no

အပိုင်း (၁၉) - မင်းရဲ့လောင်ကုန်း


အခန်းက သိပ်မကျယ်ပေ။ ယဲ့စစ် ခြေလှမ်းအနည်းငယ် ထပ်တိုးသွားလိုက်သည်။


တစ်ညလုံး လှန်မှောက်နေခဲ့ပြီးနောက် အာရုံခံစားနိုင်စွမ်းတချို့က မြင့်တက်သွားပုံပင်။ သူ၏အသံက အလွန်ခြောက်ကပ်နေပြီး လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်းဖော်ပြလိုက်သည်။


"ထပ်ပြီးဖက်ရအောင်၊ ခဏလောက် ဖက်ရအောင်လေ။ ဟော့ရှူးရှူ... ခင်ဗျား ဒီလို၊ ဒီလိုမျိုးပဲ ဆက်နေနေလို့မဖြစ်ဘူး..."


ပုဂ္ဂိုလ်ရေးခံစားချက်နာကျင်မှုများကို ဘေးဖယ်ထားလိုက်လျှင်တောင် rut ကာလက ပြင်းထန်သောကိစ္စရပ်များစွာမှာ ရှော့ခ်ဖြစ်စေနိုင်ပြီး အန္တရာယ်ဖြစ်နိုင်ခြေက အလွန်မြင့်မားပေသည်။


ဤသည်မှာ ခေတ်နောက်ကျနေပြီဖြစ်သော အဓိပ္ပါယ်မဲ့ ဆင့်ကဲဖြစ်စဥ်တစ်ခုပင်။


ရှေးယခင်တုန်းက ၎င်းမှာ မျိုးရိုးဗီဇမြင့်မားသော အယ်ဖာများကို မိမိနှင့်ကိုက်ညီမှုမြင့်မားသည့် အိုမီဂါကိုရှာဖွေပြီး အတင်းအကျပ်ရယူခြင်း၊ သိမ်းပိုက်ခြင်း၊ အမှတ်အသားပြုခြင်း၊ မျိုးပွားခြင်းတို့ကို လုပ်ဆောင်စေခဲ့သည်...


ဗီဇလွှမ်းမိုးထားသော ရှေးဦးလူသားများအတွက် ၎င်းက အပြုသဘောဆောင်သော ယန္တရားတစ်ခုဖြစ်သည်။


သို့သော်လည်း ယဥ်ကျေးမှုများ၊ ဥပဒေများ၊ ကိုယ်ကျင့်တရားများ၊ ကျိုးကြောင်းဆီလျော်မှုနှင့် ပိုမိုကြွယ်ဝလာသော နှလုံးသားစိတ်ခံစားချက်များနှင့် မွေးဖွားလာသူများအတွက် ၎င်းက ဗီဇဆိုင်ရာတစ်ကိုယ်ကောင်းဆန်ခြင်းလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေသည်။


ချစ်ခြင်းမေတ္တာများက များပြားပြီး လိုချင်တပ်မက်စိတ်လည်း များပြားသည်။


ချစ်နေသူတစ်ယောက်၏အမြင်မှာ လောကီရေးရာများကို မသိနားမလည်သည့်ချစ်ရသူလေးက ပန်းပွင့်အဖူးအငုံကလေးဖြစ်လာ၏။


သူက နူးညံ့စွာအနံ့ခံကာ ၎င်းနှင့်ဆော့ကစားနေမည်ဖြစ်ပြီး ရံဖန်ရံခါ အူတိုင်ကိုလှမ်းကာ ပျားရည်တစ်စက်ကို ခိုးယူမည်ဖြစ်သော်လည်း... ၎င်းအား ချိုးဖျက်ပစ်ဖို့ ခံနိုင်ရည််မရှိသေးပေ။


သို့သော်...


စိတ်ရှည်မှုမှာ အကန့်အသတ်ရှိသည်။


ထို့ပြင်...


သူက ကိုယ့်ဘာသာကိုယ် တံခါးဝဆီရောက်လာခဲ့ခြင်းဖြစ််၏။


ဟော့ထင်းလန်က မျက်လွှာချထားပြီး ယဲ့စစ်ကိုမကြည့်ခဲ့ပေ။ သူ၏ပါးလျသောမျက်ခွံအောက်မှာ မျက်ဝန်းတစ်စုံက စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေခဲ့သည်။


သူက အရေးကြီးသောအခိုက်အတန့်မှာ စိတ်လွင့်နေပုံရ၏။


ထိတွေ့မှုမှာ လောင်ကျွမ်းသွားစေနိုင်သည်။


"ကျွန်တော်၊ ကျွန်တော် စိတ်ကိုပြင်ဆင်ပြီးပါပြီ။"


ဟော့ထင်းလန်က လှုပ်ရှားမှုမရှိကြောင်း မြင်လိုက်ရသောအခါ ယဲ့စစ်က အရှေ့ကို နှစ်လှမ်းတိုးလာပြီး သူ့အရှေ့မှာရပ်လိုက်သည်။


သွယ်လျသောလည်တိုင်နှင့် လက်ကလေးများက အပြာရောင်ညအိပ်ဝတ်စုံအောက်မှာ ကျောက်စိမ်းလေးလို ဖြူဆွတ်နေခဲ့သည်။


ရည်ရွယ်ချက်ရှိရှိဘဲလော၊ မရည်ရွယ်ဘဲလော မသိသော်လည်း သူက ဤကုသမှုအခြေအနေ၌ မရေရာမှုကို ပပျောက်စေရန်အတွက် 'အယောင်ဆောင်တည်ငြိမ်မှု' ကို အသုံးပြုခဲ့သည်။


"ခင်ဗျား၊ ဒီတစ်ခေါက် လွတ််လွတ်လပ်လပ် ဖက်လို့ရပါတယ်။ အဲ့ဒါက အဆင်ပြေပါတယ်။ စောစောက ကျွန်တော်၊ ကျွန်တော် ကျင့်သားမရသေးတာကြောင့်..."


သူ့စကားမဆုံးခင် ကမ္ဘာကြီးက ရုတ်တရက် ကျွမ်းထိုးမှောက်ခုန်ဖြစ််သွားပြီး ထိုအခိုက်အတန့်၌ A+ အဆင့်အယ်ဖာ၏ အံ့သြလောက်စရာအရှိန်နှင့် ခွန်အားတို့ကို ပြသလာခဲ့သည်။ ကျယ်လောင်သောအသံနှင့်အတူ ယဲ့စစ်တစ်ယောက် အိပ်ရာပေါ်လှဲချခံလိုက်၏။ မွေ့ရာက ပျော့ပျောင်းနေပြီး မနာကျင်သော်လည်း သူ ထိတ်လန့်သွားခဲ့ရသည်။


"ဟော့ရှူးရှူ!"


ယဲ့စစ် ထရန်ပြင်လိုက်သော်လည်း ဟော့ထင်းလန်၏ ပူလောင််နေသောလက်က သူ၏လည်ကုပ်ကိို ဆုပ်ကိုင်ထားခဲ့သည်။


သူ ခေါင်းအစ ခြေအဆုံး အေးခဲသွားလေ၏။


ကြောင်အထီးများက ကြောင်အမများကို ထွက်ပြေးခြင်းကနေတားဆီးရန် လည်ကုပ်ကို ကိုက်ခဲတတ်ကြသည်။ ယင်းက အိုမီဂါဖွဲ့စည်းပုံများနှင့် ဆက်စပ်နေနိုင်ပြီး အယ်ဖာများကလည်း တူညီသောပင်ကိုဗီဇများရှိကြသည်။ ၎င်းတို့က နှီးနှောမှုကိုလုပ်ဆောင်နေစဥ် အိုမီဂါများအပေါ် ထိုနည်းအတိုင်း လုပ်ဆောင်တတ်ကြသည်။


အိုမီဂါများက သက်ဆိုင်ရာ ဇီဝကမ္မတုံ့ပြန်မှုများ ပြောင်းလဲဖြစ်ပေါ်လာဖို့ လုံလုံလောက််လောက် ပူးပေါင်းပေးတတ်ကြ၏။ ၎င်းတို့တွေ ယုံကြည်သောဆက်ဆံရေးကို ထူထောင််ထားသည့် ကိုက်ညီမှုမြင့်မားသောအယ်ဖာဆီကနေ လည်ကုပ်ကို ထိန်းချုပ်ခံလိုက်ရချိန်မှာ ကြွက်သားခွန်အားများ လျော့ကျလာခြင်းကဲ့သို့သော စိတ်ဖိစီးသည့်တုံ့ပြန်မှုများကြောင့် ခုခံဖို့ခက်ခဲသည့် အညံ့ခံသည့်အခြေအနေထဲ ကျရောက်သွားလိမ့်မည်... ၎င်းက အယ်ဖာအတွက် အလွန်အဆင်ပြေပေသည်။


"ဝူး..."


ယဲ့စစ် အံကြိတ်ကာ လှုပ်ရှားဖို့ရုန်းကန်လိုက်သော်လည်း အားနည်းစွာသာ လှုပ်ရှားနိုင်ခဲ့သည်။


ဟော့ထင်းလန်က ဇီဝကမ္မအသိပညာမှာ လူကြိုက်များကျော်ကြားသော သိပ္ပံစာအုပ်၌ ထိုခေါင်းစဥ်ကို အမှန်ခြစ်ပေးခဲ့သော်လည်း ယဲ့စစ်က မဖတ်ခဲ့ပေ။


သူ့ကိုယ်သူကာကွယ်ဖို့ မာကျောသည့်လက်သီးနှင့်ပင် လုံလောက်သည်ဟုထင်နေခဲ့သော်လည်း တကယ့်လက်တွေ့မှာတော့ သူ၏မောက်မာမှုအတွက် တန်ကြေးပေးဆောင်ရတော့မည်...


သူ 'အနိုင်ကျင့်ခံ' ရတော့ပေမည်။


ချိုမြိန်ပြီး ထက်နေသည့်လက်နက်ဖြင့် နှိပ်စက်ခံထားရသကဲ့သို့ ဟော့ထင်းလန်၏လည်ပင်းပေါ်မှ အပြာရောင်အကြောများက ထင်ရှားလာခဲ့သည်။ သူ၏သွားများကိုလည်း အံကြိတ်ထားလွန်းလို့ အသံတောင်ထွက်နေပြီဖြစ်၏။


ယခုထိတောင် သူက သည်းခံနေဆဲပင်။


သူ ယဲ့စစ်၏ညအိပ်ဝတ်စုံကော်လံကို လက်ချောင်းထိပ်လေးများဖြင့် အားပါပါဆွဲလိုက်ချလိုက်ပြီး ယဲ့စစ်၏ နူးညံ့သောအရေပြားအောက်က အိုမီဂါဂလင်းများကိုစစ်ဆေးရန် သူ၏လည်ကုပ်ရိုး၏နှစ်ဖက်ကို ဂရုတစိုက်ပွတ်သပ်လိုက်သည်။ ၎င်းက ခံစားရတာသိပ်မမှန်သေးဘဲ အရွယ်အစားသေးလွန်းပြီး အယ်ဖာ၏အထိအတွေ့ကို တုံ့ပြန်မှုနှေးပေ၏... ၎င်းမှာ ဖွံ့ဖြိုးမှုအဆင့်နိမ့်သေးပြီး ယာယီအမှတ်အသားကတောင် ၎င်းအား ထိခိုက်ပျက်စီးသွားစေနိုင်သည်။


အချိန်တစ်ခုကြာတဲ့အထိ လက်ထပ်ပြီးနောက် ဤသည်မှာ ထိုဂလင်းများကို တိုက်ရိုက်ထိတွေ့ဖူးသည့် ပထမဆုံးအကြိမ်ပင်။


နွေးထွေးသောအထိအတွေ့ကြောင့် နှစ်ဦးသားလုံး တစ်ချိန်တည်း တုန်ယင်သွားကြသည်။ 


ဟော့ထင်းလန်တစ်ယောက် သူ့လက်များ၏ခွန်အားကို မထိန်းချုပ်နိုင်ခဲ့ဘဲ အကြမ်းပတမ်းလုပ်ခဲ့မိ၏။


ထို့ကြောင့် ယဲ့စစ်၏တုံ့ပြန်မှုက အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။


သူ့လည်ကုပ်ရိုးနှစ်ဖက်စလုံးမှာ အိုမီဂါဂလင်းများက ပုံမှန်မဟုတ်တော့ဘဲ မက်မွန်သီးလို ပန်းရောင်သန်းလာ၏။ အရေပြားအောက်မှ သွေးကြောများလည်ပတ်မှုကြောင့် အားနည်းစွာဖြင့် ပုံမှန်အတိုင်းသွေးခုန်နေပြီး ထူးကဲသောရနံ့ကို ထုတ်လွှတ်ပေးနေသည်။


ယင်းက အယ်ဖာကို တုံ့ပြန်နေကြသည့် သက်သေပင်။


၎င်းတို့၏နူးညံ့မှုနှင့် ထုထည်အတိုင်းအဆက ယာယီအမှတ်အသားကို ခံနိုင်ရည်ရှိသောအတိုင်းအတာအတွင်းမှာရှိနေသည်။


ယခင်က ဟော့ထင်းလန်သည် ယဲ့စစ်အား သူ၏အိုမီဂါအဖြစ်ကွဲပြားမှုအတွက် အဘက်ဘက်ကနေ စစ်ဆေးမှုကို ခံယူစေဖို့ အခွင့်အရေးကို လိုက်ရှာနေခဲ့သော်လည်း ယဲ့စစ်က အရှက်အကြောက်ကြီးတဲ့သူဖြစ်ရာ သူ ထိုကိစ္စကို မပြောဖြစ်ခဲ့ပေ။ ယခုချိန်မှာ ပို၍တဲ့တိုးဆန်သည့်နည်းလမ်းဖြင့် ပဏာမစစ်ဆေးမှုကို ပြုလုပ်နေရမည်ဟု သူ မမျှော်လင့်ခဲ့မိချေ။


သွယ်လျကာ အဆီနည်းသည့်အတွက် ယဲ့စစ်၏အရေပြားက အလွန်ပါးလွှာ၏။


သူ၏အိုမီဂါဂလင်းများမှာ နှိုးဆွခံထားရပြီး ရောင်ရမ်းကာ ရင့်မှည့်နေသောအသီးလေးလိုပင်။


ပါးလွှာသောအရေပြားက ၎င်းတို့ကိုဖုံးအုပ်ဖို့ ခက်ခက်ခဲခဲကြိုးစားနေပြီး သနားစရာကောင်းစွာ နီမြန်းကာ လူများကို ကိုက်ခဲချင်လာအောင် ဆွဲဆောင်နေလေ၏။


ရနံကလည်း အတော်လေးကို...


ချိုမြိန်မှုအလွှာပါးပါးလေးနှင့် ရင်းနှီးနေသော ဗနီလာရနံ့တို့ ရောယှက်နေ၏။


၎င်းက အလိုဆန္ဒတို့၏ရနံ့ဖြစ်သည်။


"ဟော့ရှူးရှူ..."


အိုမီဂါဂလင်း၏အပူများ မြင့်တက်လာမှုနှင့်အတူ မကြုံဖူးသော အစိုးမရမှုများက သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားခဲ့သည်။


သူ၏အရိုးများက ပျော့ခွေလာ၏။


ဟော့ထင်းလန်က သူ့ကို အထူးတလှယ်ထိန်းနေစရာတောင်မလိုဘဲ သူ လွတ်မြောက်ဖို့ကို မရုန်းကန်နိုင်တော့ချေ။


ဘာဖြစ်နေမှန်း သူ မသိပေ။ သူ အဖျားကြီးတုန်းကနှင့်ယှဥ်လိုက်လျှင် ယခု သူ့မှာ စွမ်းအင်အနည်းငယ်သာကျန်ပြီး အတွေးများကလည်း ပို၍ယောက်ယက်ခတ်နေသလို သူ၏အမြင်အာရုံထဲမှာလည်း အရောင်များက ပို၍ရင့်လာခဲ့သည်။ နံရံများနှင့် ကြမ်းပြင်ကိုဖုံးအုပ်ထားသော ခရင်မ်အရောင်ကတောင် အလင်းရောင်အောက်မှာ ထူးထူးဆန်းဆန်း ခမ်းနားထည်ဝါနေလေ၏။


သူ့ဝမ်းဗိုက်ထဲက ဖော်မပြတတ်သည့် နာကျင်မှုကလည်း တစ်ဖန်ထကြွလာပြန်သည်။


ယဲ့စစ်တစ်ယောက် အလွန်စိုးရိမ်ကာ အနောက်ကိုပဲ ဆက်တိုက်လှည့်ကြည့်နေခဲ့ပြီး သူ့လည်ကုပ်က ဘာဖြစ်နေတာလဲဟု သိချင်နေခဲ့သည်။ ယင်းမှာ တုံးအသည့်ကြောင်လေးတစ်ကောင်က ၎င်း၏အမြီးကို လိုက်ဖမ်းနေသကဲ့သို့ပင်။


သေချာပေါက် သူ မမြင်နိုင်ခဲ့ပေ။


ထို့ကြောင့် သူ ဟော့ထင်းလန်ကိုသာ အကူအညီတောင်းနိုင်တော့သည်။


သူက မည်မျှပင်နှေးကွေးပါစေ ထိုပြောင်းလဲမှုများနောက်ကွယ်မှ တရားခံကိုတော့ သတိပြုမိပေ၏။


သို့သော် သူ ထိုတရားခံကိုသာ အကူအညီတောင်းနိုင်ခဲ့လေသည်။


"ဟော့ရှူးရှူ... ကျွန်တော်၊ ကျွန်တော် ဘာဖြစ်နေတာလဲ..."


ဟော့ထင်းလန်က တိတ်ဆိတ်နေပြီး သူ၏လည်စေ့က အထက်အောက်လှုပ်ရှားသွားခဲ့သည်။


ကနဦးတုန်းက ဆာလောင်မှုများကို ဗလာသက်သက်မျှော်လင့်ချက်များဖြင့် သူ့ကိုယ်သူ နှစ်သိမ့်ကာ ကောင်းကောင်းမွန်မွန်ပြောနိုင်ဆိုနိုင်ခဲ့သေး၏။


သို့သော် ယဲ့စစ်က ဤအခိုက်အတန့်မှာ အလွန်လှုံ့ဆော်ခံလိုက်ရပြီး မမျှော်လင့်စွာဖြင့် heat ကာလ၏ ပထမအဆင့်သို့ ဝင်ရောက်သွားခဲ့သည်...


သို့သော်လည်း သူက အပြစ်ကင်းစင်စွာဖြင့် သူ့ကို ခေါ်နေခဲ့၏။


ဟော့ထင်းလန် ယဲ့စစ်၏လည်ကုပ်ကို လောင်ကျွမ်းနေသောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ အလွန်ပူလောင်လွန်းလို့ အကြည့်ခံနရသည့်အရာကတောင် မီးတောက်လာတော့မတတ်ပင်။


"ဟော့ရှူးရှူ၊ ကျွန်တော်၊ ကျွန်တော် နေလို့မကောင်းဘူး... ခင်ဗျား၊ ကျွန်တော့်ကို ဖက်၊ ဖက်ပဲဖက်ပါ၊ တခြားဘာမှ မလုပ်၊ မလုပ်ပါနဲ့... ဟုတ်ပြီလား။"


လွတ်မြောက်ရန်အတွက် ယဲ့စစ်တစ်ယောက် လေပြည်ထဲက မိုးမခနွယ်လေးလို တွန့်လိမ်နေပြီး သူ၏နဖူးထက်မှာ ချွေးများစို့လာခဲ့သည်။


သူက သူ့စိတ်ထဲမှလူကြီးလူကောင်းကို ကူကယ်ရာမဲ့စွာခေါ်နေခဲ့ပြီး ညှာတာပေးရန် ထစ်ထစ်ငေါ့ငေါ့တောင်းဆိုကာ ဟော့ထင်းလန်၏အသိတရားနှင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတို့ကို ပြန်လည်နှိုးဆွပေးချင်နေခဲ့၏။ နောက်ကြောင်းပြန်လှည့်စရာမရှိတော့ပေ။ သူ ဤလုံခြုံရေးအခန်းထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ကိစ္စများက ကြိုပြီးနိဂုံးချုပ်သွားပြီဖြစ်၏။ သို့သော် သူက ညှာတာပေးလိမ့်မည်ဟု ယဲ့စစ် တွေးနေခဲ့သည်။


Heat ဝင်ခြင်း၏ မြင့်မားသည့်အပူရှိန်ကြောင့် နောက်ဆုံးတော့ သူ့ဦးနှောက်ထဲကနေ ခွင့်ပြုချက်မရှိဘဲ ထွက်ကျလာသည့် 'ဟော့ရှူးရှူ' နှင့် 'ဖက်ပေးပါ' ဆိုသည့်စကားလုံးများနှင့် ပေါင်းစပ်သွားပြီး ဟော့ထင်းလန်၏ခန္ဓာကိုယ်ထဲမှ လောင်ကျွမ်းစေနိုင်သည့်အရာရာတိုင်းကို တောက်လောက်လာစေခဲ့သည်။


သူ့နားစည်များက တုန်ခါနေပြီး သူ၏အမြင်အာရုံက အဖြူရောင်နှင်းပြင်ကျယ်ကြီးအဖြစ် ပေါက်ကွဲကာ သူ၏သွေးများက တဟုန်ထိုးစီးဆင်းလာ၏။ သူ အသိစိတ်ပြန်ဝင်လာသောအခါ သူ၏သွားများက အရေပြားကိုထိုးဖောက်နေပြီး ယဲ့စစ်၏လည်ကုပ်အနောက်ဘက်မှ ဂလင်းများထဲစိုက်ဝင်နေကာ ဖယ်ရိုမုန်းစီးကြောင်းလေးကို ထိုးသွင်းနေခဲ့သည်။


ကြွယ်ဝသော တက်ကီလာက ချိုမြိန်သော ဗနီလာနှင့်ပေါင်းစပ်သွားပြီး အံ့သြစရာကောင်းသော ဓါတုဓါတ်ပြုမှုကို ထုတ်ဖော်ပေးခဲ့သည်။ ဖယ်ရိုမုန်းရနံ့နှစ်ခုကြားမှ ရနံ့သစ်တစ်ခုကို ထုတ်လွှတ်ပေးသည့် အသစ်စက်စက်ဒြပ်ပေါင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး ၎င်းက ရနံ့နှစ်ခုစလုံးနှင့် သိပ်မတူတော့ပေ။


ယာယီအမှတ်အသားကို သင်္ကေတပြုသော ဤဆင်းသက်လာမှုက rut ကာလပြဿနာကို အမြစ်ကနေ ဖြေရှင်းနိုင်သည်။


ဟော့ထင်းလန်က အသက်ပြင်းပြင်းရှူလိုက်၏။ နှိပ်စက်နေသောနာကျင်မှု၊ အာရုံခံစားနိုင်သော အာရုံငါးပါးမှ ယူဆောင်လာသည့် ရှုပ်ထွေးများပြားလှသော အချက်အလက်များနှင့် ရူးသွပ်သည့် ဖရိုဖရဲအတွေးများအားလုံး တစ်ခဏချင်း လျော့ကျသွားခဲ့လေသည်။


သူ ပြန်လည်မွေးဖွားလာသကဲ့သို့ သက်တောင့်သက်သာရှိလွန်းလှ၏။


သူ့နှာဖျားထိပ်လေးနှင့် ယဲ့စစ်၏ ချွေးစိုနေသောဆံစအစွန်းလေးများကို ပွတ်တိုက်လိုက်သည်။ ဟော့ထင်းလန်က မျက်လွှာချကာ ခေါင်းအုံးထဲနစ်မြုပ်နေသော ယဲ့စစ်၏မျက်နှာလေးကို ညင်သာစွာလှည့်ယူလိုက်၏။


ယဲ့စစ်၏ပါးပြင်များက နွေဦးမက်မွန်သီးများနှယ် ပန်းရောင်သန်းနေခဲ့သည်။


အိုမီဂါ၏ heat အစမှာ ပုံမှန်အားဖြင့် ပြင်းထန်တတ်ပြီး ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာအခြေအနေကို ထိခိုက်စေနိုင်သည်။ လက်ရှိမှာ ယဲ့စစ်က နမူနာကောင်းတစ်ခုပင်။ သူ၏မျက်လုံးများက လုံးဝိုင်းနေပြီး မျက်ဆံများက ကြည်လင်ပြတ်သားမှုမရှိသည့် ယစ်မူးနေသောဗလာကျင်းမှုမျိုးနှင့် ပြည့်နှက်နေခဲ့သည်။


သတိတရားလစ်လပ်မှုကြောင့် သူ၏နောက်ဆုံးလက်ကျန်အယောင်ဆောင်မှုမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေ၏။ သူက အယ်ဖာတစ်ယောက်ဖြစ်ခဲ့ဖူးမှန်း မေ့လျော့သွားရုံသာမက သူ၏ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုနှင့် ဟော့ထင်းလန်အတွက် သူ၏အလိုဆန္ဒတို့ကို ဖုံးကွယ်ဖို့တောင် မေ့လျော့သွားခဲ့သည်။


သူ့မျက်လုံးများထဲမှ မြူမှိုင်းနေသောအမူအရာက လုံးဝဖော်ထုတ်ခံလိုက်ရတော့သည်။


ယာယီအမှတ်အသားက တစ်ဝက်တစ်ပျက်သာလုပ်ဆောင်ရသေးပြီး ထိုးသွင်းလိုက်သော အယ်ဖာဖယ်ရိုမုန်းပမာဏက အလွန်နည်းပါး၏။


ကနဦးတုန်းကတော့ ဟော့ထင်းလန်တစ်ယောက် ဤနေရာမှာ ရပ်တန့်နိုင်ချင်မှရပ်တန့်နိုင်လိမ့်မည်။ မည်သို့ပင်ဆိုစေ လက္ခဏာများက တော်တော်လေးသက်သာလာခဲ့သဖြင့် သူ ယဲ့စစ်ကို တိုက်ရိုက်မစားသုံးမိစေရန်နှင့် သူ့ကို အစိိတ်စိိတ်အမွှာမွှာ မချိုးဖျက်မိစေရန် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းအားလုံးကို အသုံးပြုခဲ့ရသည်။


သူ ယဲ့စစ်ကို ပက်လက်လှန်လိုက်ပြီး လက်တစ်ဖက်ကို သူ့နားရွက်ဘေးနားမှာထောက်ကာ အရက်မူးနေသော ချစ်စရာပုစွန်လေးအား ကျီစယ်၍ တိုးတိုးလေးမေးလိုက်သည်။


"ကိုယ်ကဘယ်သူလဲ။"


"ခင်ဗျား၊ ခင်ဗျားက ဟော့ရှူးရှူပါ..."


ယဲ့စစ်က ရိုးရိုးသားသားဖြေပေးခဲ့၏။ သူ၏နှာခေါင်းက တရှုံ့ရှုံ့ဖြင့် နီးကပ်လုံခြုံသောအကွာအဝေးကနေ သက်တောင့်သက်သာရှိစွာ အနံ့ခံနေခဲ့သည်။


သတိမရှိတာတောင် ဦးဦးဒေါ်ဒေါ်တပ်ခေါ်ဖို့မမေ့သည့် လိမ္မာသည့်ကောင်လေးပင်။


"ဟော့ရှူးရှူက မင်းအတွက် ဘယ်သူလဲ။"


"သူက... ရှူးရှုပါ။"


"မှားတယ်။"


ယဲ့စစ် အကျပ်ရိုက်သွား၏။ သူ တွန့်ဆုတ်နေပြီးနောက် အစမ်းသဘောဖြင့် ပြောလိုက်သည်။


"ဒါမှမဟုတ်၊ လက်ထပ်မှတ်ပုံတင်ထားတဲ့သူ..."


"မင်းနဲ့ လက်ထပ်မှတ်ပုံတင်ထားတဲ့ အဲ့ဒီသူက မင်းအတွက် ဘာလဲ။"


"ဒါပေမဲ့-"


ယဲ့စစ်က အသိစိတ်မကပ်သော်လည်း ထိုမေးခွန်းကို အလိုလိုငြင်းဆန်ကာ ရှောင်ရှားလိုက်သည်။


"ကျွန်တော်၊ ကျွန်တော်နဲ့ ဟော့ရှူးရှူ လက်ထပ်ထားတာက... အဲ့ဒါက အတုအယောင်အိမ်ထောင်ရေးလေ၊ အဲ့ဒါကို ထည့်တွက်လို့မရဘူး..."


"တရားဝင်လက်ထပ်မှုမှာ အတုအယောင်တွေမရှိဘူး။ ကိုယ်တို့ရဲ့အိမ်ထောင်ရေးက စစ်မှန်ပြီး တရားဝင်တယ်။"


ဟော့ထင်းလန်က နက်ရှိုင်းပြီး တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။


"..."


ယဲ့စစ်က ပြန်မပြောခဲ့ပေ။


"ဒီတော့ မင်းနဲ့ လက်ထပ်မှတ်ပုံတင်ထားတဲ့သူက မင်းရဲ့ဘာလဲ။"


ဟော့ထင်းလန်က အက်ရှစွာဖြင့် ထပ်မေးခဲ့သည်။


သူက သူလုပ်တော့မည့်အလုပ်အတွက် နာမည်တစ်ခုရှာနေသကဲ့သို့ ပုံမှန်နှင့်မတူဘဲ ဇွဲနပဲကြီးနေခဲ့သည်။


လက်ထပ်မှတ်ပုံတင်ထားသည့်အယ်ဖာက ခင်ပွန်းသည်ဖြစ်ကြောင်း သိသာလှပေသည်။


သူငယ်တန်းကလေးတောင် ယခုလိုသာမန်ဗဟုသုတမျိုးကို သိကြလိမ့်မည်။ ယဲ့စစ်က ကြည်လင်ပြီး လှပသောမျက်ဝန်းများဖြင့် ဟော့ထင်းလန်ကို ရှက်ကိုးရှက်ကန်းမော့ကြည့်လိုက်၏။


"အဲ့ဒါ မင်းရဲ့လောင်ကုန်းလေ။"


ဟော့ထင်းလန်က တစ်လုံးချင်းပြောလာခဲ့သည်။


နောက်တစ်စက္ကန့်မှာ ဟော့ထင်းလန်၏ရင်ဘတ်က နစ်မြုပ်သွားခဲ့သည်...


ယဲ့စစ်တစ်ယောက် အလွန်ရှက်ရွံ့ကာ ဟော့ထင်းလန်၏ စူးရှသောအကြည့်များအောက်ကနေ လွတ်မြောက်ချင်နေခဲ့သော်လည်း သူ့မှာ ပုန်းစရာနေရာမရှိခဲ့ပေ။


ဦးခေါင်းသေးသေးလေးက ရှုပ်ထွေးစွာဖြင့် တစ်ဖက်လှည့်လိုက်ချိန်မှာ သူ့ရင်ခွင်ထဲသို့ အံ့အားသင့်ဖွယ်ကောင်းစွာ ရောက်ရှိသွားခဲ့လေသည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment