no

အပိုင်း (၃၉) - စိတ်ဆိုးနေတာလား

ယဲ့စစ်က ဟော့အိမ်တော်မှာ ရက်အနည်းငယ်နေထိုင်ကာ မြင်းစီး၊ သေနတ်ပစ်၊ ဂေါက်ရိုက် စသဖြင့်ပြုလုပ်ခဲ့သည်။ သူက ဂေါက်ရိုက်ခြင်းကဲ့သို့ အေးဆေးသောအားကစားများကို စိတ်မဝင်စားရာ နေ့စဥ် စာလေ့လာခြင်းအမှုပြီးလျှင် သေနတ်ပစ်ကွင်းကို သွားတတ်သည်။ သူ သေနတ်ကိုထိလိုက်သည်နှင့် စိတ်လှုပ်ရှားမှုများကြောင့် သူ၏မျက်လုံးများက တောက်ပလာတတ်သည်။ ရက်အနည်းငယ်ကြာပြီးနောက် ဟော့ထင်းလန်၏လက်ထောက်ပေးလာသော ပလက်တီနမ်ကတ်က အကုန်ကုန်သွားသော်လည်း သူ ကစားလို့မဝခဲ့ချေ။ သူ အိမ်အဟောင်းမှာနေတာ ရက်အတော်ကြာနေပြီး အိမ်ပြန်ရတော့မည်မှာတော့ နှမြောစရာပင်။

အပြန်လမ်းမှာ ယဲ့စစ်က ရက်အနည်းငယ်ထဲနှင့် အပြောင်ရှင်းလိုက်သော ပလက်တီနမ်မန်ဘာကတ်ကို လက်ချောင်းလေးများဖြင့်ပွတ်သပ်ရင်း ဟော့ထင်းလန်၏ပခုံးပေါ်မှီလျက် တီးတိုးပြောလာ၏။

"ဟော့ရှူးရှူ၊ အနာဂတ်ကျရင်... တစ်ခါတလေ ဒီကိုပြန်လာဆော့လို့ရမလားဟင်။"

"...မင်းက အန္တရာယ်များတဲ့အရာတွေကို ဘာလို့ အဲ့လောက်ထိ စိတ်ဝင်စားရတာလဲ။"

ဟော့ထင်းလန်က သူ၏လည်ကုပ်ကိုပွတ်သပ်ကာ သက်ပြင်းချလိုက်သည်။

"ဆိုင်ကယ်ပြိုင်တာမဟုတ်ရင် သေနတ်ပစ်တာပဲ။"

ယဲ့စစ်က သူ့ရှေ့မှာ မည်မျှနူးညံ့နေပါစေ အယ်ဖာတစ်ယောက်၏သဘာဝတို့က သူ့အရိုးထဲမှာ ကြွင်းကျန်နေဆဲဖြစ်ပြီး အန္တရာယ်များကာ စိတ်လှုပ်ရှားစရာကောင်းသောအရာများကို တောင့်တတတ်သည်။

မည်သို့ပင်ဆိုစေ၊ ယင်းက မထမအကြိမ် ဂလင်းကွဲပြားမှု၏ရလဒ်ဖြစ်ပြီး သူ၏ကိုယ်ရည်ကိုယ်သွေးအပေါ် လွှမ်းမိုးမှုအား လုံးလုံးလျားလျား ဖျက်ပစ်လို့မရနိုင်ပေ။

"ကျွန်တော် ဆိုင်ကယ်စီးပြိုင်လာတာ အချိန်တစ်ခုကြာပြီဆိုပေမဲ့ ခင်ဗျား ခွင့်မပြုရင် မသွားတော့ပါဘူး..."

သူက ခေါင်းမော့ကာ သူ့ကို တောက်ပနေသောမျက်ဝန်းအစုံဖြင့် စိုက်ကြည့်လိုက်သည်။

"ကျွန်တော် ဒါကိုပဲလုပ်မှာလေ၊ နော် ဟော့ရှူးရှူ၊ အဆင်ပြေတယ်မလားဟင်။"

ဟော့ထင်းလန်က တိတ်ဆိတ်နေပြီးနောက် သူ့လက်ထဲကကတ်ကလေးကို ဆွဲယူလိုက်သည်။

ယဲ့စစ်က တိတ်ဆိတ်သွားလေ၏။ ဤသည်မှာ သူပြုလုပ်နိုင်သည့် အမြင့်ဆုံးတောင်းဆိုမှုဖြစ်ပြီး ထပ်ပြီးနှောင့်ယှက်ဖို့က မဖြစ်နိုင်ပေ။ သို့သော် သူ ကားအနောက်ခုံမှာ ခေါက်ဆွဲမျှင်လေးလို ပျော့ခွေသွားသည်အထိ အလွန်စိတ်ဓါတ်ကျသွားလေ၏။

"ဘာလဲ။"

ဟော့ထင်းလန်က သူ၏ဝမ်းဗိုက်လေးကိုပွတ်သပ်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။

"မင်းပဲ ဒါက ကုန်သွားပြီလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ကိုယ် တစ်ယောက်ယောက်ကို ထပ်ဖြည့်ခိုင်းပြီး မင်းကိုပြန်ပေးမလို့လေ... မပျော်ဘူးလား။"

"ပျော်တာပေါ့!"

ယဲ့စစ်တစ်ယောက် ချက်ချင်းဆိုသလို ခပ်မတ်မတ်ပြန်ဖြစ်သွားလေ၏။

"ဒါပေမဲ့ မင်းတစ်ယောက်တည်း သွားခွင့်မပြုဘူး။ မင်း သွားကစားချင်တဲ့အခါတိုင်း ကိုယ်အဖော်ပြုပေးနိုင်တဲ့အချိန်ကို စောင့်ရမယ်။ မဟုတ်ရင် ကိုယ် စိတ်ပူနေရလိမ့်မယ်... အဲ့လိုလုပ်နိုင်တယ်မလား။"

ဟော့ထင်းလန်က သူ့ဘက်ကတောင်းဆိုချက်များကို အဆိုပြုလာ၏။

"လုပ်နိုင်ပါတယ်!"

ယဲ့စစ်က ကြက်သွန်ဖြူထောင်းသလို ခေါင်းညိတ်ပြလာခဲ့သည်။ ထို့နောက် သူက ခဏရပ်တန့်သွားပြီး ဟော့ထင်းလန်၏အချိန်များကို နှောင့်နှေးစေမည်စိုးသဖြင့် ထပ်ပြောလိုက်သည်။

"တကယ်တော့ ဒီသေနတ်ပစ်ကွင်းက အရမ်းကောင်းပါတယ်... အဲ့ဒါက တော်တော်လေးလုံခြုံတယ်။ ကျွန်တော်က အရွယ်ရောက်နေပါပြီ၊ ကျွန်တော်ဘာသာသွားရင်တောင်..."

ဟော့ထင်းလန်က ကြားဖြတ်ပြောလိုက်လေ၏။

"ခွင့်မပြုဘူး။"

"ဟုတ်ကဲ့ပါ၊ ကျွန်တော် ခင်ဗျားစကားကို နားထောင်မှာပါ။"

ယဲ့စစ်က နာခံမှုရှိစွာဖြင့် ပါးစပ်ပိတ်လိုက်တော့သည်။ သူ အတွေးထဲနစ်သွားပြီး လွန်ခဲ့သောအချိန်တချို့ကဖြစ်ရပ်ကို သတိရမိသွားသည်။

သူ ဆိုင်ကယ်ပြိုင်ပွဲကနေ ပိုက်ဆံရှာဖို့မလိုတော့ရာ မော်တော်ဆိုင်ကယ်မစီးတော့သည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ ၎င်းက ရိုးရှင်းသောဝါသနာတစ်ခုမျှသာ။ သို့သော် လွန်ခဲ့သောရက်အနည်းငယ်က သူ နွေရာသီအားလပ်ရက်အတွင်း ပြေးလမ်းမှာ အပတ်ရေအနည်းငယ်လောက် ဆိုင်ကယ်သွားစီးချင်သည်ဟုပြောလိုက်ချိန်၌ ဟော့ထင်းလန်၏သဘောထားက တော်တော်လေးလေးနက်သွား၏။

သူ့ချစ်သူကို လေးစားသောအားဖြင့် သူက တိုက်ရိုက်မငြင်းခဲ့သော်လည်း သူ၏စကားလုံးများထဲမှာ ယဲ့စစ်သာ ဆိုင်ကယ်သွားစီးခဲ့ပါက သူသည် အသိုက်အမြုံမရှိတော့သည့်အဖိုးကြီး... မဟုတ်သေး၊ သူက မိုဆိုးဖိုဖြစ်သွားတော့မလိုမျိုး ညည်းညူပြကာ သူ့ကို သွားခွင့်ပေးဖို့တုံ့ဆိုင်းနေရသည့် အကြောင်းပြချက်တစ်သိန်းကို ရေရွတ်ပြခဲ့သည်...

ယဲ့စစ်က စကားနားထောင်ကာ မသွားခဲ့ပေ။ နွေရာသီပိတ်ရက်အတွင်း သူ့ကို မည်သည့်နေရာသွား၍ အပန်းဖြေချင်သလဲဟု အစပြုမေးလာသူက ဟော့ထင်းလန်ဖြစ်ပြီး သူက သူလုပ်ချင်သည့်အရာကို ပြောပြခဲ့ရုံသာ။ သူ ထိုအရာကို ဖြစ်အောင်လုပ်ဖို့မလိုသလို ဟော့ထင်းလန်ကို မပျော်မရွှင်ဖြစ်အောင်လုပ်ဖို့လည်း အကြောင်းမရှိချေ။

သို့သော်ငြားလည်း။

ယဲ့စစ် မေးထောက်ကာ အတွေးနက်နေ၏။

အရင်တစ်ခေါက် မိသားစုညစားပွဲတုန်းကလည်း ထိုနည်းလည်းကောင်းဖြစ်ခဲ့သည်။ ဟော့ထင်းလန်က သူ့ကို တမင် အရက်ပေးသောက်ခဲ့ပြီး ဒုတိယအကြိမ် ကွဲပြားမှုပြီးနောက် သူ၏အရက်ခံနိုင်စွမ်းက မည်မျှနိမ့်ကျသွားကြောင်း သိရှိစေခဲ့သည်။ ထို့နောက်မှာတော့ နောင်အနာဂတ်မှာ အပြင်၌အရက်မသောက်တော့ဖို့ ပြောကြားခဲ့လေ၏... ဤလုံခြုံရေးအသိဉာဏ်ပေးခြင်းက တော်တော်လေး စဥ်းစားဆင်ခြင်ဉာဏ်ရှိပေသည်။

သူကပဲ အတွေးလွန်နေတာလား ဒါမှမဟုတ် ဟော့ရှူးရှူးကပဲ အမှန်တကယ်... စိတ်မလုံမခြုံဖြစ်နေတာလား သူ မသိတော့ဘူး။

ဟော့ရှူးရှူးလို ထိပ်တန်းအယ်ဖာတစ်ယောက်က... စိတ်မလုံခြုံမှုကို ခံစားနိုင်တာလား။

သူ အဖြေမထုတ်နိုင်ခင် ပို၍လေးနက်သောကိစ္စရပ်တစ်ခုက ယဲ့စစ်ရှေ့မှာ ပေါ်ပေါက်လာခဲ့သည်...

တစ်ရက်ကို မိနစ်လေးဆယ် 'အိုမီဂါ အထွေထွေကျန်းမာရေးအတန်း' ကို ဟော့ထင်းလန်ကကြီးမှူး၍ တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်၏။

ယဲ့စစ်တစ်ယောက် ပထမဆုံးအတန်းချိန်မှာ အချိန်ဆွဲနေခဲ့ပြီး ငါးမိနစ်နောက်ကျပြီးမှ သွားခဲ့လေသည်။

ယဲ့စစ် ချောင်ထိုးထားခဲ့သော ဂျူနီယာအထက်တန်း၏ ဒုတိယနှစ်အတွက် ပြဌာန်းစာအုပ်က ယခု စာကြည့်ခန်းရှိစားပွဲပေါ်မှာ အခန့်သားနေရာယူထားသည်။ ဟော့ထင်းလန်က လက်တစ်ဖက်ဖြင့်မေးထောက်ကာ စာရွက်များကို လှန်နေလေ၏။

စားပွဲ၏အခြားတစ်ဖက်မှာ ယဲ့စစ် အရက်မူးခဲ့ချိန်က သူ့အတွက်ခူးပေးခဲ့သော နှင်းဆီပန်းလေးရှိနေသည်။

နှင်းဆီပန်းကို ဓါတုဆေးများဖြင့် အခြောက်ခံကာ ဖန်သေတ္တာထဲမှာထည့်ထားသည်။ ၎င်းက ရွှေရောင်သန်းနေသော အနီရောင်နှင့် နို့နှစ်အဖြူရောင်လေးဖြစ်ပြီး အနုပညာလက်ရာတစ်ခုနှယ် အသက်ဝင်ကာ လတ်ဆတ်နေ၏။

၎င်းက ပန်းလေးတစ်ပွင့်သာဖြစ်သော်လည်း ထိုပန်းလေးကို ယဲ့စစ်က ပေးထားသည့်အတွက် ဟော့ထင်းလန်က အလွန်တန်ဖိုးထားပေသည်။

ယဲ့စစ်က ဖန်သေတ္တာလေးကို အံ့အားသင့်စွာကြည့်နေခဲ့၏။ သူ၏နှလုံးသားက နူးညံ့နွေးထွေးနေပြီး စာဖတ်ခန်းထဲမှာ လုပ်ရမည့်အရာကိုတောင် မေ့လျော့နေခဲ့သည်။

"လာပြီပဲ။" ဟော့ထင်းလန်က ခေါင်းညိတ်ပြကာ အလွန်ပုံမှန်အတိုင်း နှုတ်ဆက်လာခဲ့သည်။ "ထိုင်လေ။"

ယဲ့စစ် လှည့်ပတ်ကြည့်လိုက်ပြီး ကြောင်အမ်းသွား၏။

ထိုင်ရမယ်... ဘယ်နေရာမှာလဲ...

သူ အိမ်စာလာလုပ်တိုင်း ထိုင်နေကျဆုံလည်ကုလားထိုင်မှာ မရှိတော့ပေ။

"လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေရင်း စာအုပ်တစ်အုပ်တည်းကိုဖတ်ဖို့က အဆင်မပြေဘူးလေ။"

ဟော့ထင်းလန်က တောင်းပန်သည့်အကြည့်ဖြင့် ပြောလာ၏။

"မင်း... ကိုယ့်ပေါင်ပေါ်မှာ ထိုင်လို့အဆင်ပြေတယ်မလား။"

ယဲ့စစ်တစ်ယောက် မျက်နှာကြီးရှုံ့မဲ့သွားလောက်အောင် ထိတ်လန့်သွားခဲ့သည်။ ယဲ့စစ် ဟော့ထင်းလန်၏မျက်နှာပေါ်မှ သူ သိပ်ကိုကျွမ်းဝင်လှသည့် 'တောင်းပန်'သောအမူအရာကို ငေးကြည့်နေခဲ့မိသည်။

အတိတ်ကနေ လက်ရှိအချိန်အထိ ဟော့ရှူးရှူးပြခဲ့တဲ့ တောင်းပန်တဲ့၊ စိတ်မကောင်းတဲ့အမူအရာတိုင်းက...

သူက အမြဲတမ်းလိုလို လူယုတ်မာတစ်ယောက်အဖြစ် တိတ်တိတ်လေးကစားနေခဲ့တာလား!

ဟော့ထင်းလန်၏မျက်နှာအစစ်ကို သိရှိသွားသောယဲ့စစ်တစ်ယောက် နီမြန်းနေသောနားရွက်များဖြင့် အနောက်လှည့်ကာ ထိုင်ခုံရှာပုံတော်ထွက်ခဲ့သည်။ ရလဒ်အနေဖြင့် သူ စာဖတ်ခန်းကနေ ထွက်ရန်ပြင်လိုက်ချိန်မှာ အားကောင်းလှသော လက်တစ်ဖက်က သူ့ကို တားဆီးလာခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို အခြားလက်တစ်ဖက်က သူ့ဒူးခေါက်ကွေးကြား လက်တစ်ဖက်လျှိုဝင်ကာ သူ့ကို ပေါ့ပေါ့ပါးပါးမလိုက်လေ၏။

"ဟော့ရှူးရှူ!"

ယဲ့စစ်က ရုန်းကန်ရင်း သူ့ဦးခေါင်းနှင့် ဟော့ထင်းလန်၏နှာခေါင်းကို တိုက်မိသွားပြန်သည်။

ဟော့ထင်းလန်က ရယ်မောရင်း စားပွဲဆီသို့ ပြန်လျှောက်လာလေ၏။ လက်ရှိသူ့ပုံစံက အခြားသူများ၏မိန်းမများကို ခိုးယူတတ်သော ဓါးပြခေါင်းဆောင်တစ်ယောက်နှယ်။

ကြောင်လေးက နောက်ဆုံးတော့ သူ့ကို ပြန်ကုတ်လာရဲသည်အထိ အလိုလိုက်ခံခဲ့ရပြီး သူက အလွန်ပျော်ရွှင်နေလေ၏။

အဆုံးသတ်မှာ ဟော့ထင်းလန်က ဆုံလည်ကုလားထိုင်ပေါ်ထိုင်ကာ ယဲ့စစ်ကို သူ့အပေါ်နေရာချပေးခဲ့သည်။

ယင်းက ယခင် rut ကာလာတုန်းကနှင့် အလားတူဖြစ်ပေသည်။

သို့သော် ယခုတစ်ခေါက်၌ အထိအတွေ့သာမကပေ။

ပြဌာန်းစာအုပ်ကို လှလှပပပုံနှိပ်ထားပြီး စာရွက်များပေါ်မှာ အရောင်အသွေးစုံလင်ကာ နာမည်ကြီးသော သိပ္ပံပုံများစွာပါဝင်ပေ၏။

ဤသည်မှာ လေးနက်သောပြဌာန်းစာအုပ်ဖြစ်ကြောင်း ယဲ့စစ်သိသဖြင့် ၎င်းအား မှန်ကန်သောသဘောထားနှင့် လေ့လာဖို့လိုအပ်သည်။ သို့သော် နံဘေးမှာ ဟော့ထင်းလန်ရှိနေသောအခါ စာအုပ်က မည်မျှလေးနက်နေပါစေ သူ စာဖတ်နေရင်း အရိုင်းဆန်သောအတွေးများက မလွဲမသွေဝင်ရောက်လာခဲ့၏။

သူ စိတ်မသက်မသာဖြစ်ကာ စာအုပ်ကို ဆက်မကြည့်ရဲတော့ဘဲ ကိုးရိုးကားကား အကြည့်လွှဲလိုက်သည်။

သို့သော် ဟော့ထင်းလန်က သူ့မေးစေ့ကိုဆုပ်ကိုင်ထားသောအခါ သူ့မှာ ရွေးချယ်စရာမရှိဘဲ ဆက်လက်ဖတ်ရှုခဲ့ရလေသည်။ အကြိမ်အနည်းငယ်မျှ ခိုးကြည့်ပြီးနောက်မှာ သူ၏သိချင်စိတ်တို့ကို ဖုံးကွယ်လို့မရတော့ပေ။ သူ၏မျက်တောင်များက မှေးစဥ်းနေပြီ အပြစ်ကင်းသည့် စူးစမ်းလိုစိတ်လေးဖြင့် မျက်ခွံအဟကြားလေးထဲကနေ ချောင်းကြည့်နေခဲ့သည်။

ဟော့ထင်းလန်က စာမျက်နှာများကိုလှန်၍ သူ့နားရွက်ဖျားနား နှုတ်ခမ်းပါးကိုတိုးကပ်လျက် တစ်လုံးချင်းကို အသံထွက်ဖတ်ပြခဲ့သည်။

"...ဘီတာတွေနဲ့မတူဘဲ အိုမီဂါတွေအတွက် ဂလင်းဆိုတာ ထူးခြားတဲ့တည်ဆောက်ပုံတစ်ခုဖြစ်တယ်..."

"အဲ့ဒါက ဒီနားမှာရှိတယ်။"

သူက ဘောပင်နှင့် အဓိကနေရာကို ထောက်ပြလိုက်လေသည်။

"အယ်ဖာတစ်ယောက်က အိုမီဂါတစ်ယောက်ကို အမှတ်အသားပြုတတ်ကြတယ်။"

ဟော့ထင်းလန်က တိုးလျသောအသံဖြင့် မေးလိုက်၏။

"ဖယ်ရိုမုန်း ဓါတုဓါတ်ပြုတဲ့ဖြစ်စဥ်က ဘယ်လိုလုပ်ဆောင်တာလဲကို မင်းသိလား။"

"ကျွန်တော်သိပါတယ်။ ခင်ဗျား၊ ခင်ဗျား ပြောပြဖို့မလိုပါဘူး။"

ယဲ့စစ်က အလွန်စိတ်လှုပ်ရှားကာ စာရွက်ကို နောက်တစ်မျက်နှာလှန်ရန် ကြိုးစားလိုက်သည်။

"ဒီ၊ ဒီစာပိုဒ်ကို ကျော်လိုက်မယ်။"

"မင်းကို ပြန်မေးတဲ့အခါ မင်း 'သိ'နေရမယ်နော်။"

ဟော့ထင်းလန်က သူ့အား သင်ခန်းစာကို နားလည်ချင်ယောင်ဆောင်နေသော ကျောင်းသားယောက်ကဲ့သို့ ပြောလိုက်လေ၏။ သူက စာရွက်ကိုကိုင်ထားရင်း ဆက်ပြောလိုက်သည်။

"မင်းကို မေးခွန်းမေးတဲ့အခါကျ မင်းရဲ့လျှို့ဝှက်ချက်က ပေါ်လာမှာပဲ။ မင်း နောက်တစ်ခါ စာမေးပွဲပြန်ဖြေမယ်ဆို မေးခွန်းတွေက ဒီထက်ပိုခက်သွားလိမ့်မယ်။"

ထို့ကြောင့် သူက ရှက်ရွံ့ကာ ဒေါသကြီးသော လူကြီးလူကောင်းလေးကို ဖိအားပေးကာ ရှင်းပြခဲ့သည်။

သင်ခန်းစာပြီးဆုံးသွားသောအခါ အချိန်က မိနစ်လေးဆယ်တောင် ကျော်လွန်သွားလေ၏။

အတန်းပြီးသွားသောအခါ ဟော့ထင်းလန်က သူ့ကိုလွှတ်ပေးလိုက်ရာ ယဲ့စစ်တစ်ယောက် သူ့အခန်းဆီသို့ ပြန်ပြေးသွားတော့သည်။

ဟော့ထင်းလန်က မျက်လုံးနှင့် နှုတ်ခမ်းထောင့်များကွေးညွတ်လျက် ထရပ်လိုက်ပြီး သန့်စင်ခန်းထဲဝင်သွားခဲ့၏။

သူ၏လက်နှစ်ဖက်က မင်များပေနေသဖြင့် ၎င်းအား ဖြည်းဖြည်းချင်းပွတ်တိုက်လိုက်သည်။ ၎င်းမှာ နက်ပြာရောင်ဆပ်ပြာအမြှုပ်များအဖြစ် ပြောင်းလဲသွားပြီးနောက် ရေနွေးလေးဖြင့် ဆေးချလိုက်၏။

ထို့နောက် သူ၏လည်စည်းကိုပြုပြင်၍ သူ၏အသွင်အပြင်ကိုစစ်ဆေးကာ အပြင်ထွက်လာခဲ့သည်။

အစီအစဥ်အရ နေ့လယ်ခင်းမှာ သူ ယဲ့စစ်ကိုအဖော်ပြု၍ နာမည်ကြီးသော စိတ်ပိုင်းဆိုင်ရာအတိုင်ပင်ခံနှင့်တွေ့ဖို့သွားရလိမ့်မည်။ သူက စကားထစ်ခြင်းကို အမှန်ပြုပြင်ပေးရာ၌ အလွန်တော်သည်ဟု ပြောကြလေသည်။

ယဲ့စစ်က ဤအခက်အခဲကို ကျော်လွှားနိုင်ဖို့ မျှော်လင့်နေပြီး သူကလည်း အပြည့်အဝထောက်ပံ့ပေးမည်ပင်။ သို့သော် သူ ယဲ့စစ်၏ပြဿနာလေးကို အမှန်တကယ်စိတ်မရှိပေ။

ထို့အပြင်...

ဟော့ထင်းလန်တစ်ယောက် ခဏလောက်တွေးလိုက်ပြီးနောက် သူ၏နှုတ်ခမ်းထောင့်များက ပင့်တက်သွား၏။

ယဲ့စစ် သူ့ဆီကနေ ဒေါသထွက်လာသည်အထိ အနိုင်ကျင့်ခံရချိန်ဆို ညှာတာပေးဖို့တောင်းဆိုရန် စကားလုံးလေးအနည်းငယ်ကိုတောင် မပြောနိုင်ခဲ့ပေ... ၎င်းမှာ ချစ်စရာကောင်းပေ၏။

ဟော့ထင်းလန် အဆင်သင့်ဖြစ်သောအခါ အောက်ထပ်ကို ဆင်းလာခဲ့သည်။ ယဲ့စစ်ကလည်း အဝတ်အစားများလဲထားပြီး ကားပေါ်ကနေ စောင့်နေလေ၏။

ယခုတစ်ခေါက်၌ ထိုချာတိတ်လေးက ဆိုးဆိုးဝါးဝါးအနိုင်ကျင့်ခံခဲ့ရသဖြင့် သူ ကားပေါ်တက်လာသံကြားတာတောင် လှည့်မကြည့်ဘဲ လက်ပိုက်လျက် ကားပြတင်းဘက်ကို ငေးကြည့်နေခဲ့သည်။ သူ၏ခန္ဓါကိုယ်က လေးကြိုးဆွဲထားသကဲ့သို့ တောင့်တင်းနေ၏။

"ပေါင်ပေါင်း။"

ဟော့ထင်းလန်က သူ့ကို ပျော့ပျောင်းစွာချော့မြှူလိုက်၏။ အရှေ့ခန်းနှင့် အနောက်ခန်းကို လုံခြုံရေးစခရင်ပိုင်းခြားထားသဖြင့် ဒရိုက်ဘာက မကြားနိုင်ပေ။

"စိတ်ဆိုးနေတာလား။"

ယဲ့စစ်က တိတ်ဆိတ်နေဆဲဖြစ်ပြီး ကားတံခါးဘက်တိုးကပ်ကာ သူ့ကိုယ်သူ လူယုတ်မာကြီးဆီကနေ အကွာအဝေးခြားထားချင်နေ၏။

ဟော့ထင်းလန်က ရယ်ချင်စိတ်ကိုဖိနှိပ်ကာ တောင်းပန်သည့်လေသံဖြင့် ပြောလိုက်သည်။

"ဒါ ကိုယ်က မင်းကို သင်ခန်းစာကူလုပ်ပေးခဲ့တာမဟုတ်ဘူးလား။ ကိုယ် မင်းကို ကိုယ့်ဘာသာလေ့လာဖို့ တိုက်တွန်းခဲ့ပေမဲ့ မင်းကမှ ကြိုးကြိုးစားစားမလေ့လာခဲ့တာကို..."

သူ တခြားပြောနိုင်ဦးမှာလဲ... သူက သင်ခန်းစာပေးနေခဲ့တာပေါ့။

ဒီကမ္ဘာပေါ်မှာ ဒီလိုအရှက်မှုမျိုးက တကယ်ပဲရှိနေတာလား။

"ခင်ဗျား၊ ခင်ဗျားက အဲ့ဒီလေသံနဲ့ ပြောနေသေးတယ်!"

မျက်နှာတစ်ခုလုံးရဲနေသည့် ယဲ့စစ်တစ်ယောက် သူ့ပါးစပ်ကို သွားပိတ်လိုက်လေသည်။

ရလဒ်အနေဖြင့် ဟော့ထင်းလန်က ထိုင်ခုံကို လက်တစ်ဖက်ဖြင့် အနောက်သို့တွန်းလှန်လိုက်သည်။

ထို့နောက် တူညီသောနည်းလမ်းဖြင့် သူ့ကို အနိုင်ကျင့်ခဲ့ပြန်၏။

သနားစရာ အထက်တန်းကျောင်းသားလေးခမျာ ရဲကို ဖုန်းဆက်အကြောင်းကြားချင်နေတော့သည်!

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment