no
အပိုင်း (၃၅.၁) - ပန်းနီကလေး
ယဲ့စစ်၏အမူအရာက ရှက်ရွံ့နေလေ၏။ "တကယ်လို့၊ တကယ်လို့ ကျွန်တော် ခင်ဗျားနဲ့အတူအိပ်ရင်၊ ကျွန်တော်..." သူက ရှက်ရွံ့နေသော်လည်း တည့်တိုးပြောလိုက်သည်။ "ကျွန်တော် အိပ်ဖို့အတွက် အရမ်း၊ အရမ်းစိတ်လှုပ်ရှားနေရလိမ့်မယ်။"
"ကိုယ်နဲ့အိပ်ဖို့ အရမ်းစိတ်လှုပ်ရှားမယ်?" ဟော့ထင်းလန်က အပြုံးလေးဖြင့် ပြောလိုက်လေ၏။
ဤနည်းဖြင့် ဖော်ပြလာရာ ဟော့ထင်းလန်သာ ယဲ့စစ်၏စကားလုံးများက မည်မျှသန့်စင်ကြောင်း မသိခဲ့ပါလျှင်...
ယဲ့စစ်က ခေါင်းညိတ်ပြလာပြီး ပြေးထွက်ချင်နေခဲ့သည်။
"ဟော့ရှူးရှူက မင်းကို အိပ်ပျော်တဲ့အထိ ချော့သိပ်ပေးမှာပေါ့။" ဟော့ထင်းလန်က သူ့ကို ပွေ့ဖက်လိုက်သည်။ လူယုတ်မာကြီးက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ယဲ့စစ်နှင့်ဖိကပ်ကာ သူ့ကို မာစတာအိပ်ခန်းထဲဆွဲခေါ်သွားပြီး ဆက်လက်ချော့မြှူ၍ ကျီစယ်နေလေ၏။ "ကိုယ် မင်းအတွက် သားချော့တေးဆိုပြပေးရမလား..."
ယဲ့စစ်မှာ သူ့ကိုမတွန်းလှန်နိုင်ဘဲ ကြွက်သားတောင့်တင်းနေသော ရင်အုပ်ကြီးနှင့်ဖိကပ်ခံရရင်း အခန်းထဲသို့ ပါသွားခဲ့လေသည်။ မည်သို့ပင်ဆိုစေ သူ့မှာ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်၏စိတ်နေစိတ်ထားတို့ ရှိနေဆဲဖြစ်သည်။ တစ်ဖက်လူ၏တို့ဖူးကို စားသုံးနေရသဖြင့်* သူ မလှုပ်ရှားရဲခဲ့ချေ။ သူ၏မျက်နှာက နီမြန်းလာပြီး သူ၏အမြင်အာရုံက ဆုံချက်မဲ့ကာ သူ၏ဒူးက ခုတင်အစွန်းနှင့်ထိမိသွားချိန်မှာ ပက်လက်လှန်လျက် လဲကျသွားခဲ့သည်။
[TN/ တို့ဖူးစားတယ်ဆိုတာ အခွင့်အရေးယူတာကိုပြောတာပါ။]
ဤမြင်ကွင်းက အနည်းငယ်ရယ်စရာကောင်းနေ၏။ ယဲ့စစ်က အခိုက်အတန့်တစ်ခုလောက် ကြောင်အမ်းသွားပြီးနောက် ရယ်မောလိုက်လေသည်။ ဟော့ထင်းလန်ကလည်း ရယ်မောကာ အခွင့်အရေးယူ၍ ခေါင်းငုံ့လာပြီး သူ၏နှုတ်ခမ်းတို့ကို ထိုးဆိတ်လာခဲ့သည်။
ယဲ့စစ်က တစ်ဖန် ရုန်းကန်လိုက်သော်လည်း လက်ဖဝါးကြီးတစ်ဖက်က သူ၏ညအိပ်ဝတ်စုံကိုဖြတ်၍ သူ၏နံရိုးများအပေါ် ဖိကပ်လာ၏။ သူ၏အားနည်းချက်က မည်သည့်နေရာမှာရှိကြောင်း သိနေသည့်အတိုင်း သူ အယားတတ်ဆုံးနေရာဖြစ်သည့် ငါးခုမြောက်နံရိုးအပေါ် တိုက်ရိုက်တိုက်ခိုက်လာခဲ့သည်။
"ဟော့ရှူးရှူ!" ယဲ့စစ်က အော်ဟစ်ရင်း ပုစွန်လေးလို ကွေးနေလေ၏။
အစပိုင်းတွင် သူက အံတင်းတင်းကြိတ်ထားပြီး တိတ်တဆိတ်သည်းခံကာ သူ၏ခန္ဓာကိုယ်ကိုတွန့်လိမ်၍ ကလိထိုးနေသည်အား ရှောင်ရှားနေခဲ့သည်။ သို့သော် ယားယံလာသော ကြွက်သားများက သူ့စိတ်ရှိတိုင်း အောင့်အီးသည်းခံနိုင်မည်မဟုတ်ပေ။ သူ၏အားထုတ်မှုများက အချည်းနှီးဖြစ်သွားပြီး ရယ်မောကာ ပြောလိုက်ရသည်။
"ရပ်၊ ရပ်ပါတော့၊ ဟားဟား၊ ဟော့ရှူးရှူ..."
ပုံမှန်အားဖြင့် သူက အရယ်အပြုံးနည်းသည်။ ပထမဆုံးအနေနှင့် သူက အေးစက်ပြီး သန််မာချင်ယောင်ဆောင်ချင်သောကြောင့် တမင်ပြုမူခဲ့ခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ဟန်ဆောင်ခြင်းက အချိန်တစ်ခုကြာလာသောအခါ မသိလိုက်ပါဘဲ စံနှုန်းအသစ်ဖြစ်လာတတ်သည်။ သူက ဟော့ထင်းလန်ရှေ့မှာ နာခံမှုရှိပြီး နူးညံ့သော်လည်း အပြင်လူများရှေ့မှာ တည်တင်းထားတတ်သော အနှီမျက်နှာလေး၌ အပြုံးတို့သိပ်မရှိပေ။
ထို့ကြောင့် ယခုလိုရယ်မောသည်က ရှားပါးပေ၏။ ပါးချိုင့်ကလေးနှစ်ဖက်နှင့် သွားတန်းညီီညီလေးများကို မြင်တွေ့နေရသည်က အပြာရောင်ကောင်းကင်ထဲမှ တိမ်တိုက်များကို ဖြိုခွင်းလာသော အလင်းတန်းနှယ်။
ဟော့ထင်းလန်က အနည်းငယ်ကြောင်အမ်းသွားပြီး ရုတ်တရက်ဆိုသလို ရှေ့ကိုတိုးကပ်ကာ သူ့ကိုနမ်းလိုက်သည်။
သူ ၎င်းအား အလွန်သဘာကျ၏။ သူက ပျားရည်စက်ကလေးကို စုပ်ယူနေသကဲ့သို့ သူ၏လျှာဖျားလေးကို စုပ်လိုက်လေသည်။
ထိုအနမ်းကို သန့်စင်သည်ဟု ယူဆလို့ရသော်လည်း ပြင်းပြပြီး အလွန်ချစ်မြတ်နိုးဟန်လည်း ပေါ်နေသဖြင့် ယဲ့စစ်မှာ အရင်ကထက် ပိုပြီးရှက်ရွံ့သွားခဲ့သည်။
ဟော့ထင်းလန်၏မျက်လုံးများထဲမှာ သူ့ကိုယ်သူရှုမြင်ပုံနှင့် မကိုက်ညီဘဲ သူက အလွန်နူးညံ့၍ ချစ်စဖွယ်ကောင်းနေခဲ့၏။
သူက သူ၏အပြုံးကို အလျင်အမြန်ဖိနှိပ်ကာ သူ၏ပါးချိုင့်လေးများကို ကွယ်ဝှက်လိုက်သည်။ သူ့ကို ရှက်ရွံ့သွားစေပြီး နှလုံးခုန်မြန်လာစေသော အနှီခံစားချက်ကိုဖျောက်ဖျက်ရန် သူက စနောက်နေသော ဟော့ထင်းလန်၏နံရိုးများကို တန်ပြန်ကလိယားထိုးလိုက်၏။
ဟော့ထင်းလန်က သူ့လက်ကိုဆုပ်ကိုင်ကာ သူ၏ခန္ဓာကိုယ်ကို စတေးထားပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။
"ကိုယ်က မယားတတ်ဘူး။"
"ခင်ဗျား၊ ခင်ဗျား တကယ်ကြီးမယားတတ်ဘူးလား။"
ယဲ့စစ်က မယုံပေ။ မည်သူက မယားတတ်ဘဲနေမည်နည်း။
သူက နောက်တစ်ကြိမ်ကြိုးစားလိုက်ပြီး ဟော့ထင်းလန်က ခေါင်းအုံးပေါ် တစ်ဝက်မှီထားသောအနေထားဖြင့် အပြုံးကို ချိတ်ဆွဲထားခဲ့သည်။
၎င်းမှာ ထိပ်တန်းအယ်ဖာတစ်ယောက်အနေဖြင့် သူ၏ကိုယ်လုံးကိုယ်ပေါက်ကြောင့် ဖြစ်နိုင်ပေ၏။ ယဲ့စစ်က လက်တွေ့စမ်းသပ်ခဲ့သည်။ သာမန်လူများ ယားယံတတ်သည့်နေရာဖြစ်သော လည်ပင်းကြား၊ ထို့နောက် ချိုင်းကြားတို့ကို ထိတွေ့ခဲ့၏။ ဟော့ထင်းလန်က ဖြုံတောင်မဖြုံဘဲ ဆန့်ကျင်ဘက်အနေဖြင့် ယဲ့စစ်၏လက်သည်းလေးများက အပြာရင့်ရောင်ညအိပ်ဝတ်စုံကို ကွဲထွက်သွားစေခဲ့သည်။
စိတ်လှုပ်ရှားမှုကြာင့် သူ၏ခန္ဓာကိုယ်က ချွေးထွက်နေပြီး နွေးထွေးသောအလင်းရောင်က ပျားရည်ရောင်ကြွက်သားများကို နူးညံ့စွာတောက်ပနေစေ၏။ ၎င်းမှာ အလွန်ဆွဲဆောင်မှုရှိသော အမျိုးသားခန္ဓာကိုယ်ဖြစ်ပေသည်။
စနောက်လိုသောစွမ်းအင်က ရုတ်တရက် ပျောက်ကွယ်သွား၏။ ယဲ့စစ်တစ်ယောက် ကံကြမ္မာဆိုးကို ဖိတ်ခေါ်လိုက်မိသလိုမျိုး သူ့လက်ကိုပြန်ရုပ်လိုက်ပြီး သူ၏မျက်နှာက ပိုလို့တောင် နီမြန်းလာခဲ့သည်။
လေထုက လိုက်လျောညီထွေဖြစ်နေ၏။ ဟော့ထင်းလန်က အနားတိုးကပ်ကာ အရက်ပြင်းကို သောက်သုံးနေသကဲ့သို့ သူ့ကို ညင်သာစွာနမ်းလိုက်သည်။
သတိထားနေရင်းကနေ ယစ်မူးလာ၏။
ဟော့ထင်းလန်က သူ၏ချစ်သူလေးကို အသိဉာဏ်အသစ််များ ပေးအပ်ဖို့ ဆုံးဖြတ်လိုက်သည်။
"...ပါးစပ်ဟလိုက် ပေါင်ပေါင်း။"
သူက တောင်းဆိုလိုက်ပြီး ရေကိုစမ်းသပ်လိုက်သည်။
ဟော့ထင်းလန်၏လျှာဖျားလေးက သူ့နှုတ်ခမ်းလွှာကြားထဲကို ပွတ်တိုက်သွားခဲ့သည်။
စိုစွတ်ကာ အနည်းငယ်အေးမြနေ၏။
ယဲ့စစ်က တုန်တုန်ယင်ယင်ဖြင့် အနောက်သို့ဆုတ်သွားခဲ့သည်။
"...ကျွန်တော့်ပါးစပ်ကို ဟရမယ်?"
သူ့ဆီမှ ယခုလိုတုံ့ပြန်မှုကြောင့် ဟော့ထင်းလန်မှာ ပြန်ပေးဆွဲသမားနှင့်တူနေသည်ဟု ခံစားလိုက်ရသည်။
သူက နာမည်ကျော်သိပ္ပံဆောင်းပါးလို လေးနက်သော်လည်း အရှက်မဲ့စွာဖြင့် ယဲ့စစ်၏စာရွက်အဖြူလေးပေါ်ကို ဆေးခြယ်လိုက်၏။
"ကိုယ်တို့လျှာတွေ ထိလို့ရအောင် မင်းရဲ့ပါးစပ်ကိုဟလိုက်၊ အဲ့ဒါကမှ အစစ်အမှန်အနမ်းပဲ..." သူက ဆုံးရှုံးလိုက်ရသလိုမျိုး ပြောလာ၏။ "အရင်ကဟာတွေကို တကယ်ထည့်တွက်လို့မရဘူး။"
နဖူးချင်းထိထားလျက် သူက ရှုပ်ထွေးကာ နီမြန်းနေသောမျက်နှာလေးကိုပင့်ယူ၍ ယဲ့စစ် စိတ်မသက်မသာမဖြစ်စေရန် အရင်ထိတွေ့ပေးခဲ့သည်။ ခပ်ဖွဖွအနမ်းလေးများ၊ အချစ်စကားလေးများနှင့်အတူ နားရွက်လေးကိုဖိချေကာ သူ၏လက်ချောင်းထိပ်လေးများဖြင့် သူ၏နားရွက်ဖျားကနေ မေးရိုးအထိ ပွတ်သပ်ပေးနေခဲ့သည်။
ယဲ့စစ်၏စိတ်အခြေအနေက ကြောက်ရွံ့မှုကနေ ရီဝေခြင်း၊ ထို့နောက်မှာတော့ အာရုံစူးစိုက်မှုမရှိခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲလာကြောင်း တွေ့လိုက်ရသည်... တောနှံပင်ကို အများကြီးရှူသွင်းလိုက်မိသော ကြောင်ကလေးတစ်ကောင်ကဲ့သို့ နာခံမှုရှိစွာဖြင့် သူ၏သွားကြားထဲကနေ လျှာဖျားလေးကိုထုတ်ပေးလာခဲ့သည်။
ရေမျက်နှာပြင်ပေါ်၌ ကြယ်ရောင်လေးတောက်ပနေသလိုပင်။
ဟော့ထင်းလန်က ခေါင်းငုံ့ကာ ချက်ချင်းဖမ်းစားလိုက်လေသည်။
"အွမ်း..."
မိနစ်ပိုင်းအတွင်း ပျစ်နစ်နေသော ပျားရည်တစ်ဇွန်းကဲ့သို့ ပျော့ပျောင်းကာ အဆုံးမရှိဆွဲယူခဲ့လေသည်...
သူ၏လျှာက ထုံထိုင်းသည်ထိ စုပ်ယူခံလိုက်ရသည်။
အချိန်တစ်ခုရောက်သော် ယဲ့စစ်က သူ့ပါးစပ်ကိုအုပ်လိုက်၏။ သူ မည်သူ့ကိုမှ မျက်နှာချင်းမဆိုင်ချင်တော့သလို နီမြန်းလာသော သူ၏မျက်နှာကို ခေါင်းအုံးအပုံကြီးထဲ မြှုပ်နှံလိုက်သည်။
"ကျွန်တော်၊ ကျွန်တော် ထပ်မနမ်းနိုင်တော့ဘူး ဟော့ရှူးရှူ။"
သူက သူ့ညအိပ်ဘောင်းဘီအိတ်ကပ်ကို စမ်းလိုက်ပြီး တစ်စုံတစ်ခုကို ဆွဲထုတ်လိိုက်သည်။
"ကျွန်တော် မနေ့ညက ခင်ဗျားရဲ့အနမ်းတွေကြောင့် ကောင်းကောင်းမအိပ်လိုက်ရလို့ ဒီနေ့ အတန်းထဲမှာ အရမ်းအိပ်ငိုက်နေခဲ့တာ။ အဲ့ဒါကြောင့် ကျွန်တော် ဒါကို... တစ်ဝက်လောက််ထိ ကုန်အောင်စားခဲ့ရတယ်။"
သူက လက်ဖြန့်ပြလိုက်ရာ သူ့လက်ထဲမှာ ပူရှိန်းချိုချဥ်တစ်ဝက်ရှိနေ၏။ အိတ်အခွံပေါ်မှာ 'အေးမြလန်းဆန်းပြီး ဦးနှောက်ကို ချက်ချင်းအေးခဲသွားစေမယ်' ဆိုသည့် ချဲ့ကားလွန်းသောစကားလုံးများကို ရေးသားထားသည်။
ယဲ့စစ်၏မျက်နှာလေးက ရှုံ့တွနေပြီး လိုအပ်ချက်ကြီးသော သူ၏ချစ်သူကို တောက်ပ၍ လူငယ်ဆန်သောအမူအရာဖြင့် ညည်းညူပြလိုက်သည်။
"အဲ့ဒါက၊ အဲ့ဒါက အရမ်းစပ်တယ်။ ဝါဆာဘိထက်တောင်မှ ပိုပြီးပူတယ်..." သူက တစ်လုံးထုတ်ကာ ပြောလိုက်သည်။ "ခင်ဗျား၊ ခင်ဗျား ကျွန်တော့်ကို ထပ်နမ်းမယ်ဆိုရင်၊ ကျွန်တော်..."
ဟော့ထင်းလန်က ရယ်မောလိုက်လေ၏။
ဘာလေးလဲ၊ ဒါက...
အသေခံဗုံးခွဲတိုက်ခိုက်နည်းလား။
အရမ်းချစ်စရာကောင်းတာပဲ။
သူ့အရှေ့မှာ ယဲ့စစ်၏ အေးစက်မာကျောသောအခွံက ပိုပိုပြီးကွာကျကာ ပို၍ရှင်းလင်းလာခဲ့သည်။
သူက အလွန်နူးညံ့နေရုံသာမက သူ့အပေါ် နာခံမှုလည်းရှိခဲ့၏။
သို့သော် သူက ယခုလိုမျိုးလည်း ပူရှိန်းသကြားလုံးလေးကို အသုံးပြု၍ သူ့အား ခြိမ်းခြောက်တတ်သေးသည်... သူ့အရွယ်ကောင်လေးများ၌ ရှိတတ်သော သက်ဝင်မှု၊ တက်ကြွမှုတို့နှင့်ပင်။
ယဲ့စစ်၏ပညာရေးကို ထည့်သွင်းစဥ်းနေခြင်းကြောင့်သာ မဟုတ်ပါက သူ ယခုထက်ပိုပြီး ဆက်သွားလိမ့်မည်ပင်။
သို့သော်ငြားလည်း...
"နားလည်ပါပြီ။"
လူကြီးလူကောင်းဟော့ထင်းလန်က ပူရှိန်းသကြားလုံးကိုယူလိုက်ပြီး ယဲ့စစ်ကို စောင်ခြုံပေးကာ စောင်အနားများကို ဖိပေးခဲ့သည်။ ထို့နောက် မီးပိတ်ကာ ပျော့ပျောင်းစွာပြောလိုက်၏။
"ကောင်းကောင်းအိပ်တော့နော်။ ဝမ်အန်း။"
ယခုတစ်ခေါက်၌ သူ အမှန်တကယ်ကို ဘာမှမလုပ်ခဲ့ဘဲ ယဲ့စစ်ဆီကနေ စင်တီမီတာအနည်းငယ်အကွာမှာ လဲလျောင်းလိုက်၏။
***
Aurora Novel Translation Team
There is No Eng Version