အခန်း(၂၈) - သူက ငါ့ဦးလေး
ဒါကို လုရန် ကြားတော့ သဘောတူသည်။
အမျိုးသမီးလျို လို တစ်စုံတစ်ယောက်အတွက်၊ သေခြင်းသည် နှမြောဖို့ကောင်းသည်။
ချုစစ်ဟန် ချက်ချင်း မတုံ့ပြန်ခဲ့။
သူ မျှော်လင့်ချက်အပြည့်နဲ့ သူမ၏မျက်နှာကို စိုက်ကြည့်ပြီး "ငါမင်းကို ကတိပေးတယ်၊ ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်"
"အခြေအနေတစ်ခု?" လုရှန်း ခေါင်းညိတ်သည်။ "ဟုတ်ပြီ။ သို့ပေမယ့် ကျွန်မ လုပ်ပေးနိုင်ရင် လုပ်ပေးမယ်"
သူမက သူ၏ထောင်ချောက်ထဲကို မကျရောက်ခဲ့ပေ။
"စိတ်မပူနဲ့" သူ၏နှုတ်ခမ်းပါးလွှာက အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွား၏ "မင်း ဒီအခြေအနေကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်တယ်"
ဒီမိန်းကလေးက ယုံလွယ်ပုံရသော်လည်း ထက်မြက်သည်။
သူမနဲ့တစ်ရက်ခွဲလောက်ပဲ ဆက်ဆံရသေးပေမယ့် ချုစစ်ဟန် သူမ ဘယ်လိုနေထိုင်သည်ကို နားလည်နိုင်သည်။
အရေးကြီးတာတစ်ခုခု ပြောတိုင်း သူမ အကြောင်းအရာကို အမြဲရှောင်သည်။
ချုယွမ် သည် ဘေးမှ အံ့အားသင့်စွာ ကြည့်နေ၏။
သခင် ပြုံးနေတာလား?
ချုယွမ်က ချုစစ်ဟန်၏အနောက် ၇နှစ်၊ ၈နှစ် လိုက်ခဲ့ပြီး တစ်ကြိမ်မျှ ပြုံးပြသည်ကို မမြင်ဖူးပေ။
တရားသူကြီးဖြစ်လာပြီးနောက် ချုစစ်ဟန် သည် ပို၍တင်းကျပ်လာသည်။သူ ရံဖန်ရံခါ ပြုံးပြတဲ့ တစ်ခုတည်းသော အချိန် က ရှီရီ၊ ယွမ်တင်းတို့နဲ့အတူ ရှိနေချိန် ဖြစ်သည်။
သခင် လုရှန်းကို ပြုံးပြနေတာက သူမကို သဘောကျနေလို့များလား?
ချုယွမ် မျက်မှောင်ကြုတ်သွားတော့သည်။
လုရှန်း သည် လှပသော်လည်း၊ သူမ၏အရည်အချင်းနှင့် ဉာဏ်ရည်က သခင်နဲ့တန်းတူရှိပါ့မလား?
ဘာမှ ကြီးကြီးမားမား မရှိဘဲ လှပနေရုံနဲ့ဘာမှ သုံးလို့မရဘူးလေ။
သူ၏သခင် သည် တပ်မက်မှုဖြင့် သွေးဆောင်ခံရမည့် ထိုလူယုတ်မာများထဲမှ မဟုတ်ကြောင်း သူသိသည်။
"သဘောတူတယ်!"
လုရှန်း က high-five လုပ်ဖို့ လက်မြှောက်လိုက်သည်။
အံ့အားသင့်သော အကြည့်ဖြင့် ချုစစ်ဟန် က လက်ဖဝါးမြှောက်ပြီး ငုံ့ကြည့်ပြီးနောက် ပြုံးနေသော မိန်းကလေးကို ပြန်ကြည့်သည်။ သူ၏အေးစက်တဲ့ မျက်လုံးတွေက တွေးတောစရာဖြစ်လာသည်။
အနှစ်၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးတစ်ယောက်ကို ထိမိခြင်းပင်။
သူမ၏လက်ဖဝါး က ဖြူဖွေးနုအိနေပေမယ့် အဆီပိုလေးတွေရှိသည်။
"ဗိုက်ဆာနေလား?" သူ မေးလိုက်သည်။
ချုယွမ်က သူ့ကိုပြောနေသည်ထင်ပြီး အမြန်ပြန်ဖြေတယ်၊ "သခင် ကျွန်တော် ခေါက်ဆွဲစားပြီးပြီ"
"ငါ မင်းကို မမေးဘူး"
"အိုး!" ချုယွမ် နှုတ်ခမ်းစူသွား၏။
"ကျွန်မကိုမေးတာလား?" လုရှန်း၏မျက်လုံးများ တောက်ပလာ၏။ "တကယ်တော့ ကျွန်မ ဗိုက်ဆာနေတာ"
သူမ၏အိတ်ကပ်ထဲမှာ အကြွေအများကြီး မကျန်တော့ဘူး။ ထို့ကြောင့် အခမဲ့ ထမင်းကျွေးတာကို အမြဲကြိုဆိုတယ်။
"ငါတို့ စားပြီးပြီ"
လုရန် က ချုစစ်ဟန်ကို ရဲရဲကြီး စိုက်ကြည့်နေ၏။
ဒီလူက ဘယ်သူလဲ မသိသလို လုရှန်းနဲ့ဘာကြောင့် စကားပြောချင်ရတာလဲ? အခု သူ့ညီမ ဗိုက်ဆာနေသလား မစားဘူးလားလို့တောင် ဂရုစိုက်နေသည်။
"အစ်ကိုကြီး ညီမလေး မစားရသေးဘူး!"
လုရှန်း က လုရန်၏လက်ကို တိတ်တဆိတ် ဆွဲလိုက်သည်။
"ဒါပေမယ့် ငါ လည်း ဗိုက်မပြည့်သေးဘူး" လို့ လုရန် မှုပ်ကုပ်ကုပ်နဲ့ ကူရာမဲ့စွာ ပြောတယ်။
"ဗိုက်မပြည့်သေးဘူး?" ချုယွမ် အံ့သြသွားသည် "မင်း ခေါက်ဆွဲ ပန်းကန်ကြီးနှစ်လုံးစာ စားပြီးပြီလေ!"
သူ့ဗိုက်ကို သတ္တုနဲ့ပြုလုပ်ထားလေသလား?
လုရှန်း က ပြုံးပြီး "အင်း… အစ်ကိုက စားချင်စိတ်အရမ်းရှိတာ"
ချုစစ်ဟန် က ပြုံးပြီး "သွားကြရအောင်"
စားသောက်ဆိုင်တစ်ဆိုင်သို့ လျှောက်သွားကာ အခန်းတစ်ခန်းယူသည်။
စားသောက်ဆိုင်အတွင်း လုဂျန်နဲ့ လုရှင်းက မုန့်များစားနေစဉ် လုရန်ကမူ တိတ်ဆိတ်နေခဲ့သည်။
ချုယွမ်ကတော့ ဗိုက်ပြည့်နေလို့ မလိုက်တော့ဘူးလို့ ဆိုသည်။
"သခင်လေး က ဟောင်ရန်မြို့ကလား"
"ဟုတ်တယ်"
"သခင်လေး က ချုမျိုးရိုးလား?" လုရန်က ချုစစ်ဟန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည် "ဒါဆို သခင်ချူနဲ့မင်းရဲ့ဆက်ဆံရေး က ဘယ်လိုမျိုးလဲ?"
ချုစစ်ဟန်၏ ကျော်ကြားမှုကြောင့် လုရန် သူ့အကြောင်းကို အရင်က ကြားဖူးသည်။ သို့ပေမယ့် သူ့ကို မတွေ့ဖူးဘူး။
"သူ?"
ချုစစ်ဟန်၏လက်များ ရပ်တန့်သွားကာ လုရှန်းကို အပြုံးတစ်ဝက်ဖြင့် ကြည့်ရင်း "သူက ငါ့ဦးလေး"
"ဦးလေး?"
လုရန် အံ့သြသွားသည် "သခင်ချူမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုတူလေးတစ်ယောက်ရှိမယ်လို့ မမျှော်လင့်ထားဘူး!"
အသက်ငယ်တယ်?
လုရှန်း က လုရန်ကို သံသယဖြင့် ကြည့်လာလေသည်။