no

Font
Theme

အခန်း ၄၂

Translator - D

ဝူဂျင်ဟာက ကျွန်မကိုယ်ပေါ်မှာ အုပ်မိုးနေတဲ့ သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကို စိတ်လိုက်မာန်ပါနီးပါး လျှင်မြန်စွာ ဝှစ်ခနဲမတ်လိုက်တယ်။ ကျွန်မခေါင်းပေါ်မှာ ကျရောက်နေတဲ့ သူ့အရိပ်က ရုတ်တရက် ပျောက်သွားပြီး အိပ်ခန်းထဲ တိုးဝင်ဖြာကျလာတဲ့ နေ့ခင်းနေရောင်က ဖရိုဖရဲပုံပျက်နေတဲ့ သူ့ဆံပင်ပေါ်မှာ လဲ့လဲ့လေးလင်းနေခဲ့တယ်။

ဒူးနှစ်ဖက်ကို ကျွန်မခါးရဲ့တစ်ဖက်တစ်ချက်စီမှာ ထောက်ထားရင်း ကျွန်မကို သူ့ခြေတံတွေကြားမှာ ချုပ်ထားလို့ပေါ့။ သူက အနောက်တိုင်းဝတ်စုံရဲ့ ကုတ်အင်္ကျီကိုချွတ်ပြီး အိပ်ရာအောက်ကို ပစ်ချလိုက်တယ်။ အဖြူရောင် ရှပ်အင်္ကျီပေါ်မှာ နေရောင်က နူးညံ့တဲ့အသွေးလေးနဲ့ အနွေးဓာတ်ပေးနေတဲ့ မြင်ကွင်းက အနှေးပြကွက်နဲ့ ပြနေသလိုပါပဲ။

ဝူဂျင်ဟာရဲ့ကိုယ်က ကျွန်မအပေါ်ကို တစ်ခါပြန်ပြီး ငုံ့မိုးကိုင်းညွှတ်လာမှပဲ အချိန်အပိုင်းအခြားက ဘယ်လောက်တိုတောင်းမှန်း သိလိုက်တော့တယ်။ ဖုန်စုပ်စက်ထဲ ရုတ်တရက် လေဆောင့်ဝင်သွားသလို ကျွန်မလည်း လက်တွေ့ဆီ ဆတ်ခနဲ ပြန်ရောက်လာတာပေါ့။

ရှပ်အင်္ကျီရဲ့ကြယ်သီးလေး နှစ်လုံး သုံးလုံးလောက်ပဲ ဖြုတ်ပြီးသေးတာကို စိတ်မရှည်တော့လို့ပဲလားမသိ၊ သူက ကျွန်မလည်တိုင်မှာ မျက်နှာအပ်ပြီး ကြမ်းရှရှအသက်ရှူသံနဲ့အတူ ကျွန်မကျောရိုးရဲ့ ခွက်နေတဲ့မြောင်းကို ပွတ်သပ်ဖို့ သူ့လက်ကို ကျွန်မခါးအောက် ထိုးသွင်းခဲ့တယ်။ မာကျောပြီး ထောင်မတ်နေတဲ့ သူ့ရဲ့လိင်တံက ကျွန်မရဲ့ပေါင်ကို ဖိထားလို့ပေါ့။ အဲ့ဒီလိုကနေ သူ့ရဲ့တခြားလက်တစ်ဖက်နဲ့ ကျွန်မ ညဝတ်အင်္ကျီရဲ့ ကြယ်သီးတွေကို လျင်မြန်စွာ ဖြုတ်ခဲ့တယ်။ ကျွမ်းကျင်လိုက်တာ...ရုတ်တရက်ဝင်လာတဲ့အတွေးကြောင့် ကျွန်မ အံ့ဩသွားသလို ခြောက်ကပ်ကပ်ရယ်လိုက်မိတယ်။

အဲ့ဒါနဲ့တောင် ကျွန်မက ဝူဂျင်ဟာရဲ့ ပထမဆုံးတဲ့လား။

"ဘာလို့လဲ။"

"...ဟင့်...ဘာလို့လဲ..."

"အခုလေးတင် ရယ်လိုက်တယ်လေ။"

ကျိန်းသေပေါက် အလိမ်အညာပဲဖြစ်မှာဆိုတဲ့ အတွေးက လူကို စိတ်အနှောင့်အယှက်ပေးနေပေမဲ့ မှတ်မိနေတဲ့ ဒါရိုက်တာဆုန်ရဲ့ ခိုင်မာလေးနက်တဲ့အကြည့်က ကျွန်မရဲ့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်းပါတဲ့ မသင်္ကာစိတ်ကိုပါ ခြေဖျက်သွားခဲ့တယ်။

'သူ့ဘဝမှာ တွေ့ဖူးတဲ့မိန်းမဆိုလို့ နင့်တစ်ယောက်အပြင်မရှိဘူး။'

တကယ်ပဲ ကျွန်မက သူ့အတွက် ပထမဆုံးမိန်းမလားလို့ မေးရတာက ကျွန်မကိုချစ်လားလို့ မေးရတာထက် ပိုလို့တောင် ခက်ပါသေးတယ်။ လမ်းခွဲလုခွဲခင် အနေအထားမှာ လုပ်ရပ်အများစုက အဓိပ္ပာယ်မဲ့နေပေမဲ့ ဒီတစ်ခုထက်ပိုပြီး အဓိပ္ပာယ်မဲ့တာကိုတော့ ရှာရခက်လောက်မှာပါ။

"တကယ်ပဲ ကျွန်မက ရှင့်ရဲ့ ပထမဆုံးလား။"

ဒါပေမဲ့ ဟောဒီ ရူးရူးမိုက်မိုက်မေးခွန်းက ကျွန်မရဲ့ နောက်ဆုံးမေးခွန်း ဖြစ်မှာပါ။

'နောက်ဆုံးပဲ' ဆိုတဲ့ ဆင်ခြေက တော်တော်လည်း အသုံးတည့်ပါရဲ့။ မလုပ်သင့်တဲ့ လုပ်ရပ်တိုင်းမှာ၊ လုပ်လိုက်လို့ ဘာမှကောင်းကျိုးမဖြစ်မဲ့ လုပ်ရပ်တိုင်းမှာ၊ မဖြစ်မနေလုပ်ဖို့မလိုတဲ့ လုပ်ရပ်တိုင်းမှာ အတူလိုက်ပါပြီး ကျွန်မကို ခွင့်ပြုချက်ပေးတယ်လေ။

ဝူဂျင်ဟာက တဒင်္ဂ ဖတ်လို့မရတဲ့ မျက်နှာထားနဲ့ ကျွန်မကို ငုံ့မိုးကြည့်နေခဲ့တယ်။ အဲ့ဒီနောက် ခပ်ရေးရေး ပြုံးတော့မယောင် နှုတ်ခမ်းတွေနဲ့ တန်ပြန် မေးခွန်းထုတ်လာတယ်။

"ဘယ်သူက အဲ့ဒီလိုပြောတာလဲ။"

"ဒါရိုက်တာဆုန်က အဲ့ဒီလို ပြောလိုက်တာပါ။"

"မသိတာ ဘာမှမရှိတဲ့ပုဂ္ဂိုလ်ပဲနော်။"

"...ရှင်။"

"အဲ့ဒါက အဖြေပဲကို။"

သူက ခပ်ဖွဖွရယ်ပြီး ကျွန်မရဲ့ အောက်နှုတ်ခမ်းကို ကိုက်ခဲ့တယ်။ ဖြောင့်စင်းတဲ့ သူ့ရဲ့နှာတံက ကျွန်မရဲ့ နှာသီးဖျားလေးကို ရှပ်ထိသွားတော့တာပေါ့။

'သူ့ရဲ့ကမ္ဘာမှာ မိန်းမဆိုတာ နင်တစ်ယောက်အပြင်မရှိတာကို နင့်ထက်ပိုသာတဲ့မိန်းမဆိုတော့ရော ဘာများထူးမလဲ၊ နင့်ထက်ပိုဆိုးတဲ့မိန်းမဆိုရင်ရော ဘာအရေးလဲ။ အဲ့ဒီလိုနဲ့ နင့်ကို လက်ခံခဲ့တာ။'

အဲ့ဒီလိုဆိုပေမဲ့လည်း ကျွန်မ သူ့အဖြေကို ရူးမိုက်စွာ စဉ်းစားကြည့်မိတယ်။ နောက်ဆုံးမှာ ဒါရိုက်တာဆုန်က မှန်တယ်ဆိုတဲ့အဓိပ္ပာယ်ဆိုရင်...

"...လိမ်တာ။"

"မင်းက ငါ့ရဲ့ ပထမဆုံးဖြစ်နေတာကို မကြိုက်ဘူးဆိုရင် မဟုတ်ဘူးဆိုပြီး ပြောပေးလို့ရတယ်။"

"တကယ်ပဲ မဟုတ်ဘူးလား။"

"ဟင့်အင်း။"

"..."

"ပထမဆုံးပဲ။"

စောစောက ကျွန်မနှုတ်ခမ်းကို ဖွဖွလေး ကျီစယ်နေတာနဲ့မတူဘဲ ဝူဂျင်ဟာက ကျွန်မမျက်လုံးထဲကို တည့်တည့်စိုက်ကြည့်ပြီး ပြောလာတယ်။ အနည်းငယ် ဖျော့တော့နေတဲ့ သူ့ရဲ့အသားအရေမှာ နီမြန်းတဲ့အပူဓာတ်က လှိုင်းထလို့ပါ။

"မင်းက အရာရာပဲ။"

ကျွန်မက သူ့ရဲ့ပထမဆုံးလို့ ပြောတာထက် ကျွန်မက သူ့ရဲ့အရာရာပဲလို့ ကြားရတာက ပိုကောင်းပါတယ်။ အဲ့ဒီ 'အရာရာ' က ခန္ဓာကိုယ်ချင်း စပ်ယှက်နှီးနှောတာကိုပဲ ရည်ညွှန်းတာဆိုရင်တောင် ခမ်းနားကြီးကျယ်လှတယ်လေ။ အရူးလို အတည်ပြုမှုမှာ အဓိပ္ပာယ်အစစ် တစ်စက်ကလေးမှ မရှိရင်တောင် အဲ့ဒီစကားတွေက ကြီးမားလေးနက်မှုတစ်မျိုးကို ဆောင်ကြဉ်းထားတာကြောင့်ပါ။

"အရာရာပဲ။"

အားလုံးက အမှန်ပဲဆိုတဲ့ အဲ့ဒီစကားရော...နောက်ဆုံးမှာ ပထမဆုံးပဲဆိုတဲ့ စကားရော။ အဓိပ္ပာယ်က အမြဲတမ်း ခမ်းနားကြီးကျယ်နေဖို့မလိုပါဘူး။ စိတ်ပျက်စရာကောင်းပေမဲ့လည်း ကျေနပ်မှုက ကျေနပ်မှုပါပဲ။

စိတ်ပျက်စရာ ကျေနပ်မှုက ကျွန်မတစ်ကိုယ်လုံးကို စွန်းထင်းသွားစေခဲ့တယ်။

"ရင်သားတွေအထိ နီနေပြီပဲ။ မင်း။"

သူက ဘရာစီယာကို ပင့်တင်ပြီး တီးတိုးရေရွတ်ခဲ့တယ်။ ခဏတွင်းချင်းမှာ ကျွန်မတစ်ကိုယ်လုံး အဲ့ဒီလိုဖြစ်သွားတာကို သိလိုက်ပေမဲ့ အဲ့ဒါက ကျွန်မရဲ့ ထိန်းချုပ်နိုင်စွမ်းအလွန်မှာ ရှိနေတဲ့ကိစ္စပါ။ သူ့အကြည့်ကို မရှောင်လွှဲဘဲ တည့်တည့်ကြည့်လိုက်တော့ သူက ပြုံးခဲ့တယ်။

"ရှက်မှာလား၊ မရှက်ဘူးလား။"

"...​ရှက်လောက်မယ်ထင်... ဟင့်..."

"ပထမဆုံးဖြစ်တဲ့သူက ငါကို။ မင်းက ဘာလို့ ရှက်ရတာလဲ။"

ကျွန်မအပြင် ဘယ်သူ့ကိုမှမသိတဲ့ ဝူဂျင်ဟာ။ ကျွန်မကိုကလွဲလို့ ဘယ်သူ့ကိုမှမသိတဲ့ ခန္ဓာကိုယ်။ အဲ့ဒီအခိုက်အတန့်လေးမှာ ကျွန်မက သူ့ရဲ့ အရာရာပဲဆိုတဲ့ စကားတစ်ခွန်းနဲ့တင် သူ့ရဲ့လက်ဆစ်လေးတွေကအစ၊ သူ့ရဲ့ဆံစ တစ်စမကျန်အောင် ကျွန်မအပိုင် ဖြစ်သွားသလိုပါပဲ။

ထင်ယောင်ထင်မှားဖြစ်မှုက တဒင်္ဂလေးသာကြာပေမဲ့ အေးစက်ပြီး စူးရှပြင်းထန်တဲ့ ပိုင်စိုးပိုင်နင်းစိတ်က ရင်ထဲမှာ ပွက်ပွက်ဆူလာတော့တယ်။ စိတ်ပျက်စရာကောင်းတဲ့ ယောက်ျားတွေ မိန်းမတစ်ယောက်ရဲ့ 'ပထမဆုံးအကြိမ်' ကို အဓိပ္ပာယ်တပ်လေ့ရှိသလို ရုတ်တရက် အဲ့ဒီလိုဖြစ်လာတာပါ။

ဒီတစ်လျှောက်လုံး ကိစ္စမရှိခဲ့တာကို အခုမှ ဒါကို သိလိုက်ရလို့ ပျော်မိတာက တကယ် အဓိပ္ပာယ်မရှိပါဘူး။ ကျွန်မရဲ့ မျက်နှာပူမှုက ဟောဒီ လူမသိသူမသိ ကျေနပ်မှုကနေ အရင်းတည်လာတာဖြစ်လောက်မလားမသိသလို၊ သူရဲ့ 'ပထမဆုံး' ဆိုတဲ့ စကားက အခုလက်ရှိ ကျွန်မတို့ ရပ်နေတဲ့နေရာကနေ တအားအလှမ်းဝေးလွန်းတဲ့ကမ္ဘာနဲ့ သက်ဆိုင်နေတာကြောင့်ပဲဖြစ်မလား။

မျက်နှာပူတာထက် ရှက်စိတ်နဲ့ ပိုနီးစပ်တဲ့ ခံစားချက်ပါ။ အခုအထိ ဝူဂျင်ဟာကို ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းအောင် စွဲလမ်းနေမိမှန်း သဘောပေါက်လိုက်ရတဲ့ ရှက်စိတ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်မရဲ့ ရှက်စရာကောင်းတဲ့ အပိုင်းကိုလည်း သဘောကျပါတယ်။ တကယ်ပဲ ရူးသွားပြီထင်ပါရဲ့။

သူက နီမြန်းနေတဲ့ ကျွန်မရဲ့ ရင်ဘက်ဆီကို ခေါင်းငုံ့လာပြီးမထိခင် ထောင်နေပြီးသား နို့သီးလေးကို သွားနဲ့ကိုက်ခဲ့တယ်။ ကျောရိုးမြောင်းထဲမှာ စုဝေးနေတဲ့ရေလို ရေသီဝေ့ဝဲနေတဲ့လက်က တင်ပါးဆီကို လျှောဆင်းလာတော့တယ်။

"အင့်...ဟင်း..."

ခဏတွင်းချင်းမှာ ညဝတ်ဘောင်းဘီတိုထဲ လျှောဝင်သွားတဲ့လက်က တင်သားအတိုင်း ပွတ်သပ်လျှောဆင်းပြီး စိုစိစိဖြစ်နေတဲ့ ယောနိအောက်ပိုင်းကို မထိတထိပွတ်မိသွားခဲ့တယ်။ ကျွန်မလည်း ခါးကိုလူးလွန့်ပြီး သူ့ဆံပင်ကို ဆုပ်ဆွဲလိုက်မိတော့တယ်။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment