်ခန်းဆီသွားသည့်လမ်းဖြစ်နေသည်။
"ကျွန်တော်၊ ကျွန်တော် လမ်းမှားသွားတာ..."
ယဲ့စစ်က နောက်ပြန်လှည့်ကာ သူ့အခန်းဆီ ပြန်သွားဖို့ပြင်လိုက်သည်။
မနေ့ညက ဟော့ထင်းလန်နှင့်အတူတူအိပ်ခဲ့သည်မှာ အထူးတလှယ်အခြေအနေကြောင့်ဟု ယဲ့စစ်က တွေးခဲ့၏။ ဟော့ထင်းလန်က တစ်ညလုံးအလုပ်လုပ်ခဲ့ရပြီး ခေါင်းကိုက်နေသဖြင့် သူ့ကို ခဏလောက်ပွေ့ဖက်ကာ အနားယူချင်ဟုသာ ပြောခဲ့သော်လည်း အနာဂတ်မှာ အခန်းမျှဝေရမည်ဟု မပြောခဲ့ပေ။
"ကိုယ် မင်းအတွက် အဝတ်လဲဖို့ယူလာခဲ့တယ်။" ဟော့ထင်းလန်က ပြုံးလိုက်ပြီး သူ့လမ်းကိုပိတ်ဆို့ကာ နူးညံ့စွာချော့မြှူလိုက်သည်။ "အခန်းခွဲမအိပ်ပါနဲ့တော့ ပေါင်ပေါင်း။"
ယဲ့စစ်မှာ အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားခဲ့ပြီး ရှောင်ကွင်းသွားဖို့ ဘယ်ဘက်သို့ခြေလှမ်းလိုက်သည်။
ဟော့ထင်းလန်ကလည်း ဘယ်ဘက်သို့ လိုက်ရွှေ့လာ၏။
ယဲ့စစ်က ညာဘက်သို့ ခြေလှမ်းလိုက်သည်။
ထိုအခါ ဟော့ထင်းလန်က ပြုံးလိုက်ပြီး ညာဘက်သို့လိုက်လာခဲ့ပြန်သည်။
ယဲ့စစ် ဘယ်ဘက်ကိုပဲရွှေ့ရွှေ့ သူက ပိတ်ဆို့ထားခဲ့သည်။
ယင်းက ကျောင်းဂိတ်ပေါက်မှာ အိုမီဂါလေးကို အနိုင််ကျင့်နေသော လူယုတ်မာတစ်ဦးနှယ်။
***
Aurora Novel Translation Team
There is No Eng Version