အခန်း ၄၃ (mature)
Translator - D
သူက လက်ချောင်းတွေနဲ့ ယောနိနှုတ်ခမ်းကိုဖြဲပြီးတော့ နိုးသီးလေးကို ညစ်ကျယ်ကျယ် ကိုက်ဆွဲခဲ့တယ်။ ထိပ်ဖျားလေးတင် အဆွဲခံရရုံနဲ့ ရင်သားတစ်ခုလုံး ပင့်တက်လာပြီး ပုံသဏ္ဌာန်က သိသာထင်ရှားစွာ ပြောင်းလဲသွားတော့တယ်။ ဝူဂျင်ဟာ သူ့လက်နဲ့အပြည့် ကြမ်းကြမ်းညှစ်ပြီး ပါးစပ်ထဲ ထည့်လိုက်တဲ့အခါ နို့သီးခေါင်းတစ်ဝိုက်က အဝိုင်းလေးပါ သူ့ပါးစပ်ထဲ ပျောက်သွားတော့တာပေါ့။ အရိုင်းဆန်ဆန် အကြိုနှိုးဆွပွတ်သပ်မှုပါပဲ။
သူက ရင်သားကို ဂျုံနယ်သလို ဆုပ်နယ်နေရာကနေ နို့ရည်ကို ညှစ်ထုတ်နေသလို အားနဲ့ညှစ်ပြီး စီးကျလာတဲ့ နို့ရည်တွေကို စုပ်ယူသုံးဆောင်တဲ့အလား ရင်သားအနှံ့အပြားမှာ အမှတ်ရာတွေ အငမ်းမရ ချန်ထားခဲ့တယ်။ မျက်လုံးထဲကို ရှင်းလင်းပြတ်သားစွာ ဝင်လာတဲ့မြင်ကွင်းကြောင့် အင်မတန် ရှက်ရွံ့မိပေမဲ့ ရှက်စိတ်ကို ပိုပြီးခံစားရလေ၊ စိတ်ကပိုပြီးကြွလာလေပါပဲ။ အထဲကို ထိုးသွင်းထားတဲ့ လက်ဆစ်တုတ်တုတ်တွေက ဖွဖွလေးညှစ်နေတဲ့ အတွင်းသားတွေကို မွှေနှောက်နေခဲ့တယ်။
"အ...ဟင်း..."
သူ့နှုတ်ခမ်းတွေက မို့မောက်နေတဲ့ ရင်သားဆီကနေ အရိုးတွေ ထင်ထင်ရှားရှား ငေါထွက်နေတဲ့ ရင်ဘတ်ဆီကို လျှောဆင်းလာတော့တယ်။ အရေပြား ပါးပါးလေးသာရှိတဲ့ နေရာတွေမှာလည်း သွားရာတွေ ချန်ထားခဲ့တာပါ။ စွဲလမ်းမှုနဲ့နီးစပ်တဲ့ အမှတ်ရာတွေကို ချန်ထားခဲ့သလိုပါပဲ။ သူများကိုနှိပ်စက်ပြီးသာယာလိုတဲ့ အစွန်းတစ်ဖက်လည်း မသိမသာလေး ရှိနေတာပေါ့။
ညှပ်ရိုးဆီကိုရောက်လာတဲ့ နှုတ်ခမ်းတွေက ပခုံးတစ်လျှောက်မှာ အမှတ်ရာလမ်းကြောင်းအရှည်ကြီး ချန်ရစ်ထားခဲ့ပြီး လည်တိုင်ဆီကို တက်လာခဲ့တယ်။ အောက်ပိုင်းကိုဆွနေတဲ့လက်ကြောင့် ခါးကိုကော့ထားမိပေမဲ့ ဝူဂျင်ဟာရဲ့မျက်နှာကို မြင်ချင်မိပါတယ်။ သူ့မျက်လုံးတွေကို တစ်ခါထပ်ပြီး မြင်ချင်သေးတယ်လေ။
ကျွန်မ သူ့ပါးတွေကို ထွေးဆုပ်လိုက်တော့ သူ့မျက်ခုံးထူထူတွေက အနည်းငယ်ပြေလျော့သွားပြီး နာခံတတ်တဲ့ မျဉ်းတစ်ကြောင်းပေါ်လာတော့တယ်။ သူ့လက်ချောင်းတွေ အောက်ပိုင်းကနေ လျှောထွက်လာပြီး စိုစွတ်မှုက ကျွန်မတင်ပါးကို တမင်ပွတ်သပ်သွားခဲ့တယ်။ ကျွန်မက အာရုံစိုက်မနေဘဲ ကျွန်မဆီ ပိုပြီးတိုးဝင်လာဖို့ ပြောနေတဲ့အလား သူ့ကို အနည်းငယ်နီးကပ်လာအောင် ဆွဲယူလိုက်တယ်။ သူက တကယ့်ကို နာနာခံခံပဲ ခန္ဓာကိုယ်ကို လှုပ်ရှားခဲ့တယ်လေ။
အဲ့ဒီစက္ကန့်ပိုင်းလေးအတွင်းမှာပဲ ကျွန်မက သူ့ရှပ်အင်္ကျီရဲ့ အရှေ့ပိုင်းကို ဆွဲကိုင်ပြီး သူ့ကို တွန်းလိုက်တယ်။ အားနဲ့မဟုတ်ဘဲ ကိုယ်အလေးချိန်နဲ့ပါ။
သတိလက်လွတ်ဖြစ်သွားတဲ့ ဝူဂျင်ဟာက ရုတ်တရက် ကျွန်မအောက်မှာ ဖိချုပ်ခံလိုက်ရတဲ့ အခြေအနေကို ချက်ချင်း နားမလည်ဘဲ အခု သူ့အပေါ်မှာ တက်ခွထားတဲ့ ကျွန်မကို အကြောင်သား မော့ကြည့်ရုံသာကြည့်နေခဲ့တယ်။ စက္ကန့်ပိုင်းလောက်လေးပေါ့။
"ငါ ိုး..."
ဝူဂျင်ဟာက လုံးဝ ချုပ်တည်းမထားနိုင်တဲ့အလား ခပ်တိုးတိုး ဆဲရေးပြီး ကျွန်မရဲ့ရင်သားကို ခပ်ကြမ်းကြမ်း ဆုပ်ကိုင်ခဲ့တယ်။ ကျွန်မကို မော့ကြည့်နေတဲ့ မျက်လုံးတွေက မည်းနက်စွာ တောက်ပလို့ပေါ့။ ကျွန်မလည်း သူ့ကို ရင်သားတွေ ဆုပ်ကိုင်ခွင့်ပေးထားပြီး တင်ပါးကို ပြန်ခွာလိုက်တယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ မာကြောထောင်မတ်နေတဲ့ သူ့ရဲ့လိင်တံကို ဖြည်းဖြည်းချင်း စတင်ဖိကြိတ်တော့ သူက ညည်းခဲ့တယ်။
"အ...အင့်..."
သွေးတစ်စက်လေးတောင် မထွက်မဲ့အလား ပြီးပြည့်စုံတဲ့သူ့မျက်နှာ စိတ်ကြွပြီး ပျက်ယွင်းနေတဲ့ပုံစံရယ်၊ တည်ကြည်ခိုင်မာတဲ့အသံက ညည်းသံအဖြစ် ကွဲအက်သွားပုံရယ်က ထူးဆန်းတဲ့အတိုင်းအတာအထိ ကျေနပ်မှုကို ယူလာပေးခဲ့တယ်။ ကျွန်မသာသိတဲ့ မျက်နှာ။ ကျွန်မသာ ကြားနိုင်တဲ့ အသံ။
အနည်းဆုံးတော့ ဒီနေ့အထိပေါ့။
ပြန့်ကြဲသွားတဲ့ သူ့ရဲ့ညည်းသံတွေကိုတောင် အလဟဿ ဖြုန်းတီးမပစ်ချင်တဲ့အလား ကျွန်မ ဝူဂျင်ဟာရဲ့နှုတ်ခမ်းတွေကို မျိုယူသိမ်းပိုက်လိုက်တယ်။ အားလုံးကို ပိုင်ဆိုင်ချင်ပါတယ်။ သူ့နှုတ်ခမ်းကိုဖြဲပြီး လျှာကိုထိုးသွင်းလိုက်တော့ သူက လည်ချောင်းထဲမှာ တုန်ယင်သွားအောင် ညည်းခဲ့တယ်။ နှစ်ယောက်စလုံး အသိစိတ်လွတ်သွားတဲ့အလား မျှော်လင့်တကြီး ဖက်တွယ်နှောင်ဖွဲ့မိသွားတော့တယ်။ ကျွန်မ ပခုံးမှာ ရုံထားရုံသာသာလေးရှိနေတဲ့ အဝတ်ကို ချွတ်နေတုန်းမှာ သူက ကျွန်မပေါင်ကို ဆုပ်ကိုင်ထားတဲ့လက်နဲ့ ညဝတ်ဘောင်းဘီတိုထဲကို နှိုက်ခဲ့တယ်။
သူ့လက်ဖျားက စိုရွှဲနေတဲ့ ကျွန်မရဲ့ အတွင်းခံဆီ အချိန်မရွေး ရောက်လာတော့မလိုပါပဲ။ ခါးအနောက်ဘက်ကို ထိန်းပေးထားတဲ့လက်နဲ့ အတွင်းခံဘောင်းဘီထဲ လျှောသွင်းပြီးတော့ တင်ပါးကိုဆုပ်ကိုင်လိုက်တဲ့ ဝူဂျင်ဟာက ကျွန်မ သူ့ကိုမှီလို့ရအောင် ခန္ဓကိုယ်အပေါ်ပိုင်းကို အနည်းငယ် ထူမတ်ပေးခဲ့တယ်။ ကျွန်မရဲ့ရင်ဘတ်က သူ့ရဲ့ကိုယ်နဲ့ဖိမိပြီး ပုံပျက်သွားတော့တယ်။
"ဟင်း...အင်း..."
"...ဟား..."
နှုတ်ခမ်းချင်းခွာသွားတိုင်း နှစ်ယောက်စလုံးရဲ့ ကြမ်းရှရှ အသက်ရှူသံတွေ ထွက်လာတော့တယ်။ ကျွန်မက ခန္ဓာကိုယ်အောက်ပိုင်းကို အရိုင်းဆန်ဆန် ဖိပွတ်ရင်း သူ့ဆံပင်ကို ဆွဲဆုပ်ထားလိုက်တယ်။
ဟီဂျူ။ နှုတ်ခမ်းဖျားကနေ ကျွန်မနာမည် စီးထွက်လာခဲ့တယ်။ ရှင်းဟီဂျူ။ မေးဖျားကနေ ကျွန်မနာမည် စီးထွက်လာပြီး၊ လည်ချောင်းထဲကနေလည်း ကျွန်မနာမည် စီးထွက်လာခဲ့တယ်။
"ဟီဂျူ..."
သူက ကျွန်မနာမည်ကို မျှော်လင့်တကြီး တီးတိုးရေရွတ်ခဲ့တယ်။ နှလုံးပြုတ်ကျသွားသလိုပါပဲ။ ခေါင်းထဲမှာ ထုံထိုင်းသွားစေတဲ့ ကျေနပ်မှုရော၊ ဗိုက်ထဲက စူးခနဲဖြတ်သန်းသွားတဲ့ စိတ်လှုပ်ရှားမှုရော၊ အားလုံးက နာကျင်မှုရဲ့ အယောင်ဆောင် အတုလိုပဲလေ။ ကျွန်မ သူ့နှုတ်ခမ်းကို တားလိုက်တယ်။ သူ့လည်တိုင်ကိုနမ်းလိုက်ပြီး သူ ကျွန်မရင်သားကို စုပ်ပေးနိုင်အောင် သူ့နှုတ်ခမ်းမှာ အရိုင်းဆန်ဆန် တေ့ပေးရင်း ညည်းလိုက်တယ်။
ခန္ဓာကိုယ်အောက်ပိုင်းက လုံးဝ စိုရွှဲလာပါပြီ။ ပေါင်တွေတောင် စိုနေပြီလေ။ သူ့ဘောင်းဘီ စိုနေတာကို ကျွန်မအသားမှာ ခံစားမိနေရတယ်။ ကျွန်မကြောင့်စိုနေတာလား၊ သူ့ဘာသာစိုနေတာလား မပြောနိုင်ပါဘူး။
သူ့ရဲ့ရင်အုပ်တောင့်တောင့်ပေါ်မှာ လက်တင်ထားရာက အောက်ကိုလျှောဆင်းပြီး ရှပ်အင်္ကျီပေါ်ကနေ သူ့ရဲ့ဝမ်းဗိုက်ကို ပွတ်လိုက်တယ်။ သေသပ်ထင်ရှားတဲ့ ဝမ်းဗိုက်ကြွက်သားတွေက ထပ်ခါတလဲလဲ ကျုံ့ချည်ဆန့်ချည်နဲ့ပါ။ သူ့ခါးပတ်ဆီ လက်လှမ်းဖို့ပြင်ပြီးမှ ကျွန်မ တစ်ချက်လေး တွေဝေတုံ့ဆိုင်းသွားခဲ့တယ်။
သူ့နှုတ်ခမ်းတွေက ကျွန်မကို လောနေတဲ့အလား ကျွန်မရဲ့နားထင်ကို ထိလာတယ်။ စိတ်လောနေတဲ့ သူ့ရဲ့အသက်ရှူသံက ကျွန်မနားထဲမှာ အပူဓာတ်တွေကို အူနေအောင်ချန်ထားခဲ့တယ်။ ကျွန်မလည်း အခုလေးတင် အစွန်းနားလေးမှာ လက်တင်ထားမိတဲ့ ခါးပတ်ခလုတ်ကိုနှိပ်လိုက်တယ်။
အဲ့ဒီအခိုက်အတန့်မှာပဲ လောကကြီး ပြောင်းပြန်လန်သွားပါတော့တယ်။
"အား..."
ဝူဂျင်ဟာက ရုတ်ခြည်းပြောင်းလဲသွားတဲ့ မျက်နှာထားနဲ့ ကျွန်မကို ငုံ့မိုးကြည့်နေခဲ့တယ်။ ဘာမှဂရုမစိုက်သလို၊ အေးစက်ပြီး လှောင်ပြောင်သရော်မှုပါ ပါနေမလားမသိတဲ့ မျက်နှာထား။
ကျွန်မ မလှုပ်မယှက် တောင့်တင်းသွားတော့ သူက အခုအထိ သေချာမချွတ်ရသေးတဲ့ ကျွန်မရဲ့ဘောင်းဘီကို ဆွဲဖြဲမိလုမတတ် ကြမ်းကြမ်းတမ်းတမ်း ဆွဲချွတ်ခဲ့တယ်။
စိတ်က ထုံနေဆဲဆိုပေမဲ့ ခြေတံတွေက အတင်းအကျပ် ဆွဲဖွင့်ခံလိုက်ရတယ်။ ကြောက်စရာကောင်းလောက်အောင် စိတ်ကြွချင်စရာပါပဲ။ ကျွန်မရဲ့ ကိုယ်ရော စိတ်ပါ ကောင်းမွန်တဲ့အနေအထားမှာ ရှိမနေပါဘူး။ အနည်းဆုံး အချိန်နည်းနည်း ထပ်လိုပါသေးတယ်။
အဲ့ဒီမျက်လုံးတွေက ဘာအဓိပ္ပာယ်လဲ၊ အဲ့ဒီမျက်နှာထားက ဘာအဓိပ္ပာယ်လဲ၊ အခု ကျွန်မခန္ဓာကိုယ်က တကယ်ပဲ စိတ်ကြွနေတာလား...အခြေခံအကျဆုံး ရုပ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုတောင် မသင်္ကာဖြစ်မိနေတယ်လေ။
ဒါပေမဲ့ ဘာမှမတတ်နိုင်ပါဘူး။ သူ့အကြည့်ထဲမှာ တောင့်တင်းနေတဲ့ ကျွန်မက မျိုးစိတ်လေ့လာသူရဲ့ စာအုပ်ထဲမှာ ပင်အပ်နဲ့စိုက်ထားတဲ့ လိပ်ပြာလိုပါပဲ။
ဒါပေမဲ့ မာကျောတဲ့ သူ့ရဲ့လိင်တံထိပ်ဖျား ယောနိအဝင်ဝကို ထိလာချိန်မှာ ရေအေးနဲ့အပက်ခံလိုက်ရတဲ့သူလို ငေါက်ခနဲထထိုင်ပြီး သူ့ကို တွန်းဖယ်လိုက်မိတယ်။ အတိအကျပြောရရင် ထထိုင်ဖို့ကြိုးစားပြီး သူ့ကို တွန်းဖယ်ဖို့ ပြင်ခဲ့တာပါ။ ဒါပေမဲ့ ဘာတစ်ခုမှ မအောင်မြင်လိုက်ပါဘူး။
တုတ်ခိုင်တဲ့အသားစိုင်ကြီးက အထဲကို ဖြည်းဖြည်းချင်း ဝင်လာတော့တယ်။ သူက ကွန်ဒုံးတောင် မသုံးထားပါဘူး။
"အား..."
သူ မေ့သွားတာဖြစ်မယ်လို့ ထင်လိုက်မိတယ်။ နောက်ဆုံးတစ်ခေါက် ကိုယ်လက်နှီးနှောခဲ့တာ တော်တော်ကြာသွားပြီဖြစ်ပြီး နှစ်ယောက်စလုံး စိတ်လွတ်နေလို့ ပထမဆုံးအကြိမ်ကလို အမှားမျိုး ပြန်လုပ်မိနေတာလေ။
"မ၊ ဖြစ်ဘူး...ဟင့်၊ ဟာ့...ဂျင်ဟာရှင့်..."
"အင်း။"
"ကွန်ဒုံး၊ ကွန်ဒုံး သုံးပါ၊ ဟင့်၊ ခဏလေး၊ ကျေးဇူးပြုပြီး...အင့်၊ ရှင်...ဒီလိုလုပ်ရင်..."
"သိပြီမို့လို့ အားလျှော့ထား။ ဟီဂျူ။"
နူးညံ့ညင်သာပြီး ချော့မော့နေတဲ့အသံက အိပ်မက်တစ်ခုလိုပါပဲ။ ကျွန်မကို ငုံ့မိုးကြည့်နေတဲ့ ဝူဂျင်ဟာရဲ့ အေးတိအေးစက်မျက်နှာထားကလည်း အလိမ်အညာလိုပဲလေ။
သိပြီဆိုတဲ့အဖြေနဲ့ဆန့်ကျင်စွာ သူက နက်ရှိုင်းစွာ ထိုးသွင်းခဲ့တယ်။ ကျွန်မအတွက် ထောက်ထားစဉ်းစားပေးသလို တကယ့်ကို အင်မတန် ဖြည်းဖြည်းလေးပါ။ ကျွန်မလည်း စတင်ပြီးရုန်းကန်တော့တာပေါ့။
"အကာအကွယ်၊ ဆက်ဆက်၊ ဟင့်...သုံးမှဖြစ်မှာပါ။"
"သိတယ်။"
"အဲ့ဒါကြောင့် ဟင့်၊ ဒီလို မ...အား...အား..."
"တွေ့လား။ နာသွားပြီလေ။"
သူက သနားသလိုလို စုတ်သပ်ခဲ့တယ်။ အကျယ်ကြီး ကားထားပြီးသား ခြေတံတွေကို ငြင်းဆန်တဲ့အနေနဲ့ ပြန်စေ့ဖို့ကြိုးစားလိုက်ပေမဲ့ ဝူဂျင်ဟာက ကျွန်မကို အပြစ်ပေးတဲ့အလား ကျန်နေတဲ့အပိုင်းကို တစ်ချက်တည်း ဆောင့်သွင်းခဲ့တယ်။ သူဝင်နိုင်သလောက် အနက်ရှိိုင်းဆုံးနေရာအထိရောက်အောင် တစ်ဆုံးပဲပေါ့။
ဝူဂျင်ဟာပြောသလို မနာပေမဲ့ ကျွန်မ ကြောင်သွားပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ သတိမပေး ဘာမပေးနဲ့ ရုတ်တရက်ဆန်လှတယ်လေ။
ဟယ်အွန်းဒယ်မှာ အကာအကွယ်မပါဘဲ sex လုပ်ခဲ့တဲ့ ပထမဆုံးညကလွဲရင် ဒါက ပထမဆုံးအကြိမ်ပါပဲ။ ကျွန်မ ကိုယ်ဝန်ရှိနေမှန်း သိပြီးတဲ့နောက်မှာတောင် သူက ထိုးသွင်းဆက်ဆံမှုလုပ်ခဲ့တဲ့ အကြိမ်အနည်းငယ်မှာ သန့်ရှင်းမှုအတွက်လို့ပြောပြီး အမြဲတမ်း ကွန်ဒုံးသုံးခဲ့တာပါ။ ဝူဂျင်ဟာက မဖြစ်မနေ သုံးစရာမလိုတဲ့အချိန်မှာတောင် အကာအကွယ် သုံးခဲ့တဲ့လူလေ။
"တော်ပါတော့၊ ဟင့်...အ...အား..."
"ဟား၊ အစ်..."
"ကျေးဇူးပြုပြီး...ဟင်း၊ ဂျင်ဟာ...ဒီလိုလုပ်လို့၊ ကျွန်မ၊ ကိုယ်ဝန်...ဟင်း...ထပ်ရသွားရင်...အား၊...ဟင့်...အား..."
ကျွန်မ ပြင်းထန်တဲ့ ညည်းသံကို ထုတ်လိုက်ရင်း တဖတ်ဖတ် ဆောင့်သွင်းတာကို ခံနေရတယ်။ စကားတစ်ခွန်းဆုံးအောင် ဖြောင့်ဖြောင့်တန်းတန်း ထွက်မလာပါဘူး။ အောက်ကနေ တဇွက်ဇွက်နဲ့ အသံတွေထွက်နေတုန်းမှာ ဖိနှိပ်ချုပ်တည်းထားတဲ့ ရှိုက်ညည်းသံတွေက လည်ချောင်းဝအထိ တက်လာတော့တယ်။
ပြင်းထန်စွာ တုန်ယင်လှုပ်ရှားနေတဲ့ အမြင်လွှာမှာ သူ့ရဲ့ပုံရိပ်ကို ရှင်းရှင်းလင်းလင်းရှိအောင် ထိန်းထားဖို့ ကြိုးစားခဲ့တယ်။
အဲ့ဒီ မသင်္ကာစရာမျက်နှာ၊ အဲ့ဒီမျက်လုံးတွေကို တစ်ခါထပ်ပြီး မြင်ချင်ပါတယ်။
ကျွန်မ မျက်တောင်ခတ်လိုက်တယ်။ ပြင်ထန်ပြီး ခန္ဓာကိုယ်ပါ နှစ်ခြမ်းကွဲလောက်တဲ့ ဖိအားကြောင့် သူ့အလိုလို ဝဲတက်လာတဲ့မျက်ရည်တွေက အမြင်လွှာကို တဒင်္ဂလောက် ပိုပြီးဝေဝါးသွားစေခဲ့တယ်။ ဟနေတဲ့ ပါးစပ်ထောင့်စွန်းကနေ သွားရည်တွေ အဆုံးမရှိ စီးကျလာပေမဲ့ အဲ့ဒါကိုတောင် သတိမထားမိဘဲ လက်ဖမိုးနဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဝူဂျင်ဟာကို ပြန်မြင်ရပါပြီ။
မျက်လုံးချင်း ရှင်းလင်းပြတ်သားစွာဆုံလိုက်တဲ့ ပထမဆုံး အခိုက်အတန့်မှာ။ ဝူဂျင်ဟာက ပြုံးခဲ့တယ်။
သူက တအားကို တမင်လုပ်နေတဲ့ပုံပါ။ သူ့ကိုယ်သူ ဘာလုပ်နေမှန်း အတိအကျသိတဲ့ မျက်နှာမျိုးပေါ့။
သူက ဒါကို တွက်ချက်ထားတာပဲ။
"ကိုယ်ဝန်ရှိသွားရင် ရပြီ။"
"..."
"မင်း ထပ်ပြီး ကိုယ်ဝန်ရှိလိုက်ရင် ရပြီ။"
စောစောက ကျွန်မ တဒင်္ဂ တွေဝေမိခဲ့တဲ့ စက္ကန့်ပိုင်းလေးမှာ၊ အဲ့ဒီအခိုက်အတန့်လေးမှာပဲ။
"...ရူးသွားပြီ။ ရှင်၊ အဲ့ဒါက...တကယ်ပဲ ဘာအဓိပ္ပာယ်လဲ..."
"ကျိန်းသေပေါက် ငါတို့ရဲ့အိမ်ထောင်ရေးက တောက်လျှောက် ရှေ့ဆက်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။"
"မလုပ်ချင်ပါဘူး။ ကျွန်မ မကြိုက်ဘူး။ ကိုယ်ဝန်မဆောင်ဘူး၊ ဟင့်...အား..."
"ဆရာဝန်က အခု အဆင်ပြေပြီလို့ ပြောလိုက်တယ်မဟုတ်လား။"
ကျွန်မ ဒေါသထွက်လွန်းလို့ သူ့ပခုံးကို ထုရိုက်လိုက်တယ်။ တဘုန်းဘုန်း အသံအကျယ်ကြီးဆိုပေမဲ့ ဝူဂျင်ဟာက ကျွန်မခါးကို တင်းတင်းကျပ်ကျပ်ဖက်ပြီးတော့ သူ့ဘက်ကို ပိုနီးအောင် ဆွဲယူပြီး သူ့အောက်မှာ ကျွန်မကို လုံးဝ ဖိခြေပစ်တော့မတတ် ခါးကို လှုပ်ရှားခဲ့တယ်။
ကျွန်မရဲ့ကိုယ်ကလည်း အိပ်ရာထဲ နစ်မြုပ်သွားသလို အဖိခံလိုက်ရတော့တာပေါ့။ သင်္ချိုင်းဂူမှာလဲလျောင်းနေရသလိုပါပဲ။ ကိုယ်တိုင်တူးထားတဲ့ သင်္ချိုင်းဂူမှာလေ။
"ဓမ္မတာလည်း ပုံမှန်အတိုင်း ပြန်လာနေပြီ...အခြေအနေကလည်း မကြာခင် ကိုယ်ဝန်ယူဖို့ ကြိုးစားနိုင်လောက်အောင် ပြန်ဖြစ်လာပြီ။"
“......”
"အခုအထိ နည်းနည်း၊ ဟား...စောသေးပေမဲ့ မင်းက အခု အတိုင်းအတာတစ်ခုအထိ စိတ်ချရတဲ့ အခြေအနေထဲ၊ ဟစ်....ဝင်လာပြီဆို။"
“......”
"မဟုတ်ဘူးလား။"
နားရွက်နားဖိကပ်ပြီး အောက်မှာလည်း ဆောင့်သွင်းနေရင်း မေးလာတဲ့ အသံက တည်ငြိမ်လှပါတယ်။ ကျွန်မ အဲ့ဒီစကားတွေ ကြားရတုန်းက ကျွန်မဘေးမှာ ရှိနေခဲ့သလိုမျိုးလေ။ စကားကို ခွဲပစ်ချင်ပါတယ်။ အတွင်းရေးမှူး ချွဲက စမ်းသပ်ခန်းထဲ လိုက်မဝင်ခဲ့ပေမဲ့ တိုင်ပင်ဆွေးနွေးမှုအကြောင်း လုံးဝ အသေးစိတ်ကျကျ သိနေတာကိုလည်း ဒေါသဖြစ်မိရတယ်။
အဲ့ဒီသတင်းအချက်အလက်ကို တခြားဘယ်သူများ ဝယ်ဖို့ကြိုးစားခဲ့သေးလဲ။ ဒါရိုက်တာဆုန်က အခုအထိ ကျွန်မကို စောင့်ကြည့်နေတုန်းပဲလား။ ဒါမှမဟုတ် သူကပဲ လက်ဦးပြီးတော့ ဝယ်ထားပြီး ထိန်းချုပ်ဖို့ သုံးတာပဲလား...
ဘာပဲဖြစ်ဖြစ် ဒီမိသားစုက ကြောက်စရာပါပဲ။ ထိပ်ဆုံးကနေ အောက်ဆုံးအထိ။ အဘိုးအဘွားတွေကနေ မြေးတွေအထိ။
ဘာပဲဖြစ်ဖြစ် ကိုယ်ဝန်အတွက်တော့ မပူပါဘူး။ အတတ်နိုင်ဆုံး မြန်မြန်လေး အရေးပေါ်တားဆေးကို ညွှန်းတဲ့အတိုင်းသောက်မယ်ဆိုရင်...ဒါပေမဲ့ အရင်တစ်ခါလည်း အဲ့ဒီလိုနဲ့ပဲ ကိုယ်ဝန်ရခဲ့တာပါ။ ဆေးမထိရောက်တာက မယုံနိုင်စရာပါပဲ။ အဲ့ဒီလိုဖြစ်ခဲ့ဖူးတာပဲဆိုတဲ့ အကြောက်တရားက တဖြည်းဖြည်း တိုးဝင်လာတော့တယ်။
အဲ့ဒီလိုဆိုပေမဲ့လည်း အဖြေက ရှင်းရှင်းလေးပါ။ ကျွန်မအတွက် ဝူဂျင်ဟာနဲ့ လမ်းခွဲမှရမှာဖြစ်သလို၊ အခု ဝူဂျင်ဟာအတွက် ကျွန်မ ပျောက်သွားမှဖြစ်မှာလေ။ ကလေးက အဲ့ဒီအဆုံးအဖြတ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ဝန်ရလာခဲ့ရင်တောင် ရှင်းပစ်ရမှာပေါ့။
မလှုပ်မယှက် ပျော့ခွေနေတဲ့ ခန္ဓာကိုယ်ကို ကြမ်းကြမ်းတမ်းတမ်း ဆောင့်သွင်းနေခဲ့တယ်။ အလိုမရှိတဲ့ ပြီးမြောက်မှု ရောက်လာတော့တယ်။ ကျွန်မ သွားချင်းကြိတ်ပြီး အော်သံကို မျိုချလိုက်တယ်။ သူ့ကို လက်ခံနေရတဲ့ ကျွန်မရဲ့ တစ်စိတ်တစ်ပိုင်းကတော့ အားမရှိစွာ တုန်ယင်လိုပေါ့။ ခေါင်းက အေးစက်စွာ ထုံနေခဲ့တယ်။
အခုအထိ သုက်မလွှတ်ရသေးတဲ့ သူ့ရဲ့လိင်တံက အထဲမှာ ကြမ်းတမ်းစွာ တဆတ်ဆတ်တုန်နေတာကို ခံစားနေရပါတယ်။ ဒါပေမဲ့ သူက ကျွန်မအတွက် တွေးပေးတဲ့အလား ကျွန်မကိုယ်ကို အသာလေး ပွေ့ဖက်ခဲ့တယ်။
တစ်စက်ကလေးတောင် မချိုမြိန်ပါဘူး။
"ပိုပြီးတော့ ကြာကြာလေး စောင့်နိုင်ရင် ကောင်းမှာဆိုပေမဲ့ ဒါက အကောင်းဆုံး တတ်နိုင်တာပဲ။ အလိမ်အညာလေးနဲ့ ကျော်သွားလိုက်လို့ရမဲ့ အခွင့်အရေးကို မင်းပဲ လွှင့်ပစ်လိုက်တာလေ...အဲ့ဒါက မင်းအမှားဆိုတာထက် မင်းက အဲ့ဒီလောက်အထိ အောက်ခြေရောက်အောင် ငါ့ကို စိတ်ကုန်နေလိမ့်မယ်လို့ ထင်မထားမိခဲ့တဲ့ ငါ့အမှားပဲပေါ့။ ဘယ်လောက်တောင် ထွက်ပြေးချင်နေလို့များ မင်းလို စိတ်နေစိတ်ထားနဲ့လူက ကိုယ့်ခြေထောက်နဲ့ကိုယ် ညီညွတ်ရေးစုဝေးပွဲအထိ ရောက်အောင်သွားရတာလဲ။"
“......”
"အဲ့ဒီလိုဆိုပေမဲ့လည်း မင်းသာ ဆက်ပြီး နေမကောင်းဖြစ်နေဦးမယ်ဆို သေရင်တောင် မထိဘဲနေမလို့ကို...အခု မင်းက တော်တော်လေး ပြန်ကျန်းမာလာတယ်ဆိုတော့။"
“......”
"ထွက်ပြေးဖို့ မျှော်လင့်တကြီးဖြစ်နေရင်းကနေ ငါ့ကိုလည်း ချစ်နေတုန်းပဲ...အဲ့ဒါကြောင့် ရုတ်တရက် ဒီလိုအတွေးမျိုး ဝင်လာတာ။"
“......”
"ငါတို့တွေ လမ်းခွဲဖို့မလိုလောက်ဘူးဆိုတဲ့အတွေး။"
****
Miel's Translations