Ch- 4 : ပထမတွေ့ဆုံမှု။
ချူစစ်ဟန်သည် ဘာမျှမပြောဘဲနေလိုက်သည်။
ချူယွမ် က အံ့အားသင့်စွာဖြင့် ချူစစ်ဟန်ကို စိုက်ကြည့်ကာ "သခင် ခုနက သူတောင်းစားအကြောင်း ပြောနေတာလား?"
ချူစစ်ဟန် က တိတ်ဆိတ်စွာပင် နေပြန်သည်။
သို့သော် ချူယွမ် သည် သခင် ဘယ်သူ့အကြောင်းပြောနေသည်ကို သိပ်သိချင်နေသည်။
ဤသို့ဆိုလျှင်ပင် သူ စဉ်းစားမိသည်။ __ ‘သခင် က "ကရုဏာ" ဆိုသည်ကို မည်သည့်အချိန်ကစ၍ နားလည်သွားတာလဲ?’
ချူယွမ် သည် ထပ်မမေးတော့ဘဲ အိတ်ထဲမှ ငွေဒဂါးအချို့ကိုထုတ်ကာ လုရှန်းထံသို့ ချဉ်းကပ်လာခဲ့သည်။
တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို သတိထားမိသောအခါ လုရှန်း က လှည့်ကြည့်လိုက်ရာ ခြေထောက်အနားတွင် အိတ်တစ်လုံးကို တွေ့ရသည်။
သူမရှေ့ရှိ လူငယ်လေး က လှည့်ထွက်သွားခဲ့သည်။
လုရှန်း သည် အိတ်ကို အမြန်ကောက်ယူကာ "သခင်လေးရဲ့ပိုက်ဆံအိတ် ကျခဲ့တယ်" ဟု အော်ပြောလိုက်သည်။
ချူယွမ် က "ဒါ မင်းအတွက်ပဲ" ဟု ပြောကာ လှည့်ပြန်မကြည့်ဘဲ ဆက်လျှောက်သွားသည်။
“အလုပ်မလုပ်ဘဲ ဘာကိုမှ လက်မခံဘူး!"
အိတ်ထဲတွင် အနည်းဆုံး ငွေတုံး၁၀တုံးခန့် ပါဝင်နေသည်ကို သူမ သိသည်။ ငွေ၁၀ပြားဆိုလျှင် လက်ခံနိုင်သေးသော်လည်း ယခုက ငွေတုံး၁၀ ဖြစ်နေသည်။ သူမ သည် ကိုယ်ပိုင်ဝင်ငွေကို နှစ်သက်သော်လည်း ယခင်ဘဝက ဆရာ၏ငွေကိုသာ အသုံးပြုခဲ့ဖူးသည်။
လုရှန်း သည် ချူယွမ်ကို ကြည့်ရင်း စိတ်မရှည်နိုင်တော့ဘဲ ငွေအိတ်ကို ချူယွမ်၏ရှေ့သို့ ပစ်ချလိုက်သည်။
အိတ် သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်...
ချူယွမ် က လည်ပင်းကို ပွတ်သပ်ရင်း အံ့ကြိတ်နေသည်ကို မြင်သောအခါ လုရှန်း၏ နောက်ကျောမှာ အေးစက်သွားခဲ့ရသည်။
ဤမြင်ကွင်းကို မြင်ရသောအခါ ချူစစ်ဟန် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူ ပြုံးလိုက်သော်လည်း ထိုအပြုံးသည် တခဏချင်း ပျောက်ကွယ်သွားခဲ့သည်။
ဤသူတောင်းစား တွင် ဤမျှကြီးကျယ်သော စိတ်ဓာတ်မျိုး ရှိလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့။
"မင်း..." ချူယွမ်က ဒေါသထွက်လျက် ခေါင်းလှည့်ပြီး သွားကြိတ်ကာ လုရှန်းကို စူးစူးရဲရဲ ကြည့်လိုက်သည်။
"အာ... ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ဘူး" ဟု လုရှန်းက ပြောလိုက်သည်။ သူမက မလိုချင်ဘူးလို့ ရှင်းပြီးသားဖြစ်ပြီး ငွေတုံးများကို ပြန်ယူရန် ငြင်းဆန်ခဲ့သည်။ သူမ၏ ရည်ရွယ်ချက် က ငွေတုံးများကို ပြန်ပေးဖို့သာဖြစ်ပြီး၊ သူမ တွင် ဤမျှတိကျမှုရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။
သူမက နှာဖျားကို ပွတ်လိုက်ပြီး မျက်နှာပေါ်တွင် အပြစ်ကင်းစင်မှုကို ထင်ဟပ်စေသည်။
ချူယွမ် က ငွေတုံးများကို ကောက်ယူပြီး ဒေါသတကြီး လှည့်ထွက်ကာ ချူစစ်ဟန်ထံ ပြန်သွားလိုက်သည်။ "သခင်၊ သူမ က မလိုချင်ဘူး” သူ၏ အသံ မှာ သနားစရာကောင်းနေသည်။
ထိုအချိန်မှသာ လုရှန်း သည် အဖြူရောင်ဝတ်စုံဝတ်ထားသော အခြားလူတစ်ဦး ရှိနေသည်ကို သတိထားမိလိုက်သည်။
ထိုသူ၏မျက်နှာကို မြင်ရသောအခါ သူမ အံ့အားသင့်သွားခဲ့သည်။
သူမ၏ဘဝတွင် သူမ၏ဆရာသာလျှင် အလှပဆုံးမျက်နှာကို ပိုင်ဆိုင်ထားသည်ဟု သူမ ထင်ခဲ့သည်။ သို့သော် ဆရာကဲ့သို့ ချောမောသော အသွင်သဏ္ဌာန်ရှိသူတစ်ဦးကို တွေ့ရမည်ဟု သူမ ဘယ်တော့မှ မထင်ထားခဲ့။
သူမ၏ဆရာသည် အသက်၂၀အရွယ် လူငယ်တစ်ဦးနှင့် တူသော်လည်း အသက်ရာနှင့်ချီ ရှိသော အဘိုးကြီးဖြစ်သည်။ သူမ၏ဆရာ သည် ခိုင်မာသော အတွေးအခေါ်ရှိသူဖြစ်ပြီး လူငယ်တစ်ဦးမဟုတ်ကြောင်း သူမ ချက်ချင်းပြောနိုင်သည်။
သို့သော် သူမရှေ့မှာရှိသော ဤလူကတော့ မတူချေ။ သူ၏မျက်လုံးများ က ကမ္ဘာကြီးကို အသွင်မျိုးစုံဖြင့် မြင်ဖူးပြီး သူ၏ မျက်ဝန်းထဲတွင် ဘာမျှမရှိသည့် ပုံစံမျိုးဖြစ်သည်။ ထို့အပြင် သူ ဟာ လူငယ်တစ်ဦးဖြစ်သည်ဟု ပြောနိုင်သည်။
ထိုလူ သည် ဘေးတစ်ဖက်တစ်ချက်တွင် တိတ်တဆိတ်ရပ်နေပြီး ချောမောလှပသော မျက်နှာပေါ်တွင် ဘာအမူအရာမျှမရှိပေ။ သူ၏မျက်လုံးများတွင် ဒေါသမထွက်ဘဲ အာဏာဟန်ပန်သာကျန်ရှိသည်။
သူ သည် သူမကို ကြည့်နေပြီး တစ်ဖက်သို့ မလှည့်မီ သူမ၏နှုတ်ခမ်းသည် ခပ်ပြုံးပြုံးသဏ္ဌာန် ဖြစ်သွားခဲ့သည်။
"သခင်၊ စောစောပြန်ကြရအောင်" ဟု ချူယွမ် က သတိပေးလာခဲ့သည်။
"ကောင်းပြီ" ဟု ချူစစ်ဟန် က လုရှန်းထံမှ သူ၏အာရုံကို မရုပ်သိမ်းမီ ပြန်ဖြေလိုက်သည်။
ဤတစ်ကြိမ် ဟောင်ရန်မြို့သို့ ပြန်လာရခြင်း၏ အကြောင်းရင်း ၂ ချက်ရှိသည်။ ပထမတစ်ချက်မှာ လူသတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးရန်နှင့် ဒုတိယအချက်မှာ မိဘများမှ စီစဉ်ပေးထားသော အိမ်ထောင်ရေးကို ရပ်တန့်ရန်ဖြစ်သည်။
တိုင်းပြည်၏နတ်ဆရာ သည် ရွမ်ယွဲ့တိုင်းပြည်တွင် အဆင့်အတန်းမြင့်မားပြီး ဧကရာဇ် နှင့် ထပ်တူအဆင့်ရှိသည်။ ချူစစ်ဟန်သည် သဘာဝလွန်ကိစ္စရပ်များကို မယုံကြည်သူဖြစ်ပြီး သူ၏ကိုယ်ပိုင်ယုံကြည်မှုသာ ရှိသူဖြစ်သည်။ ထို့ကြောင့် သူ သည် တိုင်းပြည်၏နတ်ဆရာ၏စကားကို မယုံကြည်ပေ။ ထို့အပြင် သူသည် ယခင်က မမြင်ဖူးသော မိန်းကလေးတစ်ဦးနှင့် လက်ထပ်ရမည့်အစား တစ်ဦးတည်း နေထိုင်ရန် ပိုနှစ်သက်သည်။
ညနေစောင်းတွင် လုရှန်း သည် လျိုယွဲ့ရွာသို့ ခရီးထွက်ရန် ပြင်ဆင်ခဲ့သည်။ ဟောင်ရန်မြို့မှ လျိုယွဲ့ရွာသို့ သွားရန် ၂နာရီခန့် ကြာမြင့်သည်။ သူမ ရွာသို့ရောက်ချိန်တွင် အိပ်စက်အနားယူချိန်ဖြစ်နေလိမ့်မည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော လူသတ်မှုကြောင့် မြို့တွင်းစစ်ဆေးမှုများ တင်းကျပ်သည်။ ညအချိန် ၉ နာရီတွင် မြို့မှထွက်ခွာခြင်းမပြုသူများ သည် ထိုနေရာတွင်ပင် တစ်ညလုံး နေထိုင်ရမည်ဖြစ်သည်။
လူသတ်မှုကျူးလွန်သူ က အမျိုးသားဖြစ်ကြောင်း အတည်ပြုနိုင်သောကြောင့် အမျိုးသမီးများအတွက် စစ်ဆေးမှုများမှာ လျော့ရဲသည်။ အမျိုးသမီးများအတွက် သူတို့၏အသွင်အပြင်နှင့် ကျား/မကိုသာ စစ်ဆေးကြပြီး အမျိုးသားများအတွက်မူ သူတို့၏ရုပ်ရည်၊ အရပ်အမြင့်နှင့် ခြေရာများကိုပါ စစ်ဆေးကာ စစ်ဆေးမှုများမှာ ပိုမိုတင်းကျပ်သည်။
"အဲဒီမိန်းကလေးကို ငွေပြား ၁၀ပြား ပေးလိုက်" ဟု ချူစစ်ဟန် က ဆိုသည်။
"မိန်းကလေး?" ချူယွမ်က သခင်ကြည့်နေသည့်ဘက်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။ "ဘယ်နားမှာလဲ မိန်းကလေး?"
တံတားပေါ်တွင် စုတ်ပြဲနေသော အဝတ်အစားများဝတ်ဆင်ထားသည့် သူတောင်းစားတစ်ဦးသာ သူမြင်နေရပြီး ထိုသူသာ မိန်းကလေး မဟုတ်ပေ။