အခန်း(၂၉) - အမျိုးသမီးလျန်
လုရန် က "လူငယ်" ရဲ့အဓိပ္ပာယ်ကို မသိဘူးလား။
သူ့တူက အသက်နှစ်ဆယ်ရှိနေပြီဆိုမှတော့ သခင်ချူက ဘယ်ငယ်တော့မလဲ?
ဟင်းပွဲတွေက စားပွဲပေါ် အမြန်ရောက်လာသည်။ လုဂျန်နဲ့ လုရှင်းတို့ စောစောက စားခဲ့တာမို့ ဗိုက်ပြည့်နေပေမယ့် ကြက်ပေါင်တစ်ချောင်းစီ ကိုက်ကြသည်။
လုရန်လည်း အသားအနည်းငယ် စားသည်။
လုရှန်း သည် ဗိုက်အပြည့်စားပြီးနောက် ပါးစပ်ကို သပ်သပ်ရပ်ရပ်သုတ်နေသည့် ချုစစ်ဟန်ကို ကြည့်လိုက်သည်။ သူမ တစ်ခုခုပြောချင်သော်လည်း ရပ်လိုက်သည်။
"မိန်းကလေးလု မင်း ဘာမေးချင်လို့လဲ?"
ချုစစ်ဟန် သူမကို အေးအေးဆေးဆေးကြည့်ကာ မေးလိုက်သည်။
"အင်း… သခင်လေးရဲ့ ဦးလေးနဲ့ ကျွန်မတို့ရဲ့ စေ့စပ်ကြောင်းလမ်းကို သိတယ် မဟုတ်လား"
“သိတယ်"
"သခင်လေးရဲ့ ဦးလေး က မုဆိုးဖိုလား?"
မဟုတ်ရင် သူ ဘာလို့ မယား မရှာနိုင်ရတာလဲ?
"အဟွတ်! အဟွတ်!"
ချုစစ်ဟန် စကားမပြောခင် လုရန် ချောင်းဆိုးပြီး မျက်နှာရဲတက်လာ၏။
ချုစစ်ဟန် က "မဟုတ်ဘူး…"
သူ အရင်အိမ်ထောင်ထောင် မပြုဖူးဘူး။ ဘယ်လိုလုပ် မုဆိုးဖို ဖြစ်ရမှာလဲ?
“ဒါဆို တရားသူကြီးမင်း က ဇနီးမယားတစ်ယောက် ဘာလို့ ရှာမတွေ့ရတာလဲ?" လုရှန်း က နှုတ်ခမ်းစူပြီး "သူဟာ အကျင့်ပျက်သူတစ်ယောက်ဖြစ်နေမလား"
ချုစစ်ဟန် ပိုပို၍ ရယ်စရာကောင်းလာသည်ဟု တွေးမိသည်။
ချောင်းဆိုးတာရပ်သွားတဲ့ လုရန် ဟာ စကားမပြောနိုင်ဖြစ်သွားသည်။
"လူကြီးမင်းချု သူမကို စိတ်မရှိပါနဲ့။ ကျွန်တော့်ညီမ က အဓိပ္ပာယ်မရှိတာပြောနေတာပါ။ ညီမလေး သခင်ချုကို မပြောနဲ့တော့!"
မကြာခဏ ပါးစပ်က ဒုက္ခ ထွက်လာတတ်သည် ဆိုတာ သူမ မသိဘူးလား?
“အဆင်ပြေပါတယ်”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချုစစ်ဟန် က ရုတ်တရက် ပြန်ဖြေသည်။
"ဒါပေမယ့် ကျွန်မ ပြောလိုက်မယ်။ ကျွန်မ ရှင့်ဦးလေးနဲ့ လက်မထပ်နိုင်ဘူး"
လုရှန်း စကားပြောနေစဉ် လက်ပေါ် မေးတင်ကာ "ကျွန်မရဲ့အလှက သခင်လေးလို ချောမောသူနဲ့မှ လိုက်ဖက်တာ"
"ဟုတ်လား?" ချုစစ်ဟန် တိုးတိုးတိတ်တိတ် ရယ်မောတယ်။
လုရန် သူ့နဖူးကို ဖိနှိပ်ထားလိုက်တော့သည်။ သူ့ညီမ အရင်တုန်းက ဒီလိုမဟုတ်ဘူး။
ဒါ ငါ့ညီမ မဖြစ်နိုင်ဘူး!
ချုစစ်ဟန်နဲ့ ကျန်တဲ့သူတွေကို နှုတ်ဆက်ပြီးနောက် မောင်နှမများလမ်းပေါ်၌ ပစ္စည်းအချို့ဝယ်ကာ ရွာသို့ ပြန်ခဲ့ကြသည်။
လုရှန်း အိမ်ပြန်ရောက်ပြီး ပထမဆုံးလုပ်ခဲ့တာက ပန်းခြံထဲက အပင်တွေကို ရေလောင်းသည့်အလုပ်ဖြစ်သည်။
"လုရှန်း?"
ခြံစည်းရိုးအပြင်ဘက်တွင် ခြင်းတောင်း ထမ်းလာသည့် အမျိုးသမီး က ခေါင်းကို ငုံ့ကာ စကားလာပြော၏။
“ဟုတ်ကဲ့!”
လုရှန်း သူမ၏သစ်သားရေပုံးကို ချလိုက်ပြီး မြန်မြန်လျှောက်လာသည်။ "အဒေါ်လျန် ကျွန်မကိုဘာလို့ရှာတာလဲ?"
ဒီအမျိုးသမီးကို အမျိုးသမီးလျန် လို့ခေါ်တာကို မူလခန္ဓာကိုယ်မှတ်ဉာဏ်မှ သိရှိခဲ့သည်။ ထိုအမျိုးသမီးနဲ့ အမျိုးသမီးဟဲတို့သည် အန်းယုရွာသူတွေဖြစ်သည်။ သူတို့နှစ်ဦးစလုံး သည် လျိုယွဲ့ရွာမှ အမျိုးသားများနဲ့ လက်ထပ်ခဲ့သည်။
"တကယ်မင်းပဲ!"အမျိုးသမီးလျန် က လုရှန်း၏မျက်နှာကို စိုက်ကြည့်ရင်း အံ့သြသော အမူအရာတစ်ခုကို ထုတ်ဖော်သည်။
အမျိုးသမီးလျို က ခြင်းတောင်းကိုပေးပြီး "မင်းအဖွား က ပေးခိုင်းလိုက်တာ"
လုရှန်း ခြင်းတောင်းကိုယူပြီး အထဲကိုကြည့်လိုက်ရာ ကြက်ဥများပြည့်နေသည်ကို တွေ့လိုက်ရသည်။
ခဏကြာတော့ အမျိုးသမီးလျန်က ပိုက်ဆံအိတ်ကို ထုတ်ပြီး သူမကို ပေးသည်။
“ဒီမှာ ငွေ။ မင်းရဲ့အိမ်မှာ ဖြစ်ပျက်ခဲ့တာကို မင်းအဖွားကြားပေမယ့် ခြေထောက် အားနည်းပြီး မင်းဦးလေးကလည်း အိမ်မှာမရှိလို့ ကိုယ်တိုင်လာလို့မရဘူး။ ကောင်းတဲ့ဘဝတစ်ခုကို ဦးဆောင်ဖို့နဲ့ အဲဒီလူယုတ်မာတွေကို ထောင်ထဲမှာပဲ ချုပ်နှောင်ထားဖို့ ပြောခိုင်းလိုက်တယ်"
အမျိုးသမီးလျန် သည် ပြောပြီးနောက် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အဖွားနဲ့ဦးလေးတစ်ယောက်ရှိနေကြောင်း လုရှန်း သတိရမိသည်။
သို့ပေမယ့် သူတို့ရဲ့ဘဝ က ခက်ခဲလွန်းသည်။ ဒီငွေအနည်းငယ် က သူတို့၏မိသားစုအတွက် ဝီရိယစိုက်ထုတ်စုဆောင်းထားသော စုဆောင်းငွေဖြစ်နိုင်သည်။ သူ့ဦးလေး က အသက် ၁၇ နှစ်၊ ၁၈ နှစ် ရှိပြီဖြစ်ပေမယ့် လူလွတ်ဖြစ်ဆဲပဲ။သူ အရမ်းဆင်းရဲလို့ ဖြစ်နိုင်သည်။
"အဒေါ် က ဘာလို့ ရောက်လာတာလဲ?"
နွားလှည်း ပြန်ပေးပြီး ပြန်လာသော လုရန်က အမျိုးသမီးလျန်ကို သံသယဖြင့် ကြည့်သည်။
သူတို့ သည် တစ်ရွာတည်းနေ ဖြစ်ပေမယ့် အိမ်များ ဝေးကွာကြသည်။
"လုရန်!" အမျိုးသမီးလျန် က ပြုံးပြီးပြောသည် "အဒေါ် အန်းမုရွာက ပြန်လာတာ။ မင်းအဖွားက မင်းအတွက် တစ်ခုခု ယူသွားပေးဖို့ ပြောလို့”
လုရန် က မျက်မှောင်ကြုတ်၍ "အဖွားက ဘာလို့ဒီလိုလုပ်တာလဲ။ ကျွန်တော်တို့ဆီ ဘာမှမပို့ရင်တောင် ကျွန်တော်တို့ ငတ်မှာမဟုတ်ဘူး"
တစ်ဖက်မိသားစု က ရုန်းကန်နေရသော်လည်း သူတို့အတွက် စိုးရိမ်နေလေသည်။
အမျိုးသမီးလျန်က ဖြည်းညှင်းစွာ သက်ပြင်းချသည် "မင်းအဖွားက မင်းကို ချစ်တယ်။ သူ့ခြေထောက်တွေ ကောင်းရင် သူ့ကိုယ်တိုင် လာမှာ"