no
အပိုင်း (၄၉) - အချပ်ပို (၄)
[ကျောင်းအားကစားပြိုင်ပွဲ - အခွင့်ကောင်းယူခြင်း]
အဝတ်လဲပြီးနောက် ယဲ့စစ်က အားကစားကွင်းထဲ ပြန်လည်ဝင်ရောက်လာခဲ့သည်။ အလွန်နူးညံ့ကာ စိမ်းစိုနေပြီး ရေများတောင်ညှစ်ထုတ်လို့ရနိုင်သော နုပျိုသည့်မျိုးစေ့လေးလိုမျိုး သူက နေရောင်ထဲမှာ မတ်မတ်ရပ်နေပြီး မရေမတွက်နိုင်သောမျက်လုံးများကို ဆွဲဆောင်နေခဲ့သည်။
၎င်းတို့ကြားထဲ၌ နက်မှောင်ပြီး စွဲမြဲနေသောအကြည့်တစ်ခုက ပွဲကြည့်စင်ဘက်မှ ဆင်းသက်လာခဲ့သည်။
ယဲ့စစ် မည်သည့်နေရာကိုပဲသွားသွား ထိုအကြည့်က လိုက်ပါနေတတ်၏။
အဆင့်မြင့်အယ်ဖာတစ်ယောက်၏ သိမ်းငှက်မျက်လုံးများလိုအကြည့်က မရိုးသားသောအလုပ်ကို နောက်တစ်ကြိမ်လုပ်ကာ ထိုမျှဝေးကွာသောနေရာကနေတောင် မြင်အပ်၊ မမြင်အပ်သောအရာများအား အသေးစိတ် ရှင်းရှင်းလင်းလင်းမြင်နေဆဲပင်။
၎င်းက သူ့နှလုံးသားကို မခံမရပ်နိုင်အောင် ယားယံလာစေပြီး သူ့ဝမ်းထဲမှ တောက်လောင်နေသောမီးလုံးကြီးက တလှိမ့်လှိမ့်တက်လာသော်လည်း သူက တည်ငြိမ်သောလေထုကိုတပ်ဆင်ကာ သူ၏မျက်နှာကို ထိန်းသိမ်းထားလေသည်။
ဤမနက်ခင်းတွင် ယဲ့စစ်က ပြေးလမ်းနှင့် ပြိုင်ပွဲကွင်းကြား အခေါက်ခေါက်အခါခါ ကူးနေရသည်။ ပွဲစဥ်အတွက် နာမည်စာရင်းခေါ်ပြီးနောက် သိပ်မကြာခင် ပြိုင်ပွဲစတင်ခဲ့၏။ ယဲ့စစ်က ပထမနေရာကို အလွယ်တကူရရှိသွားသောအခါ အတန်း ၇ မှ ရေဒီယိုကြေညာသံ ထွက်ပေါ်လာ၏။
"နွေဦးလေပြည်လေးတွေ တိုက်ခတ်နေတယ်။ စစ်ပွဲဗုံတွေ တီးနေတယ်။ ငါတို့အတန်း ၇ ရဲ့စစ်ကောက ဘယ်သူ့ကိုကြောက်ရမှာလဲ... အတန်း ၇၊ အတန်း ၇ ထျန်းချန်အတွက် ယှဥ်ပြိုင်လိုက်တော့၊ စစ်ကော၊ စစ်ကော၊ ထူးချွန်သူရဲကောင်းကို အလေးပြုပါတယ်..."
ယဲစစ်က အရေပါးသူဖြစ်ရာ 'အတန်း ၇ ရဲ့ စစ်ကော' ဟူသောဘွဲ့ကို ကြားလိုက်ရသောအခါ ရှက်ရွံ့သွားပြီး ပြေးလမ်းမှာ သူ့ဝမ်းဗိုက်ဘေးနား ခြစ်မိသွား၏။ သူ ကျန်သော မီတာ ၁၀၀ ကို နာကျင်စွာဆက်ပြိုင်ကာ အဆုံးသတ်မျဥ်း၌ သူ၏ဝမ်းဗိုက်လေးကိုပွတ်ကာ နံဘေး၍ရပ်နေခဲ့သည်။ သူက ဒဏ္ဍာရီလာ 'စစ်ကော' ဖြစ်ကြောင်း နံဘေးလူများတွေ့သွားမည်စိုး၍ သူ့ဦးခေါင်းကို ငုံ့ထားခဲ့လေ၏။
သူက အခြားအတန်းများ၌ မည်မျှနာမည်ကျော်ကြားသည်ကို ရှင်းရှင်းလင်းလင်းမသိသေးပေ။
သူ့ကိုမသိသူက သိပ်မရှိချေ...
အားလုံးက လျှို့ဝှက်ထားရုံမျှသာ။
ပြိုင်ပွဲအနည်းငယ်ပြီးနောက် ယဲ့စစ်က ယာယီအနားယူရန် အတန်း၏ပွဲကြည့်စင်ဆီ ပြန်လာခဲ့သည်။ ခဏနေလျှင် အဓိကပြိုင်ပွဲဖြစ်သည့် မီတာ ၁၅၀၀ ပြေးရပေမည်။ ပြိုင်ပွဲကော်မတီဝင်က အတော်လေးသတိရှိပြီး ပြိုင်ပွဲအချိန်ဇယားကိုလေ့လာကာ သူ့အတွက် အနားယူရန်အချိန်ဖယ်ပေးခဲ့သည်။
သူရောက်လာသည်နှင့် ပွဲကြည့်စင်ရှိ အတန်း ၇ ၏နေရာ၌ နာမည်ကြီးတစ်ယောက်ကို တွေ့သလိုမျိုး မလျော့သောစိတ်အားထက်သန်မှုမျိုးဖြင့် လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာခဲ့သည်။
ယဲ့စစ်က ရှက်ရွံ့စွာပြုံးလိုက်ပြီး သူ့မျက်နှာထက်မှာ ပါးချိုင့်လေးနှစ်ခုပေါ်လာခဲ့သည်။ သူက လူများသတိပြုမိသွားပြီး သူ့ကိုစနောက်မည်စိုးသော်လည်း အပြုံးကို ထိန်းချုပ်မထားနိုင်ခဲ့ပေ။ ယဲ့စစ်တစ်ယောက် ခေါင်းငုံ့ကာ သူ့အတန်းဖော်ဦးပေးထားသောခုံအလွတ်ဆီ လျှောက်သွားလိုက်သည်။
ပြိုင်ပွဲအနည်းငယ်ယှဥ်ပြိုင်ပြီးနောက် သူက ချွေးများအလွန်ထွက်လာပြီး သူ့ကျောမှာလည်း စိုရွှဲနေ၏။ ပြိုင်ပွဲတစ်လျှောက် သူ့ကိုအဖော်ပြုပေးနေသည့် ကျန်းယန်အမည်ရှိသော အိုမီဂါတစ်ယောက်က သူ လေအေးများကြောင့် အအေးမိမည်စိုး၍ အားကစားလက်ရှည်ကို သူ့ပခုံးပေါ် လွှမ်းခြုံပေးလိုက်သည်။
ယဲ့စစ်၏ကိုယ်လုံးကိုယ်ပေါက်က အချိုးအစားကျပြီး ခန္ဓာကိုယ်အပေါ်ပိုင်းသေးကာ ခြေတံများက ရှည်လျားသည်။ လက်ရှည်က သူ့အပေါ်ပိုင်းကနေ တွဲကျနေပြီး အားကစားဘောင်းဘီတိုကိုတောင် ဖုံးလုနီးနီးဖြစ်နေရာ ပထမတစ်ချက်ကြည်လိုက်လျှင် သူက ဘောင်းဘီဝတ်မထားသည့်နှယ်။
ချွေးသီးလေးများက ကြွက်သားတစ်လျှောက် စီးကျနေပြီး ကျောက်စိမ်းဖြူလို ချောမွေ့နေသော ခြေတံရှည်များပေါ် ကျဆင်းသွားသည်။ ချွေးများထဲမှ အိုမီဂါဖယ်ရိုမုန်းများက ပိုပိုပြီးသိပ်သည်းလာကာ သူ့လည်ကုပ်ပေါ်ရှိ ရနံအတားအဆီးကပ်ခွာက ၎င်းတို့ကို လုံးဝမပိတ်ဆို့နိုင်တော့ပေ။ ဆောင်းဦးလေအေးထဲမှာ ချိုမြိန်သော ဗနီလာရနံ့တို့ ထွက်ပေါ်လာခဲ့သည်။
သေစမ်း။
ချန်ရှောက်က ယဲ့စစ်ကိုစိုက်ကြည့်နေပြီး သူ့နှလုံးသားထဲမှ ချဥ်းစူးစူးခံစားချက်ဖြင့် လိုက်ကြည့်နေခဲ့မိ၏။
နွားအိုမြက်နုကြိုက်သူ ဟော့မျိုးရိုးက အမှန်တကယ်ကို ပျော်ရွှင်နေလောက်သည်။
"စစ်ကော၊ ချွေးသုတ်လိုက်ဦး!" အယ်ဖာဖြစ်သူ အားကစားကော်မတီဝင်က တစ်စုံတစ်ခုလွဲမှားနေကြောင်း သတိပြုမိလိုက်ပြီး ယဲ့စစ်ကို တဘက်အသစ်တစ်ထည်ပစ်ပေးလိုက်သည်။
"ကျေးဇူး။" ယဲ့စစ်က လက်မြှောက်ကာ ဖမ်းလိုက်သည်။
"ချန်ရှောက် သူများတွေကို စိုက်ကြည့်မနေနဲ့!" ယဲ့စစ်အား စောင့်ကြည့်ပေးမည်ဟု ဟော့ထင်လန်ကို ကတိပေးခဲ့သည့် အိုမီဂါလေးကျန်းယန်က ပြောလိုက်သည်။ သူက ဒေါသကြီးသူဖြစ်ပြီး ချန်ရှောက်က သူ့နှလုံးသားထဲမှာ မျှော်လင့်ချက်တို့ရှိနေကြောင်း အာရုံခံမိလိုက်သောအခါ သူ့အရှေ့မှာရပ်ကာ ပယ်ပယ်နယ်နယ်ပြောလိုက်သည်။ "မင်းမှာ အခွင့်အရေးမရှိဘူး၊ နော်၊ ဟုတ်ပြီလား။ မင်းကိုယ်မင်း ပြန်သွားကြည့်နေလိုက်။"
ချန်ရှောက်က လောဘကြီးကာ မနာလိုတတ်သည်။ သူက ဟော့ထင်းလန်ကို အနိုင်မယူနိုင်ကြောင်း ရှင်းလင်းနေ၏။ တစ်ဖက်လူ၏အမြင်မှာ သူက အမွေးအတောင်မစုံသေးသည့် ကောက်စုတ်လေးတစ်ယောက်သာဖြစ်ပြီး လက်ညှိုးလေးတစ်ချောင်းတည်းဖြင့် သူ့ကို အပြတ်ရှင်းလိုက်နိုင်သည်။ သူက တခြားသူများကို ဒေါသများပုံချကာ ကျန်းယန်အား ဒေါသတကြီးပြောလိုက်သည်။ "မင်းက ငါ့ကိုစောင့်ကြည့်နေတာလား။ ထိန်းချုပ်မှုက သိပ်ကိုကျယ်ပြန့်တာပဲ။"
"ဟုတ်တယ်၊ ဘာဖြစ်လဲ။ ငါ့မှာ ကျယ်ပြန့်တဲ့အဆက်အသွယ်တွေရှိတယ်။ ဒီကျောင်းကို ငါတို့မိသားစုကဆောက်ထားတော့ ကျောင်းမှာဖြစ်တဲ့အရာတွေကို ငါက ဂရုမစိုက်သင့်ဘူးလား။" သူက တင်ပါးပေါ်လက်နောက်ပစ်တင်ကာ သူ့ကိုစိုက်ကြည့်ရင်း ပြောလိုက်လေသည်။
ကျောင်းဆောက်လုပ်သည့်ပရောဂျက်ကို အမှန်တကယ် ကျန်းမိသားစုက တာဝန်ယူခဲ့ခြင်းဖြစ်သည်။ ချန်ရှောက်မှာ ကြောင်အမ်းသွားခဲ့သည်။ သို့သော် စကားပြောကောင်းသောအိုမီဂါကို ပြိုင်မငြင်းနိုင်သဖြင့် 'ငိုးပဲ' ဟုဆဲကာ ဒေါသထွက်သွားခဲ့လေသည်။။
"..."
ယဲ့စစ် ၎င်းတို့ငြင်းခုန်နေသည့်အကြောင်းကို ကြားနေရသော်လည်း သူ စိတ်ပျက်ခြင်းမျိုးမဖြစ်ခဲ့ပေ။ သူ ယခုလိုမျိုး ကလေးဆန်သည့်အယ်ဖာကို အဖက်လုပ်ဖို့တောင် စိတ်မဝင်စားဘဲ ချန်ရှောက်ကို တစ်ချက်သာကြည့်လိုက်ပြီး ရေမော့သောက်လိုက်သည်။
ချန်ရှောက်က ရှက်ရွံ့သွားပြီး မျက်နှာနီကြီးဖြင့် တစ်ဖက်လှည့်သွားတော့သည်။
ယဲ့စစ် အတန်းဖော်ဆီကနေ ချောကလက်တောင့်တစ်ခုစားကာ ဝါးနေရင်း ကျောင်းလွယ်အိတ်ထဲမှ သူ့၏ဖုန်းကို ထုတ်ယူလိုက်သည်။ ဖုန်းဖွင့်လိုက်ရာ ဟော့ထင်းလန်ဆီက မက်ဆေ့ချ်တစ်စောင်ရောက်နေကြောင်း တွေ့လိုက်ရသည်။
[ဟော့ထင်းလန်]: ပေါင်ပေါင်းက အရမ်းမိုက်တာပဲ။ ပထမနေရာတွေကို ဘယ်နှကြိမ်တောင်ယူခဲ့တာလဲ။
သူ တကယ်တော့ ရေတွက်ထားသော်လည်း သူ့ကိုကြွားဝါဖို့ ယဲ့စစ်အား အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။
ယဲ့စစ်က ခေါင်းကုတ်ကာ သူ၏ရလဒ်များကို အလျင်အမြန်တင်ပြလိုက်သည်။
ဟော့ထင်းလန်က သူ့ကိုချီးကျူးကာ ရက်ရက်ရောရောမြှောက်ပင့်ခဲ့သည်။
ယဲ့စစ်တစ်ယောက် အလွန်ပျော်ရွှင်သွားလေ၏။ သူ၏ဖုန်းကိုပွတ်နေရင်း နှုတ်ခမ်းထောင့်များက ကွေးညွတ်နေခဲ့သည်။ သူ အကျယ်တဝင့်ပြုံးနေမိမည်စိုး၍ သူ၏နှုတ်ခမ်းနား လက်သီးဆုပ်ဖြင့်ဖိကပ်ကာ အပြုံးကို ထိန်းချုပ်လိုက်သည်။
-သူ သူ့ဗိုက်ကိုပြဖို့ ချော့မြှူခံခဲ့ရတာပဲ။
ယဲ့စစ်က စအချိန်အတော်ကြာအောင် သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားနေပြီး ဟော့ထင်းလန်ပျင်းနေမည်စိုး၍ ခေါင်းငုံ့ကာ စာရိုက်လိုက်သည်။
[ယဲ့စစ်]: ကျွန်တော် မီတာ ၁၅၀၀ ပြေးပွဲပြီးရင် ပြိုင်စရာပွဲစဥ်မရှိတော့ဘူး။ ကျွန်တော်နဲ့အတူ ကျောင်းဝင်းထဲ လမ်းလျှောက်ကြမလား။
ဟော့ထင်းလန်ကလည်း ဤနေရာမှာတက်ခဲ့သဖြင့် သူ့ယခင်ကျောင်းတော်ကြီး၏ အပြောင်းအလဲများကို မြင်တွေ့ချင်လောက်မည်။
ဟော့ထင်လန်ကပြုံးကာ စာပြန်ပို့လာ၏။ "ကောင်းပါပြီ။"
ယဲ့စစ်တစ်ယောက် သူ့ကို မည်သို့ဖျော်ဖြေပေးရမလဲဟု ဦးနှောက်ကိုအလုပ်ပေးနေရင်း ရုတ်တရက် အတွေးတစ်ခုဝင်ရောက်လာ၏။
[ယဲ့စစ်]: ကျွန်တော်တို့ကျောင်းရဲ့ နို့လက်ဖက်ရည်ဆိုင်မှာ စပျစ်သီးဖျော်ရည်က အရမ်းအရသာရှိတယ်။ ကျွန်တော် တစ်ရက်ကို တစ်ခွက်သောက်ဖြစ်တယ်။
ထိုသို့ပြောပြီးနောက် သူ အနည်းငယ်ရှက်သွား၏။ ဟော့ထင်းလန်က ဆယ်ကျော်သက် သို့မဟုတ် နှစ်ဆယ်ကျော်အရွယ် ကျောင်းသားမဟုတ်တာ့ပေ။ သူ့ကို နို့လက်ဖက်ရည်ဆိုင်မှ ယွမ် ၂၀ ထက်နည်းသော စပျစ်သီးဖျော်ရည်ဝယ်တိုက်ဖို့မှာ သိပ်မဟုတ်သေးချေ...
သူက တွန့်ဆုတ်နေပြီးနောက် မက်ဆေ့ချ်ကို ပြန်ဖျက်လိုက်သည်။
ထိုစဥ် တစ်ဖက်လူက လျင်မြန်စွာပြန်ပို့လာ၏။
[ဟော့ထင်းလန်]: ကိုယ်တွေ့လိုက်တယ်။ ကိုယ်လည်း မြည်းကြည့်ချင်တယ်။
[ဟော့ထင်းလန်]: ကိုယ့်ကိုဝယ်တိုက်။
၎င်းမှာ ချိန်းတွေ့နေသလိုပင်။
ယဲ့စစ်၏နှလုံးသားလေးက အကြိမ်အနည်းငယ် ခုန်ပေါက်သွား၏။
[ယဲ့စစ်]: အွန်း၊ ကျွန်တော်ဝယ်တိုက်မယ်။
ထိုစကားပြောခန်းမှာ ကျောင်းတွင်းအချစ်လေထုမျိုးနှင့် ပြည့်နှက်နေပြီး သံပုရာနှင့် ပင်လယ်ဆားကဲ့သို့ လတ်ဆတ်နေ၏။
သို့သော် ယခုတစ်ကြိမ်၌ ဟော့ထင်းလန်က နောက်ထပ်မက်ဆေ့ချ်ကို ထပ်ပို့လာခဲ့သည်။
[ဟော့ထင်းလန်]: ကိုယ့်မှာ ပြောစရာရှိတယ်၊ ဒါပေမဲ့ အခုပြောဖို့က အဆင်ပြေမပြေကို ကိုယ်မသိဘူး... မင်းဘေးမှာ အတန်းဖော်တွေထိုင်နေကြတာလား။
ယဲ့စစ် လှည့်ပတ်ကြည့်လိုက်၏။ အမှန်တကယ်ကို အတန်းဖော်များရှိသော်လည်း ၎င်းတို့က မေးများပင့်ချီလျင် ပြိုင်ပွဲကို စိတ်ဝင်တစားကြည့်နေကြပြီး သူ့ကို မည်သူမှအာရုံမစိုက်ကြပေ။
သူက ချစ်ခြင်းမေတ္တာ၏ ချိုမြိန်လတ်ဆတ်သောလေထုထဲ နစ်မွန်းသွားပြီး သတိမထားဘဲ စာပြန်လိုက်သည်။ "အင်း၊ ဒါပေမဲ့ သူတို့အားလုံး ပြိုင်ပွဲကိုကြည့်နေကြတာ။ ခင်ဗျား ဘာပြောမလို့လဲ။"
စက္ကန့်အနည်းငယ်အကြာတွင်။
[ဟော့ထင်းလန်]: ပေါင်ပေါင်းရဲ့ခြေထောက်တွေက တကယ်ကို ဖြူဆွတ်နေတာပဲ။
"..."
ယဲ့စစ် အသံတိတ်သွား၏။
[ဟော့ထင်းလန်]: ကိုယ် မင်းရဲ့ချွေးလေးတွေကို အရသာခံကြည့်ချင်တယ်။
နောက်ဆက်တွဲစာများက ပိုလို့တောင် လူမြင်လို့မသင့်ပေ။
ကျက်သရေရှိကာ သိက္ခာရှိပုံပေါ်သည့် ဤပုဂ္ဂိုလ်က စင်မြင့်ပေါ်ကနေ အထက်တန်းကျောင်းသားလေးဆီကို ထိုကဲ့သို့အရာများ ပို့နေခဲ့လေသည်။
ဤသည်မှာ သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်ပင်!
ယဲ့စစ်တစ်ယောက် ရုတ်တရက် အကြည့်လွှဲလိုက်သည်။ သူ အိုးပူကို ကိုင်လိုက်မိသကဲ့သို့ ဖုန်းကိုအမြန်ပိတ်ကာ ကျောင်းလွယ်အိတ်ထဲ ထိုးထည့်လိုက်လေ၏။
ထို့နောက် သူက ရှက်ရွံ့စွာဖြင့် ထရပ်ကာ သူ၏အားကစားဘောင်းဘီကို အောက်သို့ဆွဲချနေခဲ့သည်။
တစ်စင်တီမီတာလောက် ရှည်သွားလျှင်တောင် တစ်စင်တီမီတာဖြစ်ပေ၏။
တချို့သောသူများက အမှန်တကယ်ကို လူယုတ်မာများဖြစ်ကြသည်။
ယဲ့စစ်တစ်ယောက် အနားယူပြီးနောက် မီတာ ၁၅၀၀ ပြိုင်ပွဲက စတင်ခဲ့သည်။
ပြေးလမ်းကို သုံးပတ်ခွဲလောက်ပြေးပြီးတာတောင် ယဲ့စစ်က အားမစိုက်ဘဲပြေးနေဆဲဖြစ်သော်လည်း ပုန်းအောင်းနေခဲ့သောနေမင်းကြီးက တိမ်တိုက်များနောက်ကနေ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ သူ့အရေပြားထက်မှာ ချွေးများထွက်နေပြီး နေရောင်နှင့်ထိတွေ့နေရသောအခါ အနည်းငယ်ယားယံကာ အဆင်မပြေဖြစ်လာ၏။
သူ့အတန်းဖော်များ၏ အားပေးသံများကြားကနေ ယဲ့စစ် အဆုံးသတ်မျဥ်းကို ဖြတ်ကျော်ခဲ့ပြီးနောက် မီတာအနည်းငယ်ပြေးလာခဲ့ပြီး ကျန်းယန်ဆီကနေ ရေဘူးကိုယုလိုက်၏။ သူက အဖုံးကိုလှည့်ဖွင့်ကာ နှစ်ငုံသောက်လိုက်ပြီးနောက် သူ့ခန္ဓါကိုယ်ထဲမှ အပူများငြိမ်းသွားစေရန် သူ့ဦးခေါင်းကနေ လောင်းချလိုက်သည်။
ရေများက သူ့အဝတ်များကို စိုရွှဲသွားစေပြီး အားကစားဝတ်စုံ၏ ပါးလျသောအဝတ်စက သူ့အရေပြားပေါ် လာကပ်လေ၏။
ယဲ့စစ်က အခြားအိုမီဂါများလို အားကစားအင်္ကျီအောက်မှာ ကိုယ်ကျပ်လက်တိုများကို ခံမဝတ်တတ်ပေ။
ထို့ကြောင့် တချို့သောနေရာများနှင့် ကောက်ကြောင်းများက... ချက်ချင်း ပေါ်လွင်လာခဲ့သည်။
"မင်း၊ လက်ရှည်လေးဝတ်ထားလိုက်မလား..."
ကျန်းယန်က အကြည့်လွှဲလိုက်သော်လည်း ယဲ့စစ်ကတော့ ပြင်းထန်သောအားကစားလုပ်ပြီးနောက် ခေါင်းပေါ်ကနေ ရေလောင်းချခြင်းအား ပုံမှန်ဟုသာထင်နေဆဲပင်။ ယဲ့စစ် သူ့မျက်နှာပေါ်မှရေစက်များကို သုတ်လိုက်ပြီး လက်ခါပြလိုက်သည်။ "တော်ပြီ၊ ငါ အပူလျှပ်တော့မလို့ပဲ။"
"... အဝတ်လဲခန်းဆီသွားပြီး အဝတ်သွားလဲချင်လား။"
သူ့အနောက်ကနေ မနှစ်မြို့မှုနည်းနည်းလေးတောင် မရှိသည့် ဟော့ထင်းလန်၏ နက်ရှိုင်းပြီး သိမ်မွေ့သောအသံက ထွက်ပေါ်လာ၏။ "အဆောက်အအုံထဲမှာ လေအေးပေးစက်ရှိတယ်။"
မီတာ ၁၅၀၀ ပြေးပွဲစတင်ချိန်က သူ စင်မြင့်ကနေထွက်လာပြီး အဆုံးသတ်မျဥ်းနားမှာ ယဲ့စစ်ကို စောင့်နေခဲ့သည်။
သူက ကျားသစ်လေးကဲ့သို့ သန်မာပြီး သွက်လက်သောလူငယ်တစ်ယောက်ဖြစ်သည်။ လေအေးများက သူ၏ဆံပင်တို့ကို ဖြတ်တိုက်သွားပြီး သူ၏မျက်နှာလေးတစ်ခုလုံးကို ပေါ်လွင်စေသလို သူ၏မျက်လုံးများကလည်း ကြယ်လေးများလို တဖျပ်ဖျပ်တောက်ပနေခဲ့၏...
သူက အားကစားကွင်းနား ဆင်းလာခဲ့သော်လည်း ယဲ့စစ်က ပြိုင်ပွဲအတွင်း စိတ်အာရုံမလွင့်ဘဲ အခြေခံအားဖြင့် ပြေးလမ်း၏ဘေးဘီဝဲယာကို မကြည့်ခဲ့ရာ သူ့ကိုမတွေ့ခဲ့ပေ။
"အာ၊ အင်း။" ယဲ့စစ်က သူ့ဘက်လှည့်လိုက်သည်။ "ခင်ဗျား ဘယ်၊ ဘယ်အချိန်ကရောက်လာတာလဲ။"
"မင်း အဆုံးသတ်မျဥ်းဖြတ်ကျော်တာကို ကိုယ်ကြည့်ချင်လို့မို့ ဒီနားမှာ ရပ်နေခဲ့တာ။" ဟော့ထင်းလန်က ပြုံးပြကာ သူ့လက်ထဲက အဝတ်အစားများပါသောအိတ်ကို မြှောက်ပြလိုက်၏။ ထို့နောက် သူ့အရှေ့ကနေ မသိမသာကွယ်ရပ်ကာ အားကစားခန်းမဆီသို့ သူ့ကိုခါ်သွားခဲ့လေသည်။
အားကစားခန်းမထဲ၌ အဝတ်လဲခန်းရှိပေ၏။ ဟော့ထင်းလန်က သူ့ကို အဝတ်လဲခိုင်းဖို့ ခေါ်လာသည်ဟုသာ ယဲ့စစ်က ထင်လိုက်မိသော်လည်း တံခါးကနေဝင်ဝင်ချင်း ဟော့ထင်းလန်က သူ၏လည်ကုပ်လေးကို ညင်သာစွာဆုပ်ကိုင်လိုက်သည်။ သူက ချက်ချင်းဆိုသလို ဘောလုံးလေးလို နူးညံ့သွားပြီး သန့်စင်ခန်းထဲရောက်မှ အသိစိတ်ပြန်ဝင်လာလေ၏။
ဤသန့်စင်ခန်းများက ကြယ်ငါးပွင့်ဟိုတယ်ရှိသန့်စင်ခန်းများနှင့် ယှဥ်လို့ရပေသည်။ အနံ့ဆိုးများမရှိသလို မည်သူမှလည်း မရှိပေ။ ဟော့ထင်းလန်က သန့်စင်ခန်းတစ်ခုဆီသို့ ယဲ့စစ်ကိုပွေ့ချီလာပြီး တံခါးကိုလော့ချကာ သူ့နားရွက်နားတိုးကပ်၍ အက်ရှနေသောအသံဖြင့် ပြောလိုက်သည်။ "ကိုယ် အားလုံးမြင်လိုက်တယ် ပေါင်ပေါင်း။"
အသက်ရှူသံခပ်နွေးနွေးက သူ၏နားရွက်ကို ပူလောင်သွားစေပြီး ကျပ်သိပ်နေသော နေရာကျဥ်းလေးထဲမှာ အပူချိန်က သိသိသာသာ မြင့်တက်နေခဲ့သည်။
"ဘာကိုမြင်လိုက်တာလဲ။" ယဲ့စစ်က အနည်းငယ်အံ့အားသင့်နေ၏။
"ဘယ်လိုထင်လဲ။" ဟော့ထင်းလန်က သူ့ရင်ဘတ်နားက စိုနေသောအဝတ်ကို လက်ညှိုးလေးဖြင့်လိမ်လိုက်သည်။
ယဲ့စစ်၏မျက်နှာက ချင်ချင်းနီမြန်းသွားပြီး တော်တော်ဆိုးဆိုး စကားထစ်သွားခဲ့သည်။ "ကျွန်တော်၊ ကျွန်တော်၊ အာရုံမစိုက်မိလိုက်ဘူး... ကျွန်တော်က ပြေး၊ ပြေးထားတော့ အရမ်း၊ အရမ်းပူနေလို့..."
ဟော့ထင်းလန်က အပြုံးရေးရေးလေးကို တပ်ဆင်ထားသည်။ "အင်း။"
"ကျွန်တော်၊ ကျွန်တော်၊ လဲလိုက်ပါ့မယ်။" ယဲ့စစ်က ဟော့ထင်းလန်လက်ထဲကနေ အဝတ်အိတ်ကိုဆွဲလုကာ အိတ်သာထဲမှ စင်သေးသေးလေးပေါ် တင်လိုက်သည်။
"ခဏ၊ ဒါလေးကို အရင်ဝတ်လိုက်။" ဟော့ထင်းလန်က သူ၏လည်စည်းကို ဖြေလျှော့လိုက်၏။
ထို့နောက် လက်တစ်ဖက်တည်းဖြင့် လည်စည်းကိုဖြည်ကာ ဆွဲဖြုတ်လိုက်သည်။
ပိုးသားလည်စည်းက ဝှစ်ရှ်ခနဲ သူ၏ကော်လံကို လျင်မြန်ပွတ်တိုက်သွားခဲ့သည်။
"မင်း အားကစားဝတ်စုံဝတ်ထားတာမြင်တော့ ကိုယ် ဒါကိုတွေးမိသွားတာ..." ဟော့ထင်းလန်က ယဲ့စစ်၏လက်ကောက်ဝတ်နှစ်ဖက်ကို လက်တစ်ဖက်တည်းဖြင့်ဆုပ်ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် သူ၏အင်္ကျီအနားစကို လှန်မလိုက်၏။
လက်ချောင်းထိပ်လေးများက အနည်းငယ်ဟနေသော ယဲ့စစ်၏နှုတ်ခမ်းလွှာကို အဝတ်စလေးနှင့်အတူ ပွတ်သပ်လိုက်သည်။
"ဒါကိုကိုက်ထား။" သူက တီးတိုးပြောလိုက်၏။
"..."
ယဲ့စစ်၏ပါးပြင်များက နီစွေးလာပြီး အားကစားဝတ်စုံ၏ အနားစကို ဖြူလွှလွှသွားလေးများဖြင့်ကိုက်ကာ ရှက်ရွှံ့စွာဖြင့် အကြည့်လွှဲလိုက်သည်။
ဟော့ထင်းလန်သည် စောစော WeChat မှာပို့ခဲ့သော လူကြီးလူကောင်းမဆန်သည့် အရာများအားလုံးကို လုပ်ဆောင်နေခဲ့၏။
နို့လက်ဖက်ရည်ဆိုင်မှ စပျစ်သီးဖျော်ရည်က ကောင်းမကောင်းကို သူမသိသလို စိတ်လည်းမဝင်စားပေ။
သို့သော် ဆောင်းဦးအစောပိုင်း၌ ချယ်ရီသီးများက အမှန်တကယ်ချိုမြိန်ကြသည်။
"ဟော့ရှူးရှူ၊ ရောင်နေတာက တော်တော်လေးသိသာတယ်..." ယဲ့စစ်က ဟော့ထင်းလန်ယူလာသောအဝတ်များကို လဲဝတ်ကာ အတော်လေး ရှက်ရွံ့နေသလို ဒေါသလည်းထွက်နေခဲ့သည်။
အနီရောင်နှင့် ခရမ်းရောင်ရှိသော အမှတ်အသားများနှင့် လက်ရာများက ပြဿနာမဟုတ်ပေ။ ၎င်းတို့ကို ဘောင်းဘီအရှည်နှင့် ဖုံးလိုက်လျှင် မြင်ရတော့မည်မဟုတ်။
သို့သော် အခြားနေရာများဤ ဖုံးကွယ်ဖို့ ခက်ခဲနေခဲ့သည်။
"ဒါကိုသုံးလိုက်။" ဟော့ထင်းလန်က အိတ်ထဲကနေ ကပ်ခွာလေးတစ်စုံကို ထုတ်ယူလိုက်သည်။
ကပ်ခွာများက အသားရောင်ရှိပြီး အဝိုင်းပုံစံဖြစ်၏။
၎င်းတို့က အလားတူရှက်ရွံ့စရာအခြေအနေများကို ကာကွယ်ပေးနိုင်သည့် ပစ္စည်းလေးများဖြစ်ကြသည်။
"အဆင်ပြေလား။" ဟော့ထင်းလန်က နူးညံ့စွာမေးလာ၏။
ယဲ့စစ်က ရှုပ်ထွေးစွာဖြင့် ခေါင်းယမ်းပြလိုက်သည်။
အဆုံးသတ်မှာတော့ ဟော့ထင်းလန်က သုံးမိနစ်လောက်သာ ရှင်းပြရမည့်သင်ခန်းစာကို အခွင့်အရေးယူကာ ဆယ်မိနစ်ကြာအောင် လက်တွေ့ပြခဲ့လေသည်။
[TN/ ဟော့ရှူးရှူပေးလိုက်တဲ့ဟာက nipple tape ပါ။ အဲ့နေရာက သိသိသာသာကို ရောင်သွားတယ်ဆိုတော့ ဟော့ရှူးရှူက ပေါင်ပေါင်းကို ဘာလုပ်လိုက်တာပါလိမ့် 🌚 အပေါ်မှာ ချယ်ရီသီးလို့လည်း hint ပေးထားတယ်နော်။]
***
Aurora Novel Translation Team
There is No Eng Version