အခန်း (၁၇) - လုတာ့ဟွား ၏ ဝန်ခံချက်
မူလလုရှန်း သည် စာမတတ်သူဖြစ်ပြီး လုရန် က၂ရက်၊ ၃ရက်အတွင်း သူမ စာဖတ် သင်ယူနိုင်လိမ့်မယ်လို့ တွေးထင်စရာ အကြောင်းမရှိပေ။
စာလုံးပေါ် တွင် "လုတာ့ဟွား" ဆိုတဲ့ စကားလုံးကို မြင်တဲ့အခါ ဒီစာ က သူ့အတွက်လို့ တွေးခဲ့သည်။ ခဏလောက် စဉ်းစားပြီးမှ စာကိုဖွင့်ပြီး အကြောင်းအရာတွေကို စဖတ်သည်။
သူတို့အတွက် ရှေ့နေငှားပေးရန် အမျိုးသမီးလျို ကိုယ်တိုင် ရေးသားထားသည့် အသနားခံစာဖြစ်သည်။ ငြင်းဆန်ရင် လုတာ့ဟွား ရဲ့အတိတ် က လုပ်ရပ်ကို ဖော်ထုတ်ပစ်မယ်လို့ ခြောက်လှန့်ဖို့ ကြိုးစားထားသေးသည်။
အမျိုးသမီးလျိုရဲ့ လေသံအရ သူ့အဖေအပေါ် ရန်လိုမှုမှန်သမျှကို ဖော်ထုတ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပေါ်ကြောင်း လုရန် ပြောပြနိုင်သည်။ အမျိုးသမီးလျို မှာ သူ့အဖေကို ထောင်ချပစ်မယ်လို့ ခြိမ်းခြောက်ရလောက်အောင် သူ့အဖေ ဘာလုပ်ခဲ့သလဲဆိုတာ လုရန် နားမလည်ပါ။
"ဒါ ဘယ်သူ့စာလဲ?"
လုရှန်း ပေးပို့သူရဲ့နာမည်ကို ခန့်မှန်းခဲ့ပေမဲ့ မေးရန် ဆုံးဖြတ်သေးသည်။
လုရန် က လုဂျန်နဲ့ လုရှင်းကို စိုက်ကြည့်၍ "လျိုချင်း" လို့ လေသံတိုးတိုးလေးနဲ့ ပြန်ဖြေ၏။
လုဂျန်နဲ့ လုရှင်းတို့ က အမျိုးသမီးလျိုရဲ့နာမည်ကို သတိမထားမိကြပဲ စကားလုံးနှစ်လုံးကို ကြားလိုက်သောအခါ သူတို့ရဲ့စိတ်ခံစားချက် မှာ ကင်းမဲ့လျက်ရှိ၏။
လုရှန်း က မျက်ခုံးပင့်၍ "ဘာပြောထားသလဲ?"
"အဖေ က သူ့အတွက် တရားလို ရှေ့နေမငှားရင် အဖေ့ လုပ်ရပ်ကို ဖော်ထုတ်မယ်တဲ့။"
"အို၊"
"သူမ လွတ်ချင်တာလား? မဖြစ်နိုင်ဘူး!"
"နေဦး!"
လုရန် က စာကို စုတ်ဖြဲချင်နေတာကို မြင်လိုက်ရတော့ လုရှန်း က တားမြစ်၏။
"အဖေ့ဆီကို ဒီစာကို လွှဲပေးလေ”
"ဘာလို့လဲ?" လုရန် သံသယဖြစ်လာ၏။ "သူမက ညီမလေးကို သတ်ချင်နေတာ။ ညီမလေး သူ့ကို မမုန်းဘူးလား?”
"အင်း ညီမလေး သူ့ကို မုန်းတယ်" လုရှန်း က အပြုံးဖြင့် "မပြီးသေးတဲ့ အလုပ်ကို ဂရုစိုက်ဖို့ လိုတယ်လေ"
လုရန် သည် သူမ တွေးနေတာကို နားမလည်ပေမဲ့ စာကို မဖြဲပဲ စာအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
စားပွဲပေါ်က ဟင်းသီးဟင်းရွက်၂ ပန်းကန်ကို မြင်တော့ လုရှန်း သည် အနည်းငယ် စဉ်းစားပြီး သူမရဲ့ပန်းကန်လုံးများ ကို ချလိုက်သည်။ အသီးအရွက်မွှေကြော် တစ်ပန်းကန် က အရသာနည်းနည်း ခါးသည်။ တောရိုင်းဟင်းသီးဟင်းရွက်များဖြင့် ချက်ထားသည့် စွပ်ပြုတ်လည်းရှိပြီး ဆီလုံးဝမပါဝင်ပေ။
နေရာလွတ် လက်ကောက်ထဲမှာ အရသာရှိတဲ့ အစားအသောက်တွေ ရှိပေမဲ့ ထုတ်လို့မရပေ။ ရုတ်တရက် သူမမျက်လုံးများက ကျယ်ဝန်းသော ခြံဝင်းကို ကြည့်လိုက်သည်။ ထိုနေရာတွင် ဥယျာဉ်တစ်ခုကို ဖန်တီးနိုင်သည်လို့ ချက်ချင်း တွေးမိသည်။
ဒါပေမယ့် ပိုက်ဆံမရှာခင် ဗိုက်ပြည့်အောင် လုပ်ရမည်။
လုတာ့ဟွား ပြန်ရောက်လာသောအခါ လုရန် ပေးတဲ့ စာကို မြင်ပြီး သူ့မျက်နှာက ညှိုးငယ်သွားတော့သည်။ ညဘက်တွင် လုရှန်းသည် အမျိုးသမီးဟဲ၏ ဝိညာဉ်ကို လွှတ်ပေးပြီး လုတာ့ဟွား ရဲ့အခန်းဆီကို စေလွှတ်ခဲ့သည်။
နောက်တစ်နေ့တွင်၊ လုမိသားစုရဲ့ သရဲခြောက်သော သတင်း မှာ လျိုယွဲ့ရွာတစ်ရွာလုံး၌ တောမီးကဲ့သို့ ပျံ့နှံ့သွားတော့သည်။
နောက်တစ်နေ့တွင် လုတာ့ဟွား ကို မြင်ချိန် သူ့မျက်နှာပေါ်၌ ထိတ်လန့်နေသောအရိပ်အယောင်တို့ ထင်ဟပ်နေခဲ့ပြီး မျက်လုံးများ က အာရုံမစိုက်နိုင်တော့။
သူမ က စိတ်ပူဟန်ဆောင်ကာ အပြုံးဖြင့် "အဖေ ဘာဖြစ်လို့လဲ?”
လုတာ့ဟွား သည် လုရှန်းကို မြင်တော့ အမျိုးသမီးဟဲ မနေ့ညက ရောက်ရှိနေခြင်းကို အမှတ်ရမိကာ သူ့နှလုံးသား မှာ ခုန်ပေါက်နေတော့သည်။
"ငါ..ငါ့မှာ အရေးတကြီး လုပ်စရာရှိတယ်!" သူ က အိတ် ကို ကောက်ကိုင်လိုက်ပြီး လုရှန်း လက်ထဲသို့ ထည့်ပေးလိုက်သည်။ "အထဲမှာ ငွေ၂၀ ရှိတယ်၊ ယူထား”
လုတာ့ဟွား စိုးရိမ်ထိတ်လန့်စွာ ထွက်ခွာသွားတာကို မြင်တော့ လုရှန်း ရဲ့ စိုးရိမ်သောကအမူအရာ ပျောက်ကွယ်သွား၏။ သူမ လက်ထဲက အိတ်ကို စိုက်ကြည့်နေခဲ့သည်။
လုတာ့ဟွား လက်နက်ချခဲ့ပြီး ခဏအကြာတွင် သူ၏ရာဇဝတ်မှုများ မှာ ပြန့်နှံ့သွားတော့သည်။ အမျိုးသမီးလျို ရဲ့ အကူအညီနဲ့ အမျိုးသမီးဟဲကို ထိခိုက်စေသော ပြစ်မှု ပွင့်လင်းမြင်သာစွာ ထွက်ပေါ်လာပြီး လျိုယွဲ့ရွာတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ လူတိုင်းကို ထိတ်လန့်စေခဲ့တယ်။
လုရန်လည်း အံ့အားသင့်နေခဲ့သည်။ သူ့အမေ က ရောဂါတစ်ခုနဲ့ ဆုံးတာလို့ သူ အမြဲတွေးခဲ့သည်။ အခြားအပြင်လူတစ်ယောက်နဲ့အတူ သူ့အဖေရဲ့လက်ထဲ သေဆုံးသွားလိမ့်မည်လို့ သူ အနည်းငယ်မျှပင် မထင်ထားခဲ့။
လုရန် သည် အခန်းထဲတွင် တစ်နေကုန်နေပြီး လုရှန်းကလည်း အပြင်ထွက်ရန် မတောင်းဆိုခဲ့။ တချို့အရာတွေကို သူ ကိုယ်တိုင် ချေဖျက်ရမယ်။
လုဂျန်နဲ့ လုရှင်းတို့မှာ ဘာဖြစ်သွားသည်ကို မသိခဲ့ကြပေ။ သူတို့ လုရှန်း ပြောတာကို နားထောင်ပြီး မြက်ပင်တွေကို နှုတ်နေခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ချူအိမ်တော်၌-
"ဒါကြီး ကို အတော်ကို မမျှော်လင့်ထားဘူး။ မိန်းကလေးလုမှာ ဒီလို ခါးသီးတဲ့ဘဝမျိုး ရှိနေတာပဲ" ချူယွမ်ရဲ့မျက်နှာထက် တွင် စာနာစိတ်အပြည့်ရှိနေ၏။
သူ့သခင် ပြန်ရောက်ပြီးတဲ့နောက် သခင် သည် မိန်းကလေးလုဟာ သာမန်မိန်းကလေးမဟုတ်ဘူးလို့ ပြောခဲ့သည်။ ချူယွမ်ကို စုံစမ်းစေချင်ခဲ့သည်။ သူ့ရလဒ်တွေ က ရွာသူကြီးနဲ့ဆင်တူပြီး သူ့ရဲ့စုံစမ်းစစ်ဆေးမှုက အချည်းနှီးဆိုတာ ဘယ်သူသိမှာလဲ?
လုရှန်း ရဲ့နောက်ခံသမိုင်းကြောင်းနဲ့ပတ်သက်လို့ သူ့ကြိုးပမ်းမှု အချည်းနှီးဖြစ်ခဲ့ပေမဲ့ လုတာ့ဟွား က အမျိုးသမီးဟဲကို သတ်ရန် အမျိုးသမီးလျိုနဲ့ ပူးပေါင်းခဲ့တာကို မတော်တဆ သိခဲ့ရသည်။