no

Font
Theme

အခန်း (၃၅) - ပထမဆုံး

လုရှန်း ပြုံးတယ်။

သူမသည် မွေးရာပါ လှပတဲ့ မျက်နှာလေးနဲ့ မွေးဖွားလာသူဖြစ် လို့ သူမရဲ့အပြုံးက သွမ့်ကျန်းကို ပို စွဲဆောင်ပြီး စွဲလန်းမှုပို ပြင်းထန်လာစေလေသည်။

"မင်း လက်ခံလား?"

အချိန်အတော်ကြာပြီးနောက် သွမ့်ကျန်း ဝမ်းသာအားရ မေးတယ်။

"ကိုယ်လုပ်တော်လုပ်ဖို့ကိုလား?"

လုရှန်း သူ့ကို အထင်အမြင်သေးစွာ စိုက်ကြည့်ရင်း "လူကောင်း တစ်ယောက်က နောက်ပြန်မဆုတ်ဘူး" လို့ ဆိုရိုးရှိတယ်။ ပညာရှိကျောင်းသား သွမ့်ကျန်း ဒါကိုမသိဘူးလား?"

သွမ့်ကျန်းရဲ့အပြုံး ချက်ချင်းပင် အေးခဲသွား၏။ ထို့နောက် သွမ့်ကျန်း ရယ်မောရင်း ကဲ့ရဲ့၏။

"မိသားစုနှစ်စုက စွန့်ပစ်ခံရပြီး နောက်ပိုင်း လူကောင်းတစ်ယောက် ရှာနိုင်သေးတယ်လို့ မင်းထင်နေသလား?"

သူမရဲ့ရုပ်ရည်ကြောင့်မဟုတ်ရင် သူမကိုရှာဖို့ သူ့အတ္တကို ဘာလို့စွန့်ပစ်ရမှာလဲ?

"အဲတော့ ဘာဖြစ်သလဲ?" လုရှန်း က သူ့စကားကို လျစ်လျူရှု၍ပြောသည်။ "တကယ်တော့ ကျွန်မ မှတ်မိသလောက် ကျွန်မရဲ့အဖေက စေ့စပ်ပွဲကို အရင်ဖျက်တာ"

အမှန်တရားကို လှည့်စားရဲတယ်လား? သူ ဘာလိုချင်နေတာလဲ?

လုရှန်း အိမ်ထဲဝင်ခါနီး မြင်းလှည်းတစ်စီး သူတို့ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားလာသည်ကို မြင်လိုက်သည်။ နောက်တော့ မြင်းလှည်း သူတို့ နံဘေးရပ်တန့်သွား၏။

မောင်း သူသည် ချုယွမ် ဖြစ်တယ်။ ကန့်လန့်ကာ ပွတ်ဆွဲဖွင့်လိုက်သည်နှင့် သွယ်လျသော ရုပ်ပုံကားချပ် ထွက်ပေါ်လာ၏။

လုရှန်း သည် ချောမောတဲ့မျက်နှာကို စိုက်ကြည့်၏။ ဒီမျက်နှာမျိုးသည် သူမကိုဘယ်တော့မှ နေမကောင်းမဖြစ်စေတဲ့မျက်နှာမျိုး။ သူ့ကိုမြင်တော့ သူမရဲ့နှုတ်ခမ်းကော့တက်သွားတော့သည်။

"သခင်လေးချု ဘာလို့"

"ဆိုတော့ မင်းမှာ တခြားယောကျာ်းရှိလို့ ငါ့ကို ငြင်းပယ်တာလား?"

သွမ့်ကျန်း က သူမကို အနှောင့်အယှက်ပေးတယ်။

ချုစစ်ဟန် သွမ့်ကျန်းကို တည်ငြိမ်စွာ စိုက်ကြည့်နေ၏။

လုရှန်း သူမရဲ့ပေါက်ပြားကို ချုယွမ် ဆီ ပစ်ချလိုက်သည်။ ထို့နောက် အခြားသူများရဲ့စီရင်ဆုံးဖြတ်မှုကို လျစ်လျူရှုကာ ချုစစ်ဟန်ရဲ့လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး သွမ့်ကျန်း ကို အပြုံးဖြင့် ပြောလိုက်သည်။

"ဟုတ်တယ် သူက ကျွန်မရဲ့ချစ်သူအသစ်"

ချုစစ်ဟန် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း သူ့ပါးလွှာသော နှုတ်ခမ်းပေါ် အပြုံးတစ်ခုပေါ်လာတော့သည်။ နောက်တော့ သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။

လုရှန်း ဘယ်လောက်ပဲ အရေထူနေပါစေ သူ့အကြည့်တွေ က တောင့်မခံနိုင်အောင်ဖြစ်စေသည်။

သွမ့်ကျန်း စိတ်ဆိုးသွားပေမယ့် ချုစစ်ဟန်ရဲ့အာဏာက သူ့အသိစိတ်ကို ဝေးဝေးနေဖို့လှုပ်နိုးနေ၏။ သွမ့်ကျန်း သွားတင်းတင်းကြိတ်ကာမထွက်သွားခင် ပြောခဲ့သည်။ "နောင်မှ နောင်တမရနဲ့"

ဒီလူက သာမန်လူမဟုတ်မှန်း သိသာသည်။ ဒီလိုယောက်ျားမျိုး ဘာလို့ တောသူမလေးကို မယားအဖြစ်နဲ့လက်ထပ်ချင်တာလဲ?

ဘာပဲဖြစ်ဖြစ် သူမ ကိုယ်လုပ်တော် ဖြစ်လာမယ်ဆိုတည်းက သူမ ဘာလို့ သူ့ကိုမရွေးချယ်နိုင်ရတာလဲ?

သူမ က သူ့ကို ကြိုက်နေတာ မဟုတ်ဘူးလား?

သွမ့်ကျန်း အလွန်မပျော်မရွှင် ဖြစ်သွား၏။

"မိန်းကလေးလု မင်း ငါ့လက်ကောက်ဝတ်ကို ဘယ်လောက်ကြာကြာ ကိုင်ထားမှာလဲ?" လုရှန်းရဲ့နားရွက် အနား သို့ ရွဲ့စောင်းသောအသံတစ်ခု ထွက်ပေါ်လာ၏။

လုရှန်း သူ့လက်ကို အမြန်လွှတ်လိုက်ပြီး သူမမျက်နှာ မှာ ပူထူနေ၏။

သူမသည် ရဲတင်းသောလူတစ်ယောက်ဖြစ်ပေမဲ့လည်း သူမရဲ့တစ်သက်တာလုံးတွင် ထိုယောက်ျား၏လက်ကောက်ဝတ်ကို ပထမဆုံးအကြိမ် ကိုင်ဖူးတာဖြစ်တယ်။

"ရာသီဥတု အရမ်းပူတယ်နော်"

သူမ ခေါင်းစဉ်ကို အာရုံလွှဲရန် ကြိုးစားရင်း ရယ်မောရင်း လက်ဖြင့် မျက်နှာကို ယက်ခတ်တယ်။

ချုယွမ် ပေါက်ပြားကို သူမဆီပြန်ပေးလိုက်သည်။ "မိန်းကလေးလု၊ ကျွန်တော်တို့ကို အထဲဝင်ဖို့မဖိတ်တော့ဘူးလား?"

ဒီမိန်းကလေး သတ္တိရှိသည်။ သူမ သခင့်ကို 'သူမရဲ့ချစ်သူအသစ်' အဖြစ် သတ္တိရှိရှိ အသုံးပြုခဲ့သည်။

သူ့စကားကြားပြီးနောက် လုရှန်း က လူနှစ်ယောက်ကို အလျင်အမြန် လက်ဟန်ဖြင့် “မြန်မြန်ဝင်ခဲ့..”

"အားဂျန်၊ ဧည့်သည် တွေအတွက် ခွက်တချို့ ယူလာခဲ့" လုရှန်း ဝင်လာပြီးအော်ပြောတယ်။

နံရံထောင့်က မြက်ပင်တွေကို ပေါင်းပင်နှုတ်နေသည့် လုဂျန် ခွက်နှစ်လုံးကို နာခံစွာ ယူလာသည်။

ချုစစ်ဟန် တစ်ချက်ကြည့်လိုက်ပြီးနောက် မြင့်မားသော ထိုင်ခုံကို ကောက်ယူပြီး ထိုင်လိုက်တယ်။ ချုယွမ် သူ့နောက်မှာ ရပ်နေ၏။

လုရှန်း က ချုစစ်ဟန် ကို မျက်စောင်းထိုးကာ ပြုံးတယ်။ "သခင်လေးချု အရင် အနားယူပါ။ ကျွန်မ မြန်မြန်သန့်ရှင်းလိုက်ဦးမယ်"

ချုစစ်ဟန် သူမကိုကြည့်ကာ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်၏။

လုရှန်း ထွက်သွားတော့ လုဂျန်က လူနှစ်ယောက်အတွက် ရေအေးပေး၏။

"အစ်ကိုကြီးတို့ ရေသောက်ပါ!"

"လိမ်မာတယ်!"

ချုယွမ် ပန်းကန်လုံးကို ယူပြီး ခေါင်းပုတ်သည်။ ထို့နောက် ရေကို ဘေးဖယ်ထားပြီး ဘေးပတ်ပတ်လည် ပတ်ဝန်းကျင်ကိုကြည့်လိုက် သည်။

အိမ်ရဲ့ခြံဝင်းက အတော်လေး ကျယ်ဝန်းပြီး အိမ်က သာမန်ရွှံ့ သက်ကယ်တဲ ဖြစ်၏။

ထို့ကြောင့် အုတ်အိမ်တွင်နေထိုင်လေ့ရှိသော ချုယွမ် သည် လုမိသားစု အိမ်ပြိုကျနိုင်ခြေနဲ့ကြုံတွေ့ရမှာကို စိုးနေသည်။

လုရှန်း သည် မိနစ်သုံးဆယ်ကြာပြီးနောက် ရေချိုးပြီးစီးသည်။

သူမရဲ့ဆံပင်များက စိုစွတ်နေသေးပြီး သန့်ရှင်းလတ်ဆတ်သော မျက်နှာပေါ် ဆံပင်အချို့ ကပ်နေ၏။

သူမတွင် လှပသောမျက်လုံးများရှိပြီး အသက်ဝင်သည်။ သူမ ပြုံးလိုက်တိုင်း သူမရဲ့နှုတ်ခမ်းများက လခြမ်းသဏ္ဍာန် အပေါ်ကို ကွေးသွားပြီး ညင်သာသော အလင်းရောင်အလွှာဖြင့် ဖုံးလွှမ်းသွားသည်။

ချုစစ်ဟန် သူမရဲ့မျက်နှာကို စိုက်ကြည့်နေခဲ့ သည်။ သူ့အမူအရာက တည်ငြိမ်နေပေမဲ့ အတော်ကြာ ပျောက်ဆုံးနေခဲ့သည့် သူ့နှလုံးခုန်နှုန်းစည်းချက် မှားယွင်းစွာ ခုန်နေခဲ့တယ်။

သူက အလွယ်တကူ စွဲဆောင်နိုင်သူမဟုတ်သလို အလှများစွာကိုလည်း သူ တွေ့ဖူးတယ်။ သို့သော် သူမ က သူ့မျက်လုံးထဲ ဝင်ရောက်တဲ့ ပထမဆုံးသော မိန်းကလေးပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment