no

Font
Theme

အခန်း (၁၀) - လုနိုင်း အမှန်တရားကို ထုတ်ဖော်ခြင်း

လုရှန်း သည် မတ်တပ်ရပ်ရင်း ပျင်းလာသဖြင့် ဘေးနားတွင် ထိုင်ကာ စုန်းမရောက်လာသည် ကို စောင့်ဆိုင်းနေခဲ့သည်။ နာရီဝက်ခန့်ကြာသောအခါ လုတာ့ဟွား သည် စုန်းမကို ခေါ်ဆောင်လာခဲ့သည်။

လုရှန်း သည် ထိုင်ရင်း အိပ်ပျော်သွားခဲ့ပြီး ခြေသံများ နီးကပ်လာမှသာ လန့်နိုးလာခဲ့သည်။

လျိုယွဲ့ရွာသူရွာသားများ သည် စုန်းမရောက်လာသည်ကို မြင်တွေ့ရသောအခါ အိမ်နားတွင် ပြန်လည်စုရုံးခဲ့ကြသည်။

လီကျန်း (ရွာသူကြီး) ၏အိမ်တွင် စစ်ဆေးမေးမြန်းမှုအပြီး ချူစစ်ဟန်နှင့် ချူယွမ်တို့သည် ဤသတင်းကို ကြားသိရသောအခါ အစောင့်အကြပ်များနှင့်အတူ သွားရောက်ခဲ့ကြသည်။

"လုမိသားစု မှာ သရဲတစ္ဆေများ တကယ်ရှိတာများလား" ဘေးမှ တစ်ဦးက မေးမြန်းလာခဲ့သည်။

"မသေချာဘူး၊ ဒါပေမဲ့ မနေ့က လုနိုင်းရဲ့အော်သံ က တကယ်ကို ကြောက်ဖို့ကောင်းတယ်”

“ဟုတ်တယ်၊ ငါတို့လည်း အနားမှာ နေထိုင်သူတွေ၊ ပုံမှန်ဆို အိပ်နေတက်တဲ့ငါ့မြည်းတောင် ညသန်းခေါင် မှာ အဲအသံကြောင့် လန့်နိုးသွားခဲ့တာ”

တစ်ဖက်တွင်မူ ချူစစ်ဟန်၏ မျက်လုံးများ သည် ချက်ချင်းဆိုသလို အေးစက်သွားခဲ့သည်။

ချူယွမ်သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိထားမိခဲ့သည်။ "သခင်... အမျိုးသမီးလျို က မိန်းကလေးလု ဘယ်ကို သွားသလဲ သိဖို့ စုန်းမကို ဖိတ်ကြားခဲ့တာများလား?"

ချူစစ်ဟန်၏မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့သည်။ "ဆက်နားထောင်ကြည့်ကြရအောင်။"

ချူယွမ် သည် တိုးတိုးတိတ်တိတ်ပြောဆိုကာ သဘောတူညီပြီး ဖြစ်ပျက်နေသော အရာများကို ဆက်လက်စောင့်ကြည့်ခဲ့သည်။

စုန်းမ ရောက်ရှိလာသောအခါ ယဇ်ပလ္လင်ပေါ်ရှိ နံ့သာမီးဖိုထဲသို့ သဲများထပ်မံထည့်ကာ အမွှေးတိုင်များကို ထွန်းသည်။ လုတာ့ဟွား သည် သူဝယ်ယူထားသော ပန်းသီးအချို့ကို စားပွဲပေါ်တွင် တင်လိုက်သည်။

စုန်းမ က နံ့သာတိုင်မီးထွန်းညှိပြီး လုတာ့ဟွားနှင့် အမျိုးသမီးလျိုတို့အား တစ်ချောင်းစီ မီးညှိခိုင်းခဲ့သည်။ ထို့နောက် စုန်းမသည် ယဇ်ပလ္လင်ရှေ့တွင် ထိုင်ကာ ခြေထောက်များကို လှုပ်ယမ်းရင်း ပါးစပ်မှ ဂါထာများကို ရွတ်ဆိုခဲ့သည်။

လုရှန်း က ကျင့်ကြံခြင်းကိုသာ လေ့လာထားသူဖြစ်သောကြောင့် စုန်းမ မည်သည့်အရာကို ရွတ်ဆိုနေသည်ကို မသိရှိခဲ့ပေ။

ခဏကြာသောအခါ စုန်းမ သည် နံ့သာတိုင် ၃ ချောင်းကို မီးညှိပြီး အပေါ်သို့ မြှောက်ကာ လုမိသားစုအား လှည့်ပတ်ခဲ့သည်။ ကြည့်ရှုနေသော လူများ သည် ဤမြင်ကွင်းမှာ အလွန်ထူးဆန်းနေသောကြောင့် အသက်ရှူခြင်းပင် ရပ်တန့်ကာ ဆက်လက်ကြည့်ရှုနေခဲ့ကြသည်။

စုန်းမ သည် လုတာ့ဟွားအား ခေါင်းခါကာ အပြင်းအထန် ရိုက်နှက်ခဲ့သည်။ ခဏကြာသောအခါ စုန်းမက ဆက်ပြောသည်။

"တကယ်ကို ကြောက်လန့်စရာကောင်းအောင် အသတ်ခံထားရတဲ့ တစ်ယောက်က နင့်အပေါ်တွယ်ကပ်နေတာ ကံကောင်းတာက ကြင်နာတဲ့သူတစ်ယောက် က နင့်အတွက် အဲဒါကို ဖြေရှင်းပေးခဲ့တယ်"

စကားဆက်မပြောမီ စုန်းမ သည် ခဏရပ်တန့်သွားသည်။ “ရိုးရိုးသားသားပြောရင် နင် က သနားစရာပဲ။ နင့်ရဲ့အမှားကို မမြင်ဘဲ ဇွတ်ငြင်းနေမယ်ဆိုရင် နင့်အသက်နဲ့ပေးဆပ်ရလိမ့်မယ်"

လုတာ့ဟွား၊ အမျိုးသမီးလျိုနှင့် လုနိုင်းတို့သည် ဤစကားကို ကြားရသောအခါ တုန်လှုပ်သွားခဲ့ကြသည်။

စုန်းမသည် သက်ပြင်းချပြီး ခေါင်းခါလိုက်ကာ ယဇ်ပလ္လင်ပေါ်သို့ သွားရောက်ကာ နံ့သာတိုင် ၃ ချောင်းကို ထွန်းညှိလိုက်သည်။

ပန်းကန်လုံးထဲမှ ငွေဒင်္ဂါးပြားများကို ယူပြီး လုတာ့ဟွားအား သတိပေးခဲ့သည်။ "နင် ဘာလုပ်လုပ် ကောင်းကင်ဘုံက စောင့်ကြည့်နေတယ် အမှန်တရားက နောက်ဆုံးမှာ ပေါ်လာမှာပဲ။ နင့်နောက်ကျော ကို ဂရုစိုက်”

ဒီစုန်းမကလည်း သူတို့နောက်ကျောကို စောင့်ကြည့်ဖို့ ပြောတဲ့ဒုတိယမြောက်လူဖြစ်သည်။

စုန်းမ ထွက်သွားပြီးနောက် လူတွေက မှန်းဆလာ သည်။

လုမိသားစု ထဲ ကြောက်ဖို့ကောင်းတဲ့ လူသတ်တဲ့ကိစ္စ ရှိ သည် လို့ စုန်းမ က ပြော သည်။ လုမိသားစု က လူတွေကို သတ်ပစ် သည် လို့ ပြောနေသလိုပဲ။

" အမေ၊ အမေ! လုရှန်း ရဲ့ဝိညာဉ် ပြန်ရောက်လာပြီလား။ သူ သမီးတို့ကို လက်စားချေဖို့ လာနေပြီ မဟုတ်လား"

လုနိုင်း သည် အရမ်းကြောက်နေပြီး စိတ်ရှုပ်ထွေးနေ၏။

လုနိုင်း၏ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ရှေ့နောက်ဘာမှမကြည့်ပဲပြောလေသည်။ " သူပြန်လာပြီ! သူမ ပြန်လာပြီ! သမီးတို့ သတ်လိုက်လို့ ပြန်သတ်ဖို့ ပြန်လာတာဖြစ်မယ်"

" လုနိုင်း!"

အမျိုးသမီးလျို က တုန်လှုပ်ခြောက်ခြားနေတဲ့ လုနိုင်း ကို ဘာမှထပ်မပြောတော့ဖို့ တားချင်သည်။

သို့သော် လုနိုင်း သည် ရုတ်တရက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး ရေကန်ဘက်သို့ အကြိမ်ကြိမ် ကြည့်သည်။ အကြည့်တွေတိုင်းက နဂိုကထပ် ပို၍ ကြောက်စရာကောင်းနေ၏။

လုနိုင်း က ရှိုက်ကြီးတငင်ငိုရင်း " ငါ့ကိုခွင့်လွတ်ပါ။ ငါ မှားခဲ့တာ ငါသိပါတယ်။ ငါနင့်ကို မသတ်ခဲ့ဘူး။ နင့်ကို စောင်နဲ့ဖိလိုက်သူ က အမေပါ"

ထိုစကားသံ က လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ လုတာ့ဟွား က အမျိုးသမီးလျို ကို မယုံကြည်နိုင်လောက်အောင် လှမ်းကြည့်သည်။

" ငါ… ငါ …"

အမျိုးသမီးလျို သည် နောက်ပြန်ဆုတ်သွားတော့သည်။ ဘာမှ မပြောနိုင်တော့။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment