အခန်း ၄၇ (mature)
Translator - D
ဝူဂျင်ဟာက အဲ့ဒီအချိန်တိုအတွင်းမှာ တော်တော်လေး စေ့စပ်သေချာတဲ့ တွက်ချက်မှုကို လုပ်သွားခဲ့တာပါ။ ကျွန်မကတော့ အရူးတစ်ယောက်လို လမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန် မောင်းနေခဲ့ပေမဲ့ အဲ့ဒီအချိန်မှာ သူက ကားပါကင်ကို ဖြတ်ကျော်ပြီး ကျွန်မ ဘယ်လိုမှ ရှောင်သွားလို့မရမဲ့ ထွက်ပေါက်မှာ မတော်တဆမှုကို ဖန်တီးခဲ့တာလေ။
အတိအကျပြောရရင် ကျွန်မကားက သူ့ကားကို ဝင်တိုက်မဲ့ အချိန်အထိ အချိန်ကိုက်အောင် လုပ်သွားခဲ့တာပေါ့။
"...ဖြစ်ချင်ဖြစ် ကျွန်မကိုသာ ကားနဲ့တိုက်လိုက်ရမှာ။"
"......"
"ကျွန်မ ထိုင်နေတဲ့ဘက်နဲ့လည်း လမ်းကြောင်းက အတော်ပဲကို။ နှမြောစရာပဲ..."
"ယာဉ်တိုက်မှုလောက်ဖြစ်သွားမှ စကားပြောတော့တာကိုး။"
သူက ခြောက်ကပ်ကပ် ရယ်ခဲ့တယ်။ ကျွန်မလည်း သူ့ရဲ့ ခံစားချက်တွေကို အရေးစိုက်မနေဘဲ စကားကို ဆက်ပြောလိုက်တယ်။
"အဲ့ဒီလိုလုပ်ပြီး ခြေထောက်ဖြစ်ဖြစ်၊ လက်ဖြစ်ဖြစ် တစ်ခုခု သုံးမရအောင်လုပ်ပြီး ဆေးရုံတင်လိုက်ရင် အတော်ပဲမဟုတ်ဘူးလား။ ဒါဆို အလိုအလျောက် အချုပ်ခံထားရသလို ဖြစ်သွားမှာဆိုတော့ တစ်နေ့ကုန် ကျွန်မကို စောင့်ကြည့်နေစရာလည်း မလိုတော့ဘူးလေ။"
"......"
"အာ...မုဒိမ်းကျင့်ရတာလည်း ပိုလွယ်သွားမှာကို။"
တုန်လှုပ်မှုကြောင့် ဖြူဖျော့သွားတဲ့ ဝူဂျင်ဟာရဲ့ မျက်နှာကိုကြည့်ရင်း မူမမှန်တဲ့ ကျေနပ်မှုတွေ ရင်ထဲမှာ ပြည့်တက်လာတော့တယ်။ သူ မရယ်နိုင်တဲ့ အပိုင်းအတွက်ပါ ပေါင်းပြီး ကျွန်မ ရယ်ပစ်လိုက်တာပေါ့။
"ခြေထောက် သုံးစားမရလည်း ကားထားလို့တော့ ရတာပဲမဟုတ်လား။"
"ရှင်းဟီဂျူ။"
"အဲ့ဒါကြောင့် အဲ့ဒီလိုပဲ လုပ်လိုက်ရမှာကို။ နားမလည်နိုင်ဘူး။"
"...နားမလည်နိုင်ဘူး၊ ဟုတ်လား။"
ဝူဂျင်ဟာက ဟက်ခနဲရယ်ရင်း ကျွန်မဆီကို ချဉ်းကပ်လာခဲ့တယ်။ ကျွန်မကတော့ ကားနဲ့ သူ့ကြားမှာ ပိတ်မိသွားတာပေါ့။
"မင်းကို ထိခိုက်ဒဏ်ရာရအောင် မလုပ်တာကို၊ နားမလည်ဘူးတဲ့လား။"
"နားမလည်ဘူး။"
"မင်းပြောတဲ့အတိုင်းပဲ။ မင်းရဲ့ကျက်သရေတုံး ယာဉ်မောင်းသူထိုင်ခုံနဲ့ လမ်းကြောင်းချင်း ကွက်တိပဲ။"
"......"
"ငါက မင်းရဲ့ ဘယ်ဘက်ကနေ လာနေတာလေ။ အဲ့ဒါကြောင့် မင်းမဟုတ်ဘဲ ငါပဲ အတိုက်ခံရအောင် လုပ်ခဲ့တာ။"
"......"
"ငါက ဘယ်လောက်တောင် ပိုရူးတဲ့ကောင်လဲဆိုတာ ပြောပြရမလား။ တကယ်လို့ ညာဘက်ဖြစ်နေရင်တောင် မင်းမဟုတ်ဘဲ ငါပဲ အတိုက်ခံမှာ။ မင်းကိုတော့ မထိခိုက်စေရဘူး။ ထိခိုက်ရင်တောင် ငါပဲ ထိခိုက်ရမယ်။"
"......"
"လေတိုက်ရင်တောင် လွင့်သွားမဲ့တံခါးမျိုး ကပ်ထားတဲ့ ကားစုတ်ကိုများ ငါက ဘာကိုယုံပြီး တိုက်ရမှာလဲ။ မင်းက အဲ့ဒီလိုကားမျိုးကိုမှ ဇွတ်မှိတ်ပြီး ထပ်စီးနေမယ်ဆိုတာ သောက်အဓိပ္ပာယ်ကိုမရှိဘူး။"
"......"
"မင်းရဲ့ ခြေထောက်ကို ဒုက္ခိတဖြစ်အောင်လုပ်၊ ဆေးရုံမှာ ပိတ်လှောင်ထားပြီး စိတ်ကြိုက် မုဒိမ်းကျင့်နေရရင် ငါ့အတွက် ပိုသက်သာမယ်ပေါ့လေ ဟုတ်လား။ ချီးပဲ... ဟီဂျူရယ်။ ငါက မင်းကို သဘောကျတယ်ဆိုလို့ အခုတော့ ပါးစပ်ထဲရှိရာ လျှောက်ပြောလို့ရပြီ မှတ်နေတာလား။"
ဝမ်းဗိုက်ပေါ်ကို အုပ်မိုးလာတဲ့ လက်ကြီးက ခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ခဲ့တယ်။ ခန္ဓာကိုယ် အောက်ပိုင်းချင်းကလည်း နေရာလပ်မကျန်အောင် ထိကပ်သွားတော့တာပေါ့။ ကျွန်မရဲ့ ခန္ဓာကိုယ် တောင့်တင်းသွားတာကို သတိထားမိတဲ့ သူက မထီတရီ ပြုံးခဲ့တယ်။
“ခြေထောက်တွေက ဒုက္ခိတဖြစ်သွားလည်း ကားပေးလို့ရတယ်ပေါ့လေ။ ဒါဆို ကားပြစမ်းပါ။ ချီးပဲ... အခုချက်ချင်း။”
“လွှတ်ပါ။”
“ခြေထောက်တွေလည်း အကောင်းအတိုင်းရှိနေတာပဲ။ အချိန်မရွေး နေရာမရွေး ကားပေးလို့အဆင်ပြေမှာပဲကို... မင်း ဒုက္ခိတဖြစ်မသွားအောင် လုပ်ပေးခဲ့တဲ့အတွက် တန်ကြေးပြန်ပေးရမှာပေါ့၊ မဟုတ်ဘူးလား။”
“လွှတ်လို့။”
“ဘာလဲ။ ဆေးရုံမှာတော့ ကားပေးနိုင်ပေမဲ့ ကားပါကင်မှာကျတော့ မလုပ်နိုင်ဘူးလား။”
“လွှတ်စမ်း၊ ဒီလို လူယုတ်မာကောင်ရဲ့။”
“အဲ့ဒီစကားက ခဏခဏ ကြားဖူးနေကျ။ မင်းဆီကပဲ မကြားဖူးသေးတာ။”
“ရူးနေပြီ။ ရှင် စိတ်မမှန်တော့ဘူး...”
“သိပြီ။ အပေါ်တက်ပြီး လုပ်ကြတာပေါ့။”
ဝူဂျင်ဟာက ကျွန်မရဲ့ နှုတ်ခမ်းနားကို ကြင်ကြင်နာနာ နမ်းရှိုက်ရင်း တီးတိုးပြောခဲ့တယ်။ ကျွန်မ မသိတဲ့ ဝူဂျင်ဟာပါ။ အစိမ်းသက်သက်ဖြစ်နေပြီး ကြောက်စရာကောင်းတဲ့ ဝူဂျင်ဟာပေါ့။
သူက ရုန်းကန်နေတဲ့ ကျွန်မကို ဆွဲခေါ်ပြီး အိမ်ထဲ ပြန်ဝင်လာခဲ့တယ်။ ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ဆီ ဖုန်းဆက်ပြီး ကားကို နေရာတကျ ပြန်ထားဖို့လည်း ခိုင်းလိုက်ပါသေးတယ်။ တစ်စုံတစ်ယောက်က အဝေးကနေ ကျွန်မတို့ကို စောင့်ကြည့်နေခဲ့တာများလားဆိုတဲ့ အတွေးနဲ့အတူ ရင်းနှီးနေတဲ့ ရွံရှာမုန်းတီးစိတ်ကို ခံစားလိုက်ရတော့တယ်။
“...ဘယ်သူလဲ။”
“မင်းရဲ့ သက်တော်စောင့်။”
“......”
“ငါကိုယ်တိုင် မင်းကို လာဖမ်းတာက ငါ့ရဲ့စေတနာတစ်မျိုးပဲ။ မတော်တဆမှု ဖြစ်အောင်လုပ်ပြီး လန့်သွားစေတဲ့အတွက်တော့ တောင်းပန်ပါရဲ့။ ဒါပေမဲ့ ဘယ်သူမှန်းမသိတဲ့ လူက ရုတ်တရက် ပြန်ပေးဆွဲသွားတာထက်စာရင် ဒါက ပိုကောင်းမယ်ထင်လို့။”
“......”
“ဟီဂျူလေး။ မဟုတ်မှ မင်း ထွက်ပြေးနေတာကို ငါက တကယ် မသိဘူးလို့ ထင်နေတာလား။ ဘယ်အချိန်အထိလဲ။”
ကျွန်မဆီကနေ လှောင်ရယ်သံပဲ ထွက်လာတော့တယ်။ ဒါက လုံးဝ မူမမှန်ဘူးလေ။ ဒီလိုမျိုးလုပ်မှပဲ အတူရှိနေနိုင်တဲ့ ပတ်သက်မှုဆိုတာ လုံးဝကို သဘာဝမကျပါဘူး။
အဝတ်လဲခန်းဆီ ဦးတည်နေတဲ့ ကျွန်မကို သူက အနောက်ကနေ ဆတ်ခနဲ ပွေ့ချီလိုက်ပြီး အိပ်ခန်းထဲက ခုတင်ပေါ်မှာ တန်းလှဲချပြီးတော့ အပေါ်ကနေ အုပ်မိုးထားခဲ့တယ်။
“မင်းရဲ့ ခြေတွေလက်တွေကို မဖျက်ဆီးဘဲနဲ့လည်း မင်းကို ပိတ်လှောင်ထားလို့ ရတယ်ကွ။”
“......”
“ဒီလို ဆိုးလ်မြို့လယ်ခေါင်မှာ မဟုတ်ဘဲ အင်ချွန်း၊ ယုံးအင်း၊ ပါဂျူ... ဘယ်နေရာဖြစ်ဖြစ်။ ဘယ်သူမှမသိဘဲ ဘယ်သူမှ မလာတဲ့ တောနက်ထဲမှာ မင်းကို တစ်သက်လုံး အိမ်အပြင် တစ်လှမ်းလေးတောင် မထွက်နိုင်အောင် လုပ်လို့ရတယ်။ တအား လွယ်လွန်းလို့၊ ချီးပဲ...အခုအထိ မလုပ်သေးဘဲ နေနေတာကိုတောင် ကိုယ့်ကိုယ်ကိုယ် အံ့သြမိရတဲ့အထိပဲ။”
“......”
“မင်းရဲ့ အမုန်းကို မခံချင်လို့... မင်းများ မျက်နှာသာပေးမလားဆိုပြီး ခွေးလိုလည်း ဝပ်တွားပေးခဲ့တယ်လေ။ ပြန်ရလာတဲ့ ရလဒ်က ဒါတဲ့လား။”
“......”
“ကျေးဇူးပြုပြီး ဘေးမှာပဲရှိနေပေးပါလို့ တောင်းပန်နေရတာကလည်း ရယ်စရာပဲ။ မင်း ဆန္ဒမပါရင်တောင် ငါ့ရဲ့ ရွေးချယ်မှုနဲ့တင် မင်းကို ငါ့ခြေရင်းမှာ ဝပ်စင်းနေအောင် ဘယ်နည်းနဲ့မဆို လုပ်လို့ရနေတာကို။”
ဂါဝန်ကို ချွတ်ပစ်ဖို့လုပ်နေတဲ့ဆီပဲ အာရုံရောက်နေပြီး ရုန်းကန်နေတဲ့အတောအတွင်းမှာ လက်တွေက အပေါ်ကို ဆွဲတင်ခံလိုက်ရတယ်။ အေးစက်တဲ့ သံထည်တစ်ခု လက်ကောက်ဝတ်ကို ထိမိသွားတယ်လို့ ထင်လိုက်မိတဲ့ ခဏမှာပဲ ဂျောက်ဆိုတဲ့ အသံတစ်ခု ထွက်ပေါ်လာတော့တယ်။ မျက်နှာကြက်အထိမြင့်တဲ့ ခုတင်တိုင်ဆီကနေ အကြည့်ကို ဖြည်းဖြည်းချင်း နှိမ့်ချလိုက်တော့ တိုင်မှာ ခတ်ထားတဲ့ လက်ထိပ်ကို မြင်လိုက်ရတယ်လေ။
အဲ့ဒီကနေ ရှည်လျားပြီး သေးသွယ်တဲ့ သံကြိုးက ကျွန်မရဲ့ လက်ကောက်ဝတ်မှာ ခတ်ထားတဲ့ လက်ထိပ်တစ်ဖက်နဲ့ ဆက်ထားလျက်ရှိနေတာပါ။
ကျွန်မ အဲ့ဒါကို ငေးကြည့်နေတဲ့အတောအတွင်းမှာပဲ သူက ကျွန်မအဝတ်အစားတွေကို ချွတ်ရတာ စိတ်ကုန်သွားတဲ့အလား အေးအေးလူလူ ကိုယ်ကို ခွာသွားခဲ့တယ်။
"မင်းက လက်ထိပ်နဲ့လည်း လိုက်တာပဲ။"
"......"
"နောက်တစ်ခါ လည်ပတ်ကြိုးလေးပါ လုပ်ပေးရမလား။"
"လုပ်လိုက်လေ။ ဆွဲကြိုးချသေဖို့ အတော်ပဲဖြစ်သွားတာပေါ့။"
"ဟီဂျူရယ်။"
"ရဲမတိုင်ခင် ကွာရှင်းပေးပါ။"
"မင်းကမှ ငါ့ကို တကယ် သေချင်စိတ်ပေါက်အောင် မလုပ်မိခင် အဲ့ဒီလို ခွေးစကားတွေနဲ့ ခြိမ်းခြောက်တာတွေ ရပ်တန်းကရပ်စမ်းပါ။ ဘာ။ ဆွဲကြိုးချသေမယ်၊ ဟုတ်လား။"
"......"
"နားလည်အောင် ရှင်းပြပြီးသားလို့ ထင်ပေမဲ့... ကွာရှင်းမယ်တဲ့လား။ အေး လုပ်လိုက်။ ငါ့မိန်းမအဖြစ် နေရတာ အဲ့ဒီလောက်တောင် မုန်းနေရင်လည်း အငယ်အနှောင်းအဖြစ် နေသွားရင် ရပြီလေ။ ဟီဂျူရဲ့။"
"...ရူးနေပြီ။ ရှင် တကယ် ရူးသွားပြီ။"
"မှောင်ရိပ်ထဲကနေ တစ်သက်လုံး ခြေထောက်ကားပေးပြီးတော့ပဲ နေသွား။ မင်း အဲ့ဒီလောက်တောင် ချစ်လှပါချည်ဆိုတဲ့ ငါက တခြားမိန်းမနဲ့ လက်ထပ်ပြီး ကလေးမွေးတာကို ကြည့်ရင်းနဲ့။"
"သေရင်တောင် မလုပ်နိုင်ဘူး။"
"ဆေးရုံမှာ ပိတ်လှောင်ထားပြီး စိတ်ကြိုက် မုဒိမ်းကျင့်ပါဆိုတဲ့ မိန်းမက ဒါကျတော့ ခက်နေတာလား။"
ကျွန်မ လက်ထိပ်ခတ်မထားတဲ့ လက်တစ်ဖက်နဲ့ ရှိသမျှအားကုန်သုံးပြီး သူ့ပါးကို ရိုက်ချလိုက်တယ်။ သူက မျက်နှာလွှဲသွားတဲ့အတိုင်း မထီတရီပြုံးလို့ပါ။
"ငါ့မိန်းမဖြစ်ရမှာလည်း မုန်းတယ်၊ ငါ့အငယ်အနှောင်းလုပ်ရမှာလည်း ဆတ်ဆတ်ခါအောင်ရွံတယ်၊ ငါ့ဘေးမှာ ရှိနေရမှာလည်း သေမတတ် မုန်းနေတယ်... ဒါနဲ့တောင် ငါ့ကို ချစ်တယ်တဲ့လား။"
"......"
"မင်းရဲ့ အချစ်က ဘာလို့ အဲ့ဒီလို ဖြစ်နေရတာလဲ၊ ဟီဂျူရဲ့။"
"ဂျင်ဟာက ဘာမို့လို့ ကျွန်မရဲ့အချစ်ကို ဝေဖန်နေရတာလဲ။ ရှင်က ဘာမို့လို့လဲ။ အခုအထိ ဘာများ လုပ်ပေးခဲ့လို့လဲ။"
"ငါ မင်းကို ဆုံးရှုံးရမှာကြောက်လို့ တုန်လှုပ်နေတာကိုတော့ တစ်စက်ကလေးမှ မမြင်ဘူးနော်။"
"......"
"ငါ မင်း တစ်ခုခု ဖြစ်သွားမှာစိုးလို့ ခဏလေးတောင် မျက်စိအောက်က အပျောက်မခံနိုင်တာကိုလည်း မမြင်ဘူး။"
"......"
"ရရာနည်းနဲ့ မင်းကို ငါ့ဘေးမှာ ဆွဲထားနိုင်ဖို့ အရူးလို တစ်ယောက်တည်း ရုန်းကန်နေခဲ့တာကိုလည်း မမြင်ဘူး။"
အဲ့ဒါကြောင့်ပဲ မင်း ငါ့ကို အဲ့ဒီလိုဆက်ဆံခဲ့တာပေါ့။ ငါက မင်းအတွက် အဲ့ဒီလို ခွေးကောင်သာသာပဲရှိတဲ့ ကောင်စားမျိုးမို့လို့...
ဝူဂျင်ဟာက ပျက်ယွင်းနေတဲ့ မျက်နှာနဲ့ ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးပြုံးရင်း ကျွန်မကို ကြည့်လာတယ်။ အရာရာပြိုလဲနေတဲ့ သူ့ရဲ့မျက်ဝန်းတွေကို မြင်လိုက်ရတော့ ကျွန်မရင်ထဲ နင့်ခနဲ ဖြစ်သွားရတယ်လေ။
ကျွန်မကို နှစ်ပတ်တောင် ပိတ်လှောင်ထားခဲ့ပြီး၊ ပြန်ဖမ်းဖို့အတွက် ကားနဲ့တိုက်တဲ့အထိ လိုက်ပြီးတိုက်ခိုက်ခဲ့တဲ့အပြင် အခု ကျွန်မလက်ကိုပါ လက်ထိပ်ခတ်ထားတဲ့ ယောက်ျားပါ။ အဲ့ဒီအချက်တွေကို ကျွန်မ အသည်းအသန် ပြန်တွေးနေမိပေမဲ့ နောက်ဆုံးမှာတော့ သူ့ကို သနားမိသွားပြန်ပါတယ်။ သနားစရာကောင်းလိုက်တာ။ ဖက်ထားပေးချင်လိုက်တာ။ အရူးမ... ကျွန်မကိုယ်တိုင်က အရူးမပါပဲ။ အခုဆို ကျွန်မ ဘယ်လောက်တောင် ရူးသွပ်သွားပြီမှန်း ခန့်မှန်းလို့တောင် မရတော့ပါဘူး။
သူက အဝတ်အစားတောင် မချွတ်ရသေးတဲ့ ကျွန်မရဲ့ ရင်သားပေါ်ကို နှုတ်ခမ်းတွေနဲ့ အုပ်မိုးပြီး အဝတ်ပေါ်ကနေပဲ စုပ်ယူနေခဲ့တယ်။ ပေါင်ကြားထဲကို တိုးဝင်လာတဲ့ သူ့လက်တွေက ဗိုက်ပေါ်အထိ တဖြည်းဖြည်း တက်လာပြီး ဝတ်စုံအနားစကလည်း အပေါ်ကို လိပ်တက်သွားတော့တယ်။ ကျွန်မလည်း စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိတာပေါ့။
“အခု ငါ မင်းကို မုဒိမ်းကျင့်မှာ။”
“......”
“အဲ့ဒါကြောင့် ဒီတစ်ခါတော့ လိုက်လျောပေးလို့မဖြစ်ဘူး၊ ဟီဂျူလေး။”
မဲ့တဲ့တဲ့ မထီတရီပြုံးလိုက်တဲ့ သူက သွားရည်တို့နဲ့ စိုစွတ်နေတဲ့ နို့သီးခေါင်းပေါ်ကို ပွတ်သပ်နေရင်းကနေ အဝတ်ကို ဆွဲဖြဲပစ်လိုက်တယ်။ နည်းနည်းတော့ ရယ်စရာကောင်းသလိုပါပဲ။ ကျွန်မက ကြောက်လန့်တုန်ယင်နေလိမ့်မယ်လို့များ ထင်နေတာလား။
ကျွန်မကို သူ ဘယ်တော့မှ အဓမ္မကျင့်နိုင်မှာမဟုတ်ဘူးဆိုတဲ့ အမှန်တရားကို သူ မသိပါဘူး။ သူ ကျွန်မကို ဘာပဲလုပ်လုပ် ကျွန်မက သူ့ကိုပဲ အလိုရှိနေမှာဆိုတာကို မသိပါဘူး။ ကျွန်မ သူ့အပေါ် ဘယ်လောက်တောင် ရူးသွပ်နေလဲ၊ သူ့ကို ဘယ်လောက်အထိ ချစ်သလဲဆိုတာကိုရောပေါ့။
အဲ့ဒါကြောင့်ပဲ တော်ပါသေးရဲ့။ ကျွန်မ အသံတိတ် တုန်ယင်ရင်း ငိုကြွေးခဲ့မိတယ်။
****
စိတ်တွေက တောက်လျှောက် ဝေဝါးနေခဲ့တယ်။ နိုးထခြင်းနဲ့ အိပ်စက်ခြင်းကြားက နယ်နိမိတ်ကိုလည်း မသဲကွဲတော့ပါဘူး။ နိုးနေရင်တောင် အိမ်မက်လိုလို၊ အိပ်ပျော်နေရင်လည်း နိုးနေသလိုလိုနဲ့ တစ်ကိုယ်လုံး နုံးချည့်နွမ်းနယ်နေတာပါ။
ဆက်တိုက်ဖြစ်နေတဲ့ sex ကြောင့် ခန္ဓာကိုယ်ကလည်း အလျင်အမြန်ပဲ အားပြတ်လာရတော့တယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လုံးလုံးကလည်း ခက်ခဲခဲ့တာမှန်ပေမဲ့ အခုလို အကွက်ချပြီး နှိပ်စက်နေတဲ့ ဆက်ဆံမှုတွေကြားမှာတော့ တစ်မနက်ခင်းလေးတောင် မခံနိုင်တော့ပါဘူး။ ဝိုးတိုးဝါးတား အိပ်ပျော်နေတဲ့အချိန်မှာတောင် သူက ထိုးသွင်းနေဆဲပါပဲ။ အိပ်နေတဲ့ ကျွန်မကို အစပျိုးနှိုးဆွပြီး စိုစွတ်လာအောင် လုပ်တတ်လွန်းလို့ နိုးလာတာနဲ့ တစ်ပြိုင်နက် အထွတ်အထိပ် ရောက်သွားရတဲ့အထိလေ။
ပြီးခဲ့တဲ့ နှစ်ရက်လောက်အထိ ဒီအိမ်မှာ သက်တောင့်သက်သာ နေခဲ့ရတယ်ဆိုတာကိုတောင် မယုံနိုင်တော့ပါဘူး။ အဲ့ဒီတုန်းက တော်တော်လေးကို ဇိမ်ကျခဲ့တာပဲလို့ တွေးလိုက်မိတယ်။
ကျွန်မ တစ်နေကုန် သူ့ရဲ့ သုက်ရည်တွေကြားမှာပဲ နစ်မွန်းနေခဲ့ရတာပါ။ ပြီးခဲ့တဲ့ နာရီဝက်လောက်ကမှ ရေချိုးထားတာတောင် တစ်ကိုယ်လုံးက သူ့ရဲ့သုက်ရည်တွေနဲ့ ပေပွနေတုန်းပဲလေ။ သူက အပြင်မှာ ပြီးမြောက်ပြီး ကျွန်မရဲ့ တစ်ကိုယ်လုံးကို သူ့အရည်တွေနဲ့ ညစ်ပေသွားအောင် လုပ်ရတာ သဘောတွေ့နေတယ်ထင်ပါရဲ့။ အဲ့ဒီလို ထူးဆန်းတဲ့ လိင်စိတ်အာသီသကို အခုအထိ ဘယ်လိုများ ဖုံးကွယ်ထားခဲ့သလဲဆိုတာ သိချင်စရာပါပဲ။
ကျွန်မရဲ့ အာသီသနဲ့ ဆန့်ကျင်ဘက်ဆိုပေမဲ့ သူ့ဆီကလာတဲ့အရာဆိုရင်တော့ မဆိုးပါဘူး။ အချိန်ကြာလာရင် နည်းနည်း စေးကပ်ကပ်နဲ့ နေလို့မကောင်းတာကလွဲရင်ပေါ့။ လက်ထိပ်တွေ ပြန်အဖြုတ်ခံရမဲ့ အချိန်ကိုပဲ စောင့်နေရတော့တာပါ။
“အင်း... ဟင်း... ဟင့်...”
“ခစ်... အစ်...”
ဝူဂျင်ဟာက ညည်းသံခပ်နိမ့်နိမ့်ကို ထုတ်လွှတ်ရင်း ကျွန်မရဲ့ ကုပ်သားလေးကို ခပ်နာနာ ကိုက်ခဲ့တယ်။ ကျွန်မကတော့ လေးဘက်ထောက်လျက် အနေအထားနဲ့ သူ့ကို လက်ခံနေရတာပါ။ အားမရှိတော့တဲ့ လက်မောင်းတွေက ခဏခဏ ခွေကျသွားတတ်ပြီး အဲ့ဒီလိုဖြစ်တိုင်း သူက ဗိုက်အောက်ကနေ အတင်းပွေ့ပြီးတော့ ပြန်ထူပေးလေ့ရှိပါတယ်။ ခေါင်းရင်းဘက်က လက်ထိပ်မှာ ချိတ်ထားတဲ့ သံကြိုးတွေရဲ့ တဂျောက်ဂျောက် မြည်သံက တုန်ခါနေသလို အနောက်ဘက်ကနေလည်း တဖတ်ဖတ်နဲ့ ဆောင့်သံတွေ ဆူညံစွာထွက်ပေါ်လို့ပါ။
အထဲမှာ တစ်ကြိမ် ပြီးမြောက်ထားပြီးသားမို့ သူ ခါးကို အားနဲ့ ဆောင့်သွင်းလိုက်တိုင်း အထဲမှာရှိနေတဲ့ သုက်ရည်တွေက ပွက်ခနဲ အပြင်ကို လျှံကျလာတော့တယ်။ ပေါင်တွေပေါ်၊ တင်ပါးတွေပေါ်ကို အစက်အပြောက်လေးတွေအဖြစ် စဉ်လာတာကို တုံ့ပြန်ခံစားနိုင်စွမ်း စူးရှနေတဲ့ ကျွန်မ သိနေခဲ့တာပေါ့။
ဝူဂျင်ဟာက အဲ့ဒီသုက်ရည်တွေကို တင်ပါးပေါ်မှာ ဖြန့်ကြက်သုတ်လိမ်းသလိုမျိုး လက်နှစ်ဖက်နဲ့ အသာဆွဲဖြဲပြီး လက်မနဲ့ အပေါက်ဝလေးကို ဆွနေခဲ့ပြန်တယ်။ အင်မတန် ရှက်ဖို့ကောင်းတဲ့ အခိုက်အတန့်ဆိုပေမဲ့ အဲ့ဒီလိုလုပ်တိုင်း အထဲကနေ အလိုလို ညှစ်မိပြီး တုန်ယင်သွားတတ်တာကြောင့် သူက ကျွန်မကိုကြည့်ပြီး လှောင်ရယ်လေ့ရှိတယ်လေ။
ဘယ်လို အနေအထားနဲ့ ဝင်လာပါစေ ခံရခက်တဲ့ အရွယ်အစားမျိုးဆိုပေမဲ့ သူ အခုလို အနောက်ကနေ ဆောင့်သွင်းလာတဲ့အခါမှာတော့ တစ်ကိုယ်လုံးကို ထိုးဖောက်ခံလိုက်ရသလိုပါပဲ။ ခန္ဓာကိုယ်မှာ အာရုံခံစားလို့ရတာဆိုလို့ သူ ဝင်ထွက်နေတဲ့ နေရာတစ်ခုတည်းရှိပါတော့တယ်။ ပြင်းထန်လွန်းတဲ့ သာယာမှုကြောင့် ဦးနှောက်ပါ အရည်ပျော်သွားရတယ်။ ဘယ်နှစ်ကြိမ်တောင် အထွတ်အထိပ် ရောက်ပြီးမှန်းလည်း မမှတ်မိနိုင်တော့ပါဘူး။
ထိုးသွင်းလျက်သားနဲ့ပဲ ခန္ဓာကိုယ်က ရုတ်တရက် တစ်ဖက်ကို အလှည့်ခံလိုက်ရတဲ့ အခိုက်အတန့်မှာ ကျွန်မ နောက်တစ်ကြိမ် အထွတ်အထိပ် ရောက်သွားရပြန်တယ်။ ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်တာကိုရော၊ ဆဲရေးတာကိုရော အခုတော့ ပင်ပန်းလွန်းလို့ လက်လျှော့လိုက်ပါပြီ။ ခဏလေးအတွင်းမှာပဲ အထွတ်အထိပ် ရောက်သွားပြီးတော့ အားပြတ်ပြီး ပျော့ခွေနေတဲ့ ကိုယ်ထဲကို သူက တိုးဝင်လာခဲ့ပြန်တယ်။ တင်ပါးက လေထဲကို မြောက်တက်သွားပြီး သူ့ရဲ့ ဆောင့်ချက်တွေအောက်မှာ နစ်ဝင်သွားရတာပေါ့။ ဗိုက်ထဲက အင်္ဂါအစိတ်အပိုင်းတွေအားလုံး မွှေနှောက်ခံနေရသလို ခံစားချက်မျိုးပါပဲ။
ဝူဂျင်ဟာ တိုးဝင်လာတိုင်းမှာ သိသာထင်ရှားစွာ နည်းနည်းစီ ဖောင်းတက်လာတဲ့ ဆီးစပ်နားက ဗိုက်သားလေးကိုကြည့်ရင်း ကျွန်မ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိတယ်။ သူ အကုန်လုံး အဆုံးအထိ မထိုးသွင်းနိုင်သေးဘူးဆိုတာကို အခုအထိ ယုံတောင်မယုံနိုင်သေးပါဘူး။
ကြွတက်နေတဲ့ တင်ပါးအောက်ကို ခေါင်းအုံးတစ်လုံး အခုခံလိုက်ရတယ်။ သူက ဖြူနောက်နောက် သုက်ရည်တွေ ပေကျံနေတဲ့ ကျွန်မရဲ့ ရင်သားတွေကို အားနဲ့ ဆုပ်ညှစ်ရင်း တစ်ဆုံးဆောင့်သွင်းပြီး ပြီးမြောက်လိုက်ပါတော့တယ်။
“...ဟား... အင့်...”
သူက လိင်တံကို ဖြည်းဖြည်းချင်း ပြန်ထုတ်သွားတယ်။ သူ့ရဲ့သုက်ရည်တွေနဲ့ ကျွန်မရဲ့အချစ်ရည်တွေကြောင့် ပြောင်လက်နေတဲ့ လိင်တံက သုက်လွှတ်ပြီးတာတောင် ခြိမ်းခြောက်နိုင်တဲ့ အသွင်အပြင်နဲ့ရှိနေတာပါ။ သူက စားပွဲပေါ်ကနေ တစ်ရှူးကို ဆွဲထုတ်ပြီးတော့ လိင်တံကို အလျားလိုက်ပွတ်ပြီး သန့်စင်ခဲ့တယ်။ ကျွန်မကတော့ အားမရှိဘဲ လဲလျောင်းနေရင်း အဲ့ဒီမြင်ကွင်းကို ငေးကြည့်နေမိတာပေါ့။ ကျွန်မလိုပဲ ဝတ်လစ်စားလစ်ဆိုပေမဲ့ တစ်ကိုယ်လုံး သုက်ရည်တွေနဲ့ ပေပွနေတဲ့ ကျွန်မလိုမဟုတ်ဘဲ သူကတော့ သန့်ရှင်းစင်ကြယ်လို့ပါ။
ကျွန်မက ပေါင်ကြားထဲမှာ ရေအပြည့်ပါတဲ့ခွက်ကို ညှပ်ထားရသလိုမျိုး စိုးရိမ်တကြီးနဲ့ ပေါင်ကို ဂရုတစိုက် ဟထားမိရာက သန့်ရှင်းနေတဲ့ သူ့ကို မြင်လိုက်မှပဲ ပေါင်ကို ပြန်စုမိတော့တယ်။ ခြေတံကို ဘယ်လိုပဲထားထား၊ တင်ပါးက ခေါင်းအုံးပေါ်မှာ မြင့်တက်နေတာကြောင့် သုက်ရည်တွေက ဗိုက်ထဲကို တောက်လျှောက် စီးဝင်နေသလိုမျိုး ထင်ယောင်ထင်မှားဖြစ်နေမိတယ်။ သူက ကျွန်မအထဲကို တောက်လျှောက် သုက်ရည်တွေလွှတ်နေသလို ခံစားချက်မျိုးပေါ့။
ဝူဂျင်ဟာက မကျေနပ်သလို မျက်နှာထားနဲ့ ကျွန်မရဲ့ ခြေတံတွေကို သူ့ဘက်ဆီ ပြန်ဟခဲ့ပြန်တယ်။ ခြေတံတွေ လှုပ်ရှားသွားတာနဲ့ သုက်ရည်တွေက ဗွက်ခနဲ ပြန်ထွက်လာတော့တယ်။ သူ့ရဲ့ အကြည့်တွေက ကျွန်မရဲ့ ယောနိဆီ ပုံမှန်ထက်ပိုပြီး အရိုင်းဆန်စွာ ကျရောက်လာခဲ့တယ်။
“ဟီဂျူလေး။ အပြင်ကို မဖိတ်စေနဲ့လို့ ပြောထားတယ်မဟုတ်လား။”
“......”
“အကုန် မျိုချလို့။”
သူက ပေါင်ပေါ်မှာ စီးကျနေတဲ့ သုက်ရည်တွေကို သုတ်ယူပြီးတော့ ကျွန်မရဲ့ နို့သီးခေါင်းပေါ်မှာလိမ်းပေးပြီး ပွတ်သပ်နေပြန်တယ်။ တစ်ချိန်က နို့ရည်တွေ အဲ့ဒီလို စီးကျခဲ့တာကို ပြန်သတိရသွားပြီး စိတ်ကလည်း လေးလံထိုင်းမှိုင်းသွားရတာပေါ့။ ကျွန်မရဲ့ ခံစားချက်ကို သိစရာလည်း မလိုသလို၊ သိတယ်ဆိုရင်တောင် ဂရုမစိုက်တဲ့လူက ရုတ်တရက် ကျွန်မရဲ့ခါးကို ဆွဲထူပြီး ထိုင်ခိုင်းခဲ့တယ်။
တင်ပါးက ခေါင်းအုံးအောက်ကို လျှောကျသွားပြီး၊ ပေါင်တစ်ဖက်ပဲ ခေါင်းအုံးပေါ်မှာ ကျန်ခဲ့တော့တယ်။ သူက စိတ်ရှုပ်ရတဲ့အလား ခေါင်းအုံးကို လွှင့်ပစ်လိုက်ပြီးတော့ ကျွန်မရဲ့ ခြေချင်းဝတ် နှစ်ဖက်ကို ကိုင်ပြီး နဂိုကထက် ပိုပြီးတော့ ခပ်ကျယ်ကျယ် ဆွဲဟခဲ့တယ်။
"ဟင့်..."
ယောနိနှုတ်ခမ်းသားတွေက တဆတ်ဆတ်တုန်ယင်နေပြီး သုက်ရည်တွေ စီးကျလာတယ်။ သဘာဝကျတဲ့ကိစ္စဆိုပေမဲ့ သူက ကျွန်မရဲ့လက်ကို ဆွဲယူပြီး ခြေတံနှစ်ဖက်ကြားဆီ ပို့ခဲ့တယ်။
"ပြန်ထည့်လိုက်။ မင်းလက်နဲ့။"
"......"
"မင်း အခု စီးကျအောင် လုပ်နေတဲ့ ဟာတွေကို။"
သုက်ရည်တွေက တင်ပါးကြားကတစ်ဆင့် စီးကျပြီး အိပ်ရာခင်းတောင် စိုရွှဲနေပါပြီ။ ကျွန်မ သူ့လက်ဖဝါးထဲကနေ လက်ကောက်ဝတ်ကို ရုန်းထွက်ဖို့ ကြိုးစားပေမဲ့ လက်ထိတ်ခတ်ခံထားရတဲ့အပြင် သူကလည်း ပြီးခဲ့တဲ့ နှစ်ရက်ကလိုပဲ ကျွန်မရဲ့ ငြင်းဆန်မှုကို အရေးမစိုက်ခဲ့ပါဘူး။ ရုန်းထွက်ဖို့ လက်မောင်းကို လှုပ်ရှားလိုက်တိုင်း ကြမ်းပြင်ပေါ်မှာ ခွေနေတဲ့ သံကြိုးတွေက လေးလံစွာမြည်ဟည်းသွားတော့တယ်။
"အဲ့ဒီလောက်တော့ လုပ်ပြမှ ငါလည်း မင်းကို ယုံမှာပေါ့။"
"......"
"အထဲမှာ အပြည့်အသိပ် ထည့်ပေးထားတာကို အကုန်ပြန်ထုတ်နေတော့ ငါက မင်းကို ဘယ်လိုယုံရမှာလဲ၊ ဟီဂျူရဲ့။"
ဝူဂျင်ဟာက သံသယစိတ်ဝင်လာတိုင်း မျက်နှာ နည်းနည်းချင်းစီ ပြောင်းလဲတတ်သူပါ။ ကျွန်မ ပထမဆုံးအကြိမ် ကွာရှင်းဖို့ ပြောခဲ့တုန်းက၊ သူ့ရဲ့ မျှော်လင့်ချက်ကို ဆန့်ကျင်ပြီးတော့ စုဝေးပွဲအထိသွားပြီး ကိုယ်ဝန်ပျက်ကျသွားတာကို လူသိရှင်ကြား ချပြခဲ့တုန်းက။
ပြီးတော့ လွန်ခဲ့တဲ့ နှစ်ရက်၊ ကျွန်မ ထွက်ပြေးခဲ့တုန်းက။
သူသာ ကျွန်မကို နှိပ်စက်နေရင်း ကျေနပ်နေတဲ့ပုံစံမျိုးဆိုရင် ကျွန်မ သူ့ကို မုန်းကောင်းမုန်းမိနိုင်မှာပါ။ ဘယ်လောက်ပဲ ကြီးမားတဲ့ အချစ်မျိုးဖြစ်ပါစေ တစ်ဝက်လောက်တော့ သေဆုံးသွားမှာ အမှန်ပါပဲ။ ဒါပေမဲ့ သူ့မျက်နှာ နည်းနည်းချင်းစီ ပြောင်းလဲသွားတဲ့အခါတိုင်း ပျက်စီးသွားတာက ကျွန်မ မဟုတ်ဘဲ အမြဲတမ်း ဝူဂျင်ဟာသာ ဖြစ်နေခဲ့တယ်။ ကျွန်မက သူ့ကို ချစ်နေတာမို့လို့ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဘာပဲလုပ်လုပ် ကျေကျေနပ်နပ် ခံယူနိုင်တာမို့လို့ ကိစ္စမရှိဘူးလေ။
ဒါပေမဲ့ ရှင်ကတော့ ဘယ်အရာကိုဖက်တွယ်ပြီး အဆင်ပြေနိုင်မှာလဲ။ သူ အခုထက်ပိုပြီး ပြိုလဲသွားမှာကို ကျွန်မ ကြောက်မိခဲ့တယ်။ အခုဆိုရင် တအားကို ပြိုလဲနေပြီမို့ တစ်နေ့နေ့မှာ ပြန်ပြီး ထူထောင်နိုင်ပါ့ဦးမလားဆိုတာကိုတောင် စိုးရိမ်မိနေရပြီလေ။
ကျွန်မ သူ့ရဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း အောက်ပိုင်းမှာ တေ့ထားတဲ့ လက်ကို ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်တယ်။ ဖောင်းအိအိ အသားစိုင်လေး ကွဲဟနေတဲ့ နေရာကနေစပြီးတော့ လက်ချောင်းတွေကို သတိနဲ့ ထိုးသွင်းရင်း ယောနိအပေါက်ကို ရှာဖွေခဲ့တယ်။ ပြီးတော့ အဲ့ဒီထက် ပိုနိမ့်တဲ့နေရာအထိ ဆင်းသွားပြီး တင်ပါးကြားထဲ စီးကျနေတဲ့ သုက်ရည်တွေကို သုတ်ယူပြီးတော့ အပေါက်ထဲ ပြန်ပြီးထိုးထည့်လိုက်တယ်။
သူက ကျွန်မရဲ့ လက်ကောက်ဝတ်ကို တင်းတင်းချုပ်ကိုင်ထားတဲ့ လက်ကို လွှတ်ပေးခဲ့တယ်။ လက်ကောက်ဝတ်ကို ချုပ်ကိုင်ထားတဲ့အား မရှိတော့တဲ့အတွက် ပိုပြီးတော့ လုပ်ရကိုင်ရ လွယ်ကူသွားတာပေါ့။
ဘယ်လောက်ပဲထည့်ထည့် တင်ပါးကြားထဲ ဆက်တိုက် စီးကျနေတဲ့ သုက်ရည်တွေကို သုတ်ယူပြီး အထဲကို တစ်ဖန် ပြန်ထည့်ပေးနေရာက အဲ့ဒီလို လုပ်နေတုန်း ပေါင်ပေါ်အထိ စီးကျလာတဲ့ စီးကြောင်းတွေကိုပါ သုတ်ယူပြီး အထဲကို ပြန်ထည့်ခဲ့တယ်။ အဲ့ဒီလိုလုပ်တဲ့အခါတိုင်း သံကြိုးတွေက တဂျောက်ဂျောက် မြည်နေတာပေါ့။
အထဲကိုဝင်သွားတဲ့ လက်ချောင်းတွေက တစ်ချောင်းမကျန် အရင်ကထက်ပိုပြီး စိုရွှဲကုန်တဲ့အတွက် ကျွန်မ လက်ချောင်းတွေကို အမြဲတမ်း အပြောင်းအလဲလုပ်နေရတယ်။ နီမြန်းပြီး ဖောင်းတက်နေတဲ့ အင်္ဂါစပ်တစ်ခုလုံးက သုက်ရည်တွေနဲ့ ပေပွလို့ပါ။ လက်ချောင်းတွေကို ဘယ်လောက်ပဲ နက်နက်ရှိုင်းရှိုင်း ထိုးထည့်ပါစေ၊ ပြန်ထုတ်လိုက်တာနဲ့ သူ့ရဲ့အရည်တွေက အရည်ပျော်နေတဲ့ ခရင်မ်တွေလိုပဲ စီးကျလာခဲ့တယ်။
နောက်ဆုံးမှာတော့ ကျွန်မလည်း လက်ချောင်းနှစ်ချောင်းကို အထဲမှာ အဆို့လို ထိုးထည့်ထားရင်း မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ကြည့်လိုက်မိတယ်။
သူ့မျက်စိရှေ့မှာတင် ခြေထောက်ကို အားရပါးရကားပြီး တစ်ကိုယ်ရေအာသာဖြေပြနေသလို ဖြစ်သွားတာပေါ့။ အပြစ်ပေးတာနဲ့မခြားတဲ့ကိစ္စကို အတင်းအကျပ် ခိုင်းစေခံရတဲ့အတိုင်းလုပ်ရင်း ပြန်ပြီး စိတ်ကြွလာရတဲ့ ကိုယ့်ကိုယ်ကိုယ်ကြောင့် ရှက်ရွံ့မိရင်း မျက်ရည်တွေ စီးကျလာတော့တယ်။
သူက အသံတိုးတိုးနဲ့ ဆဲရေးရင်း အထဲမှာ ထည့်ထားတဲ့ ကျွန်မရဲ့လက်ကို ဂရုတစိုက် ဆွဲထုတ်ပြီး ကျွန်မကို ပွေ့ဖက်ခဲ့တယ်။ တောင်းပန်ပါတယ်လို့ နားနားမှာကပ်ပြီး တတွတ်တွတ်ပြောရင်း ချော့မြှူနေတာက တော်တော်လေးကြာမှ မြင်ရတာဖြစ်တဲ့အတွက် အဲ့ဒီလိုပုံစံမျိုးကို ပြန်တွေ့ရတာ ဝမ်းသာလွန်းလို့ မျက်ရည်တွေ ပိုပြီးစီးကျလာတာပေါ့။ ကျွန်မ ငိုသလောက် သူက ပိုပြီး ဘာလုပ်ရမှန်းမသိတဲ့ မျက်နှာမျိုး ဖြစ်နေရင်းနဲ့တောင်မှ အရင်ကထက်ပိုပြီး ရစရာမရှိအောင် ဖရိုဖရဲဖြစ်နေတဲ့ ကျွန်မရဲ့ ယောနိကိုတော့ ချုပ်တည်းသည်းခံနိုင်ခြင်းမရှိတဲ့ပုံပါပဲ။
တစ်ဖက်က တောင်းပန်စကားဆိုရင်းနဲ့ အထဲကို တစ်စုံတစ်ခုက တိုးဝင်လာပြန်တယ်။ တုတ်ခိုင်တဲ့ လက်ချောင်းနှစ်ချောင်းက ထပ်လျက်သား ဝင်လာတာကြောင့် တင်းကျပ်တဲ့ အဝင်အထွက်အာရုံကို ခံစားလိုက်ရတယ်။
"ဟား... အွတ်..."
အထဲကို ချဲ့လိုက်သလိုမျိုး သူ့ရဲ့ လက်ချောင်းနှစ်ချောင်းက ပွင့်ဟသွားတယ်။ နောက်ပြန်လန်ကျသွားတဲ့ ခါးကို သူက ထိန်းမပေးပြီး မတ်မတ်ပြန်ထိုင်စေခဲ့တယ်။
"ဘာမှမဖြစ်ဘူး။ အသာလေး နေလိုက်ရင်ရပြီ...ကြည့်လုပ်လိုက်မယ်။"
သူက အထဲက သုက်ရည်တွေကို ညင်သာစွာ နှိုက်ထုတ်ပေးခဲ့တယ်။ လက်ကို ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်တဲ့အခါ အောက်ပိုင်းကနေ သုက်ရည်တွေက ဗွက်ခနဲ သွန်ထွက်လာတော့တာပေါ့။ တင်ပါးအောက်က အိပ်ရာခင်းလည်း စိုရွှဲကုန်ပါပြီ။ အဲ့ဒီလိုမျိုး နှိုက်ထုတ်လိုက်၊ ဖြည်းဖြည်းချင်း ထည့်လိုက်နဲ့ အကြိမ်ကြိမ် လုပ်နေတာပါ။
ကျွန်မ ဝေဝါးနေတဲ့ သတိကြားထဲမှာပဲ စိတ်တွေကြွနေမိတယ်။ ဘယ်အချိန်ကတည်းက ရေချိုးခန်းထဲ ရောက်နေမှန်း မသိပေမဲ့ သူ အတွင်းထဲကို ဆေးကြောသန့်စင်ပေးနေတဲ့ တစ်လျှောက်လုံး ကျွန်မကတော့ နံရံကိုမှီပြီး ညည်းတွားရင်း ကိုယ်ကို လူးလွန့်နေရတာနဲ့တင် အလုပ်ရှုပ်နေခဲ့တာပါ။
ခဏနေတော့ ဝူဂျင်ဟာက ကျွန်မရှေ့မှာ ဒူးထောက်ပြီး ခြေထောက်တစ်ဖက်ကို သူ့ပုခုံးပေါ် တင်လိုက်တယ်။ ကျွန်မရဲ့ ခြေတံနှစ်ဖက်ကြားထဲ သူ မျက်နှာအပ်လိုက်တဲ့ အခိုက်အတန့်မှာတင် ကျွန်မ အထွတ်အထိပ် ရောက်သွားတော့တာပါပဲ။ သူကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ စုပ်ယူနေတာကြောင့် တဖြည်းဖြည်း ဖြူဖျော့လာတဲ့ မြင်ကွင်းက ခဏတွင်းချင်းမှာ လုံးဝကို အဖြူရောင် ဖြစ်သွားတော့တယ်။ ဒီထက်ပိုပြီး ခံစားရရင် အသက်ရှူကျပ်တော့မလိုဖြစ်နေတာကြောင့် သူ့ခေါင်းကို တွန်းဖယ်လိုက်တော့ သူက ပြုံးနေရင်း ကျွန်မရဲ့ ပေါင်သားလေးတွေကို အနမ်းလေးတွေ ပေးခဲ့တယ်။
အားပြတ်ပြီး ပြိုလဲကျတော့မဲ့ ခန္ဓာကိုယ်ကို သူက ပွေ့ချီလိုက်တယ်။ ရေတောင် ပြီးအောင်မချိုးရသေးဘဲ ရေချိုးခန်းထဲက ထွက်လာတာက ထူးဆန်းနေလို့ မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး အတင်းကြည့်ခဲ့ပေမဲ့ နောက်ဆုံးတော့ သူ့ပုခုံးပေါ် နဖူးလေးမှေးတင်ပြီး သတိလစ်သလို အိပ်ပျော်သွားရတာပါပဲ။
နွေးထွေးတဲ့ ရေထဲမှာ ပြန်ပြီးမျက်လုံးပွင့်လာတော့ အိမ်မက်လို ချိုသာတဲ့အသံကို ကြားလိုက်ရတယ်။ ကျွန်မတို့ ခုနက ရပ်နေခဲ့တဲ့ ရေချိုးခန်းကို ဒီလောက်နိမ့်တဲ့ မြင်ကွင်းကနေ မော့ကြည့်နေရတာ အရမ်းထူးဆန်းတယ်လို့ တွေးနေမိရာက ကျွန်မတို့ ရေချိုးကန်ထဲမှာ ထိုင်နေကြတာပါလားလို့ နောက်ကျမှ နားလည်သွားတော့တယ်။
"ထပ်အိပ်လို့ ရသေးတယ်။"
ကျွန်မလည်း တငြိမ့်ငြိမ့်နဲ့ အိပ်စက်ခြင်းထဲ တစ်ဖန်ပြန်ပြီး နစ်မြုပ်သွားပြန်ပါတယ်။
ပြီးတော့...အကြာကြီးကြာတဲ့အထိ မျက်လုံး ပြန်မဖွင့်နိုင်တော့ပါဘူး။
****
Miel's Translations