Ch-37 : သူတို့က ဘယ်သူတွေလဲ?
လုရှန်း ဝက်ဗိုက်သားဝယ်ဖို့ ရွာဝင်ပေါက်စီသွားဖို့ ပြင်နေစဥ် ကလေးငယ်များကို အိမ်ထဲ နေခိုင်းခဲ့သည်။
ရွာဝင်ပေါက်တွင် လူအနည်းငယ် သစ်ပင်အကြီးကြီးတစ်ပင်အောက် ပစ္စည်းများကို ရောင်းချနေကြသည်။ ဟင်းသီးဟင်းရွက်များ၊တို့ဟူး နှင့် ကြက်ငှက်များကဲ့သို့ ပါဝင်ပစ္စည်းများကို ရောင်းချကြသည်။
လုရှန်း ရောက်လာတော့ ဝက်သားအပြင် အမဲသားကိုလည်း ဒီနေရာမှာ ရောင်းချနေတာ သိလိုက်သည်။
သူမ သည် လယ်ယာစိုက်ပျိုးရေး အရေးပါသောခေတ်တွင် နေထိုင်နေတာဖြစ်၏။ နွားတွေကို လက်လွတ်စပယ်မသတ်ကြပါ။
အိမ်မွေးနွားသေရင် မရောင်းခင် မိသားစုက ရုံးတော်ထံ အကြောင်းကြားရသည်။
ဟုတ်တယ် စျေးထဲ အမဲသားရောင်းသူတွေ ရှိနေတုန်းဘဲ၊ဒါပေမယ့် လူနည်းစုလောက်သာဖြစ်သည်။
”ဒေါ်ဒေါ်၊အမဲသား ဘယ်လောက်လဲ?”
အမဲသားရောင်းသူမှာ အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်။ ထိုအမျိုးသမီးက လုရှန်းနဲ့သိပ်မရင်းနှီးသလို လျိုယွဲ့ ရွာတွင် နေထိုင်သည့် တခြားရွာက အမျိုးသမီးဖြစ်ပုံရသည်။
အမဲသားအကြောင်း တစ်ယောက်ယောက်က မေးလာတော့ အဒေါ်က ရှင်းပြတယ်။"မိန်းကလေး အဒေါ့် နွားက ပင်လယ်ရေမှော်တွေ ကြား ပိတ်မိနေလို့ ရေနစ်သေဆုံးခဲ့တယ်။ စိတ်မပူပါနဲ့၊ဒါကို တာဝန်ရှိသူတွေကို တင်ပြပြီးပါပြီ။ လိုချင်ရင် ၁ပေါင်ကို ငွေတုံး ၂၀နဲ့ရောင်းပေးနိုင်ပါတယ်။”
တစ်ပိဿာ နှစ်ဆယ်၊ဈေးမှာ သုံးဆယ်။
လုဂျန်နဲ့လုရှင်း တို့ အရမ်းပိန်သည်။ သူမ သူတို့အတွက် ဟင်းတစ်အိုးချက်ပြုတ်ဖို့ အမဲရိုးနှစ်ချောင်း ဝယ်လိုက်သည်။ ဒါက သူတို့ခန္ဓာကိုယ်ထဲ အာဟာရတွေကို ဖြည့်တင်းပေးလိမ့်မယ်။
"အမဲရိုးနဲ့အသားက ဘယ်လောက်လဲ?”
အဒေါ်က"အမဲသားကို လိုချင်ရင် အရိုးနှစ်ချောင်းအတွက် ငွေတုံး ၅ တုံး၊အသား အတွက် ၁၀တုံး”
လုရှန်း ခေါင်းညိတ်ပြပြီး အသားနဲ့အမဲရိုးနှစ်ချောင်းကို ဝယ်လိုက်သည်။ နောက်ဆုံး အမဲသား ၁ ပေါင် ကို ဝယ်ယူခဲ့သေးသည်။
သူမ ငွေခြောက်ရာလောက် ကုန်ကျခဲ့သည်။
ထို့နောက် အိမ်မပြန်မီ ဝက်သားနှစ်ပိဿာ၊ဟင်းသီးဟင်းရွက်အချို့နှင့် တို့ဟူးဝယ်ရန် နောက်ဆိုင်သို့ သွား၏။
"လုမိသားစုက ချမ်းသာလာတာလား။ မျက်တောင်တောင်မခတ်ဘဲ တစ်ချိန်တည်း ငွေရာကျော်သုံးခဲ့တယ်။”
ရွာသူရွာသားအချို့ အံ့ဩသွားကြသည်။
တို့ဟူးဝယ်နေတဲ့ ရွာသူကြီးရဲ့ဇနီးက"အမျိုးသမီးလျိုမှာ အမြဲတမ်း စုဆောင်းထားတာတွေရှိတယ်။ သူမက ဒီနှစ်တစ်လျှောက်လုံး ပမာဏများစွာကို စုဆောင်းထားနိုင်ခဲ့တယ်။ သေချာတာကတော့ သူ့မှာ ငွေရာဂဏာန်းလောက်ရှိမှာပဲ။"
သူ့စကားကြားတော့ ကျန်တဲ့သူတွေက ဆက်မပြောတော့ဘူး။
အခု အမျိုးသမီးလျို ထောင်ထဲရောက်နေတုန်း လုရှန်း တချိန်တည်း ငွေ ၆၀၀ ရာကျော် သုံးစွဲခဲ့သည်။
အမျိုးသမီးလျို ဒါကို သိခဲ့ရင် ထောင်ထဲ ဒေါသထွက်လွန်းလို့သေနိုင်သည်။
လုရှန်း ပစ္စည်းများနှင့်အတူ အိမ်သို့ မရောက်မီတွင် ရင်းနှီးသော ငိုသံ အဝေးမှ ကြားလိုက်ရတယ်။
သူမ မျက်မှောင်ကြုတ်ကာ အိမ်သို့ အမြန်ပြန်လာခဲ့တယ်။
“မင်းတို့မိဘတွေက ထောင်ကမထွက်နိုင်တော့ မင်းကိုပြုစုပျိုးထောင်ပေးမယ့်သူမရှိဘူး။ဦးလေးက မင်းအတွက် မိသားစု တစ်စုရှာတွေ့ထားတယ်။ မင်း ပျော်ရမယ်။”
ဝင်းတံခါးဝသို့ ရောက်ချိန် လုရှန်း လုတာ့မင်၊အမျိုးသမီးကျောင်း တို့နှင့်အတူ တစ်ပုံစံတည်း ၀တ်ဆင်ထားသော လူအနည်းငယ်နှင့်အတူ ခြံဝင်းထဲရှိနေတာ တွေ့လိုက်သည်။
တယောက်က လုဂျန် ကို ဆွဲခေါ်ထုတ်လာသည်။
လုရှန်း ခြံဝင်းတံခါးကို တွန်းဖွင့်ပြီး အားလုံးရဲ့အာရုံကို ချက်ချင်း ဖမ်းစားသွားစေသည်။
လုတာ့မင်နဲ့အမျိုးသမီးကျောင်း သူမကိုင်ဆောင်ထားသော ပစ္စည်းများကို မြင်သောအခါ မျက်လုံးများ တောက်ပသွားတယ်။
“ရှန်းလေး ပြန်လာပြီလား?"အမျိုးသမီးကျောင်း ရယ်မောကာ"မင်းအချိန်ကိုက်ပြန်ရောက်လာတာပဲ။ မင်းရဲ့ဦးလေးက ဒီကြွက်စုတ်လေးကို ငွေတုံး ၁၀ တုံးနဲ့ရောင်းဖို့ဆုံးဖြတ်ထားတယ်။”
လုရှန်း က ပစ္စည်းများကို ထင်းပုံပေါ်တင်ကာ လှည့်ကြည့်တယ်။ သူမ အေးစက်စက် ဆိုတယ်။"သူ့ကိုလွှတ်လိုက်”
"ဒုတိယအစ်မ၊သူတို့က အစ်ကို့ကို ခေါ်သွားချင်နေတာ!”
လုရှင်း ပြေးလာကာ လုရှန်းရဲ့ခြေထောက်များကို ပွေ့ဖက်ပြီး ပြင်းထန်စွာအော်ဟစ်တယ်။
ယောက်ျားတစ်ယောက်က အေးစက်စွာ ဖြေတယ်။"သူတို့ ငွေလက်ခံပြီးပြီ။ ငါ ကောင်လေးကို လာယူတာ”
"သူတို့?"
လုရှန်း၏အကြည့်များက လုတာ့မင်နဲ့အမျိုးသမီးကျောင်း ဆီ ကျရောက်သွား၏။ ထို့နောက် သူမ ရယ်မောရင်း"သူတို့ကဘယ်သူတွေလဲ? ကျွန်မတို့က အဝေးက ဆွေမျိုးတွေပဲ။ ကျွန်မရဲ့မောင် ကို ရောင်းဖို့ ဘာအခွင့်အရေးရှိသလဲ?”
လုတာ့မင်ရဲ့မျက်နှာက မည်းမှောင်သွားသည်။"လုရှန်း၊သူက မင်းအမေ ကိုသတ်တဲ့ လူသတ်သမားရဲ့သားဖြစ်တာကို မမေ့နဲ့။"