Ch-36 : ကတိသစ္စာကို ဖြည့်ဆည်းခြင်း။
လုရှန်း တွေ့ရာခုံကို ကောက်ယူလိုက်ပြီး ချုစစ်ဟန် ရှေ့ဝင်ထိုင်လိုက်သည်။
"အကြာကြီး စောင့်နေရလို့ တောင်းပန်ပါတယ် သခင်လေးချူ"လုရှန်း ဆွဲဆောင်မှုရှိတဲ့ အပြုံးဖြင့်"ဒီနေ့ ရှင့်ရဲ့အလည်ပတ်ကနေ ဘာတွေများ သတင်းကောင်းပါလဲ?"
"ငါတို့ဒီကိုစရောက်တည်းက မိန်းကလေးလု၊မင်း ငါတို့ကို လက်ဖက်ရည်ကြမ်းတောင် ဖျော်မတိုက်ချင်ဘူးလား"ချုယွမ်ကမေးတယ်။
"တောင်းပန်ပါတယ်!"
လုရှန်း တခစ်ခစ်ရယ်ပြီးတောင်းပန်သည့်အမူအရာဖြင့်"ရှင်တို့ ဗိုက်ဖြည့်ပြီးပြီမဟုတ်လား ကျွန်မတို့မှာ ရှင်တို့ကို တိုက်ဖို့လက်ဖက်ရည်ကြမ်း မရှိဘူး။"
ရိုးရိုးရေဆို တော်ပြီပေါ့ ထပ်တောင်းချင်သလား?
"ဟုတ်ပါပြီဗျာ!"
ချုယွမ် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး သူ့ရင်ထဲ စာနာစိတ်တွေ ပေါ်လာတော့သည်။
သို့သော် ချက်ချင်းဆိုသလို သူ့ရဲ့နောက်ကျော အေးစက်သွားသလို ခံစားလိုက်ရ၏။သူ ခေါင်းငုံပြီး ကြည့်လိုက်တော့ သခင်ရဲ့နက်နဲတဲ့ မျက်လုံးများ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
ချုယွမ် တုန်လှုပ်သွားကာ ပါးစပ်ကိုပိတ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ချုစစ်ဟန် လုရှန်း ကို တည်ငြိမ်တဲ့ အမူအရာနဲ့လှည့်ကြည့်၏။
"မနေ့ကမင်းယူဆောင်လာခဲ့အခြေအနေကို ဖြည့်ဆည်းပေးဖို့ ငါ ကူညီခဲ့တယ်။ မင်းရဲ့ကတိတည်မယ် မျှော်လင့်တယ်"
လုရှန်း ခေါင်းညိတ်၍"ဆက်ပြောပါ"
အခြေအနေက သူမရဲ့စွမ်းဆောင်နိုင်မှုအတွင်းရှိနေမှလို့ သူမ ကတိပေးခဲ့သည်။
ပိုက်ဆံတောင်းဆိုတာ မဟုတ်သရွေ့ အကုန်လုံး ညှိနှိုင်းလို့ရသည်။
"မနေ့က တောင်အနောက်ဘက်မှာ ငါတို့တွေ့ခဲ့တဲ့လူက မင်း မဟုတ်လား? မိန်းကလေးလု"
သူ့အကြည့်တွေက သူမကို စူးစူးစိုက်စိုက်ကြည့်နေပြီး သူ့အကြည့်တွေကို သူမ ရှောင်ဖို့ တားထားပုံပေါ် သည်။
ဒီမေးခွန်းက လုရှန်း အံ့သြသွားစေ၏။ထို့နောက် သူမ အပြုံးဖြင့် ချက်ချင်းတုန့်ပြန်လိုက်သည်။"ဒါက ဘယ်လိုဖြစ်တာလဲ?ကျွန်မနဲ့တူတဲ့မိန်းမက ဘာလို့ ညကြီးသန်းခေါင်မှာ တောင်ပေါ် ပေါ် လာရတာလဲ?"
"တကယ် မင်းမဟုတ်ဘူးလား?"ချုစစ်ဟန်ရဲ့မျက်ဝန်းအနည်းငယ်တင်းမာလာ၏။
လုရှန်း သူ့ကို တိတ်တဆိတ် ကြည့်နေ၏။
ချုစစ်ဟန် ပြုံးပြီး"အဲဒါ မင်းပဲ"
ငါ့ရဲ့ဂါထာစာရွက် ပြုတ်ကျမယ်ဆိုတာ ငါသိခဲ့ရင်၊ငါ နောက်ထပ် အနည်းငယ် ကပ်ထားပါတယ်။
အားရား!!
ငါအရမ်း ပေါ့လျော့လွန်းခဲ့တယ်!
လုရှန်း နောင်တရနေ၏။
"ရုပ်သေးပညာကို မင်းသိလား?"
ရုပ်သေးပညာ ? အဲဒါက ဝိညာဉ်ထိန်းချုပ်သူရဲ့ကျွမ်းကျင်မှုပဲ။!
သို့သော် သူမအဲဒါကို သူ့ကိုမပြောပြနိုင်ဘူး။
"ဒါက ရုပ်သေးပညာ မဟုတ်ဘူး။"
ဒါ သူမဖြေနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
သူမ နောက်ထပ် ဆက်မဖြေချင်တော့တာ သိတော့ ချုစစ်ဟန် သူမကို အတင်းအကြပ်မမေးတော့။
"မင်း ငါတို့ကို ကယ်ခဲ့တော့ မင်းဘာပြန်လိုချင်လဲ?"
"ဘာမှ ပေးစရာ မလိုဘူး"သူမ ခေါင်းခါယမ်း တယ်။"ကျွန်မ အတွက် ရှင် အမျိုးသမီးလျိုရဲ့ကိစ္စတွေကို ဖြေရှင်းပြီးပြီ။ကျေပြီ"
"သေချာပေါက် ရှင် စိတ်မကောင်းဖြစ်နေရင် ကျွန်မကို ပိုက်ဆံနည်းနည်းလောက်ပေးလို့ရတယ်။"
စည်းစိမ်ဥစ္စာမရှိသူသည် ခြေလက်များ စည်းထားသောလူနှင့်တူ၏။ ဘယ်အရာမဆို အောင်မြင်ဖို့ဆိုတာ သူတို့အတွက် ခက်ခဲသည်။
စိတ်လှုပ်ရှားမှုများပြည့်နှက်နေသော သူမရဲ့မျက်လုံးတွေကို ကြည့်ရင်း ချုစစ်ဟန် စကားမပြောနိုင်လောက်အောင် ခံစားလိုက်ရသည်။
"အများကြီးပေးစရာမလိုပါဘူး။ငွေတုံး ၁၀၊၂၀လောက်လောက်ပေးရင်ရတယ်။"
သူမ လောဘမကြီးဘူး။အသားဝယ်ဖို့ အလုံအလောက်ရှိသရွေ့ သူမ ကျေနပ်သည်။
"ချုယွမ်!"
ချုစစ်ဟန် အော်ခေါ်လိုက်၏။
ချုယွမ် သူ့အိတ်ကိုဖွင့်ပြီး လုရှန်း ဆီ လျှောက်လာ၏။
"ကျွန်တော်တို့ အမြန်ထွက်လာတော့ အများကြီး မယူလာခဲ့ဘူး။ ဒီမှာ ငွေတုံး တစ်ထောင်ရှိတယ်။ ဒီလောက်ဆို လုံလောက်ပြီလား မိန်းကလေးလု"
"ငွေတစ်ထောင်?"
လုရှန်း က အိတ်ကိုယူရန် ရောက်ရှိလာသည်။ အထဲတွင် ငွေစက္ကူအမြောက်အများပါ၀င်ပြီး တန်ဖိုးအနည်းဆုံး ငွေစက္ကူက ၅၀ ဖြစ်သည်။ ငွေတုံးတချို့လည်းရှိသေးသည်။
သူမ ပြုံးရင်း"လုံလောက်တယ်!"
ဒီငွေနဲ့ရေကန်တူးပြီး ကဏန်းနဲ့ကျောက်ပုစွန် တွေကို မွေးမြူလို့ရသည်။ ပြီးရင် ကဏန်းနှင့် ကျောက်ပုစွန် တို့ကို အဓိက ချက်စား ပြီး စိတ်တိုင်းကျ စားသုံးနိုင်တော့မည်။
လျိုယွဲ့ ရွာရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာမဲ့နေ့ကို သူမကြိုတင် မြင်ယောင်မိတော့ သည်။
"မိန်းကလေး လု၊မင်းမှာ ကြီးမားတဲ့ဆူးငြောင့်ခလုတ်တွေရှိနေသလား?"
ချုယွမ် သူမမျက်နှာပေါ်က 'ဆိုးညစ်သည့်အပြုံး' ကိုကြည့်ရင်းစိုးရိမ်တကြီးမေးလိုက်သည်။
"ဟွတ် ဟွတ်! ရှင်တို့နှစ်ယောက်မှာ တခြားကိစ္စတွေရှိသေးလား?"
ချုစစ်ဟန် မတ်တပ်ထရပ်ပြီး"ငါ့မှာ ဖြေရှင်းစရာတွေ ကျန်နေသေးတဲ့အတွက် ဒီမှာ ဆက်မနေတော့ဘူး။ မင်းမှာ တခြားတောင်းဆိုမှုတွေရှိသေးရင် မိန်းကလေးလု၊မင်းငါ့ကို ချုအိမ်တော်မှာ လာရှာလို့ရတယ်။"
လုရှန်း ခေါင်းညိတ်ပြပြီး သူတို့ကို အလျင်စလိုလိုက်ပို့သည်။
လူနှစ်ယောက်ကိုလိုက်ပို့ပြီးနောက် လုရှန်း ဝမ်းသာအားရ ခြံဝင်းဆီသို့ ပြန်လာခဲ့သည်။ လုဂျန်နဲ့လုရှင်းတို့ကို နေ့လည်စာစားဖို့ ဝက်သားပြုတ်စားမယ်လို့တောင် ပြောခဲ့တယ်။
မနေ့ညက မြို့ကိုသွားတုန်းက လုရန်ရဲ့ပညာရေးအတွက် မလုံလောက်မှာစိုးတာကြောင့် စားကောင်းသောက်ဖွယ်တွေ ဝယ်ဖို့ မစဥ်းစားထားခဲ့ပါ။
ဝက်သားပြုတ်စားမယ်ဆိုတာ ကလေးနှစ်ယောက်ကြားတော့ သူတို့ သရေကျသွားကြတယ်။