no

ယဲ့စစ် ရုပ်ပိုင်းဆိုင်ရာ အလွန်ပင်ပန်းနွမ်းနယ်ကာ နိုးထခြင်းနှင့် မေ့မြောခြင်းကြားသံသရာမှာ အချိန်အတိုင်းတစ်ခုအထိ ရုန်းကန်နေခဲ့ရသည်။

သူ မျက်လုံးများပွင့်လာသောအခါ နေ့ရက်တစ်ရက်၏ နေ့လယ်ခင်းတစ်ခုကိုရောက်နေပြီဖြစ်၏။ သူ့လည်ကုပ်ပေါ်မှ အိုမီဂါဂလင်းများက ပင်ပန်းနွမ်းနယ်မှုနှင့် အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့် နာကျင်နေခဲ့သည်။

သူ့တစ်ကိုယ်လုံးက နွေးထွေးကာ ခြောက်ကပ်နေကာ သံပုရာရှန်ပူရနံ့သင်းသင်းလေးကို ရရှိနေပြီး သူ၏ဦးခေါင်းခွံက လေမှုတ်စက်ဖြင့် အမှုတ်ခံထားရသကဲ့သို့ အနည်းငယ်နွေးနေခဲ့၏။

နောက်ဆုံးတော့ သူ့အိပ်မက်ထဲမှဆူညံသံများ မည်သို့ထွက်ပေါ်လာကြောင်း ယဲ့စစ် သဘောပေါက်သွားခဲ့သည်။

"ပေါင်ပေါင်း၊ နိုးလာပြီလား။"

လက်ချောင်းလေးတစ်ချောင်းက သူ၏နှာခေါင်းထိပ်လေးကို ယုယုယယပွတ်သပ်လာ၏။ ပင်ပန်းနွမ်းနယ်မှုကြောင့် နှေးကွေးနေသော ယဲ့စစ်တစ်ယောက် ရုတ်တရက် အသက်ပြန်ဝင်လာပြီး လက်ချောင်းလေးနောက်ကနေလိုက်ကြည့်လိုက်ရာ ဟော့ထင်းလန်ကို မြင်လိုက်ရသည်။

သူ့ကိုယ်ပေါ်မှ ညအိပ်ဝတ်စုံက လွန်ခဲ့သောအချိန်ကတည်းက လဲထားပြီးဖြစ်၏။ ပိုးသားက နူးညံ့သဖြင့် ယဲ့စစ်ဆီကနေ အကြိမ်အနည်းငယ် ကုတ်ခြစ်ခံရပြီးနောက် စုတ်ပြဲကာ သွေးများ၊ ချွေးများနှင့် စွန်းပေသွားခဲ့ပြီး ဟော့ထင်းလန်က ၎င်းကို အမှိုက်ခြင်းထဲ တိုက်ရိုက်ထည့်ခဲ့သည်။

ယခုဝတ်ထားသော အရောင်ခပ်ဖျော့ဖျော့ပိုးသားက ရေမျက်နှာပြင်ပေါ်မှ ရေလှိုင်းကလေးများနှယ် သူနှင့် လိုက်ဖက်နေခဲ့သည်။ လည်ပင်းအဟက သံသယဖြစ်စရာကောင်းနေပြီး သူ၏ရင်အုပ်တစ်ခုလုံးကို အပြည့်အဝဖော်ပြထားလေ၏။

သူက အချိန်မှန်လေ့ကျင့်ခန်းလုပ်သဖြင့် သူ၏တည်ဆောက်ပုံက အလွန်ကောင်းမွန်နေသည်။ ကြွက်သားများကလည်း အနေတော်ဖြစ်ပြီး အလယ်မှာ ကျဥ်းမြောင်းသော ဒေါင်လိုက်လိုင်းလေးတစ်ခုရှိနေခဲ့သည်။

ဖြူဆွတ်နေသော ယဲ့စစ်၏အရေပြားကော်မှာ အစိမ်းနှင့် အနီအမှတ်အသားများဖြင့် ဆေးခြယ်ထားပြီး ဟော့ထင်းလန်ကလည်း ထူးပြီးကောင်းမနေပေ။ သူ့ကိုယ်ပေါ်မှာ ကုတ်ခြစ်ရာများနှင့် တစ်နည်းနည်းဖြင့် ရယ်စရာကောင်းသော သွားရာများ၊ အနီရောင်လက်ဗွေရာများပါ ရှိနေခဲ့သည်...

အထူးသဖြင့် သူ၏ရင်အုပ်ပေါ်မှာဖြစ်၏။

ထို့နောက်မှာ ကုတ်ခြစ်ရလွယ်ကူသော နောက်ကျောက ဒုတိယဖြစ်သည်။

ကြောင်အရိုင်းလေးက သူ့ကို ကုတ်ခြစ်ထားသည့်နှယ်။

ထို့ကြောင့် အယ်ဖာနှင့် အိုမီဂါကြားမှ တစ်သက်တာအမှတ်အသားပေးခြင်းက ရက်ရှည်တိုက်ပွဲတစ်ခုနှင့်တူသည်ဟု ပြောကြသည်မှာ အံ့သြစရာမရှိတော့ပေ။

ယဲ့စစ်တစ်ယောက် အပြစ်ရှိစိတ်ကိုခံစားလိုက်ရပြီး မျက်လွှာချလိုက်လေသည်။ ခဏအကြာတွင် သူက ရှတတလေသံဖြင့် မေးမြန်းလိုက်သည်။

"ဒီ၊ ဒီနေ့ ဘယ်နှရက်နေ့လဲ။"

ဟော့ထင်းလန်က အပြုံးလေးဖြင့် ရက်စွဲတစ်ခုကိုပြောလိုက်သည်။

"အာ..."

ယဲ့စစ် နေ့ရက်များကို ရေတွက်ကြည့်လိုက်ပြီးနောက် မှင်တက်သွားလေ၏။ ယင်းက လေးရက်ရှိပြီဖြစ်ပြီး သူ့စိတ်ထဲ ပထမဆုံးပေါ်လာသည့်အတွေးက နွေပိတ်ရက် စာလေ့လာသည့်အချိန်ဇယားက လုံးဝကုန်ဆုံးကာ ကျောင်းများလည်း ပြန်စဖွင့်တော့မည်ဟူ၍။ ထို့နောက်တွင် ဤလေးရက်တာကာလအတွင်း သူ၏မှတ်ဉာဏ်များ ပြန်လည်ပြသခြင်းက လိုက်ပါလာခဲ့သည်။ ရေသောက်ခြင်းအပြင် သူ၏ခန္ဓာကိုယ်ကို စွမ်းအားဖြည့်ဆေးတောင့်များဖြင့် ပြန်လည်အားဖြည့်ခြင်း၊ အသိစိတ်လွတ်တစ်ဝက်အခြေအနေဖြင့် အိပ်ပျော်ခြင်းတို့မှလွဲ၍ ကျန်တဲ့အချိန်များအားလုံး...

ရူးတာပဲ။

အဲ့ဒါ တကယ်ပဲ သူလား။

ပူလောင်နေသောသွေးများက ရုတ်တရက် သူ့ဦးခေါင်းနှင့် မျက်နှာများထဲပြည့်နှက်ကာ ရှက်ရွံ့မှုကြောင့် သူ၏နားစည်ထဲ တဝီဝီမြည်နေ၏။

ဟော့ထင်းလန်က အလွန်ဆိုးသွမ်းပေ၏။ သူက ယဲ့စစ်၏ သေးငယ်လွန်းသောအမူအရာများမှတစ်ဆင့် သူ၏အတွေးများကို ဖတ်ဖို့ကြိုးစားနေခဲ့သည်။ သူ ပြန်တွေးနေသောအရာများအကြောင်း အမှတ်ရသွားသောအခါ အချိန်မဆွဲဘဲ ကျေနပ်ပီတိဖြစ်နေသောလေသံဖြင့် ပြောလိုက်လေ၏။

"မင်းက အစပိုင်းမှာကတည်းက အရမ်းငိုနေတော့ မင်းကို ရှက်နေမယ်ထင်ခဲ့တာ..."

ထို့နောက် သူက ခပ်ဖွဖွပြုံးလိုက်သည်။

"နောက်ပိုင်းမှာ သိပ်ကိုစိတ်အားထက်သန်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။"

ယခင်ဘဝတုန်းကနှင့် အလွန်တရာခြားနားလွန်းလှသည်။

"!"

"ဟော့ရှူးရှူ!!!"

အပြစ်ကင်းစင်သော အထက်တန်းကျာင်းသားလေး၏ မျက်ဆံများက အပြင်းအထန်လှုပ်ခတ်သွားပြီး မျက်နှာနီမြန်းလျက် ဤနေရာမှာတင် တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်လာခဲ့သည်!

မည်သို့ပင်ဆိုစေ ၎င်းက သူ့အမှားမဟုတ်ပေ။

ဟော့ထင်းလန်ကသာ စတင်ခဲ့သူဖြစ်သည်။ သူ၏ရင်အုပ်ကြီးကို တမင်တကာအသုံးချခြင်းက မမှန်ကန်ချေ။ သူက အနှီကြွက်သားများဖြင့် ဆွဲဆောင်ခံလိုက်ရခြင်းဟု ပြောရပေမည်။

သူ heat ဝင်သွားအောင် ဖိအားပေးလှုံ့ဆော်ခံခဲ့ရပြီးနောက် သူ၏ဆန္ဒတို့က ထူးထူးဆန်းဆန်း မတည်မငြိမ်ဖြစ်လာ၏။ ဟော့ထင်းလန်က 'အမှတ်အသားပေးပြီးတဲ့အထိပဲ' ဟု ပြောလာချိန်တိုင်း သူက...

ဟော့ရှူးရှုက အရှက်မဲ့လွန်းတယ်!

ယဲ့စစ်တစ်ယောက် သံပန်းကန်ပြားအပူပေါ်မှ ပုရွက်ဆိတ်လေးတစ်ကောင်လို စိုးထိတ်လာခဲ့သည်။ သူ နီမြန်းနေသောမျက်နှာဖြင့် အချိန်ခဏလောက်လှည့်ပတ်ပြေးနေရင်း ရုတ်တရက် သူ့အနားတိုးကာ ဟော့ထင်းလန်၏ဝတ်စုံကော်လံကို စေ့ပေးလိုက်လေ၏။ ထို့နောက် စိတ်အနှောင့်အယှက်ဖြစ်ကာ ပြောလိုက်သည်။

"ထပ်ပြီး၊ ထပ်ပြီးမပြနဲ့တော့..."

သူ အမှန်တကယ်ကို ထပ်မသွားနိုင်တော့ပေ။ သူ့တစ်ကိုယ်လုံး ဟော့ထင်းလန်ကြောင့် ကျိုးကြေတော့မတတ်ဖြစ်နေလေပြီ။

အလှတရားက သိပ်ကိုလှည့်စားတတ်သည်။

ယဲ့စစ် အံကြိတ်ကာ သူများကိုအပြစ်ဖို့တတ်သည့် ဟော့ထင်းလန်အား တုပလိုက်၏။

သူ့က သိသိသာသာ နူစညံ့သောစိတ်သဘောထားရှိသော်လည်း ယခုအခိုက်အတန့်မှာ အာဏာရှင်လိုပြုမူခဲ့သည်။

ဟော့ထင်းလန်က သူ့ကို အပြုံးလေးနှင့်အတူ ထွေးပွေ့လိုက်ပြီး သူ၏နှုတ်ခမ်းများဖြင့် ယဲ့စစ်၏ သံပုရာရနံ့သင်းနေသောဆံပင်များဖြင့် ဖိကပ်၍ ပျော့ပျောင်းစွာပြောလိုက်သည်။

"ဟုတ်ပါပြီ၊ ကိုယ် မစတော့ပါဘူး ပေါင်ပေါင်း။"

နှစ်ဦးသား၏ကမ္ဘာလေးထဲမှာ နွေးထွေးမှုတို့ စီးဆင်းနေခဲ့သည်။ ယဲ့စစ်က တိတ်ဆိတ်နေပြီး ကြောင်ပေါက်လေးလို ဟော့ထင်းလန်၏ညှပ်ရိုးပေါ် သူ၏မေးလေးဖြင့်ထောက်ထား၏။ တစ်သက်တာအမှတ်အသားက အယ်ဖာနှင့် အိုမီဂါတို့ကြားရှိ စိတ်ဝိညာဥ်ဆက်သွယ်ချက်ကို နီးကပ်လာစေသည်။ ယဲ့စစ်တစ်ယောက် သူ့ရင်ဘတ်ထဲမှာ အသီးလေးတစ်လုံးသီးလာပြီး ရင့်မှည့်လာသလိုမျိုး ခံစားလိုက်ရသည်။

ချိုချိုချဥ်ချဥ်အရည်လေးဖြင့် ပက်ဖျန်းခံထားရသော သူ၏နှလုံးသားလေးက ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့သည်။ ယဲ့စစ်တစ်ယောက် အပျော်လွန်ပြီး ဘာလုပ်ရဘာကိုင်ရမှန်းမသိနေသကဲ့သို့ မသိစိတ်အရ ဦးခေါင်းလေးလှည့်ကာ သူ၏ပါးပြင်ကို ဟော့ရှူးရှူ၏ရင်ဘတ်နှင့် ပွတ်သပ်နေခဲ့၏။

"ဗိုက်ဆာနေပြီလား။"

ခဏတာ ပွတ်သီးပွတ်သပ်လုပ်ပြီးနောက် ဟော့ထင်းလန်က တိတ်ဆိတ်မှုကိုဖြိုခွင်း၍ အနည်းငယ်ချိုင့်နေသော ယဲ့စစ်၏ဝမ်းဗိုက်လေးကို ပွတ်သပ်လိုက်သည်။

လွန်ခဲ့သည့်လေးရက်လုံး ၎င်းတို့တွေ ဘာမှမစားဘဲ အားဖြည့်အချိုရည်များ၊ အားဖြည့်ဆေးတောင့်များဖြင့်သာ ခွန်အားသိုလှောင်ခဲ့သည်။

အနှီဝမ်းဗိုက်လေးထဲမှာ ဘာမှမရှိဘဲ ခြွင်းချက်အနေဖြင့်...

[TN/ သုတ်ရည်တွေပဲရှိတယ်လို့ ပြောချင်တာပါ။]

ဟော့ထင်းလန်က ပြုံးလိုက်ပြီး ရောင်စုံအတွေးများကို ဖယ်ရှားလိုက်သည်။

"အောက်ထပ်ဆင်းပြီး တစ်ခုခုသွားစားကြမယ်။"

"အွန်း။"

ယဲ့စစ်က နာခံမှုရှိစွာခေါင်းညိတ်၍ ဖိနပ်အပါးကိုစွပ်ကာ ထရပ်လိုက်သည်။ ရလဒ်အနေဖြင့် သူ၏တင်ပါးက မွေ့ရာနှင့် ငါးစင်တီလောက်ကွာသွားချိန်မှာ ဟော့ထင်းလန်က သူ့ကို ခါးကနေဆုပ်ကိုင်ကာ သူ့ပေါင်ပေါ်ကိုတင်လိုက်သည်။ ပွေ့ဖက်လိုက်သည့်အားက အင့်ခနဲတောင် ဖြစ်သွားစေခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလို ဟော့ထင်းလန်၏ လေးလံသောအသက်ရှူသံများက သူ့လည်ကုပ်ပေါ် ရိုက်ခတ်လာလေ၏။ သူသည် သတိပေးခြင်းမရှိဘဲ သူ၏နှာခေါင်းထိပ်လေးဖြင့် အသားစားသတ္တဝါတစ်ကောင်က သွေးနံ့ကိုရလိုက်ပြီး ရူးသွပ်သွားသလိုမျိုး ယဲ့စစ်၏ဂလင်းများပေါ် ဖိကပ်လိုက်ပြီး စိတ်အားထက်သန်စွာ၊ ယစ်မူးစွာ ရှူရှိုက်လိုက်လေသည်။

ယဲ့စစ်တစ်ယောက် ကုပ်ကလေး ပုဝင်သွားခဲ့သည်။

"...တောင်းပန်ပါတယ်။"

ဟော့ထင်းလန်က သူ့ကိုပွေ့ဖက်ထားပြီး လွှတ်မပေးခဲ့ချေ။ သူ၏မျက်လုံးများက မည်းနက်နေပြီး သူ၏အလိုဆန္ဒများက သိပ်သည်းစွာထွက်ပေါ်ကာ မီးများတောက်လောက်လာ၏။

"ကိုယ် အမှတ်အသားပေးပြီးခါစဆိုတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သေးဘူး။"

တစ်သက်တာအမှတ်အသား ကနဦးဖြစ်တည်လာသည့်အဆင့်မှာ အိုမီဂါက အချိန်တစ်ခုအထိ အယ်ဖာအပေါ် တွယ်ကပ်နေတတ်သည်။ အေးစက်ကာ အရှက်အကြောက်ကြီးသော အိုမီဂါကတောင် နူးညံ့ပြီး လူအရမ်းကပ်လာတတ်၏။ ဤပြောင်းလဲမှုကြောင့် ယဲ့စစ်တစ်ယောက် ပြင်းထန်လွန်းသောနွေးထွေးမှုနှင့် ချိုမြိန်မှုတို့ကို ခံစားခဲ့ရသည်။

အိုမီဂါအတွက် သက်ဆိုင်ရာအယ်ဖာ၏ ပိုင်ဆိုင်လိုမှုနှင့် အလိုဆန္ဒတို့ကလည်း အထွတ်အထိပ်ကို ရောက်နေလိမ့်မည်။ အတည်ငြိမ်ဆုံးအယ်ဖာကတောင် ယုတ္တိမတန်သောအရာများကို လုပ်တတ်ပြီး စောစောက ယဲ့စစ်၏ ထထွက်သွားသောအပြုအမူက လက်ရှိမှာ ထိရှလွယ်နေသောဟော့ထင်းလန်ကို လှုံ့ဆော်သလိုဖြစ်သွားပြီး ပုံမှန်ဖြစ်နေသောမျက်နှာဖုံးကို စုတ်ပြဲသွားစေခဲ့သည်။

ဤကာလ၏ကြာမြင့်ချိန်က တစ်ယောက်နှင့်တစ်ယောက် ကွဲပြားပြီး ယင်းက အယ်ဖာနှင့် အိုမီဂါ၊ နှစ်ဦးသားကြားရှိ ဆက်ဆံရေးအတိမ်အနက်နှင့် ဆက်စပ်နေပေသည်။ နှောင်ကြိုးက နက်ရှိုင်းလေ၊ ပို၍ကြာမြင့်လေဖြစ်ပြီး ရက်သတ္တပတ်ကနေ လချီကြာမြင့်တတ်သလို ပြင်းအားက တဖြည်းဖြည်းလျော့ကျလာလိမ့်မည်။

ယခုတစ်ခေါက်၌ ယဲ့စစ်၏ ကျန်မာရေးပညာပေးအတန်းက အချည်းနှီးမဖြစ်ခဲ့ပေ။ သူ ဤအရာကို ချက်ချင်းမှတ်မိလိုက်သည်။

"ကျွန်တော်၊ ဗိုက်၊ ဗိုက်ဆာလို့ အောက်ထပ်ကိုသွားပြီး တစ်ခုခုစားမလို့ပါ။ ကျွန်တော် အပြင်၊ အပြင်မသွားပါဘူး။"

သူက ဟော့ထင်းလန်ကို စာအုပ်ထဲကစကားပြောစွမ်းရည်နှင့် ဖျောင်းဖျဖို့ကြိုးစားလိုက်သည်။

"ကိုယ်သိပါတယ်။"

ဟော့ထင်းလန်က မျက်လုံးများမှိတ်ကာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"ကိုယ် ဘယ်လိုလုပ်ရမလဲ ပေါင်ပေါင်း... ကိုယ် မင်းကို ကိုယ့်အိပ်ရာထဲကနေ ထွက်မသွားစေချင်ဘူး။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment