no
အပိုင်း (၄၄) - ဝမ်းတွင်းမည်း
အဆုံးသတ်မှာတော့ ဦးလေးဟယ်က တစ်စုံတစ်ယောက်နှင့် အစားအသောက်များကို ပို့ခိုင်းလိုက်သည်။
၎င်းက လက်ရာမြောက်သော တွန်းလှည်းလေးတစ်စီးဖြစ်ပြီး တံခါးဝထိလာပို့ကာ ထိုနေရာကနေ ဟော့ထင်းလန်ကိုယ်တိုင် အထဲကိုတွန်းလာခဲ့သည်။
အိပ်ခန်းထဲမှာ အလွန်ကြွယ်ဝသော ယဲ့စစ်၏ဖယ်ရိုမုန်းများနှင့် ပြည့်နှက်နေသည်။
ချိုမြိန်သောရနံ့လေးက တစ်သက်သာအမှတ်အသားပြီးနောက်မှာ ပြောင်းလဲသွားခဲ့၏။ ၎င်းက ဗနီလာရနံ့လေးဖြစ်နေဆဲဆိုသော်လည်း မြေဩဇာနိုင်နိုင်ကျွေးထားသော အပြည့်အဝဖူးပွင့်နေသည့် နီနီရဲရဲပန်းပွင့်လေးနှယ်။ အမှတ်အသားရပြီးနောက်ပိုင်း ယဲ့စစ်၏ဂလင်းများကလည်း ချိုမြိန်သင်းပျံ့သောမွှေးရနံ့ကို ထုတ်လွှတ်နေခဲ့သည်။ ပိုင်ဆိုင်လိုစိတ်ပြင်းပြနေသော ဟော့ထင်းလန်က အပြင်လူများကို ဤလေထုလေးအား ပေးရှူခွင့်ပြုဖို့နေနေသာသာ ပြတင်းပေါက်ဖွင့်ဖို့ကိုတောင် ငြင်းဆန်နေခဲ့သည်။
အားလပ်၏နောက်ဆုံးရက်အနည်းငယ်အတွင်း သူ၏ ကျိုးကြောင်းမသင့်သောပိုင်ဆိုင်လိုမှုကို ကျေနပ်စေရန်အလို့ငှာ ဖန်းရှောက်ယိက bed table ကိုထည့်သွင်းကာ ယဲ့စစ်အား ယခုလိုပင်အိမ်စာလုပ်ဖို့ ချော့မြှူခဲ့လေ၏။
[TN/ bed table ဆိုတာ ဆေးရုံတွေမှာ လူနာတွေတစ်ခုခုတင်စားဖို့ ဘီးတပ်ထားတဲ့ စားပွဲလိုမျိုးဟာကိုပြောတာပါ။]
တစ်ခါတစ်ရံ ယဲ့စစ်ကို ပွေ့ဖက်ထားရင်းနှင့်တောင်.... တစ်ချိန်တည်းမှာပင် 'သက်တောင့်သက်သာရှိသော စာပြခြင်း' ဟုခေါ်ပြီး ပုစ္ဆာများဖြေရှင်းရန် သူ့ကို စားပွဲပေါ်ထိုင်ခိုင်းတတ်သည်။
ဟော့ရှူးရှူက အတိတ်တုန်းက သူသိခဲ့သော ကောင်းသည့်ဟော့ရှူးရှူမဟုတ်တော့ပေ။ သူက ယခုလို ရယ်စရာကောင်းသောအရာများလုပ်လိမ့်မည်ဟု တစ်ခါမှတောင်မတွေးခဲ့ဖူးချေ။
၎င်းမှာ... ကျိုးကြောင်းဆီလျော်မှုမရှိချေ!
ဤသို့ဖြင့် ရက်နှစ်ဆယ်အားလပ်ရက်က လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။
ထျန်းချန်၏ ထုံးတန်းစဥ်လာအရ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုမည့်သူများ ဇွဲလုံလဝီရိယကို ထိန်းသိမ်းထားရန် ကျောင်းက နှစ်စဥ်နှစ်တိုင်း အထက်တန်းတတိယနှစ်၏ ပထမနှစ်ဝက်မှာ ရက်သတ္တပတ်ကြာစစ်သင်တန်းကို စီစဥ်ပေးလေ့ရှိသည်။ ဤအစဥ်အလာက နှစ်ပေါင်းများစွာ ထွန်းကားလာခဲ့ပြီး ယနေ့ထိတိုင် ကျင့်သုံးခဲ့ကြ၏။ ၎င်းက အခြားအရာများထက် ပို၍လက်တွေ့ကျပြီး အထက်တန်းစီနီယာကျောင်းသားများအား ခံစားရအောင် အမှန်တကယ်လုပ်လိမ့်မည်မဟုတ်ပေ။ တချို့လေ့ကျင့်ရေးပရိုဂရမ်များက တော်တော်လေး စိတ်ဝင်စားစရာကောင်းသော်လည်း သီးခြားခွဲနေရသည့်လုပ်ငန်းစဥ်ကတော့ တကယ့်စိန်ခေါ်စရာဖြစ်ခဲ့သည်။
ခုနစ်ရက်လုံး တစ်ယောက်နှင့်တစ်ယောက်မတွေ့ရသလို သူ့အိုမီဂါလေး အတန်းဖော်များနှင့်အတူစား၊ အတူအိပ်ကာ အတူတူလေ့ကျင့်ရေးဆင်းရမည့်အလျောက် အချဥ်ပေါက်လာသော ရှာလကာရည်များကိုလည်း သူ သည်းခံဖို့လိုအပ်သည်...
ဟော့ထင်းလန်က ယဲ့စစ်ကို စစ်သင်တန်းမတက်စေချင်ကြောင်း သူ့လက်ထောက်ကို ပြောပြရုံမျှသာဖြစ်ပြီး ယဲ့စစ်၏ သာမန်အထက်တန်းကျောင်းသားဘဝကို သူ၏ တစ်ကိုယ်ကောင်းဆန်သောဆန္ဒများကြောင့် အနှောင့်အယှက်မဖြစ်စေချင်ပေ။ ထို့အပြင် ယဲ့စစ်၏စိတ်သဘောထားက အလွန်အရှက်အကြောက်ကြီး၏။ ထျန်းချန်မှာ နှစ်ဝက်လောက်ရှိပြီဖြစ်သော်လည်း သူငယ်ချင်းမရှိသလို အခြားသူများနှင့် ပေါင်းသင်းဆက်ဆံမှုမရှိခဲ့ပေ။ ဤခုနစ်ရက်တာ စုပေါင်းနေထိုင်ခြင်းက ယဲ့စစ်အတွက် သူ့အတန်းဖော်များနှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန်နှင့် အတန်းထဲမှာ ရောနှောနေထိုင်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်ရာ သူ့ကို မပိတ်ပင်သင့်ပေ။
လင်းယုန်ငှက်လေးများကို ကနေရီလို မပျိုးထောင်သင့်ပေ။
နောက်ဆုံးမှာ ကျိုးကြောင်းဆီလျော်မှုက ဆင်ခြင်တုံတရားမရှိမှုကို အောင်နိုင်ခဲ့သည်။
ယဲ့စစ်ကို လေ့ကျင့်ရေးစခန်းသို့မပို့မီ ဟော့ထင်းလန်က သူ၏ခရီးဆောင်အိတ်ကို သူ့လက်နှင့် ကိုယ်တိုင်ကိုယ်ကျပြင်ပေးကာ သေးသေးကြီးကြီး ပစ္စည်းအားလုံးကို သူ၏ဖယ်ရိုမုန်းများနှင့် အမှတ်အသားလုပ်ခဲ့သည်။ ရနံ့တားသည့်ကပ်ခွာများကိုလည်း နှစ်အိတ်အပြည့်ထည့်၍ ထိုအပေါ်မှာ 'ရနံ့ပြင်းသော ပူရှိန်းသံပုရာရနံ့' ဟု ပုံနှိပ်ထားလေ၏။ ၎င်းတို့ကို အသုံးပြလိုက်လျှင် အနံ့ခံအာရုံကောင်းသောအယ်ဖာက ချဥ်စူးစူးဓါတုဆေးဝါးရနံ့ကိုသာ ရရှိလိမ့်မည်။
"...ပေါင်ပေါင်း အတွင်းခံဘယ်နှထည်လောက် ယူသွားချင်လဲ။" ဟော့ထင်းလန်က အဝတ်ဗီရိုကိုဖွင့်ကာ ပြောလိုက်သည်။
နှစ်ဦးသားက အခန်းခွဲထားသည်ဆိုသော်လည်း ယဲ့စစ်၏ အသုံးများသောပစ္စည်းများကို မာစတာအိပ်ခန်းထဲ ပြောင်းရွှေ့ထားသည်။
အံ့ဆွဲကြီးထဲမှာ စီစီရီရီထည့်ထားသော 'လေးထောင့်ပါဆယ်ထုပ်' များရှိပေ၏။ ၎င်းတို့က ချည်သားစစ် အဖြူရောင်များဖြစ်သလို ရံဖန်ရံခါ အမည်းရောင်လည်းပါပြီး ယဲ့စစ်က ၎င်းတို့ကိုဝတ်ဖို့ရှက်လွန်းသဖြင့် ဝယ်ထားသည့်အတိုင်း အသစ်စက်စက်များဖြစ်နေသည်။
ယုတ္တိမရှိသော ပိုင်ဆိုင်လိုစိတ်ကြီးမားပုံကြောင့် ဟော့ထင်းလန်က ထိုအတွင်းခံများကိုလည်း သူကိုယ်တိုင်ခေါက်ထည့်ပေးခဲ့သည်။
သူက အိမ်တော်ထိန်းနှင့် ဝန်ထမ်းများကို သူ့(ဟော့)ကိုယ်ပိုင်ဘဝ၏ အသေးအမွှားကိစ္စလေးများကိုသာ တာဝန်ပေးထားသည်။ ယဲ့စစ်နှင့်ပတ်သက်လာသောအခါ အထူးသဖြင့် တစ်သက်သာအမှတ်အသားပေးပြီးနောက် သူက ထိုအရာများကို အခြားလူများ၏အကူအညီမပါဘဲ သူကိုယ်တိုင်သာ လုပ်ဆောင်ခဲ့သည်။
"အဲ့ဒါတွေကို... ကျွန်တော့်ဘာသာပဲ ထုတ်ပိုးလိုက်ပါ့မယ်။" ယဲ့စစ်က အလျင်အမြန်သွားကာ ၎င်းတို့ကိုဆုပ်ကိုင်လိုက်၏။
ခုနစ်ရက်အတွက် သုံးထည်က လုံလောက်ပေသည်။ သူက နေ့တိုင်းလျှော်ပြီး ဆောင်းဦးအစောပိုင်းကာလဖြစ်၍ ရာသီဥတုက ခြောက်သွေ့နေရာ အလဲအထပ်ဝတ်လို့ရပေသည်။
ဟော့ထင်းလန်က အတွင်းခံများကိုပြန်ယူရင်း သူ့လက်ထဲမှာပွတ်သပ်ရင်း မနှစ်မြို့စွာပြောလိုက်သည်။ "သုံးထည်တည်းလား။ မင်းသွားရမှာက ခုနစ်ရက်နော်။"
"ကျွန်တော် နေ့တိုင်းလျှော်တယ်လေ။" ယဲ့စစ်က ရှင်းပြလိုက်သည်။ "လေ့ကျင့်ရေးအချိန်မှာ ချွေးထွက်များတော့ ဒီလိုပစ္စည်းတွေကို သိမ်းထားလို့မဖြစ်ဘူး... မဟုတ်ရင် ဘက်တီးရီးယားတွေ ပေါက်ဖွားလာလိမ့်မယ်။"
"လျှော်ပြီးရင် ဘယ်မှာလှန်းမှာလဲ။" ဟော့ထင်းလန်က ရယ်မောကာ သူ့ကို အတော်လေးကျိုးကြောင့်မသင့်စွာ နှောင့်ယှက်နေပြီး သူ၏သဝန်တိုခြင်းကိုလည်း ဖုံးကွယ်မထားခဲ့ပေ။ ထိုသို့မဟုတ်ပါက သူ ဤရက်ပိုင်းအတွင်း ခက်ခဲသောအချိန်များရှိနေလိမ့်မည်။ "အဲ့ဒါကို အိပ်ဆောင်မှာလှန်းရင်... မင်းရဲ့အတန်းဖော်တွေ တွေ့သွားကြမှာမဟုတ်ဘူးလား။"
"ဘာမှမဖြစ်ပါဘူး။" ယဲ့စစ်က သူ့ကိုစိုက်ကြည့်လိုက်သည်။ "အတူတူနေရမဲ့သူတွေက... အားလုံး အိုမီဂါတွေချည်းပဲလေ။"
သူပြောတာမှန်ပေ၏။
ပုံမှန်လူများက ထိုကဲ့သို့စဥ်းစားကြလိမ့်မည်။
"...ကိုယ်တောင်းပန်ပါတယ် ပေါင်ပေါင်း။" ဟော့ထင်းလန်က အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားပြီး သူ့ကိုယ်သူရယ်မောကာ စိတ်ရင်းနှင့်တောင်းပန်ခဲ့သည်။ "ကိုယ်က ကျိုးကြောင်းဆီလျော်မှုမရှိဘူးမလား။"
ဟော့ရှူးရှူကတော့ လုပ်ပြန်ပြီ! အဲ့ဒီအမူအရာပဲ ထပ်လုပ်ပြန်ပြီ!
ယဲ့စစ်က သူ့ကို မျက်လုံးထောင့်ကနေကြည့်လိုက်သည်။ ထိုမျက်နှာက ရိုးသားသော်လည်း တကယ်တမ်းမှာတော့ ရိုးသားမှုမရှိပေ။ သူက တိုးတိုးလေးပြောလိုက်၏။ "ခင်ဗျား သိတယ်ဆိုရင် နောက်တစ်ခါထပ်မလုပ်ဖို့ မှတ်ထားပါ။"
ထိုသို့ပြောပြီးသည်နှင့် သူက ပြေးထွက်သွားလေ၏။
"ဘယ်လို?" ဟော့ထင်းလန်က အံ့အားသင့်သွားခဲ့သည်။
ဤလူကြီးလူကောင်းလေးက ဆိုးသွမ်းဖို့ သင်ယူခဲ့လေ၏။
အနှီချာတိတ်လေးက မည်သည့်နေရာကနေ အတတ်ကောင်းများ သင်ယူခဲ့သနည်း။
သူ၏ပါးစပ်ကလေးက စကားထစ်နေဆဲဖြစ်သော်လည်း အနာဂတ်မှာ စကားထစ်တာ ရပ်တန့်သွားမည်လော။ သူက သူ့ကို နာခံမှုရှိစွာဖြင့် အနိုင်ကျင့်ခွင့်ဆက်ပေးထားမည်လော။
အနုနည်းဖြင့်မရလျှင် သူ အကြမ်းနည်းကိုသုံးရမည်။ သူက အလျင်အမြန်တုံ့ပြန်ကာ ယဲ့စစ် ခြေနှစ်လှမ်းသာလှမ်းရသေးသော်လည်း ကြောင်လေးကို လည်ကုပ်ကနေဖမ်းသလို ဟော့ထင်းလန်ဆီမှာ အဖမ်းခံလိုက်ရလေသည်။
"ခင်ဗျားရဲ့မျက်နှာအစစ် ထပ်ပေါ်လာပြီ!" ယဲ့စစ်က အလျင်အမြန်စွပ်စွဲလိုက်သည်။
ဟော့ထင်းလန်က ကျယ်လောင်စွာရယ်မောကာ ဟန်ဆောင်နေတာကိုရပ်လိုက်၏။ သူက ယဲ့စစ်ကိုပွေ့ချီ၍ ဆိုဖာပေါ်တင်ပေးလိုက်ပြီး သူ့အောက်မှာဖိကာ သူ၏နံရိုးများကြား ကလိယားထိုးတော့သည်။ ထို့ကြောင့် ယဲ့စစ်မှာ ရယ်မောရင်း သူ့ကိုတောင်းပန်လိုက်ရပြီး အဆုံးသတ်မှာတော့ အတွင်းခံခုနစ်ထည်ယူရန် သဘောတူလိုက်လေသည်။
... သူက အတွင်းခံသရဲတစ်ယောက်လို အတွင်းခံများကို အများကြီးထုပ်ပိုးခဲ့သည်။
ယဲ့စစ်တစ်ယောက် မျက်ရည်များရွှဲလာသည်အထိ နှစ်စက်ခံခဲ့ရပြီး တစ်သက်တာအမှတ်အသားကြောင့် ဖြစ်ပေါ်လာသော လွန်ကျွံသည့်ဆန္ဒများကို ပျောက်ကွယ်သွားစေဖို့သာ ဆုတောင်းနေခဲ့သည်။
...
အထက်တန်းတတိယနှစ် ပထမရက်မှာ ဘက်စ်ကားပေါင်းဒါဇင်ကျော်လောက်ဖြင့် လေ့ကျင့်ရေးစခန်းဆီ ရောက်လာခဲ့ကြ၏။
အမျိုးသားအိုမီဂါများက အရေအတွက်အားဖြင့် နည်းပါးသည်။ ယဲ့စစ်တို့အတန်း၌ သူအပါအဝင် သုံးယောက်သာရှိပြီး လူခြောက်ယောက်အိပ်ဆောင်၌ သုံးယောက်သာ ဖြည့်နိုင်ခဲ့သည်။
မတူညီသောအတန်းများ၌ လူဆယ်ချီ သို့မဟုတ် ထိုထက်များသောသူများနှင့် ပြည့်နှက်နေသော်လည်း လူတော်တော်များများက အချင်းချင်းသိကြပြီး လူစုချိန်ကနေ အိပ်ချိန်အထိ နှစ်ယောက်စ၊ သုံးယောက်စစုကာ စိတ်အားထက်သန်စွာ စကားစမြည်ပြောနေခဲ့ကြသည်။ ယဲ့စစ်နှင့် အတန်းတူသည့် ချစ်စရာကောင်းသော အိုမီဂါလေးနှစ်ယောက်က ခေါင်းချင်းဆိုင်ကာ အင်တာနက်အိုင်ဒေါအယ်ဖာတစ်ယောက်၏ အကဗီဒီယိုကိုကြည့်လျက် စိတ်လှုပ်ရှားစွာအော်ဟစ်ရင်း တစ်ယောက်ကိုတစ်ယောက် လက်များဆွဲယမ်းနေခဲ့ကြသည်။ ယဲ့စစ်တစ်ယောက် ၎င်းကိုနားမလည်နိုင်ဘဲ ပုံမှန်အတိုင်း တိတ်တဆိတ်သာနေခဲ့သည်။ သူနှင့်အတူ အိပ်ဆောင်မျှဝေသော အခြားသူစိမ်းအိုမီဂါတစ်ယောက်က သူသည် ၁.၈ မီတာရှိပြီး အေးစက်သောအသွင်ရှိကြောင်း မြင်လိုက်ရသောအခါ သူ့ကို အနည်းငယ်ကြောက်နေခဲ့၏။ ယဲ့စစ်က ၎င်းတို့ကိုတစ်ချက်ကြည့်လိုက်ရာ အသိုက်ထဲမှကြက်များ၏ ဦးခေါင်းအပေါ်ကနေ သိမ်းငှက်တစ်ကောင် ဝဲနေသကဲ့သို့ အနှီစကားသံများက တိတ်ဆိတ်သွားခဲ့သည်။
ပထမနေ့၌ လေ့ကျင့်ရေး၏ပြင်းထန်မှုက သုညနီးပါးဖြစ်သည်။ အဆောင်များခွဲကာ သန့်ရှင်းရေးလုပ်ပြီးနောက် ကျောင်းသားများက စစ်သင်တန်းဝတ်စုံကိုလဲ၍ နာရီဝက်ကြာအစည်းအဝေးအတွက် အောက်ထပ်ကိုဆင်းသွားခဲ့ကြ၏။ ၎င်းတို့က ကျောင်းအုပ်ကြီး၏မိန့်ခွန်းကိုနားထောင်ကာ သင်တန်းပို့ချသူများနှင့် မျက်နှာစုံညီတွေ့ဆုံ၍ ဘုံနယ်မြေနှင့် လေ့ကျင့်ကွင်းကို သိရှိခဲ့ရပြီးနောက် ဤနေ့တစ်ဝက်တာက အဆုံးသတ်သွားခဲ့သည်။ လူတိုင်း အိပ်ဆောင်ကိုပြန်ရောက်လာသောအခါ ပို့ဆောင်ရေးကားတစ်စီးက အဆောက်အအုံဝင်ပေါက်၌ ရပ်တန့်သွားလေ၏။ အိပ်ဆောင်၌ လျှပ်စစ်ပစ္စည်းအသုံးပြုခြင်းကို တားမြစ်ထားပြီး ရေနွေးတည်ဖို့နေရာမရှိပေ။ ထို့ကြောင့် ကျောင်းသားများအတွက် သောက်သုံးရေဝေမျှဖို့ ကျောင်းက တာဝန်ယူရပေသည်။ အိပ်ဆောင်တစ်ခုစီအတွက် ရေသန့်ကတ်များစွာ ခွဲဝေပေးခဲ့ပြီး လူတိုင်းလူတိုင်း ၎င်းတို့ကို အဆောက်အအုံထဲပြောင်းရွှေ့ဖို့ အလုပ်များနေကြလေ၏။
အနှီအမျိုးသားအိုမီဂါများက သေးသွယ်သောလက်မောင်းလေးများ၊ ခြေထောက်လေးများနှင့် နူးညံ့ပြီး ၎င်းတို့အားလုံးက အလိုလိုက်ခံထားရသော သခင်လေးများဖြစ်သည်။ ရေသန့်တစ်ကတ်၏အလေးချိန်က ၁၂ ကီလိုဂရမ်ကျော်ပြီး ၎င်းတို့က လေးလွှာထိတက်ရမည်ဖြစ်ရာ ၎င်းတို့တွေ အားလုံးကိုမရွှေ့နိုင်ကြချေ။ သို့သော်လည်း ဤအိပ်ဆောင်၌ ဘီတာနှင့် အိုမီဂါမိန်းကလေးများသဖြင့် သန်သန်မာမာအမျိုးသားကို မည်သည့်နေရာကနေလိုက်ဖမ်းရမလဲအား မသိကြပေ။ ၎င်းတို့ အချင်းချင်းဆွေးနွေးနေကြစဥ် ယဲ့စစ်က ရေသန့်တစ်ကတ်ကိုယူ၍ ထိုအပေါ်မှာ နောက်ထပ်တစ်ကတ်ကို ထပ်တင်လိုက်သည်။ စုစုပေါင်းအလေးချိန်က ၂၄ ကီလိုဂရမ်နီးပါးရှိသွားသော်လည်း သူက ပေါ့ပေါ့ပါးပါးမကာ အပေါ်ထပ်သို့ အလျင်အမြန်တက်သွားခဲ့လေသည်။
[TN/ ဒီနားမှာလေ ကျွန်မ e-tran ကမဟုတ်ဘဲ c-sub ကနေ တိုက်ရိုက်ပြန်ထားပါတယ်။ e-tran မှာက ၂၀ ကီလိုဂရမ်လို့ရေးထားတာပါ။ တကယ်တမ်း ရေတစ်လီတာဘူးက တစ်ကီလိုဂရမ်ပဲရှိတာပါ။ မူရင်းမှာကတော့ ၂၀ 斤 လို့ရေးထားပါတယ်။ ၁ 斤 မှာ ၀.၆ ကီလိုဂရမ်ရှိပါတယ်။ ဆိုတော့ ယဲ့စစ်သယ်ထားတာက တစ်လီတာ ၁၂ ဘူးပါတဲ့ ရေကတ် ၂ ကတ်ပါ။]
သူက လျင်မြန်စွာပြေးတက်သွားပြီး ရေကတ်များထပ်ပြီးသယ်ရန် အောက်ထပ်သို့ပြန်ဆင်းလာစဥ် ရေတစ်ကတ်စီသယ်လျက် အပေါ်တက်လာသော သူ၏အခန်းဖော်များနှင့် တွေ့ဆုံခဲ့သည်။ အိုမီဂါများ၏မျက်နှာနုနုလေးများက ပင်ပန်းမှုကြောင့် နီမြန်းနေပြီး လှေကားတက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချနေကြ၏။
"...ငါ့ကိုပေးလိုက်ပါလား။"
ယဲ့စစ်က ခြေလှမ်းများကိုအရှိန်လျှော့ကာ ကိုးရိုးကားရားချောင်းဟန့်လိုက်ပြီး ၎င်းတို့ကိုတစ်ချက်ကြည့်၍ ရှက်ရွံ့စွာဖြင့် အကြည့်လွှဲလိုက်၏။
အရင်က ယခုလိုမျိုး သူ့ဘက်ကစကားစပြောသည်မှာ ရှားပါးပေသည်။
တစ်အချက်၊ သူက အလွန်အရှက်အကြောက်ကြီး၏။ နှစ်အချက်၊ သူက စကားထစ်သောကြောင့် စနောက်ခံရမည်ကို စိုးရိမ်သောကြောင့်ပင်။
စကားထစ်သူတစ်ယောက်အနေဖြင့် သူသည် အတန်းထဲမှ ကျောင်းသားဆိုးများဆီကနေ မကြာခဏစနောက်ခံရသော ပစ်မှတ်ဖြစ်ခဲ့ဖူး၏။
ယဲ့စစ် ဤနွေပိတ်ရက်အတွင်း ကျွမ်းကျင်သူများနှင့် ဆွေးနွေးမှုများစွာပြုလုပ်ပြီး လေ့ကျင့်ရေးတွင် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ပြီးနောက် စကားလုံးလေးငါးလုံးပါဝင်သော ဝါကျတိုများကို သွက်လက်စွာ ပြောဆိုနိုင်ခဲ့သည်။ အိမ်မှာ မကြာခဏဆိုသလို သူ့ဘက်ကစ၍ ဟော့ထင်းလန်ကို စကားစပြောခဲ့ပြီး တစ်ခါတလေ သဘာဝကျစွာ စနောက်နိုင်ခဲ့သည်။ ပြောင်းလဲမှုများက သေးငယ်သော်လည်း သူ အသိစိတ်ပြန်ကပ်လာချိန်၌ 'စကားပြောခြင်း' ကိစ္စသည် ပိုပိုပြီးလွယ်ကူလာကြောင်း သူ သတိပြုမိသွား၏။
"ဒါဆို... မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်နော်။" ယဲ့စစ်နှင့် အတန်းတူသောအိုမီဂါလေးက မော့ကြည့်လာပြီး သူ့ကို ကြင်နာစွာပြုံးပြလာခဲ့သည်။
"ရပါတယ်။" ယဲ့စစ်က တစ်ဖက်လှည့်သွားပြီး သူ၏မျက်နှာက ရုတ်တရက်နီမြန်းလာရာ အပေါ်ထပ်သို့ ရေသန့်နှစ်ကတ်နှင့် ပြေးတက်သွားလေ၏။
"...ခွီး။"
"သူက ချစ်စရာကောင်းတယ်လို့ ဘာလို့ထင်နေမိတာလဲမသိဘူး..."
"သူ စကားပြောနေတုန်း သူ့ရဲ့မျက်နှာက နီရဲနေတာပဲ။"
"သူက မင်းတို့အတန်းထဲကမလား။"
၎င်းတို့က တစ်ဆောင်ထဲအတူနေကြသော ရွယ်တူများဖြစ်ကြ၏။ ထို့ကဲ့သို့ ကောင်းမွန်သောစတင်ခြင်းနှင့်အတူ ယဲ့စစ်က စိတ်သဘောထားနူးညံ့ပြီး အမြင်လောက်မအေးစက်ကြောင်း သိလာခဲ့ကြရာ ဆက်ဆံရေးမှာ သဘာဝကျလာခဲ့သည်။
အိုမီဂါလေးများမှာ ယဲ့စစ်နှင့် စကားမပြောနိုင်ခဲ့ကြသော်လည်း လေ့ကျင့်ရေးပြီးနောက် ယဲ့စစ်ကို စားသောက်တန်းသို့ ရအောင်ခေါ်သွားခဲ့ကြလေသည်။
စားပွဲမှာ အတန်းဖော်များပြည့်နှင်နေပြီး သူ့အတွက်လည်း နေရာတစ်နေရာရှိခဲ့၏။ သူ့နားထဲမှာ ဆူညံသံများစွာကြားနေရသည်။ အချိန်ကြာလာသောအခါ တစ်စုံတစ်ယောက်က သူ့ကို လျစ်လျူရှုထားမိမည်စိုး၍ သက်ဝင်နေသောစကားဝိုင်းအလယ်မှာ သူ့ကို ရံဖန်ရံခါ စကားတစ်ခွန်း၊ နှစ်ခွန်းလောက် ပြောပေးတတ်သည်။
ယဲ့စစ်က ရံဖန်ရံခါ တူကိုချကာ စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့သည်။
အထီးကျန်သည်ဟု မခံစားရသည်မှာ အတော်လေးကောင်းမွန်ပေသည်။
ဤရက်ပိုင်းအတွင်း ယဲ့စစ်မှာ တစ်ယောက်တည်းရှိနေဖို့ အခွင့်အရေးမရခဲ့ချေ။ အိပ်ဆောင်အဆောက်အအုံ၌ သတ်မှတ်ချိန်ရှိပြီး ညဘက်၌ လျှောက်သွားလို့မရပေ။ သူနှင့် ဟော့ထင်းလန်က မက်ဆေ့ချ်များပို့၍သာ ဆက်သွယ်နိုင်ခဲ့သည်။
ညရှစ်နာရီ၌ ဟော့ထင်းလန်ဘက်က မက်ဆေ့ချ်တစ်တန်းလိုက်ကြီး ပို့လာခဲ့၏။ ယဲ့စစ်က ခုတင်အပေါ်ထပ်သို့တက်ကာ သူ၏ဖုန်းစခရင်ကို မည်သူမှမမြင်နိုင်စေရန် နံရံကိုမှီထိုင်လိုက်သည်။
[ဟော့ထင်းလန်]: [ပုံ]
[ဟော့ထင်းလန်]: [ပုံ]
...
စကားပြောခန်းမှာ ပျားရည်ရောင်အသားရောင်များဖြင့် ဆေးခြယ်သွားလေ၏။
မည်သည့်ပုံမှာမှ မျက်နှာမပါချေ။
သို့သော် ရင်ဘတ်ကြွက်သားများ၏ကောက်ကြောင်းအရ သူ မည်သူဖြစ်ကြောင်း မှတ်မိပေ၏။
၎င်းကို မြင်လိုက်ရသောအခါ ယဲ့စစ်၏သွေးကြောများက ပေါက်ကွဲလုနီးပါးဖြစ်လာပြီး ဖုန်းစခရင်ကို အလျင်အမြန်ပိတ်ချလိုက်သည်။ အိပ်ဆောင်ထဲမှ မည်သူကမှ သတိမပြုမိသော်လည်း သူ့ခမျာ သူခိုးတစ်ယောက်ထက်ကို ပို၍စိတ်လှုပ်ရှားနေခဲ့၏။
"..."
ဟော့ရှူးရှူက sexy အမျိုးသားမော်ဒယ်လိုပဲ!!!
ခဏကြာအောင် စိတ်အေးအေးထားပြီးနောက် ယဲ့စစ် ဖုန်းကိုပြန်ဖွင့်လိုက်သည်။
[ဟော့ထင်းလန်]: သဘောကျလား ပေါင်ပေါင်း။
[ယဲ့စစ်]: အကောင့်ပိတ်မခံရအောင် ဂရုစိုက်ဦး။
[ယဲ့စစ်]: ကျွန်တော်က ကျောင်းသားပဲရှိသေးတာ။ အဲ့ဒါကြောင့် ခင်ဗျား ကျွန်တော်နဲ့ အဲ့လိုကာမဆန်တဲ့အရာတွေ ပြောလို့မရဘူး။
ယဲ့စစ်တစ်ယောက် ဟော့ထင်းလန်ကို ရှုတ်ချပြီးနောက် ရှက်ရှက်နှင့်ပဲ ဓါတ်ပုံတစ်ပုံချင်းစီတိုင်းကို လိုက်သိမ်းနေခဲ့လေသည်။
ဒီလိုသန့်ရှင်းစင်ကြယ်တဲ့စွမ်းအင်မျိုးကို သူ ဘယ်သူ့ဆီကသင်ယူခဲ့တာဖြစ်နိုင်လဲ။
ဟော့ထင်းလန်က ယဲ့စစ်လုပ်နေသည့်အရာများကို ခန့်မှန်းမိပြီး လေးနက်ချင်ယောင်ဆောင်ကာ မျက်လွှာချ၍ပြောလိုက်သည်။
[ဟော့ထင်ယးလန်]: ကောင်းပါပြီ၊ ကာမဆန်တဲ့စကားတွေ မပြောတော့ပါဘူး။
[ဟော့ထင်းလန်]: အတန်းဖော်တွေနဲ့ အဆင်ပြေရဲ့လား။ လေ့ကျင့်ရေးကြောင့် ပင်ပန်းနေပြီလား။
ယဲ့စစ်၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားပြီး စကားလုံးများစွာကို လျင်မြန်စွာရိုက်လိုက်သည်။
[ယဲ့စစ်]: ကောင်းပါတယ်။ ကျွန်တော် ဒီနှစ်ရက်လုံး သူတို့နဲ့အတူ စားသောက်တန်းကိုသွားခဲ့တယ်။ ကျွန်တော် စကားအများကြီးမထစ်တော့ဘူး။ သူတို့ဆို သတိထားမိတဲ့ပုံတောင်မပေါ်ဘူး။
[ယဲ့စစ်]: တကယ်တော့ ကျွန်တော်တို့ကျောင်းကကျောင်းသားတွေက တော်တော်လေးကောင်းတယ်လို့ ခံစားရတယ်။
[ယဲ့စစ်]: လေ့ကျင့်ရေးက အရမ်းလွယ်တယ်။ ဒီနေ့လယ်ခင်းတုန်းက မီတာ ၄၀၀ အတားအဆီးဖြတ်ကျော်ရတဲ့ ပြိုင်ပွဲမှာ ကျွန်တော် အယ်ဖာအများစုထက်တောင် ပိုမြန်လို့ ကျွန်တော်တို့အဖွဲ့အတွက် အမှတ်တွေအများကြီးယူပေးနိုင်ခဲ့တယ်။
သူက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဟော့ထင်းလန်နှင့်အတူ ပျော်ရွှင်မှုကိုမျှဝေခဲ့သည်။
ဆယ်ချီသော အိုမီဂါလေးများက သူ့ကြောင့် အံ့သြမှင်တက်ခဲ့ကြပြီး သူ့ကို အိုမီဂါများ၏ဂုဏ်သရေအဖြစ် ကိုးကွယ်လုနီးပါးပင်။
လှေကားများ၊ နံရံအမြင့်များ၊ ပျဥ်ပြားတစ်ချပ်တည်းရှိသောတံတား၊ တွင်းနက်ခုန်ခြင်း... ယဲ့စစ်က အတားအဆီးများကို ကျော်လွှားနိုင်ခဲ့ပြီး အိုမီဂါလေးများ နံဘေးကနေ အော်ဟစ်အားပေးခဲ့ကြပြီး ၎င်းတို့၏အိုင်ဒေါများကို အားပေးခဲ့ချိန်ကထက်တောင် ပို၍စိတ်လှုပ်ရှားနေခဲ့ကြသည်။ ၎င်းတို့က မောပန်းနေသောယဲ့စစ်ဆီသို့ အပြေးအလွှားပွေ့ဖက်လာခဲ့ကြပြီး ယဲ့စစ်နှင့်အတူ ခုန်ပေါက်ခဲ့လေ၏။
ယဲ့စစ်မှာ ရွေးချယ်စရာမရှိဘဲ အားနာနာဖြင့် ရှက်ရွံ့စွာ လိုက်ပါကခုန်ပေးခဲ့သည်။
... အဲ့ဒါကိုတော့ ဟော့ရှူးရှူကိုပြောလို့မဖြစ်ဘူး။
နှစ်ဦးသား စကားပြောနေရင်း မကြာမီ မီးပိတ်ချိန်ရောက်လာခဲ့သည်။
ယဲ့စစ် အမှောင်ထဲမှာဖုန်းသုံးနေလျှင် မျက်လုံးထိခိုက်မည်စိုးသဖြင့် ဟော့ထင်းလန်က သူ့ကို ဖုန်းသိမ်း၍ ရေချိုးကာ အနားယူဖို့ တိုက်တွန်းလိုက်သည်။
ယဲ့စစ်က ခဏတုံ့ဆိုင်းနေပြီး ခေါင်းလေးပြူထွက်ကာ လှည့်ပတ်ကြည့်လိုက်သည်။ မီးပိတ်ဖို့ကို မေ့ထားပြီး စကားစမြည်ပြောရင်း အတင်းတုတ်နေခဲ့ကြသော အခန်းဖော်ငါးယောက်မှာ အားလုံးထိတ်ပြာသွားပြီး ရေခွက်ကိုယ်စီ၊ သွားတိုက်တံကိုယ်စီဖြင့် ရေချိုးခန်းကိုသွားရန် ပြင်ဆင်နေကြ၏။ အားလုံး သူ့ကို သတိမပြုမိကြပေ။
သူ ဟော့ရှူရှူဆီကနေ ရက်ရောသောပုံများစွာကို လက်ခံခဲ့ရသည့်အတွက် အပြန်အလှန် ထောက်ထားသောအားဖြင့်...
ယဲ့စစ် ရှက်ရွံ့စွာဖြင့် သူ့ကိုယ်သူ ဓါတ်ပုံအမြန်ရိုက်ကာ အလျင်အမြန်ပို့လိုက်သည်။
ဟော့ထင်းလန်က သူ့ကို အရမ်းတွေ့ချင်နေမှန်း သူသိသော်လည်း အိပ်ဆောင်ထဲမှာ အဆင်မပြေဖြစ်မည်စိုး၍ ဘာကိုမှမပြောခဲ့ပေ။
[ယဲ့စစ်]: [ပုံ]
[ယဲ့စစ်]: ကျွန်တော်အိပ်တော့မယ်။ ဝမ်အန်း ဟော့ရှူးရှူ။
သူ့ခေါင်းအစခြေအဆုံး ဟော့ထင်းလန်၏တုံ့ပြန်မှုက မည်သို့ဖြစ်မလဲဟု သိချင်နေခဲ့လေ၏။
သူ ထပ်ပြီးမကြည့်ရဲတော့ဘဲ ဖုန်းကိုအသံပိတ်ပြီး ခေါင်းအုံးအောက်ထိုးထည့်၍ ခုတင်လက်ရမ်းကိုဆုက်ကိုင်ကာ ဆေးကြောဖို့သွားရန် အောက်သို့ခုန်ဆင်းလိုက်သည်။
... အပြစ်ကင်းစင်သော ခေါင်းအုံးလေးခမျာမှာတော့ ရောင်စုံမှတ်ချက်များစွာကို လက်ခံရရှိခဲ့လေသည်။
***
Aurora Novel Translation Team
There is No Eng Version