no

Font
Theme

အခန်း (၁၈) : ကျိုးကြောင်းဆီလျော်စွာ စိတ်ဝင်စားမှု

" ဒီကိစ္စ မထူးဆန်းဘူးလား?" ချူစစ်ဟန်က လေးလေးနက်နက်မေး၏။

အမျိုးသမီးဟဲ ကွယ်လွန်ပြီး ၆ နှစ်၊ ၇ နှစ်ကြာ သည် အထိ ဘာလို့သေဆုံးရသလဲဆိုသည့် အကြောင်းရင်းကို ဘယ်သူမှ မမေးခဲ့၊ မပြောခဲ့ကြချေ။

ဒါ့အပြင် ဒီနှစ်တွေမှာ အမျိုးသမီးလျိုနဲ့လုတာ့ဟွား တို့ သူတို့ကိုယ်သူတို့ လှည့်စားဖို့ ဘယ်တုန်းကမှရည်ရွယ်မှာမဟုတ်ဘူး။ ဆိုတော့ကား လုရှန်း ပျောက်ကွယ်သွားတာဟာ ဘာလို့ လုတာ့ဟွား ကို သူရဲ့ရာဇ၀တ်မှုကို ရုတ်တရတ် ထွက်ပေါ်လာစေတာလဲ?

ပထမဦးစွာ လုနိုင်း က အမျိုးသမီးလျိုရဲ့မသမာတဲ့ရည်ရွယ်ချက်နဲ့ လုရှန်း ကို အန္တရာယ်ပြုဖို့ ထုတ်ဖော်ခဲ့ သည်။ အဖြစ်အပျက်တွေက ထူးဆန်းလွန်း သည်။

"ထူးဆန်းတယ်?" ချူယွမ် နားမလည်ပါ။ သူက ခေါင်းကုတ်၍" သခင်၊ ဘာထူးဆန်းလို့လဲ?"

ချူစစ်ဟန် က မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် ပြောပြ သည် " မနေ့က သူ့အိမ်သွားတုန်းက ရွာလူကြီးပြောခဲ့တာ မှတ်မိလား"

"ရွာသူကြီးရဲ့စကား" ချူယွမ် မျက်မှောင်ကြုတ်ပြီး ခဏလောက် စဥ်းစား၏။ သူ က ခေါင်းငုံ့ကာ" ဘယ်စကားလုံးတွေကို ရည်ညွှန်းတာလဲ?"

ရွာလူကြီး က တော်တော်များများ ပြောခဲ့တာ။ အရာတွေ အားလုံးကို သူဘယ်လိုမှတ်မိနိုင်မှာလဲ?

"လုမိသားစုမှာသရဲခြောက်တဲ့ အဖြစ်အပျက်တွေ ကြုံလာတော့ လုနိုင်း က သူ့လုပ်ရပ်အမှန်ကို ဆန္ဒအလျောက် ထုတ်ပြခဲ့တယ်"

"နောက်ထပ် သရဲခြောက်တဲ့ အတွေ့အကြုံတစ်ခုပြီးနောက် လုတာ့ဟွား ဝန်ခံခဲ့တယ်လို့လည်း မင်း ပြောခဲ့တယ်။ ပျောက်ဆုံးနေတဲ့ မိန်းကလေး ပြန်လာပြီး မှ ဒါတွေအကုန်လုံးကဖြစ်ခဲ့တာ"

ချူစစ်ဟန် ဒီနေရာမှာ ရပ်လိုက်သည်။

ချူယွမ် အဆုံးစွန်နားမလည်ပဲ စဥ်းစားဖို့ တခဏတိတ်ဆိတ်သွား၏" သခင်၊ ဒီအဖြစ်အပျက်တွေက အဲဒီမိန်းကလေးနဲ့သက်ဆိုင်တယ် လို့ ပြောချင်တာလား"

" ထင်တာပဲ။ မိန်းကလေးလု က မလွယ်ဘူးပဲ"

ချူစစ်ဟန် မတ်တပ်ထရပ်ပြီး ပြတင်းပေါက်ဆီကို လျှောက်သွားသည်။ သူရဲ့ပါးလွှာတဲ့ နှုတ်ခမ်းများ တွန့်နေပြီး သူ့ရဲ့အေးမြတဲ့ မျက်လုံးတွေက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ရင်း လေးလေးနက်နက်တွေးနေသည်။

သူ့ကံကြမ္မာကို ပြောင်းလဲစေမယ့် ဒီမိန်းကလေး က ရွာသူကြီးပြောခဲ့တာနဲ့တော်တော်ကွာခြားတယ်။

" သူမက ကျေးလက်တောသူမလေး မဟုတ်ဘူးလား? သူမနဲ့ပတ်သတ်ပြီး ဘာများ ထူးခြားမှာလဲ?”

ချူယွမ် သည် သူ့သခင် အတွေးလွန်နေ သည် လို့ ခံစားမိသည်။

လုရှန်း မှာ မတူညီတဲ့ စရိုက်လက္ခဏာတွေရှိပေမဲ့ သူမ က ကျေးလက်မှာ ကြီးပြင်းလာတဲ့ မိန်းကလေးပဲလေ။ သူမ က ဘယ်လိုလုပ် ရူပ်ထွေးမှာလဲ?

ချူစစ်ဟန် က အကြောင်းမပြန်သော်လည်း ကံကြမ္မာပြောင်းလဲနေသော မိန်းကလေးနဲ့တွေ့ဆုံလိုသောဆန္ဒ က သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေခဲ့သည်။

သို့ပေမဲ့ အရေးကြီးဆုံးတာဝန်က လူသတ်မှုကို စုံစမ်းစစ်ဆေးဖို့ဖြစ်သည်။

ချူစစ်ဟန် သည် ချူယွမ်နဲ့ဆွေးနွေးဖို့ နောက်ပြန်လှည့်လာ၏။

ထိုအချိန် အစေခံငယ်တစ်ယောက်ကြားဝင်၍ လေးလေးစားစားနှုတ်ဆက်၏" သခင်၊ သခင်မနဲ့အကြီးအကဲတို့က အဖိုးတန်ဧည့် သည် ရောက်နေလို့ အရှေ့ခြံဝန်းဆီ လာစေချင်ကြောင်းပြောလိုက်ပါတယ်"

"ဘယ်သူလဲ?" ချူစစ်ဟန် က မေး သည်။

"သခင်မလေး ရှန်းကွမ်းလင်းအာ ပါ"

ချူစစ်ဟန် သည် ဤနာမည်ကြားတော့ မျက်မှောင်ကြုံ့သွား၏။

မနေ့ကလည်း ရှန်းကွမ်းလင်းအာ ဒီနေရာကို ရောက်ရှိလာပေမဲ့ သူ လျိုယွဲ့ရွာကို သွားခဲ့ပြီးနောက် အစိုးရရုံးစီ အပြေးအလွှားသွားတာမို့ တွေ့ဆုံခြင်း မရှိခဲ့။ သူ ညနေစောင်းမှ အိမ်ပြန်ရောက်ခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ယောက် မဆုံဖြစ်သေး။

" အကြီးအကဲနဲ့သခင်မကို ကျေးဇူးပြုပြီးပြောလိုက်ပါ။ ငါ ပင်ပန်းနေလို့အနားယူနေတယ်လို့"

"ကောင်းပါပြီ!"

ချူယွမ် သည် ပါးစပ်ပိတ်ထားလိုက်ပြီး ဘေး မှ နားထောင်သည်။

ရှန်းကွမ်းလင်းအာ က တရားသူကြီးရှန်းကွမ်းရဲ့သမီးဖြစ်ပြီး ဆွဲဆောင်မှုရှိပြီး ထက်မြက်သော မိန်းကလေးတစ်ဦးဖြစ်သည်။

ဒါ့အပြင် ရှန်းကွမ်းမိသားစုနဲ့ချူမိသားစုတို့ သည် ရင်းနှီးတဲ့ ဆက်ဆံရေးရှိသည။ မိသားစုနှစ်ဦးစလုံး က အကြောင်းအရာကို မဖော်ပြကြပေမဲ့ သူတို့ လက်ထပ်ကြစေဖို့ နှစ်ဦးနှစ်ဖက် ဆန္ဒရှိကြသည်။

သို့သော် ချူယွမ် သည် သခင် က သခင်မလေး ရှန်းကွမ်းကို သိပ်စိတ်မဝင်စားတာ ခံစားမိသည်။

သူ့သခင် သည် မြို့တော်မှာ မရေမတွက်နိုင်သော အလှတရားများနှင့် ဆုံတွေ့ခဲ့ပေမဲ့လည်း ဖြောင့်မတ်သည်။ သခင်မလေး ရှန်းကွမ်း က အရည်အချင်းရှိတဲ့ မိန်းကလေးလို့ သတ်မှတ်လို့ရပေမဲ့ မြို့တော်က အမျိုးသမီးများနဲ့နှိုင်းယှဥ်ရင် ဖျော့တော့ သည်။

သဘာဝကျစွာပင် သခင် က သူမကို စိတ်ဝင်စားခြင်းမရှိခြင်း သည်ကလည်း ကျိုးကြောင်းဆီလျော်သည်။

" သခင်၊ ဒီနေ့ အစိုးရရုံးမသွားဘူးလား" ချူယွမ် က မေးလိုက်သည်။

" မဟုတ်ဘူး၊ အဝတ်နှစ်စုံပြင်ပေး။ ငါ ဒီည လမ်းလျှောက်ထွက်မလို့"

ခရိုင်တရားသူကြီးရဲ့အဆိုအရ မနေ့ညက ခရိုင်တွင် သံသယဖြစ်ဖွယ် အသွင်အပြင်ကို တွေ့ရှိခဲ့ကြောင်းသိရသည်။ သို့ပေမဲ့ တာဝန်ရှိသူများက ဖမ်းမိသည့်အချိန် မှာ ပျောက်ကွယ်သွားခဲ့ သည်။

ချူစစ်ဟန် ဒီနေ့ည တောင်ပိုင်းမြို့ကို သွားဖို့ ရည်ရွယ်ထားပေမဲ့ သူ့ကံကြမ္မာကို စမ်းကြည့်ရန် ကြံရွယ်ထားသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment