no

Font
Theme

အခန်း (၃၄) - မင်း ငါ့ကိုယ်လုပ်တော် ဖြစ်အောင် ငါ လုပ်ပေးမယ်။

လုရှန်း ရုတ်တရက် ရပ်တန့်သွား၏။ အမျိုးသမီးကျောင်း ကတော့ သူမ ယုံကြည်သွားပြီလို့ ထင်နေလေသည်။

အမျိုးသမီးကျောင်း က ဆက်ပြောသည် "အဲဒီလူက တော်တော် အရည်အချင်းရှိတယ်။ စားပွဲပေါ် အသားတင်တာက (အသားဟင်းကျွေးတာ) က သူ့အတွက် ပြဿနာမဟုတ်ဘူး။ မင်း သူ့ကိုလက်ထပ်ရင် မင်းဘဝလေး ပျော်ရွှင်နေမှာ"

လုရှန်းရဲ့အိမ်မှာ လူကြီးမရှိဘူး။ လုရန်ကလည်း သူ့ဘဝသူဖြုန်းတီးနေသူဖြစ်သည်။

လုရှန်း အိမ်ထောင်ကျသွားပြီးနောက် အမျိုးသမီးကျောင်း လုရှန်း ကို ငွေတုံး ၃တုံး၊ ၄တုံးပေးဖို့ တွေးထားသည်။

လုရှန်းက ပြုံးတယ် "အဲ့လောက်ကောင်းလား?"

"တကယ်!" အမျိုးသမီးကျောင်း က ပေါက်ပြားကိုင်ရင်း အော်ပြောတယ် "သူက ရုပ်ရည်ချောမောပြီး ရုပ်ရည်လည်း ကောင်းတယ်။ သူ့ရုပ်ရည်က ပညာရှိကျောင်းသား သွမ့်ကျန်းထက်မနိမ့်ဘူး"

ဤအိမ်ထောင်ရေး က ပြောသလိုပဲ ကောင်းတယ်ဆိုရင် အမျိုးသမီးကျောင်း ဘာလို့ သူမကို စီစဉ်ပေးမှာလဲ?

အတိအကျမှတ်မိတာ မှန်ရင် အမျိုးသမီးကျောင်း မှာ အိမ်ထောင်မပြုရသေးတဲ့ လုဝေလို့ခေါ်တဲ့ သမီးတစ်ယောက်ရှိသည်။

လုရှန်း ခေါင်းလှည့်ပြီး အေးစက်စက်ရယ်မောတယ်။ သူမ က အပြစ်ကင်းတဲ့မျက်နှာနဲ့ပြောလိုက်သည် "ဒါက ကောင်းမွန်တဲ့မင်္ဂလာပွဲဆိုရင် အစ်မဝေ အတွက် စီစဉ်ပေးလို့ရတယ်။ သူမ က ကျွန်မထက် ၃လလောက်ကြီးတယ်"

အမျိုးသမီးကျောင်းရဲ့အပြုံးက တင်းမာသည့်အမူအရာဖြစ်သွား၏။ “ငါ မင်းကို သနားလို့လေ။ မင်းရဲ့အစ်မဝေမှာ ကြိုက်တဲ့လူရှိနေပြီ"

လုဝေ က သွမ့်ကျန်း ကို အမြဲ နှစ်သက်ခဲ့သည်။ လုရှန်း ဒါကို အရင်တည်းကသိသည်။

မူလပိုင်ရှင်နဲ့ သွမ့်ကျန်း စေ့စပ်ကြောင်းလမ်းတုန်းက လုဝေ ကလှောင်ပြောင်သရော်ခဲ့သည်။ ယင်းကား မနာလိုမှုအားလုံးရဲ့အဓိက အရင်းခံဖြစ်သည်။

လုရှန်း သည် မြက်ပင်ခေါင်းကို ဆွတ်ရန် ငုံ့ကြည့်လိုက်သည်။ သူမ က မော့မကြည့်ပဲ "ကျွန်မ မှာလည်း ကြိုက်တဲ့သူလည်း ရှိတယ်"

"မင်း ဘယ်သူကြိုက်လဲ ငါသိတယ်" အမျိုးသမီးကျောင်း က မထီမဲ့မြင်ပြုသည့် မျက်နှာဖြင့် "ပညာရှိကျောင်းသားလေး သွမ့်ကျန်း က ဒီရွာက မိန်းကလေးကို မကြိုက်ဘူး။ အိပ်မက်ကို ရပ်လိုက်တာ ကောင်းမယ်"

လုရှန်း ဒီစကားကိုကြားတော့ ပြုံးတယ်။ သူမ ဝန်မခံသလို မတုန့်ပြန်ခဲ့ပေ။

သို့ပေမဲ့ အမျိုးသမီးကျောင်းရဲ့စကားတွေ က ရေဘူးလာပို့သော ချောင်းနားထောင်ရန်နီးကပ်လာတဲ့ သွမ့်ကျန်းရဲ့နားထဲ ဝင်ရောက်သွားလေ၏။

သူ အလုပ်ရှုပ်နေသော လုရှန်း ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ တွေးဆသည့်အကြည့်ရှိနေလေသည်။

"ပညာရှိကျောင်းသားသွမ့်ကျန်း၊ မင်း ဘာလို့ ဒီရောက်နေတာလဲ?"

အမျိုးသမီးကျောင်း သည် သူမရဲ့အထင်အမြင်သေးမှုကို ဖုံးကွယ်ကာ မြှောက်ပင့်သည်။

လုရှန်း သည် အလုပ် ဆက်မလုပ်ခင် သွမ့်ကျန်း ကို မော့ကြည့်၏။

အရင်တုန်းကတော့ သွမ့်ကျန်း သည် 'စေ့စပ်ထားသူဟောင်း' ကို တစ်ခါမှ ကောင်းကောင်းမကြည့်ဖူးတဲ့အတွက် ဘယ်လောက်ဆွဲဆောင်မှုရှိတဲ့ပုံပေါက်နေလဲကို မသိခဲ့။ သူမ တွင် အနက်ရောင်ဆံပင်၊ ကြည်လင်ပြတ်သားပြီး ချယ်ရီနီရောင်နှုတ်ခမ်းရှိသည်။

သူမကို နောက်ဆုံးအကြိမ်တွေ့ချိန် အံ့အားသင့်စရာပဲလို့ တွေးမိသည်။ ဒီနေ့ သူမကို ကြည့်လိုက်တော့ အလားတူ အတွေးမျိုး သူ့စိတ်ထဲ ဝင်လာ၏။

သူ ဒီခံစားချက်ကို အတိအကျ မသတ်မှတ်နိုင်ပေမဲ့ သူ့နှလုံးသားမှာ အခေါင်းပေါက်နေသလို ခံစားရတယ်။

သူ ရေဘူးယူ၍ အမျိုးသမီးကျောင်းကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြတယ်။

“ပညာရှိကျောင်းသား မင်းက တကယ် ဝတ္တရားသိတာပဲ။ ကျောင်းတက်နေချိန်မှာတောင် မိဘတွေဆီ ရေဘူးလာပို့ဖို့မမေ့ဘူး။ အနာဂတ်မှာ မင်း အရာရှိဖြစ်လာရင် မင်း လူကောင်းတစ်ယောက်ဖြစ်လာမှာ သေချာတယ်"

အမျိုးသမီးကျောင်းရဲ့ချီးမွမ်းသံကိုကြားတော့ လုရှန်း ထုတ်ဖော်မပြပေ။

မြက်ပင်တွေကို ပေါင်းသတ်ပြီးတဲ့ချိန် ညနေစောင်းနေပြီ ဖြစ်သည်။ လုရှန်း တွင် ချွေးထွက်နေပြီး တစ်ကိုယ်လုံး ချွေးတွေနဲ့စိုရွှဲနေ၏။

သူမ ပေါက်ပြားကို ထမ်းကာ အိမ်ပြန်လာခဲ့သည်။ အိမ်တံခါးဝသို့ရောက်ချိန် လူတစ်ဦး သူမအနောက်သို့ လိုက်လာသည်။

"လုရှန်း"

လုရှန်း လှည့်ကြည့်လိုက်ရာ သွမ့်ကျန်း သူမဆီ လျှောက်လာသည် ကို တွေ့လိုက်သည်။

သူမ မျက်ခုံးပင့်ပြီး "ဘာကိစ္စလဲ?"

သွမ့်ကျန်း သူမရှေ့ ရပ်နေသည်။ သူမ မျက်နှာပေါ် ချွေးများထွက်နေသော်လည်း သူမရဲ့မျက်နှာက သန့်ရှင်းလတ်ဆတ်နေသေးသည်။ ဒီမြင်ကွင်းက သူ့နှလုံးသားကို တုန်လှုပ်စေ၏။

"မင်း…ငါ့ကိုကြိုက်သေးလား?"

လုရှန်း၏နှလုံးသား အနည်းငယ် နာကျင်သွားပြီး မျက်မှောင်ကြုတ်သွား၏။

မူလပိုင်ရှင် သည် သွမ့်ကျန်း ကို နှစ်ပေါင်းများစွာ နှစ်သက်ခဲ့ပြီး ဒီမှတ်ဉာဏ် သူမရဲ့နှလုံးသားထဲ ရေးထွင်းထားပုံရသည်။

သူမ ဒီခန္ဓာကိုယ်တွင် နေထိုင်နေသော်လည်း သွမ့်ကျန်းရဲ့စကားကို ကြားလိုက်သောအခါ ရင်တွင်းရှိ ခံစားချက်များ တဟုန်ထိုး ခုန်တက်သွားသည် ကို သူမ ထိန်းထားနိုင်ခဲ့သည်။

"ဘာလို့ ဒီလိုမေးတာလဲ?" သူမ အေးအေးဆေးဆေး မေးတယ်။

သွမ့်ကျန်း က စိုးရိမ်စွာဖြင့် "မင်းငါ့ကို ကြိုက်သေးရင် အနာဂတ် ငါအရာရှိဖြစ်လာရင် မင်း ငါ့ကိုယ်လုပ်တော် ဖြစ်လာဖို့ ငါ လုပ်ပေးမယ်”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment