no

အပိုင်း (၁၈) - ပြန်သွား


ဟော့ထင်းလန်က ရှားရှားပါးပါး မာကျောမှုကိုပြသကာ ယဲ့စစ်နှင့် သတ္တိရှိရှိယှဥ်ပြိုင်၍ သူ၏ဝမ်းဗိုက်ကို သူ့လက်ဖဝါးကြီးဖြင့် အုပ်ထားခဲ့သည်။


ယဲ့စစ်၏ ကျဥ်းမြောင်းသောခါး၊ ဝမ်းဗိုက်တို့နှင့်အတူ အလွန်ပိန်လျပြီး သူ့အား မကောင်းမှုလုပ်ရန် သွေးဆောင်ကာ သူ့ကို ဆုပ်ကိုင််ထားချင်လာအောင် ဆွဲဆောင်နေသကဲ့သို့ပင်။


"...မင်းရဲ့ဗိုက်ထဲမှာ ဘာရှိနေလဲသိလား။"


သူ၏အသံက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အက်ရှနေ၏။


သူ၏လက်ချောင်းထိပ်လေးများအောက်မှာ နူးညံ့သည့် အထိအတွေ့တစ်ခုရှိနေသည်။


အိုမီဂါ၏ဖွံ့ဖြိုးမှုကြောင့် ယဲ့စစ်၏ နဂိုမူလက ပိန်ပါးကျစ်လစ်သောဝမ်းဗိုက်က ယခု အဆီတစ်လွှာနှင့် ဖုံးလွှမ်းနေသည်။


မျက်စိဖြင့်ကြည့်လျှင် မြင်ရချင်မှမြင်ရလိမ့်မည်ဖြစ်သော်လည်း ချောမွေ့နေသည့်အထိအတွေ့လေးကတော့ လိမ်ညာနိုင်မည်မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ကြွက်သားများ၏တင်းမာမှုလည်း ရှိနေခဲ့သည်...


ရွှေကိုရစ်ပတ်ထားသည့် နူးညံ့သောကတ္တိပါနှင့်တူ၏။


၎င်းက သူ့ကို သေလောက်အောင်ထိ တွန်းပို့နိုင်ပေသည်။


ထိုအခိုက်အတန့်၌ သူ့ဝမ်းဗိုက်ကို နှိုးဆွပေးနေသောကြောင့် ဗနီလာရနံ့၏ချိုမြိန်မှုတို့က ရုတ်တရက် အားကောင်းလာခဲ့သည်။


-သူချစ်ရသောအိုမီဂါလေးက အပြည့်အဝနားမလည်ဘဲ သူ့ကိုတောင့်တခြင်းများနှင့်အတူ တုန်လှုပ်နေခဲ့သည်။


ထိုအချက်က ဟော့ထင်းလန်၏လက်တို့ကို စိတ်လှုပ်ရှားမှုတို့ဖြင့် တုန်ယင်သွားစေခဲ့ပြီး သူ့နှာခေါင်းထိပ်ဖျားမှာလည်း ချွေးများသိီးလာ၏။ သူ၏နှုတ်ခမ်းများနှင့် မျက်လုံးများကတောင် နှလုံးသားနှင့်ထပ်တူကျကာ သွေးများစုပြုံအောတိုက််ရောက်ရှိလာခြင်းကြောင့် နှိုးဆွခံလိုက်ရသလိုနှယ်။


"ဗိုက်၊ ဗိုက်ထဲမှာက..."


ယဲ့စစ် သူ့နှလုံးသားထဲမှ ထိတ်လန့်ဖွယ်ရာမှန်းဆချက်ကို တိုက်ရိုက်မပြောဝံ့ဘဲ ဟော့ထင်းလန်၏ဆုပ်ကိုင်မှုကိုသာ ချိုးဖျက်ဖို့ ကယောင်ကတမ်းကြိုးစားခဲ့သည်။ အလျင်စလိုဖြင့် သူ့လက်ခွန်အားကို မထိန်းချုပ်လိုက်နိုင်ဘဲ ဟော့ထင်းလန်၏လက်ပေါ်မှာ ကြောင်ကုတ်ခြစ်ရာများကဲ့သို့ အနီနှင့် အဖြူရောင်အမှတ်အသားအနည်းငယ်ကို ဖြစ်ပေါ်စေခဲ့မိသည်။


"ဟော့ရှူးရှူ၊ ခဏ၊ ခဏလောက်လွှတ်ပေးပါဦး..."


ရုတ်တရက်ဆိုသလို သူ့ဝမ်းဗိုက်က အညှစ်ခံလိုက်ရသကဲ့သို့ လျှပ်တစ်ပြက်ကျုံ့သွားခဲ့သည်။


၎င်းက ဖော်ပြလို့မရလောက်အောင် ထူးဆန်းနေ၏။ အရှက်အကြောက်ကြီးစွာဖြင့် ယဲ့စစ်၏အသက်ရှူသံများက မြန်ဆန်လာခဲ့ပြီး ကြည်လင်နေသော သူ၏အသံက အနည်းငယ်အက်ရှလာသည်။


"လွှတ်ပေးပါ!"


သူက သားရဲကောင်ကြီးဆီကနေ အသိုက်ထဲသို့ခေါ်ဆောင်ခံခဲ့ရပြီး တံတွေးများဖြင့် စိုရွှဲနေအောင် အလျက်ခံထားရသော ကြောင်ပေါက်လေးတစ်ကောင်နှယ်။ ထိတ်လန့်ကာ သနားစရာကောင်းနေပြီး ၎င်း၏အမွေးများက ကပ်ငြိနေကာ စိတ်ဖိစီးနေခဲ့သည်။


သူ၏စိတ်အခြေအနေ၊ သို့မဟုတ် ဖယ်ရိုမုန်းများ အလွန်အကျွံထွက်နေသော ဂလင်းများ၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာခွန်အား၊ သို့တည်းမဟုတ် အခြားသောအရာများအားလုံး၌... သူ၏အကန့်အသတ်ကို ရောက်နေပြီဖြစ်၏။


ထို့ပြင် အပြည့်အဝမကွဲပြားသေးသည့် မရင့်ကျက်သေးသော အိုမီဂါဂလင်းများက A+ အဆင့်အယ်ဖာဆီကနေ အကိုက်ခံရတာကို ခံနိုင်ရည်ရှိပါ့မလားဟူ၍လည်း မေးစရာရှိပေသည်။


သူ ထပ််ပြီးမသွားနိုင်တော့ပေ။


ယဲ့စစ် ခံနိုင်ရည်မရှိတော့ချေ။


ယနေ့ညအတွက် လုံလောက််နေပြီဖြစ်သည်။


ဟော့ထင်းလန်၏မျက်လုံးများက နီရဲနေပြီး ယဲ့စစ်ကိုပဲစိုက်ကြည့်နေရင်း သူ၏မေးရိုးများကလည်း တင်းနေခဲ့သည်။ အန္တရာယ်ထဲကျရောက်နေခဲ့သော သူ၏ဆင်ခြင်တုံတရားက အယ်ဖာ၏ ကြမ်းတမ်းသောဗီဇနှင့် ရောယှက်သွား၏။ သူက လတ်ဆတ်သောအသားများကို မက်မောသည့် သားရဲတစ်ကောင်လို အလွန်လောဘကြီးကာ ဆာလောင်နေပြီး စိတ်ရှုပ်ထွေးနေခဲ့သော်လည်း လက်သီးများကိုဆုပ်ကာ ပူလောင်ပြင်းပြသော ခံစားချက်များကို ထိန်းထားနိုင်ခဲ့သည်။ သူ၏ချုပ်နှောင်မှုကို ဖြည်းဖြည်းချင်းလွှတ်လိုက်ပြီး သူ့ရင်ခွင်ထဲမှ အိုမီဂါလေးကို လွတ်မြှောက်ခွင့်ပေးလိုက်ရာ သူက သူ့အသက်အတွက်ပြေးလွှားနေသကဲ့သို့ သူနှင့် အကွာအဝေးတစ်ခုခြားလိုက်သည်။ ဆာလောင်မှုနှင့် ဆုံးရှုံးရခြင်းတို့ကို သည်းခံထားရခြင်းမှာ အယ်ဖာတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်နှင့် တူပေ၏။


...


ယဲ့စစ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပိုးကောင်လေးလိုမျိုးရစ်ပတ်ရန် အေးမြသောနွေရာသီစောင်ကို အသုံးပြုလိုက်ပြီး လက်တစ်ဖက်ထုတ်ကာ ဖုန်းကိုကိုင်ထားလေ၏။


သူ အချိန်ကိုတစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများကိုမှိတ်လိုက်သည်။


မနက်ဖြန် တနင်္လာနေ့ဖြစ်၏။ မနက်ခင်းအတန်းချိန်များက သင်္ချာ၊ ရူပနှင့် ဓါတုတို့ဖြစ်ရာ သူ၏ဦးနှောက်မှာ အကြော်ခံရပေဦးမည်။


ယဲ့စစ် သူ့ကိုယ်သူ အိပ်ဖို့တွန်းအားပေးလိုက်သော်လည်း မျက်ခုံးများက တွန့်ချိုးနေကာ သူ၏မျက်နှာက ဆယ့်ရှစ်လွှာပေါက်စီတစ်လုံးနှယ်။


မိနစ်အနည်းငယ်ကြာပြီးနောက် ယဲ့စစ် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများဖွင့်လိုက်ပြီးနောက်မှ သူ၏မျက်နှာက ရှုံ့တွနေမှန်း သတိပြုမိလိုက်သည်။


၂:၃၇။


အိပ်စက်ရန်အတွက် ကျန်နေသေးသောအချိန်များကို တွက်ချက်လိုက်ပြီးနောက် ပိုလို့တောင်အိပ်မပျော်တော့ကြောင်း တွေ့လိုက်ရ၏။


သူ စာဖတ်ခန်းထဲကနေ လွတ်မြောက်လာကတည်းက ဂနာမငြိမ်ဖြစ်နေခဲ့သည်။ သူ ဝရန်တာမှာဆောင့်ကြောင့်ထိုင်ကာ စီးကရက်တစ်ဘူးကို အပြတ်ရှင်းခဲ့၏။ သူ၏ခြေထောက်များက တုန်ယင်နေပြီး သူ၏သွေးခုန်နှုန်းများကလည်း အရှိန်မလျော့သေးဘဲ နှလုံးခုန်မြန်လွန်းသဖြင့် သူ၏နှလုံးသားက နာကျင်လာခဲ့သည်။


ဟော့ထင်းလန်က သူ့ကို ထွက်မရှာလာခဲ့သလို သူကလည်း အစပျိုးကာ မမေးမြန်းခဲ့ချေ။


သူ့ဝမ်းဗိုက်ထဲမှာ ထင်ယောင်ထင်မှား အာရုံခံစားမှုတစ်ခုရှိနေဆဲဖြစ်ပြီး ဟော့ထင်းလန်လက်ဖဝါး၏အပူငွေ့က သူ့ကို လောင်ကျွမ်းနေစေသလိုပင်။


"..."


ယဲ့စစ် စိုးရိမ်ပူပန်စွာဖြင့် တစ်ဖက်လှည့်ကာ သူ၏မျက်နှာကို ခေါင်းအုံးထဲမှာ မြှုပ်နှံထားလိုက်သည်။ သူ၏နားရွက်များက နီရဲနေပြီး သူ စောင်အောက်မှာ ဘယ်နှကြိမ်လောက် လှန်မှောက်နေခဲ့မိမှန်းမသိတော့ပေ။


သူ ထွက်ပြေးခဲ့ရ၏။ သူသာ ထွက်မပြေးခဲ့လျှင် သူ အခုလိုနေနိုင်မည်မဟုတ်ပေ။ ယနေ့ည ဟော့ထင်းလန်နှင့်ပတ်သက်ပြီး တစ်ခုခုက အလွန်လွဲမှားနေ၏။


တစ်စုံတစ်ခုက မမှန်ကန်နေဘူးဆိုတာကို သူ နားလည်နိုင်သည်။ မည်သို့ပင်ဆိုစေ အယ်ဖာတစ်ယောက်က rut ဝင်နေလျှင် မရည်ရွယ်ဘဲနှင့် ပြုမူတတ်ကြသည်။ အထူးသဖြင့် အဆင့်မြင့်အယ်ဖာများအတွက် ထိန်းချုပ်မှုလွတ်သွားတာက ပုံမှန်ဖြစ်ပြီး ၎င်းတို့၏စိတ်ဆန္ဒက မည်မျှသန်မာနေပါစေ အကန့်အသတ်ဆိုတာရှိသည်။


သို့သော် ထိုအချိန်တုန်းက ဟော့ရှူးရှူမှာ အမှန်တကယ်ကို... လူတိုင်းက ၎င်းအား လွန်ကဲသည်ဟုပြောကြလိမ့်မည်...


ယဲ့စစ် စောင်အစွန်းကိုဆုပ်ကိုင်၍ ရှုပ်ယှက်ခတ်နေသောအတွေးများကို တစ််ချက်တည်းရှင်းပစ်တော့မလိုမျိုး သူ့ဦးခေါင်းအထိရောက်အောင် ဆွဲခြုံလိုက်သည်။


လွန်ကဲတာက လွန်ကဲတာပင်။


သူ စာဖတ်ခန်းထဲကနေ ထွက်လာခဲ့တုန်းက လွတ်မြောက်လာသည့်အတွေးများ မရှိခဲ့ဘဲ စိုးရိမ်စိတ်နှင့် အပြစ်ရှိစိတ်တို့က ပိုများနေခဲ့သည်။


သူ အလျင်စလိုထွက်ပြေးခဲ့သော်လည်း စဥ်းစားကြည့်လိုက်သောအခါ ထိုအခိုက်အတန့်တုန်းက ဟော့ထင်းလန်၏အသွင်အပြင်မှာ အနည်းငယ်မှားယွင်းနေ၏။


... အဆုံးသတ်မှာ ဘာကမှားယွင်းနေမှန်း သူမသိခဲ့ချေ။


ယဲ့စစ် ပြန်အမှတ်ရဖို့ကို ကြိုးစားနေခဲ့သည်။


သူ့စိတ်ထဲဝင်ရောက်လာသည့် တစ်ခုတည်းသောအရာမှာ သူ့လက်ရာများထင်းနေသော လက်ကောက််ဝတ်တစ်ဖက်၊ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲကြိုးစားနေသည့် မျက်ဝန်းနက်တစ်စုံကိုသာ။


တကယ်တမ်းတော့ သူသာ အပူတပြင်းမရုန်းနေခဲ့လျှင် ဟော့ထင်းလန်က ထိုမျှလုပ်လိမ့်မည်မဟုတ်ကြောင်း နောက်ကျတော့မှ သတိပြုမိသွား၏။


ယဲ့စစ် သူ၏ဆံပင်ကိုဆုပ်ကိုင်ကာ စောင်ကိုကန်ထုတ်၍ ဖိနပ်စီးလိုက်သည်။


သူ တစ်ချက်လောက်သွားမကြည့်ခဲ့လျှင် သူ၏အသိတရားက နာကျင်နေရလိမ့်မည်။


စင်္ကြံမှာ နံရံကပ်မီးအိမ်များကို ထွန်းထားပြီး ပျော့ပျောင်းသောအလင်းရောင်လေးကို ပေးစွမ်းနေ၏။


ဟော့ထင်းလန်၏အိပ်ခန်းတံခါးက ပွင့်နေပြီး မည်းမှောင်နေသောတံခါးအဟကြားထဲကနေ ကြည့်လိုက်သောအခါ အထဲမှာ တစ်စုံတစ်ယောက်အိပ်နေတာမျိုးနှင့် မတူပေ။


ယဲ့စစ် ခဏလောက်တွန့်ဆုတ်သွားပြီး လက်ရှိမှာ ပို၍စိုးရိမ်သွားသည်လော သို့မဟုတ် ယာယီစိတ်သက်သာရာရသွားသည်လော ပြောရခက်ပေ၏။ သူ အခန်းတံခါးကို တိတ်တိတ်လေး ကျယ်ကျယ်ဖွင့်ကာ ခြေနှစ်လှမ်းလောက်လှမ်း၍ ခုတင်ရှိရာဘက်သို့ ကြည့်လိုက်သည်။


အပြင်ဘက်နံရံပေါ်မှ နံကပ်မီးအိမ်များက အထဲကိုဝင်ရောက်လာ၏။


မလိုအပ်ဘဲကြီးမားနေသောခုတင်ကြီးက ရှုပ်ပွနေသည်။ ခဲရောင်ပိုးသားအိပ်ရာခင်းက တဘက်နှစ်ထည်ကဲ့သို့ လိမ်နေပြီး ထိုအပေါ်မှာလဲလျောင်းနေသူက ရုတ်တရက် ရူးသွပ်သွားသကဲ့သို့ နေရာအနည်းငယ်၌ စုတ်ပြဲနေ၏။ ခုတင်ဘေးကစားပွဲပေါ်မှာ နှစ်ခြမ်းကွဲနေသော ဆေးထိုးအပ်အလွတ်တစ်ချောင်းရှိနေပြီး ရောင်စုံဆေးပုလင်းများက လဲတာကလဲ၊ ထောင်တာကထောင်နေ၏။ အဖြူရောင်ဆေးလုံးလေးများကလည်း ကြမ်းပြင်ပေါ်ကျဆင်းနေပြီး ဆေးဘူးဖွင့်တဲ့သူက ဆုပ်ကိုင်ထားသည့်ခွန်အားကိို မထိန်းချုပ်နိုင်ဖြစ်သွားသကဲ့သို့ ထူးထူးဆန်းဆန်းပိပြားနေခဲ့သည်။


သူ့ကိုကျ ဆေးတွေ ဖြစ်ကတတ်ဆန်းမသောက်ဖို့ပြောပြီးတော့...


ဤမြင်ကွင်းက ပုံမှန်ဆေးသောက်နေပုံနှင့် မတူညီပေ။


သူ့နှာဖျားထိပ်က ရုတ်တရက် ချဥ်စူးကာ နာကျင်လာခဲ့သည်။ ယဲ့စစ်တစ်ယောက် ပထမထပ်ဆီ ဒရောသောပါးပြေးတော့၏။


ပထမထပ်မှာ ဦးလေးဟယ်၏အခန်းတံခါးက ပွင့်နေပြီး စောင်က အိပ်ရာပေါ်ကနေ တန်းလန်းကျနေခဲ့သည် - ကြည့်ရသည်မှာ အိပ်နေရင်းကနေ အလျင်စလိုထထွက်သွားရသည့်ပုံပင်။


ဟော့အိမ်တော်က အလွန်ကြီးမားကျယ်ဝန်း၏။ ယဲ့စစ် အခန်းတံခါးတိုင်းကို ဦးတည်ရာမဲ့စွာ လိုက်ဖွင့်နေခဲ့ပြီး ဟော့ထင်းလန်နှင့် ဦးလေးဟယ်တို့ကို အော်ခေါ်နေခဲ့သော်လည်း နှစ်ယောက်စလုံးက ဆက်သွယ်မှုဧရိယာအပြင်မှာရှိနေကြ၏။


ဆေးရုံတက်ရလောက်အောင်ထိ ဆိုးဝါးသွားတာဖြစ်နေမလား။


ယဲ့စစ် မျက်မှောင်ကြုတ်လိုက်သည်။


တစ်ခါတလေ အဆင့်မြင့်အယ်ဖာများက rut ကာလအတွင်း ထိန်းချုပ်မှုလွတ်ကာ လူများကိုထိခိုက်စေခြင်းမှ ရှောင်ရှားချင်ကြသဖြင့် ၎င်းတို့တွေအသိစိတ်ရှိနေတုန်း ပိတ်လှောင်ထားဖို့ အခြားသူများကို အကူအညီတောင်းတတ်ကြသည်။


သူ အယ်ဖာဖြစ်ခဲ့တုန်းက rut ကာလပြင်းထန်သော အကြိမ်တချို့ရှိခဲ့ပြီး သူ့အိမ်အဟောင်းလေးထဲက ရေချိုးခန်းထဲမှာ သော့ခတ်ပိတ်လှောင်ပေးဖို့ ယဲ့ဟုန်ကျွင်းကို အကူအညီတောင်းခဲ့ရသည်။ တစ်ချိန်ကဆို သူ တံခါးကို အသိတ်စိတ်အမွှာမွှာဖြစ်အောင် ကန်ဖွင့်တဲ့အထိ ဆိုးဝါးလွန်းခဲ့၏။


ဟော့ရှူးရှူ၏ကိစ္စမှာဆို 'လုံခြုံရေးအခန်း' တစ်ခန်းကတော့ ရှိနိုင်လောက်သည်...


ယဲ့စစ် ဦးခေါင်းလှည့်ကာ မြေအောက်ထပ်ဆီ ပြေးဆင်းသွားခဲ့သည်။


သေချာပေါက်ကို လှေကားထစ်များ၌ မီးများထွန်းထား၏။ သူ လမ်းတစ််ဝက်ကိုရောက်သော် ထောင့်ချိုးကနေတက်လာသည့် ဦးလေးဟယ်ကို တွေ့လိုက်ရပြီး ပရော်ဖက်ရှင်နယ်ဆန်သည့် သူ့မျက်နှာထက်မှာ ထိတ်လန့်မှုတို့ကို ရှားရှားပါးပါးတွေ့လိုက်ရသည်။


"ဟော့၊ ဟော့ရှူးရှူက အောက်ထပ်မှာလား။" ယဲ့စစ် ပြေးလာခဲ့သည့်အတွက် မောဟိုက်နေ၏။


ဦးလေးဟယ်က အခိုက်အတန့်တစ်ခုလောက် မှက်တက်သွားခဲ့သည်။ သူ့ကို ဤကိစ္စအားဖုံးကွယ်ထားဖို့ အမိန့်ပေးခဲ့ပြီး မစ္စတာဟော့က ပြန်လည်သက်သာလာဖို့ အထူးဆေးဘက်ဆိုင်ရာဌာနသို့ ရက်အနည်းငယ်ကြာသွားသည်ဟု ပြောဖို့စီစဥ်ထားခဲ့သည်။ သို့သော် မြေအောက်ထပ်သို့ တစ်စုံတစ်ယောက်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။ သူ ခပ်ရေးရေးပြုံးပြကာ ထိုမေးခွန်းကို တမင်တကာရှောင်လိုက်သည်။


"ဒါက... အခု တော်တော်လေးနောက်ကျနေပါပြီ၊ သခင်လေးယဲ့က မအိပ်သေးဘူးလား။ မနက်ကျ ၆:၃၀ ထရဦးမှာမဟုတ်လား၊ မဟုတ်ရင်..."


"ဒါဆို၊ ဒါဆို သူက ဒီမှာရှိနေတာပဲ။" ယဲ့စစ် ကောက်ချက်ချလိုက်ပြီး ဦးလေးဟယ်ကိုကျော်ဖြတ်ကာ အမြန်လျှောက်သွားလိုက်သည်။


"သခင်လေးယဲ့၊ အိုင်း၊ သခင်လေးယဲ့!" ဦးလေးဟယ်က သတိအနေအထားဖြစ်သွားပြီး သူ့အနောက်သို့ အမြန်ပြေးလိုက်သွားခဲ့သည်။


မြေအောက်ထပ်မှာ အခန်းများစွာရှိသော်လည်း ယဲ့စစ် သတ္တုနှင့်လုပ်ထားသည့် ထူးခြားသောအခန်းကို တည့်တည့်ကြည့်လိုက်သည်။ သူ ထိကြည့်ရန်မလိုအပ်ဘဲ ၎င်းက ထူထဲမာကျောမည်ဖြစ်ကြောင်း သူသိနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လုံခြုံရေးတံခါးပေါက်နှင့် တူနေပေ၏။


သူ ခလုတ်ကို စမ်းတဝါးဝါးလုပ်နေရင်း နှစ်သိမ့်လိုက်သည်။


"ကျွန်တော်၊ ကျွန်တော် ခင်ဗျားအတွက် အခက်တွေ့အောင်မလုပ်ပါဘူး။ ကျွန်တော့်ဘာသာ၊ ရှာ၊ ရှာတွေ့တယ်လို့ ပြောလိုက်ပါ့မယ်။ အဲ့ဒါက၊ အဲ့ဒါက တကယ်လည်း အမှန်တရားပါပဲ..."


ဦးလေးဟယ်က တွန့်ဆုတ်သွား၏။


မစ္စတာဟော့ကို ရင်ဆိုင်ဖို့က အခက်အခဲမရှိဘူးလော။


၎င်းမှာ ပြောရခက်ပေ၏။


သူ တစ်ဖက်လူကို သူ၏ပန်းတိုင်ကိုအောင်မြင်အောင် ကူညီပေးသင့်သလားကို မသေချာပေ။


ဇနီးမောင်နှံနှစ်ယောက်က လက်ထပ်ထားတာ ကြာပြီဖြစ်သော်လည်း အခန်းခွဲအိပ်ကြသည့်အပြင် ပုံမှန်ဆိုလည်း တီတီတာတာစကားများကိုတောင် မပြောကြချေ။ ယဥ်ကျေးသမှုနှုတ်ဆက်စကားများကိုသာ သူ မြင်ဖူးခဲ့သည်။ ထို့ပြင် မစ္စတာဟော့က rut ကာလမှာ အလွန်နာကျင်နေပြီး ၎င်းအားသည်းခံရန် သူ့ကိုယ်သူတံခါးပိတ်ထားခဲ့၏။ သို့သော် မျက်စိပါသူတိုင်း မစ္စတာဟော့သည် ဤအိမ်ထောင်ရေးကို မယုံကြည်နိုင်လောက်အောင်ပျော်ရွှင်နေကြောင်း၊ ဆန္ဒမရှိသူက သခင်လေးယဲ့သာဖြစ်ကြောင်း လူတိုင်းတွေ့မြင်နိုင်ကြသည်။ နောက်ဆုံးတော့ သူ့ဘာသာသူ လိုက်ရှာခဲ့ပြီး ယခုလိုနက်ရှိုင်းသောစိုးရိမ်ပူပန်မှုပါ ရှိနေခဲ့သည်မှာ အလွန်ကောင်းပေ၏...


ထို့ပြင် သခင်လေယဲ့က ယုန်တစ်ကောင်ထက်တောင် လျင်မြန်စွာခုန်နိုင်သဖြင့် သူ့လိုလူအိုကြီးက မည်သို့တားဆီးနိုင်လိမ့်မည်နည်း။


"အဲ့ဒါက၊ အိုင်း၊ ကောင်းပါပြီ..."


ယဲ့စစ်တစ်ယောက် တံခါးရှေ့မှာ အချိန်အတော်ကြာတဲ့အထိ ဘာကိုမှမလုပ်နိုင်ဘဲ တံခါးဖွင့်ဖို့ရုန်းကန်နေသည်ကို မြင်လိုက်ရသောအခါ ဦးလေးဟယ်က သူ့ကို ဘေးသို့ဖယ်ခိုင်းလိုက်ပြီး ပြုံးနေသောအမူအရာဖြင့် တံခါးအား မည်သို့ဖွင့်ရကြောင်း ယဲ့စစ်ကို အသံတိတ်သင်ပြပေးခဲ့သည်။


တံခါးက ချောက်ခနဲ ပွင့်သွား၏။


လုံခြုံရေးအခန်းထဲမှာ သီးခြားလေသန့်စင်ရေးစနစ်ရှိသော်လည်း တကယ့်တက်ကီလာအစစ်လောက် ရနံ့ကြွယ်ဝသည့် တက်ကီလာရနံ့များက သူ့မျက်နှာဆီ တိုးဝင်လာကြသည်။ တစ်ချက်ရှူလိုက်ရုံဖြင့် သူ့အဆုတ်များထဲ ပြင်းထန်သောအရက်များနှင့် ပြည့်နှက်သွားသလိုပင်။


ဟော့ထင်းလန် ရူးသွပ်သွားလျှင် သူ့ကိုယ်သူ အနာတရဖြစ်ခြင်းမှကာကွယ်ရန် နံရံများနှင့် ကြမ်းပြင်ကို နူးညံ့သောအရာဖြင့်ဖုံးအုပ်ထား၏။


အခန်းထဲမှာ အချက်ပြမရှိသော်လည်း ဟော့အိမ်တော်ရှိ အတွင်းပိုင်းနံပါတ်များ၊ ဟော့ထင်းလန်မိဘများ၏နံပါတ်များနှင့် မြို့တော်၏အရေးပေါ်ဌာနများသို့ ဆက်သွယ်နိုင်ဖို့ အရေးပေါ်ဆက်သွယ်ရေးကိရိယာများကို တပ်ဆင်ထားသည်။


ဟော့ထင်းလန်က ခုတင်ဘေးမှာထိုင်နေ၏။ သူ၏ခြေထောက်များကိုခွဲကာ ဒူးတစ်ဖက်ဆီမှာ တံတောင်ဆစ်တင်ထားပြီး ကြမ်းကြုတ်သော ကျောက်သားရုပ်တုလို တိတ်ဆိတ်နေခဲ့သည်။


တံခါးဖွင့်သံကြားလိုက်ရသောအခါ သူက ဦးခေါင်းလှည့်လာပြီး တံခါးနားမှာရပ်နေသော ယဲ့စစ်ကို စိုက်ကြည့်လာခဲ့သည်။ သူ၏မျက်လုံးများက black hole များလို မည်းမှောင်နေပြီး စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေ၏။


လောဘ၊ ပိုင်ဆိုင်လိုမှု၊ ဆာလောင်မှု၊ မက်မောမှုတို့နှင့် ရောပြွမ်းနေသော စိတ်အားထက်သန်မှုက... ကတ္တရားစေးလို မည်းနက်ကာ သိပ်သည်းထူထဲနေသည်။


အသုံးပြုထားပြီးသား အတားအဆီးကပ်ခွာလေးကို သူ့လည်ကုပ်ရှိ ဂလင်းများပေါ်မှာကပ်ထား၏။


၎င်းက စိုစွတ်ရှုံ့တွကာ အပြာရောင်ပန်းလေးများပုံနှိပ်ထားသည့် ကပ်ခွာလေးဖြစ်ပြီး အိုမီဂါဖယ်ရိုမုန်းများနှင့် ချွေးများပြည့်နှက်နေသည်။ ယင်းက ဖောက်လွဲဖောက်ပြန် ကာမဂုဏ်အရိပ်အမြွက်များနှင့်အတူ ဝိရောဓိဆန်စွာဖြင့် အယ်ဖာ၏လည်ကုပ်မှာ ကပ်ငြိနေခဲ့သည်။


ယဲ့စစ်ထွက်သွားပြီးကတည်းက နှစ်နာရီကျော်တဲ့အထိ သူ ဤလုံခြုံရေးအခန်းထဲမှာထိုင်နေခဲ့ပြီး ကမ္ဘာလောကကြီးနှင့် သီးခြားခွဲနေခဲ့သည်။ သူက သူ၏စိတ်မငြိမ်မသက်မှုကိုဖြေလျှော့ရန်နှင့် အပြစ်ကင်းစင်နေဆဲဖြစ်သော သူ၏ချစ်ရသူကို မထိခိုက်စေအောင် အတားအဆီးကပ်ခွာကို ထပ်တလဲလဲပွတ်သပ်နေခဲ့သည်။


ဟော့မိသားစု၏ ဂုဏ်သရေရှိခေါင်းဆောင်က လှည့်ဖြားပြီး ခိုးယူခဲ့သော အတားအဆီးကပ်ခွာလေးနှင့် သူ့ကိုယ်သူ ကျေနပ်နှစ်သိမ့်နေကြောင်းကို မည်သူမှယုံမည်မဟုတ်ပေ။


ကျေးဇူးတင်စရာကောင်းစွာဖြင့် ကပ်ခွာအများစုမှာ သူ၏ကော်လံဖြင့် ဖုံးအုပ်နေခဲ့သည်။


ယဲ့စစ်၏ခြေထောက်များက တုန်ယင်နေပြီး ခက်ခက်ခဲခဲတံတွေးမျိုချနေရသည်။ ပြင်းထန်စွာတိုက်စားနိုင်သော အယ်ဖာဖယ်ရိုမုန်းများ၏မုန်တိုင်းကို ဆန့်ကျင်၍ သူ တံခါးအထဲသို့ ခြေတစ်လှမ်းဝင်ရောက်လာခဲ့၏။


ထိုရှုထောင့်ကနေ ဟော့ထင်းလန်၏ဦးခေါင်းက ဒူးနှစ်ဖက်ကြား ငိုက်စိုက်ကျနေကြောင်းကိုသာ မြင်တွေ့နေရသည်။


လက်နှစ်ဖက်လုံးက ပတ်တီးများစည်းထားပြီး သူ့လက်ဖဝါးနှစ်ဖက်ကနေ သွေးများစီးကျနေ၏။


သူက လက်သီးဆုပ်ထားသည်။


ဟော့ထင်းလန်၏မေးရိုးများက ကြောက်မက်ဖွယ်ကောင်းစွာ တင်းမာနေခဲ့ပြီး သူ၏သွားကြားထဲကနေ မသဲမကွဲစကားလုံးနှစ်လုံးကိုသာ ညှစ်ထုတ်နိုင်ခဲ့လေသည်။


"ပြန်သွား။"


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment