no

Font
Theme

အခန်း ၆၃

Translator - D

“အဲ့ဒါဆိုရင်တော့ နေသာထိုင်သာရှိသွားမှာပေါ့။”

ငါ ဘာမှမမှုသလို ဒက်ခနဲ ပြောလိုက်တယ်။ သတိရှိနေမှာလည်း မဟုတ်လို့ တလေးတစား ယဉ်ကျေးပြနေရမဲ့ အသုံးအနှုန်းတွေကိုလည်း စွန့်ပစ်လိုက်ရင်းပေါ့။

“ဘာက... နေသာထိုင်သာရှိသွားမှာလဲဟင်။”

“မင်းလေ။”

ကျန်တာတွေ အကုန် ဆိုးဝါးနေရင်တောင် အနည်းဆုံး အဲ့ဒီအချက်တစ်ခုကတော့ ပိုကောင်းလာမှာပါ။ အန်ဖတ်တွေ ငါ့ပခုံးပေါ်ကနေတစ်ဆင့် ဓာတ်လှေကားကြမ်းပြင်အထိ ဘယ်အချိန် ပန်းထွက်လာမလဲမသိဘူးဆိုတဲ့ စိုးရိမ်စိတ် ရှိနေပေမဲ့လည်း ငါက ထူးဆန်းလောက်အောင် တည်ငြိမ်နေသလို ဘာကြောင့်မှန်းမသိ တောင့်ခံနိုင်လိမ့်မယ်လို့ ခံစားနေရတယ်။

“ဒါပေမဲ့ အဲ့ဒီလိုဆိုရင်...ဌာနမှူးအတွက် မသက်မသာဖြစ်ရမှာလေ...”

ပုခုံးပေါ်မှာ ဘာအားအင်မှမရှိဘဲ ပျော့ခွေကျနေတဲ့ သွယ်လျလျလက်မောင်းနှစ်ဖက်က ရုတ်တရက် ငါ့လည်တိုင်ကို တင်းတင်းကျပ်ကျပ် သိုင်းဖက်လာတယ်။ အဲ့ဒီအချိန်မှာ ဆဲမိတော့မလို။ ဒါမှမဟုတ် ရမ္မက်ကြွလာတော့မလို။ နှစ်ခုထဲက တစ်ခုခု၊ ဒါမှမဟုတ် နှစ်ခုလုံး ဖြစ်နိုင်ပေမဲ့.. ဘာပဲဖြစ်ဖြစ် ပုံမှန်မဟုတ်တာတော့ သေချာပါတယ်။ ဘယ်လိုအရူးက စိတ်ကူးယဉ်နေမှန်း လုံးဝမသိနိုင်တဲ့ ရှင်းဟီဂျူကတော့ မအန်ဘဲ ရယ်နေတယ်လေ။ ကျောပြင်ပေါ်မှာ သူ့ရဲ့ ရယ်သံလေး ပဲ့တင်ထပ်သွားရလောက်တဲ့အထိပေါ့။

ရှင်းဟီဂျူ ဒီလိုရယ်တာကို တစ်ကြိမ်ပဲ ကြားဖူးတာပါ။ အဲ့ဒီလူနဲ့ ဖုန်းပြောနေတုန်းက။ အဲ့ဒါကလည်း တော်တော်လေး ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ကိစ္စပါပဲ။ ဆိုလိုတာ သူက အခြေခံအားဖြင့် အဲ့ဒီကောင်နဲ့အတူရှိနေရင် အရက်တစ်ငုံမှ မသောက်ရဘဲ မူးယစ်နေတဲ့ အခြေအနေမျိုးပေါ့...။ လိုရာဆွဲပြီး ပိုတွေးမိလေ ဒေါသပိုထွက်လာလေပါပဲ။ အခန်းထဲ ဝင်ဝင်ချင်း အိပ်ခန်းဆီကို တန်းတန်းမတ်မတ် လျှောက်သွားပြီး ရှင်းဟီဂျူကို ငါ့ဆီကနေ ခွာထုတ်လိုက်တယ်။

သူ နောက်တစ်ကြိမ် ထပ်ပြီး ပျို့တက်လာမှာကို စိုးရိမ်လို့ ဂရုစိုက်နေမိတာ မှန်ပေမဲ့ တကယ်တမ်းက ငါကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်တာနဲ့ မခြားပါဘူး။ အကြီးအကျယ် မူးနေပြီး ကိုယ့်ခြေလက်တွေကိုတောင် သေချာမထိန်းချုပ်နိုင်ဘဲ အားမရှိစွာပျော့ခွေနေတဲ့ မိန်းမတစ်ယောက်ဆီကနေပေါ့။ အပြင်ထွက်သွားမလို့ လုပ်နေတုန်း စောင်ခြုံပေးရမလား မခြုံပေးရဘူးလားဆိုပြီး ခဏတွေဝေနေမိတဲ့အချိန်မှာ ရှင်းဟီဂျူက ရုတ်တရက် မျက်လုံးဖွင့်ပြီး ငါ့ကို စိုက်ကြည့်လာခဲ့တယ်။

အဲ့ဒီနောက် ဘာမှမလုပ်ဘဲ ဒီအတိုင်းလေး ပြုံးပြနေပြန်တယ်။ ခေါင်းအုံးပေါ်မှာ ဖရိုဖရဲ ဖြစ်နေတဲ့ ဆံနွယ်ရှည်တွေကြားထဲကနေ ဖြူစင်ဝင်းပစွာနဲ့ပေါ့။ အောက်ပိုင်းက တင်းမာလာတော့တယ်။ ငါလည်း စောင်အနားစကို ပစ်ချသလို လွှတ်ချခဲ့ပြီးတော့ အနောက်ကိုတောင် ပြန်လှည့်မကြည့်တော့ဘဲ အိပ်ခန်းထဲကနေ ထွက်လာပြီး ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်ချလိုက်မိတယ်။ တကယ် အသုံးမကျတဲ့ကောင်ပဲ။ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ချင်စိတ်တွေ တက်လာတော့တာပေါ့။ ရှင်းဟီဂျူ ခဏလောက်ပဲဖြစ်ဖြစ် သတိပြန်ဝင်လာပြီး အထဲကနေ တံခါးကို လော့ခ်ချပေးရင် ကောင်းမှာပဲလို့ တွေးနေမိတယ်။ ကျေးဇူးပြုပြီး ငါ့ဘက်က ဘာအမှားမှ မလုပ်မိစေဖို့အတွက်။

‘ယွန်းဟျောင်း... ကျေးဇူးပြုပြီး...’

မာနကတော့ အောက်ခြေအထိ လိမ့်ဆင်းနေပါပြီ။ တစ်ဖက်သတ် ရမ္မက်စိတ်က ရွံစရာအတိပါပဲ။ တခြားယောက်ျားကို ရှာဖွေနေခဲ့တဲ့ အိပ်မက်ထဲက မျက်နှာကို ပြန်တွေးရင်း ရေချိုးခန်းထဲမှာ တစ်ကိုယ်ရေအာသာဖြေမိခဲ့တယ်။

မင်းကို နံရံနှစ်ချပ်ရဲ့ အလွန်မှာပဲ ထားပြီးတော့လေ။

ညစ်ပတ်တဲ့ကောင်။ စောက်သုံးမကျတဲ့ကောင်... ဘယ်လိုပဲ ဆဲနေပါစေ၊ အိပ်ရာပေါ်က မင်းရဲ့ပုံရိပ်ကိုပဲ စိတ်ထဲမှာ အရူးတစ်ယောက်လို တွေးနေမိတာကြောင့် ဆံပင်စိုစိုနဲ့ပဲ အခန်းထဲကနေ ထွက်လာခဲ့မိတော့တယ်။ မင်းနဲ့ နီးစပ်ချင်တာထက် ပိုပြီးတော့ ဝေးကွာသွားချင်တာပါ။ အဲ့ဒီလိုမှ မလုပ်ရင် ဘာကိုမှ ဆင်ခြေပေးပြီး ကျိုးကြောင်းဆီလျော်အောင် လုပ်လို့ရမှာ မဟုတ်တော့လို့။

ဘယ်တုန်းကတည်းကမှန်းမသိ ငါ့အကြည့်တွေက တစ်ခါတလေ ဘာအတွက်အချက်မှမရှိဘဲ ရှင်းဟီဂျူနောက်ကိုသာ တကောက်ကောက်ပါအောင် လိုက်နေတော့တယ်။ ရှင်းဟီဂျူ ငါ့ကို နည်းနည်းလေးမှ ဂရုမစိုက်တဲ့ အချိန်မျိုးမှာတောင်၊ ဒါမှမဟုတ် တခြားအလုပ်တစ်ခုခုမှာ အာရုံစိုက်နေတာ ဒါမှမဟုတ် တခြားလူတစ်ယောက်ဆီမှာ စိတ်ဝိညာဉ်အားလုံး ပုံအောပေးထားတဲ့ အချိန်မျိုးမှာတောင်မှ။ အဲ့ဒါကို သတိပြုမိတိုင်း စိတ်က မြေကြီးအထိ ကျသွားတတ်ပေမဲ့ သတိမထားမိသရွေ့တော့ တော်တော်ကောင်းတဲ့ အချိန်လေးတွေကို ကုန်လွန်နိုင်ခဲ့ပါတယ်။

ကျိန်းသေပေါက် သတိပြုမိတာ၊ မပြုမိတာနဲ့ မဆိုင်ဘဲ ဒီအတိုင်း စုတ်ပြတ်သတ်နေတဲ့ ခံစားချက်မျိုးလည်း ဖြစ်လာနိုင်တာပါပဲ။

“အတွင်းရေးမှူးရှင်းလည်း တဖြည်းဖြည်းနဲ့ ရည်းစားထားရတော့မှာပေါ့။ အခုဆို ဘယ်လောက်ရှိပြီလဲ၊ နှစ်ဆယ့်ခြောက်လား။”

“နှစ်ဆယ့်ခုနစ်ပါ၊ ဥက္ကဋ္ဌကြီး။”

“အခုခေတ် လူငယ်တွေက အိမ်ထောင်ပြုတာ နောက်ကျကြတာကို ကလေးယူဖို့ စဉ်းစားရင် သုံးဆယ့်တစ်၊ သုံးဆယ့်နှစ်ဆိုတော့ နောက်ကျသွားပြီ။ အဲ့ဒီလိုအရွယ်ကျမှ အိမ်ထောင်ပြုလိုက်ရင် ဘဝမှာ စိတ်အေးလက်အေး ရှင်သန်ဖို့ အချိန်မရှိတော့ဘူးလို့ ပြောတာ။ အဲ့ဒီလိုဆိုတိုင်း နောက်ကျမှ အချိန်တန်ပြီဆိုပြီး လပိုင်းလောက်ပဲ အပေါ်ယံကြည့်ပြီးတော့ လက်ထပ်မလို့လား။ အိမ်ထောင်ပြုစောတာ ကောင်းတယ်ဆိုပေမဲ့ လူတစ်ယောက်ကိုတော့ နဂိုကတည်းက အကြာကြီး စောင့်ကြည့်ရတာမျိုး။ ဘယ်နှနှစ်ပဲ စောင့်ကြည့်ပါစေ၊ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လုံးဝ မသိနိုင်တာမျိုးလေ။ အဲ့ဒါကြောင့် နောက်ထပ် နှစ်ပိုင်းလောက်နေလို့ သင့်တော်တဲ့ အသက်အရွယ်မှာ လက်ထပ်ချင်တယ်ဆိုရင် အခုကတည်းက ကြိုတင်ပြင်ဆင်ထားရမှာပေါ့...”

“ဒီလိုမြင်ရပေမဲ့လည်း ငါ့အိမ်က ကလေးတွေကတော့လေ... တစ်ယောက်မှ စီစဉ်ပေးတဲ့သူနဲ့ လက်ထပ်တဲ့ကောင် မရှိဘူး...” ချစ်လို့လက်ထပ်ကြတာကိုမှ လူကြီးသဘောအတိုင်း အတင်းစီစဉ်ပေးတာထက် ပိုပြီးတော့ အလေးအနက်ထားတတ်ကြတယ်ဆိုတဲ့အကြောင်း၊ ကာယကံရှင်တွေရဲ့ သဘောထားက အရေးအကြီးဆုံးဆိုတဲ့အကြောင်း... အဲ့ဒီလိုမျိုး ဘာမှအသုံးမဝင်တဲ့ စကားလုံးတွေ အလိပ်လိုက် ထွက်လာနေတဲ့ကြားထဲမှာ ရှင်းဟီဂျူကတော့ “မှန်ကန်တဲ့ စကားပါပဲ ဥက္ကဋ္ဌကြီး။” ၊ “မှတ်သားထားပါ့မယ် ဥက္ကဋ္ဌကြီး။” ၊ “ကောင်းမွန်တဲ့စကားတွေအတွက် တကယ် ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး။” ဆိုပြီး စက်ရုပ်လို တရစပ် ပြန်ပြောနေခဲ့တယ်။ စက်ရုပ်ဆန်ဆန် စကားလုံးတွေထဲမှာတောင် လေးစားသမှုတွေကို အပြည့်အဝ ထည့်သွင်းထားရင်းပေါ့။

ကိုယ့်ဘက်က နိမ့်ကျတဲ့ အဆင့်အတန်းနဲ့ လက်ထပ်စေခဲ့တဲ့ ရာဇဝင်မျိုး တစ်ခါမှမရှိခဲ့ဖူးတဲ့ ဖြစ်တည်မှုက အချစ်ကြောင့် လက်ထပ်တာကို လာပြီးလေကန်နေတာကလည်း မဖြစ်နိုင်တာပါ။ အစကတည်းက သင့်တော်မဲ့ အရာချင်းပဲ စုစည်းချိတ်ဆက်ထားတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ရှိနေပြီးသားကို၊ အဲ့ဒီအသိုင်းအဝိုင်းထဲမှာ အချင်းချင်း မျက်စိကျပြီး လက်ထပ်ကြတဲ့ ရလဒ်ကတော့ ထင်ရှားနေတာပဲမဟုတ်လား။ အဲ့ဒါကိုမှ ကာယကံရှင်တွေရဲ့ သဘောထားလို့ ခေါ်နေတာကလည်း ရယ်စရာပါပဲ။

အဲ့ဒီလိုမျိုး ဖြစ်နေရင်တောင်မှ လွတ်လွတ်လပ်လပ် ပြုံးရွှင်ရင်း ပြောနေတဲ့ စကားလုံးတိုင်းက တော်တော်လေးကို ရိုးသားအေးဆေးသလို ပေါ်လွင်နေတာကြောင့် ပိုပြီးတော့တောင် ကောက်ကျစ်စဉ်းလဲသလိုဖြစ်နေတော့တာပေါ့။ ဆယ်မြောင်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌရှင်းဆိုတာ နဂိုကတည်းက ညစာစားပွဲ ဧည့်ခံပွဲ အနည်းငယ်မှာ ဆုံဖူးတာ၊ ပြီးတော့ အဝင်အထွက်လုပ်ရင်း အနည်းငယ် ထပ်တွေ့ဖူးရုံလောက်နဲ့တင် သာမန်အတွင်းရေးမှူးတစ်ယောက်အပေါ် အင်မတန် ရင်းနှီးကျွမ်းဝင်သလို ပြုမူတတ်တာလေ။ သူက တကယ်ပဲ ရှင်းဟီဂျူလောက် မလှတဲ့ ဝန်ထမ်းတွေကိုရော အဲ့ဒီလိုမျိုး စိတ်ဝင်တစားရှိရဲ့လားဆိုတာတော့ မသိပါဘူး။

စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ နေရာအနှံ့ ပျံ့နှံ့နေတဲ့ တရားဝင် ညစာစားပွဲကြီးမှာ၊ အလုပ်ရှုပ်နေတဲ့ သူများရဲ့ အတွင်းရေးမှူးကို ဖမ်းဆွဲထားပြီး နားဝင်ဆိုးတဲ့ ဆုံးမစကားတွေ လျှာရှည်မြွက်ဟနေတာက ‘ငါကတော့ မင်းတို့လိုဟာတွေရဲ့ လောကီရေးရာတွေအပေါ်မှာ ဒီလောက်အထိကို စိတ်ဝင်စားမှုမရှိတာ’ လို့ ကြွားဝါပြသနေခြင်းသာ ဖြစ်မယ်ဆိုရင်တော့ ဥက္ကဋ္ဌ ရှင်းအပေါ် ထားတဲ့ အကဲဖြတ်မှုကို နည်းနည်းလောက် ပိုပြီး တိုးပေးလို့ရပါတယ်။ ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ အချက်ကြောင့် အမှတ်လျှော့လိုက်ရင်တော့ စောစောကအတိုင်း နေရာဟောင်းမှာပဲပြန်ရှိနေမှာဆိုပေမဲ့ပေါ့။

ဒါပေမဲ့ အဲ့ဒီမြင်ကွင်းကို တော်တော်လေး စိတ်တိုင်းမကျဖြစ်ရတာနဲ့ သီးသန့်တစ်ကန့်စီ ရှင်းဟီဂျူ ငါ့ဆီ ပြန်လာမဲ့ လမ်းဆုံလမ်းခွမှာ အခက်တွေ့ပြီး မျက်လုံးအဝိုင်းသားဖြစ်နေတာကို တော်တော်လေး သဘောတွေ့စွာ စောင့်ကြည့်နေမိခဲ့တယ်။ ယဉ်ကျေးပျူငှာတဲ့ မျက်နှာထားအောက်မှာ မျှော်လင့်မထားတဲ့ အတားအဆီးတစ်ခုကြောင့် စိတ်ရှုပ်ထွေးနေတဲ့ အရိပ်အယောင်တွေက အထင်းသားပေါ်လွင်လို့လေ။

အဲ့ဒီလိုလုပ်ရမဲ့ နေရာမျိုးလည်းမဟုတ်သလို၊ ဥက္ကဋ္ဌရှင်းကလည်း မိန်းမပြဿနာမရှိတဲ့ လူနည်းစုထဲက တစ်ယောက်ဖြစ်လို့ အစကတည်းက စိုးရိမ်ပူပန်နေစရာတော့ မရှိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ‘မင်းကိုကြည့်ရင် ငါ့သမီးလေးကို သတိရလို့’ ဆိုပြီး လာရောနေတာမျိုးထက်၊ ဒီအတိုင်း စူးစမ်းလိုစိတ်သက်သက်နဲ့ လူကို နှိပ်စက်နေရုံပဲမို့လို့ပါ။ သူ့စိတ်ထဲမှာတော့ ဒီလောက် အမြင့်ကြီးကနေပြီး အောက်ခြေကလူတွေကို ကိုယ်တိုင် ငုံ့ကြည့်ရင်း သာမန်လေး စိတ်ပူပေးနေရတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သာယာနေမှာပေါ့...

နောက်ဆုံးမှာ အဲ့ဒါအကုန်ပဲမို့လို့ အဆင်ပြေပါတယ်ဆိုပြီး သတ်မှတ်ခဲ့မိတာကပဲ အမှားကြီးတစ်ခု ဖြစ်သွားရတာပါ။

“...ငါ့သမီး အငယ်ဆုံးလေးက အတွင်းရေးမှူးရှင်းနဲ့ အသက်ချင်း အတူတူပဲ။ ဘာလို့လဲမသိ အတွင်းရေးမှူး ရှင်းကို မြင်ရင် အဲ့ဒီကလေးကိုပဲ ပြေးမြင်မိတာမျိုး။”

သမီးလို မြင်တယ်ဆိုရင်လည်း သမီးလိုမျိုး မုန့်ဖိုးဖြစ်ဖြစ် ပေးလိုက်ပါလား။ မကျေမနပ်နဲ့ အဲ့ဒီဘက်ကို လှမ်းကြည့်နေတုန်းမှာ ဥက္ကဋ္ဌရှင်းက အကြောင်းမဲ့ ရုတ်တရက် ဒီလိုစကားမျိုးကို ပြောချလိုက်တာပါ။

****

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment