အခန်း ၆၈
Translator - D
ငါ အိပ်ရာစွန်းမှာ ထိုင်နေတဲ့ ခန္ဓာကိုယ်ကို မထသေးဘဲ အိပ်ပျော်နေတဲ့ မျက်နှာလေးကို အကြောင်သား ကြည့်နေခဲ့မိတယ်။
တကယ် တအား လှလွန်းလို့ စိတ်တိုင်းမကျဖြစ်ရပြန်တာပေါ့။ မျက်လုံးကို တည့်တည့်စိုက်ကြည့်ရုံနဲ့ ရှုံးနိမ့်သလို ခံစားချက်ကို ပေးစွမ်းနိုင်တာက စိတ်ရှုပ်စရာပါ။ မျက်လုံးတွေပိတ်ထားတဲ့ မင်းကြောင့် စိတ်အေးလက်အေး ဖြစ်နေရတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိခဲ့တယ်။ ငါက တကယ်တော့ ဘယ်လောက်အထိ စိတ်ပျော့တဲ့ကောင်မှန်း သတိပြုမိစေတဲ့ မင်းကို…
"....ဒုဥက္ကဋ္ဌ။"
မမုန်းမိပါဘူး။ မုန်းပစ်နိုင်ရင် ကောင်းမှာပါ။ ဒီထက်ပိုပြီး ထွက်ပြေးတိမ်းရှောင်နိုင်ရင် ကောင်းမှာဆိုပေမဲ့ အဲ့ဒီလို မလုပ်နိုင်ခဲ့တဲ့အတွက် နောက်ဆုံးတော့ နှစ်ပေါင်းများစွာ နေရာဟောင်းမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့ရတာပေါ့။
မင်းကတော့ ဒီအတိုင်းလည်း အဆင်ပြေချင် ပြေနေမှာဆိုပေမဲ့ ငါကတော့ အဆင်မပြေပါဘူး။ ရှင်းဟီဂျူ ရီဝေဝေ မျက်လုံးတွေကိုပင့်ပြီး ငါ့ကို တည့်တည့်စိုက်ကြည့်လာတာ ခံစားမိလိုက်ရတော့ ခေါင်းကို လွှဲလိုက်မိတယ်။ ထသွားရမှာဆိုပေမဲ့ ထမသွားချင်လို့ ခဏ တွေဝေနေမိတာပါ။ အရက်ကို ပိုသောက်ခဲ့မိရင် ကောင်းမှာပါပဲ။ အဲ့ဒီလိုဆိုရင် မူးနေလို့ဆိုတဲ့ ဆင်ခြေကို ပေးလို့ရမယ်မဟုတ်လား…
ဖျစ်ညှစ်ရုန်းကန်ပြီး ကိုယ်ကို ထူဖို့ ကြိုးစားလိုက်တဲ့ အခိုက်အတန့်မှာ ရှင်းဟီဂျူရဲ့ လက်ဖျားလေးတွေက အနောက်တိုင်းဝတ်စုံ ကုတ်အင်္ကျီ လက်အနားစကို ဖမ်းဆွဲခဲ့တယ်။
ဖမ်းဆွဲတယ်လို့ ပြောဖို့တောင် မရေရာလောက်အောင် အင်မတန် သေးငယ်လှတဲ့ အင်အားလေးပါ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က အတင်းအကျပ် ဖမ်းဆွဲထားသလို ကိုယ်ကို ထမသွားနိုင်တဲ့ ငါ့ပုံစံက ရယ်စရာပါပဲ။ ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်မိတယ်။ ရှင်းဟီဂျူက ငါ့ကို ကြည့်မနေပါဘူး။ ခေါင်းကို ခေါင်းအုံးထဲ တစ်ဝက်ခန့် နှစ်ထားရင်း အနည်းငယ် မသက်မသာဖြစ်နေသလို မျက်မှောင်ကြုတ်ထားတဲ့အတွက် အတွေးတို့လည်း လွင့်စဉ်သွားခဲ့ရတယ်။
"...အန်ချင်လို့လား။"
အခြေအနေမဟန်ရင် ရေချိုးခန်းဆီ ပွေ့ချီပို့ဆောင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်မောင်းကို ပြန်ပြီးဆန့်တန်းလိုက်တယ်။ ခေါင်းအုံးပေါ်မှာ ခေါင်းကို မှီထားတဲ့အတိုင်း ရှင်းဟီဂျူက ခေါင်းခါပြခဲ့တယ်။
"...ဆရာကတော်ဆီကနေ... အကူအညီ အတောင်းခံထားရတာမို့လို့ ဒီလိုစကားမျိုးကို ပြောလို့မဖြစ်ပေမဲ့..."
"ဘာကိုလဲ။"
“……အိမ်ထောင်ပြုတာကို နည်းနည်းလောက်… ပိုပြီးနောက်ကျမှ လုပ်လို့မရဘူးလားဟင်။”
“…….”
နားကြားမှားတာလားလို့ တောင် သံသယဝင်မိသွားတာပါ။ ရှင်းဟီဂျူရဲ့ လက်ဖျားတွေက အားတစ်စက်ကလေးတောင် မကျန်တော့ဘဲ ငါ့အင်္ကျီလက်စကနေ ပြုတ်ကျသွားတာကို မြင်လိုက်ရတယ်။
“ဒီတစ်ခေါက် တွေ့မဲ့သူက တကယ်…ကောင်းတဲ့သူမှန်းလည်း သိပါတယ်။”
“…….”
ငါကိုယ်တိုင်တောင် မသိတဲ့ ‘ဒီတစ်ခေါက် တွေ့မဲ့သူ’ အကြောင်း တတွတ်တွတ် ရေရွတ်နေတဲ့ ရှင်းဟီဂျူရဲ့ မျက်နှာက သိသိသာသာ နာကျင်ကြေကွဲနေတဲ့ပုံပါ။ ရင်ထဲမှာ အနည်းငယ် ကျေနပ်သာယာတဲ့ ခံစားချက်တစ်ခု လှိုက်တက်လာတော့တယ်။
ငါ့အချိန်ဇယားထဲမှာ blind date ကို သူကိုယ်တိုင် ရေးမှတ်နေတုန်းက ဘယ်လိုမျက်နှာမျိုး လုပ်နေခဲ့လဲဆိုတာကိုပါ မြင်ခွင့်ရခဲ့ရင် ပိုကောင်းမှာပါပဲ။ အဲ့ဒီနေရာကို ငါလည်း သွားမှာမဟုတ်ဘဲနဲ့လေ။
“အမြန်ဆုံး အိမ်ထောင်ပြုရမယ်မှန်းလည်း…သိတော့……”
“သိပေမဲ့။”
“…သိပေမဲ့လည်း…”
“အဲ့ဒီလိုဆိုရင်တောင်။”
“နည်းနည်းလောက် ထပ်ပြီး... ဘေးနားမှာ အလုပ်လုပ်ပါရစေ……”
“…….”
ဒါဆို ငါ အိမ်ထောင်ပြုသွားရင် အလုပ်ထွက်တော့မယ်ဆိုတဲ့ သဘောလား။ ရှင်းဟီဂျူ ငါနဲ့ မျက်လုံးချင်းတောင် မဆုံနိုင်ဘဲ ခေါင်းအုံးပေါ်သာ အကြည့်တွေစိုက်ချထားတာကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့မိတယ်။
မင်းက ဘာမို့လို့လဲ။
ငါ့အိမ်ထောင်ရေးနဲ့ မင်းနဲ့ အစကတည်းက ဘာဆိုင်လို့လဲ။
စိတ်ပျက်စရာ ကောင်းလိုက်တာ။
မင်းလို အခြေအနေမျိုးနဲ့ ဘာလို့လဲ။
ဘာကို စိတ်ပူနေတာလဲ။
အမြင်ကတ်စရာကောင်းလိုက်တာဆိုပြီး အတင်းတွေးဖို့ ကြိုးစားနေမိပေမဲ့ မျက်နှာတစ်ခုလုံး ပူထူလာခဲ့တယ်။
ကျယ်ဝန်းတဲ့ ဒီခုတင်ကြီးပေါ်မှာ လက်ဖျားချင်း ထိမိရုံလေးရှိသေးတာကို၊ အဲ့ဒီနေရာကနေတစ်ဆင့် ရမ္မက်အပူရှိန်တွေက တစ်ကိုယ်လုံးကို ပျံ့နှံ့ တက်လာတော့တယ်။ အောက်ပိုင်းက ထောင်မတ်လာတာကို သတိပြုမိလိုက်တဲ့ အခိုက်အတန့်မှာတော့ ကိုယ့်ကိုယ်ကိုယ် တကယ် အံ့ဩစိတ်ပျက်မိရတော့တာပေါ့။
“…ငါက ဘာလို့ အဲ့ဒီလို လုပ်ပေးရမှာလဲ။”
“ကျွန်မက၊ သဘောကျနေလို့ပါ……”
“…….”
ခေါင်းတစ်ခုလုံး ဗြောင်းဆန်သွားတော့တယ်။ အသည်းအသန် တည်ဆောက်ထားခဲ့တဲ့ အတွေးတောင်ကြီးက ပြိုကျပျက်စီးသွားရပါပြီ။ စိတ်လိုက်မာန်ပါနဲ့ ခေါင်းအုံးထဲ မြုပ်နေတဲ့ သူ့မျက်နှာကို ဆွဲမပြီး နှုတ်ခမ်းချင်း ထပ်တူကျအောင် ဖိကပ်နမ်းရှိုက်ပစ်လိုက်တယ်။ ရှင်းဟီဂျူက စိတ်မကောင်းဖြစ်နေသလို မျက်နှာထားနဲ့ အိပ်မက်တစ်ခုလို ငါ့လည်တိုင်ကို တင်းတင်းကျပ်ကျပ် သိုင်းဖက်လာတော့တယ်။
“သဘောကျပါတယ်……”
“…….”
“အဲ့ဒါကြောင့် ဒုဥက္ကဋ္ဌ လက်မထပ်ခင်... ထွက်သွားချင်လို့ပါ……”
“…….”
“အဲ့ဒါကြောင့် ဆက်ဆက် အသိပေးပါ။ လူကောင်းနဲ့ တွေ့ပြီဆိုရင်။”
ငါ ရှင်းဟီဂျူရဲ့ မျက်နှာအနှံ့ကို အဆက်မပြတ် ဖိနမ်းနေတဲ့ အတောအတွင်းမှာ သူက အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုပဲ တရစပ် ရေရွတ်နေခဲ့တယ်။ ငါ့ကို သဘောကျတယ်ဆိုတဲ့ စကားကလွဲပြီး ကျန်တာတွေ အကုန်လုံးပေါ့။
မင်းကို အဲ့ဒီလို လွှတ်ပေးလိမ့်မယ်များ မှတ်နေလားလို့ စိတ်ထဲကနေ အံကြိတ်ရင်း ရှင်းဟီဂျူပေါ်ကို တက်ခွလိုက်မိတယ်။ ငါ့ရဲ့လုပ်ရပ်ကို တုံ့ပြန်တဲ့အလား သူ့ရဲ့ နုနယ်လှတဲ့ လက်ဖျားလေးတွေက လည်တိုင်တစ်ဝိုက်ကို ပွတ်သပ်လာရင်း၊ ရုတ်တရက် ငါ့အင်္ကျီကော်လံကို အတင်းဆွဲပြီး ကိုယ်ကို ပင့်တင်ခဲ့တယ်။
အင်မတန် အားပါလှတဲ့ ခွန်းအားမျိုး မဟုတ်ပေမဲ့လည်း ရှင်းဟီဂျူဆီမှာ အတိုင်းအဆမရှိတဲ့ ခွန်အားတွေ ရှိနေသလိုမျိုး ငါက သူဆွဲခေါ်ရာနောက်ကို အလိုက်သင့် ပါသွားမိတာပေါ့။ ရှင်းဟီဂျူက ငါ့အောက်မှာ ခြေတံတွေကို အကျယ်ကြီး ကားပေးပြီး ငါ့ခါးကို သိုင်းယှက်ဖက်တွယ်လာတယ်။
စကတ်က အပေါ်ကို လန်တက်သွားတာနဲ့အမျှ ဖြူဝင်းလှတဲ့ ပေါင်တံတွေ ပေါ်ထွက်လာတာကို မြင်လိုက်ရတာပေါ့။ လည်ချောင်းထဲကနေ ဝင်ထွက်နေတဲ့ ပင့်သက်တွေက ပြင်းထန်လွန်းလို့ မီးတောက်တွေကို မျိုချထားရသလိုပါပဲ။
“ရှင်းဟီဂျူက အရက်မူးလာရင် တွေ့ကရာလူ ဖမ်းဆွဲပြီး ဒီလိုမျိုး sex လုပ်တတ်တာလား။”
သူ့ကို နှိပ်စက်ချင်တဲ့စိတ်နဲ့ တမင် ရိုင်းရိုင်းစိုင်းစိုင်း မေးလိုက်တော့ နူးညံ့သိမ်မွေ့တဲ့ သိုးကလေးလို မျက်နှာထားနဲ့ ခေါင်းကို တရစပ် ခါယမ်းပြရှာတယ်။ အဲ့ဒီလို လုပ်နေရင်းနဲ့တောင် အနောက်တိုင်းဝတ်စုံအတွင်းထဲကို တိုးဝင်လာတဲ့ လက်ချောင်းလေးတွေက ငါ့ပခုံးတွေကို ပွတ်သပ်ဆင်းလာပြီး သဘာဝကျကျ အပေါ်အင်္ကျီကို ချွတ်ပစ်လိုက်တာပါ။
တစ်နေရာရာမှာ အသားကျနေတဲ့ အလေ့အထတစ်ခုလို ထူးဆန်းစွာ ကျွမ်းကျင်နေပုံ ရတာကြောင့်... သွယ်လျတဲ့ လက်ချောင်းလေးတွေ ငါ့ရှပ်အင်္ကျီ ကြယ်သီးတွေကို တစ်လုံးချင်းစီ ဖြုတ်ချနေတဲ့အတောအတွင်း ငါကတော့ ဘာမှမလုပ်နိုင်တဲ့ အူကြောင်ကြောင်ကောင်လိုပဲ ခါးမှာ ယှက်သိုင်းထားတဲ့ သူ့ရဲ့ ပေါင်တံတွေကို အတင်းဆုပ်ကိုင်ထားမိခဲ့တယ်။ မျက်လုံးဖွင့်လျက်သားနဲ့ အောက်ပိုင်းကို ထုတ်လိုက်တာနဲ့ ချက်ချင်း ပြီးသွားရတဲ့ အိပ်မက်ဆိုးတစ်ခုကို တစ်ချက်လေး မက်လိုက်ရသလိုပါပဲ။
ရှင်းဟီဂျူရဲ့ ကျင်လည်အသားကျလှတဲ့ အပွတ်အသပ်အကိုင်အတွယ်တွေက စိတ်တိုစရာကောင်းလောက်အောင် ရမ္မက်စိတ်ကို နှိုးဆွပေးနေခဲ့တယ်။ တအားကို ရမ္မက်တွေကြွလာရလွန်းလို့... ခဏလေး မက်လိုက်ရတဲ့ အိပ်မက်ဆိုးက နောက်ဆုံးမှာ လက်တွေ့ဖြစ်သွားပြီး မင်းက ငါ့အတွက် ပထမဆုံးအကြိမ် ဖြစ်နေတာကို အရှိအတိုင်း အကုန်လုံး သိသွားမှာ တအားစိုးရိမ်ပူပန်ရမဲ့ အခြေအနေအထိပါပဲ။
****
Miel’s Translations