no

Font
Theme

အခန်း (၂၃) - ထောင်အတွင်း သွားရောက်လည်ပတ်ခြင်း - ၁

လုရှန်း နိုးထလာချိန်တွင် လုရန် သည် မနက်စာ ပြင်ဆင်နေပြီ ဖြစ်သည်။သူမ အံ့အားသင့်စွာ ကြည့်ရှုနေသော်လည်း ဘာမျှ

ပြန်မပြောခဲ့ပေ။

ရေချိုးပြီးနောက် ပေါက်ပြားကို ထမ်းကာ ဥယျာဉ်အတွင်းသို့ လျှောက်သွားခဲ့သည်။

ယခင်က သူမ၏ ဆရာသည် ကိုယ်ပိုင်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကာ ရေဘူးများသယ်ဆောင်ပြီး တောင်ပေါ်တွင် ထမင်းချက်ပြုတ်လေ့ရှိသည်။

ထို့ကြောင့် သူမ သည် ကျင့်ကြံမှုအပြင် အချက်အပြုတ်ကိုလည်း စိတ်ဝင်စားခဲ့သည်။ အာလူးများကို ရေလောင်းရန် တွေးနေစဉ် မြေပြင်စိုစွတ်နေသည်ကို သတိထားမိသည်။

သူမ ခဏရပ်နားကာ လုရန်အား မေးမြန်းလိုက်သည်- "အစ်ကိုကြီး... မနေ့က မိုးရွာလား?"

"မဟုတ်ဘူး... ငါကိုယ်တိုင် ရေလောင်းထားတာ"

လုရန်သည် ရေပိုက်ကို ရေကန်ထဲသို့ ပြန်ချထားလိုက်သည်။

ယနေ့အချိန်တွင် သူ၏အခြေအနေ သိသိသာသာ ကောင်းမွန်လာပြီဖြစ်ကာ ဘဝအတွက် ရည်ရွယ်ချက်တစ်ခုကို ပြန်လည်ရှာဖွေတွေ့ရှိသကဲ့သို့ ဖြစ်နေသည်။

လုရှန်း က ပေါက်ပြားကို ချထားပြီး လုရန်ထံသို့ ချဉ်းကပ်ကာ "အစ်ကိုကြီး... ညီမလေး ရုံးတော် ကို သွားမလို့၊ အစ်ကိုကြီးလည်း လိုက်ချင်လား”

လုရှန်းသည် ရွမ်ယဲ့တိုင်းပြည်၏ ဥပဒေများကို ကောင်းစွာမသိရှိသဖြင့် လူသတ်မှုအတွက် သေဒဏ်ကျခံရမည့်အရေးနှင့် ပြစ်ဒဏ်မည်မျှချမှတ်မည်ကို မသိချေ။

မနေ့ညက အမျိုးသမီးဟဲ၏ ဝိညာဉ်အား လုတာ့ဟွား၏ အခန်းအတွင်းသို့ တမင်တကာ လွှတ်ပေးခဲ့ပြီး အမျိုးသမီးဟဲ မည်သို့ဆုံးဖြတ်ချက်ချမည်ကို စောင့်ကြည့်ခဲ့သည်။သို့သော် အမျိုးသမီးဟဲ က လုတာ့ဟွားအား မသတ်ချင်ပုံပင်။

"ရုံးတော်" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် လုရန်၏ မျက်နှာပြင်ညိုမှိုင်းသွားသည်။

"ညီမလေးနှင့်အတူ လိုက်ခဲ့မယ်” ဟု လုရန် က ဆိုသည်။

" ဒါဆို လုဂျန်နှင့် လုရှင်းတို့ကိုပါ ခေါ်သွားကြရအောင်"

လုရန် သည် မောင်နှမများအပေါ် ငြီးငွေ့ပင်ပန်းနေဆဲဖြစ်ကြောင်း လုရှန်း သတိထားမိသည်။

လုရန် ခဏမျှတိတ်ဆိတ်သွားပြီး "သူတို့နှစ်ဦးကိုပါ ခေါ်ဆောင်သွားမယ်” ဟု ဆိုသည်။

ထို သူတို့သည် အမျိုးသမီးလျို ၏ သားသမီးအရင်းများဖြစ်သော်လည်း လုတာ့ဟွား၏ သားသမီးများလည်းဖြစ်သဖြင့် သူ၏ မောင်နှမများပင်ဖြစ်သည်။

"ကောင်းပြီ" ဟု လုရှန်းက သဘောတူလိုက်သည်။

လုရှန်း လက်ဆေးပြီးနောက် တံခါးခေါက်ရန် လက်မြှောက်စဉ် လုဂျန်က လုရှင်းအား ဦးဆောင်၍ အပြင်သို့ ထွက်လာသည်ကို တွေ့မြင်ရသည်။

သူတို့နှစ်ဦးက လုရှန်းအား တွေ့မြင်သော်လည်း အနည်းငယ်မျှ လှုပ်ရှားမှုမပြုကြပေ။

"နိုးပြီလား?" ဟု လုရှန်း က လုရှင်း၏ ခေါင်းကို သပ်ရင်း အပြုံးဖြင့် “သွား… မျက်နှာသွားသစ်... ဒုတိယအစ်မက မင်းတို့ကို အစားကောင်းကျွေးဖို့ မြို့ထဲ ခေါ်သွားမယ်”

'အစားကောင်း' ဟူသော စကားကို ကြားလိုက်ရသည်နှင့် မောင်နှမနှစ်ဦး၏ မျက်လုံးများ ပြောင်းလဲတောက်ပသွားသည်။

နံနက်စာ စားသောက်ပြီးနောက် လုရန် သည် မြို့တွင်းသို့ သွားရောက်ရန် အိမ်နီးချင်းထံမှ နွားလှည်းငယ်တစ်စီးကို ငှားရမ်းလိုက်သည်။

"ဒုတိယအစ်မ၊ တတိယအစ်မနဲ့ အဖေကို တာဝန်ရှိသူတွေက ဖမ်းသွားတယ်လို့ ကြားတယ်။ သူတို့ကို သွားကြည့်လို့ရမလား?"

လုတာ့ဟွားသည် အများအားဖြင့် အိမ်တွင်မရှိသဖြင့် လုဂျန်သည် သူ မရှိခြင်းနှင့် ပတ်သက်၍ ဘာမျှမခံစားရပေ။

သူ၏ဖခင်သည် ထောင်ကျမည်ဟုလည်း မမျှော်လင့်ထားခဲ့။

"မင်းတို့ သွားကြည့်လို့ရတယ်" ဟု ပြုံးပြီး ပြောကာ "ဒုတိယအစ်မနဲ့ အစ်ကိုကြီး က မင်းတို့ကို လိုက်ပို့ပေးမယ်" ဟု လုရှန်း က ဆက်ပြောသည်။

လုရန် သည် ရုံးတော်အပြင်ဘက်တွင် နွားလှည်းကို ရပ်လိုက်သည်။

လုရန် က အရာရှိတစ်ဦးအား ဘာပေးသည်ကို မသိရသော်လည်း အရာရှိ၏ တင်းမာနေသော မျက်နှာသည် ပိုမိုဖော်ရွေလာပြီး သူတို့အား လိုက်လံပို့ဆောင်ပေးခဲ့သည်။

လုရန် ကို ကြည့်ရင်းနှင့် လုတာ့ဟွား ချန်ထားခဲ့သော ငွေ ၂၀ ကို လုရှန်း သတိရလိုက်သည်။ထိုငွေ သည် လုရန်၏ ပညာရေးအတွက် ရည်ရွယ်ခဲ့ပြီး သူ၏ ဝင်ခွင့်စာမေးပွဲ ကုန်ကျစရိတ်အတွက် မည်မျှသုံးစွဲရမည်ကို ဘယ်သူမှ မသိကြပေ။

မောင်နှမများ ထောင်အတွင်းသို့ ဝင်ရောက်လာချိန်တွင် ပြင်းထန်ပြီး ရွံရှာဖွယ်ကောင်းသော အနံ့ဆိုးများ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။

လုရန် သည် မျက်မှောင်ကြုတ်ကာ မောင်နှမများအား နှာခေါင်းအုပ်ရန် အချက်ပြလိုက်သည်။ လုရှန်းကသာ ပုံမှန်အတိုင်း ဟန်ချက်ညီညီ ဆက်လျှောက်သွားသည်။

တာဝန်ရှိသူများက သူမအား အံ့အားသင့်စွာ ကြည့်နေကြသော်လည်း ဘာမှမပြောကြပေ။

"ဘာလိုချင်လို့လဲ?"

တင်းမာသော အသံတစ်ခု သူတို့ထံ ရောက်လာသည်။

နောက်ထပ် အရာရှိတစ်ဦးက ရှေ့သို့ အမြန်ပြေးလာပြီး "ခေါင်းဆောင်၊ သူတို့က လုမိသားစုက" ဟု လျှောက်ထားသည်။

"လုမိသားစုလား?"

"လျိုယွဲ့ရွာက လုမိသားစု၊ လုတာ့ဟွားရဲ့ မိသားစုပါခင်ဗျာ။"

"အေး... သူတို့ကို ဝင်ခွင့်ပြုလိုက်။"

လုရှန်းသည် မှောင်မိုက်နေသော ထောင့်တစ်ခုတွင် ရပ်နေသည့် အရပ်ရှည်ရှည်၊ ကိုယ်ခန္ဓာ ထွားကျိုင်းသူတစ်ဦး၏ ပုံရိပ်ကို တွေ့မြင်လိုက်ရသည်။

ထိုလူသည် သွေးစွန်းများဖြင့် စွန်းထင်းနေသော ကြာပွတ်ရှည်ကြီးတစ်ချောင်းကို ကိုင်ထားသည်။ထိုပုံစံ သည် တစ်စုံတစ်ဦးကို ပြစ်ဒဏ်ပေးပြီးခါစဟန် ရှိနေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment