အခန်း (၈) - ဝိညာဥ်
နတ်ဆရာ ၏ ရုတ်တရက် ပြင်းထန်သော အပြောင်းအလဲသည် လုတာ့ဟွားနှင့် အမျိုးသမီးလျိုတို့ကို အံ့အားသင့်စေခဲ့သည်။ အပြင်မှ ကြည့်ရှုနေသော ရွာသားများပင် ထိတ်လန့်သွားကြသည်။
လုရှန်း သည် အိမ်ဝင်းအတွင်းရှိ အဖြူနှင့် အမည်းရောင် ဝိညာဥ်၂ ခုကို မြင်ရသောအခါ သူမ၏အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမ၏မျက်နှာအမူအရာ က ရှုပ်ထွေးလာသည်။
အနက်ရောင်မှာ မူလလုရှန်း၏အမေ၊ အမျိုးသမီးဟဲ၏ ဝိညာဥ်ဖြစ်သည်။ အတွင်းစိတ်ထဲ၌ ပြင်းထန်သော နာကြည်းမှုများကြောင့် အမျိုးသမီးဟဲ၏ဝိညာဥ် သည် မည်းမှောင်နေသည်။ အဖြူရောင်မှာ မူလလုရှန်း၏ ဝိညာဥ်ဖြစ်သည်။
အမျိုးသမီးဟဲ၏ဝိညာဥ် သည် လုတာ့ဟွားနှင့် အမျိုးသမီးလျိုတို့၏ နောက်တွင် ရပ်နေပြီး သူတို့ကို စိုက်ကြည့်နေသည်။ တစ်ဖက်တွင် မူလလုရှန်း၏ဝိညာဥ်က ဘေးမှာရပ်နေကာ ခေါင်းငုံ့နေပြီး အနည်းငယ် လမ်းပျောက်နေပုံပေါ်သည်။ သေဆုံးပြီး ၃ ရက်သာရှိသေးသောကြောင့် သေသွားမှန်းတောင် မသိသေး။
"ကံကြောင့် မင်းလုပ်ခဲ့သမျှ ပေါ်လာလိမ့်မယ်။ မင်းနောက်ကျောကိုကြည့်"
ထိုစကားပြောပြီးနောက် နတ်ဆရာ သည် ဒေါသတကြီး ထွက်သွားခဲ့သည်။
လုရှန်း သည် နတ်ဆရာ ကို စိုက်ကြည့်ကာ ရှုပ်ထွေးသောအမူအရာဖြင့် ဝိညာဥ်၂ခုကို ကြည့်လိုက်သည်။ သူမ ဂါထာစာရွက်တစ်ခုကို ထုတ်ယူကာ မျက်လုံးမှိတ်ပြီး ‘ယနေ့ ပျံ့လွင့်နေသော ဝိညာဥ် ၂ခုကို တွေ့ခဲ့ရတယ်။ နတ်ဘုရားတို့ ဝိညာဥ်များကို ရွေးနုတ်တော်မူပြီး ငြိမ်သက်စွာ အနားယူပါစေ" ဟု ရွတ်ဆိုလိုက်သည်။
သူမ ရွတ်ဆိုနေစဉ်အတွင်း ဝိညာဥ်၂ခု က အဖြူအမည်း အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး လုရှန်း ကိုင်ဆောင်ထားသော ဂါထာစာရွက်ဆီသို့ ပျံသန်းရောက်ရှိလာသည်။ မူလလုရှန်း၏ဝိညာဥ် မှာ ရှုပ်ထွေးသွားပြီး ချက်ချင်းပင် ဂါထာစာရွက်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။
သို့သော် အမျိုးသမီးဟဲ၏ဝိညာဥ် က ဆက်လက်ခုခံသည်။ ဝင်ရန် ဆန္ဒမရှိပေ။ သနားစရာကောင်းသော အော်ဟစ်သံများ၊ ဒေါသသံများနှင့် ပြည့်နှက်နေသည်။
သူမ မျက်လုံးဖွင့်ကြည့်လိုက်ချိန် လုရှန်းကို တွေ့တော့ အံ့ဩသွားသည်။ လုရှန်း က အမျိုးသမီးဟဲနှင့် မူလလုရှန်းတို့ကို ပြုံးပြကာ "စိတ်မပူပဲ သွားကြ၊ မင်းတို့အတွက် ငါ လက်စားချေပေးမယ်”
အမျိုးသမီးဟဲ၏ အနက်ရောင်မျက်လုံးများ သည် အရောင်ပြန်ပြောင်းသွားပြီး ပတ်ဝန်းကျင်ရှိ အနက်ရောင်အလင်းတန်းများ တဖြည်းဖြည်း ကွယ်ပျောက်သွားကာ ဂါထာစာရွက်အတွင်းသို့ ဝင်သွားတော့သည်။ လုရှန်း သည် ဂါထာစာရွက်ကို သူမ၏ နေရာလွတ်လက်ကောက်အတွင်းသို့ ပြန်ထည့်လိုက်သည်။ သူတို့ အား အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူစေပြီးမှ ပြန်လည်မွေးဖွားနိုင်ရန် ပို့ဆောင်ပေးမည် ဖြစ်သည်။
နတ်ဆရာ ထွက်သွားပြီးနောက် လုတာ့ဟွား၊ အမျိုးသမီးလျိုနှင့် လုနိုင်းတို့၏ မျက်နှာများ ဖြူဖျော့သွားသည်။ အပြင်က ရွာသူရွာသားအားလုံး လည်း အံ့အားသင့်သွားကြသည်။ နတ်ဆရာ ဘာဆိုလိုသည်ကို သူတို့ မသိကြပေမဲ့ ခဏအကြာတွင် လူစုခွဲသွားကြသည်။ သူတို့ထံသို့ ကံမကောင်းခြင်းများ ကူးစက်လာမည်ကို ကြောက်ရွံ့ကြသည်။
“အမေ၊ အမေ... သမီးတို့ ဘာလုပ်သင့်လဲ?"
လုနိုင်း က အခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လက်များကို ဆုပ်ကိုင်ရင်း အမျိုးသမီးလျိုကို မေးမြန်းလေသည်။
လုတာ့ဟွား၏ အကြည့်များ မှောင်မှိုင်းသွားကာ သူ ဘာတွေးနေမှန်း မည်သူမျှ မသိနိုင်တော့။ လုဂျန်နှင့် လုရှင်းတို့မှာ ငယ်ရွယ်နုနယ်ကြပြီး တစ်ယောက် က အသက်၅နှစ်၊ နောက်တစ်ယောက်က ၃ နှစ်သာ ရှိသေးသည်။ သူတို့ ဘာမှမသိကြပေ။ သူတို့နံဘေးတွင် ငုတ်တုတ်ထိုင်ကာ ဘာကိုကြောက်ရမှန်း မသိဘဲ ပဟေဠိဆန်သော လူကြီးသုံးယောက်ကို စိုက်ကြည့်နေကြသည်။
အမျိုးသမီးလျို က ဖြူဖျော့ဖြူရော်ဖြစ်နေသော မျက်နှာဖြင့် လုတာ့ဟွား ကို ကြည့်ကာ "တာ့ဟွား... အဲဒါ အမျိုးသမီးဟဲ ဖြစ်နိုင်လား?"
လုရှန်း မနေ့ညက ရောက်လာတာ သူမသိသည်။ သူမ ခေါင်းကို လှည့်ကြည့်လိုက်ချိန် လုရှန်း ကို မြင်ခဲ့ရသည်။ ယခုအချိန်ထိတိုင် စိမ်းပြာနေသော ထိုမျက်နှာလေးကို မေ့ပစ်လို့မရပေ။ သို့သော် သူမ လုတာ့ဟွားကို မပြောဝံ့ပေ။
လုတာ့ဟွား က လုရှန်းကို မကြိုက်သော်လည်း လုရှန်း သည် ငွေတုံး၅၀၀တန်သည်။ သူမ နှင့်သမီးတို့က လုရှန်း ကို ပျောက်ကွယ်သွားအောင် လုပ်ခဲ့ကြောင်း သိရှိပါက လုတာ့ဟွား က သူတို့ကို သတ်ပစ်လိမ့်မည်။
လုတာ့ဟွား က မျက်မှောင်ကြုတ်ကာ "ဘေးချင်းကပ်ကျေးရွာ မှာ စုန်းမတစ်ယောက် ရှိတယ် ကြားတယ်၊ သွားပင့်ကြည့်မယ်”
လုရှန်း သည် ထွက်မသွားဘဲ ခြံဝင်းထဲတွင် ရပ်နေကာ စုန်းမရောက်လာသည်ကို စောင့်နေခဲ့သည်။
လုတာ့ဟွား ထွက်သွားပြီး မကြာမီ ချူမိသားစု၏ အိမ်ထိန်းနှင့် အစိုးရ အရာရှိအချို့ ရောက်ရှိလာကြသည်။ သူတို့အကြားတွင် ရင်းနှီးနေကျ ပုံရိပ်နှစ်ခုပင် ရှိနေသေးသည်။
"သူတို့ ဘာကြောင့် ဒီကိုရောက်နေကြတာလဲ" လုရှန်းသည် အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်ကာ တိုးတိုးလေး ရေရွတ်မိလေသည်။