no
အပိုင်း (၂၄) - နှလုံးသားလောင်ကျွမ်းခြင်း
ယဲ့စစ်တစ်ယောက် မျက်လွှာချထားပြီး စောင်အပြင်မှာထွက်နေသော ဦးခေါင်းလေးကိုယမ်းပြကာ ငြိမ်သက်စွာပြောလိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်တော် မမုန်းပါဘူး..."
သူ မလိမ်ပေ။
သူ ခေါင်းယမ်းလိုက်ချိန်မှာ သူ၏ပါးပြင်လေးက ဟော့ထင်းလန်၏ရင်ဘတ်မှ တောင့်တင်းနေသောကြွက်သားများနှင့် ပွတ်တိုက်သွားလေ၏။
အထိအတွေ့က တောင့်တင်းခိုင်မာပြီး ရှပ်အင်္ကျီအသားက ချောမွေ့နေသည်။
သူ အခွင့်အရေးယူလိုက်သလိုမျိုး ခံစားလိုက်ရလေသည်။ သူ၏မျက်လုံးများက တဖျပ်ဖျပ်လက်လာပြီး သူ၏မျက်နှာက ရယ်စရာကောင်းလောက်အောင် နီမြန်းလာခဲ့သည်။
"မင်းက ကိုယ့်ကို မမုန်းဘူး။"
ဟော့ထင်းလန်၏မျက်လုံးများက မည်းနက်သွား၏။ မှိန်ဖျဖျအလင်းရောင်ကိုအားကိုးကာ နူးညံ့စိုစွတ်နေသော နှုတ်ခမ်းနှစ်လွှာကို စိုက်ကြည့်နေပြီး ပရောပရည်နိုင်စွာ တီးတိုးမေးလိုက်သည်။
"မင်း ကိုယ့်ကိုသဘောကျလား။"
ဟော့ရှူးရှူကို သဘောကျတယ်--
လွန်ခဲ့သောရက်အနည်းငယ်က သူ့ကိုချည်နှောင်ထားခဲ့သော ငြိတွယ်မှုများက ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
မမြင်အပ်သော ညစ်ညမ်းသည့်အလိုဆန္ဒတို့မှာ တောက်ပသောဘက်သို့ ဆွဲထုတ်ခံလိုက်ရပြီး နေမင်းအလင်းရောင်ဖြင့် အလင်းပြခံလိုက်ရ၏။ ယဲ့စစ်တစ်ယောက် ဓါးထိုးခံလိုက်သကဲ့သို့ တုံ့ပြန်ကာ အံ့အားသင့်စွာဖြင့် မျက်လုံးများပြူးကျယ်လာခဲ့သည်။ သူ အနှီမျက်ရည်များကို ဆက်ထိန်းမထားနိုင်တော့ဘဲ ၎င်းတို့က ကြွေကျလုဆဲဆဲဖြစ်နေခဲ့၏။
ပို၍သန်မာပြီး ပိုရင့်ကျက်သည့်အမျိုးသားကို အလျှော့ပေးချင်နေသည့် သူ၏တိုက်တွန်းမှုကို တိုက်ရိုက်မကြည့်ဝံ့သလို ဝန်ခံဖို့လည်းမရဲချေ။
အထူးသဖြင့် ယခုလိုမြင်ကွင်းမျိုးကို ဖန်တီးပြီးချိန်မှာဖြစ်၏...
စောစောလေးက ယဲ့စစ်တစ်ယောက် ကယောင်ကတမ်းဖြစ်နေစဥ်မှာ သူ၏အသွင်အပြင်ကို ပြောင်းပြန်ဖြစ်စေခဲ့သည် - ဤသည်မှာ ထင်ရှားပြီး သူရဲကောင်းဆန်သည့် လူငယ်တစ်ယောက်၏မျက်နှာမှန်း ထင်ရှားနေသော်လည်း အိုမီဂါဖယ်ရိုမုန်းများကြောင့် နူးညံ့သိမ်မွေ့ပြီး မျက်လုံးထောင့်များ နီမြန်းနေသောပုံစံကို ပြသခဲ့မိသည်။
သူက ဟော့ထင်းလန်၏စောင်ကို ပွေ့ဖက်ထားရာ ကပ်တွယ်သည့်ပုံပေါ်နေပြီး သူ့ကိုယ်သူ ကြည့်တောင်မကြည့်နိုင်ခဲ့ချေ။ သူက အိုမီဂါအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း ယောက်ျားလေးတစ်ယောက်ဖြစ်နေဆဲဖြစ်ရာ သူ ယခုလိုမျိုးမဖြစ်သင့်ချေ။ သူက အလွန်ထူးဆန်းကာ...
အလွန်စက်ဆုပ်ဖွယ်ကောင်းလှသည်။
၎င်းတို့အားလုံးကို ဟော့ထင်းလန်က မြင်တွေ့သွားခဲ့သည်။
သူက အလွန်ဆိုးဝါးသောအခြေအနေမှာ ရှိနေသော်လည်း သူ့ကိုချုပ်နှောင်ထားသော ဟော့ထင်းလန်က သပ်ရပ်စွာဝတ်ဆင်ထားလေ၏။ သူ၏ရှပ်အင်္ကျီက မီးပူတိုက်ထားပြီး နှင်းကဲ့သို့ဖြူဖွေးနေသည်။ ကော်လံတွယ်ချိတ်လေးကို ကျောက်စိမ်းသစ်ရွက်လေးနှင့် အလှဆင်ထားသည်။ ဤမျှနီးကပ်သောအကွာအဝေးကနေ သူ၏ဖယ်ရိုမုန်းများအောက်မှ မုတ်ဆိတ်ဆပ်ပြာနံ့သင်းသင်းလေးကိုလည်း ရနေသေးပေ၏...
နှစ်ဦးသားကြား ဆန့်ကျင်ဘက်က ကြီးမားလွန်းသည်။ ယဲ့စစ်တစ်ယောက် ပြန်ဖြေဖို့ကို ပို၍ထိတ်လန့်လာပြီး စောင်ထဲကနေ သူ့လက်ကိုဆွဲထုတ်ကာ သူ့မျက်နှာကို ညစ်ပတ်သည့်တစ်စုံတစ်ခုကဲ့သို့ ဖုံးအုပ်ထားလိုက်၏။ သူ၏ခန္ဓာကိုယ်က အရှက်တရားများ၊ သိမ်ငယ်စိတ်များနှင့်အတူ တုန်ယင်နေခဲ့သည်။
"ရှောင်စစ်?"
ဟော့ထင်းလန်က ယဲ့စစ်၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းတွေ့ရဖို့ သူ့လက်ကို ဘေးဖယ်ခဲ့လေ၏။ အစတုန်းက သူ၏ခွန်အားကို ထိန်းထားခဲ့သော်လည်း ယဲ့စစ်၏ခေါင်းမာမှုကို မြင်လိုက်ရသောအခါ ပြောင်ပြောင်တင်းတင်း ဆွဲဖယ်၍ သူ၏လက်ကို ခေါင်းအုံးပေါ်ဖိထားလိုက်သည်။
ယဲ့စစ်၏မျက်နှာလေးက ပေါ်ပေါက်လာပြီး သူ၏မျက်လုံးထောင့်များ၊ သူ၏ပါးပြင်များအနှံ့မှာ စိုစွတ်နေပြီး နီစွေးနေလေ၏။ သူ၏မျက်လုံးများက မည်သူ့ကိုမှမကြည့်ဝံ့သလိုမျိုး ဖိမှိတ်ထားပြီး မျက်ရည်စက်များက သူ့မျက်လုံးထောင့်စွန်းမှ ချစ်စရာကောင်းသော အကြောင်းလေးကြားကနေ စီးကျနေခဲ့သည်။
ဟော့ထင်းလန်တစ်ယောက် ယဲ့စစ်ကို သူ့ကိုသဘောကျလားဟုပဲ မေးရသေးသော်လည်း ယဲ့စစ်က ငိုနေခဲ့၏။
"မင်းက သူ့ကို*သဘောမကျဘူးပဲ။" ဟော့ထင်းလန်က သူ့အစား ဖြေပေးခဲ့လေသည်။
[TN/ တတိယလူအနေနဲ့ ပြောလိုက်တာပါ။]
"... မဟုတ်ပါဘူး။ ကျွန်တော်... ကျွန်တော် သူ့ကို သဘောမကျတာမဟုတ်ပါဘူး။"
၎င်းက ခြင်အော်သံကဲ့သို့ သေးငယ်လှပြီး မကြားရလုနီးနီးပင်။
"ဒါဆို သူ့ကိုသဘောကျတယ်ပေါ့။"
ဟော့ထင်းလန်က သူ့အတွက် ထပ်ဖြေပေးလိုက်ပြန်သည်။
သူ့ကိုသဘောကျတယ်?
ယဲ့စစ်တစ်ယောက် အသံတောင်မထွက်နိုင်တော့ဘဲ သူ၏အတွေးများက ကမောက်ကမဖြစ်ကာ ရှုပ်ထွေးနေခဲ့သည်။
သူ့နှလုံးသားထဲမှာတောင် အဖြေထုတ်လို့မရသည့်အရာများကို စကားထစ်သူ သူ့အနေဖြင့် ပါးစပ်ကနေထုတ်ပြောဖို့ အလွန်ခက်ခဲပေ၏။
ယဲ့စစ် လက်ချောင်းထိပ်များထုံလာတဲ့အထိ လက်သီးဆုပ်ထားလိုက်ပြီးနောက် မျက်လုံးများဖွင့်ကာ ဟော့ထင်းလန်ကို အကူအညီတောင်းသကဲ့သို့ ကြည့်လိုက်လေသည်။
သူ ဟော့ထင်းလန်၏စူးရှသောအမြင်ကို အားကိုးကာ သူ၏နာမကျန်းဖြစ််နေသောနှလုံးသားလေးအား မြင်တွေ့သွားပြီး ရောဂါရှာဖွေပေးကာ ကုသပေးနိုင်ဖို့ကို မျှော်လင့်နေခဲ့သည်။
သူ မသိလိုက်သည်မှာ အလင်းရောင်များပြည့်နှက်နေသည့် ကူကယ်ရာမဲ့ပြီး ညှိုးငယ်သောအနှီအကြည့်က ဟော့ထင်းလန်အတွက် 'အွန်း' ဟု ပြောနေသည်ဟုယူဆလိုက်သည်ကိုပင်။
သူ မပြောနိုင်ခဲ့ပေ။
သို့သော် ဟော့ထင်းလန်က နားလည်နေခဲ့သည်။
ထိုအကြည့်ကြောင့် သူ့ရင်ဘတ်မှာ ရုတ်တရက် မီးထတောက်လာပြီး သူ၏နှလုံးသားက ပူလောင်ကာ နာကျင်လာ၏။ ခလုတ်တစ်ခုကို ဖိနှိပ်လိုက်သကဲ့သို့ ဟော့ထင်းလန်က ရုတ်တရက် လှိမ့်ချလိုက်ပြီး ယဲ့စစ်၏ ရုန်းကန်နေသောလက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်၍ အခြားလက်တစ်ဖက်ဖြင့် သူ၏မေးရိုးကို ဆုပ်ကိုင်လိုက်ပြီး မျက်ရည်စများနှင့်ရွှဲနေသော မျက်နှာလေးကို နမ်းလိုက်သည်။
ယဲ့စစ်တစ်ယောက် မှင်တက်သွား၏။ သူ ညည်းညူသံဖြင့် အနောက်ကိုဆုတ်လိုက်သော်လည်း သူ၏မေးက ဆုပ်ကိုင်ခံထားရပြီး သူ့ဦးခေါင်းအနောက်မှာ ခေါင်းအုံးသာရှိတော့သည်။ သူ ရှောင်စရာနေရာမရှိတော့ဘဲ ဟော့ထင်းလန်ဆီကနေ အဖိခံထားရပြီး နမ်းရှုပ်ခံနေရလေသည်။
အိစက်နေသော သူ၏မျက်နှာလေး၊ ချောမွေ့နေသော နဖူး၊ နက်မှောင်သော မျက်ခုံးများ... အနှီအနမ်းများက ယဲ့စစ်၏နှုတ်ခမ်းကို တမင်တကာရှောင်ခဲ့ပြီး သိသိသာသာ စိတ်အားထက်သန်ကာ ကမောက်ကမဖြစ်နေခဲ့သော်လည်း မမျှော်လင့်ထားသော သတိနှင့် ထိန်းချုပ်မှုတို့လည်း ပါဝင်နေခဲ့သည်။ ဟော့ထင်းလန်၏ပခုံးများက အနည်းငယ်ကွေးညွတ်နေပြီး နူးညံ့သိမ်မွေ့သော သားရဲတစ်ကောင်နှယ် တောင့်တင်းပြီး သန်မာသောကြွက်သားများက သူ၏ထိန်းချုပ်မှုအောက်မှာ တင်းမာပြီး တုန်ယင်နေ၏။ ယဲ့စစ်တစ်ယောက် အနမ်းများကြောင့် ထုံထိုင်းကာ ပျော့ပျောင်းနေသလို ထိတ်လန့်ကာ ကြောက်လည်းကြောက်နေ၏။
သဘောကျတာလား၊ သဘောမကျဘူးလား။
...
သူ မသိပေ။ သူ၏ရင်ဘတ်က တဒိတ်ဒိတ်တုန်လှုပ်နေပြီး သူသိသည်မှာတော့ သူ၏နှလုံးသားလေးက ရင်ဘတ်ထဲကနေလွတ်မြောက်ကာ ဟော့ထင်းလန်၏လက်ထဲသို့ ယုန်လေးတစ်ကောင်လို ခုန်ထွက်သွားတော့မည်ဆိုတာကိုပင်။
"ဟော့ရှူးရှူ... မလုပ်၊ မလုပ်ပါနဲ့..."
ယဲ့စစ် တုန်ယင်သွားပြီး ညှာတာပေးဖို့ တောင်းဆိုလိုက်သည်။
ဟော့ထင်းလန်တစ်ယောက် နိုးထလာသကဲ့သို့ ရုတ်တရက် ထထိုင်ကာ ယဲ့စစ်ကို လွှတ်ပေးခဲ့သည်။
သူ ပြင်းထန်သော နှလုံးခုန်နှုန်းကို ထိန်းချုပ်ကာ လေးလံနေသော အသက်ရှူသံများကို ထိန်းညှိ၍ သူ၏နဖူးပေါ်မှာ ဝဲကျနေသောဆံပင်များကို လှန်တင်လိုက်သည်။
"...ကိုယ်တောင်းပန်ပါတယ်။"
သူက မျက်လွှာချလိုက်ပြီး ရွဲ့စောင်းနေသော လည်စည်းကိုပြုပြင်၍ ပြင်းပြသည့် ကျားရဲလိုအကြည့်ကို ကွယ်ဝှက်လိုက်သည်။
သူ ထိန်းချုပ်မှုလွတ်သွားခဲ့သည်။
ဟော့ထင်းလန်၏နှုတ်ခမ်းအပူချိန်က ယဲ့စစ်၏ပါးပြင်များပေါ်မှာ တင်ကျန်နေဆဲပင်။
ယဲ့စစ်တစ်ယောက် ကြီးကျယ်ခမ်းနားပြီး အဓိပ္ပါယ်မဲ့သော အိပ်မက်ထဲမှာ ရှိနေသကဲ့သို့ ဆုံချက်မဲ့နေသောမျက်ဝန်းများဖြင့် သူ့ကို ကြောင်အမ်းစွာစိုက်ကြည့်နေခဲ့သည်။
"ကိုယ့်ကို ပြန်တုံ့ပြန်ဖို့ ဖိအားပေးတာမျိုးမဟုတ်ပေမဲ့... ကိုယ် စောစောကလုပ်လိုက်တဲ့အရာကို မင်းကိုရှင်းပြဖို့လိုအပ်မယ်လို့ ကိုယ်ထင်တယ်။"
ဟော့ထင်းလန်က မျက်လုံးများကို ဖိမှိတ်လိုက်ပြီး တစ်ဖန်ပြန်ဖွင့်လိုက်ချိန်မှာ ပုံမှန်အတိုင်း ပျော့ပျောင်းပြီး ကျက်သရေရှိသောအသွင်အပြင်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ ခဏစဥ်းစားကာ စကားလုံးများကို ပါးနပ်စွာဖြင့် အစီအစဥ်တကျရှိစေရန် ဆင်ခြင်နေခဲ့၏။
ခဏတာတိတ်ဆိတ်နေပြီးနောက် သူက ရှုံးနိမ့်သွားသကဲ့သို့ ပြုံးလိုက်ပြီး တည်ငြိမ်ပျော့ပျောင်းစွာဖြင့် ဝါကျတစ်ကြောင်းတည်းကိုသာ ပြောလာခဲ့သည်။
"ရှောင်စစ်၊ ကိုယ် မင်းကိုသဘောကျတယ်။"
ယဲ့စစ်၏မျက်ဝန်းများက တုန်လှုပ်သွားပြီး သူ၏အသက်ရှူသံကိုတောင် ထိန်းထားလိုက်မိသည်။
ယဲ့စစ်အား စက္ကန့်ပိုင်းလောက် အချိန်ပေးပြီးနောက် ဟော့ထင်းလန်က ဖြည်းဖြည်းချင်းရှင်းပြလိုက်သည်။
"ကိုယ်တို့ လက်ထပ်ဖို့သဘောတူပြီးနောက်ပိုင်းမှာ အသက်အရွယ်က တော်တော်လေးကွာနေတော့ ကိုယ် မင်းအတွက် 'ရှူးရှူ' ကောင်းတစ်ယောက်ဖြစ်လာပြီး မင်းကို စောင့်ရှောက်ပေးမယ်၊ မင်း အရွယ်ရောက်လာတာကို စောင့်ကြည့်မယ်လို့ တွေးခဲ့ပေမဲ့..."
ဟော့ထင်းလန်က သူ့အသက်အရွယ်၊ သူ့အကြိုက်နှင့် သူနှင့်မလိုက်ဖက်သော တောင့်တမှုတို့ကို ပေါ့ပေါ့တန်တန် တစ်ချက်ရယ်လိုက်သည်။
"ကိုယ်က အသက်သုံးဆယ်ရှိပြီဆိုပေမဲ့ ဒီလိုကိစ္စမှာ ကိုယ်လည်း မင်းလိုမျိုး စာရွက်အလွတ်တစ်ရွက်ပါပဲ။ အဲ့ဒါကြောင့်... ဘာဖြစ်နေလဲဆိုတာကို ကိုယ်မသိခဲ့ဘူး။ ဒါပေမဲ့ ကိုယ်သတိပြုမိတဲ့အချိန်မှာ နေ့တိုင်းနေ့တိုင်း မင်းအကြောင်းကို မတွေးဘဲမနေနိုင်တော့ဘူး။"
သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
"ကိုယ် မင်းကို ထိတ်လန့်အောင်လုပ်မိမှာစိုးလို့ မင်းကိုပေးမသိခဲ့ဘူး။ ဒီနေ့အခြေအနေကြောင့်သာမဟုတ်ရင် ကိုယ် ဘာမှပြောဖြစ်မှာမဟုတ်ဘူး။ မင်း ကိုယ့်ကို ဆိုးသွမ်းတဲ့လူ၊ မသန့်ရှင်းတဲ့ စိတ်ဆန္ဒတွေနဲ့ မင်းကိုဂရုစိုက်ပေနေတဲ့သူလို့ ထင်သွားမှာကို ကိုယ်ကြောက်တယ််..."
ဟော့ရှူးရှူက... သူ့ကို သဘောကျတယ်?
သူ့ကို သဘောမကျရုံတင်မဟုတ်ဘဲ သဘောတောင်ကျနေခဲ့သေးတယ်?
ယဲ့စစ် စိတ်ထဲမှာ ဖရိုဖရဲဖြစ်နေပြီး ဤဝန်ခံချက်များကြောင့် သူ့ဦးခေါင်းထိပ်ကနေ အဖြူရောင်မီးခိုးငွေ့များတောင် ထွက်ကျလုနီးနီးပင်။ ယဲ့စစ် သူ့ကို ဟော့ရှူးရှူဟု ပထမဆုံးခေါ်ခဲ့ချိန်ကို ဘယ်တော့မှမေ့မည်မဟုတ်ပေ။ သူ အဓိကအချက်ကို ဖမ်းဆုပ်လိုက်ပြီး ပြန်ဖြေလိုက်၏။
"ကျွန်တော်၊ ကျွန်တော် ခင်ဗျားကို ဆိုးသွမ်းတဲ့လူလို့ မထင်ပါဘူး။"
"...အခုရော?"
ဟော့ထင်းလန်က မြွေကို တုတ်နှင့်ရိုက်လိုက်သော်လည်း* အပြစ်ရှိစိတ်ကို ခံစားနေရသလို စစ်မှန်သည့်အမူအရာဖြင့် ပြောလိုက်သည်။
"စောစောက မင်းရဲ့ခွင့်ပြုချက်မတောင်းဘဲ မင်းကို နမ်းခဲ့မိတယ်။ ကိုယ် မင်းကို အပြစ်ပြုမိခဲ့တာကို တောင်းပန်ပါတယ်။ ကိုယ် နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး။"
[TN/ မြွေကိုတုတ်နဲ့ရိုက်တယ်ဆိုတာ အခွင့်အရေးယူတာကိုပြောတာပါ။]
"ကျွန်တော်၊ ကျွန်တော် အပြစ်မတင်ပါဘူး၊ ကျွန်တော်..."
ယဲ့စစ်က အကြွင်းမဲ့ပြောနေသော်လည်း ပြောလက်စတစ်ဝက်အရောက်မှာ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိသွား၏။ သူက ရုတ်တရက်ဆိုသလို ပါးစပ်ကိုပိတ်လိုက်ပြီး သူ့လျှာကိုတောင် ပြန်ကိုက်လုနီးနီးဖြစ်သွားခဲ့သည်။
၎င်းက သူ့ကို အပြစ်ပြုမိခဲ့လျှင် သူက နောက်တစ်ကြိမ်ထပ်လုပ်မှာမဟုတ်တော့ပေ။
အကယ်၍ အပြစ်မယူခဲ့ပါက...
နောက်တစ်ကြိမ်ဆိုတာ ရှိနေဆဲမဟုတ်လော!
"မင်း ဘာပြောမလို့လဲ။"
ဟော့ထင်းလန်က သူ့ကို သိမ်မွေ့သောအမူအရာဖြင့် ကြည့်လာ၏။
"..."
ယဲ့စစ်၏နှုတ်ခမ်းများက တစ်တန်းတည်းစေ့ပိတ်သွားပြီး သူ၏မျက်လုံးများထဲမှာ ရှုပ်ထွေးမှုနှင့် ရုန်းကန်မှုတို့ ရှိနေခဲ့သည်။
ဟော့ရှူးရှူ... သူက လူတွေကို ဒီလိုမျိုး ထောင်ချောက်ဆင်တတ်တဲ့လူလား။
ယဲ့စစ်တစ်ယောက် သူအတွေးလွန်နေတာဖြစ်မည်ဟု ၈၀% သေချာနေခဲ့သည်။
သို့သော် ဟော့ထင်းလန်က ထိုကဲ့သို့လူမျိုးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်းက ယဲ့စစ်၏စိတ်အခြေအနေကို အနည်းငယ်ထိခိုက်သွားစေ၏။
လက်ပူးလက်ကြပ် အဖမ်းခံလိုက်ရခြင်းကြောင့် ရှက်ရွံ့ထိတ်လန့်ခြင်း၊ ရှက်ရွံ့ကာ စိုးရိမ်ပူပန်ခြင်း၏ မျက်ရည်စများ... ၎င်းတို့အားလုံး သူ့မျက်နှာပေါ်ကနေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
"ကိုယ်ပြောနိုင်တာအားလုံးကို ပြောခဲ့ပြီးပြီ။"
ဟော့ထင်းလန်က သူ၏စကားလုံးများ၊ တည်ငြိမ်မှုနှင့် ကမောက်ကမအခြေအနေများကြားက ငြိမ်သက်မှုလေနှင့်အတူ ကမာခွံလေးကို ကုတ်ခြစ်ကာ အထဲမှပုလဲလုံးလေးများကို တူးဖော်ဖို့ သူ၏ကံကြမ္မာကိုစမ်းသပ်ခဲ့သည်။
"မင်း ကိုယ့်ကို ပြောချင်တာတစ်ခုခုမရှိဘူးလား။"
ယဲ့စစ်က ခေါင်းညိတ်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တစ်ဖန် ခေါင်းယမ်းပြလိုက်ပြီး လက်ချောင်းထိပ်လေးများ ဖြူဆွတ်သွားတဲ့အထိ လက်သီးဆုပ်ထားလေ၏။
ဟော့ထင်းလန်က ယဲ့စစ်၏အတွေးများကို ခန့်မှန်းလိုက်သည်။ ငါးနှစ်တာအိမ်ထောင်ရေးမှာ သူ ယဲ့စစ်ကို ကောင်းကောင်းသိခဲ့သည်။ ယနေ့ည ယဲ့စစ်၏ အမျိုးမျိုးသောအမူအရာများ၊ တုံ့ပြန်မှုများကို ချိတ်ဆက်လိုက်ပြီးနောက် သူ အနီးစပ်ဆုံး ခန့်မှန်းနိုင်ခဲ့သည်။
သူ၏ခန့်မှန်းချက်က ယဲ့စစ်ကိုယ်တိုင် အဖြေထုတ်တာထက်တောင် ပို၍ရှင်းလင်းနေနိုင်၏။
"မင်း ကိုယ့်ကို ဘာပြောရမှန်းမသိသေးဘူးလား။"
ဟော့ထင်းလန်က နွေးထွေးစွာမေးလိုက်၏။
"အမှတ်အသားကာလအတွင်း ဖယ်ရိုမုန်းပြောင်းလဲမှုတွေက မင်းရဲ့အတွေးတွေမှုကို ထိခိုက်စေမှာကို စိုးရိမ်နေတာလား။"
ယာယီအမှတ်အသားပြုပြီးနောက် ဖယ်ရိုမုန်းအတက်အကျများကြောင့် အယ်ဖာများနှင့် အိုမီဂါများက တစ်ယောက်ကိုတစ်ယောက် တောင့်တလာတတ်ကြပြီး 'friends with benefits များက ချစ်သူများဖြစ်လာခြင်း' ကဲ့သို့ အမျိုးမျိုးသော ဇာတ်လမ်းများကို တွေ့ရတတ်သည်။ သို့သော် ယာယီအမှတ်အသားများ မှေးမှိန်သွားချိန်မှာ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုသက်သက်ကြောင့် ဖြစ်ပေါ်လာသော ခံစားချက်များကလည်း ချက်ချင်းပျောက်ကွယ်သွားမည်ပင်။
သို့သော် တကယ်တမ်းမှာတော့ ယဲ့စစ်က သူ့အပေါ်ကို ထိုကဲ့သို့ခံစားရခြင်းမဟုတ်ကြောင်း ဟော့ထင်းလန် မြင်တွေ့နိုင်ပေသည်။
ထို့အပြင် စိတ်ဝိညာဥ်နှင့် အသွေးအသား၊ လိင်ကိစ္စနှင့် ချစ်ခြင်းမေတ္တာတို့က ခွဲထားလို့မရပေ။
သို့သော် ဆယ်ကျော်သက်အရွယ်လေးနှင့် သူ့ကြားမှာ မျိုးဆက်ကွာဟမှုရှိနေ၏။ ယဲ့စစ်၏အမြင်မှာ စိတ်ဆန္ဒများစွာနှင့် ရောယှက်နေသော အနှီစိတ်ခံစားချက်များက တကယ့်ခံစားချက်အစစ်အမှန် မဖြစ်နိုင်ပေ။ ယဲ့စစ်က လက်ရှိအခိုက်အတန့်မှာ ယာယီ heat ဝင်နေပြီး သူ့အတွက် အယ်ဖာတစ်ယောက်ဆီမှ နှစ်သိမ့်မှုနှင့် ချစ်ခြင်းမေတ္တာတို့အတွက် ဇီဝကမ္မဆိုင်ရာလိုအပ်ချက်များက ရှုပ်ထွေးနေသောအရာတစ်ခုပင်။ ယဲ့စစ်၏အတွေ့အကြုံပေါ် အခြေခံရလျှင် ၎င်းက ရှင်းလို့မရသော ရှုပ်ယှက်ခတ်နေသည့် အရှုပ်အထွေးတစ်ခုဖြစ်နေမည်မှာ သေချာပေသည်။
"...အွန်း။"
ယဲ့စစ်တစ်ယောက် စကားပြောဖို့ အခက်တွေ့နေပြီး ခေါင်းညိတ်ပြလိုက်၏။
သေချာပေါက်ပင်။
သူခန့်မှန်းတာ မှန်ကန်ပေသည်။
သူသာ တတ်နိုင်မည်ဆိုပါက ဟော့ထင်းလန်တစ်ယောက် တစ်စက္ကန့်လေးတောင် မစောင့်ဆိုင်းချင်တော့ပေ။
သို့သော် ၎င်းက အလုပ်ဖြစ်မည်မဟုတ်ချေ။
ထို့ပြင်...
ယဲ့စစ်က ဆယ့်ရှစ်နှစ်အရွယ်မှာ သူ့ဂလင်း၏ဒုတိယကွဲပြားမှုကို အများကြီးဂရုစိုက်နေလိမ့်မည်ဟု သူ အမှန်တကယ်မမျှော်လင့်ခဲမိပေ။
လက်ရှိယဲ့စစ်က အိုမီဂါလိင်နှင့်ပတ်သက်သည့် အသိစိတ်ကင်းမဲ့နေသည်မှာ ထင်ရှားပေ၏။ အိုမီဂါ heat ကာလက သူ့ကို ရှက်ရွံ့စေပြီး ထိုအတွက်ကြောင့် 'အယ်ဖာကိုသဘောကျသည်' ဟူသောအချက်ကို လက်ခံရန် သဘာဝအားဖြင့် ခက်ခဲပေလိမ့်မည်။
'ဟော့ရှူးရှုကို သဘောကျလား' ဟု မေးလိုက်တုန်း သူ၏ 'လျှို့ဝှက်ပြီး သည်းမခံနိုင်စရာ' အတွေးများကို ဖောက်မြင်ခံလိုက်ရမည်စိုး၍ ကိုယ့်ကိုယ်ကိုယ် ရွံရှာပြီး ကြောက်အားလန့်အားဖြင့် သူ့မျက်နှာကိုအုပ်ကာ ငိုကြွေးခဲ့သည်...
ဤပြဿနာကို ဖြေရှင်းဖို့လိုအပ်သည်။
'ဟော့ထင်းလန်က သူ့ရဲ့အယ်ဖာ' ဆိုသည့်အချက်ကို ယဲ့စစ် လက်ခံလာအောင် သူ လမ်းပြပေးဖို့လိုအပ်သည်။
"မင်းစိတ်ပူနေတာကို ကိုယ်နားလည်ပါတယ်။"
ယဲ့စစ်၏အတွေးများကို နားလည်ရန်ကြိုးစားရင်း ဟော့ထင်းလန်၏နှလုံးသားက တဖြည်းဖြည်း နူးညံ့ပျော့ပျောင်းလာ၏။
"ကိုယ်တို့တွေ အမှတ်အသားကာလပြီးသွားတော့မှ စကားကောင်းကောင်းပြောကြမယ်... ဟုတ်ပြီလား။"
"ဟုတ်-ဟုတ်ကဲ့ပါ ဟော့ရှူးရှူ။"
ယဲ့စစ်က တောက်ပနေသောမျက်ဝန်းများဖြင့် သူ့ကို ငေးစိုက်ကြည့်လိုက်သည်။
အခန်းထဲမှာ အခိုက်အတန့်တစ််ခုလောက် တိတ်ဆိတ်သွားလေ၏။
စောစောတုန်းက ချိုမြိန်သည့်ဗနီလာရနံ့လေးများမှာ ထိတ်လန့်ကာ ပျောက်ကွယ်သွားခဲ့သော်လည်း ယခုမှာမူ တစ်ဖန်ပြင်းထန်လာခဲ့သည်။
"မင်းရဲ့ ယာယီ heat က... မပြီးသေးဘူးမဟုတ်လား။"
ဟော့ထင်းလန်က ရုတ်တရက် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
ထိုအခါမှ လောဘကြီးသောဂလင်းများက ပို၍ပြင်းထန်လာပြီး မငြိမ်မသက်ဖြစ်နေဆဲဖြစ်ကြောင်း ယဲ့စစ်တစ်ယောက် သတိပြုမိသွားလေ၏။
"ဒါကို မြန်မြန်ဖြေရှင်းပြီး မင်းရဲ့အခန်းကို ပြန်ချင်လား။"
ဟော့ထင်းလန်က အတွေ့အကြုံမရှိသော ချစ်ရသူလေးကို ရိုးရှင်းစွာ ဆွဲဆောင်နေပြီး သူ အမှန်တကယ် မည်မျှပျော့ပျောင်းသွားသည်ကို သိရဖို့ ကြိုးစားနေခဲ့သည်။
ယဲ့စစ်က သူ့ကို တစ်ချက်ကြည့်လာ၏။ အနှီမျက်ဝန်းများက တုံးအခြင်းမရှိဘဲ အခိုက်အတန့်တစ်ခုကြာပြီးနောက်မှာ ရှက်ရွံ့စွာဖြင့် တီးတိုးပြောလာခဲ့သည်။
"ပြန်ချင်တယ်။"
ဟော့ထင်းလန်က စောင်အစွန်းတစ်ဖက်ကိုမကာ လက်တစ်ဖက်ဝင်လိုက်သည်။
စောစောက အဖမ်းခံလိုက်ရသဖြင့် အေးစက်သွားသော ယဲ့စစ်၏ခြေလက်များက ပြန်မသက်သာလာသေးချေ။
"အရေပြားထိတွေ့မှုက ဖယ်ရိုမုန်းတွေကို ထိထိရောက်ရောက်လွှဲပြောင်းပေးနိုင်တယ်။ အရင်က ဇီဝကမ္မအသိပညာစာအုပ်ထဲမှာ အဲ့လိုပါတယ်၊ မင်း မှတ်မိလား။"
ဟော့ထင်းလန်က စိတ်အားထက်သန်စွာပြောလိုက်ပြီး ယဲ့စစ်၏လက်ကလေးကို ညင်သာစွာဆုပ်ကိုင်လိုက်သည်။
သူ့လက်ကလေးက နူးညံ့ပြီး ရေခဲတမျှအေးစက်နေ၏။
နှင်းလုံးလေးကို ကိုင်ထားရသလိုပင်။
***
Aurora Novel Translation Team
There is No Eng Version