no

Font
Theme

အခန်း ၄၅ (mature)

Translator - D

ကျွန်မကျောအောက်မှာခံနေတဲ့ စားပွဲခုံက ဝူဂျင်ဟာ ကြမ်းတမ်းစွာ ထိုးသွင်းလိုက်တိုင်း ဆူညံသံအသေးစားလေးတွေ ဖြစ်ပေါ်စေခဲ့တယ်။ ကျွန်မလည်း ဟထားမိတဲ့ နှုတ်ခမ်းတွေကြားကနေ ညည်းသံကို ထုတ်လွှတ်ရင်း အားမပါစွာ မျက်လုံးတွေကိုလှည့်ပြီး ကြည့်လိုက်တော့ ခေါင်းရင်းဘက်မှာ မတည်မငြိမ် ယိမ်းထိုးနေတဲ့ မော်နီတာကို မြင်လိုက်ရတယ်။ ဒီအတိုင်းသာဆို ပြုတ်ကျသွားမလား...။ မော်နီတာရဲ့ အနောက်မှာ နေရာသိပ်မရှိတော့ဘူးလေ။

ဖြစ်နိုင်ရင် ကျွန်မခေါင်းပေါ်ကိုသာ လဲကျစေချင်မိပါရဲ့။ ကျွန်မ အဲ့ဒီလိုတွေးလိုက်ရင်း မှောင်နေတဲ့မျက်နှာပြင်မှာ မှန်တစ်ချပ်လို ထင်ဟပ်ပြနေတဲ့ ကျွန်မကိုယ်ကျွန်မ ကြည့်လိုက်မိတယ်။ ကြီးမားတဲ့ မော်နီတာရဲ့ အစွန်းဘက်မှာ ရှိနေတဲ့ သူ့ရဲ့ဘေးတိုက်မျက်နှာကိုလည်း မြင်နေရတယ်လေ။ နှစ်ယောက်စလုံးက sex လုပ်နေတယ်မထင်ရအောင် အဝတ်အစားတွေနဲ့ပါ။ အောက်ပိုင်းချင်းပဲ ထိတွေ့နိုင်ရုံ အတွင်းခံကို အနည်းငယ်လောက်သာ ချွတ်ထားပြီး ချစ်တင်းနှောနေကြတဲ့ လူနှစ်ယောက်။

အဲ့ဒီအရာက ကျွန်မခေါင်းပေါ် လဲကျလာပြီးတော့ ဒီပုံရိပ်ကို ဆက်ပြီး ထင်ဟပ်မပြနိုင်တော့ရင် ကောင်းမှာပါပဲ။ ကျွန်မ အားလုံးကို မေ့ပစ်နိုင်ရင် ကောင်းမယ်လို့ တွေးလိုက်မိတယ်။ မှတ်မှတ်ရရဖြစ်နေသင့်တဲ့ အရာကလည်း ဘာမှသိပ်မရှိဘူးလေ...။ တွေဝေစွာ တွေးနေတုန်း ကြီးမားတဲ့ လက်တစ်ဖက်က ကျွန်မရဲ့မေးစေ့ကို လာဆုပ်ကိုင်ခဲ့တယ်။

သူက ကျွန်မရဲ့အကြည့် သူ့ဆီကနေ ဖယ်ခွာသွားတာကို သိသွားတာနဲ့ ချက်ချင်း ကျွန်မမျက်နှာကို ဆွဲကိုင်ပြီး ငြိမ်အောင်ချုပ်ထားလိုက်တယ်။ ကျွန်မကို တည့်တည့်စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေက အခုပဲ ကွဲကြေသွားတော့မလို အားနည်းနေသလိုပါပဲ။

ဘာကြောင့်မှန်းမသိ သူက သနားစရာကောင်းနေတဲ့အတွက် ကျွန်မလည်း သူ့မျက်နှာဆီ လက်လှမ်းမိသွားတာပေါ့။ ဖြည်းညင်းစွာ ပါးကိုပွတ်သပ်လိုက်တော့ ကြမ်းကြုတ်တဲ့ဟန်ပန်က အလိမ်အညာတစ်ခုအလား ပျောက်ကွယ်သွားတော့တယ်။ လက်ဖဝါးပေါ် နှုတ်ခမ်းကိုဖိကပ်ပြီး ပါးကိုပွတ်သပ်နေပုံက ယဉ်ပါးတဲ့ခွေးလေးတစ်ကောင်လိုပါပဲ။ ကျွန်မ ရယ်ချင်မိသလို တစ်ချိန်တည်းမှာပဲ မျက်ရည်ကျချင်သလိုလိုလည်း ဖြစ်ခဲ့ရတယ်။

ဝူဂျင်ဟာက ကျွန်မ တစ်ခုခုကိုသိနေမှန်း မသိပါဘူး။ ဒီအတိုင်း ကျွန်မက မပူးပေါင်းပေးချင်လောက်အောင် စိတ်ကုန်နေပြီး၊ အဲ့ဒီလိုဆိုပေမဲ့လည်း ကျွန်မက သူ့ကို ချစ်နေဆဲပဲလို့ ထင်နေတဲ့အတွက် အားနည်းချက်အဖြစ်သုံးပြီးတော့ နည်းနည်းလောက်ထပ်ပြီး အချိန်ဆွဲနေရုံလေးပါ။

ဥက္ကဋ္ဌဝူတို့ လင်မယားက ကျွန်မကို စွန့်ပစ်မဲ့ အခြေအနေမျိုး ဖန်တီးခဲ့မယ်ဆိုရင်တောင် နောက်ဆုံးမှာ ကိုယ်ဝန်ရလာတာနဲ့ အားလုံး အဆင်ပြေသွားမယ်လို့ သူက ထင်နေတာလေ။ ကျွန်မက သူတို့ချမှတ်ထားတဲ့ အခြေအနေသတ်မှတ်ချက်ကိုမသိဘဲ ဒီအတိုင်း သူ့ကို စိတ်ဆိုးပြီး ထွက်သွားဖို့လုပ်နေတယ်လို့ပဲ သူက ယူဆနေတာပါ။

တကယ်တမ်းမှာ အဲ့ဒီလိုဖြစ်ဖို့ အခွင့်အရေးက တော်တော်လေးရှိနေတာကိုး။ ဂန်ဂျူဂယောင်းက သူ အဲ့ဒီအိမ်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာအောင် နေနိုင်ခဲ့တာ ဝူဂျင်ဟာ တစ်ယောက်တည်းကြောင့်လို့ ပြောခဲ့ဖူးပါတယ်။ ဝူဂျင်ဟာရဲ့အဖေက အပြင်မှာ ဘယ်လောက်ပဲ ဖောက်ပြန်နေပါစေ၊ သူ့ဇနီးက ကြောက်ခမန်းလိလိ ဆိုးတယ်ဆိုပြီး မိဘတွေဆီမှာ ကွာရှင်းခွင့် ဘယ်လောက်ပဲ တောင်းဆိုပါစေ၊ သူတို့ကတော့ သားသမီးရှိနေသရွေ့ ကွာရှင်းခွင့်မပြုနိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့ကြတာလေ။

ဂန်ဂျူဂယောင်းက ဒါကို ကံဆိုးတာပဲလား၊ တော်သေးတာပဲလားဆိုတာ မပြောတတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သူတို့ကြောင့် ဝူဂျင်ဟာကို မဆုံးရှုံးခဲ့ရပေမဲ့ သူတို့ကြောင့်ပဲ သူ့ဘဝကိုတော့ ဆုံးရှုံးခဲ့ရတယ်တဲ့လေ။ စွန့်ပစ်မခံရလို့ တော်သေးပေမဲ့ တစ်ခါတလေကျတော့ စွန့်ပစ်ခံခဲ့ရရင် ဘယ်လိုနေလောက်မလဲဆိုတာကို အသက်ကြီးလာလေ တွေးမိလေပဲလို့လည်း ပြောခဲ့ပါသေးတယ်။

ရုတ်တရက် ရယ်ချင်လာတော့တယ်။ အခု လုပ်နေတာက ဘယ်လောက်တောင် နောင်တရစရာဖြစ်လာမယ်ဆိုတာကို သူမသိဘဲနဲ့လေ...။ တကယ်လို့ ကျွန်မသာ ကိုယ်ဝန်ထပ်ရခဲ့မယ်ဆိုရင် သူ့မိဘတွေလိုပဲ တစ်သက်လုံး ဒီအိမ်ထောင်မှာ ပိတ်မိသွားနိုင်တာကို။ အားလုံးက သူ့အတွက် ဘယ်လောက်လုပ်ပေးနေကြလဲဆိုတာကို သူက မသိပါလား။

ကျွန်မ သူ့မျက်လုံးတွေကို တွေဝေစွာကြည့်ရင်း တုန်ယင်နေရာကနေ ခြေထောက်ကိုရွှေ့ပြီး သူ့ခါးမှာ ရစ်ခွေထားလိုက်တယ်။ သူ့ကို မြန်မြန်ပြီးစေချင်နေမှန်း ကျိန်းသေပေါက်သိနေတဲ့ ဝူဂျင်ဟာက ရှီးလို့ရယ်ရင်း ကျွန်မလည်ပင်းကို ကိုက်ခဲ့တယ်။ သူ့ခန္ဓာကိုယ်မှာ ကျွန်မ ချန်ထားခဲ့တဲ့ ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့ရင် ကျွန်မရဲ့ခန္ဓာကိုယ်ကလည်း သူ ချန်ထားခဲ့တဲ့ အမှတ်အသားတွေ စုပြုံနေခဲ့တာပါ။ ခြေဖျားကနေ လည်ပင်းအထိ နီနီရဲရဲ အစွန်းအထင်းတွေအပြည့်ပေါ့။

ခြေတံတွေကြားမှာ၊ သူ့နှုတ်ခမ်းတွေ ထိတွေ့ခဲ့တဲ့နေရာတွေမှာ အပူရှိန်တက်လာခဲ့တယ်။ သူနဲ့ မထိတွေ့တဲ့ နေရာအားလုံးက အေးခဲနေသလို၊ နေရာအနည်းငယ်လောက်ကပဲ အသက်ဝင်နေသလိုပေါ့။

ခဏနေတော့ သူက ကျွန်မအတွင်းထဲမှာ ပြီးမြောက်သွားခဲ့တယ်။ ခုနက ပြီးထားတာကို မထုတ်ဘဲထားခဲ့တဲ့အတွက် သုက်ရည်တွေက အပြင်ဘက်အထိ လျှံကျလာတော့တယ်။ ဒီနေရာမှာတင် အကြိမ်ကြိမ် ပြီးမြောက်ခဲ့ပြီးသား ကျွန်မက အကြောင်သား အနမ်းကိုခံယူရင်း သူ့ကို ဖက်ထားခဲ့တဲ့ လက်တွေကို ဖြေလျှော့လိုက်တယ်။ သူက စိမ်ပြေနပြေ ကျွန်မအတွင်းထဲကို အကြိမ်အနည်းငယ် ထပ်မံထိုးသွင်းလိုက်ပြီးမှ ထွက်သွားခဲ့တယ်။ အောက်ပိုင်းက လစ်ဟာပြီး ကျန်ခဲ့တော့တာပေါ့။

သူနဲ့ အခုလို ခန္ဓာကိုယ်ချင်းနှီးနှောခဲ့တာ ဆယ်ရက်နီးပါး ရှိခဲ့ပါပြီ။ အခုဆို သူအထဲဝင်လာတာက အလေ့အကျင့်လိုတောင်ဖြစ်နေပြီလေ။ Sex လုပ်မနေတဲ့ အချိန်တွေမှာပါ အောက်ပိုင်းမှာ သူက အပြည့်ဖြည့်ထားသလို ထူးဆန်းတဲ့ခံစားချက်မျိုး ခံစားရတဲ့အထိပါပဲ။

ထိုးသွင်းထားတာကို မထုတ်ဘဲ သူနဲ့လိမ်ယှက်နှောင်တွယ်နေသလို အိပ်ပျော်ခဲ့ရတဲ့ ညတွေကလည်း အများကြီးပဲပေါ့။ အောက်ပိုင်းမှာ သူ့ကိုခဲထားရင်း အိပ်ပျော်သွားပြီး နိုးလာတဲ့အခါ တစ်ညလုံး မာတောင်နေတဲ့ လိင်တံက အတွင်းမှာ တဆတ်ဆတ် တုန်ယင်လှုပ်ရှားနေတာပါ။ ချက်ချင်း ဆောင့်သွင်းလိုက်ရင်တောင် ကျွန်မအထဲမှာ သူ့ရဲ့သုက်ရည်တွေက ရွှဲနစ်နေပြီးသားမို့လို့ နာကျင်မှုမရှိပါဘူး။

ခုနလေးကလိုပဲ အကျယ်ကြီးကားထားတဲ့ ခြေတံနှစ်ဖက်ကြားကနေ သုက်ရည်တွေ တဖြည်းဖြည်းချင်း ယိုစီးရင်း ကျုံ့ချည်ဆန့်ချည် လှုပ်ရှားနေခဲ့တယ်။ သူက ကျွန်မရင်ခွင်ထဲကနေ လွတ်လာပြီးတော့ ကိုယ်ကို မတ်မတ်ရပ်ပြီး ကျွန်မကို ငုံ့ကြည့်လာတယ်။

ကျွန်မရဲ့ မျက်နှာကနေ ကြယ်သီးတစ်လုံးတောင် မဖြုတ်ထားတဲ့ သေသေသပ်သပ် အဝတ်အစားတွေ၊ ခါးအထိ လိပ်တက်နေတဲ့ စကတ်၊ ဖြူဖွေးတဲ့ သူ့ရဲ့သုက်ရည်တွေ စီးကျနေတဲ့ ကျွန်မရဲ့ယောနိနှုတ်ခမ်းအထိ အကြည့်ကရောက်လာတယ်။ ကျွန်မ ခြေထောက်ကိုပြန်စုဖို့ ကြိုးစားလိုက်ပေမဲ့ သူက အသာအယာ ပြန်ဆွဲဟခဲ့တယ်။

“မင်းက ဒီနေရာအထိတောင် လှတယ်။ ဟီဂျူလေး။”

စိုစွတ်နေတဲ့ ယောနိပေါ်ကို သူက လက်ဖျားလေးနဲ့ထိခဲ့တယ်။ ယောနိရဲ့အက်ကွဲကြောင်းအစကနေ အတွင်းထဲကို တစ်ချက်ဝင်သွားတဲ့ လက်ချောင်းက သုက်ရည်တွေကို ကုတ်ခြစ်ထုတ်သွားတော့တယ်။ ခေါင်းငဲ့ပြီး မတ်မတ်ရပ်နေတဲ့ သူက စိုနေတဲ့ လက်ဖျားကိုကြည့်ပြီး အေးစက်စွာ ခပ်ရေးရေးပြုံးလို့ပါ။

“ဒီလို ကောင်းကောင်း ယိုကျလာတာကလွဲရင်။”

“……”

“ပါးစပ်ဟ။”

အားမရှိစွာ စေ့ပိတ်နေတဲ့ ပါးစပ်အတွင်းကို သူ့လက်ချောင်းက ဝင်လာတယ်။ လျှာပေါ်ကို စိုစွတ်နေတဲ့ လက်ဖျားနဲ့ ဖိလိုက်တဲ့အခိုက်အတန့်မှာ သူများရဲ့နာကျင်မှုအပေါ်သာယာတဲ့ မျက်နှာက ပေါ်လာခဲ့တယ်။

“မင်းဆီကနေ စီးကျလာသလောက် ဒီလိုမျိုး ပြန်ကျွေးမှာ။”

“……”

“စုပ်လိုက်၊ သန့်ရှင်းသွားတဲ့အထိ။”

ကျွန်မက သူ့လက်ချောင်းကို အသာတကြည် စုပ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့မှာ အရသာရော အနံ့ရော ထွေထွေထူးထူးမှမရှိတာ။ ကျွန်မ ဒီလောက် လိုက်လိုက်လျောလျောရှိနေတဲ့တိုင် ဝူဂျင်ဟာက ကျေနပ်မသွားဘဲ မျက်နှာမဲ့သွားခဲ့တယ်။

“...ချီးပဲ၊ ငါက ထူးဆန်းတဲ့ကိစ္စတွေ လုပ်ခိုင်းရင် ကျေးဇူးပြုပြီး မကြိုက်ဘူးလို့ ပြောစမ်းပါ၊ ဟီဂျူရယ်။”

တစ်ဖက်ကနေကြည့်ရင် ကျွန်မကို အင်မတန် အရှက်ရစေမဲ့ အပြုအမူလို့တွေးပြီး မကြိုက်ဘူးလို့ ပြောလာမဲ့စကားကို ကြားချင်တဲ့အတွက် တမင်လုပ်နေမှန်း ကျွန်မ သိသားပဲ။

သုက်ရည်တွေ ပေနေတဲ့ လက်ချောင်းကို စုပ်ခိုင်းတာထက် ကျွန်မဆီကစကားကို ပိုကြားချင်နေတာက တစ်နည်းအားဖြင့် ချစ်ဖို့ကောင်းနေခဲ့တယ်။

ဝူဂျင်ဟာက ကျွန်မကိုနမ်းပြီး သူ ညစ်ညမ်းအောင်လုပ်ခဲ့တဲ့ ပါးစပ်အတွင်းပိုင်းကို ရရာနည်းနဲ့ပြန်ကုစားချင်ပေမဲ့ မဖြစ်နိုင်မှန်းသိသွားပြီးတဲ့နောက်မှာ အနမ်းကို ရပ်လိုက်တယ်။

သူက နှုတ်ခမ်းတွေ ချက်ချင်း ပြန်ထိမိလောက်တဲ့အထိ နီးနီးလေးခွာသွားပြီး ရေရွတ်ခဲ့တယ်။

“ဘယ်လိုများ မင်းက မကြိုက်ဘူးဆိုတဲ့စကားကိုတောင် မကြိုက်ရတာလဲ...”

“……”

“ဘယ်အထိ သွားမလို့၊ ဟီးဂျူရဲ့။”

ကျွန်မကို စိတ်ကုန်သွားတဲ့အထိပေါ့။ ပါးစပ်ထဲမှာ ဘာမှမရှိတဲ့အသံက ပျံ့ပြယ်သွားခဲ့တယ်။

ကျွန်မရဲ့အသံတိတ်အဖြေကို ကြားလိုက်ရတဲ့အလား သူ့မျက်လုံးထဲက အကြည့်က ခဏတွင်းချင်း ပြောင်းလဲသွားတော့တယ်။

သူက ကျွန်မကို ဆွဲထူလိုက်တယ်။ တောင်းဆိုနေသလို မျက်နှာကလည်း ပျောက်သွားခဲ့ပါပြီ။

“ဒီတစ်ခါ စီးမကျစေနဲ့။”

စားပွဲအောက်ကို ကိုယ်က ဆွဲယူခံလိုက်ရတယ်။ အကြာကြီးနေမှ ကြမ်းပြင်ပေါ် ခြေချရတာပဲလို့ တွေးမိတာနဲ့ ချက်ချင်း စားပွဲပေါ်မှာ ကိုယ်က မှောက်လျက်သားလေးဖြစ်သွားတော့တာပါပဲ။

သူက အနောက်ကနေ ထိုးသွင်းဝင်ရောက်လာခဲ့တယ်။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment