no
အပိုင်း (၃၆) - ချစ်ရသူ
ယဲ့စစ် ထျန်းချန်ကိုယ်ပိုင်ကျောင်းမှာ ဘိတ်ချေးဖြစ်
သည့်အချက်ကို ဟော့မိသားစုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြသည်။
နှစ်တစ်ရာကျော်အမွေဆက်ခံလာခဲ့သော ဤကဲ့သို့ နာမည်ကျော်ကြားကာ မြင့်မြတ်သည့်မိသားစုက အရည်အချင်းမရှိသလို ပညာမတတ်သည့် လူပေါ်ကြော့ကလေးများကို အထင်သေးကြပေ၏။ အလယ်အလတ်မျိုးဆက်များက လူမှုရေးအဆင့်အတန်းနှင့် မိသားစုကျရှုံးခြင်းကို ဆိုလိုပေသည်။ ထို့ကြောင့် 'မိသားစုခေါင်းဆောင်ရဲ့အိမ်ထောင်ဖက်လေးက တုံးအတယ်' ဆိုသည့်အကြောင်းအရာက မိသားစုပိုင်ဆိုင်မှုများကို မက်မောနေသည့် ဆွေမျိုးများကြားမှာ စကားဝိုင်းတစ်ခုဖြစ်လာခဲ့သည်။
စာသင်နှစ်အဆုံးသတ်၌ ယဲ့စစ်၏အဆင့်မှာ တစ်ခါတည်းနှင့် ၁၅၀ လောက်ခုန်တက်သွားကြောင်း သိလိုက်ရသောအခါ လင်ယောင်တစ်ယောက် ထိန်းမထားနိုင်တော့ပေ။ သူ(မ)က တခြားသူများကို ကြွားဝါချင်လွန်းလို့ ရူးမတတ်ဖြစ်နေပြီး ဤကိစ္စလေးကြောင့် သူ(မ)၏ဝမ်းထဲမှ ဒေါသများကို ဖြေဖျောက်ခဲ့လေ၏။
အခါအခွင့်သင့်စွာဖြင့် ဟော့ချန်းယွီ၏မွေးနေ့ကလည်း ဇူလိုင်လမှာဖြစ်ရာ သူ(မ)က လောင်ဟော့ကိုအသုံးချ၍ မိသားစုညစာစားပွဲကြီးကို ပျော်ရွှင်စွာကျင်းပခဲ့သည်။ ပွဲ၏တစ်ဝက်လောက်က မွေးနေ့ပွဲကိုအာရုံစိုက်ပြီး ကျန်တစ်ဝက်က ယဲ့စစ်၏ ပညာရေးတိုးတက်လာမှုကို ဂုဏ်ပြုခြင်းဖြစ်သည်။
"...ရှောင်စစ်၊ မင်းက အရမ်းနှိမ့်ချတာပဲ။ ဘာကို အလယ်အလတ်အဆင့်လဲ။ ထျန်းချန်ကျောင်းနဲ့ သာမန်ကျောင်းတွေရဲ့ အလယ်အလတ်အဆင့်ဆိုတာ တကယ် နှိုင်းယှဥ်နိုင်လို့လား။"
ထမင်းစားပွဲဘေးနားမှာ လင်ယောင်က ယဲ့စစ်၏လက်မောင်းကို ချစ်ခင်စွာဆုပ်ကိုင်ထားပြီး သူ၏ 'အလယ်အလတ်အဆင့်' ဆိုသည့်အယူအဆကို အတိအလင်းငြင်းဆိုလိုက်သည်။
"ပြီးတော့ မင်းက အမေ့ကိုပြုစုဖို့ ကျောင်းကနေ တစ်နှစ်ကျော်တောင်အနားယူခဲ့တာလေ။ ခြောက်လတည်းနဲ့ တစ်နှစ်ကျော်ကြိုးစားရမဲ့တိုးတက်မှုကို လုပ်နိုင်ခဲ့တာ။ မင်းရဲ့တိုးတက်မှုနှုန်းက အနာဂတ်မှာ ပိုပြီးမြန်လာမှာပဲ။ မင်းကြိုးစားလေလေ ဘာပြသာနာမှမရှိဘဲ ထိပ်ဆုံးအဆင့် ၃၀ အတွင်း၊ ဒါမှမဟုတ် ၅၀ အတွင်း အေးအေးဆေးဆေးဝင်နိုင်လိမ့်မယ်။ ထင်းလန်၊ မင်းရောအဲ့လိုမထင်ဘူးလား။"
ဟော့ထင်းလန်က တူများကိုသုံး၍ ယဲ့စစ်၏ပန်းကန်ထဲသို့ အစားအသောက်များထည့်ပေးနေ၏။ ၎င်းအားကြားလိုက်ရသောအခါ သူက ယဲ့စစ်၏သင်ယူနိုင်စွမ်းကို အတည်ပြုပေးလိုက်သည်။
"အင်း၊ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။"
သူက ပြောနေရင်းဖြင့် ယဲ့စစ်ကိုကြည့်ကာ နူးညံ့စွာနှစ်သိမ့်လိုက်သည်။
"ဒါပေမဲ့ ရှောင်စစ်က အဆင့်သတ်မှတ်ချက်တွေအတွက် အရမ်းကြီး ဖိအားပေးနေစရာမလိုပါဘူး..."
သူ့ကိုယ်သူအတွက် တင်းကျပ်သောလိုအပ်ချက်များကို ချမှတ်ဖို့မလိုအပ်ပေ။
ကနဦးတုန်းက သူ ယဲ့စစ်အပေါ် ဖိအားများကို လျှော့ချပေးချင်ခဲ့သော်လည်း ယဲ့စစ်က သူ၏အကြီးအကဲများဆီကနေ လွန်လွန်ကျူးကျူး ချီးကျူးခံရပြီး မျှော်လင့်ချက်များအထားခံရသဖြင့် ဂုဏ်ယူဝံ့ကြွားသွားလေ၏။ ဟော့ထင်းလန်စကားမဆုံးခင် သူက လင်ယောင်ကို ကြိမ်ဖန်များစွာခေါင်းညိတ်ပြလိုက်ပြီး စစ်မိန့်ကိုနာခံသလို ပြန်ပြောလိုက်လေသည်။
"ကျွန်တော် ပို၊ ပိုကြိုးစားပါ့မယ်။ အထက်တန်း တတိယနှစ်ရဲ့ ဒု၊ ဒုတိယမြောက်စာသင်နှစ်မှာ... ကျွန်တော် ထိပ်ဆုံး ၃၀ အတွင်း သေချာပေါက်ဝင်စေရမယ်!"
သူ၏လမ်းကို မည်သူကမှပိတ်ဆို့လို့မရပေ။
ဟော့ထင်းလန်က ပြုံးလိုက်၏။
"ဟုတ်တာပေါ့။"
လင်ယောင်၏မိခင်မေတ္တာများက ယိုဖိတ်လာပြီး ညင်သာစွာပြုံးလိုက်သည်။ သူ(မ) တစ်စုံတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာဆက်ဆံခြင်းက ရှားပါးသော်လည်း သူ(မ)က ဗုဒ္ဓဘုရားနံရံကိုခုန်ကျော်ခြင်း*၏အဖုံးလေးကိုဖွင့်ကာ ပြောလိုက်သည်။
"ရှောင်စစ်၊ စွပ်ပြုတ်ကို အရင်မြည်းကြည့်လိုက်၊ အဲ့ဒါက အေးသွားရင် ကောင်းမှာမဟုတ်ဘူး..."
[TN/ စည်းကမ်းတင်းကျပ်ပြီး သက်သတ်လွတ်စားတဲ့ဘုန်းကြီးက ဘုရားကျောင်းနံရံကိုခုန်ကျော်ပြီး အသားဟင်းသွားစားတာကိုပြောတာပါ။ ဒီနားမှာ လင်ယောင်က ပုံမှန်အမူအကျင့်တွေကို ချိုးဖျက်လိုက်တယ်လို့ဆိုလိုပါတယ်။]
ဤကလေးက အလွန်လိမ္မာရေးခြားရှိကာ လူတိုင်း သူ့ကိုသဘောကျသွားစေနိုင်သည့် ရှားပါးသော အပြစ်ကင်းစင်မှုလေးရှိနေ၏။ လွန်ခဲ့သည့်လအနည်းငယ်အတွင်း သူ(မ)သား၏သဘောထားက ကြီးကြီးမားမားပြောင်းလဲကာ ဤပုဂ္ဂိုလ်လေးကို သူ၏နှလုံးသားကဲ့သို့ ကာကွယ်နေပုံမှာ အံ့သြစရာမရှိတော့ပေ။
သူ့မှာ ချို့ယွင်းချက်က တစ်ခုတည်းသာရှိသည်။
ဤကလေးက စကားပြောသောအခါ... ချောမွေ့မနေချေ။
ယနေ့ခေတ်မှာ စကားထစ်ခြင်းကို ပြုပြင်ပေးရန်က မခက်ခဲပေ။
လင်ယောင်က စွပ်ပြုတ်ကို တစ်ဇွန်းသောက်လိုက်ပြီး ထိုကိစ္စကိုပြောရန် ပွဲအခမ်းအနားပြီးသွားဖို့ကို စောင့်ဆိုင်းနေလေ၏။ သို့သော် ထိုကိစ္စကိုတွေးကြည့်ပြီးနောက် ထိုကဲ့သို့စကားကို ကြားလိုက်ရခြင်းက ကလေးအား နာကျင်သွားစေမည်စိုးသဖြင့် လက်ရှိအချိန်မှာ သူ(မ)၏အတွေးများကို ဖိနှိပ်ထားဖို့ဆုံးဖြတ်လိုက်သည်။
မိသားစုညစာစားပွဲက သုံးနာရီနီးပါး ကြာမြင့်ခဲ့သည်။
ညစာစားနေစဥ်အတွင်း မွေးနေ့ရှင်ကြယ်ပွင့်ဖြစ်သည့် ဟော့ချန်းယွီက လင်ယောင်ဆီကနေ တိုက်တွန်းခံလိုက်ရသဖြင့် ယဲ့စစ်၏ပညာရေးတိုးတက်မှုအတွက် ဂုဏ်ပြုကာ အရက်ခွက်မြှောက်လိုက်လေသည်။ ယဲ့စစ်ကလည်း မသောက်လျှင် မလေးစားရာရောက်မည်စိုး၍ အနီးနားကစားပွဲထိုးကို သူ့အတွက် ဝိုင်အနည်းငယ်ငှဲ့ခိုင်းလိုက်ပြီးနောက် ထရပ်ကာ တစ်ကျိုက်တည်းသောက်လိုက်၏။
ဝိုင်က အေးအေးလေးနှင့် အရသာရှိပြီး အရက်ပါဝင်မှုနှုန်း မြင့်မားသည့်ပုံပင်။ ယဲ့စစ် မကောင်းသည့်ခံစားချက်ကို ရလိုက်လေ၏။
ဝိုင်သောက်ပြီး ပြန်ထိုင်လိုက်ချိန်မှာ ဟော့ထင်းလန်က သူ၏ဝိုင်ခွက်ကို မျက်လုံးများမှေးကျဥ်း၍ကြည့်နေကြောင်း တွေ့လိုက်ရချိန်မှာ ယဲ့စစ်တစ်ယောက် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သေချာသွားတော့၏။
သေချာပေါက်ကိုပင် ဝိုင်က ဦးခေါင်းထဲထိ လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။
လင်ယောင်က ဟော့မိသားစုများရှေ့မှာ ဟော့ချန်ယွီ၏အမေ သူ(မ)ကိုပေးခဲ့သော ကျောက်စိမ်းလက်ကောက်ကို ထုတ်ယူလိုက်ပြီး မိသားစု၏ဓလေ့ထုံးတမ်းအရ လက်ရှိမိသားစုခေါင်းဆောင်၏ခင်ပွန်းလေးကို လက်ဆင့်ကမ်းခဲ့ချိန်မှာ ယဲ့စစ်တစ်ယောက် မူးနေပြီဖြစ်၏။
ကံကောင်းစွာဖြင့် သူက အပြုအမူကောင်းသော အမူးသမားလေးဖြစ်သည်။ သူ၏မှိုင်တွေနေသော မျက်ဝန်းများကြောင့်သာမဟုတ်ပါက မူးနေပြီဟုပြောဖို့ ခက်ပေလိမ့်မည်။ လင်ယောင်က သူ့ကိုစကားပြောလာချိန်မှာ သူက လည်ချောင်းသံပြုလိုက်သည်။
လင်ယောင်ကလည်း သူ့ကို ယခုလောက်ထိမူးသွားမည်ဟု ထင်မထားခဲ့ပေ။ သူ(မ)၏နှုတ်ခမ်းထောင့်များက အထက်သို့ကွေးညွတ်သွားပြီး ပြန်ကိုကျမလာတော့ချေ။ 'အမျိုးသားဆို ဘယ်၊ အမျိုးသမီးဆို ညာ' ဖြစ်ရာ သူ(မ)က ယဲ့စစ်၏ ဘယ်ဘက်လက်ကလေးကိုယူကာ ကျောက်စိမ်းလက်ကောက်ကို ဝတ်ပေးလိုက်သည်။
ရှားရှားပါးပါးအားလပ်ရက်လေးဖြစ်ရာ ယဲ့စစ်က ဤနေရာမှာ ရက်အနည်းငယ်နေကာ သူ(မ)ကိုအဖော်ပြုပေးမည်ဟု ညစာစားပွဲမပြီးသေးခင် လင်ယောင်ကို ကတိပေးခဲ့သည်။
ညစာစားပွဲပြီးနောက် ဟော့ထင်းလန်က ညလေပြည်ကိုခံစားဖို့ သူ့ကို ပွဲဲကနေခေါ်ထုတ်ကာ အသိစိတ်ပြန်ကပ်ရန် လမ်းခဏလျှောက်ပြီး ဥယျာဥ်ကိုဖြတ်၍ ပင်မအိမ်ဆီ ပြန်လာခဲ့သည်။
ဥယျာဥ်မှူးများက ညဘက်ဆိုအနားယူရာ ဥယျာဥ်ထဲမှာ တိတ်ဆိတ်နေ၏။ ယဲ့စစ်က ဝိုင်ဖြင့် လှုံ့ဆော်ခံထားရပြီး သူ့အရှေ့ကနေ စွဲမက်ဖွယ်အမူအရာဖြင့် တက်တက်ကြွကြွလမ်းလျှောက်နေရင်း ခြေလှမ်းများက ပို၍သွက်လာခဲ့သည်။ လင်ယောင်က ပန်းအလှဆင်ခြင်းကို သဘောကျရာ ဥယျာဥ်ထဲမှာ ထူးခြားသောပန်းပင်များစွာရှိပေ။ ယဲ့စစ်က စပ်စုတတ်သောကြောင်ပေါက်လေးလို ဟိုအပင်၊ ဒီအပင်ကို တို့ထိနေတတ်သည်။ ဟော့ထင်းလန်က သူ၏ကုတ်အင်္ကျီကို လက်ဖျံပေါ်တင်ထားပြီး အပြုံးလေးဖြင့် သူ့အနောက်ကနေလိုက်နေခဲ့၏။
နှစ်ဦးသား ပန်းနံရံကို ကျော်ဖြတ်သွားချိန်မှာ ဟော့ထင်းလန်က နံရံထိပ်ကိုမော့ကြည့်ကာ လက်မြှောက်လိုက်ပြီး ယဲ့စစ်ကိုခေါ်လိုက်သည်။
"ရှောင်စစ် ကြည့်လိုက်..."
ညမိုးချုပ်နေပြီး ဥယျာဥ်ထဲမှမီးများအားလုံးကို ဖွင့်ထားရာ ပန်းနံရံပေါ်မှ ကောင်းမွန်သောအရာလေးများကို တောက်ပစွာရောင်ပြန်ဟပ်နေခဲ့သည်။
ရှားပါးနှင်းဆီအမျိုးအစားပင်။
ပွင့်ချပ်များက တောက်ပသော ရွှေဝါအနီရောင်ကနေ ခရင်မ်အရောင်သို့ကူးပြောင်းသွားပြီး ပန်းအစစ်များနှင့်မတူပေ။ ၎င်းကို ဓါတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်လိုက်ပါက ပြင်ထားသည့်ဓါတ်ပုံဟု အပြောခံရဖို့ ရာနှုန်းမြင့်ပေ၏။
လက်ရှိအပူချိန်က နုနယ်ပြီး အဖိုးတန်လှသောပန်းအမျိုးအစားများကို ပျိုးထောင်ဖို့အတွက် မသင့်တော်ပေ။ အကြောင်းတချို့ကြောင့် ဤအပင်က ဇွဲနပဲကြီးစွာဖူးပွင့်နေခဲ့သည်။
ယဲ့စစ်က ခေါင်းမော့ကာ တရုတ်ဆီးသီးအစေ့လိုမျက်ဝန်းများဖြင့် ကြည့်လိုက်၏။
"လှလား။"
ဟော့ထင်းလန်က သူ့ကို စိတ်ဝင်တစားကြည့်ကာ မေးလိုက်သည်။
သူက ယဲ့စစ်ဆီမှ အပြစ်ကင်းစင်သော အံ့သြသင့်သည့်အမူအရာလေးကိုထုတ်ယူဖို့ ပန်းလေးကို ညွှန်ပြလိုက်၏။
"လှတယ်။" ယဲ့စစ်က မျက်တောင်ခတ်လိုက်သည်။ "ဟော့ရှူးရှူ အဲ့ဒါကို သဘောကျလား။"
"ကိုယ်သဘောကျတယ်။" ဟော့ထင်းလန်က ပန်းနံရံကို လေးလေးနက်နက်ကြည့်ရင်း ပြန်ဖြေလိုက်၏။
ရလဒ်အနေဖြင့် ယဲ့စစ်တစ်ယောက် သူ၏အင်္ကျီလက်များကိုပင့်တင်ကာ ပန်းနံရံဆီ တဟုန်ထိုးတိုးကပ်သွားခဲ့သည်။ နွယ်ပင်များကြားမှာ ပေါ်နေသော အဖြူအနီအုတ်ခဲများပေါ်နင်း၍ ခုန်လိုက်လေ၏။ သူ၏ညာဘက်လက်က ၃.၅ မီတာမြင့်သော နံရံ၏ထိပ်ဆုံးကို မြဲမြံစွာဆုပ်ကိုင်ကာ ဘယ်ဘက်လက်က နှင်းဆီပန်းကိုခူးလိုက်ပြီး အောက်ကိုပြန်ဆင်းလာခဲ့သည်။
သူ၏ဘယ်ဘက်လက်မှာ ကျောက်စိမ်းလက်ကောက်လေးကို ဝတ်ဆင်ထားဆဲပင်။
ဤကျောက်စိမ်းလက်ကောက်ကို လေလံဆွဲလျှင် သန်းဆယ်ချီအထိ ရနိုင်သော်လည်း သူ၏မသိနားမလည်မှုနှင့် အရက်မူးနေခြင်းတို့ကြောင့် လက်ကောက်က အထက်အောက်လှုပ်ရှားသွားခဲ့သည်။
သူနှင့် မဆုံဖူးသည့်လူတိုင်းက သူ့ကို မိသားစုတစ်ခုမှ အလိုလိုက်ခံထားရသော စည်းကမ်းမရှိသည့်သခင်ငယ်လေးဟု ထင်ကြလိမ့်မည်ပင်။
ဟော့ထင်းလန် သူ၏စိတ်အခြေအနေကို မသိသော်လည်း ရုတ်တရက် ပြုံးလိုက်မိသည်။
ယဲ့စစ်က မြေပြင်ပေါ် မြဲမြံစွာရပ်လိုက်သည်။ သူက အရက်မူးကာ စိတ်များထွေပြားနေသော်လည်း စောစောတုန်းက သူ၏လုပ်ရပ်များမှာ မိမိုက်နေကြောင်း သဘောပေါက်ပေ၏။ သို့သော်လည်း ၎င်းက သူသဘောကျနေသည့်လူ၏နှလုံးသားကို လှုပ်ခတ်သွားနိုင်မလားအား သေချာမသိပေ။ ဟော့ထင်းလန်က သူ့ကို ပြုံးပြီးကြည့်နေကြောင်း မြင်လိုက်ရသောအခါ သူ၏ရှက်ရွံ့မှုများနှင့်အတူ ဂုဏ်ယူဝံ့ကြွားမှုလေးက ပေါ်ပေါက်လာပြီး ဟော့ထင်းလန်အား ပန်းပေးရင်း တီးတိုးပြောလိုက်၏။
"ခင်ဗျား သဘောကျ၊ သဘောကျတယ်ဆိုရင် ခင်ဗျားကိုပေးမယ်။"
သူက မိမိချစ်သူကို စိတ်ချမ်းသာစေရန် ကြိုးစားနေသော လူငယ်တစ်ဦးဖြစ်သည်။
သူ၏ချစ်သူလေးက သူအချစ်ဆုံးလူဖြစ်ပေ၏။
ဟော့ထင်းလန်၏နှလုံးသားက ကမောက်ကမဖြစ်သွားပြီး လက်ဆန့်ထုတ်ကာ နှင်းဆီပန်းကိုယူမလိုဟန်ဆောင်လိုက်သော်လည်း အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ယဲ့စစ်၏လက်ကို ထိတွေ့လိုက်သည်။
သူက ယဲ့စစ်၏လက်ဖမိုးလေးကို တပ်မက်စွာပွတ်သပ်ကာ လမင်းကဲ့သို့ဖြူဖွေးနေပြီး ဟော့မိသားစု၏ 'ချွေးမ' သာလျှင် ပိုင်ဆိုင်နိုင်သည့် အစိမ်းရောင်လေးဖြင့်ရစ်ပတ်ထားသော ပါးလျသော်လည်း သန်မာသောလက်ကောက်ဝတ်လေးဆီ ရွှေ့သွားခဲ့သည်။
ဇနီးလေး။
ယဲ့စစ်က ထိုကဲ့သို့လိင်ပြောင်းပြန်ဘွဲ့နာမည်များကို မကြားဝံ့ပေ။
သူက အိုမီဂါအဖြစ် ကွဲပြားသွားခဲ့ပြီး ဂလင်းအဆင့်မှာ 'အမျိုးသမီး' လိင်ရှိရာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရ 'အမျိုးသား' သဘာဝက သူ၏ အထိခိုက်မခံသောအရာဖြစ်လာခဲ့သည်။ သူက ထိုအရာများနှင့်ပတ်သက်ပြီး ဟာသလေးတစ်ခုကိုတောင် သည်းမခံနိုင်ဘဲ အလွန်ထိရှလွယ်သည်။
ထိုသို့ဖြစ်လာပါက သူ ဟော့ထင်းလန်ကို ဒေါသထွက်မည်မဟုတ်သော်လည်း ယောက်ျားသိက္ခာကျသည့် ကံဆိုးသွားသောအမျိုးသားတစ်ယောက်လို အချိန်အတော်ကြာသည်အထိ မရွှင်မလန်းဖြစ်ကာ သူ၏စွမ်းအင်များ ပျောက်ဆုံးနေလိမ့်မည်။ ထို့ကြောင့် ဟော့ထင်းလန်က ထိုကဲ့သို့စနောက်မှုမျိုးကို တစ်ကြိမ်သာလုပ်ခဲ့ပြီး ပြောပြီးပြီးချင်းနောင်တရကာ သူ၏လူကြီးလူကောင်းလေးကို အချိန်အကြာကြီးပွေ့ဖက်၍ ချော့မြှူခဲ့သည်။ သူ သေသည်အထိရိုက်နှက်ခံရလျှင်တောင် ဒုတိယအကြိမ်လုပ်မှာမဟုတ်တော့ပေ။
သို့သော် ထိုကဲ့သို့နာမ်စားက အမှန်တကယ်နှိုးဆွပေးနိုင်ပြီး အသံတိတ်ပါးစပ်လှုပ်လိုက်ရုံနှင့်တောင် သူ့ကို လောင်ကျွမ်းစေနိုင်သည်။
"ဟော့ရှူးရှူ..."
အနှီထိတွေ့မှုက အလွန်ထူးဆန်း၏။ ၎င်းက ပုံမှန်မဟုတ်ပေ။ ယဲ့စစ်မှာ အလွန်ရှက်ရွံ့ကာ သူ့လက်ကိုပြန်ရုပ်ချင်ခဲ့သော်လည်း ဟော့ထင်းလန်က ပန်းလေးကိုယူသွားမည်ကိုလည်း မျှော်လင့်နေသည့်အတွက် ရွေးချယ်စရာမရှိဘဲ အကျပ်ရိုက်ကာ တစ်ဖက်လူစိတ်တိုင်းကျ လွှတ်ထားပေးခဲ့သည်။
"အခန်းထဲပြန်သွားရအောင်။"
နောက်ဆုံးတော့ ဟော့ထင်းလန်က နှင်းဆီပန်းကိုယူကာ ယဲ့စစ်၏လက်ကလေးကို သူ့လက်ထဲဆုပ်ကိုင်လိုက်ပြီး ၎င်းတို့၏အခန်းဆီသို့ အလျင်အမြန်ဆွဲခေါ်သွားခဲ့သည်။
၎င်းတို့နေရမည့်အခန်းကို ကြိုတင်ပြင်ဆင်ထားပြီး ယဲ့စစ်တစ်ယောက် သူ့ဆီကနေ အဖိခံလိုက်ရ၏။ နှစ်ဦးသား၏ နီမြန်းနေသောမျက်နှာ၊ ပူလောင်နေသောနားရွက်များက အချင်းချင်းပွတ်တိုက်နေပြီး ဟော့ထင်းလန်က ယဲ့စစ်၏ဘယ်ဘက်လက်ကို ပွတ်သပ်ခဲ့သလိုမျိုး သူ၏ခေါင်းအစခြေအဆုံးကို ထိုသို့လုပ်နေခဲ့သည်။
ယဲ့စစ်တစ်ယောက် တဖြောင့်တည်းမရှိနိုင်တော့တဲ့အထိ သူ့ဆီကနေ ပွတ်သပ်ခံနေရသည်။ အရက်မူးကာ နီးမြန်းနေသောမျက်ဝန်းများနှင့်အတူ သူ ခုခံဖို့တောင်အားမရှိတော့ဘဲ အားနည်းသောညည်းညူသံကို ထုတ်လွှတ်လိုက်လေ၏။
လက်ရှိမှာ နှစ်ဦးသားသွားနိုင်သည်က ဤအဆင့်ထိသာ။
"ဒီနားမှာ..." ဟော့ထင်းလန်က ထရပ်ကာ ယဲ့စစ်၏ဝမ်းဗိုက်လေးကို အုပ်ကိုင်လိုက်သည်။ အေးမြသော လီနင်အဝတ်စပေါ်မှာ သူ၏လက်ဖဝါးကြောင့် နွေးထွေးသွားခဲ့၏။ သူ၏လည်စလုတ်က အထက်အောက်လှုပ်ရှားသွားပြီး တိုးတိုးလေးမေးလိုက်သည်။ "ဖွံ့ဖြိုးလာပြီလား။"
ယဲ့စစ်က ရှုပ်ထွေးစွာဖြင့် မေးလိုက်လေ၏။ "ဘာ၊ ဘာက ဖွံ့ဖြိုးတာလဲ။"
အနှီပြားချပ်ချပ်ဝမ်းဗိုက်ထဲမှာ...
သားအိမ်လေးက မည်မျှဖွံ့ဖြိုးလာကြောင်း သို့မဟုတ် တစ်သက်တာအမှတ်အသားကို ခံနိုင်ရည်ရှိသည်အထိ ကြီးထွားလာပြီလားကို သူမသိပေ။
ဤသည်မှာ ဂလင်းများနှင့်ကွဲပြား၏။ ထိတွေ့မှုအာရုံနှင့် သာမန်မျက်စိဖြင့် အကဲဖြတ်ရန် နည်းလမ်းမရှိသောကြောင့် သူ ယဲ့စစ်၏ကိုယ်ပိုင်အသိ သို့မဟုတ် ဆေးရုံသို့သွားကာ တိုက်ရိုက်စစ်ဆေးမှုခံယူခြင်းတို့ကိုသာ အားကိုးနိုင်လိမ့်မည်။
၎င်းကို အတည်မပြုခင်အထိ သူ ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် ယဲ့စစ် အရက်မူးပြီး ရီဝေနေတာကို အခွင့်ကောင်းယူလိုက်ခြင်းက... ခွင့်လွှတ်နိုင်စရာမရှိချေ။
နှစ်ဦးနှစ်ဖက်လုံး အသိစိတ်ရှိနေမှ ဆက်ဆံရေးတစ်ခုမှာ အောင်မြင်မှုရရှိနိုင်သည်ဟု သူယုံကြည်ထားသည်။
ယဲ့စစ် အရက်နာကျကာ ခေါင်းကိုက်နေမည်ကို စိုးရိမ်သဖြင့် ဟော့ထင်းလန်က အမူးပြေစွပ်ပြုတ်နှင့် ပန်းအိုးလေးတစ်လုံးယူလာပေးဖို့ တစ်စုံတစ်ယောက်ကို တောင်းဆိုလိုက်သည်။
သူက နှင်းဆီပန်းကို ပန်းအိုးထဲထည့်ကာ ယဲ့စစ်ကို အမူးပြေစွပ်ပြုတ်တိုက်လိုက်ပြီးနောက် အနှီကြောင်ပေါက်လေးကို အဝတ်လဲကာ ဆေးကြောသန့်စင်၍ သူ့ရင်ခွင်ထဲအိပ်စက်ဖို့ ချော့မြှူခဲ့သည်။ သူက တမင်တကာ ညွှန်ကြားချက်မပေးထားရာ အစေခံက အခန်းကိုရှင်းထားသော်လည်း စောင်တစ်ထည်တည်းသာ ထားပေးထားခဲ့သည်။ ဤသို့ဖြင့် သူက စောင်ကိုဖြန့်ကာ ယဲ့စစ်နှင့်အတူ စောင်တစ်ထည်တည်းအောက်မှာ ပျော်ရွှင်စွာအိပ်စက်ခဲ့လေသည်။
သက်တောင့်သက်သာရှိသော တက်ကီလာရနံ့နှင့် နှင်းဆီပန်းရနံတို့က တိတ်ဆိတ်သောညအလယ်မှာ ထွက်ပေါ်နေခဲ့သည်။
ထိုနေ့က ရုပ်ပိုင်းဆိုင်ရာအထိအတွေ့များ များပြားလွန်းပြီး အိပ်ရာတစ်ခုတည်းမှာ အချင်းချင်းပွေ့ဖက်ကာ အိပ်စက်ခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေ၏...
မနက်သုံးနာရီအချိန်မှာ ယဲ့စစ် အိပ်မက်လှလှမက်ကာ နိုးလာခဲ့သည်။
သူ အရင်တစ်ခေါက်ကလို ဟော့ထင်းလန်ကို အိပ်မက်မက်ခဲ့၏။ [TN/ နွေဦးအိပ်မက်ပါ (≧▽≦)]
သူ၏လည်ပင်းအနောက်က ပူလာပြီး ချိုမြိန်ပြီး စေးကပ်သော ဗနီလာနံ့က အခန်းထဲမှာပြည့်နှက်ကာ သူ၏နှလုံးသားက အရိုင်းဆန်စွာခုန်ပေါက်နေခဲ့သည်။
လက်ရှိမှာ သူ အရက်မူးပြေနေပြီဖြစ်၏။
အနည်းငယ်မူးနေလျှင်တောင် သူ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိလိုက်ချိန်မှာ ထိတ်လန့်သွားခဲ့သည်...
ယဲ့စစ် ပို၍အသိစိတ်ကပ်လာပြီး ၎င်းတို့က အိမ်မှာမဟုတ်ဘဲ ဟော့ထင်းလန်၏မိဘအိမ်ကိုရောက်နေကြောင်း သတိပြုမိသွားခဲ့သည်။ ဤဖြစ်ရပ်ဆိုးက နှစ်ဆတောင် ကံဆိုးလာခဲ့လေသည်။
ယဲ့စစ် နှုတ်ခမ်းများဖြူဖျော့သွားသည်အထိ နှုတ်ခမ်းကိုက်လိုက်ပြီး စောင်ကို ခိုးကြောင်ခိုးဝှက် မ'ကြည့်လိုက်လေသည်။
သူ ချွေးများစိုရွှဲလာပြီး... အိပ်ရာခင်းပေါ်မှာ စိုစွတ်နေသောအမှတ်အသားများ ရှိနေခဲ့သည်။
"..."
သူတော့ သွားပြီ။
သူ သေပဲသေလိုက်ချင်တယ်။
***
Aurora Novel Translation Team
There is No Eng Version