no
쏘 롱, 써머
-
Name - ကြာသည်လည်းနှောင်း...နွေသည်လည်းဟောင်း Original Name – 쏘 롱, 써머 (So Long, Summer) Author – 김차차 Translator - D Genre – Drama, Psychological, Romance, Modern ~~~~~ ဇာတ်လမ်းအကျဉ်း "ကွာရှင်းကြရအောင်။" ကလေးလည်း မရှိတော့ဘူးဆိုတော့ ကျွန်မတို့တွေ နဂိုအနေအထားကို ပြန်ရောက်သွားပြီလေ။ ကျွန်မ ဝူဂျင်ဟာကို ဘယ်လောက်ကြီးပဲချစ်ချစ် မိုက်မဲတဲ့ကိစ္စတွေ ထပ်လုပ်စရာမလိုတော့ပါဘူး။ ~~~~~ ကိုယ့်အပေါ် ဂရုမစိုက်တဲ့ ယောက်ျားကိုမှ တစ်ဖက်သတ် ချစ်မိခဲ့တဲ့ မိန်းမတစ်ယောက်။ အဲ့ဒီလူရဲ့ ကုမ္ပဏီမှာ လေးနှစ်တာ အလုပ်လုပ်ခဲ့တဲ့တစ်လျှောက်လုံး သူ့ရဲ့ အသိအမှတ်ပြုမှုကိုရရုံလေးအတွက် ကြိုးစားရုန်းကန်မိခဲ့တဲ့အဖြစ်။ ဒီလိုနဲ့ တစ်ညတာ မှားယွင်းငြိစွန်းကြရာကနေ ရုန်းမထွက်နိုင်တဲ့နွံမှာနစ်ပြီး မတော်တဆ ကိုယ်ဝန်ရသွားတဲ့အထိ ဖြစ်လာတဲ့အခါ... မလိုချင်ဘဲရလာတဲ့ ကိုယ်ဝန်ကြောင့် တာဝန်ယူမှုသက်သက်အတွက် လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေး၊ အချစ်ကိုမပေးနိုင်ဘဲ သူ့ရဲ့ရမ္မက်အလိုကိုသာ ဖြည့်ဆည်းတဲ့ ခင်ပွန်း၊ အခြေအနေ အဆင့်အတန်းမတူတဲ့အတွက် ချိုးချိုးနှိမ်နှိမ် ဆက်ဆံကြတဲ့ ယောက္ခမနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သောကဆင်းရဲနဲ့ လောင်မြိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်စရာဇာတ်လမ်း။ **** Miel's Translations