no
အပိုင်း (၂၀) - တားဆီးလို့မရသလို ရပ်တန့်လို့မရဘူး
သူ့ကိုယ်သူ ပိုက်ကွန်ထဲပစ််ဝင်မိခဲ့သည်။
သူတော်စင်တစ်ယောက်တောင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ဟော့ထင်းလန်က ပိန်ပါးကာ နုပျိုလတ်ဆတ်သော လူငယ်လေးကို သူ့ရင်ခွင်ထဲပွေ့ဖက်ထားပြီး သူ၏သွားစွယ်များက သူ့လည်ကုပ်ထဲ လုံးဝစိုက်ဝင်နေခဲ့သည်။
အလွန်ပြင်းထန်သော အယ်ဖာဖယ်ရိုမုန်းအများအပြားက သတိပေးခြင်းအလျင်းမရှိဘဲ ဝင်ရောက်သွားလေသည်။ အပူရှိန်က တောက်လောင်ကာ နီရဲရောင်ရမ်းနေသည့် အိုမီဂါဂလင်းများထဲ ဖြတ်သန်းဝင်ရောက်သွားခဲ့၏။
မည်သို့ပင်ဆိုစေ ၎င်းတို့က A အဆင့်ဖယ်ရိုမုန်းများဖြစ်သဖြင့် ခွန်အားက အလွန်မြင့်မားလျှင် ထိုးသွင်းပြီးနောက်မှာ နာကျင်နေသောအာရုံကြောများပေါ် အကျိုးသက်ရောက်လိမ့်မည်။
သူ၏လည်ကုပ်က ပူလောင်နာကျင်လာပြီး ခြေထောက်များက အားမရှိတော့တာတောင် ယဲ့စစ်တစ်ယောက် အံကြိတ်ကာ ရုန်းကန်နေဆဲပင်။ မူးဝေကာ ရှုပ်ထွေးနေရင်း ဟော့ထင်းလန်၏သွားများက သူ့အသားထဲစိုက်ဝင်နေတာကို လျစ်လျူရှုကာ သူ့လည်ကုပ်ကို တစ်ဘက်သို့ အားနှင့်လှည့်လိုက်၏။
သူသာ လှည့်တာအရှိန်လွန်သွားလျှင် ပျောက်ကင်းဖို့လွယ်ကူသည့် ခပ်တိမ်တိမ်ကိုက်ရာလေးကနေ ပွင့်ထွက်သွားမည်ကို ဟော့ထင်းလန် စိုးရိမ်မိသည်။
ထိုသို့ဆိုလျှင် ဟော့ထင်းလန်တစ်ယောက် နှလုံးကွဲပြီးသေသွားနိုင်သည်။ သူ့မှာ စူးရှသောမျက်လုံးများနှင့် သွက်လက်သောလက်များရှိပြီး ယဲ့စစ်၏မေးရိုးကို အလျင်အမြန်ဆုပ်ကိုင်၍ သူ၏ ခပ်ချွန်ချွန်မေးရိုးလေးကို သွေးထွက်နေသောသူ့လက်ဖဝါးအား ကြိတ်ချေခွင့်ပေးထားလိုက်သည်။ သူက ဒဏ်ရာကိုလျစ်လျူရှုကာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ယာယီအမှတ်အသားထဲမှာပဲ နစ်မြုပ်ထားလိုက်၏။
"ငြိမ်ငြိမ်လေးပဲနေပြီး ခဏသည်းခံလိုက်နော်။"
ဟော့ထင်းလန်တစ်ယောက် ဟိုးနှစ်ပေါင်းထာင်ချီကတည်းက အယ်ဖာများ ၎င်းတို့၏ပါတနာများကို အမှတ်အသားပေးရာ၌သုံးသည့် လက်သုံးစကားများကို အရှက်မဲ့စွာ အက်ရှသောလေသံဖြင့် ချော့မြှူလိုက်သည်။ ထိုမျှသာမကသေးဘဲ သူက ပို၍မြတ်နိုးယုယကြင်နာစွာဖြင့် ချော့မြှူခဲ့သည်။
"စိတ်ရှည်ရှည်ထားပါ ပေါင်ပေါင်း။"
[TN/ ပေါင်ပေါင်း - ဘေဘီ/ကလေးလေး။]
ယဲ့စစ်တစ်ယောက် တုန်ယင်သွားပြီး ဟော့ထင်းလန်၏ပခုံးပေါ်မှ သွယ်လျသောလက်ချောင်းလေးများက ၎င်းတို့၏ခွန်အားကို အခြားပြသစရာ နေရာမရှိတော့သကဲ့သို့ ရုတ်ခြည်းကွေးညွတ်ကာ တင်းကျပ်သွားခဲ့သည်။
ထိုချစ်စနိုးအမည်က သူ့ကို ယာယီအမှတ်အသားထက်ပို၍ အရှက်ရစေခဲ့ပြီး သူ၏ရှုပ်ထွေးနေမှုဆီကနေ နိုးထလုနီးပါးဖြစ်ခဲ့သည်။
တကယ်တမ်းမှာတော့ ဟော့ထင်းလန် သူ့ကို ထိုကဲ့သို့ မကြာခဏမခေါ်ခဲ့ဖူးချေ။ အတိတ်ဘဝတုန်းက ယဲ့စစ်သည် ထိုမျှပြင်းထန်သောပရောပရည်လုပ်မှုကို ခံနိုင်ရည်ရှိဖို့အတွက် အလွန်အရေပါးလွန်း၏။
[TN/ အရေပါး - အရှက်အကြောက်ကြီးတာပါ။]
၎င်းက အထဲမှာ အချိန်တစ်ခုအထိ စုပြုံနေခဲ့ပြီး ဂိတ်တံခါးဖွင့်လိုက်ချိန်မှာတော့ သူက အဆက်မပြတ်ခေါ်နေတော့သည်။ သူ၏ အက်ရှရှလေသံတိုးတိုးလေးက ယဲ့စစ်၏နားထဲ သဲမှုန်လေးများပွတ်တိုက်သွားသလို အပူငွေ့နှင့် အရှက်တရားများပါ ပြည့်နှက်လာခဲ့သည်။
"ပေါင်ပေါင်း၊ ရှောင်စစ်... ပေါင်ပေါင်း..."
ယဲ့စစ်၏နားရွက်များက နီရဲနေပြီး သူ အနောက်ဆုတ်ချင်ခဲ့သော်လည်း ထိန်းချုပ်ခံထားရ၏။
Heat တက်လာပြီး ကိုက်ညီမှုမြင့်မားလွန်းသည့် အယ်ဖာဆီမှာ ချော့မြှူခံနေရကာ ရှင်းပြလို့မရစွာဖြင့် မခံမရပ်နိုင်အောင် စိတ်လှုပ်ရှားလာပြီး သူ၏ခြေချောင်းလေးများကတောင် ကွေးညွတ်သွားခဲ့သည်။
စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရ... အပြည့်အဝမကွဲပြားသေးသော မရင့်ကျက်သေးသည့်ဂလင်းများက အလွန်သည်းခံနေခဲ့ရသည်။
ယာယီအမှတ်အသား ပြီးဆုံးသွားသည့်အခိုက်အတန့်မှာ ယဲ့စစ်က ကြောင်ပေါက်လေးလို လည်ချောင်းသံပြုကာ သူ၏ခြေထောက်လေးများကို တစ်ချက်တစ်ချက်ကန်ထုတ်၍ ဟော့ထင်းလန်၏ရင်ခွင်ထဲမှာ သတိမေ့သွားခဲ့လေသည်။
Rut ဝင်နေသော အယ်ဖာများအတွက် လည်ကုပ်ပေါ်ရှိ ယာယီအမှတ်အသားက နှီးနှောသောဖြစ်စဥ်များ၏ အစကနဦးသာရှိသေးသည်။
ယင်းက ခံတွင်းမြိန်စာတစ်ခုသာ။
ရုပ်ပိုင်းဆိုင်ရာနာကျင်မှုက သက်သာလာသော်လည်း စိတ်ဝိညာဥ်ကတော့ မပြည့်ဝသေးချေ။ ဆန့်ကျင်ဘက်အနေဖြင့် လောဘကြီးသူအား ဆက်သွားဖို့ဆွဲဆောင်နေခဲ့သည်။
ဟော့ထင်းလန်က ဝါးပင်နှင့်တူသောလူငယ်လေးကို သူ့ရင်ခွင်ထဲမှာ ထွေးပွေ့ကာ တက်ကီလာရနံ့နှင့် ရောယှက်နေသော ဗနီလာရနံ့လေးကို လောဘကြီးစွာရှူရှိုက်နေ၏။ ယင်းက ယာယီအမှတ်အသား ပြီးမြောက်ခြင်း၏ သင်္ကေတတစ်ခုဖြစ်ပြီး ရင်းနှီးသလို ရင်းလည်းမရင်းနှီးပေ။ ၎င်းမှာ သူ၏တောင့်တမှုကို ခြောက်လှန့်ကာ သူ၏ရူးသွပ်မှုကို ချော့မြှူ၍ သူ၏နာကျင်မှုကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သက်သာစေခဲ့သည်။
နက်ရှိုင်းသည့် တစ်ခုသောစိတ်ခံစားချက်က သူ့ဝင်သက်တိုင်းမှာ စိမ့်ဝင်လာခဲ့သည်။ ရူးသွပ်မှု၊ သားရဲဆန်သည့်လိုအင်၊ ကြမ်းကြုတ်သော ဗီဇတို့က ပင်လယ်လှိုင််းလုံးများလို သူ့ရင်ဘတ်ထဲမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး... ကြီးကျယ်ခမ်းနားသော ချစ်ခြင်းမေတ္တာအဖြစ် တဖြည်းဖြည်းပေါင်းစည်းသွားကာ အဖြူရောင်အမြှုပ်ကလေးများအဖြစ် ပျံ့နှံ့သွားတော့သည်။
သူ ယဲ့စစ်၏ ပခုံးသေးသေးလေးကို ဆုပ်ကိုင်ထားပြီး သူ၏အသက်ရှူသံက လေးလံကာ သူ၏မျက်လုံးများက နီရဲနေဆဲဖြစ်သော်လည်း သည်းခံမှု၊ ချစ်ခြင်းမေတ္တာတို့နှင့်အတူ ယဲ့စစ်ကို ကွဲလွယ်သောကြွေထည်လေးလို အောက်ပြန်ချပေးလိုက်ပြီး သူ၏ညအိပ်ဝတ်စုံကော်လံကို သူ့အတွက် ပြန်ဆွဲတင်ပေးလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို နံဘေးက အင်တာကွန်ဖုန်းကို လှမ်းယူလိုက်လေ၏။
...
စစ်အန်းပုဂ္ဂလိဂဆေးရုံ။
အတွင်းလူနာအဆောက်အအုံအရှေ့ပိုင်း၊ တတိယထပ်၌။
အသစ်ဝင်ရောက်လာသော လူနာက အနားယူရန်လိုအပ်သဖြင့် ဟော့မိသားစုက ထိုဧရိယာကိုရှင်းလင်းကာ အခန်းနံပါတ် ၃၀၅ မှလွဲ၍ တတိယထပ်ရှိ အခြားလူနာဆောင်များတွင် မည်သူမှမရှိတော့ချေ။ ပြတင်းတံခါးအပြင်ဘက်မှ လေတိုက်ခတ်၍ မိုးမခနွယ်များလှုပ်ရှားနေသံကို ကြားနိုင်လောက်အောင်အထိ တိတ်ဆိတ်လွန်းသည်။
ယဲ့စစ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။
သူက ယဲ့ဟုန်ကျွင်း၏မျက်နှာသေးသေးလေးကို အမွေဆက်ခံရရှိထားပြီး သူနိုးနေချိန်မှာဆို ၎င်းက အေးစက်ကာ သူ၏မျက်နှာက ဆီးနှင်းကဲ့သို့ဖြစ်နေပြီး အိပ်ပျော်ကာ အကာအကွယ်မဲ့နေချိန်မှသာ ကလေးဆန်မှုနည်းနည်းလေးကို ပြသခဲ့သည်။
ဤနှစ်လအတွင်း သူက ပုံမှန်အတိုင်း အာဟာရပြည့်အောင်စားသောက်ခဲ့သဖြင့် ပေါင်အနည်းငယ်တက်လာပြီး သူ၏အရိုးများက ငေါထွက်မနေတော့ဘဲ သူ၏ပါးပြင်လေးများကလည််း လုံးလုံးဝိုင်းဝိုင်းလေးဖြစ်လာ၏။
မနက်ရောက်ပြီဖြစ်ရာ သူ့ကို မျက်နှာသစ်ပေးရမည်ဖြစ််သည်။
ဟော့ထင်းလန်က သူ့ဘေးမှာရပ်လိုက်ပြီး နာရီကိုချွတ်ကာ ရှပ်အင်္ကျီလက်ကို ပင့်တင်လိုက်သည်။ သူက တဘက်ကို နွေးထွေးသောရေထဲနှစ်၍ ရေညှစ်လိုက်ပြီးနောက် ယဲ့စစ်၏နဖူး၊ မျက်လုံးထောင့်များ၊ ပါးပြင်များကို သုတ်ပေးလိုက်သည်...
ပထမဆုံးအကြိမ်အဖြစ် သူ A+ အဆင့်အယ်ဖာအမှတ်အသားကို ရရှိခဲ့သည်။ မကွဲပြားသေးသော အိုမီဂါလေးမဆိုထားနှင့် အပြည့်အဝရင့်ကျက်သည့် အသက်ကြီးသောအိုမီဂါများတောင် တစ်ရက်၊ နှစ်ရက်လောက် အိပ်ပျော်သွားလိမ့်မည်။
A+ အဆင့်အယ်ဖာဖယ်ရိုမုန်းများက အလွန်ပြင်းထန်ပြီး အတိုင်းအတာတစ်ခုအထိ ဖျက်ဆီးနိုင်၏။ အိပ်ပျော်နေချိန်အတွင်း ခန္ဓာကိုယ်ကို သူ့ဘာသာသူပြုပြင်ရန်နှင့် အချက်အလက်အသစ်များကို စိတ်မှာစွဲမြဲနေအောင် ပြုလုပ်ဖို့လိုအပ်၏။ ဤနည်းအားဖြင့် တူညီသော A+ အဆင့်အယ်ဖာက နောက်တစ်ကြိမ်အမှတ်အသားပေးသောအခါ ဆိုးဝါးသောတုံ့ပြန်မှုများကို အများအပြားလျော့ကျသွားစေမည်ဖြစ်သည်။
ယဲ့စစ်က သုံးရက်လောက်အိပ်ပျော်နေခဲ့သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးချက်ရလဒ်များက လက်ရှိအခိုက်အတန့်မှာ ပုံမှန်ဖြစ်နေ၏။
သို့သော် ကွဲပြားမှုအလယ်မှာ အယ်ဖာတစ်ယောက်ဆီကနေ အမှတ်အသားပေးခံလိုက်ရသဖြင့် ရေတိုရိိုက်ခတ်မှုများရှိ၊ မရှိကို ပြောဖို့ခက်ပေသည်။ ထို့ကြောင့် ဟော်မုန်းအတက်အကျကို ၂၄/၇ စောင့်ကြည့်ပြီး အချိန်မရွေး ကုသနိုင်ရန် ဆေးရုံတွင် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ရန် ဆရာဝန်များက အကြံပြုထားလေ၏။
သူ၏မျက်နှာက ယားယံကာ စိုစွတ်နေသည်... ခွေးကြီးတစ်ကောင်ဆီကနေ အလျက်ခံနေရသလိုပင်။
ယဲ့စစ် မျက်မှောင်ကြုတ်ကာ မျက်တောင်များက တုန်ယင်လာပြီး ဆတ်ခနဲ မျက်လုံးဖွင့်လိုက်လေ၏။
သူ အချိန်အကြာကြီး အိပ်မောကျနေခဲ့သဖြင့် အသိစိတ်များက မှုန်ဝါးနေပြီး အနည်းငယ်ကြောင်အမ်းစွာဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
သူမြင်နေရသည့်မျက်နှာကြက်၊ နံရံ၊ အိပ်ရာခင်းများ အားလုံးက အဖြူရောင်ပြင်ကျယ်ကြီးပင်။
လက်ဖမိုးပေါ်မှာ အပြာရောင်သွေးကြောအနည်းငယ်နှင့် လက်တစ်ဖက်လည်းရှိနေ၏။ အုံ့မှိုင်းမှိုင််းအပြာရောင်ရှပ်အင်္ကျီလက်ကို ပိပိရိရိခေါက်တင်ထားသည်။ ၎င်းက အရွယ်ရောက်ပြီးသူတစ်ယောက်၏လက်ဖြစ်သော်လည်း သူ့မျက်နှာကို တဘက်စိုဖြင့်သုတ်ပေးနေသည့် သူ၏လှုပ်ရှားမှုများက အလွန်နူးညံ့နေသည်။
ယဲ့စစ် မှင်တက်စွာဖြင့် သူ့လက်နောက်သို့ လိုက်ကြည့်လိုက်သည်။
ဟော့ထင်းလန်က ခုတင်ဘေးမှာ ထိုင်နေရင်း သူ့ကိုစိုက်ကြည့်နေသည်။ သူ၏မျက်လုံးများက မည်းနက်နေပြီး နူးညံ့မှုကလွဲလို့ အခြားစိတ်ခံစားချက်များကို ရှာလို့မရချေ။ ကျန်သောအရာများကို အလွန်နက်ရှိုင်းစွာ မြှုပ်နှံထားသည်။
သူက တည်ငြိမ်မှုကိုထိန်းသိမ်းထားသည့် ကြမ်းကြုတ်သောမုဆိုးတစ်ယောက်နှယ် ထောင်ချီသော ထောင်ချောက်များကိုချထားပြီး မြက်ခင်းပြင်ပေါ်မှာ လဲလျောင်းကာ အဖိုးတန်အကောင်ပေါက်လေးက မည်သည့်တွင်းထဲသို့ ကျရောက်သွားမလဲဟု အသံတိတ်စောင့်ကြည့်နေခဲ့သည်။ ထို့နောက်မှာတော့ သူက အကောင်ပေါက်လေးကို တွင်းထဲကနေကောက်ယူ၍ သူ့အိပ်ကပ်ထဲ ထည့်လိုက်မည်ဖြစ်သည်။
သူအိပ်မပျော်ခင်တုန်းက မှတ်ဉာဏ်များက ဖြည်းဖြည်းချင်း ပြန်လည်ဝင်ရောက်လာ၏။
မိသားစုညစာစားပွဲ။
ဘီယာအပျော့စား။
ကားနောက်ခန်းထဲက ပွေ့ဖက်မှု။
...
"ဟော့ရှူးရှူ။" ယဲ့စစ်က မျက်လုံးများကို ပွတ်သပ်လိုက်သည်။ "ကျွန်တော်က ဘာလို့ ဒီကိုရောက်နေတာ..."
သူ အဆုံးမသတ်နိုင််ခင် လုံခြုံရေးအခန်းထဲမှ ရှည်လျားသောမှတ်ဉာဏ်များက ပြန်လည်ဝင်ရောက်လာ၏။
လိမ္မော်-အနီရောင်ဖြင့် မီးတောက်လောင်ထားသော သတ္တုဝိုင်ယာကြိုးကဲ့သို့ ၎င်းက အလွန်ပါးလွှာပြီး ထိလိုက်သည့်နေရာတိုင်းမှာ အဖြူရောင်ပြာများကိုထုတ်လွှတ်ပေးသလိုမျိုး ယဲ့စစ်တစ်ယောက် ရှက်ရွံ့လာခဲ့သည်။
သူ့လည်ကုပ်နောက်မှ ပူလောင်သောဝေဒနာ၊ ကွေးညွတ်သွားသော ခြေချောင်းလေးများ၊ တင်းကျပ်စွာဆုပ်ကိုင်ထားသော လက်များ၊ ရင်ဘတ်ကြွက်သားများ၊ သူ့နားရွက်ဖျားဆီ ဖြတ်တိုက်လာသော ချိုမြိန်ပြီး ရဲတင်းလွန်းသည့် 'ပေါင်ပေါင်း' ခေါ်သံများ... 'ပေါင်ပေါင်း'၊ 'ရှောင်စစ်' ခေါ်သံနှင့်အတူ သူ့မျက်ဝန်းများထဲမှာ ပြင်းပြပြီး အသက်ရှူကျပ်စေလောက်သည့် စိတ်ခံစားချက်များလည်းရှိနေသည်။
သူ့ကို အစိမ်းလိုက်ဝါးမျိုချင်နေသော သားရဲကောင်ကဲ့သို့ အလွန်တဲ့တိုးဆန်ကာ၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြတ်သားလွန်းသည်။ Rut ဝင်နေသော အယ်ဖာတစ်ယောက်က အမှန်တကယ်တော့ ထိုကဲ့သိို့ဖြစ်သည်...
ယဲ့စစ် အသက်ရှူမဝတော့ပေ။ သူ၏ရင်ဘတ်က သန်မာသောရင်ခွင်ထဲမှာ ချုပ်နှောင်ခံထားရဆဲလို ခံစားနေရပြီး သူ၏မျက်နှာက နီမြန်းလာခဲ့၏။ သူ တဘက်ကိုင်ထားသော ဟော့ထင်းလန်၏လက်ကိုရှောင်ဖို့ တစ်ဖက်ကိုလှိမ့်လိုက်ရာ ခုတင်ဘေးကာနှင့် တိုက်မိသွားခဲ့သည်။ လူယုတ်မာကို ရှောင်ရှားနေသော မိန်းကလေးကဲ့သို့ ရုန်းကန်လိုက်ပြီး ဘေးကဘောင်တန်းသာမရှိလျှင် သူ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလောက်သည်။
တစ်စုံတစ်ယောက်က ဒဏ်ရာကိုနှိုးဆွလိုက်သကဲ့သို့ ဟော့ထင်းလန်၏လက်က ရပ်တန့်သွားပြီး သူ မှင်တက်နေခဲ့သည်။
ထိုလက်က အမှန်တကယ်ကို ဒဏ်ရာရထား၏။ ပတ်တီးများဖြည်ပြီးဖြစ်သော်လည်း နီိညို့ညို့အနာဖေးလေးခုက ကျန်နေဆဲပင်။
ယဲ့စစ် ၎င်းအား တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများ အပူလောင်သွားသကဲ့သို့ အကြည့်လွှဲလိုက်လေသည်။
ဟော့ထင်းလန်က သူ့လက်ကိုပြန်ရုပ်ကာ သူ ယဲ့စစ်ကိုထိမှာမဟုတ်ကြောင်း ပြသဖို့အတွက် တဘက်ကိုလွှင့်ပစ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်။"
ထိုတောင်းပန်စကားက နှလုံးသားထဲကနေ ဆင်းသက်လာခြင်းဖြစ်၏။
ထိုနေ့ညက သူ ယဲ့စစ်ကို အမှတ်အသားပေးလိုက်ဖို့ အမှန်တကယ်မရည်ရွယ်ခဲ့ပေ။ သူ့မှာ အတွေးဆိုးများရှိပြီး ပျားရည်လေးတစ်စက်ကို ခိုးယူချင်ခဲ့သော်လည်း ထိုမျှသာ။
ထိုသို့မဟုတ်ပါက သူ အစကတည်းက ခက်ခက်ခဲခဲသည်းခံနေခဲ့မည်မဟုတ်ပေ။
ယဲ့စစ် သူ့တံခါးဆီသို့ လာခဲ့ခြင်းကြောင့်သာမဟုတ်ပါက လောဘဇောများကပ်နေသော အနှီသွားစွယ်များဖြင့် သူ့လည်ကုပ်လေးကိုကိုက်ခဲခြင်းမှ သူ့ကိုယ်သူ တားဆီးနိုင်ခဲ့လိမ့်မည်...
"ကိုယ် မင်းကို ယာယီအမှတ်အသားပေးဖို့ မရည်ရွယ်ခဲ့ပါဘူး။"
ဟော့ထင်းလန်က သက်ညှာမှုကို မတောင်းခံသလို၊ တာဝန်များကို ခါချခြင်း၊ အတင်းအကျပ်လုပ်ကိုင်ခြင်းများလည်းမရှိဘဲ ယဲ့စစ်ကို တိုက်ရိုက်စိုက်ကြည့်လိုက်သည်။ A+ အဆင့် rut ကာလအတွင်း နှိပ်စက်ခံရသည့်ဝေဒနာ၊ သူ့ပိုက်ကွန်ထဲကို ယဲ့စစ် လက်လွတ်စပယ်ဝင်ရောက်ခဲ့ခြင်း၊ လွန်ခဲ့သောနှစ်လအတွင်း ယဲ့စစ်ကို ပြသပေးခဲ့သော နူးညံ့သည့်ဂရုစိုက်မှု... သူ ထိုအရာအားလုံးကို တစ်ခွန်းမှမဟခဲ့ပေ။
"ကိုယ် ထိန်းချုပ်မှုလွတ်သွားခဲ့တယ်။ တောင်းပန်ပါတယ်။"
သူက သူ့ကိုယ်ပိုင်အမှားများအတွက်သာ တောင်းပန်ခဲ့သည်။
ရေမျောကမ်းတင်မှာ တွယ်ကပ်နေသော ရေနစ်နေသူတစ်ယောက်လို ယဲ့စစ်က ခုတင်ဘေးက အကာလက်ရမ်းကို ဆုပ်ကိုင်၍ မျက်လုံးထောင့်ကနေ သူ့ကို သတိဖြင့်စောင့်ကြည့်နေခဲ့သည်။
ဟော့ထင်းလန်က ဤပုဂ္ဂိုလ်လေးကို ဂရုစိုက်ပေးဖို့ ဆေးရုံကိုရောက်လာခြင်းဖြစ်ပြီး သပ်သပ်ရပ်ရပ် ဝတ်စားမထားချေ။ မျက်ခုံးပေါ် ဝဲကျနေသော ဆံချည်မျှင်တချို့နှင့်အတူ သူက ရှပ်အင်္ကျီတစ်ထည်ကိုသာ လည်စီးမပါဘဲ ကြယ်သီးတစ်လုံးဖြုတ်၍ ဝတ်ဆင်ထားခဲ့သည်။
သူ၏ပုံပန်းသွင်ပြင်အရ အများကြီးငယ်သွားပုံထင်ရပြီး ယဲ့စစ်ခေါ်နေကျ 'ရှူးရှူ' နှင့်မတူတော့ပေ။ သူ၏ညှပ်ရိုးက ဖြောင့်စင်းကာ သူ၏ကော်လံထဲ တဖြည်းဖြည်းဝင်ရောက်ပျောက်ကွယ်သွားပြီး သူ၏ကြွက်သားများ ဖုဖောင်းနေပုံမှာ ဆွဲဆောင်မှုရှိလှသည်...
သူ့နားစည်များထဲ အသံမြည်လာပြီး ရုတ်တရက် သွေးများဆောင့်တက်လာခဲ့သည်။
ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး တည်ကြည်လေးနက်သောအမူအရာ၊ ရိုးသားပြီး စစ်မှန်သောလေသံ... ယဲ့စစ်တစ်ယောက် အကြည့်လွှဲလိုက်ပြီး အဝါရောင်စာအုပ်ကို ဖတ်လိုက်မိသကဲ့သို့ မသက်မသာဖြစ်လာ၏။
"...ရှောင်စစ်။" ဟော့ထင်းလန်က သူ့ကို ပျော့ပျောင်းစွာခေါ်လာခဲ့သည်။ "ကိုယ် တကယ်တောင်းပန်ပါတယ်။"
ယဲ့စစ်၏လည်စလုတ်က လှုပ်ရှားသွားပြီး လည်ချောင်းသံအရင်ပြုလိုက်ပြီးနောက် တိုးလျစွာပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားကို အပြစ်မတင်ပါဘူး။"
ဟော့ထင်းလန်၏ rut ကာလအတွင်း သူကသာ မြေအောက်ထပ်သို့ အတင်းအကျပ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်များက ကောင်းမွန်ခဲ့သော်လည်း ထိုကဲ့သို့အကျိုးဆက်များကို ဦးတည်စေခဲ့မိပြီး သူ့မှာ တာဝန်မရှိဘူးဟုပြောရန်မှာ ခက်ခဲပေသည်။
သူ့နေရာမှာ အခြား A အဆင့်အယ်ဖာနှင့် အစားထိုးလိုက်ပါက သူ့ကို အမှတ်အသားမပေးဖို့မှာ မဖြစ်နိုင်ချေ။
ဘာမှပြောစရာမရှိသလို သူ မည်သူ့ကိုမှ အပြစ်မတင်ပေ။
"တကယ်ပြောတာပါ။" သူက တိုးတိုးလေး ထပ်ပြောလိုက်သည်။
ထို့နောက်မှာတော့ ဘာမှမပြောတော့သလို၊ ဘယ်သူ့ကိုမှလည်း မကြည့်တော့ဘဲ ဘေးကာလက်ရမ်းပေါ်ရှိ ဆေးသုတ်ထားတာကို ပွတ်သပ်ခွာနေသဖြင့် သူ၏လက်ချောင်းလေးများက နီရဲလာခဲ့သည်။
အဖိုးတန်အကောင်ပေါက်လေးက ဘောလုံးလေးကိုကွေးညွတ်ကာ ဘာတုံ့ပြန်မှုမှမပေးသလို မည်သည့်ထောင်ချောက်ထဲကိုမှလည်း ဝင်ရောက်မလာခဲ့ချေ။
အနှီဦးခေါင်းလေးထဲမှာ ဘာတွေတွေးနေမှန်းမပြောနိုင်ပေ။
သူက သူ့ဘာသာသူ ပုန်းအောင်းနေခဲ့သည်။
သူ၏ ယခင်ကြိုးစားအားထုတ်မှုအားလုံး အချည်းနှီးဖြစ်သွားနိုင််သည့် ဖြစ်နိုင််ခြေက ဟော့ထင်းလန်အား သူ့နှလုံးသားထဲမှာ ရှားရှားပါးပါးစိုးရိမ်ပူပန်လာစေ၏။
ရေခဲဓါးသွားလို စူးရှထက်မြက်သောမျက်ဝန်းများက သူ့မျက်နှာပေါ်မှာ ကပ်ညှိနေပြီး အားနည်းချက်ကိုရှာဖွေ၍ တစ်ချက်တည်းနှင့်အနိုင်ယူဖို့ ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရသဖြင့် ယဲ့စစ်တစ်ယောက် အမြန်ခေါင်းငုံ့ကာ စောင်ကို ခေါင်းအထိဆွဲခြုံလိုက်သည်။
သူ ဟော့ရှူးရှူ၏အမြင်စွမ်းအာကို ခံစားဖူးပေသည်။
"ကျွန်တော်၊ ကျွန်တော် ပင်ပန်းနေသေးလို့၊ ခဏလောက် အိပ်ချင်တယ်။"
သူ့အသံက တိုက်တွန်းနေသကဲ့သို့ စောင်အောက်ထဲကနေ ဗလုံးဗထွေးထွက်ပေါ်လာ၏။
"ခင်ဗျား၊ ခင်ဗျား လုပ်စရာရှိတာသွားလုပ်ပါ။"
စောင်အပြင်ဘက်မှာ ဆံချည်မျှင်အနည်းငယ်သာ ထွက်နေပြီး ခေါင်းအုံးပေါ်မှာ ကပ်ငြိနေ၏။
"ကောင်းပါပြီ။"
ဟော့ထင်းလန်က မျက်လုံးများမှိတ်၍ ထရပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ကိုယ့်ကို အချိန်မရွေးဖုန်းဆက်လိုက်လို့ရတယ်၊ မင်းရဲ့ဖုန်းက ခုတင်ဘေးကစားပွဲပေါ်မှာ၊ အားလည်းအပြည့်သွင်းထားပြီးသား။"
ခဏရပ်တန့်သွားပြီးနောက် သူက ထပ်ပြောလိုက်သည်။
"လက်ရှိ မင်းရဲ့အခြေအနေနဲ့ဆို မနက်ဖြန်ကျ ဆေးရုံဆင်းလို့ရလောက်ပြီ။ မင်းရဲ့ နှစ်လယ်စာမေးပွဲက မနေ့တုန်းကစတယ်..."
စောင်အောက်မှပုံရိပ်ကလေးက အနည်းငယ်လှုပ်ရှားသွားခဲ့သည်။
ယဲ့စစ်က နှစ်လယ်စာမေးပွဲကို တော်တော်လေး အလေးထားပြီး သူ့ကိုယ်သူ တိုးတက်လာဖို့အတွက် သူ့အမှတ်များတက်လာဖို့ကို မျှော်လင့်နေခဲ့သည်။
"... ကိုယ် အစားထိုးဖြေဖို့ တောင်းဆိုထားတယ်။"
ဟော့ထင်းလန်က ယဲ့စစ် စိတ်ပျက်သွားမည်စိုး၍ သိမ်မွေ့သောလေသံဖြင့် နှစ်သိမ့်လိုက်သည်။
"ခက်ခဲမှုအဆင့်က ပထမစာမေးပွဲနဲ့အတူတူပဲ။ ရမှတ်တွေကို ကိုးကားလို့ရတာမို့ မင်း စာမေးပွဲဖြေမဲ့အချိန်ကို ကိုယ််တိုင်သတ်မှတ်လိုက်လို့ရတယ်။"
စောင်အောက်မှပုံရိပ်ကလေးက စိတ်ခံစားချက်ကို တည်ငြိမ်အောင်ထိန်းနေသကဲ့သို့ စက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားပြီး တုန်ယင်နေသောအသံဖြင့် ထပ်ပြောလာခဲ့သည်။
"ကျေး၊ ကျေးဇူးတင်ပါတယ်၊ ဟော့ရှူးရှူ။"
"ရပါတယ်။"
ဟော့ထင်းလန်က ပြုံးကာ ခဏလောက်တိတ်ဆိတ်သွားပြီး အရှေ့သို့ အနည်းငယ်ငုံ့ကိုင်းလိုက်သည်။ သူက စောင်အပြင်ဘက်မှာထွက်နေသော ယဲ့စစ်၏ဆံစလေးများကို သူ၏လက်ဆစ်လေးများဖြင့် ခပ်ဖွဖွထိတွေ့လိုက်လေ၏။
စောင်အောက်မှာတော့...
ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်၏ လှုပ်ရှားမှုသေးသေးလေးကို သတိမထားမိဘဲ သူ၏နားရွက်လေးနှစ်ဖက်ကိုသာ အချည်းနှီးဖုံးအုပ်ထားခဲ့သည်။ ဤနည်းအားဖြင့် သူ့မှတ်ဉာဏ်ထဲမှ ချိုမြိန်ရဲတင်းသော 'ပေါင်ပေါင်း' ခေါ်သံကို သူ့နားထဲဝင်မလာအောင် တားဆီးနိုင်ပြီး သူ့ဦးခေါင်းထိပ်ကနေ ခြေဖဝါးအထိ ကျောရိုးတစ်လျှောက် ထိုးဖောက်ဝင်ရောက်လာသော လျှပ်စီးကြောင်းလေးကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်နေခဲ့လေ၏...
သူ့အရိုးများ ပျော့ခွေထုံထိုင်းသွားတဲ့အထိ တဖြည်းဖြည်း ဖြေလျှော့နေခဲ့သည်။
သို့သော် သူ မတားဆီးနိုင်သလို မရပ်တန့်နိုင်ခဲ့ပေ။
သူ၏နှလုံးခုန်သံများကလည်း မြန်ဆန်လာခဲ့လေသည်။
***
Aurora Novel Translation Team
There is No Eng Version