အခန်း(၂၄) - ထောင်ထဲ လာလည်ခြင်း (၂)
သွေးထွက်သံယိုများနှင့် ဆိုးသွမ်းသော လေထုရှိသည့် ဤကဲ့သို့သော နေရာမျိုးသို့ ကလေးများကို မခေါ်သင့်ကြောင်း လုရှန်း သိသည်။
သို့ပေမယ့် လုဂျန်နှင့် လုရှင်းတို့က အမျိုးသမီးလျိုဆီသို့ အလည်အပတ်သွားလိုသောကြောင့် ဤနေရာကို ခေါ်လာခဲ့ရခြင်း ဖြစ်သည်။
လုရှန်း လှည့်ပြီး တိတ်တဆိတ် လျှောက်သွားကာ ကလေးများကို ဘေးနားသို့ ဆွဲခေါ်လိုက်သည်။
လုရန်က တင်းမာသော အကြည့်ဖြင့် သူတို့နောက်ကနေ လိုက်လာသည်။ သူလည်း ဤကဲ့သို့သော နေရာမျိုးကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။
ထောင်မှူး က အစပိုင်းတွင် မည်သည့် အမူအရာမှ မပြခဲ့သော်လည်း လုရှန်းနှင့် အကြည့်ချင်း ဆုံတော့ သူ့မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
သူမ၏ အဝတ်အစားများက ရိုးရှင်းပေမယ့် သူမ၏ မျက်နှာအလှကို ဖုံးကွယ်ထားလို့ မရပေ။
သူမ မျက်နှာက သူ့လက်ဖဝါးထက် သေးပြီး မျက်လုံးတွေက အရောင်လဲ့သည်။ သူမ၏ နှုတ်ခမ်းများက ပြုံးသယောင် မပြုံးယောင် ရှိပြီး အထက်သို့ အနည်းငယ် ကွေးတက်နေသည်။
သူမ၏ လှပသော မျက်နှာလေးက ဖော်ရွေပြီး ဖော်ရွေတဲ့ပုံပေါက်စေသော်လည်း ချဉ်းကပ်မရနိုင်သော အသွင်အပြင်ကိုလည်း ပေးစွမ်းသည်။
"မင်းက မိန်းကလေးလု ပဲဖြစ်ရမယ်။"
ချုမိသားစု၏ တိုင်စာကြောင့် လုရှန်း၏ ပျောက်ဆုံးမှုအကြောင်းကို ရုံးတော်ရှိ လူတိုင်း သိကြသည်။
ထောင်မှူး က သူမသည် သာမန် ရွာသူလေးတစ်ယောက်ပဲလို့ ယူဆထားပြီး ဤလို လှပသော မျက်နှာရှိမယ်လို့ မမျှော်လင့်ထားပေ။
အစောင့်တွေက လုရှန်း၏ အလှကြောင့် ထောင်မှူး၏ သဘောထား သိသိသာသာ ပြောင်းလဲသွားတာကို မြင်တော့ သူတို့ ဘာမှ မပြောဘဲ ပြုံးနေကြ၏။
သို့ပေမယ့် လုရန်က ထောင်မှူး ကို ရဲရဲကြီး စိုက်ကြည့်ကာ လုရှန်း၏ အရှေ့သို့ ခပ်သွက်သွက် လျှောက်သွားသည်။
လုရှန်း က "ကျွန်မတို့ အဖေဆီ မလည်ပတ်ခင် အမျိုးသမီးလျိုနဲ့ လုနိုင်းဆီကို အရင် သွားကြည့်ချင်တယ်"
အသက် ၁၆ နှစ်အရွယ် မိန်းကလေး သည် ချောမောလှပပြီး သူမ၏ အသံမှာ ကြည်လင်ပြတ်သားနေသည်။
ထို့ကြောင့် ထောင်မှူး၏ စိတ်ထဲတွင် အတွေးအချို့ ပေါ်လာသည်။_ ‘သခင်ချူက ဒီမိန်းကလေးအပေါ် ခံစားချက်မရှိတာဘဲဟာ၊ ဒါဆို ငါ့ကို ဘာလို့ ခွင့်မပြုတာလဲ?’
"သွားရအောင်၊ ငါ လိုက်ပို့မယ်"
ဒီလိုနေရာမျိုးမှာ သူတို့ရဲ့ ပထမဆုံးအကြိမ်မို့ လုဂျန်နဲ့ လုရှင်းတို့က အနည်းငယ် ကြောက်နေကြသည်။ သူတို့က လုရှန်း၏ လက်ကို ပို၍ပင် ပြင်းထန်စွာ ဆုပ်ကိုင်ထားကြသည်။
အမျိုးသမီးလျိုနဲ့ လုနိုင်းတို့ကို တစ်ခန်းတည်း သော့ခတ်ထားသည်။ သူတို့ ခေါင်းငုံ့ကာ ထောင့်တစ်နေရာတွင် ခွေ့ခွေ့လေး ရှိနေကြသည်။
"အမေ!"
လုရှင်း မဝံ့မရဲ အော်ခေါ်လိုက်သည်။
အမျိုးသမီးလျို အံ့အားသင့်သွားသည်။ အမျိုးသမီးလျိုက ခေါင်းကို မော့ကြည့်လိုက်တော့ လုရှန်းကို မြင်ပြီး ချက်ချင်း မျက်လုံးပြူးကျယ်သွား၏။ အမျိုးသမီးလျို က ကောက်ကျစ်သော အမူအရာဖြင့် "လုရှန်း၊ မင်း ဒီကိုဘယ်လိုတောင် လာရဲတာလဲ"
လုရှန်း က မျက်ခုံးပင့်လိုက်ပြီး "ကျွန်မ ဘာလို့ မလာရဲရမှာလဲ?" ဟု ပြန်ပြောသည်။
"နင့်ကြောင့်သာ မဟုတ်ရင် ငါ ဒီကြောက်စရာကောင်းတဲ့ နေရာမှာ ရှိနေမှာလား? ငါတို့ကို အခုချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုလိုက်!"
လုနိုင်း က ဘေးတွင် ထိုင်နေပြီး စိတ်လွတ်နေပုံပေါ်သည်။
တစ်ဖက်မှာလည်း အမျိုးသမီးလျို သည် ဒေါသထွက်နေသည်။
"အရာရှိ၊ အမျိုးသမီးလျိုကို ဘာအပြစ်ပေးမှာလဲ" ဟု လုရန် က ထောင်မှူးအား မေးလိုက်သည်။
"မင်းက?"
"ကျွန်တော်က လုရန် ပါ။"
"အင်း ဒါဆို မင်းက မိန်းကလေးလုရဲ့ အစ်ကိုပေါ့" ဟု ထောင်မှူးက ဆိုပြီး အမျိုးသမီးလျိုအား မထီမဲ့မြင် စိုက်ကြည့်ကာ လှောင်ပြောင်သည်။ "သမီးဖြစ်သူကို အန္တရာယ်ပြုဖို့ ကြံစည်ကတည်းက ထောင်၃နှစ် ကျသင့်တယ်။ ဒါပေမယ့် လူသတ်မှုနဲ့လည်း အပြစ်ရှိတယ်၊ ဒါကြောင့် သေဒဏ်အထိ ချမှတ်ခံရနိုင်တယ်။"
"သေဒဏ်လား?" လုရန် မျက်မှောင်ကြုတ်သွားသည်။ "လုတာ့ဟွား ကော?"
"သူ?" ထောင်မှူး က "သူကိုယ်တိုင် ဝင်လာပြီး အရာအားလုံးကို ဝန်ခံခဲ့တာမို့ သူ့အမှားကို သိသွားပြီလို့ ယူဆတယ်၊ ဒါကြောင့် ထောင်ဒဏ် အနှစ်၂၀ပဲ ချမှတ်တယ်"
လုရန် အခု ဘယ်လို ခံစားနေရလဲ မသိပေ။ စိတ်သက်သာရာရသလို လုတာ့ဟွား အပေါ် မုန်းတီးမှုလည်း ခံစားရ၏။
"အမေ!"
လုရှင်း ငိုပြီး ထပ်ခေါ်သည်။
အမျိုးသမီးလျို က လုရှင်းကို စိုက်ကြည့်ကာ "ကြွတ်စုတ်လေးတွေ၊ ငိုတာကလွဲရင် တခြား ဘာလုပ်တတ်လဲ? ငါ လွတ်အောင် နည်းလမ်းရှာကြ!"
လုရှင်း သည် အမျိုးသမီးလျို၏ ပြင်းထန်သော အမူအရာကြောင့် ကြောက်ရွံ့ထိတ်လန့်သွားပြီး ချက်ချင်းပင် မျက်ရည်များ ကျလာသည်။
လုဂျန် က အံကြိတ်ကာ လုရှင်း၏ လက်ကို ဆုပ်ကိုင်ပြီး လှည့်ထွက်သွားသည်။
လုရှန်း သူတို့ကို ငုံ့ကြည့်သော်လည်း တိတ်ဆိတ်နေ၏။
ထို့နောက် သူတို့ လေးယောက် လုတာ့ဟွား ဆီ သွားကြသည်။
လုတာ့ဟွား က တစ်ရက်တည်းနှင့် အိုမင်းရင့်နေဟန်ပေါ်ပြီး အလွန်အမင်း စိတ်ပျက်နေပုံရသည်။ သူတို့ကို တွေ့တော့ ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့ပြီး ငိုနေသည်။