no
အပိုင်း (၃၈) - သန့်စင်မှု
"...ကောင်းပါပြီ။"
ဟော့ထင်းလန်က ယဲ့စစ်ကိုပွေ့ဖက်ကာ သူ၏ဦးခေါင်းလေးကို ပွတ်သပ်လိုက်သည်။
ဘယ်အချိန်ကစခဲ့မှန်း သူ မသိသော်လည်း ယဲ့စစ်က သူ၏မှတ်ဉာဏ်ထဲမှ အားနည်းပြီး ကျိုးပဲ့လွယ်သောသူနှင့် မတူညီတော့ပေ။
အမာရွတ်ရှိိသောအပင်သည် ဒဏ်ရာများကနေ အညှောင့်အသစ်များထွက်လာပြီး လတ်ဆတ်ကာ စိတ်အားတက်ကြွနေပေ၏။ အတိတ်တုန်းက ခံစားခဲ့ရသော အရှက်ကွဲမှုများနှင့် ဆင်းရဲဒုက္ခများအားလုံး မထင်မရှားကပ်ခွာတစ်ခုလို အခွာခံလိုက်ရပြီး သူ့ကို မနာကျင်စေတော့ပေ။
နှစ်ဦးသား ပွေ့ဖက်ထားရင််း နွေးထွေးမှုလေးက ငြိမ်သက်စွာထွက်ပေါ်နေခဲ့သည်။
ဟော့ထင်းလန်တစ်ယောက် လူကြီးလူကောင်းမျက်နှာဖုံးနှင့် အပြုအမူတို့ကို ဤနေရာမှာဆုံးရှုံးလိုက််ရသည်ကတော့ နှမြောစရာကောင်းပြီး နွေးထွေးမှုလေးက သုံးစက္ကန့်ထက် မပိုခဲ့ပေ။
"ပေါင်ပေါင််း။"
ဟော့ထင်းလန်က အနည်းငယ်နောက်ပြန်ဆုတ်ကာ ယဲ့စစ်၏နှုတ်ခမ်းကို သူ၏လက်ချောင်းထိပ်လေးများဖြင့် ထပ်ဖွဖွပွတ်သပ်ကာ အပြုံးလေးဖြင့် အကြံတောင်းလိိုက်၏။
"ဒါကို ပါးစပ်-ပါးစပ်ချင်းနဲ့ အမှန်ပြင်ရတာ ပုံမှန်နည်းလမ်းမဟုတ်လား။ ကိိုယ်က တစ်စုံတစ်ခုပြောရင် မင်းက တစ်စုံတစ်ခုပြန်ပြောရတာမျိုးလေ?"
သူက လူဆိုးတစ်ယောက်လို ပြုမူနေ၏။ ယဲ့စစ်က သူ့ကို တွန့်ဆုတ်စွာဖြင့် မော့ကြည့်လာပြီး အရိုးသားဆုံးပြန်ဖြေခဲ့သည်။
"ကျွန်တော်တို့ အထူးပြုအေဂျင်စီတစ်ခု ဒါမှမဟုတ် စိတ်ရောဂါကုထုံးဆရာဝန်ကို ရှာဖို့လိုတယ်..."
ဟော့ထင်းလန်က ပြောလိုက်သည်။
"ဟုတ်ပါပြီ၊ ကိုယ် မင်းအတွက် အကောင်းဆုံးတစ်ယောက်ရှာပေးမယ်။"
ယဲ့စစ်က အအခိုက်အတန့်တစ််ခုလောက် တိတ်ဆိတ်သွား၏။ သူ၏မျက်တောင်လေးများက တုန်ယင််ပြီး သူ့အသံက ပိုပိုပြီးတိုးလျလာခဲ့သည်။
"အခု ခင်ဗျားက တကယ်ပဲ၊ တကယ်ပဲ ညစ်ညမ််းတဲ့ဟာသတွေကိို ပြောနေတာလား..."
ဟော့ထင်းလန်က ယဥ်ကျေးစွာပြောခဲ့လေ၏။
"ဟုတ်ပါတယ်ခင်ဗျာ။"
အရှက်တရားနှင့်မဟုတ်ဘဲ ဂုဏ်သရေရှိစွာ ပြန်ဖြေခဲ့လေ၏။
ယဲ့စစ်: "....."
တိတ်ဆိတ်ခြင်းတို့ ကြီးစိိုးသွားလေ၏။
ယဲ့စစ််တစ်ယောက် အသက်ကြီးသော သူ့ချစ်သူဆီကနေ တစ်နေကုန်အနိုင်ကျင့်ခံခဲ့ရသည်။ သူ၏နားရွက်ဖျားကကနေ သွေးများစီးကျလာတဲ့အအထိကို ရှက်ရွံံ့နေခဲ့ပြီး သူ မည်သူ့ကိုမှ မကြည့်ဝံ့သလို မတ်မတ်လည်းမရပ်နိုင်ခဲ့ပေ။ ယဲ့စစ်က ပြောလိုက်၏။
"ဒါဆို၊ ဒါဆိို ခင်ဗျား ကြိုးစားကြည့်ပြီး ကျွန်တော့်ကို ပါးစပ်-ပါစပ်ချင်း ကုသပေးကြည့်လေ..."
သူက သေးငယ်သောလက်သည်းလေးများဖြင့် သားရဲကို ခြောက်လှန့်ဖို့ကြိုးစားနေသည့် အကောင်ပေါက်လေးနှင့်တူ၏။
သူ့စကားမဆုံးခင် ဟော့ထင်းလန်က သူ့ကို လျှောက်လမ်းနံရံနှင့် ဖိကပ်လိုက်လေ၏။
"ကိိုယ် မင််းကို ပါးစပ်-ပါစပ်ချင်း ကုသပေးမယ်၊ ပြီးရင် မင်းရဲ့လျှာလေးကို ပွတ်သပ်ပေးမယ်... အဲ့လိိုလုပ်လို့ရတယ်မလား ပေါင်ပေါင်း။ ဘယ်လိိုသဘောရလဲ။"
ထို့နောက် နှုတ်ခမ်းလွှာတို့က အချင်းချင်း ဖိကပ်သွားကြသည်။ မည်သူက စတင်လိုက်မှန်းမသိသော်လည်း နှစ်ဦးသားက ခွာလိို့မရအောင် လိမ်ယှက်နေလေ၏။
ပန်းရောင်နှုတ်ခမ်းလွှာလေးများက နီရဲဲနေအောင်ထိ စုပ်ယူခံထားရပြီး အနည်းငယ်ရောင်ရမ်းနေခဲ့သည်။ ယင်းကြောင့် နာရီဝက်လောက် အခြားသူများနှင့်တွေ့ဖို့မဖြစ်နိုင်ချေ။
နီတာရဲလျှာကလေးမှာလည်း ကြိမ်ပေါင်းများစွာ 'ပွတ်တိုက်' ခံထားရသဖြင့် ထုံထိုင်းလာသလိုပင်။
အနမ်းက အဆုံးသတ်သွားသောအခါ ယဲ့စစ်တစ်ယောက် ပါးစပ်ကိုအုပ်လျက် စကားတစ်ခွန်းမှမပြောနိုင်ဘဲ အခန်းထဲပြန်ပြေးသွားခဲ့လေ၏။
သူ ဟော့ရှူးရှူကို လုံးဝပရောပရည်လုပ်လို့မဖြစ်ပေ။
ကနဦးတုန်းက သူ ဟော့ထင်းလန်နှင့် အပြင်ထွက်ပျော်ဖို့ စီစဥ်ထားခဲ့သော်လည်း ယခုမှာမူ အပြင်ထွက်ဖို့အရေး သူ့နှုတ်ခမ်းလေး အရောင်ကျသွားတဲ့အချိန်ထိ အခန်းထဲမှာပဲ စောင့်နေခဲ့ရ၏။ ကံကောင်းစွာဖြင့် သူ ပြန်ရောက်လာသောအခါ လုပ်စရာအလုပ်ရှိလာခဲ့သည်။ လသာဆောင်မှာလှန်းထားသော အဝတ်များနှင့် အိပ်ရာခင်းများကို ရုပ်ရတော့မည်ဖြစ်၏။
စောင်ကဲ့သို့သော ထူထဲသည့်ပစ္စည်းမျိုးအပြင် ယဲ့စစ်၏ညအိပ်ဝတ်စုံနှင့် အဖြူရောင်ချည်သားအတွင်းခံလေးတစ်စုံပါ ရှိနေ၏...
ဟော့ထင်းလန်က ၎င်းတို့အားလုံးကို ကိုယ်တိုင် လက်နှင့်လျှော်ဖွတ်ပေးခဲ့သည်။
မနေ့ညက ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်ဆီကနေ ကျီစယ်၍စစ်ဆေးမေးမြန်းခံခဲ့ရပြီး ခေါင်းကနေ အငွေ့များတောင်ထွက်လာခဲ့သည်။ သူ အလွန်ရှက်ရွံ့ကာ မှင်တက်နေခဲ့ပြီး အသိစိတ်ပြန်ချိန်မှာ ဟော့ထင်းလန်က ရေချိုးခန်းထဲကို ဝင်ရောက်လာပြီဖြစ်၏။ ဟော့ထင်းလန်က သူ့ကို ခွေးခြေခုံပေါ်ထိုင်ခိုင်းခဲ့သည်။
ဖိတ်ကျသွားသော အအေးများက အဖြူရောင်ညစ်တစ်တစ်နှင့် စေးကပ်နေ၏။
"မင်းရဲ့ညအိပ်ဝတ်စုံကို ချွတ်ပေး။" ဟော့ထင်းလန်က သူ့ရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်ကာ ကျီစယ်လိုသောအကြည့်ကိုဖျောက်၍ ပျော့ပျောင်းစွာပြောလာခဲ့သည်။ "ကိုယ် လျှော်ပေးမယ်။"
ပိုင်ဆိုင်လိုစိတ်ကြီးသော အယ်ဖာ၏သဘာဝက ယုတ္တိမတန်ပေ။ ဤပစ္စည်းများမှာ ဗနီလာရနံ့စွဲကပ်နေတာကို ယဲ့စစ်က ဂရုမစိုက်လျှင်တောင် ဟော့ထင်းလန်ကတော့ အခြားသူများအား ပေးမလျှော်နိုင်ချေ။
"ကျွန်တော်၊ ကျွန်တော့်ဘာသာ လုပ်လိုက်ပါ့မယ်..."
ယဲ့စစ်က တီးတိုးပြောလိုက်သည်။
ဟော့ထင်လန်က သူ့ဘောင်းဘီခြေထောက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး တွေးတွေးဆဆပြောလိုက်၏။
"အအေးတွေက လျှော်ဖို့မလွယ်ဘူး။ ကိုယ့်ကိုလုပ်ခွင့်ပေးပါ။ ကိုယ့်လက်တွေကကြီးတော့ အဲ့ဒါကို ပြောင်အောင်ပွတ်ပေးနိုင်တယ်လေ။"
"မ၊ မလိုပါဘူး..."
ယဲ့စစ်တစ်ယောက် စကားလုံးများက လည်ချောင်းဝမှာတစ်နေလေ၏။ သူ၏မျက်နှာက နီမြန်းနေပြီး ရှက်ရွံ့မှု၊ ဒေါသလေးပိစိိနှင့် သနားချင့်စဖွယ်ကောင်းအောင် ပါးစပ်ပိတ်နေခဲ့သည်။ သူက နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသကဲ့သို့ သူ၏ဘောင်းဘီကို ဆုပ်ကိုင်ထားလေသည်။
"လိမ္မာပါကွာ။"
ဟော့ထင်းလန်က အဆုံးစွန်သောစေ့ဆော်မှုနှင့်အတူ သိမ်မွေ့စွာပြောလိုက်သည်။
"ရေနွေးနွေးလေးနဲ့ ရေသွားချိုးလိုက်၊ ကျန်တာ ကိုယ်လိုက်မယ်။"
"ပေါင်ပေါင်း။"
ယဲ့စစ်၏ငြင်းဆန်မှုကို မြင်လိုက်ရသောအခါ ဟော့ထင်းလန်က ဟက်ဟက်ပက်ပက်မရှိသောအမူအရာဖြင့် ပြောလိုက်သည်။
"မင်းက ယောက်ျားအပေါ်ကို အရမ်းယဥ်ကျေးနေတာပေါ့?"
သူက ယဲ့စစ်၏သူစိမ်းဆန်မှုကို အပြစ်တင်သလို ပြောလိုက်လေသည်။ ထိုအခါ ယဲ့စစ်တစ်ယောက် လက်ကိုလွှတ်ပေးလိုက်ရတော့သည်။
သူ လက်လွှတ်လိုက်သည်နှင့် သူ၏ခြေထောက်များက အေးခနဲဖြစ်သွားခဲ့သည်။
ညအိပ်ဘောင်းဘီလေးခမျာ ဟော့ထင်းလန်လက်ထဲ အချွတ်ခံလိုက်ရလေ၏။
ထိုလက်တစ်စုံက သူခိုးတစ်ယောက်၏လက်အတိုင်း အရှိန်မြန်လွန်းသဖြင့် သူခိုးကတောင် ရှက်ရွံ့သွားနိုင်သည်။
သွယ်လျဖြောင့်တန်းပြီး ဖြူဆွတ်နေသောခြေထောက်လေးနှစ်ဖက်က အချင်းချင်း ဖိကပ်ထားခဲ့သည်။ ယဲ့စစ်မှာ အသက်ရှူသံများရပ်တန့်သွားပြီး သူ့ကိုယ်သူဖုံးဖိဖို့ အင်္ကျီအနားစကို ဆွဲချနေခဲ့လေ၏။
"ကိုယ့်ကို အားလုံးပေးလိုက်။"
ဟော့ထင်းလန်က သိမ်မွေ့သောအကြည့်ဖြင့် ပြုံးလိုက်သည်။
"ကိုယ်က မင်းကို အဝတ်ကူလျှော်ပေးချင်ရုံပါ။ ကိုယ့်ကို လူယုတ်မာတစ်ယောက်နဲ့တူအောင် ဘာလို့လုပ်နေရတာလဲ... ပေါင်ပေါင်းက လိမ္မာပါတယ်၊ မတ်တတ်ရပ်ပြီး ကိုယ့်ကိုချွတ်ပေးလိုက်နော်။"
ယင်းမှာ ချော့တစ်ဝက် ခြောက်တစ်ဝက်ဖြင့် အဝတ်များချွတ်ဖို့ ဖိအားပေးနေသလိုပင်။
ယဲ့စစ်က အလွန်ရှက်ရွံ့နေပြီး ပုစွန်လေးလို ကွေးကွေးလေးနေကာ ခွေးခြေခုံပေါ်မှာ ပူလောင်နေလေ၏။ သူ၏အင်္ကျီက ဘာမှမမြင်ရဖို့ ဖုံးကွယ်ရန်အတွက် လုံလုံလောက်လောက်ရှည်လျားသည်။ သူက လက်တစ်ဖက်ဖြင့် သူ့ကိုယ်သူဖုံးဖိကာ နောက်တစ်ဖက်ဖြင့် ဟော့ထင်းလန်၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်၍ သူ့ကို အဝတ်မလျှော်ဖို့ တားဆီးလိုက်သည်။
"ဟော့ရှူးရှူ၊ အဲ့ဒါကို မ၊ မလျှော်ဘဲနဲ့ လွှင့်ပစ်လိုက်ပါလား..."
"အအေးဖိတ်သွားရုံနဲ့ လွှတ်ပစ်လိုက်တာက ကောင်းရဲ့လား။"
ဟော့ထင်းလန်က ပြုံးလိုက်၏။ သူက အဖြူရောင်အဝတ်ကလေးကို ဆုပ်ကိုင်လျက် ဟော့မိသားစု၏ စည်းမျဥ်းစည်းကမ်းများကို အသုံးအဖြုန်းကြီးသော လူကြီးလူကောင်းလေးအား စိတ်အားထက်သန်စွာဖြင့် သင်ပြပေးခဲ့၏။
" 'တည်ငြိမ်အေးချမ်းခြင်းက ကိုယ်ကျင့်တရားကို ဖွံ့ဖြိုးတိုးတက်စေပြီး ချွေတာစုဆောင်းခြင်းက စာရိတ္တကို မြှင့်တင်ပေးသည်' ဒါက ကိုယ်တို့ဟော့မိသားစုရဲ့ ဆောင်ပုဒ်ပဲ။"
"ဒါဆို ကျွန်တော့်ဘာသာ၊ ကျွန်တော့်ဘာသာပဲ လုပ်လိုက်ပါ့မယ်။ ဟော့မိသားစုရဲ့ ဆောင်ပုဒ်ထဲမှာ... ကိုယ်ရဲ့ပြဿနာကို ကိုယ်တိုင်ကိုင်တွယ်ရမယ်လို့လည်း ပါတယ်မဟုတ်လား။"
ယဲ့စစ်က ဟော့ထင်းလန်၏လက်ကိုဆွဲကာ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားသောအရာကိုယူရန် သူ့လက်ကိုဖြန့်ဖို့ကြိုးစားနေလေ၏။ ဟော့ထင်းလန်က အပြုံးလေးဖြင့် သူ့လက်ကို အနောက်သို့ပို့လိုက်ရာ ယဲ့စစ်က လက်အနောက်ကနေလိုက်သွားသဖြင့် သူ့ကို ပွေ့ဖက်သလိုဖြစ်သွားခဲ့သည်။ အမြင်အားဖြင့်ကြည့်လျှင် ယဲ့စစ်ဘက်ကနေအစပြုကာ သူ့ကို ပွေ့ဖက်လိုက်သကဲ့သို့ပင်။
ရလဒ်အနေဖြင့် အကြံဆိုးများနှင့်အမျိုးသားက အခွင့်အရေးယူကာ ယဲ့စစ်၏မျက်နှာကို နှစ်ကြိမ်နမ်းလိုက်လေသည်။ ယင်းမှာ သူက တစ်စုံတစ်ခုကိုဆုပ်ကိုင်ထားဖို့ကြိုးစားနေတာမဟုတ်ဘဲ ပရောပရည်လုပ်နေခြင်းဖြစ်၏။
"ဟော့ရှူးရှု!"
ယဲ့စစ်တစ်ယောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပြူးကျယ်သွားခဲ့သည်။ သူက ဟော့ထင်းလန် မည်မျှအရေထူကြောင်း စစ်ဆေးနေသကဲ့သို့ သူ့မျက်နှာကို စိုက်ကြည့်နေခဲ့သည်။
၎င်းမှာ မှန်းဆလို့မရပေ!
"လိမ္မာပါတယ်၊ ရေသွားချိုးလိုက်တော့နော်။"
ဟော့ထင်းလန်က ယဲ့စစ်အတွက် ရေချိုးတဘက်တစ်ထည်ထုတ်ကာ သူ့ကို ရေချိုးဖို့တွန်းပို့လိုက်သည်။
ယဲ့စစ်တစ်ယောက် ခြေတစ်လှမ်းလှမ်းပြီးတိုင်း သုံးကြိမ်လောက် နောက်ပြန်လှည့်ကြည့်နေပြီး သွားဖို့ကို တွန့်ဆုတ်နေခဲ့သည်။ သူ ဟော့ထင်းလန်လက်ထဲကနေ ထိုအရာများကို ဆွဲလုကာ အာကာသအပြင်ဘက်သို့ လွှတ်တင်မည့် ဒုံးပျံယာဥ်ထဲ ထိုးထည့်ပေးချင်တာမှ ယားနေလေ၏။
ရေချိုးခန်းကို အစိုနှင့် အခြောက်နေရာအား သီးသန့်ဒီဇိုင်းလုပ်ထားပြီး ရေချိုးသည့်နေရာကို ဖောက်ထွင်းမမြင်ရသောဖန်ဖြင့်ကာထားသည်။ ဘာကိုမှ ရှင်းရှင်းလင်းလင်းမမြင်ရသလို ရေငွေ့များလည်းရိုက်နေရာ ပိုလို့တောင်ဝါးနေသည်။
ဟော့ထင်းလန်က ညအိပ်ဝတ်စုံအသစ်ကိုယူ၍ လက်ဆေးဘေစင်ပေါ်မှာတင်ပေးခဲ့ပြီး အခန်းထဲပြန်လာ၏။ ထို့နောက် ညစ်ပတ်နေသောအိပ်ရာခင်းများကိုဖယ်ကာ အသစ်များနှင့် အစားထိုးလိုက်သည်။ သူ နိုင်ငံခြားမှာကျောင်းတက်တုန်းက အလုပ်သမားတစ်ယောက်ကိုငှားခဲ့သော်လည်း အဆင်မပြေသဖြင့် သူ့ဘာသာသူဖြေရှင်းကာ အိပ်ရာခင်းကို ကိုယ်တိုင်လဲ၍ အဝတ်များကိုလည်း ကိုယ်တိုင်လျှော်ခဲ့သည်။
ယဲ့စစ်က ဆံပင်တောင်မလျှော်ဘဲ အလျင်အမြန်သန့်ရှင်းပြီး အဝတ်လဲ၍ နှစ်မိနစ်အတွင်းပြန်ထွက်လာခဲ့၏။
ဟော့ထင်းလန်က စိုနေသောအဝတ်များနှင့် ရေချိူးခန်းထဲ လျှောက်သွားခဲ့သည်။ ထို့နောက် ယဲ့စစ်ကို တံခါးအပြင်ဘက်တွန်းထုတ်ကာ လူကြီးလူကောင်းလေးကို သူ့အလုပ်အား နှောင့်ယှက်ခွင့်မပေးခဲ့ပေ။
ယဲ့စစ်က တံခါးအရှေ့မှာရပ်နေပြီး အခန်းအပူချိန်က သူ့မျက်နှာကို ဒီကရီများစွာတိုးလာစေခဲ့သည်။ ကောင်းကင်ဘုံနှင့် လူသားတစ်ယောက်က အကျော့ ၃၀၀ လောက် တိုက်ခိုက်ခဲ့ကြသည်။ သူ ယခုလိုနည်းနှင့် ပြန်လည်းမအိပ်နိုင်သဖြင့် သတ္တိများစုစည်း၍ တံခါးကိုဖွင့်လိုက်၏။
"ဟော့ရှူးရှူ၊ ကျွန်တော့်ကို လျှော်ခွင့်ပေး... ဟော့၊ ဟော့ရှူးရှူ!!!"
"အမ်?"
ဟော့ထင်းလန်တစ်ယောက် အဝတ်စိုကို သူ့နှာခေါင်းကနေ ဖယ်လိုက်ပြီး သူ့ပါးစပ်အား လက်သုတ်ပဝါဖြင့်သုတ်လိုက်သလို ကြော့ရှင်းသောအမူအရာဖြင့် ရေဇလုံထဲပြန်ထည့်လိုက်သည်။
ယဲ့စစ်၏မျက်ဝန်းများမှာ ငလျင်လှုပ်ခတ်နေလေ၏။
"ခင်ဗျား ဘာ၊ ဘာလုပ်..."
"မင်း ဘာပြောခဲ့တာလဲ။ အအေးမှောက်ကျတယ်?"
ဟော့ထင်းလန်က ရယ်လိုက်ပြီး သူ့လက်ထဲက ရေစက်များကို ခါလိုက်၏။ ထို့နောက် ရေချိုးခန်းထဲကထွက်ကာ ယဲ့စစ်ကို ချောင်ပိတ်လိုက်ပြီး နားရွက်နားတိုးကပ်သွားလေသည်။ ထို့နောက် အက်ရှသောအသံဖြင့် ပြောလိုက်သည်။
"ဒါကို... အထူးအခြေအနေတချို့မှာ ရင့်ကျက်တဲ့ ဒါမှမဟုတ် ရင့်ကျက်တော့မဲ့အိုမီဂါတစ်ယောက် ဖြစ်တတ်တဲ့အရာလို့ခေါ်တယ်။"
ဟော့ထင်းလန်က မျက်လွှာချကာ မည်းနက်နေသောမျက်ဝန်းများဖြင့် သူ့ကိုစိုက်ကြည့်၍ ပျော့ပျောင်းစွာပြောလိုက်သည်။
"ရှောင်စစ်လေးက အရွယ်ရောက်လာပြီပဲ။"
ခဏအကြာမှာ ယဲ့စစ်၏ နီစွေးနေသောမျက်နှာလေးကို လက်ချောင်းထိပ်လေးများဖြင့် သူ့ဘက်လှည့်စေလိုက်ပြီး တီးတိုးပြောလိုက်၏။
"ကိုယ့်ကို အိပ်မက်မက်ခဲ့တာလား။"
ယဲ့စစ်က မျက်နှာပြန်လွှဲလိုက်ပြီး မဖြေရဲခဲ့ပေ။
သို့သော် ဟော့ထင်းလန်က သူ့ကိုလွှတ်မပေးဘဲ သူ့လက်ကိုဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်း ညှင်းပန်းနေလေ၏။
"ဘာအကြောင်းမက်ခဲ့တာလဲ။"
ယဲ့စစ် နှိပ်စက်မှုကို ခံနိုင်ရည်မရှိတော့ဘဲ ပြန်ဖြေလိုက်သည်။ "ခင်ဗျားက ကျွန်တော့်ကို၊ ကျွန်တော့်ကို ပွေ့ဖက်ထားတယ်လို့ပဲ အိပ်မက်မက်ခဲ့တာပါ..."
ဟော့ထင်းလန်က မယုံကြည်ဘဲ ဝန်ခံလာစေရန် ဖိအားပေးလိုက်သည်။
"တခြားရော?"
ယဲ့စစ် တံတွေးမျိုချကာ ခေါင်းငုံ့လိုက်သည်။ ကြမ်းခင်းပေါ်မှ အက်ကွဲရာများကို သူ့ခြေဖနောင့်ဖြင့် ဖိပွတ်နေရင်း ခြင်ဝီသံထက် ပိုတိုးသောအသံဖြင့် ဝန်ခံလိုက်လေ၏။
"နမ်းလည်းနမ်းသေးတယ်..."
"နောက်ထပ်ရော?"
"အဲ့ဒါ အကုန်ပါပဲ။" ယဲ့စစ်က အလျင်အမြန်ခေါင်းယမ်းကာ အရိုးသားဆုံးပြောလိုက်သည်။ "တကယ်ပါ၊ အဲ့ဒါပါပဲ။"
သူ လိမ်ညာနေတာမဟုတ်ကြောင်း ဟော့ထင်းလန်က သိသဖြင့် အံ့အားသင့်ကာ ရယ်လိုက်လေသည်။
"မင်း ကိုယ့်ကိုအိပ်မက်မက်တာက... အရမ်းဖြူစင်တာပဲလား။"
သူ တဒင်္ဂ ရူးသွပ်သွားခြင်းလော သို့မဟုတ် သူ့စကားကို ယုံကြည်လာအောင် ထပ်ဖြည့်ပြောလိုက်ခြင်းပဲလော မသိသော်ငြား ယဲ့စစ်က ဝါကျတစ်ကြောင်းကို ပြောလိုက်သည်။
"တခြား ဘာလုပ်လို့ရနိုင်လဲဆိုတာ... ကျွန်တော်၊ ကျွန်တော်မသိဘူးလေ။"
ရလဒ်အနေဖြင့် သူ ကျည်ဆန်ကိုက်လိုက်မိပြီး စာဖတ်ခန်းကိုသွားကာ အိုမီဂါဇဇီဝဗေဒစာအုပ်ကို သွားပြန်လေ့လာခဲ့ရလေ၏။
သူက ထိုသင်ခန်းစာကို မည်သို့ဖြင့် သင်ယူနိုင်မည်နည်း။
...
ယဲ့စစ် လသာဆောင်မှာ မှင်တက်စွာရပ်နေခဲ့သည်။
ခဏအကြာတွင် သူ ဘာတွေးလိုက်လဲမသိသော်ငြား လက်မြှောက်ကာ လသာဆောင်လက်ရမ်းကို တစ်ချက်ထိုးလိုက်လေသည်။
ဟော့ရှူးရှူက သူ့ကို အရမ်းဂရုစိုက်ပေးတယ်။
ဒါပေမဲ့ သူကတော့ အရမ်း... အရမ်းကျင့်ဝတ်မရှိတာပဲ!
***
Aurora Novel Translation Team
There is No Eng Version