အခန်း (၁၁) - သူမက သူတောင်းစားမဟုတ်လော?
"မင်း..မင်း လုရှန်းကို သတ်လိုက်တာလား?"
လုတာ့ဟွား က ရုတ်တရက် ပြောလိုက်တော့ ရွာသားတွေ လန့်သွားသည်။ အမျိုးသမီးလျို အပေါ် လူတိုင်းကြည့်တဲ့အကြည့် ပြောင်းလဲသွားသည်။ သူတို့ ဒေါသထွက်လာတယ်။
"အဲဒီမိန်းကလေးက အရမ်းနာခံတယ်။ ညည်းညူခြင်းမရှိဘဲ မင်းညွှန်ကြားသမျှကို လုပ်ခဲ့တယ်။"
"ဟုတ်တယ်! ဒီလောက်ကောင်းတဲ့ ကလေးမလေးကို ဘယ်လိုလုပ် သတ်နိုင်တာလဲ? တကယ်ကို နှလုံးသားမဲ့တာပဲ!"
"သူ့ခင်ပွန်းဟောင်းကိုတောင် သတ်ပစ်လိုက်တာလား မသိဘူး။"
လူတိုင်းက အမျိုးသမီးလျိုကို လက်ညှိုးထိုးပြီး ပြောကြသည်။
အမျိုးသမီးလျိုမှာ လုံးဝကို အံသြသွားသည်။ အမျိုးသမီးလျိုသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ဘာမှပြန်မပြောနိုင်ဘဲ မျက်လုံးများ ပြူးကျယ်နေ၏။
"သခင်၊ မင်းပြောတာမှန်တယ်။ သူက လူသတ်သမားပဲ!"
ချူယွမ်က ချူစစ်ဟန်ကို သူ့ကိုယ်သူ ဂုဏ်ယူတဲ့ပုံစံမျိုးနဲ့ တစ်ချက်ကြည့်၏။ _ငါ့ရဲ့သံသယတွေက ဘယ်တုန်းကမှ မှားခဲ့ဖူးလို့လဲ?
ချူစစ်ဟန်က အမျိုးသမီးလျိုကို အေးတိအေးစက် စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်- "အုပ်ချုပ်ရေးအရာရှိ ဝမ်၊ တောင်ပေါ်က လူတွေကို ပြန်လာခိုင်းပြီး လူသတ်သမားကို တွေ့ပြီလို့ ပြောလိုက်"
"ဟုတ်ကဲ့!"
လုရှန်း သည် ဘေးနားမှာ ရပ်ပြီး သူတို့ကို ကြည့်နေ၏။ ချူယွမ်သည် တောင်ကုန်းဆီ လျှောက်သွားပြီး တစ်ဖက်က ခြံစည်းရိုးကို ကျော်လိုက်သည်။
လုရှန်း သည် အနားမှာ ဘယ်သူမှမရှိတာသေချာတဲ့အခါ သူမ မမြင်နိုင်တဲ့ အဝါရောင်ဂါထာစက္ကူကို ခွာ၍ တောင်ခြေရင်းမှာ ထိုင်ချလိုက်သည်။ ခြေသံကြားတော့ ရုတ်တရက် ထရပ်ပြီး ရွာဘက်ကို ဖြည်းညှင်းစွာ လျှောက်လာသည်။
တောင်ပေါ်မှ လမ်းလျှောက်လာသော အုပ်ချုပ်ရေးအရာရှိဝမ်နဲ့ ချူယွမ်တို့ သူမရဲ့နောက်ကျောကို မြင်တော့ အနည်းငယ် ရင်းနှီးသလို ခံစားရသည်။ သို့ပေမဲ့ တရားခံကို ဖမ်းရန် အလျင်လိုနေတာမို့ သူမကို သိပ်ဂရုမစိုက်မိကြပေ။
အုပ်ချုပ်ရေးအရာရှိ ဝမ်နဲ့ အခြားသော အစောင့်တွေက လုရှန်းရဲ့နံဘေးက မြန်မြန်ဖြတ်သွားကြသည်။ သူမကို စကားမပြောကြဘူး။
ဘာလို့ ငါ့ကို တစ်ယောက်မှ သတိမထားမိကြတာလဲ? ဒီမှာ ပေါ်လာတာကို ငါဘယ်သူလဲလို့ သူတို့ မေးသင့်တာ မဟုတ်လား?
သူမကို တောင်ကုန်းတွေပေါ်မှာ လိုက်ရှာနေတာ ကြာပြီ ဆိုပေမယ့် သူမ ထွက်လာချိန် ဘယ်သူမှ သတိမထားမိခဲ့ကြပေ။
သူမ တိတ်တိတ်လေးရယ်ရင်း မြန်မြန်လျှောက်ပြီး သူတို့အနောက်မှ လိုက်လာခဲ့သည်။
အုပ်ချုပ်ရေးအရာရှိ ဝမ် သည် ရွာရောက်သောအခါ အမျိုးသမီးလျိုနဲ့ လုနိုင်းကို ဖမ်းဆီးရန် သူ့လူများကို ချက်ချင်း အမိန့်ပေးသည်။
လုနိုင်း သည် ဝမ်းနည်းနေ၏။ အမေဖြစ်သူကို ဖမ်းသွားတာ မြင်တော့ အော်ဟစ်ပြီး သူမကို ဖမ်းထားသည့်ကို အစောင့်ကို ကိုက်၏။ တစ်ယောက်ယောက်က အနီးကပ်နားထောင်ရင် သူမကို ထပ်ခါတလဲလဲ ရွတ်ဆိုသံကို ကြားရလိမ့်မည်-
"ငါ့ကို ခွင့်လွှတ်၊ ငါ မသတ်ဘူး!"
"အလောင်း ဘယ်မှာလဲ?"
လုတာ့ဟွား က ဒေါသတကြီး အမျိုးသမီးလျို ကို မေး၏။
ငါ့ရဲ့ငွေ၅၀၀ ဘယ်မှာလဲ?
အမျိုးသမီးလျို က ကြောက်ရွံ့စွာ ခေါင်းယမ်းလေ၏- "ငါ မသိဘူး! ငါ မသတ်ဘူး!"
"ဒီအချိန်မှာ မင်းငြင်းရဲသေးတယ်နော်" အုပ်ချုပ်ရေးအရာရှိဝမ်က လှောင်ပြောင်၏။
ချူယွမ်က ချူစစ်ဟန်ကို ကြည့်၍ မေးသည်- "သခင်၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ?"
"သူ့ကိုခေါ်သွားပြီး ခရိုင်တရားသူကြီးထံ လွှဲပေးလိုက်။ မိန်းကလေးအလောင်း ဘယ်မှာလဲ?"
ချူစစ်ဟန် က မတက်နိုင်ပဲ တိတ်တဆိတ် သက်ပြင်းချမိ၏။
မိန်းကလေးက ၁၆ နှစ်ပဲ ရှိသေးသည် လို့ ကြားသည်။ ဒီလို လှပတဲ့ အရွယ်မှာ ဒီလို သေဆုံးရတာ ဘယ်လောက် နှမြောဖို့ကောင်းလိုက်သလဲ? သူ့မိဘရဲ့ဆုံးဖြတ်ချက် က သူမ ချစ်ရတဲ့သူနဲ့လက်ထပ်ဖို့ အခွင့်အရေးတောင် ဆုံးရှုံးခဲ့ရသည် လို့လည်း သူ ကြားသည်။
အခုတော့ အရာအားလုံး နောက်ကျသွားပြီ! ပြုပြင်ရန် သူလုပ်နိုင်သမျှမှာ သူမ၏အလောင်းကို ရှာဖွေပြီး မြှုပ်နှံရန်ဖြစ်သည်။
"လုရှန်း!"
အမျိုးသမီးလျိုနဲ့ လုနိုင်းတို့ကို တံခါးဝမှ ခေါ်ထုတ်လာစဉ်တွင် တစ်စုံတစ်ယောက် သည် ရုတ်တရက် အံ့သြတကြီး ထအော်၏။ အားလုံး မှာ သူတို့လုပ်နေတာတွေကို ရပ်လိုက်ကြသည်။
ကြောက်ရွံ့ထိတ်လန့်စွာ ရုန်းကန်နေသော အမျိုးသမီးလျိုနဲ့ လုနိုင်းတို့သည် ထိတ်လန့်တုန်လှုပ်နေပြီး ဘေးကို လှမ်းကြည့်သည်။ "သေပြီ" လို့ ယူဆရသည့် လုရှန်း ကို ထိုနေရာတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။
လုရှန်း က သူတို့ကို ဘာမှမသိတဲ့ပုံစံနဲ့ ဟန်ဆောင်သည်။ အမျိုးသမီးလျိုနဲ့ လုနိုင်းတို့ ရုတ်တရက် ကြောက်ရွံ့စွာ အော်လိုက်ပြီး ဒူးထောက်ချကာ ဒူးနှစ်ဖက်ထဲ ခေါင်းကိုမြုပ်နှံထားပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။
"ငါ့ကို မသတ်ပါနဲ့! ငါ့ကိုမသတ်နဲ့!"
"သရဲ!သရဲ!"
လုနိုင်း က ထိတ်လန့်စွာ အော်လိုက်ပြီး မျက်လုံးအပေါ်လန်၍ ချက်ချင်း မူးလဲသွား၏။
ခဏတာမျှ တုန်လှုပ်သွားပြီးသောအခါ အမျိုးသမီးလျိုမှာ ရုတ်တရက် ဝမ်းသာသွားသည်- "ရှန်းရှန်း၊ မင်း အသက်ရှင်နေသေးတယ်နော်? ကောင်းလိုက်တာ!"
အမျိုးသမီးလျို သည် စကားပြောနေစဉ် အစောင့်များ၏ ချုပ်ကိုင်မှု မှ လွတ်မြောက်ရန် ကြိုးစားတော့သည်။
သို့သော် လုရှန်း က ရုတ်တရက် ထရပ်ပြီး လူအုပ်အနောက် ၌ ဝင်ပုန်း၏။
"ကယ်ကြပါဦး! သူတို့ ကျွန်မကို သတ်ချင်နေတာ! ကျွန်မကို အသက်ရှူကြပ်အောင် စောင်ကို အသုံးပြုပြီး ရေကန်ထဲတောင် ပစ်ချခဲ့တယ်။ ကျွန်မ ရေနစ်သေလုနီးပါး ဖြစ်ခဲ့ရတယ်!"
လုရှန်း ရဲ့ကြောက်လန့်နေတဲ့ အကြည့်နဲ့ ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာတာ မြင်တော့ သူတို့ရဲ့နှလုံးသားတွေ က နာကျင်လာ၏။ သူမ အလွန်သနားစရာကောင်းနေခဲ့သည်။
တချို့မိန်းမတွေဆိုရင် သူမရဲ့နောက်ကျောကို ပွတ်ပေးပြီး နှစ်သိမ့်ပေးကာ ကာကွယ်ပေးရန် အမျိုးသမီးလျို ကို တားဆီးဖို့ ကြိုးစားကြတယ်။
ချူယွမ် က လုရှန်းကိုတွေ့တော့ အံသြသွားသည်- "သခင်၊ သူမ က အဲဒီသူတောင်းစားမဟုတ်လား?"
ချူစစ်ဟန် တွင် ဘာအမူအရာမှ ထုတ်မပြသော်လည်း အံ့အားသင့်နေ၏။
ပျောက်ဆုံးနေသည့် မိန်းကလေးက ဒီလို အကူအညီပေးတတ်သည့် သူတောင်းစားဖြစ်မယ် လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။