no
အပိုင်း (၅၀.၁) - အချပ်ပို (၅.၁)
[ကျောင်းအားကစားပြိုင်ပွဲ - ကြည်လင်နေသောကောင်းကင်ပြာနှင့် အတန်းဖော်များ]
ကပ်ခွာ၏အတွင်းဘက်က ပျော့ပျောင်းသော ဘိုင်အို-ဆီလီကာဂျယ်ဖြင့်ပြုလုပ်ထားရာ အရေပြားထဲစိမ့်ဝင်နေပြီး အေးမြသောခံစားချက်ကို ပေးစွမ်းနေ၏။
လျှို့ဝှက်သတိပေးချက်တစ်ခုလိုပင်။
ကံကောင်းစွာဖြင့် ၎င်းက ခန္ဓာကိုယ်အပူချိန်ကြောင့် လျင်မြန်စွာနွေးထွေးသွားခဲ့သည်။
ဟော့ထင်းလန်က ယဲ့စစ်ကို ကူကပ်ပေးခဲ့ပြီးနောက် အရင်ထွက်သွားလိုက်သည်။ အပြင်ဘက်မှာ အခြားမည်သူမှမရှိပေ။ သူ(ဟော့)က အင်္ကျီလက်ကိုခေါက်တင်ကာ ပခုံးများကိုဆန့်လိုက်ပြီး ဘေစင်ရှေ့မှာ လက်ဆေးချင်ယောင်ဆောင်လိုက်သည်။
၎င်းက ရည်ရွယ်ချက်ရှိရှိလားမသိသော်လည်း ဟော့ထင်းလန်က ယနေ့ အနက်ရောင်တီရှပ်ကို ဝတ်ဆင်ထားပြီး စိုနေသောအားကစားဝတ်စုံနှင့် အချိန်အတော်ကြာပွတ်တိုက်နေသောကြောင့် ရှပ်အင်္ကျီအရှေ့ပိုင်းမှာ စိုနေသော်လည်း အနက်ရောင်ပေါ်မှာ မမြင်ရဘဲ သန့်ရှင်းနေသလိုထင်ရပေသည်။
အိမ်သာထဲမှာ ယဲ့စစ်က သူ့အင်္ကျီကို ပြန်ဆွဲချ၍ တံခါးကို ဖြည်းဖြည်းချင်းတွန်းဖွင့်ကာ ထွက်လာခဲ့သည်။
သူ၏ပေါင်အရွတ်များကို အလွန်အကျွံဆွဲဆန့်ထားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ၏ခြေလှမ်းများက တည်ငြိမ်မနေခဲ့ချေ။
တစ်သက်တာအမှတ်အသားကို လွန်ခဲ့သောနွေပိတ်ရက်အတွင်း ပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ကျောင်းများပြန်ဖွင့်ခဲ့သည်။ ယဲ့စစ်က စာလေ့လာရာ၌ တော်တော်လေးစိတ်အားထက်သန်ပြီး ဟော့ထင်းလန်မှာ သူ၏စွမ်းအင်များကို စုပ်ယူမိမည်စိုး၍ လွန်ခဲ့သောလများ၌ ထိန်းချုပ်ထားခဲ့ရသည်။ အများဆုံးမှ ရိုးရှင်းသောအထိအတွေ့များလောက်သာ လုပ်ခဲ့ကြသည်။
ထို့ကြောင့်... သူ အခိုင်အမာချုပ်တည်းထားခဲ့သည်။
စောစောကလည်း သူ အလွန်ပြင်းထန်အောင် ဘာမှမလုပ်ခဲ့ပေ။
မည်သို့ပင်ဆိုစေ ကျောင်းသန့်စင်ခန်းထဲမှာ ယဲ့စစ်ကို အမှန်တကယ်တစ်ခုခုလုပ်ဖို့မှာ သူ့အတွက် မဖြစ်နိုင်ချေ။
ယနေ့ည ၎င်းတို့ အိမ်ပြန်ရောက်လျှင် ဟော့ရှူးရှူက...
ယဲ့စစ် နွေပိတ်ရက်အတွင်း တစ်သက်တာအမှတ်သားပေးခဲ့သည့်နေ့ကို ပြန်တွေးလိုက်မိပြီး စိတ်လှုပ်ရှားစွာဖြင့် သူ၏လက်ချောင်းလေးများကို အချင်းချင်းဆုပ်ကိုင်လိုက်သည်။
မြင်ကွင်းအနည်းငယ်ကို ပြန်တွေးတာကတောင် မကောင်းမွန်ပေ။ သူ့လည်ကုပ်အနောက်က အနည်းငယ်ပူလာပြီး နောက်ဆုံးတော့ အေးမြသွားပြီဖြစ်သောအရေပြားက တစ်ဖန်ပူလောင်ကာ ပန်းရောင်သန်းလာခဲ့သည်။ ယဲ့စစ်မှာ ရွေးချယ်စရာမရှိဘဲ ရေအေးဖြင့် မျက်နှာသစ်လိုက်ရသည်။
ပြိုင်ပွဲများက မပြီးသေးဘဲ ကျောင်းသားများအားလုံး အားကစားကွင်းမှာ စုဝေးနေကြသည်။ ကျောင်းဝင်း၏အခြားနေရာများ၌ လူများများစားစားမရှိသော်လည်း ကံကောင်းစွာဖြင့် နို့လက်ဖက်ရည်ဆိုင်က ပုံမှန်အတိုင်းဖွင့်ပေသည်။
"မြည်းကြည့်လိုက်။" ယဲ့စစ်က ဟော့ထင်းလန်အား စပျစ်ဖျော်ရည်ခွက်ကို လှမ်းပေးလိုက်၏။ "တကယ်အရသာရှိတယ်။"
ခရမ်းနီရောင်ခွက်လေး၏အပြင်ဘက်မှာ ရေစက်ကလေးများသီးနေပြီး နှင်းဖြူရောင်ခရင်မ်ပေါ်မှာ အစိမ်းရောင်စပျစ်သီးများနှင့် အလှဆင်ထားသည်။ ၎င်းက ကလေးဆန်သောသောက်စရာဖြစ်ပြီး ဟော့ထင်းလန်က အပြုံးလေးဖြင့် ယူသောက်လိုက်သည်။ "အင်း၊ အရသာရှိတယ်။"
ယဲ့စစ်က စပျစ်သီးကိုဝါးနေသောကြောင့် ပါးလေးနှစ်ဖက်က အနည်းငယ်ဖောင်းနေပြီး သူ၏တောက်ပနေသောမျက်ဝန်းများက ပျော်ရွှင်မှုများဖြင့် ကွေးညွတ်နေခဲ့သည်။
အားကစားကွင်းဘက်မှ အော်သံများနှင့် ကြေညာသံများက ထွက်ပေါ်လာခဲ့သည်။ အကွာအဝေးက တော်တော်လေးလှမ်းရာ အသံ၏အရည်အသွေးက အနည်းငယ်လုံးထွေးနေ၏။ နှစ်ဦးသားက ဆိတ်ငြိမ်သော အပင်ရိပ်အောက်မှာ ထိုင်နေကြပြီး အအေးသောက်ရင်း လေနုအေးကို ခံစားနေကြသည်။
အသက်အရွယ်ကွာခြားချက်မှလွဲ၍ ၎င်းတို့နှစ်ယောက်က ခိုးပြီးချိန်းတွေ့နေသော ကျောင်းတွင်းစုံတွဲတစ်တွဲနှင့်တူနေ၏။
ယဲ့စစ်က သူ၏ပိုက်ကိုကိုက်ကာ စိတ်ထဲမှာ မီတာ ၁၅၀၀ ပြေးပွဲကို အသံတိတ်ပြန်တွေးနေခဲ့သည်။ 'သူပြေးတဲ့အနေအထားက ကြည့်ကောင်းရဲ့လား။ သူ ချွေးတွေထွက်ပြီး အမောတကောနဲ့ ရူးကြောင်ကြောင်ပုံစံများပေါက်နေမလား။' သူ ပြေးလမ်း၏ဘေးဘီဝဲယာကိုကြည့်ကာ ဟော့ထင်းလန်အား လက်ပြခြင်း သို့မဟုတ် တစ်စုံတစ်ခုမလုပ်ခဲ့မိသည်ကိုလည်း နောင်တရနေခဲ့သည်...
သူ၏အတွေးများအားလုံး ရှုပ်ထွေးနေခဲ့လေ၏။
ယင်းတို့က သူ့ချစ်သူရှေ့မှာ ကြည့်ကောင်းသည့်ပုံပေါ်ချင်သည့် ဆယ်ကျော်သက်တစ်ယောက်၏ အတွေးလေးများပင်။
"...ဘာတွေစဥ်းစားနေတာလဲ။" ဟော့ထင်းလန်က သူ့ကို အချိန်အတော်ကြာတဲ့အထိ စူးစမ်းနေခဲ့သည်။
"ကျွန်တော်၊ ကျွန်တော် ပြိုင်ပွဲအကြောင်းတွေးနေတာပါ။" ယဲ့စစ်က အမှန်တိုင်းပြောလိုက်၏။
"မင်းရဲ့မျက်နှာက ဘာလို့ တဖြည်းဖြည်းနီရဲလာတာလဲ။" ဟော့ထင်းလန်က သူလက်ညှိုးကိုကွေးကာ နီမြန်းနေသောပါးပြင်လေးကို ပွတ်သပ်လိုက်၏။
၎င်းက နူးညံ့ကာ ပူလောင်နေသည်။
ယဲ့စစ်က သူ့ကိုလှည့်ကြည့်လိုက်၏။ သူ၏မျက်လုံးများက အလွန်နာခံမှုရှိနေသည်။ "ကျွန်တော်မသိဘူး။"
"မင်းရဲ့ဂလင်းတွေ ပူနေလား။" ဟော့ထင်းလန်က သူ့လည်ကုပ်လေးကို ဖွဖွလေးထိတွေ့လိုက်သည်။
၎င်းတို့က ပူနေပေ၏။
အတားအဆီးကပ်ခွာမှတစ်ဆင့် တိုးထွက်လာသောအပူငွေ့များကို သူ ခံစားနိုင်ခဲ့သည်။
"မင်းမှာ အင်အားလုံလုံလောက်လောက်ရှိရဲ့လား။" သူက အနည်းငယ်ဆိုးညစ်သောရည်ရွယ်ချက်များဖြင့် ပြုံးလိုက်၏။
ယဲ့စစ်က ခြေထောက်များကို ဆန့်လိုက်သည်။ "... ကျွန်တော် နည်းနည်း၊ နည်းနည်းလောက် ပင်ပန်းနေတာဖြစ်နိုင်တယ်။"
"ပေါင်ပေါင်း။" ဟော့ထင်းလန်က တိုးတိုးလေးပြောကာ သူ၏မျက်လုံးများက မည်းမှောင်နေခဲ့သည်။ "မင်းရဲ့ heat ဝင်နေပြီ။"
သူ ထိုအရာကို တွက်ချက်ထားပြီးသားဖြစ်သည်။
တစ်သက်တာအမှတ်အသားပြီးနောက် အိုမီဂါ၏ heat ကာလက ပုံမှန်ဖြစ်လာတတ်သည်။
အနီးကပ်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော ဟော်မုန်းအတက်အကျများက အတိုင်းအတာတစ်ခုအတွင်း heat ကာလကို ဖြစ်လာစေနိုင်သည်...
ယဲ့စစ် ထိတ်လန့်သွားပြီး သူ၏လည်ကုပ်ကို ထိတွေ့လိုက်၏။
သူ အိုမီဂါဖြစ်လာသည်မှာ သိပ်မကြာသေးရာ အနှီလက္ခဏာများကို မကြာခဏလျစ်လျူရှုခဲ့သည်။
"ပြိုင်ပွဲဆီ ပြန်သွားကြည့်ချင်လား။" ဟော့ထင်းလန်က ယဲ့စစ်၏အမြင်ကို နူးညံ့စွာမေးလာ၏။ "ဒါမှမဟုတ် ကိုယ်နဲ့အိမ်ပြန်ပြီး... ဒါကိုဖြေရှင်းချင်လား။"
တစ်သက်တာအမှတ်အသားကြောင့် ယဲ့စစ်၏ heat လက္ခဏာများက အလွန်ပြင်းထန်လိမ့်မည်မဟုတ်ပေ။ အခြားအယ်ဖာများက မြင့်တက်လာသော သူ၏ဖယ်ရိုမုန်းပြင်းအားကို ထိရှလွယ်မည်မဟုတ်သော်လည်း ၎င်းက ဟော့ထင်းလန်အပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိပေသည်။
ထို့ကြောင့် သူ့အတွက်တော့ heat ကိုဖြေရှင်းဖို့ အလျင်လိုစရာမရှိပေ။
ယဲ့စစ်က အခိုက်အတန့်တစ်ခုလောက် တွန့်ဆုတ်သွား၏။ ယနေ့အားကစားပြိုင်ပွဲက အဆုံးသတ်တော့မည်ဖြစ်သည်။ သူ ပြန်သွားလျှင် ကြာကြာနေရတော့မည်မဟုတ်ဘဲ သူ့အတန်းဖော်များက ယခုလိုမျိုး နီမြန်းနေသည့် သူ၏မျက်နှာကို မြင်တွေ့သွားကြလိမ့်မည်။
ယခု သူက heat ဝင်နေပြီး မတော်လို့ ဆိုးဝါးသွားခဲ့လျှင်...
ယဲ့စစ် ဖျော်ရည်ခွက်ကို မသိစိတ်အရ ဆုပ်ညှစ်မိလိုက်ပြီး ခွက်အောက်ခြေမှ စပျစ်သီးများကို စုပ်ယူကာ တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။ "အားကစားကွင်းဆီပြန်သွားဖို့က အဆင်၊ အဆင်မပြေလောက်ဘူး... အရင်ဆုံး အိမ်ပြန်ပြီး ဒါကိုဖြေရှင်းကြတာပေါ့။"
ဆိုရိုးစကားအတိုင်း ပထမတစ်ကြိမ်မှာ စိမ်းသက်နေပြီး ဒုတိယတစ်ကြိမ်၌ ကောင်းကောင်းကြီး ကျင့်သားရသွားပေ၏။
ပြင်းထန်ပြီး နေ့ရက်များရှည်ကြာခဲ့သည့် တစ်သက်တာအမှတ်အသားကို တွေ့ကြုံရပြီးနောက် ယဲ့စစ် ရှက်နေစရာမလိုတော့ဘူးဟုတွေးကာ တည်ငြိမ်ပြီး အတွေ့အကြုံရှိသောအမူအရာကို တပ်ဆင်ထားခဲ့၏။
အိမ်ပြန်ရောက်လာပြီးနောက် အရင်ဆုံး သူက ညအိပ်ဝတ်စုံယူရန် သွားလိုက်သော်လည်း သူမော့ကြည့်လိုက်သောအချိန်မှာ ဟော့ထင်းလန်က တစ်စုံတစ်ခုရှာရန် အဝတ်လဲခန်းထဲလိုက်လာခဲ့သည်။ ယဲ့စစ်က မျက်နှာကြီးနီမြန်းနေသော်လည်း ရေချိုးခန်းဆီမေးငေါ့ပြကာ အေးအေးဆေးဆေးပုံစံဖြင့် ပြောလိုက်သည်။ "ကျွန်တော် ရေချိုးမလို့။"
ထိုမျှပြောကာ သူ လှည့်ထွက်ရန်ပြင်လိုက်စဥ် ဟော့ထင်းလန်က သူ့ကို ပွေ့ဖက်လာခဲ့သည်။ သူ၏ကျောပြင်က ဟော့ထင်းလန်၏ရင်ဘတ်နှင့် ထိကပ်သွားပြီး ဟော့ထင်းလန်က ရယ်နေသောကြောင့် တုန်ခါမှုကို ခံစားလိုက်ရသည်။
သူက ရှင်းရှင်းလင်းလင်းရယ်နေခဲ့သော်လည်း နောက်တစ်စက္ကန့်မှာ သူ၏လေသံက လေးနက်သွားလေ၏။
"ခဏစောင့်ပါဦး ပေါင်ပေါင်း။ ကိုယ် မင်းကို တောင်းဆိုစရာတစ်ခုရှိတယ်။"
"ဘာလဲ။" ၎င်း လေးနက်သည့်အရာမဟုတ်နိုင်ကြောင်း ယဲ့စစ် ခံစားမိနေသည်။
-ဟော့ရှူးရှူက တစ်ခါတလေ ညစ်ပတ်တဲ့လှည့်ကွက်တွေကိုသုံးဖို့ လေးနက်သလိုဟန်ဆောင်တတ်တယ်။
"ဒီမနက် ကျောင်းအားကစားဖွင့်ပွဲတုန်းက မင်းတို့အတန်းက အဖွဲ့လိုက်အကကို တင်ဆက်ခဲ့ကြတယ်မဟုတ်လား..." ဟော့ထင်းလန်က ယဲ့စစ်ကို အနောက်ကနေပွေ့ဖက်ထားရင်း ပြုံးလိုက်သည်။ ထို့နောက် အဝတ်လဲခန်းရှိ ခုံပေါ်မှာထိုင်ကာ လက်တစ်ဖက်က ယဲ့စစ်၏လက်မောင်းများကိုရစ်ပတ်ကာ ကျန်တစ်ဖက်က ခါးကိုပွေ့ဖက်ထားပြီး သူ့ထက်သေးသွယ်သောချာတိတ်လေးအား အပြည့်အဝပွေ့ဖက်ထားလေ၏။ သို့သော် သူ၏လေးသံက နှလုံးသားချင်းစကားပြောနေသကဲ့သို့ သိမ်မွေ့ကာ ဖြောင့်မတ်နေခဲ့သည်။ "အဲ့ဒါက အိုမီဂါတွေအားလုံး ကခဲ့ကြတာမလား။"
"..."
ယဲ့စစ်၏ပင်ကိုအသိစိတ်အရ အခြေအနေမကောင်းသဖြင့် နှုတ်ခမ်းများတင်းတင်းစေ့ကာ အသံတိတ်နေခဲ့သည်။
သူ၏အတွေးများက အလွန်သန့်စင်နေဆဲဖြစ်ရာ ဟော့ထင်းလန်၏စကားများကို ထပ်တလဲလဲပြန်တွေးကြည့်လိုက်သော်လည်း မူမမှန်တာကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် 'အွန်း' ဟုသာ တိုးတိုးလေးပြန်ဖြေခဲ့၏။
"မင်းကရော၊ ဘာလို့ မကခဲ့တာလဲ။" ဟော့ထင်းလန်က ပျော့ပျောင်းစွာမေးလာ၏။
"ကျွန်တော်..." ယဲ့စစ် 'ယောက်ျားလေးအိုအီဂါက မိန်းကလေးလို စကတ်ဝတ်ရမှာမို့' ဆိုသည့် အကြောင်းပြချက်ကိုရှောင်ကာ ပြောလိုက်သည်။ "ကျွန်တော်၊ ကျွန်တော် မကတတ်လို့ မပါခဲ့တာ။"
သူ စကတ်အကြောင်းကို မဖော်ပြသင့်ဘူးဟု ခံစားနေရသည်။
"မင်းက မကတတ်ဘူးပေါ့?" ဟော့ထင်းလန်က ပြုံးလိုက်လေ၏။
"ဟုတ်တယ်။"
ဟော့ထင်းလန်က ခေါင်းညိတ်ပြကာ ရှင်းရှင်းလင်းလင်းပြောလာခဲ့သည်။ "ဒါဆို မင်းက... စကတ်ဝတ်ရတာကို ဆန့်ကျင်တယ်လို့ မဆိုလိုဘူးပဲ။"
"?!"
ယဲ့စစ် ကြောင်အမ်းစွာဖြင့် နှုတ်ခမ်းသပ်လိုက်မိသည်။
ဒါ မမျှော်လင့်ထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲ!
"ဟင့်အင်း၊ အဲ့လိုမဟုတ်ပါဘူး။" ယဲ့စစ်က အပြင်းအထန်ခေါင်းယမ်းကာ အလျင်အမြန်ပြောလိုက်သည်။ "ဆန့်ကျင်တယ်၊ ကျွန်တော် ဆန့်ကျင်တယ်။"
ဟော့ထင်းလန်က သက်ပြင်းချလိုက်သည်။ "ဒါဆို ပေါင်းသင်းဆက်ဆံရေးမကောင်းတာပေါ့။"
သူ အတန်း ၇ ၏ ပွဲကြည့်စင်ဆီ လျှောက်သွားခဲ့ချိန်က ကျောင်းသားများသည် သူ့ကိုကြိုဆိုခဲ့ကြပြီး သူ၏ကျော်ကြားမှုက မြင့်မားသော်လည်း အခြားအိုမီဂါများနည်းတူ စကတ်မဝတ်ရုံမျှဖြင့် ပေါင်းသင်းဆက်ဆံရေးမကောင်းသူ ဖြစ်သွားခဲ့သည်။
-အဖြူနဲ့အမည်းကို ရောထွေးသွားစေတဲ့ သိပ်ကောင်းတဲ့လှည့်ကွက်တစ်ခုပဲ။
ယဲ့စစ်က အံ့အားသင့်စွာ ငေးစိုက်ကြည့်နေပြီး စိုစွတ်ကာ နူးညံ့နေသော သူ၏နှုတ်ခမ်းလေးများက အနည်းငယ်ပွင့်ဟနေ၏။
သူဘာပဲပြောပြော ဟော့ရှူးရှူက တားဆီးပြီး သူ့ရဲ့ စိတ်လှုပ်ရှားပြီး ကိုးရိုးကားရားနိုင်တဲ့ပါးစပ်ကို အခွင့်အရေးယူတော့မှာလား...
ဟော့ထင်းလန်၏မျက်လုံးများက လေးနက်နေပြီး တည်တည်ငြိမ်ငြိမ်ပြောလာခဲ့သည်။ "ဟော့ရှူးရှူက မင်းအတွက် အရမ်းစိတ်ပူတယ်။"
"မဟုတ်မှ ခင်ဗျား၊ ခင်ဗျား ကျွန်တော့်ကို ဝတ်စေချင်နေတာလား..." ယဲ့စစ်က မယုံကြည်နိုင်စွာဖြင့် တံတွေးမျိုချလိုက်သည်။ "ဒါပေမဲ့၊ ဒါပေမဲ့ ဒီနေ့ သူတို့၊ သူတို့ဝတ်ထားတဲ့ဟာကို ခင်ဗျား မမြင်ခဲ့ဘူးလား။"
အိမ်မှာ စကတ်မှမရှိတာ!
ပြီးတော့ အခုမှပြင်ဆင်ဖို့အတွက် အချိန်နှောင်းသွားပြီလေ!
"အင်း။" ဟော့ထင်းလန်က နှစ်စက္ကန့်လောက်ရပ်တန့်သွားပြီး သဘာဝကျစွာပြောလာ၏။ "အဲ့ဒါကြောင့် ပုံစံကတော့ မတူဘူး။"
ခဏတာရပ်တန့်သွားပြီးနောက် ရယ်သံလေးထွက်လာ၏။
ယဲ့စစ်တစ်ယောက် သတင်းတင်ပြချက်၌ အမှားလုပ်မိသွားခဲ့သည်။
ထိုရယ်သံနှင့်အတူ ယဲ့စစ် ဉာဏ်အလင်းပွင့်သွားလေ၏။
...၎င်းက ဗုဒ္ဓ၏ဉာဏ်အလင်းလောက်တော့ အပြစ်အနာဆာမကင်းခဲ့ပေ။
ဟော့ထင်းလန်က ဤအရာကို တစ်လျှောက်လုံးစီစဥ်ထားခဲ့ပြီးသားဖြစ်၏။ အားကစားပြိုင်ပွဲမှာ အိုမီဂါများ၏ ကပြဖျော်ဖြေမှုနှင့် ကြုံကြိုက်ကာ ဟော့ထင်းလန်က အမှတ်မထင် မြင်လိုက်ရခြင်းသာ။
ထို့ကြောင့် သူပြင်ထားသောစကတ်မှာ မတူခဲ့ပေ။
၎င်းက ၎င်းတို့အတန်း၏ ကခုန်လို့ကောင်းသောစကတ်များလောက် ကောင်းလိမ့်မည်မဟုတ်ပေ! အနည်းဆုံးတော့ ၎င်းတို့က ဝတ်ဖို့သင့်တော်သေးသည်!
ထိုအတွေးများက ယဲ့စစ်၏စိတ်ထဲ ဝင်ရောက်လာပြီး သူ၏အသံက ရှက်ရွံ့မှုအပြည့်နှင့် တုန်ယင်နေခဲ့သည်။ "ဒါဆို၊ ဒါဆို ခင်ဗျားက..."
သူ့အသံလေးက ခြင်ဝီသံလောက်ထိ တဖြည်းဖြည်းတိုးလျသွားလေ၏။
"... နှာဘူးတစ်ယောက်လား။"
ဤမေးခွန်းနှင့် ရင်ဆိုင်လိုက်ရသောအခါ ဟော့ထင်းလန်က ခဏတိတ်ဆိတ်သွား၏။
ယဲ့စစ်သည် သူ(ဟော့)က လူကြီးလူကောင်းယောင်ဆောင်ကာ သူ့ကို 'ဟော့ရှူးရှူက မင်းကို အဖွဲ့ထဲရောနှောစေချင်လို့ ကူညီပေးတာပါ' သို့မဟုတ် 'ရှောင်စစ်လည်း တခြားအိုမီဂါတွေလို ရှိသင့်တယ်လေ' ဆိုသည့် ရယ်စရာစကားလုံးများဖြင့် ပြောတော့မည်ဟုထင်လိုက်၏။
မမျှော်လင့်စွာဖြင့် ဟော့ထင်းလန်က ပြုံးလိုက်ပြီး ပြောလာခဲ့သည်။ "အမှန်ပဲ။"
သူက ဖုံးကွယ်ဖို့တောင် ကြိုးစားမနေခဲ့ပေ!
သူ့မှာ ထူးဆန်းသောဝါသနာများရှိနေခြင်းမဟုတ်ဘဲ လူကြီးလူကောင်းလေး၏ခြေတံများက အလွန်ကြည့်ကောင်းနေသည့်အတွက် ခပ်ညစ်ညစ်အတွေးများ ပေါ်ထွက်လာခဲ့ခြင်းသာ။
တစ်ကြိမ်လောက် စမ်းကြည့်ခြင်းက အန္တရာယ်မရှိနိုင်ပေ။
သူက ယဲ့စစ်ကိုလွှတ်ပေးကာ ဗီရိုထဲမှာ မွှေနှောက်လိုက်သည်။
ယဲ့စစ်က heat ဝင်နေပြီဖြစ်ရာ သူ့ကို ထားခဲ့ဖို့မဖြစ်နိုင်ပေ။
အဝတ်လဲခန်း၏မှန်ထဲမှာ သွယ်လျဖြူဖွေးသော သူ၏လက်ဆယ်ချောင်းက သူ၏ဘောင်းဘီရှည်ကို တင်းကျပ်စွာဆုပ်ကိုင်ထားကြောင်း မြင်နေရလေ၏။ သူ၏လက်ဆစ်ကလေးများက ထင်ရှားနေပြီး တစ်စုံတစ်ယောက်ကို ရိုက်နှက်ပစ်ချင်လာသည်အထိ ရှက်ရွံ့နေခဲ့သည်။ သို့သော်လည်း သူက မလှုပ်မယှက်ဘဲ ဟော့ထင်းလန်တစ်ယောက် သူဝတ်ဖို့စကတ်ကို ရှာဖွေနေသည်အား စောင့်ဆိုင်းနေခဲ့သည်။ အနိုင်ကျင့်ခံရသောကြောင့် စိတ်ဆိုးကာ သူ၏မျက်လုံးထောင့်လေးများနှင့် နှာခေါင်းထိပ်ဖျားလေးကလည်း အနည်းငယ်နီစွေးလာခဲ့သည်။
ဟော့ထင်းလန်က အဝတ်ကိုတွေ့သွားပြီး တောင်းပန်သလို ပြုံးပြလာ၏။ "ကိုယ် ဒါကို မင်းကိုစမ်းမဝတ်ခိုင်းရသေးတော့ တော်ပါ့မလားဆိုတာကိုတော့ မပြောတတ်ဘူး... ဒါ အရမ်းတိုနေလား။"
ယဲ့စစ်က ဟော့ထင်းလန်၏လက်ထဲကိုကြည့်ကာ စကားပြောဖိူ့ အလွန်ရှက်နေခဲ့သည်။ သူ ခေါင်းငုံ့ကာ နဖူးကိုလက်ဖြင့်ထောက်၍ ဘာမှမပြောခဲ့ချေ။
"ဒါပေမဲ့ ခြေအိတ်တွေက ဆွဲသားပါတော့ တော်လောက်မှာပါ။" ဟော့ထင်းလန်က သူ့ကိုနှစ်သိမ့်ပေးကာ တဖြည်းဖြည်းနှင့် လူသားစကားတို့ကို မပြောတော့ပေ။ "ပေါင်ပေါင်း၊ စကတ်ကို ဝတ်မယ်မဟုတ်လား။ ကိုယ် မင်းကိုကူညီပေးနိုင်ပါတယ်။"
***
Aurora Novel Translation Team
There is No Eng Version