အခန်း(၂၅) - ထပ်တွေ့ကြပြန်ပြီ
လုရှန်းက ထောင်မှူးအား တံခါးဖွင့်ပေးရန် တောင်းဆိုသည်။ သို့သော် လုရှန်း မဝင်ဘဲ လုရန် တစ်ယောက်တည်းသာ ဝင်သွားသည်။
"ဒုတိယအစ်မ၊ အဖေကရော ဘာလို့ ဒီမှာရှိနေရတာလဲ?"
လုဂျန် နားမလည်နိုင်ဖြစ်နေသည်။
သူ၏ အမေနှင့် တတိယအစ်မ အဖမ်းခံရသည်ကို မျက်မြင်တွေ့ခဲ့ရသော်လည်း သူ၏အဖေက အရင်နေ့တုန်းက သူတို့နှင့်အတူ ရှိနေဆဲ မဟုတ်လား။
"အဖေ က ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်လို့ ဒီမှာရှိနေရတာ။"
လုဂျန် က မျက်မှောင်ကြုတ်ပြီး "အမေ၊ တတိယအစ်မနဲ့ထပ်တူ ပြစ်မှုကျူးလွန်ခဲ့တာလား?"
လုရှန်း က ခေါင်းညိတ်သည် "ခပ်ဆင်ဆင်ပဲ။"
"ဒါဆို အိမ်ပြန်လို့ရသေးလား?"
"ငါမသိဘူး။"
လုရှန်း ခေါင်းယမ်းလိုက်သည်။ သူမ ကလေးတွေကို ဘာပြောရမှန်းတောင် မသိတော့။
လုရှင်း ကတော့ ငိုရင်း မောပန်းလာပြီး မြန်မြန် အိပ်ပျော်သွားသည်။
လုရန် က လုတာ့ဟွား ကို တစ်ခုခုပြောပြီး ထွက်လာချိန် သူ၏မျက်လုံးတွေ နီရဲနေသည်။ လုရန် က အိပ်ပျော်နေပြီဖြစ်သော လုရှင်းကို ပွေ့ဖက်ထားပြီး နောက်ပြန်မလှည့်ဘဲ လုရှန်းနဲ့ လုဂျန်တို့နှင့်အတူ ထောင်မှ ထွက်လာခဲ့တယ်။
ထောင်မှူး က လုရှန်းကို စိုက်ကြည့်နေပြီး ချဉ်းကပ်ဖို့ ကြံရွယ်နေချိန် အပြင်ဘက်မှ အသံထွက်ပေါ်လာ၏။
အစောင့်တွေ က "သခင်ချူ၊ ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ!"
သခင်ချူ?
သူတို့ဘာကြောင့်လာတာလဲ?
သူတို့ နှစ်ယောက် ဒီကိုရောက်ရတဲ့ အကြောင်းရင်းကို သူမ နားမလည်သော်လည်း သူတို့ကို ထောင်မှူးနဲ့ ကျန်တဲ့လူတွေ နှုတ်ဆက်ကြသည်။
လုရှန်း က လုဂျန်၏ လက်ကို ဆုပ်ကိုင်ထားပြီး ကြည့်လိုက်ရာ ထောင်အပြင်ဘက်တွင် ရင်းနှီးနေသော မျက်နှာနှစ်ခု ကို တွေ့လိုက်ရသည်။
တစ်ယောက်က မနေ့ညက ကူညီပေးခဲ့တဲ့ လူငယ်။
နောက်တစ်ယောက်ကတော့ ရုံးတော် အရာရှိဝတ်စုံဝတ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဘေးမှာ ရပ်နေသည်။ သူ က ထိုလူငယ်အပေါ် အလွန်ရိုသေစွာ ပြုမူဆက်ဆံနေတာ ထင်ရှားသည်။
သူ၏ နောက်ခံက ဒီလောက်မရိုးရှင်းပုံရသည်။
ချုစစ်ဟန် က လုမိသားစုကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို တောင်းဆိုခဲ့သည်။
လုရှန်းတို့ ထောင်သို့လာရောက်လည်ပတ်ကြောင်း ကြားသိချိန် ချက်ချင်းပင် အပြေးအလွှား ရောက်လာခဲ့တယ်။
ဘာလို့လဲ မသိပေမဲ့ လုရှန်း က မနေ့ညက သူတွေ့ဖူးသောလူ ဟုတ်မဟုတ် အတည်ပြုချင်သည်။
တံခါးဝတွင် ရပ်၍ ချောင်းကြည့်လိုက်ရာ သူ့နှလုံးသားထဲတွင် နားမလည်နိုင်သော မျှော်လင့်ချက်များ ပေါ်လာသည်။
ချုယွမ် သည် သခင်ဖြစ်သူ နောက်တွင် ရပ်နေသော်လည်း နားမလည်နိုင်အောင်ရှိနေ၏။
သူ့သခင် က ရွာသူလေး ကို ဘာလို့ ဒီလောက် စိုးထိတ်နေတာလဲ?
ရှေ့လမ်းကို ပိတ်ဆို့ထားသောကြောင့် လုရန် ဆက်လျှောက်ရမလား မသိဖြစ်နေ၏။
သို့ပေမယ့် လုရှန်း က ရှေ့သို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားတာမြင်တော့ လုရန် အနောက်မှ လိုက်လာခဲ့သည်။
ချုစစ်ဟန် သည် လုရှန်းအတွက် လာခဲ့သည်။ ဒါကြောင့် သူမနဲ့ကျန်တဲ့သူတွေ ထွက်သွားတော့ သူ၏အကြည့်များက သူမအပေါ် ကျရောက်လာသည်။
မျက်နှာပေါ်ရှိ အညစ်အကြေးများ ကင်းစင်နေသည့် သူမ၏အသားအရေ သည် ပုံမှန်အတိုင်း ကြည်လင်ဖြူစင်နေကာ ချောမွေ့နေပုံရသည်။သူမ၏မျက်နှာ က လုံးဝအလှတရားတစ်ခု မဟုတ်ပေမယ့် ထူးထူးခြားခြား အလှတရားလို့ သတ်မှတ်လို့ရသည်။ဒါ့အပြင် သူမ၏အလှတရားဟာ သာမန်ထက် ပိုသည်။ ဒါဟာ တစ်စုံတစ်ယောက်ကို ဒုတိယအကြိမ် လှမ်းကြည့်ဖို့ တွန်းအားဖြစ်စေမယ့် အလှတစ်မျိုးဖြစ်သည်။ ချုစစ်ဟန် သည် အရင်က အလှများစွာကို မြင်ဖူးသော်လည်း သူမ က သူ့ကို အကြိမ်အနည်းငယ် ကြည့်ရှုစေချင်စိတ် ဖြစ်ပေါ်စေသည့် ပထမဆုံး မိန်းကလေးဖြစ်သည်။
လုရှန်း၏ မျက်နှာကိုမြင်တော့ ချုယွမ်လည်း ထိတ်လန့်သွားသည်။ သူ့ရှေ့က မိန်းမလှလေးဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူတောင်းစားဖြစ်နေသည် ဆိုတာ သူ လက်မခံနိုင်သေး။
ခရိုင်တရားသူကြီး က လုရှန်းကို စိုက်ကြည့်ပြီးနောက် ချုစစ်ဟန်ကို မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်သည်။
သို့ပေမယ့် သူ၏ အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူ က ရှေ့ကို လျှောက်လာပြီး "မင်းက လုမိသားစုထဲက ဖြစ်ရမယ်”
"ဟုတ်ကဲ့!"
ခရိုင်တရားသူကြီးနဲ့ မျက်နှာချင်းဆိုင်တော့ လုရန် သည် ပိုတင်းမာသွားပြီး သတိထားနေသည်။
လုရှန်း၏ အကြည့် ချုစစ်ဟန်၏ မျက်နှာပေါ်သို့ ရောက်သွားသည်။ သို့ပေမယ့် သူလည်း သူမကို ကြည့်နေမှန်း သူမ သိလိုက်သည်။
သူ၏ အကြည့်တွေက တအံ့တသြနဲ့ဖြစ်နေပေမဲ့ တစ်ချိန်တည်းမှာပဲ သူမကို ဆန်းစစ်ကြည့်နေသည်။
သူမ သူ့ကို ပြုံးပြလိုက်သည်။ စောစောက သူမ ပြုံးသည့် တောက်ပသည့်အပြုံးမဟုတ်ပဲ ကျီစားနေသည့် အပြုံးမျိုးဖြစ်သည်။
ချုစစ်ဟန် သည် သူ့စိတ်အခြေအနေကြောင့်လား မသိပေမယ့် ဒီမိန်းကလေးရဲ့ အပြုံးက သူ့ကို နှိုးဆွဖို့ ကြိုးစားနေသည် လို့ ခံစားနေရသည်။
ချုစစ်ဟန် က စိတ်ခံစားချက်မဲ့လျက် စိုက်ကြည့်၍ "လုမိန်းကလေးကို ငါ ပြောစရာရှိတယ်"