အခန်း ၄၄ (mature)
Translator - D
နေ့လယ်ခင်းမှာ ခဏလေးဝင်လာတဲ့ ဧည့်သည်လို ပေါ်လာခဲ့တဲ့ ဝူဂျင်ဟာက ညရောက်လာတာတောင် ဘယ်နှစ်ရက်ပဲကြာကြာ ထွက်မသွားခဲ့ပါဘူး။ ဧည့်သည်မဟုတ်ဘဲ အိမ်ရှင်ဖြစ်နေတာမို့ ဒါက သဘာဝကျတယ်ဆိုရင်တောင် သူ့ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်ကတော့ သဘာဝကျမနေဘူးလေ။
ဘယ်အချိန်အထိ ဒီအတိုင်းနေမှာလဲလို့ မေးရင် 'မင်း ကိုယ်ဝန်ရလာတဲ့အထိ' ဆိုတဲ့ အဖြေက ပြန်လာတာပါပဲ။ ရူးနေတဲ့ကောင်လိုပေါ့။ ကျွန်မ အိမ်အပြင်ကို ခြေတစ်လှမ်းတောင် မထွက်နိုင်ခဲ့သလို ဝူဂျင်ဟာကလည်း ခြေတစ်လှမ်းတောင် မထွက်ခဲ့ပါဘူး။ ဖုန်းကတော့ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက အသိမ်းခံထားရပြီးသားပါ။ မနေ့မနက်ကစပြီးတော့ သူက 'အကျဉ်းချမှု' အကြောင်း တရားဝင်ပြောလာခဲ့တယ်။ ဧည့်ခန်းထဲမှာ အထိမ်းအမှတ်လက်ဆောင်ပေးတဲ့ပုံစံမျိုးနဲ့ မင်းကို အခု အကျဉ်းချထားလိုက်ပြီဆိုပြီး ပြောလိုက်တာနဲ့ စခဲ့တာပါပဲ။
အကျဉ်းချခံရခြင်းရဲ့ အကြောင်းရင်းကို မေးလိုက်တော့ 'မင်း အိမ်တံခါးအပြင်ကို ထွက်တာနဲ့ သားဖွားမီးယပ်ဆေးခန်းကို တန်းပြေးသွားမယ်မှန်း သိနေလို့' တဲ့လေ။ အဲ့ဒီတုန်းက ဘူဆန်ရဲ့မနက်ခင်းကလိုမျိုး အရေးပေါ်တားဆေး ချက်ချင်း သွားယူခဲ့တာကို ပြောနေတာပါ။
ဝူဂျင်ဟာက အိမ်ထဲမှာ နေရာမရွေး ကျွန်မကို ထွေးပွေ့ခဲ့တယ်။ သူ ကျွန်မဆီကို လက်လှမ်းတာက အချိန်အခါမရွေးပါဘူး။ သူ့ရင်ခွင်ထဲမှာ သတိလစ်မေ့မြောသလို အိပ်ပျော်သွားပြီးမှ ပြန်နိုးလာတဲ့အခါ၊ ညစာ နောက်ကျမှစားပြီး စားပွဲကို ရှင်းနေရင်း၊ ဒါမှမဟုတ် ဧည့်ခန်းထဲမှာ စကားများနေရင်း...။ Sex လုပ်ပြီးရင်းလုပ်ပြီးလို့ ရေချိုးရင်းနဲ့တောင်မှ နောက်တစ်ကြိမ် sex ပြန်လုပ်ခဲ့သေးတာပါ။
လုံးဝ ပြီးမြောက်အောင် လုပ်လို့မရတဲ့အချိန်မှာတောင် ဒီပုံစံမျိုးပါပဲ။ ကျေးဇူးကြောင့် ကျွန်မတို့တွေ သာမန်လူတွေလို အဝတ်အစားအပြည့်အစုံ ဝတ်ဆင်ပြီး ဒီအိမ်ထဲမှာ နေထိုင်တဲ့အချိန်က နာရီပိုင်းလောက်ပဲ ရှိတော့တာပေါ့။
လုပ်ရပ်အားလုံးက ကျွန်မ သတိမလစ်မချင်း ပြီးဆုံးတယ်လို့ မရှိခဲ့ပါဘူး။ သတိပြန်ရလာရင် ပြန်စတာမို့ အတိအကျပြောရရင် ပြီးတယ်လို့ကို မရှိဘူးပေါ့။ အားပြတ်နေတဲ့ ကျွန်မ တစ်နေ့တာရဲ့ တစ်ဝက်ကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးခွင့်ရတာကပဲ တော်ပါသေးရဲ့။
ဝူဂျင်ဟာက ကျွန်မနဲ့ မျက်လုံးချင်းဆုံရင်ကို စိတ်ထလာတဲ့အလား ပြုမူခဲ့တယ်။ ပြီးတော့ ဇွဲကလည်း ကောင်းလွန်းပါတယ်။ ကျွန်မပါ သူ့လိုရမ္မက်ရှိန်တက်လာတဲ့အထိ ဇွတ်အတင်း နှိပ်စက်ခဲ့၊ အကြိုနှိုးဆွခဲ့ပြီး ကျွန်မရဲ့ ခြေဖျားကနေစပြီးတော့ စုပ်ပေးတော့မလိုမျိုး ရိုကျိုးပြတာအထိပါ အစွမ်းကုန် ဂရုစိုက်မှုနဲ့ ကျွန်မကို ဖျက်ဆီးပစ်ခဲ့တာပါ။ အပြစ်ပေးနေသလို အတင်းအကျပ်ပြုမူခဲ့ပေမဲ့ တစ်ဖက်ကလည်း ကိုးကွယ်သလိုမျိုး ဝပ်တွားခယလို့ပေါ့။
များများလုပ်လေ ကိုယ်ဝန်ရဖို့ ပိုခက်လေဆိုတာကို ပြောပြသင့်သလား။ ဖြစ်နိုင်ခြေ လုံးဝ အောက်ဆုံးရောက်သွားဖို့ပဲ ဆန္ဒရှိနေတဲ့ ကျွန်မအတွက်တော့ ဒါက သိပ်ပြီးပြောပြချင်တဲ့စကား မဟုတ်ခဲ့ပါဘူး။ ကိုယ်ဝန်အတွက် အချိန်ကိုက်ဖြစ်ဖို့က အရေးကြီးပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျန်တဲ့အချိန်က မရှိတော့ဘူးလေ။
ရွေးချယ်စရာလမ်း မရှိတော့တဲ့အတွက် သူလည်း မသိဘဲတော့ မနေလောက်ပါဘူး။ Sex များများလုပ်လေ ကိုယ်ဝန်ရနိုင်ခြေပိုများလေဆိုပြီး ယုံကြည်လို့မဟုတ်ဘဲ သူ့မှာ စိုးရိမ်ကြောင့်ကြမှုတွေရှိနေတာကြောင့်ဆိုတာကို အများကြီးမြင်ခဲ့ရတာမို့လို့ပါ။
တစ်ခါတလေ ကျွန်မကိုယ်မှာ အင်အားတစ်စက်ကလေးတောင် မကျန်စေချင်ဘူးလား မှတ်ရတဲ့အထိပါပဲ။ သူက ဒီအိမ်ကနေ လမ်းလျှောက်ထွက်သွားနိုင်တဲ့ အင်အားတောင် မကျန်စေချင်တဲ့ပုံစံမျိုးနဲ့ ကျွန်မကို တရစပ် ဖိအားပေးခဲ့တယ်။
ပါသွားမိရင် တိရစ္ဆာန်ပဲလို့ တွေးမိပေမဲ့ နောက်ဆုံးမှာတော့ တိရစ္ဆာန်ဖြစ်သွားရတာပါပဲ။ ဝူဂျင်ဟာ ကျွန်မကို ဖျက်ဆီးသလောက် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မုန်းတီးမှုကလည်း ကျွန်မရဲ့ အတွင်းစိတ်ကို ဖျက်ဆီးပစ်ခဲ့တယ်လေ။
ဝူဂျင်ဟာကို စိတ်ရင်းနဲ့ ရွံမုန်းနိုင်ဖို့အတွက် ကျွန်မ သူ့ကို မျှော်လင့်ချက်မဲ့စွာ ချစ်နေတုန်းပါပဲ။ ဒီတော့ ကျွန်မကလည်း ရှေ့သွားနောက်လိုက်ညီညီ ရူးနေတဲ့ မိန်းမပဲပေါ့။ သူ့ကို မမုန်းနိုင်သလောက် ကျွန်မကိုယ်ကျွန်မ မုန်းတီးလာခဲ့တယ်။
အတိအကျပြောရရင် နှစ်ရက်လောက်တော့ စိတ်ရင်းအမှန်နဲ့ ခုခံခဲ့တာပါ။ သုံးရက်မြောက်နေ့မှာတော့ သေရင်သေပါစေ မလုပ်နိုင်ဘူးဆိုတဲ့ တာဝန်သိစိတ်နဲ့တောင် ပိုပြီးပြင်းပြင်းထန်ထန် ပုန်ကန်ခဲ့ပါသေးတယ်။ သူ့ကို ထိုးခဲ့၊ ကိုက်ခဲ့၊ ကုတ်ခြစ်ခဲ့ပြီး တစ်သက်လုံး ပါးစပ်ကနေ တစ်ခါမှ မပြောဖူးတဲ့ ဆဲရေးမှုအထိပါ လုပ်ခဲ့တာလေ။
"ခွေးကောင်။"
"မင်းလည်း ဆဲတတ်သားပဲ။"
"စောက်ကောင်၊ ညစ်ပတ်တဲ့ ခွေးကောင်... ဝူဂျင်ဟာ နင်က ထန်နေတဲ့ ခွေးကောင်ပဲ..."
"ထပ်မဆဲခင် ကြိုပြောထားတာဆိုပေမဲ့ မင်း ဆဲနေတာက နည်းနည်း စိတ်ထချင်စရာပဲ။"
"စိတ်ထတယ် ဟုတ်လား။ Sex လုပ်ဖို့ပဲ စိတ်ရူးထနေတဲ့ကောင်... နင့်လိုကောင်မျိုးနဲ့ ထိတောင်မထိချင်ဘူး။"
"ဟီးဂျူလေး။ မင်းကြောင့် ထပ်ပြီး ထောင်လာပြန်ပြီ။"
"Sex လုပ်ရတာ အဲ့ဒီလောက်တောင် ကြိုက်နေရင် တခြားမိန်းမ သွားရှာ။ တခြားနေရာမှာ သွားရှာလို့။ ကျေးဇူးပြုပြီးတော့ ငါ့ကို လွှတ်ပေးပြီး..."
"စကားကို သေသေချာချာလေး ပြောမှပေါ့။ Sex လုပ်ရတာ မင်းလည်း ကြိုက်တာပဲကို။"
"လွှတ်စမ်း၊ ခွေးကောင်... လွှတ်..."
"ငါလုပ်တာ ခံရတာကို ကြိုက်နေပြီးတော့များ အထိမခံချင်ဘူးပေါ့လေ။"
"လွှတ်စမ်း၊ ဒီခွေးကောင်ရဲ့။"
ချစ်ဖို့ကောင်းလွန်းလို့ သေတော့မှာပဲဆိုပြီး နားကို ကိုက်ရင်း ပြောလာတာကိုမြင်တော့ ဆဲတာကိုလည်း ထပ်မလုပ်နေတော့ပါဘူး။ မင်းက ဆဲရင်တောင် လှတယ်ဆိုပြီး ပိုလို့တောင် စိတ်ကြွလာတာကိုး။ ကျွန်မ အခု ဘယ်လောက်ပဲ ရူးနေတဲ့မိန်းမ ဖြစ်နေပါစေ၊ ဝူဂျင်ဟာကိုတော့ လိုက်မီနိုင်မှာမဟုတ်ဘူးလို့ တွေးလိုက်မိတယ်။
သူက လုံးဝ ဆက်မလုပ်နိုင်တော့တဲ့အထိမှ မဟုတ်ရင် ရိုက်တာနဲ့တောင် တားလို့မရတာမို့ ကျွန်မရဲ့ အထိုးအကြိတ်ကိုလည်း အများကြီး ခံခဲ့ရတာပါ။ ပခုံးတွေမှာ ကျွန်မကိုက်ထားတဲ့ အရာတွေနဲ့ ပြည့်နေပြီး ရင်ဘတ်၊ ကျောပြင်နဲ့ လက်မောင်းတွေမှာလည်း ကျွန်မရဲ့လက်သည်းတွေက ချန်ထားခဲ့တဲ့ ဒဏ်ရာတွေ ဗရပွပဲပေါ့။ အဲ့ဒါတွေကလည်း ရက်ပိုင်းလောက်ကြာတော့ အမာရွတ်တွေ ဖြစ်လာပါပြီ။
ကျွန်မ ပစ္စည်းတွေနဲ့ ပစ်ပေါက်ထားတဲ့ နေရာတိုင်းမှာတော့ အညိုအမည်းစွဲရာတွေ ကျန်နေခဲ့တယ်။ ပါးရိုက်လိုက်ရင် ထပ်ရိုက်ပါဦးလို့ပြောရင်း ကျွန်မရင်ခွင်ထဲ တိုးဝင်လာတတ်တာပါ။ ရိုက်နေတဲ့လက်ကိုလည်း နမ်းတယ်။ ခြေထောက်နဲ့ ကန်လိုက်ရင်လည်း ခြေထောက်ကို ဖမ်းဆုပ်ပြီး အသားကို စုပ်တယ်။ ကျေးဇူးကြောင့် သူလည်း ရစရာမရှိတော့ပါဘူး။
ကျွန်မကို အကျဉ်းချထားတာက ဝူဂျင်ဟာဆိုပေမဲ့ ဘယ်သူပဲကြည့်ကြည့် တစ်ဖက်လူကပဲ သားကောင်လို ဖြစ်နေခဲ့တာပါ။ သူက ကျွန်မ သူ့အောက်ကနေ ထွက်မပြေးနိုင်အောင် ကျွန်မကိုယ်ကို ဖိထားတာကလွဲလို့ တခြားဘာအင်အားကိုမှ သုံးခဲ့ခြင်းမရှိပါဘူး။ ကျွန်မတို့ရဲ့ sex က သူကိုယ့်သူ နှိပ်စက်နေတာနဲ့ ပိုပြီးနီးစပ်ခဲ့တယ်။
ကျွန်မကတော့ ဆန့်ကျင်ဘက်အနေနဲ့ အားပြတ်ပြီး စိတ်ဆန္ဒတွေ ပျောက်ဆုံးလာတော့တယ်။ အားမရှိတော့တာကြောင့် ကိုယ့်ကိုယ်ကိုယ် အရှုံးပေးအပ်နှံလိုက်တာပေါ့။ လေးရက်မြောက်နေ့ကစပြီး ပါးစပ်ပိတ်နေခဲ့တယ်။ ငြင်းဆန်ခြင်းလည်း မရှိသလို ဘာစကားမှလည်း မပြောခဲ့ပါဘူး။ အချိန်တွေ ကုန်ဆုံးသွားဖို့ကိုပဲ စောင့်ဆိုင်းနေခဲ့မိတယ်။ ကိုယ်ဝန်မရရင်တော့ ကောင်းမှာဆိုပေမဲ့ ရခဲ့ရင်လည်း မမွေးဘူးဆိုတာကို သိထားတော့ ကိုယ်ဝန်ရမှာကို ကြောက်ရွံ့တုန်လှုပ်နေစရာအကြောင်းလည်း မရှိတော့ဘူးလေ။
ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီအိမ်မှာ အကြာကြီးနေနိုင်မဲ့လူမှ မဟုတ်တာ။ ကျွန်မ ကိုယ်ဝန်ဖျက်ချဖို့အထိပါ စဉ်းစားထားတယ်ဆိုတာကို စိတ်တောင်ကူးကြည့်မိမှာမဟုတ်ဘူးပေါ့။ ကျွန်မ ဝူဂျင်ဟာကို မမုန်းနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းနေခဲ့တယ်။ ဒီအခြေအနေက စိတ်ကုန်စရာအတိပါပဲ။
မမွေးနိုင်မဲ့ကလေးကို ကိုယ်ဝန်ဆောင်ဖို့ အတင်းအကျပ် စေခိုင်းခံရတဲ့ နေ့ရက်တွေပဲပေါ့။ သာယာမှုက ကျွန်မ သဘောဆန္ဒရဲ့အပြင်ဘက်မှာ ရှိနေတာပါ။ သူ့ကို ဒေါသထွက်လာရင်း တစ်ချက်တစ်ချက်လည်း ကိုယ့်ကိုယ်ကိုယ်မုန်းလို့ မျက်ရည်ကျခဲ့ရတယ်။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး အောက်ခြေအထိ သွားလိုက်ရင် သူ ကျွန်မကို ဒီလောက်အထိ လွှတ်မပေးနိုင်ဖြစ်နေတာကို ထူးထူးဆန်းဆန်း ကျေနပ်နေတဲ့ ခံစားချက်တစ်ခု ရှိနေမှန်း သိနေလို့ပါပဲ။
အမှန်တော့ သူ ရူးနေတဲ့ကောင်လို ပြုမူနေတာကို ကျွန်မ သဘောကျနေတာလေ။ ကျွန်မတစ်ယောက်တည်းကို မစွန့်လွှတ်နိုင်လို့ ဝူဂျင်ဟာတစ်ယောက် သေတောင်မှမလုပ်နိုင်မဲ့ အရူးအမူးလုပ်ရပ်တွေကို လုပ်နေတာကို... ဟုတ်ပါတယ်။ အမှန်တော့ ရူးလောက်အောင် သဘောကျနေတာပါ။ ဒါပေမဲ့လည်း အဆုံးသတ်ကတော့ ပြောင်းသွားလို့မဖြစ်ပါဘူး။ သူ ဘာပဲလုပ်လုပ် ကျွန်မတို့က လမ်းခွဲကြရမှာပါပဲ။ ကျွန်မ လုပ်ရမဲ့အရာက ဒါပဲမို့လို့ပါ။
အဲ့ဒါကြောင့်ပဲ ဒီလောက်တောင် ဝမ်းနည်းနေခဲ့ရတာပေါ့။
ဝူဂျင်ဟာ အခု ကျွန်မကို အတင်းအကျပ်ဖိအားပေးနေတဲ့ ကလေးကို မမွေးနိုင်ရခြင်းရဲ့ အကြီးဆုံးအကြောင်းပြချက်က ဝူဂျင်ဟာကိုယ်တိုင်ပဲ ဖြစ်နေလို့လေ။
"အင်း...အွတ်... ဟင်း... အွန်း"
သူက အတွင်းပိုင်း အဆုံးအထိ သုက်ရည်တွေရောက်အောင် ထိုးသွင်းနေတဲ့အလား လှုပ်ရှားခဲ့တယ်။ သွားချင်းကြိတ်၊ နှုတ်ခမ်းကို ကိုက်ထားပေမဲ့ ကြမ်းတမ်းစွာ ထိုးသွင်းခံရတဲ့အခါတိုင်း ညည်းသံတွေ ထွက်လာရတာပါပဲ။
'မဟုတ်တာက မဟုတ်တာပဲမို့လို့' ဆိုပြီးတော့ ရိုးရိုးလေးပဲတွေးပြီး အဆုံးသတ်ကို စဉ်းစားခဲ့တဲ့ အခိုက်အတန့်က ဘယ်တုန်းကမှန်းတောင် မသိတော့ပါဘူး။ ကျွန်မတို့က ဒီအတိုင်း 'မဖြစ်နိုင်လို့ဆိုတဲ့ အကြောင်းရင်းကြောင့်' ကွာရှင်းဖို့ စဥ်းစားခဲ့တဲ့ ပထမဆုံးနေ့ကိုလည်း မမှတ်မိတော့ပါဘူး။ ဝူဂျင်ဟာ ကျွန်မကို လုံးဝ ပြန်လှည့်ကြည့်တော့မှာ မဟုတ်ဘူးလို့ တွေးခဲ့ရတဲ့အချိန်ရဲ့ စိတ်ပျက်အားငယ်မှုတွေလည်း ပျောက်နေခဲ့ပါပြီ။ ဒီလိုမျိုး ဆက်ပြီး အချိန်ဖြုန်းနေစရာ မလိုတော့ဘူးလို့ တွေးခဲ့တဲ့ အခိုက်အတန့်ကလည်း ပျောက်သွားခဲ့ပါပြီ။ ဆေးရုံခုတင်ပေါ်က ထပြီး လိုက်ကာကိုဖွင့်လိုက်တဲ့အချိန်မှာ ကျွန်မရဲ့ကမ္ဘာက တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြီးသားပါ။
ပြီးတော့ ဆုန်ယောဆွန်းရဲ့ရှေ့မှာ တစ်ကြိမ်ထပ်ပြီး ပြောင်းလဲသွားပြန်ပါတယ်။
'ပြီးတော့ ငါက ကိုယ့်နေရာကိုယ် ကောင်းကောင်းသိထားပြီး နောက်ဆုတ်ဖို့ ကြိုးစားနေတဲ့ နင့်ကို ဆွဲထားပြီးတော့ ဒီစကားတွေ ပြောနေရတာ၊ ဂျင်ဟာက ဒီအခြေအနေကို ပယ်ချမယ်မှန်း သိနေလို့ပဲ။'
'...ငါတို့က နင့်ကို အရင်ဆုံး ပထုတ်မယ်မှန်း သိနေလို့။'
ဝူဂျင်ဟာ ကျွန်မကို ချစ်နေတာဖြစ်လောက်မလားမသိဘူးလို့ တွေးလိုက်မိတဲ့အခိုက်အတန့်မှာ။
အကြောင်းရင်းက သခင်နဲ့ကျေးကျွန် နေရာချင်းပြောင်းပြန်ဖြစ်သွားသလို ပြောင်းလဲသွားခဲ့တယ်။ ကျွန်မအတွက်လို့ ရည်ရွယ်ခဲ့တဲ့ အဆုံးသတ်က သူ့အတွက်ဆိုပြီး ပြောင်းလဲသွားတာပါ။
သူ ကျွန်မကို ချစ်နေတာတို့၊ အဲ့ဒီလိုမျိုး တစ်စုံတစ်ရာရှိလာပြီလို့ တွေးမိတဲ့အခါ။ ကျွန်မ အလိုချင်ဆုံးအရာနဲ့ အနီးစပ်ဆုံး ဖြစ်လာတဲ့အခါ... အဲ့ဒီအခိုက်အတန့်မှာ ကျွန်မတို့တွေ အဝေးဆုံးကို ရောက်သွားခဲ့ကြတယ်။ ကျွန်မတို့ သိကျွမ်းခဲ့တဲ့ ငါးနှစ်တာနီးပါး ကာလတစ်လျှောက်လုံးရဲ့ ဘယ်အချိန်ကထက်မဆို ပိုပြီးတော့ပေါ့။
ကျွန်မကတော့ နေ့ရက်တွေ ကြာလာတာနဲ့အမျှ သူ့ကို ပိုပြီးချစ်လာခဲ့တယ်။ သူ့မျက်လုံးတွေထဲက အချစ်နဲ့ဆင်တူတဲ့...အဲ့ဒီ တစ်စုံတစ်ရာကို မြင်ရတဲ့အခါတိုင်း ကျွန်မက သူ့ကို ပိုပြီးခိုင်ခိုင်မာမာ ချစ်မိလာတာပါ။
ဘယ်သူကပဲ အရူးမလို့ ဆဲဆဲ၊ ဘာမှပြန်ပြောစရာမရှိခဲ့ပါဘူး။ ကိုယ့်ကံကြမ္မာကိုယ် ဖျက်ဆီးနေတာကို ဘယ်သူက တားနိုင်မှာလဲလို့ ပြောရင်တောင် ရယ်ပြီး ငြိမ်ခံနေလိုက်မှာပါ။ ကျွန်မရဲ့ ကံကြမ္မာက အမြဲတမ်း ညစ်ပတ်နေခဲ့ပြီး၊ အဲ့ဒီအထဲမှာ ကောင်းတဲ့အပိုင်းကတော့ ဝူဂျင်ဟာရဲ့ဘေးမှာ ခဏလေးဖြစ်ဖြစ် နေခဲ့ရတယ်ဆိုတာပါပဲ။
နည်းနည်းလေးပဲ ပိုပြီးမချစ်မိခဲ့ဘူးဆိုရင် နည်းနည်းလောက် ပိုပြီးတော့ ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ ပုံစံမျိုးနဲ့ ပြုမူနိုင်လောက်တယ်ဆိုပေမဲ့ ကျွန်မက မြင်နေရတဲ့ အဆုံးသတ်ကို ကြည့်ရင်း ကျေနပ်ရောင့်ရဲနေတာလေ။
သူက ကျွန်မကို အရူးအမူးနဲ့ နောက်ဆုံးအကြိမ်အဖြစ် တွယ်ကပ်ပြီးဆွဲထားတာကို ကြည့်နေရင်းပေါ့။
"ဟီဂျူလေး..."
"...အွတ်... အား..."
"...ဟီဂျူလေး၊ ဟား... အင့်၊ တစ်ခါလေးပဲ ပြန်ထူးစမ်းပါ..."
"ဟင်း... အစ်... ဟင့်..."
"ဒီလောက်တောင် ကောင်းကောင်းငိုနေရဲ့သားနဲ့။ မှားပြီးတော့ပဲဖြစ်ဖြစ် တစ်ခါလောက် ပြန်ထူးမှပေါ့။"
"...ဟင်း... အွတ်..."
"......အခု မင်းအသံကို ကြားချင်ရင်၊ ဒီလိုမျိုး ငိုအောင်လုပ်မှဖြစ်တော့မှာလား။"
ခါးကို ဖြည်းဖြည်းချင်း ပင့်ဆောင့်ရင်း ဝူဂျင်ဟာက လှောင်ရယ်လိုက်တယ်။ ကျွန်မ ပါးစပ်ပိတ်နေတာကိုမြင်တော့ သူက အဆုံးအထိ အားပြင်းပြင်း ဆောင့်သွင်းပြီး ကျွန်မရဲ့ အောက်နှုတ်ခမ်းကို ကိုက်ဆွဲပြီးတော့ ပါးစပ်ဟအောင် လုပ်ခဲ့တယ်။
"ဟစ်၊ အား...အွတ်..."
"စကားမပြောဘူးဆိုရင်၊ ဟား...ငိုတာဖြစ်ဖြစ်လုပ်။"
"အား။ ဟင်း... အင့်...အား..."
"အဲ့ဒီလိုမှပဲ ငါလည်း မင်း အသက်ရှင်နေမှန်း သိမှာပေါ့။ မဟုတ်ဘူးလား။"
****
Miel's Translations
Notice‼️
နောက်ပိုင်း ကိုယ် အချိန်သိပ်မရတော့လို့ update က အရင်လို Sunday ပဲ ပြန်ဖြစ်သွားမယ်နော်။
Telegram channel မှာ announce လုပ်ထားပေမဲ့ တချို့ မသိလိုက်မှာစိုးလို့ပါ။
နောက်ပြီးတော့ ဒီဝတ္ထုကို အပိုင်းဘယ်လောက်ရှိလဲဆိုပြီး မေးထားတဲ့သူတွေရှိတယ်ပေါ့နော်။
တစ်ခါတည်း အကုန်လုံးသိသွားရအောင် ဒီကနေပဲ ပြောလိုက်ပါမယ်။
ဒီဝတ္ထုက တစ်ပိုင်းချင်း စီးရီးလိုက်တင်ထားတဲ့ webnovel မဟုတ်ပါဘူး။
Volume 1,2, extra ဆိုပြီး ရှိပါတယ်။
Volume 1 နဲ့ 2 မှာ Chapter 6 ခန်းစီ ပါပါတယ်။
Chapter တစ်ခန်းကို စာလုံးရေ နှစ်သောင်းကနေ သုံးသောင်းဝန်းကျင်လောက်သွားတယ်။
အခု ကိုယ်က အဲ့ဒီ စာလုံးသောင်းချီရှိတဲ့ chapter တွေကို အချိန်ရသလောက်လေး ခွဲပြီး ဘာသာပြန်နေတာပါ။
အဲ့ဒီတော့ အစ အဆုံး ဘယ်နှပိုင်းရှိလဲမေးရင် အတိအကျ မဖြေနိုင်ပါဘူး။
အချိန်ရ၊မရအပေါ် မူတည်ပြီး စာလုံးရေ သုံးထောင်ကျော်အောင် ပြန်လိုက်တာရှိသလို၊ နှစ်ထောင်လောက်နဲ့ တစ်ပိုင်းဖြစ်သွားတာလည်း ရှိပါတယ်။
ဒီတော့ အပိုင်းအရေအတွက်ကို အတိအကျ တွက်ပေးလို့မရဘူးပေါ့နော်။
အခုလက်ရှိမှာ နောက်ထပ် ၂ပိုင်းလောက်ဆို Volume 1 (အတွဲ ၁) ပြီးပါတော့မယ်။
အခု သွားနေတဲ့ ကိုယ့်ရဲ့အခြေအနေကိုကြည့်ပြီး အကြမ်းဖျင်း ခန့်မှန်းရမယ်ဆိုရင်တော့ အပိုင်း ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့ပဲ ပြောပါရစေ။