no

Font
Theme

အခန်း (၁၄) - သူမ ပြန်လာပြီ

လုတာ့ဟွား က ငွေအကြောင်းပဲ စဉ်းစားနေခဲ့သည်။

ကွယ်လွန်သူ အမျိုးသမီးဟဲပဲဖြစ်ဖြစ်၊ လုတာ့ဟွားကို လက်ထပ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တဲ့ အမျိုးသမီးလျိုပဲဖြစ်ဖြစ်၊ သူတို့ထဲက တစ်ယောက်ကိုမှ လုတာ့ဟွား ဂရုမစိုက်တာကို လုရှန်း ရှာတွေ့ခဲ့သည်။

"သမီး ချူအိမ်တော်ကို မသွားဘူး၊ နည်းနည်းပင်ပန်းနေလို့"

ခရိုင်တရားသူကြီး က မငယ်တော့ပါ။ တောရွာက မိန်းကလေးကို ဘာလို့ ရုတ်တရက် လိုချင်တာလဲ?ပြဿနာရှိလို့ဖြစ်ရမည်။ စတုတ္ထအဆင့်အရာရှိတစ်ဦး က ဇနီးသည် တစ်ယောက် ရှာမတွေ့ပဲ ဘယ်နေမှာလဲ? ထိုရာထူး က မြို့တော်မှာ လူတွေအများကြီးရဲ့ လိုချင်စရာကောင်းလောက်တဲ့ အနေအထားတစ်ခု ဖြစ်တယ်။

လုရှန်း သည် သမ်းဝေကာ အခန်းထဲသို့သွားပြီး လုတာ့ဟွား ကို ဘာမှပြန်မပြောဘဲ တံခါးကို ပိတ်လိုက်သည်။

"အဖေ၊ အမေနဲ့ တတိယအစ်မ က ဘယ်တော့ပြန်လာမှာလဲ?" လုဂျန် က မေးသည်။ သူ က အသက် ၅နှစ်သာ ရှိသေးပေမဲ့ ဥာဏ်မမှီတဲ့ကလေးမဟုတ်ပေ။ သူ့အမေနဲ့ တတိယအစ်မ ပြန်မလာတော့ဘူးဆိုတဲ့ ခံစားချက်ကို သူ ခံစားရသည်။

လုတာ့ဟွား သည် လုရှန်းကို ချူအိမ်တော်သို့ သွားရန် ဆန္ဒမရှိခြင်းအပေါ် ဒေါသထွက်နေခဲ့သည်။ သူ့သား က အမျိုးသမီးလျိုနဲ့ လုနိုင်းတို့အကြောင်းပြောတော့ သူ ပိုလို့တောင် စိတ်တိုသွားသည်။ လုတာ့ဟွား စိတ်မရှည်စွာ လက်ကို ဝယမ်းပြသည်- "သွား! သွားကစား မင်း ဒီမှာရှိနေတာကြောင့် ငါ့ကို စိတ်မပျက်စေနဲ့!"

လုရန် သည် အိမ်ထဲဝင်လာချိန် တစ်ခုခု လွဲချော်နေတာကို ခံစားလိုက်ရသည်။ ပူဇော်ပွဲ စားပွဲကို မြင်တော့ စိတ်အေးသွား၏။ သူ အရုဏ်မတက်မီ မြို့သို့သွားပြီး လုရှန်းကို ရှာဖို့ လမ်းများအားလုံးကို ဖြတ်ပြေးခဲ့ပေမဲ့ သူရဲ့ကြိုးစားမှုအားလုံး က အချည်းနှီးဖြစ်ခဲ့သည်။ နောက်ဆုံးတော့ သူပြန်လာဖို့ ဆုံးဖြတ်ခဲ့သည်။

သို့သော် သူအိမ်ထဲကို ဝင်တော့ လုတာ့ဟွား က သူ့ချစ်တဲ့ကလေးနှစ်ယောက်အပေါ် ဆိုးဝါးသည့်သဘောထားကို မြင်လိုက်ရသည်။

"အကိုကြီး၊ အမေ ဘယ်တော့ပြန်လာမှာလဲ?"

လုရန် ပြန်လာတာကို မြင်တော့ လုဂျန် က သူ့ကို မေးဖို့ အမြန်ရောက်လာသည်။

"မင်းအမေ ဘယ်သွားလဲ ကို ငါ ဘယ်လို သိမှာလဲ"

လုရန် သည် မူလက အမျိုးသမီးလျိုကို မကြိုက်ပါ။ လုဂျန်ရဲ့အမေးကို ကြားတော့ သူ့စိတ်မကျေနပ်မှု က ပိုလို့ ကြီးထွားလာ၏။ လုဂျန် လျှောက်လာတော့ လုရန်ရဲ့မျက်နှာ အေးစက်သွား၏။ လုရန် သည် လုတာ့ဟွားကို လျစ်လျူရှုပြီး သူ့အခန်းထဲကို တန်းတန်းမတ်မတ် သွားသည်။

လုဂျန် သည် လုရန်ကို အမြဲကြောက်ရသည်။ လုရန် စိတ်ဆိုးနေတာ မြင်တော့ လုရှင်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး စကားဆက်မပြောရဲဘဲ ဘေးမှာ ရပ်နေ၏။

"ပြန်လာပြီလား?" လုတာ့ဟွား က အဝေးကို လျှောက်သွားနေသည့် လုရန်ကို မြင်တော့ အလျင်စလို ဆွဲခေါ်၏- "အခုပြန်လာတာ ကောင်းတယ်။ မင်းညီမကို ငါနဲ့ချူအိမ်တော်ဆီ လိုက်ခဲ့ပေးဖို့ စည်းရုံးပေးစမ်းပါ"

လုရန် သည် ဒီစကားကြားတော့ ရပ်တန့်သွား၏- "ညီမလေး?"

လုတာ့ဟွား က- "ဟုတ်တယ်။ ရှန်းရှန်း ပြန်လာပြီ"

"သူမဘယ်မှာလဲ?"

"အခန်းထဲမှာ။ ပင်ပန်းနေပြီလို့ ပြောတယ်။"

လုတာ့ဟွားရဲ့စကားကြောင့် တံခါးခေါက်ရန် ကြံရွယ်နေသော လုရန် သည် ရပ်တန့်သွား၏။

"ကျွန်တော်လည်း ပင်ပန်းနေလို့ အခန်းထဲပြန်လိုက်ဦးမယ်"

လွန်ခဲ့သည့်၂ရက်က သူ ကောင်းကောင်းမအိပ်ပဲ လုရှန်း ကို ရှာဖွေခဲ့သည်။ အခု သူမ ပြန်လာတာ ကြားလိုက်ချိန် သက်ပြင်းချမိ၏။ အခုနောက်ဆက်တွဲဖြစ်လာတာကတော့ အိပ်ငိုက်လာတာပဲ။

"မင်းတို့နှစ်ယောက်က ငါ့ကို အေးချမ်းမှု မပေးဘူး”

လုတာ့ဟွားသည် တုန်တုန်ယင်ယင်နဲ့ လုရှန်းရဲ့အခန်းတံခါးကို စိုက်ကြည့်နေခဲ့သည်။ နောက်တော့ ခြံဝင်းထဲ မှ ထွက်လာခဲ့သည်။

လုဂျန်နဲ့ လုရှင်းတို့ ခြံဝင်းကို ကြည့်လိုက်သည်။ သူတို့ ကစားဖော်တွေကို ရှာဖို့ မသွားခင် ခဏလောက် စဉ်းစားကြည့်သည်။ ခဏကြာတော့ လုဂျန် က ငိုနေတဲ့ လုရှင်းကို ပြန်ခေါ်လာမယ်လို့ ဘယ်သူသိမှာလဲ?

လုရှန်း သည် နားထင်ကြော ပွတ်ကာ အကြောင်းရင်းကို ရှာဖွေဖို့ အမြန်ထွက်လာ၏။

လုဂျန် က လုရှန်းကို မြင်တော့ မျက်ဝန်းမှ မျက်ရည်ကျများ စီးကျ၏- "ဒုတိယအစ်မ၊ ငါ့အမေနဲ့ အစ်မ က အစ်မကို သတ်ဖို့ ကြိုးစားတယ်လို့ ပြောတယ်။ အခု သူတို့ကို ဖမ်းဆီးထားတယ်။ နောက်ကျရင် ပြန်မလာတော့ဘူးဆိုတာ။ အမှန်လား?"

အမျိုးသမီးလျို က လုနိုင်းကို အများဆုံး အာရုံစိုက်ခဲ့ပြီး ကလေးနှစ်ယောက်ကို အလွန်အမင်း ဂရုမစိုက်ခဲ့။ လုရှန်း တိတ်နေတာကို သူမြင်လိုက်တော့ လုဂျန်ရဲ့မျက်နှာ ရဲတက်သွား၏။ သူ့အမေနဲ့ တတိယအစ်မက သူရဲ့ဒုတိယအစ်မ အပေါ် ဆက်ဆံပုံကို သူမြင်၏။ သူ့အမေ က လုရှန်းကို အမြဲနှိပ်စက်သည်။ လုရှန်းရဲ့အမှားအယွင်းပေါ် မူတည်ပြီး ဆူပူကြိမ်းမောင်းပြီး ရိုက်သည်။ အများဆုံးကတော့ ထမင်းငတ်အောင် ထားသည်။

"ဒုတိယအစ်မ၊ အမေနဲ့ တတိယအစ်မက အစ်မကို သတ်ဖို့ တကယ် ကြိုးစားခဲ့တာလား?"

လုရှန်းက ပြုံး၍ပြောသည်- "အခုကစပြီး ဒီအကြောင်းကို မပြောနဲ့တော့။ ဒီကာလအတွင်း မင်းနဲ့ အားရှင်း အိမ်မှာပဲ နေသင့်တယ်။ မကြာခင် ပြီးသွားလိမ့်မယ်။"

ကလေးနှစ်ယောက် က နာခံမှုရှိပြီး အသနားခံသည့် မျက်ဝန်းတွေနဲ့ သူမကို ကြည့်နေခဲ့ကြသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment