no

Font
Theme

အခန်း (၁၃) - မိခင်အကြောင်း

ရွာသားများ လူစုခွဲသွားတော့ လုမိသားစု နဲ့ ငိုနေတဲ့ လုဂျန်နဲ့ လုရှင်း က လွဲ၍ တိတ်ဆိတ်သွားခဲ့သည်။

လုရှန်း က လုတာ့ဟွားကို လျစ်လျူရှုပြီး ရေတွင်းထဲက ရေတစ်ချို့ကို ယူလာကာ သူမရဲ့အခန်းဆီ သယ်သွားသည်။ ရေမိုးချိုး အဝတ်အစားလဲပြီးမှ အခန်းထဲမှ ထွက်လာသည်။

ခြံဝင်းထဲတွင် လုတာ့ဟွား က လုဂျန်နဲ့ လုရှင်းကို နှစ်သိမ့်ပေးနေသည်။ ကလေးနှစ်ယောက်လုံး သည် ငုတ်တုတ်ထိုင်ကာ ပေါင်းပင်များကို ဆွဲနေကြသည်။ လုတာ့ဟွားကတော့ သူမ ထွက်လာတာကို စောင့်နေသလိုနဲ့ ဝင်းထဲ ထိုင်နေသည်။

လုရှန်း သည် သူမရဲ့နေရာလွတ်လက်ကောက်ထဲမှာ သိမ်းဆည်းထားတဲ့ မျက်နှာသုတ်ပဝါကို အသုံးပြုပြီး ဆံပင်ခြောက်အောင်သုတ်ရင်း ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ဘေးတွင် ဝင်ထိုင်သည်။

လုတာ့ဟွား က ဒီလို အပြုအမူကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်လို့ သံသယဖြစ်စရာကောင်းသည်ဟု ခံစားနေရသည်။ အရင်တုန်းကတော့ လုရှန်း က သူပြောသမျှကို နာခံသည်။ သို့သော် သူမ ဒီနေ့ အနည်းငယ်ထူးဆန်းနေသည်။

လုရှန်း က ဘာမှမသိနားမလည်သလို ပြောလိုက်သည်- "ရေကန်ထဲ ရေကူးခဲ့တာ။ အနီးနားရွာက တဲလေးတစ်လုံးမှာ နေခဲ့တယ်။ မနေ့ညက အမေ့အကြောင်း အိပ်မက်မက်တယ်"

လုတာ့ဟွား အံ့ဩသွားသည်။ ဒီနေ့ နတ်ဆရာ နဲ့ စုန်းမ ပြောတာ သတိရသွားပြီး ချက်ချင်း အပြစ်စိတ် ခံစားလိုက်ရသည်။

"မင်းအမေအကြောင်း အိပ်မက်မက်ခဲ့တယ်? မင်းအမေ ဘာပြောလဲ?"

လုရှန်း ခေါင်းလှည့်ပြီး လုတာ့ဟွား ကို တိတ်တဆိတ် စိုက်ကြည့်သည်။

လုတာ့ဟွားမှာ ချက်ချင်း စိုးရိမ်လာသည်။ ပတ်ဝန်းကျင် မှာ အလွန်တိတ်ဆိတ်နေ၏။ လုရှန်းက- "အမေက အဲဒီနှစ် အအေးမိတယ်လို့ တိုးတိုးလေးပြောတယ်။ ဒါပေမဲ့ အဖေနဲ့ အမျိုးသမီးလျို က ဆေးထဲကို အာဆင်းနစ် ထပ်ထည့်ခဲ့တယ်တဲ့"

လုတာ့ဟွားရဲ့စိတ်က ချက်ချင်းပင် လွတ်ထွက်သွားတော့သည်။

အဲဒီနှစ်အတွင်း အမျိုးသမီးဟဲ က လုရန်နဲ့ လုရှန်းတို့ကို ကြာပန်းအစေ့များ ရိတ်သိမ်းရာတွင် ကူညီရန်အတွက် သူ့မိသားစုထံ ပြန်ခေါ်သွားခဲ့သည်။ သူ သည် အထီးကျန်မှုကို သည်းမခံနိုင်တော့ဘဲ အမျိုးသမီးလျိုနဲ့ ရင်းနှီးခဲ့သည်။ ပညာရှိစကားအတိုင်း ပထမအကြိမ်ပြီးရင် ဒုတိယအကြိမ်ဖြစ်မှာ သေချာသည်။

အမျိုးသမီးဟဲ က ရိုးသားတဲ့ အမျိုးသမီးဖြစ်သည်။ သူမ က စည်းမျဉ်းစည်းကမ်းများကို လိုက်နာတာမို့ လူအများနှစ်သက်ပြီး အမျိုးသမီးလျိုလောက် မတော်ပါ။ လုတာ့ဟွား သည် အမျိုးသမီးလျိုနဲ့ အချိန်ပိုကြာလေလေ အမျိုးသမီးဟဲကို မနှစ်သက်လေလေ ဖြစ်လာသည်။ အမျိုးသမီးဟဲ အအေးမိနေသည်ဟု အမျိုးသမီးလျို ကြားတော့ အမျိုးသမီးဟဲကို အဆိပ်ခတ်ဖို့ စည်းရုံးခဲ့သည်။ တစ်နည်းနည်းနဲ့တော့ အာဆင်းနစ် ကို အမျိုးသမီးဟဲရဲ့ဆေးထဲကို နေ့တိုင်းထည့်ဖို့ ညွှန်ကြားခဲ့သည်။

ဒီအရာက နှစ်ပေါင်းများစွာထဲက သူ့နှလုံးသားထဲ အကြီးမားဆုံးသော တွင်းဖြစ်သည်။ သူ့သမီးရဲ့စကားကြားတော့ မနေ့ညက အိမ်မှာ သရဲတစ္ဆေနဲ့တွေ့ခဲ့သည်ဟု အမျိုးသမီးလျို ပြောတာကို ရုတ်တရက် သတိရသွားသည်။ အအေးဓာတ် က သူ့ကျောရိုးကို ပြေးဆင်းသွားလေသည်။

လုတာ့ဟွား က သူ့ကိုယ်သူ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားကာ အချိန်အတော်ကြာပြီးနောက်- "မင်းအမေ ဘာပြောသေးလဲ" လို့ တိုးတိုးလေး မေးလိုက်၏။

"ကိုယ့်ကိုကိုယ် မလှည့်စားရင် နေ့တိုင်းပြန်လာပြီး မိသားစုကို မငြိမ်မသက်ဖြစ်အောင်လုပ်မယ်လို့ပြောတယ်။ အဖေနဲ့အမျိုးသမီးလျို ဆီက အသက်စွမ်းအင်တွေကိုတောင် စုပ်ယူလိုက်တဲ့အတွက် အဖေရဲ့သက်တမ်းက လျော့ကျသွားပြီး နှစ်ယောက်စလုံး ငရဲကို စောစောစီးစီးသွားရလိမ့်မယ်တဲ။"

သူမရဲ့အသံက အလွန်ငြိမ်သက်နေပေမဲ့ လုတာ့ဟွား က အန္တရာယ်ရှိသောအရာတစ်ခုကို ခံစားနိုင်သည်။ ခြံဝင်းထဲ ရုတ်တရက် လေအေးတွေ တိုက်သွား၏။ လုတာ့ဟွားမှာ ကြောက်လန့်တကြား တုန်လှုပ်သွားတော့သည်။

လုရှန်း သာ ဘာမှမပြောဘူးဆိုရင် သူသိပ်ဂရုစိုက်မိမည်မဟုတ်ပါ။ သို့သော် သူမနှင့်စကားပြောပြီးနောက် အမျိုးသမီးဟဲ သူ့နောက်တွင်ရပ်နေပြီး ဆိုးသွမ်းသောအကြည့်နဲ့ သူ့ကိုစိုက်ကြည့်နေသလိုမျိုး ခံစားရသည်။

လုတာ့ဟွား က တံတွေးမျိုချ၍ ပြောလာသည်- "ဒါ အိပ်မက်တစ်ခုပဲလေ။ ဒီကမ္ဘာမှာ သရဲတစ္ဆေတွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ?"

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" လုရှန်း ပြုံးလိုက်ပြီး သူမ ခေါင်းကို နောက်ပြန်လှည့်ကာ တိတ်ဆိတ်ထွက်သွားသည်။

သို့သော် လုတာ့ဟွား သည် ဒီအကြောင်းကို ပိုတွေးလေလေ၊ ပိုစိုးရိမ်လာသည်။ သူ့နောက်ကျော က အေးစက်လာသလို ခံစားရသည်။ လုရှန်းသည်လည်း သူ့ကို လျစ်လျူရှုထား၏။

ကြောက်စရာအကောင်းဆုံး ညှဉ်းပန်းနှိပ်စက်မှုမှာ မိမိကိုယ်ကို နှိပ်စက်ညှဉ်းပန်းခြင်း ဖြစ်သည်။ ဒါကြောင့် မနေ့ည က အိမ်မှာ သရဲခြောက်ပြီး ဒီနေ့ နတ်ဆရာ နဲ့ စုန်းမကြီး ပြောသောစကားကြောင့် လုရှန်း သည် လုတာ့ဟွား က နောက်ထပ် ရက်အနည်းငယ်သာ ထိန်းထားနိုင်မယ်လို့ ယုံကြည်သည်။

"ရှန်ရှးန်း၊ အဖေနဲ့အတူ ချူမျိုးရိုး ဆီ သွားဖို့ ဘာလို့ အဝတ်အစားအသစ်မလဲတာလဲ?"

လုတာ့ဟွား သည် ငွေ၅၀၀ ထက် ဘာမှ အရေးမကြီးဘူးလို့ ခံစားရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment