no
အပိုင်း (၂၂) - ညစ်ပတ်နေသောအဝတ်ပေခြင်း
ယဲ့စစ် တစ်စုံတစ်ယောက်ကို စကားပြောချင်နေသည်။
သူ တစ်နေ့တာလုံး ကြုံရာကျပန်းအတွေးများကို စဥ်းစားနေပါက စာလေ့လာမှုကို အာရုံစိုက်နိုင်ဖို့မဆိုထားနှင့် ရူးတောင်ရူးသွားနိုင်သည်။
အရင်တုန်းက သူ ယဲ့ဟုန်ကျွင်းနှင့် စကားစမြည်ပြောနိုင်ခဲ့သည်။ သားအမိနှစ်ယောက်က ရှင်သန်ဖို့အတွက် အချင်းချင်းအပေါ် မှီခိုအားထားနေရပြီး ပုံမှန်မိဘနှင့်သားသမီးဆက်ဆံရေးများထက် အချင်းချင်း ယုံကြည်ကိုးစားနိုင်သော်လည်း ဤအရာက သူ ယဲ့ဟုန်ကျွင်းကို ပြောပြလို့မရသည့် တစ်ခုတည်းသောအရာပင်။
သူ(မ)က ချူးမိသားစုနှင့် ဟော့မိသားစုတို့၏ အိမ်ထောင်ရေးအဆက်အသွယ်ကိုတောင် မသိထားချေ။
သူ(မ)က နေမကောင်းဖြစ်နေသည့်အတွက် ယဲ့စစ်သည် သူ(မ)ကို ဆိုးဝါးသည့်သတင်းများအစား သတင်းကောင်းများကိုသာ ပြောပြတတ်သည်။
ချူးဝမ်လင်က ယဲ့စစ်ကို သူတစ်ခါမှမမြင်ဖူးသည့်၊ သူ့ထက် ဆယ့်နှစ်နှစ်ကြီးသော အယ်ဖာတစ်ယောက်နှင့် အိမ်ထောင်ချပေးခဲ့သည်။ သူ ဤကိစ္စကို မည်သို့ပြောပြနေပါစေ ချူးဝမ်လင်က သူ့သားကို ကျော်ကြားမှုနှင့် ဥစ္စာဓနများအတွက် ရောင်းစားခဲ့သည်ဟူသော အညှီအဟောက်များအား ဖျောက်ဖျက်မပစ်နိုင်ပေ။
သူ ဟော့ရှူးရှူနှင့် တွေ့ဆုံခဲ့ရသည့်အတွက် ကံကောင်းခဲ့သည်။
အကယ်၍ သူသာ ကံမကောင်းခဲ့ပါလျှင်မူ?
ယဲ့ဟုန်ကျွင်းသာ ထိုအကြောင်းကိုသိသွားလျှင် သူ(မ) ရူးသွပ်သွားနိုင်၏။ သူ(မ)၏ လက်ရှိရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် သူ(မ) ခံနိုင်ရည်ရှိသည်ဟုပြောရန် ခက်ခဲပေသည်။
ထို့ပြင် ယဲ့ဟုန်ကျွင်းအား စိုးရိမ်ပူပန်မှုမဖြစ်စေဘဲ လက်ရှိအခြေအနေကို ရှင်းပြဖို့က သူ့အတွက် အခက်တွေ့နိုင်သည်။ မည်သို့ပင်ဆိုစေ သူက သန်မာသလိုမျိုး သရုပ်ဆောင်ဖို့ အမြဲတမ်းကြိုးစားနေပုံကို သူ(မ)က သိထားသည်။ သူ ဟော့ရှူးရှူကို ချီးကျူးလေလေ ယဲ့ဟုန်ကျွင်းက မယုံကြည်လေဖြစ်မှာကို သူစိုးရိမ်မိသည်။
ထို့ကြောင့် အရင်တစ်ပတ်တုန်းက သူ သူ(မ)ဆီသွားလည်ခဲ့ချိန်မှာ လိမ်ညာခဲ့ပြီး သူက ချူးဝမ်လင်နှင့်နေထိုင်ကာ အရာအားလုံး အဆင်ပြေကြောင်း ပြောဆိုခဲ့သည်။
ယဲ့ဟုန်ကျွင်းအပြင် သူ လမ်းဟောင်းမှာနေထိုင်ခဲ့ချိန်တုန်းက သူငယ်ချင်းကောင်းတချို့ရှိခဲ့သည်။ နောက်ပိုင်းတွင် ယဲ့ဟုန်ကျွင်းက နေမကောင်းဖြစ်ခဲ့ပြီး သူက အချိန်ပိုင်းအလုပ်များဖြင့် အလုပ်များနေခဲ့သဖြင့် အနှီလူများ၊ ယခင်အတန်းဖော်ဟောင်းများနှင့် ဝေးကွာလာခဲ့ရသည်။
ထို့ပြင် သူ ၎င်းတို့နှင့် မဝေးကွာခဲ့လျှင်တောင် သူ ဤကိစ္စနှင့်ပတ်သက်ပြီး သူတို့ကို ပြောပြနိုင်မည်မဟုတ်ပေ...
ယဲ့စစ်က မနက်စာကို အလျင်အမြန်အဆုံးသတ်ကာ သူ့အခန်းထဲပြန်သွား၍ တံခါးကိုသော့ခတ်လိုက်သည်။ သူ ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် ဖုန်းကိုထုတ်ကာ ခဏလောက်ရှာဖွေလိုက်ရာ အိုမီဂါထောက်ပံ့ရေးဖိုရမ်တစ်ခုကို တွေ့လိုက်ရ၏။
အွန်လိုင်းပေါ်မှာ တစ်ယောက်နှင့်တစ်ယောက် မသိကြပေ။
သူ အရှက်ကွဲမှာကို စိုးရိမ်နေစရာမလိုချေ။
သူ အကောင့်အသစ်တစ်ခုဖွင့်ကာ ပို့စ်တစ််ခုတင်လိုက်သည်။ သူ ဘယ်ကနေစရမှန်းမသိသဖြင့် အသက်အများကြီးကွာသော အယ်ဖာတစ်ယောက်နှင့်လက်ထပ်ရန် သဘောတူခဲ့ကြောင်းကနေ စတင်ထားပြီး သူနှင့် ဟော့ထင်းလန်တို့၏ နေ့စဥ်အပြန်အလှန်ဆက်ဆံမှုများအကြောင်း အနည်းငယ်ထုတ်နှုတ်ကာ ၎င်းတို့အကြောင်းကို အတိုချုပ်ပြောပြလိုက်သည်။
3L: ငါ့ကောင်ရေ၊ မင်းက လူရှေ့သူရှေ့မှာ ချစ်နေတဲ့အကြောင်းကို လာပြနေတာပဲ။
2L: သူက ခေါင်းစဥ်မှာ အကူအညီတောင်းတယ်လို့ ပြောထားပြီး ဒါ ခွေးတွေကိုသတ်ပစ်ဖို့အတွက် လှည့်စားလိုက်တာပဲမဟုတ်ဘူးလား။
...
10L: ...ငါ့နှလုံးသားက ဓါးသွားလို အေးစက်သွားပြီ။
Yc: အဲ့လိုမဟုတ်ပါဘူး။
Yc: ကျွန်တော် မကြာခဏဆိုသလို မကောင်းတဲ့အရာတွေကို တွေးနေမိတယ်။
Yc: သူနဲ့ပတ်သက်ပြီးတော့ပေါ့။
33L: မကောင်းတဲ့အရာတွေဆိုတာ ဘာကိုဆိုလိုတာလဲ။ ကိုယ်ယောက်ျားကို ပြန်သတ်တာလား။ အိမ်တွင်းအကြမ်းဖက်မှုလား။ သစ္စာဖောက်တာလား...
အထပ်ပေါင်း*များစွာ ဖြစ်တည်လာသော်လည်း တစ်ယောက်မှ မှန်မှန်ကန်ကန်မခန့်မှန်းနိုင်ခဲ့ကြပေ။
[TN/ မှတ်ချက်တွေအများကြီးလို့ပြောချင်တာပါ။ သူတို့ဆီမှာ အပေါ်ထပ်ကလူရေဆိုပြီး ပြောတတ်ကြတယ်လေ။ အဲ့လိုမျိုးအထပ်ပါ။]
"..."
အင်တာနက်သုံးစွဲသူတွေက အရမ်းတုံးကြတာပဲလား။
ယဲ့စစ် အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်နေခဲ့ပြီးနောက် ရောင်စုံစကားလုံးအနည်းငယ်ကို လျင်မြန်စွာစာရိုက်လိုက်သည်။ ၎င်းအား ပို့ပြီးနောက် မီးထတောက်သကဲ့သို့ ဖုန်းကို လွှင့်ပစ်လိုက်လေ၏။ ပူလောင်နေသောမျက်နှာကြီးဖြင့် သူ စီးကရက်ကိုတောင့်တလာပြီး အချိန်ခဏလောက်ထိ စီးကရက်ကိုရှာဖွေနေခဲ့သော်လည်း သူ့စုဆောင်းထားတာ ကုန်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ ဤရက်ပိုင်းအတွင်း စီးကရက်ကို တော်တော်လေးသောက်ဖြစ်ခဲ့သည်။
သူ အိပ်ရာဘေးမှာ ခဏလောက်ထိုင်နေခဲ့ပြီး ရုတ်တရက် သူ့ဖုန်းကို ဆုပ်ကိုင်လိုက်သည်။
83L: OP ရဲ့အသက်ကို မေးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။
84L: ငါ ရယ်သေပြီ။
85L: မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ။ ဒီဘက်ခေတ်မှာ ကိုယ်က တစ်စုံတစ်ယောက်ကို ချစ်မိသွားမှန်း မသိတဲ့သူမရှိဘူးမဟုတ်လား။
86L: မျက်စိမှိတ်ပြီးခန့်မှန်းရမယ်ဆိုရင် ဒါ အပြစ်ကင်းစင်တဲ့ အထက်တန်းကျောင်းသားလေးဖြစ်မယ်ထင်တယ်၊ ဟား ဟား ဟား။
...
Yc: ၁၈ နှစ်။
Yc: ကျွန်တော်က အထက်တန်းကျောင်းသားပါ။ တစ်နှစ်ပြန်နေတာပါ။ ဘာပြဿနာရှိလို့လဲ။
ချက်ချင်းဆိုသလို ထိုအောက်ကနေ 'ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ အထက်တန်းကျောင်းသားလေး၊ ကောကော/ကျဲကျဲကို ဖက်ပါဦး' ဆိုသည့် မှတ်ချက်များ ပေါ်ထွက်လာခဲ့သည်...
ယဲ့စစ်: "..."
သူ ရှက်ရွံ့လာပြီး စီးကရက်ကို တစ်ဖန်တောင့်တလာခဲ့ပြန်သည်။
Yc: ဒါက ပြက်လုံးတစ်ခုလား။
ထိုအောက်တွင် နောက်ထပ် ရယ်မောသံများနှင့် ချစ်ခြင်းမေတ္တာများ ပြည့်နှက်လာခဲ့လေ၏။
ယဲ့စစ် လုံးဝကို အံ့သြမှင်တက်နေပြီး ကျီစယ်စနောက်မှုများကို ရှုပ်ထွေးစွာဖြင့် လက်ခံခဲ့လိုက်သည်။
အကြိမ်အနည်းငယ်လောက် ရယ်မောပျော်ရွှင်လို့အပြီး နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က မေးခွန်းကိုပြန်ဖြေလာခဲ့၏။
156L: မင်း သူ့ကိုသဘောကျနေတာမဟုတ်ဘူးလား။ မင်းသဘောကျတဲ့သူကို အဲ့လိုတွေးတာက ဘာမှားလို့လဲ။
157L: မရှက်ပါနဲ့။ မင်းတို့နှစ်ယောက်လုံး အရွယ်ရောက်ပြီးသားလူတွေပဲကို။ အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုသလို အဲ့ဒါက ပြဿနာလည်းမဟုတ်ဘူး။ မင်းက ပုံမှန်ပါပဲ။
...
Yc: သူက ကျွန်တော့်ကို ကျွန်တော့်ရဲ့စီနီယာတစ်ယောက်လို ဂရုစိုက်ပေးတာကို ကျွန်တော်က တလွဲတွေးနေမိတာ။
177L: အလိုလေး... လူအိုကြီးကတော့ ငိုနေတော့မှာပဲ။ ငါ စောစောက ပြောခဲ့ဖူးသလိုပဲ - သူက ငါ့ကိုသဘောကျနေလို့ ငါ့ကိုဂရုစိုက်ပေးနေတာလို့ထင်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ငါ့ကို ကလေးတစ်ယောက်လို ဆက်ဆံနေတာပဲဆိုတာမျိုးပေါ့။
178L: ပြီးတော့ သူက မင်းအဖေရဲ့သူငယ်ချင်းဖြစ်နေတော့ အသက်ကွာဟချက်က သိပ်ကိုကြီးမားလွန်းတယ်။ အဲ့ဒါကြောင့် လူအိုကြီးက အသံကျယ်ကျယ်နဲ့ ထုတ်မပြောနိုင်တာဖြစ်နိုင်တယ်။
179L: ခံစားချက်တွေရှိနေတာက ဘာမှားလို့လဲ။ ပြီးတော့ မင်းသဘောကျနေတဲ့သူက ဘယ်သူမို့လို့လဲ။
[TN/ပြောချင်တာက ကိုယ့်ယောက်ျားကို ကိုယ်သဘောကျတာပဲ ဘာဖြစ်လဲဆိုတာမျိုးပါ။]
180L: မင်းတို့က အတူတူနေကြတာမဟုတ်ဘူးလား။ သူ့ကို ဖယ်ရိုမုန်းတွေနဲ့ ဆွဲဆောင်လိုက်လေ။
...
ထိုအောက်မှာတော့ ပြောလေပြောလေ စကားများက ပို၍ပြင်းထန်လာလေဖြစ်ပြီး ရထားပေါ်တက်ဖို့ အလျင်အမြန်ပြေးလွှားနေသကဲ့သို့ပင်။
ယဲ့စစ် ရှက်သွေးဖြာလာပြီး ၎င်းအား ထပ်မကြည့်ရဲတော့ချေ။ သူ စိတ်လှုပ်ရှားစွာဖြင့် web စာမျက်နှာကို ပိတ်လိုက်ပြီး ရှာဖွေမှုမှတ်တမ်းကိုရှင်းလင်းကာ အားအင်များကုန်ခန်းသွားသကဲ့သို့ အိပ်ရာပေါ်ကို လေးလံစွာပြုတ်ကျသွားခဲ့သည်။
နေရောင်က ရုတ်တရက် တောက်ပလာခဲ့သဖြင့် သူ၏မျက်နှာကို သူ့လက်များဖြင့် အုပ်ထားလိုက်သည်။ ရေပြာရောင်ညအိပ်ဝတ်စုံ၏ အင်္ကျီလက်များအောက်၌ အံကြိတ်ကာ ခေါင်းမာစွာခုခံနေသကဲ့သို့ ပန်းရောင်သန်းနေသော သူ၏မေးရိုးကြောက တောင့်တင်းနေလေ၏။ ခဏအကြာတွင် ထိုလိုင်းများက ဖြည်းဖြည်းချင်းပြေလျော့ကာ နူးညံ့လာခဲ့သည်။
ဒါဆို သူက မသိလိုက်ဘဲ... ဟော့ရှူးရှုကို သဘောကျနေတာလား။
ဘယ်အချိန်ကတည်းကလဲ။
သူ မသိသလို ယခုအချိန်အထိ အဖြေမရှာနိုင်သေးပေ။
တဖြည်းဖြည်းဆူပွက်လာသော ရေနွေးအိုးလို ရုတ်တရက် အသိစိတ်ပြန်ကပ်လာချိန်မှာ ၎င်းက ပူလောင်လာသလို ခံစားခဲ့ရသော်လည်း မည်သည့်အချိန်မှာ အပူချိန်သတ်မှတ်ချက်ထက် ကျော်လွန်သွားကြောင်းကိုမူ မပြောနိုင်ခဲ့ချေ။
အဲ့ဒီအချိန်လောက်ကဖြစ်နိုင်တယ်... အမ်။
ယဲ့စစ် တစ်ဖက်လှည့်ကာ သူ၏မျက်နှာကို ကွယ်ဝှက်လိုက်ပြန်သည်။
သူ နားမလည်သော်လည်း တစ်စုံတစ်ယောက်ကို သူက သဘောကျနေမှန်း သိခဲ့ရသည်။
သူတော့ သွားပြီ။
...
တချို့အရာများက အဓိပ္ပါယ်မရှိသော်လည်း ၎င်းတို့ကို အဖြေထုတ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် အကျပ်အတည်းများကို ထိန်းချုပ်ဖို့က မဖြစ်နိုင်တော့ပေ။
လူငယ်လေးတစ်ယောက်က ပထမဆုံးအကြိမ် ချစ်မိသွားသောအခါ ၎င်းက သူ့စိတ်ထဲရှိ ရေကာတာတံခါးကို ဖွင့်လိုက်သကဲ့သို့ပင်။ ၎င်းက ရုတ်တရက်ပွင့်သွားသော်လည်း ရေစီးကြောင်းကိုထိန်းချုပ်ဖို့ သူ့မှာ အတွေ့အကြုံမရှိရာ ရေလှိုင်းများက ကောင်းကင်ထိ တစ်ဟုန်ထိုးဆန်တက်သွားပြီး အရာအားလုံးက ငယ်ရွယ်ပြီး မဆင်မခြင်ချစ်ခြင်းမေတ္တာနှင့်အတူ မျောပါသွားခဲ့သည်။
ကနဦးတုန်းက ယဲ့စစ်သည် 'မိမိကိုယ်ကိုဂရုစိုက်ခြင်း' ၌သာ အမှားများလုပ်တတ်သည်။ သူက အမြဲတမ်းလိုလို သူ၏စာလေ့လာမှုနှင့် အလုပ်များကို သတိထားကာ လက်တွေ့ကျကျလုပ်ဆောင်တတ်၏။ သို့သော် ဤနှစ်ရက်တွင် သူ အရူးတစ်ယောက်ဖြစ်လာသည့်ပုံပင်။
ကိစ္စများက ကောင်းကောင်းဖြစ်မလာခဲ့ချေ။ အခြားသူများက သူ့ကို မေးခွန်းမေးလာလျှင် သူက မစဥ်းစားဘဲ ပြန်ဖြေခဲ့ပြီး စိတ်နှင့်ကိုယ်နှင့် မကပ်လွန်းသည့်အတွက် လေ့ကျင့်ခန်းများကိုတောင် မလုပ်ဆောင်နိုင်ခဲ့ချေ။ ကျောင်းသို့သွားလျှင် သူ့ခန္ဓာကိုယ်နှင့် စိတ်က အရင်ထွက်ခွာသွားကြပြီး ဦးလေးဟယ်ခမျာ သူ့နောက်ကိုလိုက်ကာ အော်ခေါ်၍ ကျောင်းလွယ်အိတ်ကိုပေးခဲ့ရ၏။
လွန်ခဲ့သည့်နှစ်ရက်အတွင်း သူ ဟော့ထင်းလန်ဆီကနေ ပုန်းအောင်းဖို့ နှစ်ဆကြိုးစားခဲ့ပြီး ဟော့အိမ်တော်သို့ ပထမဆုံးအကြိမ်ရောက်လာချိန်ကလို သီးသန့်နေထိုင်သည့်ပုံစံအား ပြန်လည်ကျင့်သုံးခဲ့သည်။ သူ့နှလုံးသားထဲမှာရှိနေသော ဝိုးတဝါးသဘောကျခြင်းများနှင့် တောင့်တခြင်းတို့က စက္ကန့်နှင့်အမျှ သူ့ကို တုန်လှုပ်စေခဲ့သည်။
သူ၏အမူအရာနှင့် သူ့မျက်လုံးများထဲမှ စိတ်ခံစားချက်များက ဖော်ထုတ်ခံရပြီး ဟော့ရှူးရှူက သူ့စိတ်ထဲရှိ ဖုံးကွယ််ထားသော နွေဦးအတွေးများကို ဖောက်မြင်သွားမည်အား သူစိုးရိမ်မိသည်။ ရလဒ်အနေဖြင့် ယဲ့စစ်တစ်ယောက် မျက်နှာပြဖို့ကို နှစ်ဆလောက်ရှက်ရွံ့သလိုခံစားနေခဲ့ရလေ၏။
ဗုဒ္ဓဟူးနေ့၌၊ ကျောင်းဆင်းသောအခါ သူ ဟော့အိမ်တော်ကိုပြန်လာပြီး ဦးလေးဟယ်ကိုနှုတ်ဆက်ကာ အိမ်စာများလုပ်ရန် သူ့အိပ်ခန်းထဲ ဝင်သွားခဲ့သည်။ အရင်တုန်းက သူသည် ဟော့ထင်းလန်၏ rut ကာလအစောပိုင်းအဆင့် လက္ခဏာများကို သက်သာလာစေရန် သူနှင့်တစ်ခန်းထဲမှာနေ၍ ဖယ်ရိုမုန်းများထုတ်ပေးရန် ကူညီပေးရသည့်အတွက် စာဖတ်ခန်းထဲမှာပဲ အိမ်စာများလုပ်ခဲ့သည်။ သို့သော် လာမည့် နှစ်လ၊ သုံးလအတွင်း သူ ထိုကဲ့သို့လုပ်စရာမလိုတော့ရာ ၎င်းအား ရှောင်နိုင်သည့်အတွက် ပျော်ရွှင်နေလေ၏။
သူသည် မေးခွန်းလွှာများဖြေဆိုရာ၌ သူ့ကိုယ်သူ နှစ်မြှုပ်ထားပြီး သူမသိသောမေးခွန်းများအတွက်ကိုမူ သူသိသလောက်အဆင့်အထိ ရေးသားခဲ့သည်။ လွန်ခဲ့သောရက်များတုန်းက သူ မေးခွန်းများစွာကို စုဆောင်းခဲ့ပြီး သူ့ကံကိုစမ်းကာ အတန်းထဲမှာ ဆရာမက ၎င်းတို့အားရှင်းပြပေးဖို့ကို စောင့်နေခဲ့၏။
အိမ်စာတစ်ဝက်လောက် ရေးသားပြီးနောက် ရှည်လျားသော နွေရာသီနေ့ခင်းအချိန်က ဆည်းဆာအဖြစ် ပြောင်းလဲသွားလေပြီ။ ပူစပ်ပူလောင် နွေရာသီလေထုက ပျောက်ကွယ်သွားပြီး ပြတင်းပေါက်ကနေ လေအေးလေးများတိုက်ခတ်လာသော်လည်း ယဲ့စစ်ကတော့ ပူလောင်ပြီး မသက်မသာဖြစ်နေဆဲပင်။
ပျားရည်စိမ်ထားသော ကတ္တိပါကဲ့သို့ ဗနီလာရနံ့က ပို၍များပြားလာပြီး ပျံ့နှံ့လာခဲ့သည်။
ယင်းအား အကျွမ်းတဝင်မရှိသော်လည်း ယခင်အတွေ့အကြုံနှစ်ခုက သူ၏ဖယ်ရိုမုန်းများ ကမောက်ကမဖြစ်နေပြန်ပြီဖြစ်ကြောင်း ယဲ့စစ်အား သတိပြုမိစေဖို့ လုံလောက်ပေ၏။
ဤသည်မှာ 'အပျော့စား၊ ရေတို heat' မျိုးဖြစ်သည်။
ယဲ့စစ် အချိန်အကြာကြီးအသုံးပြုထားသော အတားအဆီးကပ်ခွာကို ခွာလိုက်ပြီး အသစ်တစ်ခုနှင့် အမြန်လဲလိုက်သည်။
သူ၏ဦးခေါင်းထဲ ကော်များထိုးထည့်ထားသကဲ့သို့ သူ၏အတွေးများက တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။
ယဲ့စစ် စာကြည့်စားပွဲပေါ်မှာ မှောက်လှဲနေပြီး သူ၏မျက်နှာကို လက်မောင်းနှစ်ဖက်ကြား အမှောင်ထုထဲမှာ ကွယ်ဝှက်ထားလေ၏။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က ယာယီအမှတ်အသား၏ရနံ့မှာ ဖရိုဖရဲဖြစ်နေသည့်ကြားကနေ ကွက်ကွက်ကွင်းကွင်းနှင့် မွှေးပျံ့စွာ ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ အရည်ရွှမ်းကာ ဝါးလို့လို့ကောင်းသည့် မကုန်ခန်းနိုင််သော ကြံကဲ့သို့ သူ ထပ်တလဲလဲစားသုံးနေမိ၏။ ၎င်းက ချိုမြိန်ပြီး စိုစွတ်ကာ ယဲ့စစ်တစ်ယောက် ရှက်ရွံ့မှုလေးနှင့်အတူ ဝါးနေခဲ့လေသည်။
တစ်ဖက်တွင် သူ့ကိုဂရုစိုက်ပေးသော သူ၏စီနီယာဖြစ်သူနှင့်ပတ်သက်ပြီး လက်တွေ့မကျသော စိတ်ကူးယဉ်မှုများရှိနေသည်။ အခြားတစ်ဖက်တွင်မူ အကျွမ်းတဝင်မရှိသော ပြောင်းပြန်ဖြစ်နေသည့် ယင်နှင့်ယန်ချစ်ခြင်းတရားများရှိနေ၏ - ယင်းက အိုမီဂါနှင့်သက်ဆိုင်ပြီး အယ်ဖာအနေနှင့်မဟုတ်ပေ။ သူ၏ခန္ဓာကိုယ်က အလွန်လျင်မြန်စွာ ပြောင်းလဲနိုင်သော်လည်း သူ၏စိတ်ဝိညာဥ်က ပြတ်ပြတ်သားသား ပြန်လှည့်မလာသေးချေ။
သူ့ခန္ဓာကိုယ်က အလိုရှိနေသည်မှာ လွှမ်းမိုးရန်၊ လုယူရန်၊ သိမ်းပိုက်ရန်မဟုတ်တော့ဘဲ ထိုစကားလုံးများအနောက်၌ 'ခံ' ဆိုသည့်စကားလုံးကို ထပ်ဖြည့်ကာ လက်အောက်ခံပါတီအဖြစ် လုံးလုံးလျားလျား ပြောင်းလဲလာခဲ့၏... သူ ကြောက်ရွံ့ကာ ရှက်လည်းရှက်သည်။
ချစ်ခြင်းမေတ္တာဒီရေက စီးဆင်းနေပြီး ၎င်း၏တိုက်ခိုက်မှုက တဖြည်းဖြည်း အားကောင်းလာရာ သူ၏ခန္ဓာကိုယ်က ရွှဲံ့များနှယ်ပျော့ပျောင်းလာ၏။ သူ ထိုင်မနေနိုင်တော့ဘဲ အိပ်ရာဘေးသို့ ယိုင်တိုင်တိုင်လျှောက်လိုက်ပြီးနောက် လှဲချလိုက်တော့သည်။
သူ လဲလျောင်းကာ ကွေးကွေးလေးနေနေပြီး သူ၏ခန္ဓာကိုယ်အား သေးသေးလေးဖြစ်သွားစေခဲ့သည်။ ဤအသေးလေးက သနားစရာကောင်းစွာ တုန်ယင်နေပြီး တစ်ယောက်တည်း သည်းခံနေခဲ့သည်။
ဆေးရုံ၏အကဲဖြတ်မှုက မတိကျဘူးဟု သူ သံသယဝင်လာ၏။ ဤအရာကို 'အပျော့စား' ဟု မည်သို့သတ်မှတ်နိုင်ရသနည်း။
အချိန်များ ကုန်ဆုံးလာသော်လည်း ဒီရေက ပြန်ကျသွားမည့်အရိပ်အယောင်တို့ မရှိသေးချေ။
ထိုအစား ဟော့ထင်းလန်၏ဖယ်ရိုမုန်းများကို တောင့်တသည့်စိတ်က ပို၍ပြင်းထန်လာလေ၏။ ဖယ်ရိိုမုန်းများက လေလာရာယိမ်းကာ အချင်းချင်း ပွတ်တိုက်နေကြသော နွေဦးမြက်လေးများကို ထွက်ပေါ်လာခဲ့ပြီး အူတိုင်အထိ ယားယံလာခဲ့သည်...
"ဟူး... ဟူး..."
ယဲ့စစ် သူ၏ကော်လံကို အမောတကောဆွဲချလိုက်သည်။ ဆံချည်မျှင်သွေးကြောအနည်းငယ်ကြောင့် သူ၏မျက်ဝန်းများက သိပ်ပြီးကြည်လင်မနေခဲ့ချေ။
မဖြစ်နိုင်တာ...
သူ့စိတ်ထဲ အဓိပ္ပါယ်မဲ့အတွေးတစ််ခု ပေါ်ပေါက်လာခဲ့သည်။
သူ ဟော့ရှူးရှုကို ပေးသိလို့မဖြစ်ပေ။
အကယ်၍ တစ်စုံတစ်ခုကိုသာ မသိခဲ့လျှင် ၎င်းမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုသာ ခံစားရလိမ့်မည်။
သူ တိတ်ဆိတ်နေခဲ့၏။
သူ့မှာ အကြံဆိုးများရှိလာသည်နှင့် ၎င်းအား ဖယ်ရှားမပစ်နိုင်တော့ပေ။
နောက်ထပ် ဆယ်မိနစ်ကြာပြီးနောက် ယဲ့စစ် ရှုပ်ပွနေသောအိပ်ရာပေါ်ကနေဆင်းကာ လိုအပ်လာလျှင် ဆင်ခြေအဖြစ်အသုံးပြုရန် လေ့ကျင့်ခန်းစာအုပ်ကို ဆွဲယူလိုက်သည်။
သူ့မှာ ကိုင်တွယ်စရာစီးပွားရေးကိစ္စများ ရှိသည့်အခါတိုင်း ဟော့ထင်းလန်က ဤအချိန်ဆို စာဖတ်ခန်းထဲမှာပဲ အလုပ်လုပ်နေလောက်မည်ပင်။
ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်၏အိပ်ခန်းဆီ ခြေဖျားထောက်ကာသွားခဲ့သည်။
တံခါးက ပွင့်နေပြီး သူ အထဲကိုချောင်းကြည့်လိုက်၏။ အခန်းထဲမှာ မည်သူမှရှိမနေချေ။
စင်္ကြံမှာလည်း မည်သူမှမရှိပေ။
ယဲ့စစ် ခက်ခက်ခဲခဲ တံတွေးမျိုချကာ အထဲကိုဝင်သွားလိုက်ပြီး သူ့ဘာသာသူ တီးတိုးပြောလိုက်၏။ "ဟော့ရှူးရှူ၊ ခင်ဗျား၊ ခင်ဗျား ဒီမှာရှိနေလား။"
သေချာပေါက်ပင် မည်သူကမှ တုံ့ပြန်လိမ့်မည်မဟုတ်ပေ။
ယဲ့စစ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်အားပေးရန် လက်ထဲကလေ့ကျင့်ခန်းစာအုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အထဲသို့ ခြေလှမ်းအနည်းငယ် ဆက်တိုးသွားလိုက်သည်။
"ကျွန်တော်၊ ကျွန်တော် မလုပ်နိုင်တဲ့ မေးခွန်းလေးတွေရှိလို့ပါ..."
အိမ်ခန်းထဲမှာ စူးရှသော တက်ကီလာရနံ့တို့ ပျံ့လွင့်နေ၏။ ယဲ့စစ် သူ၏နှာခေါင်းလေးကို တရှုံ့ရှုံ့လုပ်ကာ အနံ့ခံလိုက်ပြီး သက်တောင့်သက်သာရှိလွန်းလို့ သူ၏ ဝင်သက်ထွက်သက်များပင် တုန်ယင်သွားခဲ့သည်။ ဤအခန်းထဲမှာ ရှိနေရသည်မှာ သက်တောင့်သက်သာရှိသော်လည်း ဟော့ထင်လန်က အခန်းထဲကို တစ်စုံတစ်ခုယူရန် သို့မဟုတ် အဝတ်လဲရန် ပြန်လာနိုင်သည့်အတွက် သူ ကြာကြာနေလို့မဖြစ်ပေ။ ထိုသို့ဆိုလျှင် သူ့ကို အလွယ်တကူဖမ်းမိသွားနိုင်သည်။
ခဏနေပါဦး၊ အဝတ်လဲတာ...
သူ အရေးကြီးသည့်တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်မိသကဲ့သို့ ဝိညာဥ်တစ်မျိုးမျိုးဆီကနေ ပြုစားခံလိုက်ရသလိုမျိုး ရေချိုးခန်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။
ဟော့ထင်းလန်က အသွင်အပြင်ကို အာရုံစိုက်ပြီး သန့်ရှင်းမှုကို နှစ်သက်သည်။ နွေရာသီမှာဆို ခဏခဏအဝတ်လဲသူဖြစ်၏။ မနက်ခင်းတွင်တစ်စုံ၊ နေ့လယ်ခင်းမှာတစ်စုံလဲတတ်သဖြင့် နေ့လယ်ခင်းမှာ လဲလိုက်သည့်အဝတ်အစားများအား ရှင်းလင်းဖို့အချိန်မရှိပေ။
အားလုံးက အဝတ်ပေခြင်းထဲမှာပဲ ရှိနေခဲ့သည်။
ပြဿနာမှာ အဝတ်ပေခြင်း၏ အပေါ်ဆုံးမှာရှိနေသော ပစ္စည်းပင်...
အနက်ရောင်။
Bullet type။
[TN/ အတွင်းခံအမျိုးအစားပါ။ သူက အတွင်းခံဘောင်းဘီတိုအမျိုးအစားနဲ့တူပေမဲ့ ကျပ်ပါတယ်။]
ရှင်းပြလို့မရစွာဖြင့်... မယုံကြည်နိုင်စရာကောင်းနေသော်လည်း စိတ်ဝင်စားစရာလည်းကောင်းနေပေသည်။
ယဲ့စစ်တစ်ယောက် ကြောင်အမ်းစွာဖြင့် ဘေးတစ်ဖက်တစ်ချက်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ချောင်းဆိုးကာ ရုတ်တရက် အကြည့်လွှဲလိုက်ပြီး အလွန်ရှက်ရွံ့သွားလေ၏။ သူ သူ၏အပြစ်ကင်းစင်မှုကို ပြသရန်အတွက် ကိုယ့်ကိုယ်ကိုယ် ရေချိုးကန်ထဲမှာ သတ်သေပစ်ချင်နေခဲ့သည်။
သူ ဒါကိုကြည့်ဖို့ ခိုးဝင်လာခဲ့တာမဟုတ်ပါဘူး!
ကောင်းကင်ဘုံနဲ့ ငရဲကိုတိုင်တည်ပြီးပြောမယ်၊ သူ ဒီအကြောင်းကို တွေးတောင်မတွေးခဲ့ဖူးဘူး!
ဟော့ရှူးရှူကလည်း အရမ်းထူးဆန်းတယ်။ သူ ချွေးထွက်တယ်လို့ထင်ရင် ရှပ်အင်္ကျီပဲလဲသင့်တာလေ၊ ဘာလို့ အတွင်းခံကိုပါ တစ်နေ့နှစ်ကြိမ်လဲရတာလဲ!
ယဲ့စစ်တစ်ယောက် အလွန်ထိတ်လန့်ကာ သူ၏လက်ဖဝါးများက ချွေးများထွက်လာပြီး ရှပ်အင်္ကျီယူဖို့ကိုလည်း ထပ်ပြီးမတွေးရဲတော့ပေ။ သူ အဆိပ်သင့်နယ်မြေကနေ ထွက်ပြေးနေသကဲ့သို့ ဤနေရာကနေ အမြန်ထွက်ချင်လာခဲ့၏။ သို့သော် သူ အနောက်ကိုလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် ပိုလို့တောင်ဆိုးဝါးသည့်တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့လေသည်။
***
Aurora Novel Translation Team
There is No Eng Version