no

Font
Theme

အခန်း (၃၂) - လုံးဝအသုံးမကျဘူး

ချုအိမ်တော် စာကြည့်ခန်းတွင်။

“သခင် ကိုယ်လုပ်တော်ဘက်က သတင်းရထားပါတယ်။ ခါးကို ဓားနဲ့ထိုးခံရလို့ ချုစစ်လင်း အိပ်ရာ ပေါ် လဲလျောင်းနေပြီး နာကျင်စွာ အော်ဟစ်နေတယ်တဲ့"

ချုယွမ် ဝင်လာပြီး သတင်းကို သဘောကျစွာ သတင်းပို့၏။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ချုစစ်လင်း တစ်ခုခုလုပ်ထားသည်ကို သူတို့ သံသယရှိထားပြီးသားဖြစ်သည်။ တကယ်ပဲ သူ ဖြစ်နေ၏။

ချုစစ်လင်း သူ့လုပ်ရပ်များရဲ့အကျိုးဆက်ကို ခံစားရတာဖြစ်သည်။

ချုစစ်ဟန် သည် လက်ထဲက စာရွက်စာတမ်းများကို ချလိုက်ပြီး ဘာမှ မပြောဘဲ အေးစက်စက်ရယ်မော၏။

"စစ်ဟန်" ရုတ်တရက် အသံတစ်သံက သူတို့ကြားထဲဝင်‌ရောက်လာ၏။

သခင်မချု အစေခံတစ်ဦး နဲ့အတူ အခန်းထဲကို ဝင်လာသည်။

"အမေ၊ အရမ်းနောက်ကျနေပြီလေ။ ဘာလို့မအိပ်သေးတာလဲ?”

ချုစစ်ဟန် အမြန်ထပြီး ထိုင်ချဖို့ ကူပေးသည်။

"မင်းနဲ့ဆွေးနွေးဖို့ အမေ ဒီကိုလာခဲ့တာ"

ဒီစေ့စပ်ကြောင်းလမ်းကို ပြောတဲ့အခါ သခင်မချု လည်း ဒုက္ခရောက်ရ၏။

ဟောင်ရန်မြို့တွင် ရှန်းကွမ်းလင်းအာ စသာ သူ့သားနဲ့လိုက်ဖက်တဲ့ တစ်ဦးတည်းသော မိန်းကလေးဖြစ်တယ်။

သို့သော် တိုင်းပြည်နတ်ဆရာရဲ့စကားကို မပယ်ဖျက်နိုင်ဘဲ သူတို့ သားကို နှိမ့်ချကာ တောသူနဲ့လက်ထပ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

သို့သော် ရှန်းကွမ်းလင်းအာ သည် တရားဝင်ဇနီးဖြစ်လာနိုင်သည်ကို ရှန်းကွမ်းမိသားစုနဲ့ဆွေးနွေးနိုင်သေးတယ်။

ချုမိသားစု သည် ချမ်းသာကြွယ်ဝသည်။ ပညာမတတ်တဲ့ လယ်သူမလေး က မိသားစုကို ဘယ်လိုစီမံခန့်ခွဲနိုင်မှာလဲ?

ချုစစ်ဟန် က ပြုံးပြီး "အမေ၊ ကျွန်တော် မဖြေရှင်းနိုင်တဲ့ ကိစ္စတချို့ ရှိနေလို့ ကျန်တာတွေ နောက်မှ ဆက်ပြောကြရအောင်"

“မင်း အသုံးမကျတဲ့ သာမန်လူနဲ့လက်မထပ်ချင်ဘူးဆိုတာ အမေသိတယ်။ တိုင်းပြည်အကြံပေးရဲ့စကား က အမြဲမှန်ပေမဲ့ အမေတို့မှာ သားတစ်ယောက်ပဲရှိတာ။ မင်း တစ်ခုခုဖြစ်သွားရင် အမေတို့ ဘယ်လိုလုပ်မလဲ?"

သခင်မချု မျက်လုံးထောင့်တွေကို လက်ကိုင်ပုဝါနဲ့တို့ထိရင်းပြောလာသည်။

အသုံးမကျတဲ့သူ?

ချုစစ်ဟန် ခေါင်းယမ်းကာ ပြုံးလိုက်တယ်။ “မိန်းကလေးလုက ထူးထူးခြားခြား လှပသူပါ။ လုံးဝအသုံးမဝင်တဲ့သူမဟုတ်ဘူး"

ဒါ့အပြင် သူမ အခြားအရာများကို သိသည်။

ဘေးနားတွင် နားထောင်နေတဲ့ ချုယွမ် မျက်မှောင်ကြုတ်သွား၏။

သခင် ဘယ်တုန်းက ဒီလောက် နှစ်မြုပ်သွားတာလဲ?

“လှပတယ်?" ဒီစကားကြောင့် သခင်မချု အံ့သြသွား၏ "မင်းသူမကိုတွေ့ဖူးလား?"

"အကြိမ်အနည်းငယ်လောက် တွေ့ဖူးတယ်"

"ဘယ်လိုထင်လဲ?"

ချုစစ်ဟန် ပြုံးပြီးပြောလာသည် "အမေ အဲဒီလောက်ထိ စိတ်ပူနေဖို့ မလိုဘူး။ နောက်ထပ်၁၀ နှစ်လိုသေးတယ် မဟုတ်ဘူးလား။ မိန်းကလေးလုနဲ့သွားဖို့ ခရီးအဝေးကြီး ကျန်နေပါသေးတယ်။

"မင်းပြောတာက…မင်းက မိန်းကလေးလုကို လက်ထပ်ဖို့ ဆန္ဒရှိတယ်လား?"

သခင်မချု အံ့သြသွားသည်။

သားဖြစ်သူ ဒီစေ့စပ်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တာကို သူမ မှတ်မိသည်။ ဒါကို ငြင်းပယ်ဖို့အတွက် သူ ဒီကို တောက်လျှောက် ပြေးလာခဲ့သည်။

ဒါပေမယ့် မိန်းကလေးလုကိုတွေ့ပြီးနောက်မှာတော့ စိတ်ပြောင်းသွားပြီး သူမရဲ့အလှကိုတောင် ချီးကျူးနေသည်။

သူမရဲ့သား ဖြစ်သူ တစ်စုံတစ်ယောက်ကို ချီးမွမ်းတတ်အောင် သင်ယူခဲ့တဲ့အတွက် သူမ က ဘယ်လောက်တောင် လှပလိုက်မလဲ?

“ဒါဆို လင်းအာ အတွက်…”

သခင်မချု အစမ်းသဘောမေးတယ်။

ရှန်းကွမ်းလင်းအာ က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချုအိမ်တော် ဆီ မကြာခဏ လာရောက်လည်ပတ်လေ့ ရှိပေမဲ့ ချုစစ်ဟန်သည် အလုပ်များနေတာကို အကြောင်းပြချက်ပေးပြီး အမြဲတမ်းထွက်လာတက်သည်။ သခင်မချု သည် သားဖြစ်သူ ဘယ်လိုတွေးတယ်ဆိုတာကို သေချာမသိပါ။

“သခင်မလေးရှန်းကွမ်း က ဘာဖြစ်လို့လဲ?" "ချုစစ်ဟန် ဘာသိဘာသာနှင့် မေးလိုက်၏။

“မင်းမှာ…"

ချုစစ်ဟန် သည် ကြားရန် စိတ်မရှည်တဲ့ အရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ်တွင် အေးစက်စက်ပေါ်လာ၏ "သခင်မလေး ရှန်းကွမ်းနဲ့ပတ်သက်ပြီး ခံစားချက်မရှိဘူး"

မိသားစုနှစ်စု သီးသန့်ဆုံးဖြတ်ထားတာကို သူ သိသည်။ သူ အတိအကျသိတာမို့ ရှန်းကွမ်းလင်းအာ ကို ပလိပ်ရောဂါလို ရှောင်ရှားခဲ့သည်။

“ဒါပေမဲ့ မိန်းကလေးလုက တောသူမိန်းကလေးတစ်ယောက်၊ စာမဖတ်တက်ဘူးလေ။ သားအတွက် မိသားစုအရေးကို သူမ ဘယ်လို စီမံခန့်ခွဲနိုင်မလဲ? သားကို ကူညီနိုင်တဲ့ ဇနီးတစ်ယောက်လိုတယ်"

ချုစစ်ဟန် က အေးအေးဆေးဆေး မေးလိုက်သည်။ "ဒါဆို သူတို့နှစ်ယောက်လုံးကို လက်ထပ်စေချင်တာလား?"

"အင်း။ သားရဲ့အကျိုးအတွက် အမေလုပ်နေတာ!" သခင်မချု က မသိမသာ ပြန်တုန့်ပြန်သည်။

ချုစစ်ဟန် က အေးစက်စက်ပြုံး၍ "ညီလေး ဘယ်လိုသေသွားသလဲ မေ့သွားပြီလား?"

ချုစစ်ဟန် က 'ညီလေး' လို့ ပြောတဲ့အခါ သခင်မချုရဲ့မျက်နှာ က ဖြူဖျော့သွား၏။

အသက်ကြီးသော သခင်ကြီးချု တွင် အမျိုးသမီးဂျန် လို့ခေါ်တဲ့ ကိုယ်လုပ်တော်ရှိခဲ့သည်။ အစပိုင်းမှာတော့ သခင်ကြီးချု က သူမကို အရမ်းချစ်ပေမယ့် ကလေးမမွေးနိုင်တာ နှစ်နဲ့ချီရှိကြာရှည်ခဲ့သောကြောင့် ချစ်ခင်မှုကို ဆုံးရှုံးခဲ့တယ်။

တစ်ဖက်တွင် သခင်မချု သည် သားနှစ်ယောက် မွေးပေးခဲ့တယ်။ ငယ်စဉ်ကတည်းက ချုစစ်ဟန် က တောက်ပသောကြောင့် သူမရဲ့မာန အရင်းအမြစ်ဖြစ်တယ်။

အမျိုးသမီးဂျန် က ချုစစ်ဟန် ကို ချေမှုန်းပြီး သခင်မချု ကို နှိပ်စက်ချင်ခဲ့တယ်။ ဒါကြောင့် ချုစစ်ဟန်ရဲ့မုန့်တွေထဲ အဆိပ်ခတ်ခဲ့သည်။

သို့သော် ချုစစ်ဟန် မစားခဲ့။ အဲဒါတွေကို စားခဲ့သူက ဆာလောင်နေတဲ့ ချုစစ်ယွမ် ဖြစ်ပြီး နောက်ဆုံး အဆိပ်သင့်သေဆုံးခဲ့သည်။

နောက်ပိုင်း အမျိုးသမီးဂျန် က တရားခံဖြစ်ကြောင်း တွေ့ရှိချိန်တွင် သခင်ကြီးချု က ဒေါသတကြီး ထောင်ချပစ်ခဲ့ကာ သိပ်မကြာခင် အမျိုးသမီးဂျန် သေသွားခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment