အခန်း (၁၂) - သူမရဲ့စိတ်ကို ဖတ်လို့မရဘူး
"သူမ မသေသေးဘူး! ငါ့ကို ဖမ်းလို့မရဘူး!"
လုရှန်း အသက်ရှင်နေသေးတာကို အမျိုးသမီးလျို မြင်သောအခါ ဒေါသဖြစ်သွားသည်။ အမျိုးသမီးလျို သည် အစောင့်အကြပ်များဆီက လွတ်မြောက်ဖို့ ကြိုးစားပေမဲ့လည်း သူတို့ က မြဲမြံစွာ ဆုပ်ကိုင်ထားသည်။
"သူမ မသေသေးပေမယ့် ရွမ်ယွဲ့တိုင်းပြည်မှာ အကြောင်းပြချက်ကောင်းမရှိဘဲ ဆွေမျိုးတစ်ယောက်ကို သတ်လိုက်တာဟာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ဆယ်ခုထဲက တစ်ခုလို့ ဆိုထားတယ်။ ဒါကြောင့် တရားခံကို သေသေချာချာ အရေးယူသင့်တယ်"
အေးစက်စက်အသံကို ကြားတော့ လူတိုင်းက အဖြူရောင်ဝတ်စုံ ဝတ်ထားသော၊ ချောမောသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
လုရှန်း သည် အမျိုးသမီးတစ်ယောက်နောက်ကျောတွင်ရပ်၍ ခေါင်းကို ငုံ့ထားပြီး စကားပြောသူကို ချောင်းကြည့်သည်။
အမျိုးသမီးလျို က ချူစစ်ဟန်ကို စူးစူးစိုက်စိုက်ကြည့်၏။ အမျိုးသမီးလျိုရဲ့အကြည့် ဟာ ကြောက်စရာကောင်းနေ၏။
ချူစစ်ဟန် သည် အမျိုးသမီးလျို လှမ်းကြည့်ပြီး အုပ်ချုပ်ရေးအရာရှိ ဝမ်ကို လက်ဝေ့ယမ်းပြလိုက်သည်။- "ခေါ်သွားတော့"
"မဟုတ်ဘူး! မဟုတ်ဘူး! သူမ အသက်ရှင်နေသေးတယ်လေ! မင်းတို့ ငါ့ကိုဖမ်းလို့မရဘူး!"
အမျိုးသမီးလျိုရဲ့ကြည်နူးမှုအမူအရာ သည် ချက်ချင်း ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှု လွှမ်းသွားသည်။
"အမေ၊ အမေ!"
လုဂျန်နဲ့ လုရှင်းတို့ က ဘာတွေဖြစ်နေတာလဲ မသိကြပေ။ တစ်စုံတစ်ယောက် က မိခင်ကို ဖမ်းထားတာကို တွေ့တော့ ကြောက်ရွံ့သွားသည်။
လုတာ့ဟွား က သူတို့ကို နောက်ပြန်ဆုတ်စေကာ အမျိုးသမီးလျိုအနားကို မကပ်ဖို့ တားသည်။ သူ လုရှန်းကို ကျေနပ်စွာ ကြည့်နေ၏။
ကောင်းလိုက်တာ! ငါ့ငွေ၅၀၀ ရဖို့ အခွင့်အရေးရှိသေး သည်။
အမျိုးသမီးလျိုနဲ့ လုနိုင်းတို့ကို ဆွဲထုတ်သွားတာကို မြင်တော့ လုရှန်း က မျက်ရည်များကို သုတ်လိုက်ပြီး ကြောက်နေဟန်အမူအရာဖြင့် ကျေးဇူးတင်စကား ပြောခဲ့သည်။
ရွာသားတွေ က သူမကို နှစ်သိမ့်ပြီး တစ်ခုခုဖြစ်ခဲ့ရင် သူမ ဘက်ကနေ သက်သေပြဖို့ ဆန္ဒရှိကြောင်း ပြောကြသည်။ ထို့နောက် သူတို့ ထွက်သွားကြသည်။
ချူစစ်ဟန်ရဲ့ စပ်စုသောအကြည့် လုရှန်းဆီကို ရောက်သွားသည်။ အစောပိုင်း က သနားစရာကောင်းပြီး ပျော့ညံ့နေပေမဲ့ နီရဲနေတဲ့ မျက်လုံးများ က သူ့ကို တောက်ပသော အပြုံးတစ်ခု ပြုံးပြနေခဲ့သည်။
ချူစစ်ဟန် သည် စကားမပြောဘဲ ကျန်ရစ်ခဲ့သည်။__ ဒီမိန်းကလေးရဲ့အမူအရာက မြန်လိုက်တာ။
ဒီမြင်ကွင်းကြောင့် ချူယွမ်မှာ ခဏမျှ ထိတ်လန့်သွားတော့သည်။
"လုရှန်း၊ မင်းနေကောင်းလို့ အဖေ အရမ်းဝမ်းသာတယ်။"
လုတာ့ဟွားသည် ငိုနေသေးသည့် လုဂျန်နဲ့ လုရှင်းတို့ကို လွှတ်ပေးလိုက်ပြီး လုရှန်း ကို ပြုံးပြုံးလေးပြောသည်- "မြန်မြန် သန့်ရှင်းရေးသွားလုပ်။ နောက်ကျ မင်းကို ချူအိမ်တော်ဆီ ခေါ်သွားမယ်"
စိတ်ကောင်းရှိတဲ့ လုရှန်း သည် လုတာ့ဟွားကို မြင်တာနဲ့ အုံ့မှိုင်းသွား၏။
လုတာ့ဟွား က လုရှန်းကို လျစ်လျူရှုပြီး ချူစစ်ဟန်နဲ့ ချူယွမ်ကို ဦးညွှတ်သည်။ လုတာ့ဟွား က လုရှန်းကို ချူအိမ်တော်ဆီ ခေါ်သွားမယ်ဆိုတာ ကြားချိန် ချူစစ်ဟန်နဲ့ ချူယွမ် ၌ ကွဲလွဲသောအမူအရာတစ်ခု ပေါ်လာသည်။
လုတာ့ဟွား က နှစ်ယောက်စလုံးကို ပြုံးပြပြီး သမီးဖြစ်သူ ကို လုမိသားစုရဲ့ခြံဝင်းဆီ ပြန်ခေါ်သွား၏။
လျိုယွဲ့ရွာ က ထွက်ခွာပြီးနောက် ချူယွမ် က ပြောလာသည်- "တိုင်းပြည်နတ်ဆရာရဲ့ ပြောချက်အရ သူတောင်းစာ းက သခင်နဲ့တွေ့ဖို့ ရည်မှန်းထားတဲ့မိန်းကလေး ဆိုတာ ကျွန်တော်ဖြင့် မယုံနိုင်ဘူး!"
"တိုင်းပြည်နတ်ဆရာ က တကယ်ကို အားကိုးလို့မရဘူး။ သခင့်လို အထင်ကြီးလောက်တဲ့သူ က ဒီလို မိန်ကလေးမနဲ့ဘယ်လိုလုပ်လက်ထပ်လို့ဖြစ်မှာလဲ?"
ချူစစ်ဟန် သည် စကားမပြောပေ။ မြင်းစီးရင်း ရှေ့ကို အေးအေးဆေးဆေး ကြည့်နေသည်။ သို့သော် သူ မအံ့သြဘဲ မနေ။
လီကျန်း (ရွာသူကြီး) တို့ လင်မယားဆီက စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ မိန်းကလေးဟာ သူစိမ်းတွေရဲ့ အလွယ်တကူ ခြိမ်းခြောက်ခံရနိုင်လောက်ပြီး ရှက်တတ်ပြီး ဆိတ်ငြိမ်တဲ့ မိန်းကလေး ဖြစ်သည်။
ဒီမိန်းကလေးကို ၂ ကြိမ်သာမြင်ဖူးပြီး သူမနဲ့ မဆက်ဆံဖူးပေမဲ့လည်း သူမ က သူတို့ပြောထားတာနဲ့လုံးဝကွဲပြားနေတာ ကို ခံစားမိသည်။
သူမက အသက်ရှင်နေပေမဲ့ လုမိသားစုဆီကို ချက်ချင်းပြန်မရောက်သေးဘဲ မြို့ထဲသို့သွားရန် ရွေးချယ်ခဲ့သည်။ ဒီနေ့လည်း ပုံစံတူ အဖြစ်အပျက်မျိုး ကြုံခဲ့သည်။ လုမိသားစုတွင် ဒီလိုကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ရှိနေပေမဲ့လည်း သူမ ဘာလို့ အိမ်ကို ချက်ချင်း ပြန်မသွားတာလဲ? မိထွေးဖြစ်သူ အမှန်တရားကို ထုတ်ဖော်မပြမချင်း စောင့်နေခဲ့ပြီး အုပ်ချုပ်ရေးအရာရှိဝမ် က သူတို့ကို ဖမ်းဆီးလိုက်ပြီဆိုမှ ထုတ်ဖော်ပြသခဲ့သည်။
ချူစစ်ဟန် သည် အစောပိုင်းက ဒါကို သိပ်ဂရုမစိုက်ပေမဲ့ သေသေချာချာ တွေးကြည့်လိုက်တော့ သူမ က ခြေလှမ်းတိုင်းကို တွက်ချက်ခဲ့တာ ခံစားရသည်။
အစကတည်းက အရာအားလုံးကို စီစဉ်ခဲ့တာလား? ဒါမှမဟုတ် အရာအားလုံး က တိုက်ဆိုင်မှုတစ်ခုလား?
သူ၏မျက်လုံး အနည်းငယ်မျှ ကျဥ်းမြောင်းသွားတော့သည်။ တခြားသူတွေရဲ့စိတ်ကို ဖတ်တာကျွမ်းကျင်ပေမဲ့ သူမရဲ့စိတ်ကို ဖတ်လို့ မရဘူးဆိုတာကို ရုတ်တရက် သိလိုက်ရသည်။
ပြီးတော့ အဲဒီမိန်းကလေးက အသက် ၁၆ နှစ်သာ ရှိသေးသော တောသူမလေး။