အခန်း(၃၁) - ကိုယ်ရည်ကိုယ်သွေး
"လုရန် မင်း သေမင်းနဲ့တွေ့ချင်နေပြီလား!"
ထိုလူငယ် က ဒေါသတကြီး ကန်ကျောက်ပြီး တုံ့ပြန်ချင်ပေမဲ့ လုရန် က ရှောင်တိမ်းလိုက်၏။
"အိုး? လုရန် ငါ မင်းနဲ့မတွေ့တာ ရက်ပိုင်းပဲရှိသေးတယ်။ မင်း ငါ့ကို ပုန်ကန်နေပြီလား?"
စန်းဟူရဲ့မျက်နှာပေါ်မှာ မပျော်ရွှင်တဲ့ အမူအရာ ပေါ်လာသည်။
လုရန် သည် အရင်က သူအမိန့်ကို နားထောင်ခဲ့ပေမဲ့လည်း အခုတော့ သူ့ရှေ့မှာ သူ့လူတွေကို ရိုက်နှက်နေသည်။
လုရန် က သူ့ကိုကြည့်ပြီး ပြောလိုက်သည် "ဘာမှမရှိတော့ရင် သွားတော့”
စန်းဟူ သည် မျက်မှောင်ကြုတ်၍ "မင်း ဘာကိုဆိုလိုတာလဲ? မင်းငါ့နောက်မလိုက်ချင်တော့ဘူးလား?"
လုရန် သူ့ကို စိုက်ကြည့်ပြီး စကားမပြောချေ။
"မင်း မာနကြီးလာတယ်!"
စန်းဟူ က အေးစက်စက် ရယ်မောပြီး သူ့နောက်က လူတွေကို လက်ဖြင့် အချက်ပြလိုက်သည်။
"အရင်စည်းကမ်းအတိုင်း ငါ့ကို သစ္စာဖောက်ရဲတဲ့သူ က အရိုက်ခံရမယ်"
ထိုအချိန်တွင် လုရှန်း သည် လုဂျန်ကို ဟင်းသီးဟင်းရွက်တောင်းပေးပြီး အိမ်ထဲ မှာ လုရှင်းနဲ့ပုန်းနေဖို့ ပြောလိုက်သည်။
သူမ လက်ကို ပွတ်သပ်ရင်း စန်းဟူနဲ့သူ့ရဲ့လူများကို စိုက်ကြည့်ပြီး ရှေ့သို့လျှောက်လာ၏။ "နင်က ငါ့အစ်ကို ကိုရိုက်ချင်တယ်ပေါ့?"
သူမမျက်နှာတွင် အပြုံးတစ်ခုရှိနေ၏။
"မင်း သူ့ကို မထိစေချင်ရင် မင်း ငါတို့နဲ့ကစားလို့ရတယ်!"
စန်းဟူ သည် သူမ၏လှပသောမျက်နှာနှင့်အသွင်အပြင်မြင်ချိန်တွင် ဆွဲဆောင်မှုတစ်ခုကို ခံစားလိုက်ရ၏။
“ကောင်းပြီ!"
"လုရှန်း!"
လုရန် က မျက်မှောင်ကြုတ်ပြီး သူမကို လှမ်းအော်လိုက်သည်။
စန်းဟူရဲ့စကားကို သူမ ဘာလို့ သဘောတူလိုက်တာလဲ?
"တကယ်လား?"
စန်းဟူရဲ့မျက်လုံးသေးသေးလေး ပြူးကျယ်သွားပြီး သူ့မျက်နှာပေါ် မျှော်လင့်ချက်တစ်ခု ပေါ်လာသည်။
"ဘာလို့ ငါ့နေရာဆီ မသွားရမှာလဲ?"
လုရန် တစ်ခုခုပြောချင်ပေမယ့် လုရှန်း က ပြန်တွန်း၏။
စန်းဟူ သည် သူ့ရှေ့ရှိ လုရှန်း ပြုံးပြရင်း ပြောလိုက်သည်။ "ဘယ်မှ သွားစရာ မလိုဘူး။ ဒီမှာပဲနေကြရအောင်"
"ဒီမှာ? ဒါ သိပ်မကောင်းဘူး မဟုတ်လား?"
"လုရှန်း!"
ထို့နောက် လုရှန်း သူမ၏ခြေထောက်ကို မြှောက်၍ စန်းဟူရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို ကန်ထုတ်လိုက်တော့သည်။
နာကျင်စွာအော်သံ ထွက်ပေါ်လာခဲ့သည်။
လုရှန်း က အေးစက်စက်ပြုံးရင်း "မှန်ထဲ ကိုယ့်ကိုကိုယ် ပြန်ကြည့်ဦး ငါ က နင် စိတ်ကူးယဉ်နိုင်တဲ့သူတစ်ယောက်လား"
"ငါ့အတွက် သူ့ကိုရိုက်ကြစမ်း!"
စန်းဟူ သူ့ခန္ဓာကိုယ်အောက်ပိုင်း ဆုပ်ကိုင်ရင်း သူ့လူတွေကို ဒေါသတကြီး အမိန့်ပေးလေသည်။
စန်းဟူရဲ့အသံကိုကြားချိန်တွင် လုရန် သတိပြန်ကပ်သွားကာ သူ့ညီမကို ကာကွယ်ဖို့ ရှေ့တိုးလိုက်၏။
သို့သော် သူမ ခုံကောက်ကိုင်လိုက်ပြီး ကျန်လူများကို ပြင်းထန်စွာ ရိုက်နှက်တော့သည်။
သူမ က ကြုံရာကျပန်းလုပ်နေပုံရပေမဲ့ ပစ်မှတ်တိုင်းကိုထိတယ်။ တိုက်မိသူတိုင်း နာကျင်စွာ အော်ဟစ်ပြီး ပြန်ဆုတ်သွားကြသည်။
သူ့လူ ၇ ယောက် မိန်းကလေးတစ်ယောက်ကို အနိုင်မယူနိုင်ခဲ့တာကိုကြည့်ရင်း စန်းဟူ ဒေါသထွက်လွန်းလို့ ရင်ဘတ်နာကျင်လာသည်။
သို့သော်လည်း သူတို့မှာ ရှုံးနိမ့်မှုကနေ ထွက်ပြေးရန်မှတပါး ရွေးချယ်စရာမရှိပေ။ သူတို့ပတ်ဝန်းကျင်တွင် စုဝေးနေတဲ့ ရွာသားများက လုရှန်းကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေလေသည်။
“အမ်…”
လုရှန်း ခုံပြန်ချပြီး ဆံပင်နှင့် အဝတ်အစားများကို သပ်လိုက်ပြီး သူတို့ကို တောက်ပစွာ ပြုံးသည်။ “အာ… ရှင်းပြတာ နားထောင်ပါဦး…. “
လူတိုင်း သည် သူမကို ခြောက်ကပ်ကပ် ပြုံးပြပြီး ရှောင်ထွက်သွားတော့သည်။
သူတို့ သူမကို စကားမပြောဘဲ ထားရစ်ခဲ့ကြသည်။
‘အာ…ငါ့ရဲ့နူးညံ့တဲ့ပုံရိပ်တော့ သွားပြီ’
ဒီအဖြစ်အပျက်ပြီးနောက်၊ လုရှန်း၏ကိုယ်ရည်ကိုယ်သွေး အကြီးအကျယ်ပြောင်းလဲသွားတဲ့သတင်း သည် လျိုယွဲ့ရွာတစ်ရွာလုံး ပျံ့နှံ့သွားတော့သည်။
ညစာစားနေစဉ် လုရှင်းမှလွဲပြီး လုရန်နဲ့လုဂျန်တို့ လုရန်ကို ခိုးကြည့်နေ၏။
သူရဲဘောကြောင်တဲ့လုရှန်း ရုတ်တရက် ဘာလို့ ဒီလို ပြင်းထန်လာသည်ကို သူတို့နားမလည်ပါ။
လုရှန်း က သူတို့ကို လျစ်လျူရှုကာ ပန်းကန်လုံးထဲက ထမင်းကို စားရင်း ခေါင်းငုံ့ထားတယ်။
သူတို့ပန်းကန်တွေထဲ အစားအသောက်တွေတောင် ထည့်ပေးသေးတယ်။
လုရှင်း သည် အမျိုးသမီးလျိုနဲ့မရင်းနှီးပါပေ။ ဒါ့အပြင် ဒီနေ့ အမျိုးသမီးလျိုရဲ့ကြောက်ဖို့ကောင်းတဲ့ပုံစံကြောင့် လုရှင်း ညဘက်အိပ်ရင် အမျိုးသမီးလျိုကို မတတော့ဘဲ လုရှန်းနဲ့အတူ အိပ်ချင်နေသည်။
ဆိုးတဲ့ကလေးနှစ်ယောက်ကို အိပ်ခိုင်းပြီး လုရှန်း သမ်းဝေရင်း သူမ၏အိပ်ခန်းသို့ ပြန်သွားခဲ့တယ်။
သူမ၏နေရာလက်ကောက်ကို ကြည့်လိုက်ချိန်တွင် ကျောက်ပုစွန်နှင့် မြစ်ကဏန်းတို့ အသက်ရှင်နေသေးတာ တွေ့ခဲ့တယ်။
သူမ ကျောက်ပုစွန်များ၏မျိုးပွားမှုဖြစ်စဉ် ကို နားလည်သည်။ ဒါဟာ သူမ၏ပထမဆုံးရွှေအိုးကို ရိုက်ဖို့ သေချာပေါက် အခွင့်အရေးကောင်းပင်။
သူမ၏ဆရာက ဒီအစားအစာ နှစ်ခုကို စားရတာ ကြိုက်တဲ့အတွက် သူမ တော်တော်များများကို မွေးထားတာ ဖြစ်၏။