အခန်း ၆၉
Translator - D
ဒီလက်တွေနဲ့ ဒီလိုမျိုး ခါးပတ်ကို ဖြုတ်ပေးခဲ့ဖူးမဲ့ အမည်မသိ ယောက်ျားကောင်တွေက ခေါင်းထဲမှာ အဆုံးအစမရှိ တိုးပွားလာခဲ့ပေမဲ့ ရှင်းဟီဂျူ ဘောင်းဘီခါးပတ်ကို ဖြုတ်လိုက်တဲ့ အချိန်မှာတော့ တစ်ကောင်မှ မကျန်တော့ဘဲ ပြောင်စင်သွားတော့တယ်။
အဲ့ဒီလို ဖြစ်နိုင်လောက်တာပဲလို့လည်း တွေးမိတာပေါ့။
မင်းက လိုချင်တဲ့ကောင်ကို အကုန်ရနိုင်တာပဲမဟုတ်လား။
ယောက်ျားတွေကို အလိုလိုနေရင်း စုတ်ပြတ်သတ်သွားအောင် လုပ်နိုင်တာမို့လို့။
ဒါတွေအကုန်လုံးက အရူးလိုလုပ်ရပ်မှန်း သိနေရက်နဲ့တောင် အနားမှာ တဝဲဝဲလည်လည်ဖြစ်နေအောင် လုပ်နိုင်လို့။
မင်းက အဲ့ဒီလို ငတုံးကောင်တွေကို အပေါ်စီးကနေ ငုံ့ကြည့်ပြီး လက်ညှိုးတစ်ချက် ထိုးရုံနဲ့ ရွေးချယ်လိုက်ရင် ရပြီလေ။
ခေါင်းအစ ခြေအဆုံး အကုန်လုံးကို ဝါးစားပစ်လိုက်ချင်တယ်။
အောက်ပိုင်းချင်း ပွတ်တိုက်မိသွားတော့တယ်။
ရှင်းဟီဂျူက အတွင်းခံထဲကို လက်နှိုက်ပြီး လိင်တံကို အလျားလိုက် ပွတ်ဆွဲခဲ့တယ်။
“အစ်…….”
ဆုပ်ကိုင်ထားတာ မဟုတ်ဘဲနဲ့တောင် ပေါက်ကွဲထွက်တော့မလို သွေးကြောတွေ တင်းမာနေတာပါ။
သနားစရာကောင်းတဲ့ အနေအထားကို ဖန်တီးနေခဲ့တဲ့ ရှင်းဟီဂျူရဲ့ မျက်ဝန်းအိမ်တွေက ရမ္မက်နဲ့ အတင့်ရဲနေတယ်။
ဆွဲဆောင်မှုရှိလွန်းပါရဲ့။
ငါက ကြယ်သီးတစ်လုံးတောင် မဖြုတ်ပေးရသေးလို့ သပ်သပ်ရပ်ရပ်လေး ဖြစ်နေတုန်းဆိုပေမဲ့၊ အဝတ်အစားတွေ အကုန်ချွတ်ပြီး ငါ့အောက်မှာ လဲလျောင်းနေသလိုမျိုးပါပဲ။
ခါးကို ပင့်ပြီး ဖိချလိုက်တော့ သေသေသပ်သပ် စေ့ပိတ်ထားတဲ့ နှုတ်ခမ်းတွေဆီကနေ နွမ်းလျလျ သက်ပြင်းချသံလေး ထွက်လာတော့တယ်။
သွယ်လျတဲ့ လက်ကလေးက ငါ့ရဲ့ လိင်တံကို ဆုပ်ကိုင်ခဲ့တယ်။
နည်းနည်းလေး ခက်ခဲနေသလို ဖြည်းဖြည်းချင်း အပေါ်အောက် အသွားအပြန် လှုပ်ရှားလာတော့ ငါလည်း အသက်ရှူသံတွေ ကြမ်းတမ်းလာတော့တာပေါ့။
သည်းမခံနိုင်တော့လို့ နမ်းပစ်လိုက်တယ်။
နမ်းနေရင်းနဲ့တောင် တင်းခံမထားနိုင်တော့လို့ နှုတ်ခမ်းတွေကို အပြည့်အဝ မခွာနိုင်သေးဘဲ မောဟိုက်စွာနဲ့ မေးလိုက်တယ်။
“ထွက်သွားတော့မယ်လို့ ပြောထားပြီး ဒီလိုလုပ်နေရတဲ့ အကြောင်းရင်းက။”
“ဘယ်တော့ အဆုံးသတ်ရောက်လာမလဲ မသိနိုင်တာမို့လို့…”
“…….”
“တစ်ခါလောက်တော့ ပိုင်ဆိုင်ကြည့်ချင်ခဲ့တာပါ။ မူးနေတဲ့ ရှင်ဆိုရင်လည်း အဆင်ပြေတာမို့လို့။”
မူးနေတာ မင်းဘက်က မဟုတ်ဘူးလား။
အဓိပ္ပာယ်မရှိဘူးလို့ တွေးမိပေမဲ့ ရှင်းဟီဂျူ ငါ့လည်ပင်းကို ဆွဲယူလိုက်တာနဲ့ပဲ မေ့သွားတော့တယ်။
အချင်းချင်းရဲ့ ဝင်သက်ထွက်သက်တွေ ရောယှက်သွားတော့တာပေါ့။
ပြားချပ်ချပ် ဝမ်းဗိုက်အောက်ပိုင်းမှာ ထောင်မတ်နေတဲ့အရာကို ပွတ်ဆွဲပြီး၊ တင်ပါးကို ဆုပ်ကိုင်ထားတဲ့ လက်နဲ့ ခြေတံတွေကြားထဲကို တိုးဝင်ခဲ့တယ်။
ရှင်းဟီဂျူရဲ့ သပ်ရပ်တဲ့ အတွင်းခံလေးက အရိုင်းဆန်စွာ ရွှဲနစ်နေပါပြီ။
အာ.. ငါ ိုး…
လျှာဖျားမှာ ဆဲရေးစကားတွေ ရစ်ဝဲသွားတော့တယ်။
အင်္ကျီကို အကုန်ချွတ်ပစ်ဖို့ အချိန်မရှိတော့လို့ ငါ ဘရာစီယာကိုပဲ အပေါ်ကို တွန်းတင်လိုက်တယ်။
ရင်သားအပေါ်ပိုင်းက ဖိမိသွားတဲ့ ပုံစံနဲ့ လုံးဝန်းပြည့်မောက်စွာ ပေါ်ထွက်လာတော့တာပေါ့။
ဒီလို သေးငယ်တဲ့ ခန္ဓာကိုယ်လေးမှာ ရှိနေတာနဲ့မလိုက်အောင် တအားကြီးနေလို့ နည်းနည်းတော့ အံ့သြသွားပေမဲ့၊ ရင်သားလေးကအစ လှနေတာကို နည်းနည်း အမြင်ကတ်သွားတာနဲ့ ခပ်ကြမ်းကြမ်း ဆုပ်ညှစ်ပစ်လိုက်တယ်။
လက်ချောင်းတွေကြားကနေ ထွက်ပေါ်လာတဲ့ အသားစိုင်တွေ၊ ထောင်မတ်နေတဲ့ နို့သီးခေါင်းတွေ အားလုံးက ရမ္မက်ကြွစရာအတိပါ။
ချိုမြိန်ဖွယ် ပင့်သက်တွေ ရှူထုတ်နေပြီး အောက်ပိုင်းကို ဆွပေးနေတဲ့အတိုင်း ခါးကို ဖြည်းဖြည်းချင်း လှုပ်ရှားနေတဲ့ ရှင်းဟီဂျူက ငါ့မျက်နှာကို ထွေးဆုပ်လာတယ်။
ရင်သားကို စုပ်ယူနေတဲ့ ပါးစပ်ထဲကို လက်ချောင်းတွေ ဝင်လာသလို ခံစားရပြီး၊ အဲ့ဒီအတိုင်း ငါ့ရဲ့ အောက်နှုတ်ခမ်းကို ပွတ်သပ်ခဲ့တယ်။
ငါလည်း ပြုစားခံထားရတဲ့ကောင်လို ထွက်ပြေးသွားတဲ့ လက်ချောင်းကို ပြန်လိုက်ဖမ်းပြီး ကိုက်ယူမျိုချလိုက်တာပေါ့။
ရှင်းဟီဂျူက လက်ချောင်းကို ပေးထားရင်းနဲ့ အရိုင်းဆန်ဆန် ပြုံးခဲ့တယ်။
ကျိန်းသေပေါက် ငါ့ခေါင်းကတော့ တစ်ခုခုဖြစ်သွားတဲ့ပုံပဲ။
လိင်တံက နာကျင်လောက်အောင် ထောင်မတ်နေပေမဲ့ ရှင်းဟီဂျူရဲ့ တစ်ကိုယ်လုံးကိုပဲ စုပ်ယူချင်နေခဲ့တယ်။
နှာခေါင်းဖျားလေးကို ကိုက်၊ နူးညံ့တဲ့ ပါးပြင်လေးကို ကိုက်ပြီး နှုတ်ခမ်းကို ပြန်စုပ်ယူလိုက်တယ်။
ငါ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားတဲ့ လက်မောင်းတွေ ပြေလျော့သွားပြီး အိပ်ရာခင်းပေါ် ကျသွားတဲ့အထိ။
“…….”
အာ။ မဟုတ်မှ။ ငါ ိုး မဟုတ်မှ။
မွေးလာကတည်းက ဒီလောက်အထိ အူကြောင်ကြောင် ခံစားချက်မျိုး တစ်ခါမှ မခံစားဖူးခဲ့ပါဘူး။
ရှင်းဟီဂျူရဲ့ ရီဝေဝေ မျက်လုံးတွေ ပိတ်သွားတာကို၊ ချက်ချင်းဆိုသလို အသက်ရှူသံ မှန်မှန်လေး ထွက်လာတာကို ငါ အိပ်မက်တစ်ခုလို ငေးကြည့်နေမိတယ်။
လိင်တံကို ထုတ်လိုက်တာနဲ့ ချက်ချင်း ပြီးသွားရတဲ့ အိပ်မက်ဆိုးလို ဆိုးဝါးတဲ့ အိပ်မက်ပါပဲ။
“…ငါ ိုး၊ ငါ ဘာလုပ်ရပ်ကို…”
ခန္ဓာကိုယ်ကို ခွာရင်း ရေရွတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒါက ဘယ်လောက်တောင် ကောင်းသွားတဲ့ကိစ္စမှန်း အသိတရားက ရှင်းပြလာတယ်။
တစ်စုံတစ်ခု မလွန်ကျူးမိခင် ရပ်တန့်နိုင်ခဲ့တာ ဘယ်လောက်တောင် တော်သေးလဲ၊ ရပ်တန့်နိုင်ခဲ့လို့ ဘယ်လောက်တောင် တော်သေးလဲဆိုပြီး…
ဒါပေမဲ့ ရှင်းပြလေ ခံစားချက်က ပိုပြီး ချီးလိုဖြစ်လာလေပါပဲ။
ရှင်းဟီဂျူရဲ့ ခါးအထိ လန်တက်သွားတဲ့ စကတ်၊ အတိုင်းသား ပေါ်ထွက်နေတဲ့ ရင်သားတွေက ခေါင်းကို ရေအေးနဲ့ ပက်လိုက်သလိုပဲလေ။
အရိုင်းဆန်ဆန်ပုံစံမျိုးနဲ့ မျက်နှာလေးကတော့ အေးအေးချမ်းချမ်း အိပ်ပျော်သွားတာကို ဒေါသထွက်မိတယ်။
ငါလည်း အချစ်ရည်တွေနဲ့ ရွှဲနစ်နေတဲ့ လက်ကို လက်စားချေတဲ့အနေနဲ့ သူ့ရဲ့ ပေါင်တံပေါ်မှာ ပွတ်တိုက်ပြီး သုတ်ပစ်လိုက်တာပေါ့။
အပေါ်ကို တွန်းတင်ထားတဲ့ ဘရာစီယာကြောင့် ဖိမိနေတဲ့ ရင်သားပေါ်မှာ၊ ဟို ပြားချပ်ချပ် ဆီးခုံပေါ်မှာ ပြီးလိုက်မယ်ဆိုတဲ့ စိတ်ကူးက လှိုက်တက်လာတယ်။
ငါ့ရဲ့ သုက်ရည်တွေနဲ့ ပေကျံပြီး လဲလျောင်းနေမဲ့ ရှင်းဟီဂျူကို မြင်ယောင်လာတယ်လေ။
ရယ်စရာကောင်းတာက အဲ့ဒီစိတ်ကူးကြောင့် ရမ္မက်စိတ်တွေ အားလုံး အေးစက်သွားခဲ့တာပါပဲ။
အိပ်ပျော်နေတဲ့ မိန်းမကို အသုံးချပြီး တစ်ယောက်တည်း။
တစ်ချိန်က အိပ်မက်လို ညစ်ပတ်ပြီး ရွံစရာကောင်းတဲ့ စိတ်ကူးယဉ်မှု သက်သက်ပါပဲ။
ငါ ရှင်းဟီဂျူရဲ့ အဝတ်အစားတွေကို ဖြစ်သလို ပြန်ဝတ်ပေးလိုက်ပြီး၊ အတင့်ရဲခဲ့တဲ့ ရှင်းဟီဂျူ ရှုပ်ပွအောင် လုပ်ထားတဲ့ ငါ့အဝတ်အစားတွေကိုလည်း သပ်သပ်ရပ်ရပ် ပြန်ဝတ်ပြီးတော့ ဟိုတယ်အခန်းထဲကနေ ထွက်လာခဲ့တယ်။
တကယ်တမ်း ထွက်လာတော့လည်း ခံစားချက်က သိပ်ပြီးတော့ စောက်ရမ်းဆိုးဝါးမနေပါဘူး။
အဲ့ဒီအလေးအနက်ရှိတဲ့ နှုတ်ခမ်းလေးတွေက ငါ့ကို သဘောကျတယ်ဆိုပြီး ပြောခဲ့တာ။
ငါလက်ထပ်မှာကို ထိုင်ကြည့်မနေနိုင်ဘူးလို့လည်း ပြောခဲ့တာ။
အရူးတစ်ယောက်လို ရယ်ချင်စိတ် နည်းနည်းပေါ်လာတယ်။
ငါက ဒီလောက်အထိ ကလေးဆန်ဆန် စိတ်လှုပ်ရှားနေတာ မယုံနိုင်လောက်အောင်ပါပဲ။
ဒါပေမဲ့ ဝန်ခံရလောက်တဲ့အထိ…အရင်တုန်းကလို ငြင်းဆန်ပြီး ဖိနှိပ်ထားလို့ မရနိုင်လောက်အောင် သဘောကျနေတာမို့လို့။
အဲ့ဒါကြောင့် မင်း သေသေချာချာ မှတ်မိနေဖို့ မျှော်လင့်ခဲ့မိတယ်။
****
ဘာကိုမှ မမှတ်မိတာ အကောင်းဆုံးပဲလို့ တွေးနေရင်းနဲ့တောင်၊ အားလုံးက ဘာမှမဖြစ်ခဲ့သလို ကျော်ဖြတ်သွားရမယ်လို့ တွေးနေရင်းနဲ့တောင်မှ နောက်ဆုံးမှာတော့။
“…ကျွန်မ ဧကန္တ မနေ့က အမှားလုပ်မိတာများ ရှိလို့လားဟင်။”
ငါ့မျက်လုံးတွေကို ဘယ်လိုအဓိပ္ပာယ် ကောက်လိုက်မှန်းမသိ၊ အချိန်အတော်ကြာအောင် မျက်နှာရိပ်မျက်နှာကဲ ကြည့်နေတဲ့ ရှင်းဟီဂျူ ချလိုက်တဲ့ ကောက်ချက်က ဒါပါပဲ။
မှတ်ဉာဏ်။
အေးလေ၊ မှတ်မိချင်မှလည်း မှတ်မိမှာပေါ့။
ငါ အတင်းဖျစ်ညှစ်ပြီးတော့ စိတ်အေးအေးထားပြီး တွေးရင်းနဲ့ ရှင်းဟီဂျူရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။
ဒါပေမဲ့ သူ့မျက်ဝန်းထဲမှာ ဘာမှ ကျန်ရစ်မနေပါဘူး။
အဲ့ဒီညက အဲ့ဒီ ခံစားချက်တစ်စုံတစ်ရာရောပေါ့။
“…ဟင့်အင်း။ ဆက်ပြီးတော့သာ ပြင်ဆင်လိုက်ပါ။”
ကစားသွားတာပဲ…
အဲ့ဒီအတိုင်း သရော်သလို တွေးလိုက်မိရင်း၊ ကိုယ်က ကစားခဲ့တာကိုတောင် မမှတ်မိတဲ့ဟာမျိုးကို ဘယ်လိုခေါ်ရမလဲဆိုပြီး သေသေချာချာ စဉ်းစားကြည့်ခဲ့တယ်။
ခေါ်စရာ စကားတောင် မရှိခဲ့ပါဘူး။
အဲ့ဒီတော့ တကယ် ဘာမှ ကျန်မနေခဲ့ဘူးပဲ။
ဘာပဲဖြစ်ဖြစ် တကယ် ကောင်းသွားတာပါပဲ။
တကယ်ပါ။
အဲ့ဒါကမှ ဘာမှမဖြစ်ခဲ့ဖူးတဲ့ကိစ္စ ဖြစ်သွားခဲ့တာမို့လို့။
အကြိမ်ပေါင်း သောင်းခြောက်ထောင် ထပ်စဉ်းစားကြည့်ရင်တောင် ရှင်းဟီဂျူ အဲ့ဒီနေ့အကြောင်း မေ့သွားတာက ကောင်းတဲ့ကိစ္စ ဖြစ်ခဲ့တာပါ။
အကယ်၍ သတိရနေခဲ့ရင် ဒီလောက် ဆက်ဆံရေးမျိုးကိုတောင် ထိန်းသိမ်းထားနိုင်မှာ မဟုတ်လို့လေ။
အခြေအနေမဟန်ရင် အလုပ်ထွက်ဖို့အထိ စိတ်ကူးထားတာကို သိလိုက်ရပြီးတဲ့နောက်မှာတော့ အဲ့ဒီမျက်နှာလေးကို ဆက်ပြီး မြင်တွေ့နေရဖို့က ပိုပြီး အရေးကြီးလာခဲ့တယ်။
အဲ့ဒီလိုမျိုး တော်သေးတယ်လို့ သတ်မှတ်လိုက်တဲ့တစ်ဖက်မှာလည်း တကယ် စိတ်တိုစရာ တော်တော်ကောင်းခဲ့ပြန်တယ်။
ဦးနှောက်တစ်ခုလုံး ကျေးကျွန်တစ်ယောက်လို ချည်နှောင်ခံထားရတဲ့ ခံစားချက်မျိုးပါ။
ထုံးစံအတိုင်း ရှင်းဟီဂျူ စိတ်တောင်မကူးနိုင်တဲ့ အတောအတွင်းမှာပေါ့။
အခု စိတ်ကူးတွေက ပိုပြီး လက်တွေ့ဆန်လာတယ်။
အဲ့ဒီလက်ကလေးက ငါ့ရဲ့လိင်တံကို ဆုပ်ကိုင်ပြီး ပွတ်သပ်တင်ပေးခဲ့တဲ့ ခံစားချက်၊ ရှင်းဟီဂျူရဲ့ ထူထဲတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက ငါ့နှုတ်ခမ်းပေါ်ကနေ မေးဖျားအထိ လျှောကျသွားခဲ့တဲ့ ခံစားချက်၊ လက်ဝါးထဲမှာ အပြည့်အဝ ပြည့်နှက်နေခဲ့တဲ့ ရင်သားတွေ…
တစ်ခါတလေ သေသပ်ကျော့ရှင်းစွာ ဝတ်ဆင်ထားတဲ့ ရှင်းဟီဂျူကို ကြည့်နေမိရင်….ဘာမှမသိတဲ့ အဲ့ဒီမျက်နှာကို ကြည့်နေမိရင် အကုန်လုံး ချွတ်ပစ်ပြီး အဲ့ဒီ တည်ငြိမ်တဲ့ မျက်နှာထားကို ဖျက်ဆီးပစ်ချင်မိတယ်။
နှိပ်စက်ချင်မိတယ်။
သတိရသွားအောင် လုပ်ချင်မိတယ်။
ငါ သိခဲ့တဲ့ တစ်ဦးတည်းသော မိန်းမမို့လို့လည်း ဖြစ်မှာပေါ့။
အကြောင်းရင်းက ရှင်းလင်းနေခဲ့တာမို့လို့ ဖြေရှင်းရမဲ့ နည်းလမ်းကလည်း ရှင်းလင်းပြီးသားပါ။
တခြားမိန်းမနဲ့ sex လုပ်တာကို စိတ်ကူးကြည့်ရုံနဲ့တင် ပျို့အန်ချင်စိတ် ဖြစ်လာတဲ့အထိ ငါ့ရဲ့ စိတ်က မခိုင်မာတာမျိုးသာ မဟုတ်ခဲ့ရင် အလုပ်ဖြစ်ခဲ့မှာ အသေအချာပါပဲ။
တခြားမိန်းမကို သိသွားရင် မင်းက ဒီလောက်အထိ ထူးခြားနေတာလည်း မဖြစ်နိုင်ပါဘူးဆိုပြီး...
ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလို လှည့်စားနေရာကနေ အလွယ်တကူပဲ အကန့်အသတ်ကို ရောက်သွားခဲ့တာပါ။
တကယ်တော့ ရှင်းဟီဂျူရဲ့ အင်္ကျီကြယ်သီးတစ်လုံးတောင် မဖြုတ်နိုင်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကလည်း အခုနဲ့ ဘာမှ ကွာခြားမှုမရှိခဲ့ဘူးဆိုတာကို သတိပြုမိလိုက်တာမို့လို့။
မတော်တဆ ရှင်းဟီဂျူ ဖုန်းထဲက ယောက်ျား ဒါမှမဟုတ် ကုမ္ပဏီကို ရောက်လာတဲ့ ယောက်ျားနဲ့ အတူရှိနေတာကို တွေးမိလိုက်တာနဲ့၊ အဲ့ဒီနေ့တုန်းကအတိုင်း ဂင်ယွန်းဟျောင်းကို ပွေ့ဖက်ပြီး ခြေတံတွေကို ကားပေးနေမဲ့ သူ့ရဲ့ပုံရိပ်ကို ပြေးမြင်လာတာကြောင့် ပျို့အန်ချင်စိတ်တွေ လှိုက်တက်လာတော့တယ်။
လူတစ်ယောက်ကို ခွေးရူးဖြစ်အောင်လုပ်ထားပြီး ဘာမှမသိတဲ့အတိုင်း အပြစ်ကင်းတဲ့ မျက်နှာထားလေးနဲ့…
ဘာမှမဖြစ်ခဲ့သလို တစ်ပတ်တာကို ကုန်လွန်စေရင်းနဲ့တောင် တစ်နေ့မှာ ရွှံ့နွံထဲ လမ်းလျှောက်နေရသလို ခံစားလာရတယ်။
မင်းက အခုအထိ ငါ့အပိုင် မဟုတ်သေးလို့ နာကျင်ရတယ်။
ငါက မင်းအပိုင် မဟုတ်သေးလို့ နာကျင်ရတယ်။
မင်းကို ဖျက်ဆီးပစ်ချင်လွန်းလို့ နာကျင်ရတယ်။
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ခြေမွပစ်ချင်တယ်။
အဓိပ္ပာယ်မရှိတဲ့ ခံစားချက်ပါပဲ။
အစကတည်းက အဓိပ္ပာယ် မရှိခဲ့တာ။
မတော်တဲ့ ခွေးလည်ပတ်ကိုစွပ်ပြီး ကြီးပြင်းလာခဲ့ရတဲ့ ခွေးတစ်ကောင်လိုပါပဲ။
ဆွဲသွင်းခဲ့တာက မင်းဖြစ်နေပြီးတော့။
ငါ့ကို အရင်စပြီး ကြည့်ခဲ့တာလည်း မင်းပဲဖြစ်ခဲ့ပြီးတော့။
မင်းကပဲ စသဘောကျခဲ့ပြီးတော့...
ငါက မင်းကို သဘောကျလာအောင် လုပ်ခဲ့ပြီးတော့……
အဲ့ဒီလိုဆိုရင် အနည်းဆုံးတော့ မင်းက ငါ့ကို ပိုပြီး သဘောကျရမှာပေါ့။
မင်းက ပိုပြီး တွယ်ကပ်နေရမှာပေါ့။
အဲ့ဒါမှ အဓိပ္ပာယ်ရှိတာပေါ့။
အဲ့ဒါကြောင့် အတည်ပြုဖို့ လိုအပ်ခဲ့တယ်။
“အဲ့ဒီတော့။”
“…….”
“ငါ အိမ်ထောင်ပြုလိုက်ရင် ကောင်းမလား။”
“လူကောင်းဆိုရင်တော့ ကျိန်းသေပေါက်ပေါ့။”
ဟန်တစ်လုံးနဲ့ ဒီလိုစကားမျိုးတွေ ပြောနေတာမျိုးမဟုတ်ဘဲ။
ငါ့အပေါ် ဘာအတွယ်အတာမှ မရှိသလို ငါ့အတွက် တွေးပေးနေရုံတင် မဟုတ်ဘဲ…
အဲ့ဒီနေ့က မြင်တွေ့ခဲ့ရတဲ့ အရှိတရား အစစ်အမှန်ကို လိုချင်ခဲ့တာပါ။
မင်းရဲ့ ခန္ဓာကိုယ်ထက် အဲ့ဒီနေ့က မျက်နှာထားကို လိုချင်ခဲ့တာ။
ငါ့ကို မပိုင်ဆိုင်နိုင်လို့ မျှော်လင့်ချက်မဲ့နေတဲ့ မျက်နှာထား။
ဝမ်းနည်းကြေကွဲနေတဲ့ မျက်နှာ။
နောက်ဆုံး စိတ်အလိုကို မလွန်ဆန်နိုင်ဘဲ ပြိုလဲကျသွားခဲ့တဲ့ အခိုက်အတန့်။
ငါ့ကို ဘယ်လောက်အထိ လိုချင်နေလဲဆိုတာ အထင်းသား ဖော်ပြနေတဲ့ မျက်ဝန်းတွေ။
“ရှင်းဟီဂျူ၊ ငါ့ကို သဘောကျတယ်မဟုတ်လား။”
သွေးတိုးစမ်းခံလိုက်ရလို့ ပျာယာခတ်သွားတဲ့ မျက်နှာထားကို သဘောကျခဲ့တာပါ။
နောက်ထပ် မတည်ငြိမ်နိုင်တော့တဲ့ မင်းကို သဘောကျတယ်။
အသက်ရှူရတာ လန်းဆန်းသွားတာပဲ။
ပြုံးမပြရင် နှိပ်စက်ပစ်ချင်ခဲ့တယ်။
ငိုယိုအောင် လုပ်ပစ်ချင်ခဲ့တယ်။
အဲ့ဒီလိုမျိုး အတည်ပြုချင်ခဲ့တာပါ။
အဲ့ဒီလိုဖြစ်နေရင်းနဲ့တောင် ဆက်ပြီး ပြုံးပြနေဖို့ မျှော်လင့်ခဲ့မိတယ်။
အပြစ်အနာအဆာ အကုန်လုံးက ဒီနေရာကနေ စတင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
အတ္တစိတ်က အဆုံးအစ မရှိပါဘူး။
မင်းရဲ့ အချစ်တွေကို ဘယ်လောက်ပဲ ကြွယ်ကြွယ်ဝဝ လက်ခံရရှိပါစေ မွတ်သိပ်နေတုန်းပါပဲ။
ဘူဆန်ရဲ့ ညက အမှားတစ်ခု ဖြစ်ခဲ့ပေမဲ့ လက်ထပ်တာကတော့ လုံးဝ အမှားမဟုတ်ခဲ့ပါဘူး။
အများစုက ဒီစကားကို ပြောင်းပြန်ပြောကြလိမ့်မယ်ဆိုပေမဲ့ အရှိအတိုင်းပါပဲ။
ရှင်းဟီဂျူနဲ့ လက်ထပ်ထားတဲ့ အိမ်ထောင်သည်ဘဝက တော်တော်လေး ကျေနပ်စရာ ကောင်းခဲ့တယ်။
ကိုယ့်နေရာကိုယ် မသိဘဲ ငါ အိမ်ထောင်ပြုရင် ထွက်သွားမယ်လို့ ပြောခဲ့တဲ့ မိန်းမကို အိမ်ထောင်ဆိုတဲ့အရာထဲမှာ ပိတ်လှောင်ပြီး ငါ့ဘေးနားမှာ အမြဲတမ်း ထိုင်ခိုင်းထားလိုက်သလို ခံစားချက်မျိုးလေ။
ခြေချင်းဝတ်မှာ သံခြေချင်း ခတ်ထားပြီး ငါ့ဆီကနေ သတ်မှတ်ထားတဲ့ အကွာအဝေးထက် ပိုပြီး ဝေးကွာမသွားနိုင်အောင် လုပ်လိုက်တဲ့ သဘောပေါ့။
အိမ်ထောင်ပြုလိုက်လို့ အဖတ်ဆယ်ရမဲ့ အရာတွေ ပိုများလာခဲ့တယ်။
မိဘတွေကိုတောင် အဖတ်ဆယ်စရာတစ်ခုအဖြစ်ပဲ သတ်မှတ်ခဲ့တဲ့ ငါ့အတွက်တော့ သိပ်ပြဿနာ မရှိခဲ့ပါဘူး။
ဒီအတိုင်း ပိုပြီး အဖတ်ဆယ်ပေးရုံ၊ ငါ့ရဲ့ အသုံးဝင်မှုကို ပိုပြီး ပြပေးရုံပေါ့။
အနားယူဖို့ အချိန်တစ်စက်မှ မရှိအောင် အလုပ်ရှုပ်နေခဲ့ရာကနေ အခုတော့ ရူးမတတ် အလုပ်ရှုပ်လာခဲ့တယ်။
ဒါပေမဲ့လည်း ပျော်ခဲ့ရတာပါပဲ။
အိပ်ရေးပျက်ပြီး သေတော့မလို ဖြစ်နေရင်တောင် အဆင်ပြေတယ်ဆိုတဲ့ ခံစားချက်မျိုးလည်း ဝင်လာခဲ့တယ်။
မသေရင် ပြီးတာပဲဆိုပြီး စနောက်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဦးနှောက်ကျင်းလိုက်ရင် တကယ် အဆင်ပြေသွားတာလေ။
အိမ်ပြန်ရောက်ရင် ရှင်းဟီဂျူ ရှိနေတာမို့လို့။
ငါ့ကိုပဲ စောင့်မျှော်နေရဖို့ ဖြစ်လာတဲ့ အဲ့ဒီမိန်းမ ရှိနေတာမို့လို့။
****
Miel’s Translations