no

အပိုင်း (၁၇) - စကားမတည်ဘူး


မရင့်ကျက်သေးသော အိုမီဂါဂလင်းများက တစ်နာရီလောက် ပြင်းအားမြင့်သောဖယ်ရိုမုန်းများကို ထုတ်နေခဲ့သည်။ ၎င်းတို့က နာကျင်ကာ ပင်ပန်းနေပြီဖြစ်ပြီး သူ၏ခြေလက်များကလည်း ခန်းခြောက်သွားသကဲ့သို့ အားမရှိတော့ပေ။


...သူ၊ သူ လိုချင်နေတုန်းပဲလား!


ယဲ့စစ်တစ်ယောက် မှင်တက်သွား၏။ ဤအကျပ်အတည်းကို ကျော်ဖြတ်ရန်မှာ ရှည်ကြာလွန်းလှသည်။


အသိုက်လေးကို စောင့်ကြည့်နေသော ကောက်ကျစ်သည့် သိမ်းငှက်တစ်ကောင်ကဲ့သို့ သားပေါက်လေးမှာ အသိုက်ထဲကထွက်ရန် ချော့မြှူခံလိုက်ရပြီး သူ ထွက်လိုက်သည်နှင့် သူ့မှာ ပုန်းနေစရာနေရာမရှိတော့ပေ။


ယဲ့စစ်၏စိတ်ထဲ ကမောက်ကမဖြစ်နေ၏။ သူ ခြောက်ကပ်စွာတံတွေးမျိုချလိုက်ပြီး တည်ငြိမ်စေဖို့ ကြိုးစားလိုက်သည်။


"ကျွန်တော့်အိမ်စာတွေ မ၊ မပြီးသေးဘူး။ မေးခွန်းလွှာတစ်စုံကျန်သေးတယ်။"


သူ သူ၏စာလေ့လာခြင်းကို ဒိုင်းသဖွယ်အသုံးပြုလို့ရသည်။


စာလေ့လာခြင်းက သူ၏ထိပ်တန်းဦးစားပေးပင် - သူ့ကို ဆုံးမခဲ့ချိန်တုန်းက ဟော့ထင်းလန်ကိုယ်တိုင် ထိုသို့ပြောခဲ့သည်။


သူ သူ့စကားကို ပြန်ရုပ်သိမ်းကာ rut ကာလ၏ ရောဂါလက္ခဏာများကုသမှုကို ရပ်ဆိုင်းချင်တာမဟုတ်ပေ။ သူက တစ်နာရီ၊ နှစ်နာရီလောက် အသက်ရှူပြီး တည်ငြိမ်ချင်ရုံသာ။ သူ သေလုနီးပါးပဲ... ဘာမှားသွားမှန်း မသိသလို၊ အဘယ့်ကြောင့်အလုပ်မဖြစ်ခဲ့မှန်းလည်း သူ မသိချေ။ သို့သော် ဤသည်မှာ... သေတော့မလိုပင်။


"ကိုယ်သိပါတယ်။"


ဟော့ထင်းလန်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏မျက်လုံးများက အဓိပ္ပါယ်ခွဲခြားလို့မရသောစိတ်ခံစားချက်များနှင့် မည်းနက်နေ၏။


"ကျွန်တော် သိပ်မကြာခင် နှစ်လယ်စာမေးပွဲဖြေရတော့မှာ။ ကျွန်တော်၊ ကျွန်တော် အပျင်းတစ်နေလို့မရဘူး။"


"အင်း။"


၎င်းက ရှင်းပြလို့မရစွာဖြင့် အကျိုးကြောင်းသင့်နေ၏။


"ကျွန်တော် အရင်ဆုံး... စာသွားလုပ်လိုက်ဦးမယ်။"


ယဲ့စစ်တစ်ယောက် စိတ်ထဲမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။


"အင်း။"


ယင်းက လွယ်ကူသောညှိနှိုင်းမှုပင်။


...


ဆယ်မိနစ်ကြာပြီးနောက်။


စားပွဲပေါ်မှာ ရူပဗေဒမေးခွန်းလွှာကို ဖြန့်ထား၏။ ယဲ့စစ်က နဖူးကိုလက်ဖဝါးဖြင့်ထောက်ကာ စားပွဲမှာထ်ိုင်နေခဲ့သည်။ သူ၏ရှက်ရွံ့မှုကို ဖျောက်ဖျက်ရန် အနက်ရောင်ဆံပင်တချို့ကို သူ့လက်ချောင်းများကြားမှာ စုကိုင်ထားပြီး ဦးခေါင်းကို ငုံ့ထားလွန်းလို့ သူ၏နှာခေါင်းထိပ်လေးကတောင် မေးခွန်းလွှာနှင့် ထိမိလုနီးပါးပင်။


ဆုံလည်ကုလားထိုင်ကြီးက လူနှစ်ယောက်ထိုင်လို့ရရုံမျှသာကျယ်၏။


သူ့အနောက်မှာ ဟော့ထင်းလန်က ဖြောင့်တန်းသောခြေတံရှည်နှစ်ချောင်းကို ဖွင့်ဟကားထားပြီး သူ့အား မြဲမြံစွာညှပ်ထား၏။ သူ၏လက်နှစ်ဖက်က သွယ်လျသော ယဲ့စစ်၏ခါးနှင့် ဝမ်းဗိုက်ကို ရစ်ပတ်ကာ သူ့အား လှုပ်ရှားလို့မရအောင် ပြုလုပ်ထားလေသည်။


ဟော့ထင်းလန်က သူ့ကို စာဖတ်ခန်းထဲလာပြီး သူ့အိမ်စာများကို လုပ်ခွင့်ပေးခဲ့သည်။


သို့သော် ယခုလိုနည်းလမ်းမျိုးဖြင့် စာရေးသားရလိမ့်မည်ဟု မည်သူကမှစိတ်ကူးမိမည်မဟုတ်ပေ။


အရွယ်ရောက်ပြီးသား ရင့်ကျက်သောအယ်ဖာ၏ ကိုယ်နေဟန်ထားက ရှည်လျားဖြောင့်စင်းနေပြီး အလယ်မှာ ကွဲပြားမှုပြောင်းလဲသွားသည့် ယဲ့စစ်က သွယ်လျပိန်ပါးသည်။ ဟော့ထင်းလန်၏ရင်ခွင်ထဲမှာ လုံးဝပိတ်မိနေပြီး သူ မည်မျှကြိုးစားနေပါစေ၊ ပြောင်းလဲမှုမရှိချေ။ သူက ကူကယ်ရာမဲ့နေပုံသာပေါ်သည်။


သူ စောစောတုန်းက ခွင့်ပြုချက်ရခဲ့သဖြင့် ကျန်နေသေးသောမေးခွန်းလွှာကို လက်စသတ်နိုင်မည်ဟုထင်နေခဲ့ပြီး သူ့သတိကို လျှော့ချထားခဲ့သည်။ မမျှော်လင့်စွာဖြင့် သူ စာဖတ်ခန်းထဲဝင်လိုက်သည်နှင့် ဟော့ထင်းလန်က စကားတစ်ခွန်းမဆိုဘဲ တံခါးပိတ်ကာ သူ့ကို အနောက်ကနေပွေ့ဖက်လာခဲ့သည်။ တစ်ဝက်က လူကြီးလူကောင်း၏အပြုအမူကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ကျန်တစ်ဝက်က မိုက်ရူးရဲဆန်ကာ ကပ်တွယ်လာခဲ့၏။


သူက လှည့်စားခြင်းဖြင့် ယဲ့စစ်ကို အနီးကပ်ဆွဲခေါ်ခဲ့ပြီး သူ၏မျက်လုံးများက တောင်းပန်မှုတို့နှင့်ပြည့်နှက်နေသည်။ သူက ညှိနှိုင်းနေသကဲ့သို့ ပြောနေခဲ့သော်လည်း အပူငွေ့များက ယဲ့စစ်၏နားရွက်ပေါ် ကြောက်မက်ဖွယ်ကောင်းအောင် ပက်ဖြန်းနေခဲ့၏။


"တောင်းပန်ပါတယ်။ ဒီတစ်ခေါက်လက္ခဏာတွေက ပိုပြီးခေါင်းမာနေတဲ့ပုံပဲ။ ကိုယ် မင်းမေးခွန်းလွှာဖြေပြီးတဲ့အထိ ခံနိုင်မယ်လို့ထင်နေခဲ့တာ... နောက်ထပ် ဆယ်မိနစ်လောက် ကုသပေးရင်ရော...?"


"ခင်ဗျား ဘာလို့..."


ယဲ့စစ်က နှုတ်ခမ်းလွှာကို အနည်းငယ်ဖွင့်ဟကာ သူ့ပုံစံက မှင်တက်နေပြီး သနားစရာကောင်းနေခဲ့သည်။


စကားလုံးများတစ်ဝက်ကို သူ ပြန်မျိုသိပ်လိုက်ရသည်။


ဘာလို့ အခုလိုဖြစ်နေရတာလဲ။


"တောင်းပန်ပါတယ်၊ ကိုယ် မင်းကိုခြောက်လိုက်မိတယ်..."


ယဲ့စစ်က ဘာမှပြန်မပြောခဲ့ဘဲ တစ်စုံတစ်ခုကို အသံတိတ် ပြန်လည်သုံးသပ်နေသကဲ့သို့ပင်။ ဟော့ထင်းလန်က rut ကာလအတွင်း လူကြီးလူကောင်းမဆန်မိခြင်းကြောင့် ရှက်ရွံ့နေသကဲ့သို့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချသည့်အပြုံးမျိုး တပ်ဆင်လိုက်သည်။ သူ ယဲ့စစ်ကို ပြန်လည်သက်သာလာဖို့ အခွင့်အရေးမပေးခဲ့ဘဲ သူ၏ဟိတ်ကြီးမဟန်ကြီးလေထုကို ဖယ်ရှားကာ အရှက်ရလုနီးပါးလေသံဖြင့် ပျော့ပျောင်းစွာပြောလိုက်သည်။


"မင်းမေးခွန်းကို ပုံမှန်အတိုင်းရေးနေပါ၊ ကိုယ့်ကို ဒီမှာမရှိဘူးလို့ သဘောထားလိုက်... အဆင်ပြေတယ်မလား။"


ယဲ့စစ်က ကြင်နာပြီး နှလုံးသားနူးညံ့သည်။ သူက လုံလုံလောက်လောက်အချစ်မခံခဲ့ရပေ။ အခြားသူများက သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံလာသောအခါ သူက အလွန်လွှမ်းမိုးခံလိုက်ရပြီး ပြန်ပေးဆပ်ဖို့ကို မစောင့်နိုင်တော့သည့်သူမျိုးပင်။


အတိတ်ဘဝတုန်းကလည်း ဟော့ထင်းလန်အတွက် အလားတူဖြစ်ခဲ့၏။ သူ့အနေနှင့် ယဲ့စစ်၏နှလုံးသားတစ်ဝိုက်ရှိ ခုခံမှုများအားလုံးကို ချိုးဖျက်ရန် အဆုံးမရှိသောနည်းလမ်းများစွာကို အသုံးချခဲ့သည်။ ၎င်းက အန္တရာယ်ကင်းသော်လည်း အရှက်မဲ့ပေသည်။


သူ ယဲ့စစ်ကို ပြိုင်ပွဲတစ်ခုမှာ စတွေ့ခဲ့သည်။ သူက ဖော်မြူလာပြိုင်ပွဲများကို စိတ်အားထက်သန်ခြင်းမရှိဘဲ မူလက အချိန်ဖြုန်းရန်အတွက်သာ ရည်ရွယ်ခဲ့၏။ သို့သော် ပြေးလမ်းပေါ်မှာ ဥက္ကာပျံကဲ့သို့ တောက်ပနေသော ငွေဖြူရောင်ပြိုင်ကားလေးက သူ၏မျက်လုံးများကို ဖမ်းစားသွားခဲ့သည်။ အံ့သြဖွယ်ကောင်းသောကိုင််တွယ်မှု၊ လျင်မြန်စွာချိုးကွေ့ရဲသောသတ္တိ၊ တိကျပြတ်သားသောအကဲဖြတ်မှုနှင့် ဖျပ်ခနဲပေါ်လာသော ရူးသွပ်မှုတို့ကြောင့် ကားထဲကပြိုင်ပွဲဝင်ကို ချွန်ထက်သောသွားများ၊ လက်သည်းများရှိသည့် ကြမ်းကြုတ်သော မြေခွေးလေးကဲ့သို့ ငယ်ရွယ်သန်စွမ်းသောအယ်ဖာဟု ထင်နေခဲ့သည်။


မမျှော်လင့်စွာဖြင့်...


သူ့ခန့်မှန်းချက်နှင့်ဆန့်ကျင်ဘက်က အလွန်ကြီးမားလွန်း၏။


ဖော်မြူလာပြိုင်ပွဲက ကာယကြံ့ခိုင်မှုကို အလွန်အမင်းစမ်းသပ်သည့် အားကစားတစ်ခုဖြစ်သည်။ အခြားအရာများကိုမဆိုထားနှင့် ကားကို လျင်မြန်စွာချိုးကွေ့တော့မည်ဆိုပါက ၁၀ ကီလိုမီတာအထိရှိသော ဗဟိုချက်ကနေခွာသွားသောအရှိန်က ပြိုင်ပွဲဝင်ကို အသာလေးဇတ်ချိုးလိုက်နိုင်၏။ ထို့ကြောင့် ဖော်မြူလာပြိုင်ပွဲက အားနည်းသောအိုမီဂါများမဆိုထားနှင့် ဘီတာတစ်ယောက်တောင် ရှားပါးသည့် အယ်ဖာတို့၏ သီးသန့်တိုင်းပြည်တစ်ခုဖြစ်သည်။ အိုမီဂါများ၏ သွယ်လျသောလည်တိုင်များနှင့် အားနည်းသောကြွက်သားများက ထောင့်ချိုးတစ်ခုကိုတောင် ခံနိုင််ရည်မရှိနိုင်ပေ။ ၎င်းတို့က လှလှပပဝတ်စားကာ လေထုကို အသက်ဝင်လာစေရန် 'ပြိုင်ကားဘေဘီလေးများ' အဖြစ်သာ လမ်းကြောင်းပေါ်မှာ ပေါ်ပေါက်လာတတ်သည်။


ပိန်ပိန်သွယ်သွယ်နှင့် လှပသောအိုမီဂါပြိုင်ပွဲဝင်က ထွားထွားကျိုင်းကျိုင်းအယ်ဖာအုပ်စုထဲမှာ ရောနှောနေပြီး နေရာမှားနေသကဲ့သို့ပင်။


သို့သော်လည်း ဟော့ထင်းလန်၏အကြည့်များကို သံလိုက်တစ်ခုလို မြဲမြံစွာဆွဲဆောင်သွားခဲ့သည်။


ဟော့ထင်းလန်တစ်ယောက် သူ့နောက်ကိုမလိုက်ဘဲ မနေနိုင်ခဲ့ချေ။


ပြေးလမ်းပေါ်၌ ယဲ့စစ်၏တည်ရှိမှုက မတော်တဆမဟုတ်ပေ။


ယဲ့စစ်က အယ်ဖာအဖြစ် အတုအယောင်ကွဲပြားမှုကြောင့် ပြိုင်ကားမောင်းသမားဖြစ်လာခဲ့သည်။ ငယ်ရွယ်စဥ်အတွင်း သုံးနှစ်တိုင်တိုင် အဆင့်မြင့်အယ်ဖာအဖြစ် ကွဲပြားခဲ့ခြင်းက သူ၏ကိုယ်လုံးကိုယ်ပေါက်အတွက် အကောင်းဆုံးအုတ်မြစ်ကိုချပေးခဲ့သည်။ သူက သွယ်လျသည့်ပုံပေါ်သော်လည်း သူ၏ကြွက်သားခိုင််ခံ့မှုက တော်တော်လေးမြင့်ပေ၏။ အခြားတစ်ဝက်မှာ ရာသီအပြီး ပြင်းထန်သောလေ့ကျင့်မှုများအားလုံးကို ပြုလုပ်တတ်သည့် သူ၏ အံ့အားသင့်ဖွယ်ကောင်းသော လေ့ကျင့်မှုပမာဏကြောင့်ပင် - သူက ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုပြီးနောက်မှာ တိတ်တဆိတ်နှင့် ဗလာကျင်းနေသောစိတ်အခြေအနေကို ပျော်ရွှင်ခံစားရတာသဘောကျသည့်ပုံပင်။


သူက ထိုကဲ့သို့လူမျိုးပင်။


ပြေးလမ်းပေါ်မှာ ဝံပုလွေလို ကြမ်းကြုတ်သည်။


လူရှေ့သူရှေ့မှာ မျက်နှာထားခပ်တည်တည်နှင့် သူလုပ်ချင်ရာကိုလုပ်တတ်သည်။


အမျိုးမျိုးသောနည်းလမ်းများဖြင့် နှစ်ဝက်လောက် ပိုးပန်းခဲ့ပြီးနောက်မှာ ဟော့ထင်းလန်၏အရှေ့မှာသာ သူက နူးညံ့ပြီး ချိုမြိန်သောအမြုတေလေးအား နည်းနည်းချင်းချပြခဲ့လေသည်။


ကြောက်မက်ဖွယ်ကောင်းအောင် နူးညံ့လှ၏။


လိမ္မာပြီး ကပ်တွယ်တတ်သည်။


သူ့တစ်ယောက်တည်းအတွက်သာ။


ပထမဆုံး ခေါင်းညိတ်ခဲ့စဥ်က ဟော့ထင်းလန်တစ်ယောက် ပြီးပြည့်စုံလောက်အောင် ပျော်ရွှင်ခဲ့ရသည်။


ယင်းက နှစ်ဝက်လောက်ပိုးပန်းခဲ့ရတာနှင့် ထိုက်တန်ပေသည်။


နှစ်ဆယ့်နှစ်နှစ်အရွယ် ယဲ့စစ်က ဆယ့်ရှစ်နှစ်အရွယ်ထက် ပို၍အေးစက်ပြီး မာကျောသည်။


ထို့ကြောင့် ယခုလက်ရှိမှာ ဟော့ထင်းလန်တစ်ယောက် ဖြူစင်ပြီး အပြစ်ကင်းစင်သော ချစ်ရသူလေးကိုလိုက်ဖို့ အနှီပြည့်ဝသောအတွေ့အကြုံများကို အသုံးချကာ လှည့်စားခဲ့သည်။


တကယ်ကိုသန့်စင်၏၊ သိပ်ကိုသန့်စင်၏။ သူက ဤအပြစ်ကင်းစင်မှုလေးကို အနည်းနဲ့အများဆိုသလို အခွင့်ကောင်းယူခဲ့သည်။


ဒါပေမဲ့ ဘာအရေးလဲ။


သူက ယဲ့စစ်အပေါ် အဆတစ်ရာလောက် ပိုကောင်းပေးမည်၊ သူ့ကိုပဲဗဟိုပြုလည်ပတ်ကာ ချစ်ပေးမည်။ အခြားအရာအားလုံးက လှည့်စားခြင်းအောက်မှာရှိနေခဲ့သော်လည်း သူ့နှလုံးသားထဲမှာတော့ အလိမ်အညာ တစိုးတစိမှမရှိပေ။


သူက အဆက်မပြတ်တောင်းပန်နေပြီး သူ၏စကားလုံးများက စစ်မှန်ကာ ခံ့ညားချောမောပြီး ကြမ်းကြုတ်သည့်မျက်နှာထားက ရှားရှားပါးပါးအပြစ်ရှိစိတ်ကြောင့် ပျော့ပျောင်းသွားခဲ့သည်။


သူ၏ခန္ဓာကိုယ်က သားရဲကြီးနှင့်တူပြီး အတွေ့အကြုံမရှိသောကောင်လေးကို သူ့လက်မောင်းများကြားမှာ တင်းကျပ်နေအောင်ဆုပ်ကိုင်ထားခဲ့သည်။ သူ(ဟော့)က သူ့(ယဲ့)ကို ဆုံလည်ကုလားထိုင်ဆီဆွဲခေါ်လာခဲ့ပြီး သူ့မျက်နှာနှင့် နားရွက်တို့ နီမြန်းလာတဲ့အထိ ဖျစ်ညှစ်ကာ သူ့အား ရူပဗေဒပုစ္ဆာများကိုတွက်ဖို့ တိုက်တွန်းနေလေ၏။


Rut ကာလအတွင်း လွန်ကဲစွာထွက်ပေါ်လာသော အယ်ဖာဟော်မုန်းများက နောက်ဆုံးတော့ သူ့အရိုးများထဲရှိ မကောင်းဆိုးဝါးအားလုံးကို နှိုးဆွခဲ့သည်။ ပျောက်ဆုံးခဲ့ပြီး ပြန်ရှာတွေ့ခဲ့သော ချစ်ရသူလေးက သူ့ရင်ခွင်ထဲမှာရှိနေသည်။ ဟော့ထင်းလန် သူ့ကို နှလုံးသားတစ်ခုလုံးနာကျင်ရလောက်အောင်ထိ အရမ်းချစ်ပြီး သူ ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှမတတ်နိုင်ပေ။


ဟော့ထင်းလန်က လေးလံစွာအသက်ရှူနေပြီး ကြွယ်ဝသောဖယ်ရိုမုန်းရနံ့များပါဝင်နေသည့် လေပူများက ယဲ့စစ်၏လည်ကုပ်အနောက်ကို ထပ်တလဲလဲပွတ်တိုက်ကာ ပင်ပန်းနေပြီဖြစ်သော အိုမီဂါဂလင်းများ၏ ချိုမြိန်မှုများကို ပို၍စုပ်ထုတ်နေခဲ့လေသည်။


ယဲ့စစ်က မင်စိုကို ဆုပ်ကိုင်ထားပြီး သူ့လက်ထဲမှချွေးများကြောင့် ချောထွက်သွား၏။ ၎င်းက အလျင်အမြန်ပြုတ်ကျသွားပြီး သူ့စိတ်ကို ဗလာကျင်းသွားစေခဲ့သည်။


သူ အရှေ့သို့ တိုးတိုးတိတ်တိတ်၊ ဖြည်းဖြည်းချင်းရွှေ့ကာ နေရာလွတ်အနည်းငယ်ကို ခိိုးယူဖို့ကြိုးစားရင်း တစ်စက္ကန့်မျှ စိတ်သက်သာရာရသွားခဲ့သည်။ သို့သော် သူ့ခါးနှင့်ဝမ်းဗိုက်တစ်ဝိုက်ရှိ သံမဏိလိုသန်မာသောလက်မောင်းများက သူစိတ်ကူးထားတာထက်ကျော်လွန်၍ ပိုတင်းကျပ်သွားပြီး ရုတ်တရက် အနောက်ကိုပြန်ဆွဲကာ ပိုတိုး၍ပွေ့ဖက်လာခဲ့လေသည်။


ဟော့ထင်းလန်က ပြောင်းလဲသွားခဲ့သည်။


Rut ကာလအတွင်း အယ်ဖာတစ်ယောက်၏စိတ်နေသဘောထားက ကြီးကြီးမားမားပြောင်းလဲတတ်သည်မှာ အမှန်ဖြစ်သော်လည်း ဤအရာက...


ယဲ့စစ်၏ဦးနှောက်က ခက်ခက်ခဲခဲအလုပ်လုပ်နေရ၏။


၎င်းတို့ ပထမဆုံးအကြိမ်တွေ့တုန်းကနှင့် ကွာခြားသွားပုံကိုမဆိုထားနှင့်၊ လွန်ခဲ့သောနာရီပိုင်းကနှင့် ယှဥ်လိုက်လျှင်တောင် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။


ယင်းက...


ယခင်နူးညံ့သိမ်မွေ့များနှင့် သန့်စင်မှုများအားလုံးက ဟန်ဆောင်နေသကဲ့သို့ပင်။


မဟုတ်ဘူး။


မစ္စတာဟော့ကို အဲ့လိုမျိုးမတွေးသင့်ဘူး။


ထွက်ပေါက်မရှိသော အကြမ်းဖက်မှုများကို ဖွင့်ထုတ်ရန်အတွက် ယဲ့စစ်၏နဖူးပေါ်မှလက်က လက်သီးဆုပ်အဖြစ်ပြောင်းလဲသွားခဲ့သည်။ အားထည့်ထားသောကြောင့် သူ၏လက်ဆစ်များက ဖြူဖျော့လာပြီး သူ့ဆံပင်အနည်းငယ်တောင် သူ့လက်ထဲ ကျွတ်ပါလာတော့မလိုပင်။


ရုတ်တရက်ဆိုသလို ဟော့ထင်းလန်က တိုးလျသောလေသံဖြင့် မေးလာ၏။


"ဘာလို့မရေးတော့တာလဲ။"


သူက 'အိမ်စာလုပ်ခြင်း၌ ကုသမှုကိုပေါင်းထည့်ရုံသာ' ဟူသော အယောင်ဆောင်မှုကိုထိန်းသိမ်းဖို့ ကြိုးစားနေပြီး သိသိကြီးနှင့် မေးလိုက်လေ၏။


"မင်း မတွက်တတ်လို့လား။"


ယဲ့စစ် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ "အွန်း။"


"ပထမဆုံး အဖြေမှန်ရွေးမေးခွန်းက..."


ဟော့ထင်းလန်က ရူပဗေဒပုံသေနည်းတစ်ခုကို ရွတ်ပြလာပြီး သူ့လည်စလုတ်နှင့် ရင်ဘတ်မှတုန်ခါမှုတို့က ယဲ့စစ်၏နောက်ကျောဘက်ကို ကူးစက်သွားပြီး သူ၏အတွင်းအင်္ဂါများတောင် ယားယံလာခဲ့သည်။ ယဲ့စစ်၏ကျောရိုးမှာ လျင်မြန်စွာပျော့ပျောင်းသွားပြီး ခြေတံရှည်နှစ်ဖက်ကြား ညှပ်ထားမခံရပါက သူ စားပွဲအောက်သို့ ချော်ကျနေလောက်ပြီးဖြစ်၏။


ယဲ့စစ် ဝန်ခံဖို့ငြင်းဆန်နေသည့် အရာတစ်ခုရှိသည်။ သို့မဟုတ် တိတိကျကျပြောရလျှင် သူ တွေးတောင်မတွေးမိသည့်အရာတစ်ခုပင်-


၎င်းတို့၏ဗီဇက ၁၀၀% ကိုက်ညီပြီး ဟော့ထင်းလန်၏ဖယ်ရိုမုန်းများက သူ့ကို လုံးဝဆွဲဆောင်နေခဲ့သည်။


ပြင်းထန်ပြီး ကြွယ်ဝသည့် တက်ကီလာရနံ့များက သူ့လည်ကုပ်ပေါ် တဝဲလည်လည်ပျံ့နှံ့နေပြီး ကြည့်ရတာ သူ ၎င်းအား... သဘောကျသည့်ပုံပင်။


သူ သူ၏ရှက်ရွံ့မှု သို့မဟုတ် နှလုံးခုန်သံတို့ကို မထိန်းချုပ်နိုင်တော့ပေ။


အရမ်းထူးဆန်းတယ်။


"နားလည်လား။" ဟော့ထင်းလန်၏မျက်လုံးများက မည်းနက်နေပြီး သူ့ကို မေးလာလေ၏။ "ဘယ်တစ်ခုကို ရွေးရမှာလဲ။"


"ရွေးရမယ်?" ယဲ့စစ်တစ်ယောက် အခြားကမ္ဘာတစ်ခုကိုရောက်နေခဲ့ပြီး မေးခွန်းလွှာကို ထိတ်လန့်တကြားပြန်ကြည့်လိုက်သည်။ "ကျွန်တော် မသိဘူး... အဲ့ဒါက C"


ပထမဆုံးရွေးထုတ်ရမည့်အရာက အမြဲတမ်းလိုလို C ပင်။


"မင်း နားထောင်မနေဘူးလား။" ဟော့ထင်းလန်က သိသိလျက်နှင့်မေးလိုက်သည်။


ယဲ့စစ်က အေးစက်သောမျက်နှာထားကို အသည်းအသန်တပ်ဆင်ကာ တာဝန်ကို ရေသာခိုချင်ယောင်ဆောင်လိုက်သည်။


"ကျွန်တော့်ဝမ်းဗိုက်ထဲ၊ သိပ်၊ သိပ်မကောင်းလို့၊ အဲ့ဒါကြောင့်၊ အဲဒါကြောင့် ကျွန်တော် နားမထောင်လိုက်ရဘူး။"


သူက လိမ်သည့်နေရာမှာ သိပ်မတော်သော်လည်း ဤအရာက လိမ်ညာနေတာမဟုတ်ပေ။


သူ၏ဝမ်းဗိုက်က အမှန်တကယ်ကို သက်တောင့်သက်သာရှိမနေဘဲ အိမ်အပြန်လမ်းမှာ ဟော့ထင်းလန်ဆီကနေ အဖက်ခံလာရချိန်မှစကာ ယခုအချိန်အထိ တဖြည်းဖြည်းပိုဆိုးလာခဲ့သည်။ နာသည်ဟုပြောရန်မှာ မတိကျပေ။ ၎င်းက ယားယံကာ ပိတ်လှောင်နေတာနှင့်တူ၏။ အဆင်မပြေမှုများစွာက ရောယှက်နေပြီး သူ့လက်နှစ်ဖက်နှင့် ဝမ်းဗိုက််ထဲကို


အကြိမ်အနည်းငယ်လောက် ကုတ်ချင်လာခဲ့သလို ခံစားရစေသည်။


"မင်း မကောင်းတာတစ်ခုခုစားလိုက်မိလို့လား။" ဟော့ထင်းလန်က မျက်မှောင်ကြုတ်လိုက်၏။


"မဟုတ်ပါဘူး... ကျွန်တော်၊ ကျွန်တော် မသိဘူး။" ယဲ့စစ်က အဆင်မပြေဖြစ်နေပြီး တွန့်လိမ်နေ၏။ "မပြီး၊ မပြီးသေးဘူးလား။ ဆယ်မိနစ်... ပြည့်သင့်နေပြီလေ။"


သူ့စကားဆုံးသောအခါ ကြီးမားနွေးထွေးသောလက်တစ်ဖက်က သူ့ဝမ်းဗိုက်ပေါ်လျှောဆင်းလာပြီး သူ သက်တောက့်သက်သာဖြစ်မနေသည့်နေရာကို တိတိကျကျအုပ်ကိုင်လာခဲ့သည်။


"ဒီနားလေးက အဆင်မပြေတာလား။" ဟော့ထင်းလန်က အတည်ပြုမေးလိုက်၏။


"...အွန်း။"


ဟော့ထင်းလန်၏နှုတ်ခမ်းများက ကွေးညွတ်သွားသည်။


သူ့လက်ဖဝါးအောက်ရှိ၊ နူးညံ့ပျော့ပျောင်းသော အရေပြားအောက်မှာ အသစ်ဖွံ့ဖြိုးလာသည့် သားအိမ်လေးရှိနေသည်။


အာရုံကြောများလှုပ်ရှားမှု၊ အကျိအချွဲအမြှေးပါးများ ပြွတ်သိပ်ခြင်း...


ပြောင်းလဲမှုများစွာက ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ဝမ်းဗိုက်ထဲ နာကျင်ယားယံလာပြီး ယင်းအား သေးငယ်သောနာကျင်မှုနှင့် ယှဥ်နိုင်ပေ၏။


ဤသည်မှာ အိုမီဂါများအတွက် ထူးခြားသောတုံ့ပြန်မှုဖြစ်ပြီး လာမည့်အမှတ်အသားအတွက် ပြင်ဆင်နခြင်းဖြစ်သည်။


ယဲ့စစ်က ဤကဲ့သို့အတွေ့အကြုံမျိုးနှင့် မရင်းနှီးရာ သူ နားမလည်ခဲ့ပေ...


'အလိုဆန္ဒ' ဟုခေါ်သော 'မသက်မသာဖြစ်စေသည့်' စိတ်ခံစားချက်တစ်ခုရှိနေသည်။


သူက ဘာကိုမှနားမလည်ဘဲ ဟော့ထင်းလန်ဆီကနေ ဆွဲဆောင်ခံလိုက်ရတာကိုတောင် သတိမပြုမိခဲ့ပေ။ သူ အလွန်ရှက်နေပြီး 'ပုံမှန်အခြေအနေ' ကို ပြန်သွားချင်နေခဲ့ရုံသာ။


"ပိုပြီးဆိုးလာတယ်၊ မလုပ်နဲ့တော့.. "


ယဲ့စစ်တစ်ယောက် သည်းမခံနိုင်တော့ပေ။ ဟော့ထင်းလန်၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ ဘေးဖယ်လိုက်ပြီး အံကြိတ်၍ တင်းမာနေသောအမူအရာဖြင့် ပြောလိုက်လေ၏။


"မိနစ်၊ မိနစ်နှစ်ဆယ်ရှိပြီ။ ခင်ဗျား၊ ခင်ဗျားစကားမတည်ဘူး။"


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment